← Chapters

အပိုင်း ၅၆၈

Vol. 42 Ch. 568

အပိုင်း ၅၆၈

Vol. 42 Ch. 568

နယ်စားငယ်

အသံဆုံးတာနဲ့ သိပ်မကြာခင်မှာပဲ  လှပသစ်လွင်တဲ့ ဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ လူတစ်စုဟာ နန်အန်း ဥယျာဉ်တော်ထဲကို လှမ်းဝင်လာပါတော့တယ် ။ အဲသည် လူစုကို ရှေ့ဆုံးကနေ ဦးဆောင်လာသူကတော့ ရဲရင့် တည်ကြည်ဟန်ရှိတဲ့ လူငယ်လေး တစ်ယောက်ပါပဲ ။

နန်အန်းစီရင်စုရဲ့ နယ်စားငယ် လင်းရှုံ ……

တကယ်လို့ နန်အန်း စီရင်စုကသာ နိုင်ငံတစ်ခုဆိုရင် နယ်စားငယ် လင်းရှုံဟာ သေချာပေါက် မင်းသား တစ်ပါးပါပဲ ။ သူဟာ နယ်စားမင်းပြီးရင် သြဇာအာဏာ အရှိဆုံး ဒါမှမဟုတ် လုပ်ပိုင်ခွင့် အရှိဆုံး လူလည်း ဖြစ်ပါတယ် ။

လင်းရှုရဲ့ မျက်လုံးတွေကတော့ အေးစက် တည်ငြိမ်နေပြီး သူ ဘာတွေးနေလဲ ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး ။သူက လူငယ်တွေ အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အေးစက်စက် လေသံဖြင့်

" သည်ရန်ပွဲကို ဘယ်သူ စလဲ ဆိုတာကို ငါ စိတ်မဝင်စားဘူး ။ ငါ မင်းတို့ကို တစ်ကြိမ် မျက်နှာသာပေးပြီး ခွင့်လွှတ်ပေးလိုက်မယ် ။ ငါ့နောက် လိုက်ခဲ့ကြ "

စကားဆုံးတဲ့ နောက်မှာတော့ လင်းရှုဟာ နန်အန်းဥယျာဉ်တော်ရဲ့ ဗဟိုကို ဦးတည်ပြီး ထွက်သွားခဲ့ပါပြီ ။

ကျန်နေတဲ့ လူငယ်တွေကလည်း သူ့ရဲ့ နောက်ကို လိုက်သွားခဲ့ကြပါတယ် ။

ဝမ်တချာင် နဲ့ သောင်းဟိုင်ကတော့ လင်းရှုနောက်ကို မလိုက်သွားခင်မှာ လီဖူချန်းကို အခဲမကျေသလို တစ်ခေါက် ကြည့်သွားကြပါသေးတယ် ။

ချီကျွင်းက အသံတိုးတိုးနဲ့ လီဖူချန်းကို ရှင်းပြလိုက်ပါတယ် ။

" လီဖူချန်း …… အခု ရောက်လာတဲ့ သူက နန်အန်းနယ်စားရဲ့ သားတော် လင်းရှုပဲ ။ သူက ထွတ်ခေါင်ဆရာသခင် အဆင့် တန်ခိုးအစွမ်းပဲ ရှိတယ် ဆိုပေမယ့် သူ့ဆီမှာ မြေကမ္ဘာ အထွတ်အထိပ်အဆင့် မှော်ဝင်ရတနာ ပစ္စည်းတွေ အများကြီး ရှိတယ် ။ ပြီးတော့ သူက ကောင်းကင် အကြိုအဆင့် မှော်ဝင်ရတနာ ပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့လည်း ကောလာဟလ ထွက်နေသေးတယ် ။ သူက မူလပင်လယ် နယ်ပယ်အောက်မှာတော့ ပြိုင်ဘက်ကင်းပဲ ။ ဒါပေမဲ့ သူက သောင်းဟိုင်တို့ ၊ ဝမ်တချောင်တို့လို ဟေ့ာဟော့ရမ်းရမ်း မရှိဘူး ။ နင်ကသူ့ကို နယ်စားငယ် တစ်ပါးလို ရိုရိုသေသေလေး ဆက်ဆံရင်ကို အဆင်ပြေပြီ "

" ဟုတ်လား "

လီဖူချန်းက ဘာပြောလို့ ပြောရမှန်း မသိတော့ပါဘူး ။

မြောက်များလှတဲ့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် မှော်ဝင်ရတနာ ပစ္စည်းတွေ နဲ့ ကောင်းကင် အကြိုအဆင့် မှော်ဝင်ရတနာ ပစ္စည်း တစ်ခုကို ပိုင်ဆိုင်ထားတဲ့သူ ။ ဒါက အတော်လေးကို မနာလိုချင်စရာပါပဲ ။

မြေကမ္ဘာ အထွတ်အထိပ်အဆင့် မှော်ဝင်ရတနာ ပစ္စည်းတစ်ခု ဆိုတာက အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တံုံး တစ်သိန်း ရှိတဲ့ အရာပါ ။ ကောင်းကင် အကြိုအဆင့် မှော်ဝင်ရတနာ ပစ္စည်း ဆိုရင်တော့ ပြောမနေပါနဲ့တော့ ။ အဲဒါတွေက တစ်ခုကို အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သန်းထက် မလျော့နည်းပါဘူး ။

သည်လင်းရှုဆိုတဲ့ နန်အန်းနယ်စားသားတော်ဟာ တတိယတန်းစား ဘုရင်အဆင့် ကလန် တစ်ခုရဲ့ ချမ်းသာကြွယ်ဝမှုနဲ့တောင် ယှဉ်လို့ ရနေပါပြီ ။

နန်အန်းဥယျာဉ်တော်ရဲ့ အလယ်ဗဟိုက ဥယျာဉ်အသေးစားလေးဟာ အပြင်ဘက် ဥယျာဉ်ထက်ကို ပိုပြီး လှပတယ်လို့ ဆိုရပါမယ် ။ပြီးတော့ သည်ဥယျာဉ်ထဲမှာ ပွင့်နေတဲ့ ပန်းပင်တွေ အားလုံးဟာ မြေကမ္ဘာ အဆင့်တွေ ဖြစ်ကြပြီး မြေကမ္ဘာ အဆင့်မြင့် ပန်းပင်တွေကလည်း  အမြောက်အများပါပဲ ။

လီဖူချန်းကတော့ သည်ပန်းရနံ့တွေကို ရှူရှိုက်နေရရုံနဲ့တင် သူ့ရဲ့ ချီစွမ်းအင်တွေဟာ တိုးပွားလာပြီး သူ့ရဲ့ စိတ်ဝိညာဉ်ဟာ ပိုပြီး တည်ငြိမ် အေးချမ်းလာတယ်လို့ ခံစား နေရပါတယ် ။

သည်ဥယျာဉ်ထဲမှာဆိုရင်  ကြီးမားလှတဲ့ အဆောက်အဦးကြီး တစ်ခုနဲ့ အဲသည် အဆောက်အဦးကြီးကို သွယ်တန်း ဆောက်လုပ်ထားတဲ့ အဆောင်ငယ်လေးတွေ အများအပြားလည်း ရှိနေပါသေးတယ် ။

အလှအပဆုံး ၊ အကောင်းဆုံးလို့ ပြောရမယ့် အဆောင်ငယ်တစ်ခုပေါ်မှာ ထိုင်ချလိုက်ပြီး နောက်မှာတော့ လင်းရှုက သူ့ရဲ့ လက်ကို ဝှေ့ယမ်းလိုက်ပြီး

" အားလုံးပဲ ထိုင်ကြပါ ။ သိပ်ပြီး အထူးအဆန်း ဖြစ်သလို မခံစားနေကြပါနဲ့ ။ ကိုယ့်အိမ် ၊ကိုယ့်ယာလိုသာ သဘောထားပြီး အေးအေးဆေးဆေး စားကြ ၊ သောက်ကြပါ "

နန်အန်း နယ်စားငယ် ဖြစ်တဲ့ လင်းရှုရဲ့ ကြွယ်ဝ ချမ်းသာမှုဟာ လုံးဝ မခန့်မှန်းနိုင်အောင်ပါပဲ ။  သူက သည်လူငယ်တွေ့ဆုံပွဲအတွက် မိန်းမချောလေးတွေကို အစေခံတွေ အဖြစ် ခိုင်းစေထားပြီး  ရှားပါးလွန်းလှတဲ့ လက်ဖက်ခြောက်တွေနဲ့ ဧည့်ခံ တည်ခင်း စေပါတယ် ။ ပြီးတော့ အနံ့ ၊ အမြင်နဲ့တင် သွားရည် တမြားမြား ဖြစ်စေနိုင်တဲ့ ဟင်းပွဲတေလည်း ရှိနေပါသေးတယ် ။ သည်အရာတွေ အားလုံးအတွက် ကုန်ကျမယ့် စရိတ်ဟာ အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာထက် လျော့နည်းစရာ အကြောင်း မရှိပါဘူး ။

လူတွေအားလုံး ထိုင်ပြီးသွားတဲ့ နောက်မှာတော့ လင်းရှုက ထပ်မံ ပြောဆိုလာခဲ့ပါတယ် ။

" ငါ့အနေနဲ့ မင်းတို့အားလုံးကို ဖိတ်လိုက်ရတဲ့ အကြောင်းအရင်းက သုံးချက် ရှိတယ် ။ တစ်…… ငါက အစွမ်းထက် လူငယ်ပါရမီရှင်တွေနဲ့ ရင်းနှီးချင်လို့ ။ နှစ်……  မင်းတို့အချင်းချင်းကို သိုင်းပညာ နှီးနှော ဖလှယ်စေချင်လို့ ။ သုံး…… သုံးအချက်ကတော့ ငါနဲ့ နည်းနည်းလေး ပက်သက်နေတယ် ။  ဒါကိုတော့ နောက်မှပဲ ပြောပြတော့မယ် "

လူငယ်တွေ အားလုံးက သူ့ရဲ့ စကားကို စိတ်ဝင်တစား နားထောင်နေတာ မြင်မှ လင်းရှုက ဆက်ပြောပါတယ် ။

" သည်တွေ့ဆုံပွဲအတွက် ငါက ဆုလာဘ်လေး နည်းနည်းပါးပါး ပြင်ဆင်လာခဲ့တယ် ။ အဲဒါတွေကတော့ စိတ်ဝိညာဉ် အခြေတည်ဆေးရည် လေးပုလင်းပဲ ။ သည်သိုင်းပညာ နှီးနှောဖလှယ်ပွဲမှာ လေးပွဲဆက်တိုက် အနိုင်ရတဲ့ လူတိုင်းဟာ စိတ်ဝိညာဉ် အခြေတည် ဆေးရည် တစ်ပုလင်းကို ဆုအဖြစ် ရမယ် ။ ပြီးတော့ ငါ့ရဲ့ သက်တော်စောင့် ။ ငါ့ရဲ့ သက်တော်စောင့်ကို အနိုင်ယူနိုင်တဲ့ လူကို ငါက အထူးဆု အနေနဲ့ ရွှေရောင်ဧကရာဇ် တာအိုဆေးရည်ကို ဆုချီးမြှင့်မယ် "

" ရွှေရောင် ဧကရာဇ် တာအိုဆေးရည်လား "

လူတွေအားလုံးကတော့ မျက်လုံးအပြူးသား ဖြစ်သွားခဲ့ကြပါပြီ ။

ရွှေရောင် ဧကရာဇ် တာအိုဆေးရည် ……

ဒါက နှယ်နှယ်ရရ ဆေးရည် မဟုတ်ပါဘူး ။ အဲဒါက တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ပါးကို မူလပင်လယ်နယ်ပယ်သို့ ချိုးဖောက် ဝင်ရောက်စေနိုင်ပါတယ် ။

သည်နေရာမှာ တစ်ခု သိထားရမှာကတော့ ကြယ်၇ပွင့် ဒါမှမဟုတ်  ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ တိုက်ပွဲဝိညာဉ် နယ်ပယ်ကနေ မူလပင်လယ်နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ဖို့    မလွယ်ကူဘူး ဆိုတာပါပဲ ။

ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက သူ့ဟာနဲ့သူ အဆင်ပြေပေမယ့် ကြယ်၇ပွင့် အရိုးတည်ဆေက်ပုံ ပိုင်ရှင်တွေကတော့ ယေဘုယျအားဖြင့် နှစ်ပေါင်း ၁၀နှစ်နီးပါး အချိန်ကုန်ပြီးမှသာ မူလပင်လယ်နယ်ပယ်ကို တက်လှမ်းနိုင်ကြပါတယ် ။

အဲဒါကြောင့်ပဲ သူတို့အားလုံးဟာ  ရွှေရောင် ဧကရာဇ် တာအိုဆေးရည်ကို မျှော်လင့်နေကြတာပါ ။ အဲဒါက သူတို့ရဲ့ ကျင့်ကြံချိန်တွေကို အများကြီး တိုတောင်းသွားစေနိုင်တာ မဟုတ်ပါလား ။

ကျင့်ကြံသူတွေ အနေနဲ့ ဆိုရင် မူလပင်လယ် နယ်ပယ်ကို စောစော ရောက်လေ အနာဂတ် အလားအလာ ပိုကောင်းလေလေပါပဲ ။

ကျင့်ကြံခြင်း လောကမှာဆိုရင် သူတို့ရဲ့ မွေးရာပါ ပါရမီ အများစုကို မူလပင်လယ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ဖို့ သုံးခဲ့ရတဲ့ လူအများအပြား ရှိပါတယ် ။ရလဒ် အနေနဲ့ကတော့ အဲသည်လူတွေ အားလုံးဟာ သူတို့ရဲ့ ကျန်ရှိနေတဲ့ သက်တမ်း တစ်လျှောက်ကို မူလပင်လယ်နယ်ပယ် အလယ်အလတ် အဆင့်ထက် မကျော်နိုင်ခဲ့ကြတာပါပဲ ။ တကယ်လို့ သူတို့အနေနဲ့ မူလပင်လယ်နယ်ပယ်ကို ပိုပြီး စောစော ရောက်ခဲ့မယ်ဆိုရင်တော့ အနည်းဆုံး သူတို့ဟာ မူလပင်လယ်နယ်ပယ် အဆင့်မြင့်ပိုင်းကို ရောက်ဖို့အတွက် ပြသနာ ရှိတော့မှာ မဟုတ်ပါဘူး ။

တကယ်လို့ ကျင့်ကြံသူ တစ်ဦးဟာ မူလပင်လယ်နယ်ပယ်ကို ခပ်စောစော ချိုးဖောက် ဝင်ရောက်နိုင်မယ်ဆိုရင် ကောင်းကင်အဆင့်နိမ့်    ချီအတွင်းအား ကျင့်စဉ်ကို လေ့ကျင့်ခွင့် ရကြပါတယ် ။ အဲလိုမှ မဟုတ်ရင်တော့ သူတို့အနေနဲ့ တစ်နေ့မှာ ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ပြီး ဧကရာဇ် တစ်ပါး ဖြစ်လာမှာ မဟုတ်ပါဘူး ။

" သည်နယ်စားငယ်က လုံးဝ မယုံနိုင်စရာပဲ ။ သူက  တကယ်ကြီး ရွှေရောင်ဧကရာဇ် တာအိုဆေးရည်ကိုတောင် ဆုချီးမြှင့်ဖို့ စဉ်းစားထားတာလား "

" အဲဒါ ဘာထူးဆန်းလို့လဲ ။ နန်အန်းစီရင်စု နယ်စားက လဝန်းနီ အင်ပိုင်ယာရဲ့ ထိပ်သီး အရာရှိ တစ်ယောက်ပဲလေ ။ ပြီးတော့ နန်အန်းနယ်စားက ဆေးဘုရင်တွေနဲ့လည်း သိကျွမ်းနေတာပဲ ။ ရွှေရောင်ဧကရာဇ် ဆေးရည် တစ်ပုလင်းလောက် ရဖို့ဆိုတာ သူ့အတွက် ဘာမှ မဟုတ်ဘူး "

ဆေးဘုရင်တွေ ဆိုတာက မူလပင်လယ်နယ်ပယ် ဘုရင်တွေထက်တောင်မှ ပိုပြီး လေးစားခံရတဲ့ လူတွေပါပဲ ။ ပြီးတော့ ကျင့်ကြံသူတိုင်းဟာလည်း ဆေးဘုရင် ဖြစ်နိုင်တာ မဟုတ်ပါဘူး ။ အချို့ကျင့်ကြံသူတွေဆိုရင် ကျင့်ကြံခြင်း အပိုင်းမှာ မူလပင်လယ်နယ်ပယ် ရောက်နေပေမယ့် ဆေးပညာ အပိုင်းမှာတော့ ဆေးဆရာသခင် အဆင့်မှာပဲ ရှိသေးတာပါ ။

" ငါတို့ သည်လူကို နိုင်ပါ့မလား "

လူငယ်တွေ အားလုံးဟာ သူတို့ရဲ့ အသက်ရှုသံတွေကို ထိန်းထားပြီး   လင်းရှုရဲ့ ဘေးနားမှာ  ရပ်နေတဲ့ သက်တောင်စောင့်ကို မသိမသာ လှမ်း အကဲခတ်လိုက်ကြပါတယ် ။

သူတို့အားလုံးဟာ နယ်စားသားတော်ရဲ့ ကိုယ်ရံတော် သက်တော်စောင့် ဖြစ်တဲ့ လင်းဟု အကြောင်းကိုတော့ ကြားဖူးပြီသားပါပဲ ။

လင်းဟုက မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး ဖြစ်ပြီး အတော်လေး အစွမ်းထက်သူလို့လည်း နာမည်ကျော်ကြားပါတယ် ။

တကယ့်ကို ဟာသပါပဲ ။ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကို ရင်ဆိုင်ဖို့ဆိုတာက အုပ်စိုးသူအဆင့် ဆရာသခင်တွေ အတွက်တောင်မှ မလွယ်ကူလှပါဘူး ။ မဟာအကျော်အမော် အဆင့် ဆရာသခင်တွေသာ အဲသည်ကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်ကြပါတယ် ။

" ဟမ့် …… အဲဒါက မူလပင်လယ်နယ်ပယ် အဆင့်၁လေးပဲ မဟုတ်လား "

လူငယ်အချို့ကတော့ လင်းဟုကို ကြည့်ပြီး အနိုင်ယူဖို့ စိတ်အား ထက်သန် နေကြပါပြီ ။

သူတို့က မဟာ ဆရာသခင်တွေထဲမှာတောင်မှ ထိပ်တန်း အဆင့် ရှိသူတွေပါ ။ တကယ်လို့ လင်းဟုက မူလပင်လယ်နယ်ပယ် အဆင့်၂ ဘုရင်ဆိုရင်တော့ သူတို့က အနိုင်ယူဖို့အတွက် မျှော်လင့်ချက် ထားချင်မှ ထားပါဦးမယ် ။ ဒါပေမဲ့ လင်းဟုက အခုမှ မူလပင်လယ်နယ်ပယ် အဆင့်၁သာ ရှိသေးတာပါ  ။ အဲသည်အတွက် အသေအကျေ သတ်ဖြတ်ပွဲ မဟုတ်သေးရွေ့ သူတို့အနေနဲ့ လင်းဟုကို အနိုင်ယူဖို့ မျှော်လင့်ချက် ရှိပါသေးတယ် ။

" ဟားဟား …… ငါဝူမန်က ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံကိုပဲ ပိုင်ဆိုင်ထားတဲ့အတွက် အရင်ဆုံး ရှေ့ထွက်ပါရစေ ။ အားလုံး ခွင့်ပြုမယ်လို့လည်း ထင်ပါတယ် "

စကားသံ ဆုံးတာနဲ့ တစ်ပြိုင်နက် ပိန်ပိန်ပါးပါး လူငယ် တစ်ယောက်ဟာ ဥယျာဉ်တော်ရဲ့ အလယ်မှာ ရှိတဲ့ မြေကွက်လပ်ဆီ ဆင်းချ လာခဲ့ပါပြီ ။

သည်ဥယျာဉ်တော်ထဲကို ရောက်လာတဲ့ လူငယ်တွေထဲမှာဆိုရင် အများစုဟာ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေပါပဲ ။ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကတော့ အနည်းငယ်သာ ရှိပါတယ် ။

ဝမ်မူက သူ့ကိုယ်သူ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်လို့ ကြေညာရခြင်း အကြောင်းကလည်း ထင်ထားသလောက်တော့  မရိုးရှင်းပါဘူး ။ သူက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ သူ့ကို စိမ်ခေါ်တိုက်ခိုက်လာခြင်း မရှိအောင် အကာအကွယ် ယူထားတာ ဖြစ်ပါတယ် ။

" ငါ ဟောင်ချောင်းကလည်း ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပဲ ။ ငါမင်းကို စမ်းသပ်ကြည့်မယ် "

နောက်ထပ်လူငယ်တစ်ယောက်ကလည်း မြေကွက်လပ်ထဲကို ခုန်ဆင်းလာခဲ့ပါပြီ ။

" ရတယ် ။ အချိန်မရွေးပဲ "

အဲသည်နောက်မှာတော့ လူငယ် နှစ်ယောက်ဟာ အပြင်းအထန် တိုက်ခိုက်ကြပါတော့တယ် ။

သူတို့ နှစ်ယောက်စလုံးဟာ အခြေတည် စိတ်ဝိညာဉ် ဆေးရည်ကို အရယူဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်   ပညာလျှိုထားဖို့တော့ လုံးဝ မစဉ်းစားထားကြပါဘူး ။ အဲသည်အတွက် သူတို့ဟာ သိုင်းကွက် အနည်းငယ် ထုတ်ပြီးတာနဲ့ သူတို့ရဲ့ သာလွန်ထူးကဲ အစွမ်းတွေနဲ့ နတ်ဘုရား စွမ်းရည်တွေကို ထုတ်သုံးကြပါတော့တယ် ။

ဝုန်း……ဝုန်း……ဝုန်း…

မြေကွက်လပ်ထဲမှာတော့ ပေါက်ကွဲသံတွေ ဆူညံလို့ နေခဲ့ပါပြီ ။ ဒါပေမဲ့လည်း ချီပေါက်ကွဲမှုတွေက သည်မြေကွက်လပ်ကိုတော့ ကျော်ဖြတ် မလာခဲ့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သည်မြေကွက်လပ်တစ်ခုလုံးကို အကာအကွယ် အစီအရင်တွေနဲ့ ဖုံးအုပ်ထားလို့ပါပဲ ။

သည်လိုနဲ့ပဲ နောက်ဆုံးမှာတော့ ဝူမန်က တစ်ဖက်လူငယ်ကို အသာစီး ရယူပြီး ပထမပွဲကို  အနိုင်ရသွား ပါတော့တယ် ။

ဒုတိယပွဲ ၊ တတိယပွဲ ။

ဝူမန်က အတော်လေး အစွမ်းထက်သူလို့ ဆိုရပါမယ် ။ သူက ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ဆိုပေမယ့်လည်း ထွတ်ခေါင် ဆရာသခင်တွေ ကြားထဲမှာတော့ အားမနည်းလှပါဘူး ။သူက အချိန်တို အတွင်းမှာပဲ ပွဲစဉ် သုံးပွဲကို ဆက်တိုက် အနိုင်ရသွားခဲ့ပါပြီ ။တကယ်လို့သာ သူ့အနေနဲ့ နောက်ထပ်တစ်ပွဲ အနိုင်ရလိုက်မယ်ဆိုရင် စိတ်ဝိညာဉ် အခြေတည်ဆေးရည်ကို ရရှိသွားမှာ ဖြစ်ပါတယ် ။

" ငါ့နာမည် ယုကျောင်း "

အဲသည်အချိန်မှာပဲ လူငယ်တစ်ယောက်ဟာ မြေကွက်လပ်ထဲကို ခုန်ဆင်းချ လာခဲ့ပါတယ် ။

အဲသည်လူငယ်ကို အမြင်မှာတော့ ဝူမန်ရဲ့ မျက်နှာ အမူအယာဟာ ပြိုတော့မယ့် မိုးလို ဖြစ်သွားခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ပါသေးတယ် ။

" ဟူး…… ငါတော့ နာပြီ "

ယုကျောင်းကလည်း ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ဆိုပေမယ့် သူဟာ နှယ်နှယ်ရရတော့ မဟုတ်ပါဘူး ။ သူက ကြယ်၆ပွင့် အမှောင်ထု အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ် ။ ပြီးတော့ သူက အမှောင်ထု အရိုးတည်ဆောက်ပုံရဲ့ အစွမ်းထက် နတ်ဘုရားစွမ်းရည်ဖြစ်တဲ့ အမှောင်ထု ကောင်းကင်ပေါင်းမိုးကို နိုးထပြီးခဲ့ပါပြီ ။

" အမှောင်ထု ကောင်းကင်ပေါင်းမိုး လာစမ်း "

ယုကျောင်းက အချိန်ဆွဲဖို့ စိတ်ကူး မရှိတဲ့ ပုံပါပဲ ။ သူက အလျင်အမြန်ပဲ အမှောင်ထု ကောင်းကင်ပေါင်းမိုးကို ထုတ်သုံးလိုက်ပါတယ် ။

ဟူး……ဟူး……ဟူး………

အုပ်ဆောင်းသဏ္ဌာန် မဟူရာ ပေါင်းမိုးကြီးကတော့ ဝူမန်ရဲ့ အပေါ်ကို အုပ်မိုး ကျလာခဲ့ပါပြီ ။ ဝူမန်အနေနဲ့ကတော့ သည်ပေါင်းမိုးကြီးထဲကနေ ဘယ်လိုမှ ထွက်ပြေး လွတ်မြောက်နိုင်စရာ အကြောင်း မရှိတော့ပါဘူး ။

" အဟွတ် ……အဟွတ် …… အဟွတ် "

မဟူရာပေါင်းမိုးကြီး ပြန်လည် ပျောက်ကွယ်သွားတဲ့ နောက်မှာတော့ ဝူမန်ဟာ သွေးစိမ်းရှင်ရှင် အန်ပြီး မြေပြင်ပေါ်မှာ ပုံလျက်သား လဲကျနေခဲ့ပါပြီ ။ သူက ယုကျောင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာ အသိသာကြီးပါပဲ ။

" သူက တကယ်ကြီး ဝမ်ဟိုင်လုံလို စွမ်းရည်ကို နိုးထ ထားနိုင်တာပဲ "

လီဖူချန်းက စိတ်ထဲကနေ တအံ့တသြ ရေရွတ်လိုက်မိပါတယ် ။

အမှောင်ထု ကောင်းကင်ပေါင်းမိုးဟာ အရည်အသွေး မြင့်မားတဲ့ နတ်ဘုရားစွမ်းရည် ဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ သူ့အနေနဲ့ လုံးဝ  ယုံမှားသံသယ မဝင်ပါဘူး ။ အဲဒါက သူ့ရဲ့ မီးလျှံနှလုံးသားထက်ကို အများကြီး အစွမ်းထက်ပါတယ် ။ အဲသည် နတ်ဘုရားစွမ်းရည်ကို နိုးထ ထားနိုင်တဲ့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကတော့ သူနဲ့ တန်းတူ အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထဲမှာ ပြိုင်ဘက်ကင်းအဖြစ် ယေဘုယျအားဖြင့် မှတ်ယူထားလို့ ရနေပါပြီ ။

နောက်ထပ် ပွဲစဉ် သုံးပွဲမှာလည်း အနိုင်ရသူက ယုကျောင်းပါပဲ ။ သူက သူ့ရဲ့ ပြိုင်ဘက်တွေကို အလွယ်တကူပဲ အနိုင်ယူလိုက်တာ ဖြစ်ပါတယ် ။ ဒါကလည်း သိပ်ပြီးတော့ မထူးဆန်းလှပါဘူး ။ သူ့ရဲ့ အမှောင်ထု ကောင်းကင်ပေါင်းမိုးက သူ့ရဲ့ ပြိုင်ဘက်တွေကို မျက်လုံးကန်း ၊ နားကန်း ဖြစ်သွားစေတာ မဟုတ်ပါလား ။

" ယုကျောင်းတဲ့လား ။ ကောင်းတယ်ဟေ့ ။ ရော့…… သည်မှာ စိတ်ဝိညာဉ်အခြေတည် ဆေးရည်  "

စကားသံနဲ့အတူ  ကျောက်စိမ်း ပုလင်းလေး တစ်လုံးဟာ ယုကျောင်ရဲ့ လက်ထဲကို ကျရောက်လာခဲ့ပါပြီ ။

" ကျေးဇူးတင်ပါတယ် …… နယ်စားငယ် "

ယုကျောင်းက ကျောက်စိမ်းပုလင်းငယ်ကို အလျင်အမြန် သိမ်းဆည်းလိုက်ကြီး ကျေးဇူးတင်စကား ဆိုလိုက်ပါတယ် ။

ဟူး……

"  သတ္တိရှိရင်  ဆင်းလာခဲ့ "

သည်တစ်ကြိမ် မြေကွက်ထဲကို ခုန်ဆင်းလာသူကတော့ သောင်းဟိုင်ပါပဲ ။  သူက မြေကွက်လပ် အလယ်ကနေ လီဖူချန်းရှိရာ အဆောင်ကို မော့ကြည့်ပြီး ပြောလိုက်တာပါ ။

သူက အစောပိုင်းမှာ လီဖူချန်းကြောင့် ဒဏ်ရာ အနည်းငယ် ရသွားတာ မှန်ပေမယ့် သူသာ သတိလက်လွှတ် ဖြစ်မနေဘူးဆိုရင် လီဖူချန်းအနေနဲ့ သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို ထိခိုက်အောင် လုပ်နိုင်ဖို့ဆိုတာ  ခဲယဉ်းလိမ့်မယ်လို့ ယုံကြည်နေပါတယ် ။

ပြီးတော့ သူ့ရဲ့ နတ်ဘုရားစွမ်းရည် ……

သူ့ရဲ့ နတ်ဘုရားစွမ်းရည်ကလည်း အားနည်းတဲ့ အထဲမှာ မပါပါဘူး ။ သူ့ရဲ့ တန်ခိုးအစွမ်းက သာမန် အချိန်တွေမှာ ထွတ်ခေါင် ဆရာသခင်အဆင့် ဆိုပေမယ့် နတ်ဘုရားစွမ်းရည် ထုတ်သုံးလိုက်တဲ့ အချိန်ဆိုရင်တော့ မဟာဆရာသခင် အဆင့်ကိုတောင် ရောက်နိုင်ပါတယ် ။

" လီဖူချန်း …… ရှင် သတိထားဦးနော် ။ သောင်းဟိုင်ရဲ့ နတ်ဘုရားစွမ်းရည်ကို သုံးခွခက်ရင်းလို့ ခေါ်တယ် ။ သူ့ရဲ့ နတ်ဘုရားစွမ်းရည်က အတော်လေး အစွမ်းထက်တဲ့ အမျိုးအစားပဲ  "

ချီကျွင်းကျွင်းကတော့ လီဖူချန်းကို စိတ်မချနိုင်တဲ့ ပုံပါပဲ ။ သူက လီဖူချန်းကို လိပ်ပြာ အသိစိတ်အာရုံနဲ့ ဆက်သွယ်ပြီး သတိပေးနေပါတယ် ။

" အင်း "

လီဖူချန်းက မသိမသာလေး ခေါင်းညိတ်ပြလိုက်ပြီး သောင်းဟိုင်ရှိရာဆီကို ခုန်ဆင်းသွားခဲ့ပါပြီ ။

" တကယ်လို့ မင်းက လိပ်ပြာအသိစိတ်အာရုံ တိုက်ခိုက်မှု အပိုင်းမှာပဲ ထူးချွန်တယ် ဆိုရင်တော့ အခုကတည်းက ဒူးထောက်ပြီး ငါ့ကို တောင်းပန်လိုက် "

သောင်းဟိုင်က ပါးစပ်ကသာ လီဖူချန်းကို ခနဲ့တဲ့တဲ့ ပြောနေပေမယ့် အမှန်တကယ် လက်တွေ့မှာတော့ သူ့ရဲ့ လိပ်ပြာအသိစိတ် အာရုံ ခုခံမှု ပညာရပ်ကို အသက်သွင်းထား ပြီးခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ သူက သူ့ရဲ့ ရေလှိုင်း စွမ်းအားတွေကို ထုတ်သုံးပြီး လီဖူချန်းကို       လွှမ်းခြုံစေလိုက် ပါသေးတယ် ။

" ဟမ့် …… မင်းကများ "

လီဖူချန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပါတယ် ။ အစောပိုင်းတုန်းက သူဟာ သောင်းဟိုင်ကို သူ့ရဲ့ သာမန် စိတ်ဝိညာဉ် အသိစိတ်ဆူးနဲ့ပဲ တိုက်ခိုက်ခဲ့တာပါ ။တကယ်လို့သာ သူ့အနေနဲ့ ကိန္နရီဆူး ဒါမှမဟုတ် ကိန္နရီ ဆူးဘုရင်ကို ထုတ်သုံးလိုက်မယ်ဆိုရင် သောင်းဟိုင်ဟာ အစစ်အမှန် စိတ်ဝိညာဉ် ထိခိုက်ပျက်စီးမှုကို အရှင်လတ်လတ် ခံစားသွားရမှာဖြစ်ပြီး အခုချိန်အထိတောင် သတိ ပြန်လည်နိုင်ဦးမှာ မဟုတ်ပါဘူး ။

" အရမ်း ကြောက်မနေစမ်းပါနဲ့ ။ မင်းကို အနိုင်ယူဖို့ ငါ့အနေနဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ထုတ်သုံးစရာ မလိုပါဘူး "

လီဖူချန်းက ခပ်အေးအေးပဲ ပြန်ပြောလိုက်ပါတယ် ။

ဒါပေမဲ့လည်း လီဖူချန်းရဲ့ စကားက သောင်းဟိုင်ကို ဒေါသအမျက်ခြောင်းခြောင်း ထသွားစေခဲ့ပါပြီ ။

" လေကြီးလိုက်တဲ့ကောင် "

" သုံးခွခက်ရင်း လာစမ်း "

လေထဲမှာ ဖြစ်တည်နေ့တဲ့ ရေလှိုင်းလုံးတွေဟာ တဝုန်းဝုန်း မြည်နေရင်းကနေ ရုတ်တရက် သိပ်သည်းကာ သုံးခွ ခက်ရင်း တစ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ် ။

" ငါ့ရဲ့ ခက်ရင်းခွကို မြည်းကြည့် "

အဲသည်နောက်မှာတော့ သောင်းဟိုင်ဟာ သုံးခွ ခက်ရင်းခွနဲ့ လီဖူချန်းကို လှမ်းထိုးလိုက်ပါတော့တယ် ။

" ဟင်…… သည်ကောင့်ရဲ့ နတ်ဘုရား စွမ်းရည်က တစ်မျိုးပါလား "

လီဖူချန်းက  အတော်လေး အံ့အားသင့်သွားတာတော့ အမှန်ပါပဲ ။ သောင်းဟိုင်ရဲ့ ခက်ရင်းခွက လေဟာနယ် တစ်ခုလုံးကို ရုတ်ချည်း လေးလံသွားစေခဲ့တာ မဟုတ်ပါလား ။

သည်နတ်ဘုရားစွမ်းရည်က ရေတာအို ဥပဒေသတွေ ပါဝင်နေရုံနဲ့တင် မကလောက်ပါဘူး ။ သေချာပေါက် ဖိအား တာအို ဥပဒေသတွေလည်း ပါဝင်ပက်သက် နေရပါဦးမယ် ။ ဒါကြောင့်လည်း သုံးခွ ခက်ရင်းက တောင်ကြီးတစ်ခု ပိကျလာသလို ခံစားချက်မျိုး သူ့ကို ပေးစွမ်းနေတာပါ ။

" သွားစမ်း "

သောင်းဟိုင်နဲ့ ရင်ဆိုင်ဖို့အတွက်ကိုတော့ လီဖူချန်းအနေနဲ့ သိပ်ပြီး အားစိုက်စရာတောင် မလိုပါဘူး ။ သူက ဓားကို ဖြစ်သလို ဆွဲထုတ်လိုက်ပြီး ခုတ်ချလိုက်တာနဲ့တင် သောင်းဟိုင်ဟာ ကိစ္စ ပြတ်ပါတယ် ။

ရွှမ်း……

လီဖူချန်းရဲ့ အညှာအတာမဲ့ မျောလွင့်မီးလျှံ ဓားဆန္ဒ ကိန်းဝပ်နေတဲ့  ဓားချက်က သောင်းဟိုင်ရဲ့ သုံးခွခက်ရင်းကို ခုတ်ဖြတ်ပြီး လူကိုပါ ဒဏ်ရာ ရသွားစေခဲ့ပါပြီ ။

" မ…မဖြစ်နိုင်ဘူး "

သောင်းဟိုင်ကတော့ သူ့ရဲ့ ရင်ဘတ်ပေါ်က သွေးစိမ်းရှင်ရှင် ပန်းထွက်နေတဲ့ ဓားဒဏ်ရာကို ငုံ့ကြည့်နေရင်းနဲ့ မသဲမကွဲ ရေရွတ်လိုက်ပါတယ် ။ သူ့ရဲ့ မျက်လုံးတွေနဲ့ တပ်အပ် မြင်နေရတာတောင်မှ သောင်းဟိုင်ဟာ  သူဓားဒဏ်ရာ ရသွားတာကို ဘယ်လိုမှ မယုံကြည်နိုင်သေးပါဘူး ။

" ဟိုက်…… ဓားချက်တစ်ချက်တည်းနဲ့ သောင်းဟိုင်ကို အနိုင်ယူလိုက်တာလား "

သောင်းဟိုင်ရဲ့ အဖြစ်ကို မြင်လိုက်ရတဲ့ ဝမ်တချောင်ကတော့ တစ်ကိုယ်လုံး တုန်ယင်နေခဲ့ပါပြီ ။

ဓားချက်တစ်ချက်တည်းနဲ့ သောင်းဟိုင်ကို အနိုင်ယူလိုက်တယ် ။ဟုတ်လား ။

ဒါက လုံးဝ မယုံကြည်နိုင်စရာပါပဲ ။

နတ်ဘုရားစွမ်းရည် ထုတ်သုံးထားတဲ့ အချိန်မှာဆိုရင်  သောင်းဟိုင်ဟာ မဟာ ဆရာသခင်အဆင့် တန်ခိုးအစွမ်းတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ် ။ သူက ထိပ်တန်း မဟာဆရာသခင် တစ်ပါးတော့ မဟုတ်ပေမယ့် မဟာ ဆရာသခင်တော့ ဖြစ်နေဆဲပါပဲ ။ အဲသည်လို တန်ခိုးအစွမ်းကို ပိုင်ဆိုင်ထားတဲ့ သောင်းဟိုင်ကို ဓားချက်တစ်ချက်တည်းနဲ့ အနိုင်ယူဖို့ဆိုရင် တစ်ဖက်လူဟာ ထိပ်တန်း မဟာဆရာသခင် အဆင့်ကို ရောက်နေမှ ရပါမယ် ။

ထိပ်တန်း မဟာဆရာသခင်တွေ ဆိုတာကတော့ လဝန်းနီ အင်ပိုင်ယာရဲ့ ကြယ်၁ပွင့် အဆင့် ဗိုလ်ချုပ်ဖြစ်ဖို့ ထိုက်တန်နေလွန်းလှပါပြီ ။

" ကောင်းလိုက်တဲ့ ဓားချက် ။ ရော့…… သည်ဝိညာဉ်အခြေတည် ဆေးရည်က မင်းအတွက်ပဲ "

လီဖူချန်းရဲ့ ဓားချက်ကို မြင်တွေ့လိုက်ရတဲ့ လင်းရှုကတော့ လီဖူချန်း  တိုက်ပွဲလေးပွဲ နိုင်တာကိုတောင် မစောင့်တော့ပါဘူး ။ သူက တစ်ခါတည်း တန်းပြီး ဝိညာဉ်အခြေတည်ဆေးရည်ကို လီဖူချန်းဆီ ပစ်ပေးလိုက်ပါတယ် ။

" ကျေးဇူးတင်ပါတယ် …… နယ်စားငယ် "

အဲသည်နောက်မှာတော့ လီဖူချန်းဟာ ကျေးဇူးတင်စကား ဆိုပြီး သူလာရာ အဆောင်ဆီကို ပြန်ခုန်တက်သွားခဲ့ပါပြီ ။ သူ့ရဲ့ လေသံကတော့ အလွန်အမင်း နှိမ့်ချခြင်း မရှိသလို အလွန်အမင်း မာန ထောင်လွှားနေခြင်းလည်း မရှိပါဘူး ။

အစောပိုင်းတုန်းကတော့ လီဖူချန်းဟာ နောက်ထပ် တိုက်ပွဲ သုံးပွဲ ဆက်ပြီး တိုက်ဦးမလို့ပါပဲ ။ ဒါပေမဲ့လည်း အခုတော့ သူက စိတ်ဝိညာဉ် အခြေတည် ဆေးရည်ကို ရပြီးသွားပြီ ဖြစ်တဲ့အတွက် ဆက်တိုက်ခိုက်ဖို့ စိတ်မဝင်စားတော့ပါဘူး ။ အဲသည်အတွက် သူက သူ့အဆောင်ဆီ ပြန်ခုန်တက်သွားတာ ဖြစ်ပါတယ် ။

ကျန်ရှိနေတဲ့ လူငယ်တွေကလည်း လီဖူချန်းကို တားဖို့ စိတ်ကူး မရှိပါဘူး ။ သူတို့က လီဖူချန်းရဲ့ ဓားချက်ကနေပြီး လီဖူချန်းရဲ့ အစွမ်းကို ကောင်းကောင်းကြီး ခန့်မှန်းပြီးခဲ့ကြပါပြီ ။ သူတို့အတွက်ကတော့ လီဖူချန်းနဲ့ မတိုက်ခိုက်ရလေ ပိုကောင်းလေပါပဲ ။

နောက်ဆုံး ဝိညာဉ်အခြေတည်ဆေးရည် နှစ်ပုလင်းအတွက် လုကြတဲ့ တိုက်ပွဲတွေကတော့ အလွန်အမင်းကို ပြင်းထန်တယ်လို့ ဆိုရပါမယ်  ။ ဘာဖြစ်လို့လဲဆိုတော့ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကလည်း တိုက်ပွဲတွေထဲမှာ ပါဝင်လာကြလို့ပါပဲ ။ သူတို့တွေထဲက တချို့ကတော့ သက်တံနီဂိုဏ်းရဲ့ တိုက်ရိုက်တပည့် သုံးယောက်ထက် အားမနည်းကြပါဘူး ။ သူတို့တွေဟာ မယုံနိုင်စရာ ကောင်းလောက်အောင် အစွမ်းထက်တဲ့ မဟာဆရာသခင်တွေ ဖြစ်ကြပါတယ် ။

***

All Chapters