← Chapters

အန်လင်း၏ ဝန်ဆောင်မှု

Vol. 82 Ch. 1144

အန်လင်း၏ ဝန်ဆောင်မှု

Vol. 82 Ch. 1144

လျှပ်စီးဓားမှာ ဇုစ့်ပါးစပ်ထဲ ပေါက်ကွဲသွားသည်။

ရှောင်ရှားရန် လျင်မြန်လွန်းလှသောကြောင့် ဇုစ့်၏ ဦးခေါင်းအပြင် ခန္ဓာကိုယ်ပါ ဝါးမြိုခံလိုက်ရလေသည်။

ချက်ချင်းဆိုသလို ကောင်းကင်နှင့်မြေပြင်မှာ အမှောင်အတိကျသွားသည်။

ဇုစ့်၏အော်ဟစ်သံမှာ ပဲ့တင်ထပ်သွားရသည်။

“ဟာ အဲ့လောက်တောင် ကြမ်းတာလား။”

အော့ချင်းယွီမှာ အဝေးမှ မြင်ကွင်းအားကြည့်ကာ ကြက်သီးထသွားမိသည်။

“ဇုစ့်...”

ကျိုမာ့ အော်ဟစ်လိုက်သည်။

သူအနေဖြင့် ဇုစ့်သည် အန်လင်းအား သတ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

သို့သော်....

ကျိုမာ့ အန္တရာယ် အငွေ့အသက်ပင် ရရှိလာသည်။

အန်လင်းက ဘာလို့ အဲ့လောက်တောင်ကြမ်းနေတာလဲ....

ကျောက်ဆောင်အနောက်တွင် ပုံရိပ်တစ်ခု ရှိနေလေသည်။

“အန်လင်းက တကယ့်ကို သိုသိုသိပ်သိပ် မနေတတ်ဘူးပဲ။”

ထိုအမျိုးသမီး ရေရွတ်လိုက်သည်။

“သူ့ရဲ့ပြိုင်ဘက်က ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်ပဲ။ ငါတောင် ဘာမှမတတ်နိုင်လောက်ဘူး။ တိုက်ပွဲပြီးမှ သွားတွေ့ရမယ်။ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်ကိုတောင် သမနိုင်နေပြီပေါ့လေ။”

သူမသည် အန်လင်း၏ တာအိုလက်တွဲဖော် စုရှောင်လန်ပင် ဖြစ်သည်။

သူမတွေ့ခဲ့ရသော ရန်သူများမှာ ပြောပလောက်စရာ မရှိပေ။

“ဇုစ့်က အသက်စွမ်းအင် တော်တော်အားနည်းနေပြီပဲ။”

လျှပ်စီးများ ပျောက်ကွယ်သွားပြီးနောက် ရွှေရောင်နဂါးမှာ ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။

ဇုစ့်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေပြီး အသားကင်နံ့ပါ ထွက်နေသေးသည်။

ဦးခေါင်းမှာ အဆိုးရွားဆုံးဖြစ်ကာ မည်းတူးချိတ်နေပြီး ပါးစပ်အဟောင်းသားနှင့် ရွံရှာစက်ဆုပ်ဖွယ် ဖြစ်နေသည်။

ဝုန်း...

မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။

“ဇုစ့် ရှုံးသွားတာလား။”

ကျိုမာ့ မယုံကြည်နိုင် ဖြစ်နေမိသည်။

အန်လင်းမှာ စိတ်ဝိဥာဥ်ဆေးလုံးအချို့ သောက်သုံးလိုက်သည်။

ထို့နောက် ဇုစ့်အားကြည့်ကာ မေးလိုက်သည်။

“ဘယ်လိုခံစားရလဲ။”

ဇုစ့်မှာ ဒေါသထွက်နေလေသည်။

“နာနင်းကို နတ်ပစ်မယ်။”

(ငါမင်းကို သတ်ပစ်မယ်။)

၎င်း၏ ပါးစပ်မှာ မိုးကြိုးများစွာ ပေါက်ကွဲခြင်းကြောင့် ပျက်စီးသွားသဖြင့် စကားမပီတော့ပေ။

အန်လင်း သနားမိသွားသည်။

“စကားတောင် ကောင်းကောင်းမပြောနိုင်တော့ဘူးလား။”

ဇုစ့်မှာ ပေါက်ကွဲလွန်းသောကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေသည်။

“နင်းက နနားနိုးနွယ်စုဝင်မှ မနုတ်နာ။ နာ့ကိုနတ်လည်း ဘာရမှာလဲ။ အနောက်နနားနောနဲ့ ရန်သူဖြစ်သွားလိမ့်မယ်။ နာ့ကိုလွှတ်ပေးရင်တော့ အမြတ်နီးနီး နွတ်မှာနော်။”

(မင်းက နဂါးမျိုးနွယ်စုဝင်မှ မဟုတ်တာ။ ငါ့ကိုသတ်လည်း ဘာရမှာလဲ။ အနောက်နဂါးတောနဲ့ ရန်သူဖြစ်သွားလိမ့်မယ်။ ငါ့ကိုလွှတ်ပေးရင်တော့ အမြတ်ကြီးကြီး ရမှာနော်။)

အန်လင်း အနည်းငယ် တွေးလိုက်သည်။

“မင်းကိုသတ်လို့ ဘာမှမရမှာတော့ အမှန်ပဲ။”

ဇုစ့်ဝမ်းသာသွားရသည်။

ထိုအချိန်မှာပင် သွေးဝိဥာဥ် လက်ဝါးကပ်တိုင်နှင့် ချုပ်ခံထားလိုက်ရလေသည်။

“နင်းနာလုပ်တာနဲ။”

(မင်းဘာလုပ်တာလဲ။)

ဇုစ့် အသည်းအသန် ရုန်းကန်တော့သည်။

“နင်းနာ့ကို နတ်ချင်နတ်ပစ်လိုက်။ အရှက်တော့ မနွဲနဲ့။”

(မင်းငါ့ကို သတ်ချင်သတ်ပစ်လိုက်။ အရှက်တော့ မခွဲနဲ့။)

အန်လင်း မျက်နှာပျက်သွားသည်။

“စော်ကားခံလိုက်ရသလိုပဲ။”

“မင်းကိုသတ်မှာပါ။ ရှောင်လန်ကို ပေးသတ်မလို့လေ။ အဲ့တော့မှ စွမ်းအင်တွေ အလဟဿ မဖြစ်မှာ။”

ဇုစ့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

အန်လင်းက တခြားတစ်ယောက်ကို သတ်ခိုင်းမလို့လား....

“ဖူး...”

ဇုစ့် သွေးအန်သွားရသည်။

သူအံကြိတ်ကာ ပြောလိုက်သည်။

“ဖြစ်မှာမနုတ်ဘူး။ ဒီနားမှာ အနောက်နနားနောက နူတွေအများကြီး ရှိတယ်။ နင်းသာ နီပုံစံနဲ့ နော်သွားရင် နောင်နနန်ဆီ မရောက်ခင် အသတ်ခံရလိမ့်မယ်။ နာ့ကိုအရင်လွှတ်လိုက်။”

(ဖြစ်မှာမဟုတ်ဘူး။ ဒီနားမှာ အနောက်နဂါးတောက သူတွေအများကြီး ရှိတယ်။ မင်းသာ ဒီပုံစံနဲ့ ခေါ်သွားရင် ရှောင်လန်ဆီ မရောက်ခင် အသတ်ခံရလိမ့်မယ်။ ငါ့ကိုအရင်လွှတ်လိုက်။)

“အန်လင်း...”

စကားသံတစ်ခု ထွက်ပေါ်လာသည်။

“ရှောင်လန်...”

အန်လင်း စိတ်လှုပ်ရှားသွားသည်။

ဇုစ့် : “....”

ကံကြမ္မာသည် အလွန်ရက်စက်ကြောင်း သူလက်ခံလိုက်ရသည်။

“နောင်းနင်ကိုက နာ့ကို နေစေချင်နာပဲ... အဟွတ်... အဟွတ်...”

(ကောင်းကင်ကိုက ငါ့ကို သေစေချင်တာပဲ။)

ဇုစ့် ညည်းညူလိုက်သည်။

သူသည် အမျိုးသမီးအားကြည့်ကာ နည်းလမ်းပေါင်းစုံ တွေးတောနေမိသည်။

“ရှောင်လန် တိုက်ဆိုင်လိုက်တာ။”

အန်လင်း ဝမ်းသာနေသည်။

သူသည် ဝန်ထုပ်ဝန်ပိုးများ မရှိတော့သလို ခံစားလိုက်မိသည်။

“နင့်တိုက်ပွဲကို အဝေးကြီးကနေတောင် အာရုံခံမိလို့လေ။”

စုရှောင်လန် ပြုံးကာပြောလာသည်။

ဇုစ့်မှာ သွေးနီရောင် အလင်းအား မှုတ်ထုတ်လိုက်သည်။

“အဲ့နာ နာ့ကျိန်စာပဲ။”

(အဲ့ဒါ ငါ့ကျိန်စာပဲ။)

ဇုစ့် စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။

ထိုသည်မှာ ဟင်းလင်းပြင်သို့အပြန် အဆင့်များကိုပင် ထိခိုက်စေနိုင်သော ကျိန်စာ ဖြစ်သည်။

ကျိန်စာဖျက်နိုင်သူမှာလည်း သူတစ်ဦးတည်းသာ ရှိပေသည်။

ထိုသည်မှာ အခြေအနေအား ပြောင်းလဲနိုင်မည့် အခွင့်အရေး တစ်ခုပင်။

ဇုစ့်၏ မျက်ဝန်းများ တောက်ပနေသည်။

ထိုအချိန်မှာပင် မြင့်မြတ်မီးတောက်အား တွေ့လိုက်ရသည်။

ဇုစ့်မှာ မျက်စိကျိန်းမတတ် ဖြစ်သွားရလေသည်။

စုရှောင်လန်မှာ ထိုသွေးနီရောင် အလုံးအား ပိုင်းချပစ်လိုက်သည်။

“ရှောင်လန် အဆင်ပြေရဲ့လား။”

“အင်း... ငါကြောက်လိုက်တာ အန်လင်းရယ်။ သူ့ကို ဖိနှိပ်ထားစမ်းပါ။”

“စိတ်မပူနဲ့။ ရေဘောလုံးကြီးနဲ့ ဖိပစ်မယ်။”

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

“တောင်းပန်တဲ့အနေနဲ့ ဒီနဂါးကို လက်ဆောင်ပေးမယ်လေ။”

“ကောင်းပြီလေ။ ငါတကယ် ရင်ထဲထိတယ်။”

စုရှောင်လန် ရှက်သွေးဖြာသွားရသည်။

“တကယ်လား။”

“အင်း...”

“ဒါဆို ကိုယ့်ကိုနမ်း...”

စုရှောင်လန် နှုတ်ခမ်းလေးစူကာ နမ်းလိုက်သည်။

ဇုစ့် ပါးစပ်အဟောင်းသားဖြစ်ကာ မျက်ရည်များ စီးကျလာရသည်။

ဒါကဘာတွေလဲ.....

All Chapters