တိုက်ဆိုင်လိုက်တာ
Vol. 82 Ch. 1146
အန်လင်းမှာ စုရှောင်လန်ကြောင့် အံ့အားသင့်သွားမိသည်။
နဂါးစွမ်းအင်များမှာ စုရှောင်လန်၏ ခန္ဓာကိုယ်တလျှောက် စီးဆင်းနေဆဲပင်။
သူမသည် နဂါးချိုများအား ပြန်ရိုက်သွင်းလိုက်ပြီးနောက် မျက်ဝန်းမှ ရွှေရောင်အလင်းများ ပိုမိုတောက်ပလာသည်။
ဝင်ရောက်လာသော စွမ်းအင်များအား ဗာမီလီယမ်ငှက် သွေးဆက်မှ သန့်စင်ပေးပြီးနောက် အစစ်အမှန် နဂါးသွေးဆက်နှင့် ပေါင်းစည်းသွားလေသည်။
သူမ၏ အစစ်အမှန် နဂါးသွေးဆက် ပိုမိုအားကောင်းလာကာ စွမ်းအင်ဝင်ပေါက်များပါမကျန် တိုးတက်လာသည်။
နဂါးနှင့် ဗာမီလီယမ်ငှက်မှာ ပထမဆုံး အကြိမ်အဖြစ် ထပ်တူညီသွားရသည်။
ရုတ်ချည်းဆိုသလို စုရှောင်လန်၏ အရှိန်အဝါများ ပြောင်းလဲသွားပြီး မျက်လုံးတစ်ဖက်သည် ဖြူဖွေးကာ ကျန်တစ်ဖက်မှာ ရွှေရောင်များ တောက်ပလာသည်။
သူမ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ဖြာထွက်လာ၏။
ခရက်....
ကျိုးပျက်သံတစ်ခုအား ကြားလိုက်ရသည်။
အန်လင်းနှင့် စုရှောင်လန် အကြည့်ချင်း ဆုံသွားလေသည်။
“ငါ... ငါအဆင့်တက်တော့မယ် ထင်တယ်။”
အန်လင်း : “.....”
အန်လင်း အံ့သြသွားမိသည်။
“တကယ်ကြီးလား။”
စုရှောင်လန်၏ ကျင့်ကြံရေးမှာ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်မှ ဟင်းလင်းပြင်သို့အပြန် အဆင့်တက်ရန် အချိန်ပင် သိပ်မလိုလိုက်ပေ။
စုရှောင်လန်မှာ ကျင့်ကြံရေးအား အာရုံစိုက်လိုက်သည်။
ကောင်းကင်တွင် တိမ်မည်းများ စုဝေးလာသည်။
မိုးကြိုးကပ်ဘေး အရှင်သခင်ဖြစ်သော အန်လင်းမှာ စုရှောင်လန်အား သေချာပေါက် ကူညီပေးမည်ပင်။
သူသည် လုံခြုံရေးအတွက် ဂမ်ဒမ်သုံးနှင့် ယောင်ကျီးကိုပါ အမိန့်ပေးထားလိုက်သည်။
အန်လင်းမှာ အကန့်အသတ်မဲ့သော တိမ်တိုက်များအားကြည့်ကာ ကြောင်တောင်တောင် ဖြစ်သွားမိသည်။
သူ၏ အံ့ဖွယ်အာရုံနှင့်ပင် ထိုတိမ်တိုက်များ၏ အဆုံးအား မခန့်မှန်းနိုင်ပေ။
သူ၏အသက်ရှူသံများ ပြင်းသွားသည်။
“သောက်ကျိုးနည်း ဘယ်လောက်တောင်လဲဟ။”
အခြားသူများအား ကူညီပေးစဥ်က မိုးကြိုးကပ်ဘေး တိမ်တိုက်မှာ ကီလိုမီတာ ငါးဆယ်ခန့်သာ ရှိခဲ့သည်။
သို့သော် စုရှောင်လန်၏ မိုးကြိုးကပ်ဘေး တိမ်တိုက်မှာ ကီလိုမီတာ ရာနှင့်ချီနေလေသည်။
“တော်တော်ကြောက်ဖို့ကောင်းမှာပဲ။”
အန်လင်း စိတ်ပူသွားရသည်။
ထိုမိုးကြိုးကပ်ဘေးမှာ အတော်ပင် ခက်ခဲလိမ့်မည်။
ဟင်းလင်းပြင်သို့အပြန် အဆင့်တက်ရာတွင် ကျင့်ကြံရေး အခြေခံ မခိုင်မာမှု သို့မဟုတ် မိုးကြိုးကပ်ဘေး ကြောက်မက်ဖွယ်ကောင်းမှုကြောင့် သေဆုံးတတ်ကြသည်။
နတ်ဘုရားများသည် အားနည်းသူအား သဘောမကျသလို တော်လွန်းသူများကိုလည်း အမြင်မကြည်ပေ။
စုရှောင်လန်သည် လူမုန်းရလောက်အောင် ပါရမီကောင်းသူ ဖြစ်သည်။
ထို့ကြောင့်ပင် အန်လင်း စိုးရိမ်နေရလေပြီ။
ရွှေရောင်ဟာလာပြင်လျှပ်စီးများမှာ ကောင်းကင်ထက်တွင် တလက်လက် တောက်ပနေသည်။
အန်လင်းသည် ကီလိုမီတာ တစ်ရာ့ငါးဆယ်ပတ်လည်တွင် အသံဝင်္ကပါတစ်ခု ချမှတ်လိုက်သည်။ ထိုပတ်ဝန်းကျင်သို့ ရောက်လာသူမှာ သေကိုသေရပေလိမ့်မည်။
သူသည် စုရှောင်လန်၏ လုံခြုံရေးအား အနည်းငယ်ပင် ထိခိုက်မခံနိုင်ပေ။
ဝုန်း....
ရွှေရောင်ဟာလာပြင်လျှပ်စီးမှာ စုရှောင်လန်ပေါ် ကျဆင်းလာသည်။
သူမ၏ ပထမဆုံး မိုးကြိုးကပ်ဘေးသည် အခြားသူများ၏ သုံးဆယ့်သုံးချက်မြောက် မိုးကြိုးကပ်ဘေးနှင့် ညီမျှနေသည်။
စုရှောင်လန်သည် အစစ်အမှန် နဂါးနံရံဖြင့် ကာလိုက်ကာ ခန္ဓာကိုယ်ထဲ ဖြည်းညင်းစွာ စီးဝင်စေပြီးနောက် ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုအား ဖြည်းညင်းစွာ လေ့လာလိုက်သည်။
သာမန်ကျင့်ကြံသူများသည် မိုးကြိုးကပ်ဘေးအား ကာဆီးကြပါသော်လည်း ပါရမီရှင်များမှာလည်း အစစ်အမှန် အဆီအနှစ်အား ရှာဖွေနိုင်ရန် ကျင့်ကြံရေး အထောက်အပံ့အဖြစ် အသုံးပြုကြသည်။
ဟင်းလင်းပြင်သို့အပြန် အဆင့်တက်ရန်အတွက် မိုးကြိုးကပ်ဘေး ရှစ်ဆယ့်တစ်ချက်အား ခံယူရပေလိမ့်မည်။
စုရှောင်လန်သည် အခက်အခဲမရှိ ကျော်လွှားနိုင်မည်ဟု အန်လင်း ယုံကြည်ပေသည်။
သူသည် ရှောင်လန်နှင့် မလှမ်းမကမ်းတွင် ရှိနေသည်။
ကြီးမားလှသော မိုးကြိုးတိမ်တိုက်အား အခြားသော ဟင်းလင်းပြင်သို့အပြန် အဆင့်များ သတိထားမိမည်ကို အန်လင်း စိတ်ပူနေမိသည်။
“စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်တွေကတော့ ဝင်္ကပါကို ကျော်မလာရဲလောက်ဘူး။”
“ဒါပေမယ့် ဟင်းလင်းပြင်သို့အပြန် အဆင့်တွေကတော့ ပြဿနာပဲ။ သူတို့က အဆင့်တက်နေတာကို အခွင့်ကောင်းယူပြီး လာသတ်နိုင်တယ်။”
“တစ်ကောင်စီလာရင် ပြဿနာ မရှိဘူး။ နှစ်ကောင်ဆိုရင်တော့....”
အန်လင်းမှာ စိတ်မသက်မသာ ဖြစ်လာသောကြောင့် ခေါင်းခါလိုက်သည်။
ရှေးဟောင်းထိုက်ချူကုန်းမြေသည် ကျယ်ပြန့်လှသောကြောင့် ထိုမျှကံမဆိုးလောက်ပေ။
စုရှောင်လန်သည် မိုးကြိုးကပ်ဘေး ကိုးချက်အထိ ခံယူပြီးပြီပင်။
အန်လင်းမှာ တစ်နေရာအား လှမ်းကြည့်လိုက်သည်။
“ဘယ်သူက သေချင်နေတာလဲ။”
သူသည် အချိန်မရွေး မီးနတ်ဘုရားအသွင်ပြောင်းရန် အသင့်ပြင်ထားလိုက်သည်။
ထိုအချိန်တွင် အဖြူရောင် ပုံရိပ်တစ်ခုအား တွေ့လိုက်ရသည်။
“သခင်လေးအန်လင်း ကယ်ပါဦး။”
အော့ချင်းယွီ၏ အခြေအနေမှာ အတော်ပင် စုတ်ပြတ်သတ်နေသည်။
သူ၏နောက်တွင် ရေခဲနဂါးကြီး လိုက်ပါလာသည်။
တစ်ဖက်တွင်မူ မီးတောက်များ ရုတ်တရတ် တောက်ပလာသည်။
“ဟားဟားဟား အော့ချင်းယွီ မင်းလွတ်မယ် ထင်နေလား။”
ရယ်သံတစ်ခုအား ကြားလိုက်ရသည်။
“နေနတ်ဘုရား အပိုလိုဆိုတဲ့ငါက မီးတောက်တွေနဲ့ သန့်စင်ပေးမယ်လေ။”
မီးနဂါးကြီး၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ရာပင်။
“သခင်လေးအန်လင်း တိုက်ဆိုင်လိုက်တာ။ ငါတို့ တစ်ယောက်တစ်ကောင် ယူရအောင်လေ။”
အော့ချင်းယွီ အသည်းအသန် ပြောလာသည်။
အန်လင်း : “....”
ယီးကိုတိုက်ဆိုင်ပါလား....
ဒင်းတမင်လုပ်တာပဲ....
ငါ့ဆီကို တည့်တည့်ပြေးလာတာ....
“သခင်လေးအန်လင်း...”
အော့ချင်းယွီ လှမ်းအော်လိုက်သည်။
အန်လင်း စိတ်မရှည်တော့ပြီ။
“ယီးလား။”