စုရှောင်လန်၏လက်ဆောင်
Vol. 82 Ch. 1145
အနောက်နဂါးတော၏ မိုးကြိုးနတ်ဘုရား ဇုစ့်မှာ အန်လင်းနှင့် စုရှောင်လန် အနမ်းပေးနေသည်ကို ရွေးချယ်စရာ မရှိပဲ ကြည့်နေရလေသည်။
သူသည် သမိုင်းဒဏ္ဍာရီထဲ ကျန်ရစ်ခဲ့မည့် ရာဇဝင်အား တွေးကြည့်ခဲ့ဖူးသည်။ တာအိုလမ်းစဥ်နောက်လိုက်ရင်း ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်းကိုလည်း မြင်ယောင်ခဲ့ဖူးသည်။
သို့သော် လက်ဆောင်တစ်ခုအဖြစ် အဆုံးသတ်သွားမည်ဟု ထင်မှတ်မထားခဲ့ပေ။
သူသည် ချစ်သူနှစ်ဦးကြားမှ ချစ်သက်လက်ဆောင်တစ်ခုသာ ဖြစ်ခဲ့ရသည်။
“ရှောင်လန် ဒီနဂါးကြောင့် မင်းအဆင့် တက်ရင်တက်နိုင်တယ်။”
အန်လင်း ပြုံးကာပြောလာသည်။
စုရှောင်လန် အနည်းငယ် တွေးပူနေသည်။
“ငါ့ခန္ဓာကိုယ်က ခံနိုင်ရည် ရှိပါ့မလား။”
သူမ ကြောက်ရွံ့နေမိသည်။
ဇုစ့် ချက်ချင်းစကားဆိုလာသည်။
“နင်းမှန်တယ်။ နာတို့ အဆင့်နွေ အဲ့နောက်ကွာနေတာ နင်းခံနိုင်နည် ရှိမှာမဟုတ်ဘူး။”
(မင်းမှန်တယ်။ ငါတို့ အဆင့်တွေ အဲ့လောက်ကွာနေတာ မင်းခံနိုင်ရည် ရှိမှာမဟုတ်ဘူး။)
စုရှောင်လန် မျက်နှာပျက်သွားသည်။
“နင်ကငါ့ကို အထင်သေးတာလား။”
ဇုစ့် : “ ...”
“အစက စိတ်ပူနေပေမယ့် အခုတော့ လုပ်မှရမယ်။ ဗာမီလီယမ်ငှက် စွမ်းအင်ကိုတောင် လက်ခံနိုင်သေးတာ။ နင်က ဘာမို့လို့လဲ။”
စုရှောင်လန် အလေးအနက် ပြောလိုက်သည်။
ဇုစ့် : “....”
သူသာ အချည်မခံထားရပါက ကိုယ့်ပါးကိုယ်ရိုက်မိလောက်သည်။
အော့ချင်းယွီ အားကျမနာလို ဖြစ်သွားရသည်။
“အန်လင်းက ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်ကိုတောင် လက်ဆောင်ပေးနိုင်တာပဲ။ ဒါ အချစ်စစ်များလား။”
ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်အား သတ်ဖြတ်ရသည်မှာ ဂုဏ်သိက္ခာတစ်ခု ဖြစ်သည်။ မည်သူမဆို ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်အား သတ်နိုင်ခဲ့ပါက နှစ်ရာနှင့်ချီ ကြွားနေကြပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ အန်လင်းမှာ ထိုအခွင့်အရေးအား လက်လွှတ်ခဲ့လေသည်။ အော့ချင်းယွီသည် အန်လင်းအား လေးစားမိသလို တုံးအသည်ဟုလည်း ထင်မှတ်မိသည်။
အန်လင်းထံတွင် နဂါးသွေးဆက် သေချာပေါက် ရှိရမည်ဟု အော့ချင်းယွီ ခန့်မှန်းမိသည်။
“မင်းလွတ်မယ်မထင်နဲ့။”
အော့ချင်းယွီ အတွေးစအားဖြတ်ကာ လျင်မြန်စွာ ပျံသန်းလိုက်သည်။
ကျိုမာ့သည် လစ်သည်နှင့် ပြေးရန်ကြံနေသည်ပင်။
“ဝေါင်း...”
ကျိုမာ့ စစ်ကူတောင်းပြန်လေပြီ။
အော့ချင်းယွီသည် အန်လင်းကြောင့်သာ အသာစီး ရနိုင်ခဲ့ခြင်း ဖြစ်သောကြောင့် အလွယ်တကူ လွှတ်ပေးရန် အစီအစဥ် မရှိပေ။
“မင်းသတ္တိရှိရင် ငါနဲ့တိုက်လေ။”
အော့ချင်းယွီ အော်ဟစ်လိုက်သည်။
ကျိုမာ့မှာ ရေခဲအီးငွေ့များ ထုတ်လွှတ်နေသည်။
၎င်းတို့မှာ အဝေးသို့ ပျောက်ကွယ်သွားလေသည်။
အန်လင်းသည် ရှောင်လန်အား တွေ့ပြီဖြစ်သောကြောင့် လိုက်မသွားတော့ပေ။
စုရှောင်လန်သည် ဇုစ့်အား အမြန်ဆုံး အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။
သူမသည် နဂါးစာကလေးဓားအားထုတ်ကာ ခုတ်ချလိုက်သည်။
ချလန်း.....
ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များကြောင့် သူမ လွင့်ထွက်မတတ် ဖြစ်သွားရသည်။
“အရေထူလွန်းတယ်။”
အန်လင်း၏ ပြိုင်ဘက်သည် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းကြောင်း သူမ သေသေချာချာ သိသွားရသည်။
ဇုစ့် မျှော်လင့်ချက် ရှိလာသည်။
“နုပ်မနေနဲ့။ နာ့ခန္ဓာကိုယ်က နင်းနင်းပြင်သို့အပြန် အဆင့်နောင် မဖောက်နိုင်....”
(လုပ်မနေနဲ့။ ငါ့ခန္ဓာကိုယ်က ဟင်းလင်းပြင်သို့အပြန် အဆင့်တောင် မဖောက်နိုင်....)
“အား....”
ဇုစ့် နာကျင်စွာ အော်ဟစ်လိုက်သည်။
စုရှောင်လန်သည် မြင့်မြတ်မီးတောက်အားသုံးကာ ခုတ်ချလိုက်သည်ပင်။
“မနုတ်နူး....”
(မဟုတ်ဘူး။)
၎င်း၏မျက်ဝန်းထဲမှ ရွှေရောင်အလင်းများ ဖြာထွက်လာသည်။
နဂါးဒေါသကြောင့် စွမ်းအင်များ ပေါက်ကွဲလာခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ စုရှောင်လန်မှာ တည်တည်ငြိမ်ငြိမ်နှင့် နဂါးသွေးဆက်အား နိုးထစေလိုက်သည်။
“ဝေါင်း...”
ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
အန်လင်းသည်ပင် အံ့အားသင့်သွားရသည်။
ဘုရားရေ.... ရှောင်လန် နဂါးဖြစ်သွားပြီလား.....
သူ၏ခံစားချက်များ ရောထွေးသွားရသည်။
ထိုအချိန်မှာပင် စုရှောင်လန်မှာ နဂါးစာကလေးဓားဖြင့် ဇုစ့်လည်မြိုအား ခုတ်ချပစ်လိုက်သည်။
ဇုစ့်၏ အော်ဟစ်သံနှင့်အတူ ခေါင်းပြတ်သွားကာ သွေးများပန်ထွက်လာသည်။
အနောက်နဂါးတော၏ မိုးကြိုးနတ်ဘုရားမှာ သုတ်သင်ခံလိုက်ရလေပြီ။
စုရှောင်လန်၏ ခန္ဓာကိုယ်ထဲသို့ အကန့်အသတ်မဲ့သော စွမ်းအင်များ စီးဝင်လာသည်။
ထိုသည်မှာ အံ့ဖွယ်တာအို ရရှိထားသော ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်၏ စွမ်းအင်များ ဖြစ်သောကြောင့် များပြားလွန်းလှသည်။
စုရှောင်လန် ချက်ချင်းပင် တရားထိုင်လိုက်လေသည်။
ရှောင်လန်၏ မျက်ဝန်းများမှာ ပိုမိုသန့်စင်ကြည်လင်လာကြောင်း အန်လင်း သတိထားမိသည်။
စုရှောင်လန်၏ နဂါးသွေးဆက်မှာ အပြည့်အဝ နိုးထခဲ့လေပြီ။
အန်လင်းမှာ ရှေးဟောင်းနဂါးတစ်ကောင်အား တွေ့နေရသလို ခံစားလိုက်ရသည်။
ငါ့မိန်းမက တကယ်ကို နဂါးကြီးပါလား....
စုရှောင်လန်၏ ခန္ဓာကိုယ်တလျှောက် နဂါးစွမ်းအင်များ စီးဆင်းနေသည်။
သူမ၏ အမူအရာမှာ နာကျင်နေပုံ ရသည်။
“အဆင်ပြေရဲ့လား။”
အန်လင်း စိတ်ပူနေမိသည်။
များပြားလွန်းပါက မည်သည့်အရာမှ မကောင်းနိုင်ပေ။
အဆာငတ်ပါက သေဆုံးနိုင်ပြီး အစားလွန်ပါလျှင်လည်း သေဆုံးနိုင်ပေသည်။
“အင်း...”
စုရှောင်လန် ညည်းညူလိုက်သည်။
သူမ နဖူးတွင် ချွေးများစို့လာရသည်။
“သူမ ပေါက်ကွဲတော့မှာလား။”
အန်လင်း အသက်ရှူသံများပင် ပြင်းသွားရသည်။
စုရှောင်လန် အသားအရေများ အက်ကွဲလာသောကြောင့် အန်လင်း ထိတ်လန့်သွားမိသည်။
ထိုအချိန်မှာပင် သူမ နဖူးမှ ရွှေရောင်ချိုများ ထွက်လာလေသည်။
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“နဂါးချိုတွေလား။ ရှောင်လန် နဂါးဖြစ်တော့မှာလား။”
စုရှောင်လန်သည် အစစ်အမှန် နဂါးသွေးဆက်အား ပိုင်ဆိုင်ထားသူ ဖြစ်သောကြောင့် ထိုသည်မှာ မထူးဆန်းလှပေ။
သို့သော် သူမသည နဂါးချိုများအား ရိုက်ချပစ်လိုက်သည်။
ဖြောင်း....
ဖြောင်း....
ထိုချိုများမှာ ပြန်နစ်ဝင်သွားရလေသည်။
“မထွက်လာနဲ့။ ရုပ်ဆိုးလွန်းတယ်။”
စုရှောင်လန် ရေရွတ်လိုက်သည်။
အန်လင်း : “......”
သူကြောင်တောင်တောင်ပင် ဖြစ်သွားမိသည်။