← Chapters

မထင်မှတ်ထားသောရန်သူများ

Vol. 82 Ch. 1149

မထင်မှတ်ထားသောရန်သူများ

Vol. 82 Ch. 1149

ကြောက်မက်ဖွယ် မိုးကြိုးကပ်ဘေးမှာ စုရှောင်လန်၏ ခန္ဓာကိုယ်ထဲ စီးဝင်လာသည်။

သူမ နာကျင်စွာ အော်ဟစ်ရင်း ကြိတ်ခံနေရလေသည်။

ရွှေရောင်ဟာလာပြင်လျှပ်စီးမှာ စုရှောင်လန်ထံမှတဆင့် အန်လင်းထံ စီးကူးသွားသည်။

ပြင်းထန်လှသော မိုးကြိုးကပ်ဘေးမှာ နှစ်ဦးလုံး၏ အသိစိတ်အား တပြိုင်နက်တည်း စုတ်ဖြဲနေသလိုပင်။

စုရှောင်လန်မှာ မျက်ဝန်းများ ပိုမိုတောက်ပလာပြီး ခန္ဓာကိုယ်မှာ ခံနိုင်ရည် မရှိတော့သည့်အလား ပိုမိုတုန်ယင်လာသည်။

စုရှောင်လန်၏ လက်အားကိုင်ထားခြင်းသည် မိုးကြိုးကပ်ဘေးအား ပိုဆိုးရွားစေခြင်း မရှိသောကြောင့် သင့်တော်သော နည်းလမ်းဖြစ်ကြောင်း အန်လင်း သိရှိလိုက်ရသည်။

အန်ကီရင် ငါ့ကိုကူပါဦး....

အန်လင်း စိတ်ထဲမှ အော်ဟစ်လိုက်သည်။

ဝေလငါး စီးနေသော ရွှေရောင်ကလေးငယ်လေးမှာ အန်လင်း စကားကြားလိုက်သည်နှင့် ဗလများ တောင့်တင်းလာသည်။

“ရိယားယား.... အိယားယား...”

ဘုရားရေ.... မောင်ဗလကြီး ဖြစ်သွားပါလား... ကြောက်စရာ ကောင်းလိုက်တာ....

ဝုန်း....

အန်လင်း၏လက်မှ အားကောင်းလှသော ဆွဲငင်အားတစ်ခု ထွက်ပေါ်လာသည်။

စုရှောင်လန်အား ဒုက္ခပေးနေသော မိုးကြိုးကပ်ဘေးများမှာ အန်လင်း၏ သက်ရှိစွမ်းအင် ပင်လယ်ထဲသို့ စုပ်ယူခံလိုက်ရလေသည်။

အန်လင်း၏ အကူအညီကြောင့် စုရှောင်လန် အသက်ရှူနိုင်သွားသည်။

ကောင်းကင်တာအို၏ ရွှေရောင်ဟာလာပြင်လျှပ်စီးမှာ အန်ကီရင်အတွက် သင့်တော်ပုံရပြီး သူ၏ပုံရိပ်မှာ ပို၍ပို၍ စစ်မှန်လာသည်။

ရွှေရောင်နဂါးမှာ ဗုံးတစ်လုံးသဖွယ် ပေါက်ကွဲသွားခဲ့သည်။

စုရှောင်လန်သည် သူ့အား တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း အားလျော့လာသောကြောင့် အန်လင်း ထိတ်လန့်သွားမိသေးသည်။

သူမသည် သေတော့မလို ဖြစ်ခဲ့ပါသော်လည်း အဆုံးတွင် နဂါးကြီးအား ခံနိုင်ရည် ရှိခဲ့သည်။

စုရှောင်လန် အနီးတွင် အကာအကွယ် ဝိဥာဥ်အလား မိုးပြာရောင် နဂါးလေးတစ်ကောင် ပေါ်ထွက်လာသည်။

၎င်းတို့ ဘာမှမလုပ်နိုင်သေးခင်မှာပင် အဖြူရောင် ဗာမီလီယမ်ငှက်မှာ ဆင်းလာရန် အသင့်ပြင်နေလေပြီ။

အန်လင်း အာရုံပြန်စိုက်လိုက်သည်။

ယခုအခြေအနေတွင် မည်သည့်အမှားအယွင်းမှ ရှိ၍မဖြစ်ပေ။

“ဟားဟားဟား....”

ထိုအချိန်တွင် တောက်ပလွန်းသော ရွှေရောင်နေတစ်စင်းအား တွေ့လိုက်ရသည်။

ကောင်းကင်နှင့်မြေပြင်မှာလည်း မီးတောက်များ ပြည့်နှက်သွား၏။

“ငါတို့ ဒီအတိုင်း ထွက်သွားမယ် ထင်နေလား။”

ရွှေနဂါးကြီး ရက်စက်စွာ ရယ်မောလိုက်သည်။

“မိုးကြိုးကပ်ဘေး တိမ်တိုက်တွေကို ငါတို့ မမြင်ဘူးများ ထင်နေလား မိုးကြိုးကပ်ဘေး အရှင်သခင် အန်လင်းရဲ့။”

“ငါက အနိုင်ရမယ့် အခွင့်အရေးကို စောင့်နေတာ။ အခု မင်းငါတို့ကို ဘာမှမလုပ်နိုင်တော့ဘူးလေ ဟားဟားဟား...”

အနောက်နဂါးတော၏ နေနတ်ဘုရား အပိုလို ပြန်လည်ရောက်ရှိလာသည်။

တစ်ဖက်တွင်လည်း ရေခဲနဂါးကြီး ရှိနေလေသည်။

“အချိန်ဆွဲမနေနဲ့တော့။ အခုက အကောင်းဆုံး အခြေအနေပဲ။”

ကျိုမာ့ ဟစ်ကြွေးလိုက်သည်။

အပိုလိုသည် မီးတောက် ကိုးလုံးအား နေကိုးစင်းသဖွယ် ထွက်ပေါ်စေလိုက်သည်။

ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် နှစ်ဦး တပြိုင်တည်း တိုက်ခိုက်ကြတော့မည်ပင်။

အန်လင်းသည် ယခုလောက်ထိ ကျဥ်းထဲကြပ်ထဲ မရောက်ခဲ့ဖူးပေ။

သူသည် ထိုင်နေရုံမှလွဲ၍ ရွေးချယ်စရာ မရှိသောကြောင့် သေပင်သေသွားနိုင်သည်။

စုရှောင်လန်မှာ လည်တိုင်တွင် ဆွဲထားသော လိပ်ခွံအား ချွတ်ပေးလိုက်သည်။

“သူတို့ ပစ်မှတ်ကနင်ပဲ။ ဒါကိုယူပြီးသွားတော့။”

ထိုလိပ်ခွံသည် ဟင်းလင်းပြင်သို့အပြန် အဆင့်များကိုပင် ခုခံနိုင်သည် မဟုတ်လော။

ထို့ကြောင့် အန်လင်းအနေဖြင့် အေးအေးဆေးဆေး ပုန်းကွယ်နေနိုင်သည်။

“မြန်မြန်လုပ်လေ။ ကြာရင် နှစ်ယောက်လုံး သေသွားလိမ့်မယ်။”

စုရှောင်လန် အလောတကြီး ပြောလာသည်။

အန်လင်း ခေါင်းခါပြလိုက်သည်။

သူသာ ထွက်သွားပါက ရှောင်လန်လည်း အသက်ရှင်နိုင်မည် မဟုတ်ပေ။

သူမအနေဖြင့် အဖြူရောင် ဗာမီလီယမ်ငှက်အား မည်သို့မှ ခံနိုင်ရည် မရှိနိုင်ပေ။

စုရှောင်လန် နှုတ်ခမ်းအားကိုက်ကာ တောင်းဆိုလာသည်။

“သွားပါဟာ။ ငါခံနိုင်ရည် ရှိမှာပါ။”

အန်လင်းမှာ တုတ်တုတ်မလှုပ်ပေ။

“ကိုယ်ရှိနေရင် မင်းအသက်ရှင်မှာ သေချာသလောက်ပဲ။”

သူမရှိပါက စုရှောင်လန်၏ ရှင်သန်နိုင်စွမ်းမှာ တစ်ရာခိုင်နှုန်းသာ ရှိပေလိမ့်မည်။ နှစ်ဦးအတူသာဆိုလျှင် တစ်ရာခိုင်နှုန်းထက် ကျော်လွန်နိုင်ပေသည်။

အပိုလိုမှာ မီးတောက် ကိုးလုံးဖြင့် စတင်တိုက်ခိုက်လာသည်။

ကျိုမာ့မှာလည်း မြေပြင်အား အေးခဲစေလိုက်သည်။

ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် နှစ်ဦး၏ တိုက်ခိုက်မှုသည် သာမန်အခြေအနေတွင်ပင် ခုခံနိုင်ရန် မလွယ်ကူပေ။

မည်သို့ပင်ဆိုစေကာမူ အန်လင်း၏ ဆုံးဖြတ်ချက်မှာ အလွန့်အလွန် ခိုင်မာနေသည်။

ရုတ်ချည်းဆိုသလို အဖြူရောင် ပုံရိပ်တစ်ခု ၎င်းတို့ရှေ့ ရောက်ရှိလာသည်။

“နဂါးဓားရဲ့ ကောင်းကင်ဓားသွား...”

တောက်ပလွန်းသော ဓားပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ဓားပုံရိပ်သည် မီးတောက် ကိုးလုံးနှင့် ရေခဲတို့အား ကြမ်းတမ်းခက်ထန်စွာ ဖျက်စီးပစ်လိုက်သည်။

ဂမ်ဒမ်သုံးနှင့် ယောင်ကျီးမှာလည်း အန်လင်းတို့အတွက် အကာအရံတစ်ခု ပြုလုပ်ပေးလိုက်သည်။

ထို့ကြောင့် စွမ်းအင်လှိုင်းဂယက်များ၏ ရိုက်ခတ်မှုကို မခံလိုက်ရပေ။

အပိုလိုနှင့် ကျိုမာ့၏ တိုက်ခိုက်မှုမှာ တစ်ခန်းရပ်သွားရသည်။

အန်လင်းနှင့် စုရှောင်လန် မော့ကြည့်လိုက်သောအခါ အော့ချင်းယွီအား တွေ့လိုက်ကြရသည်။

“အော့ချင်းယွီ မင်းက အန်လင်းနဲ့ ရန်သူတွေ မဟုတ်ဘူးလား။ ဘာလို့ သူ့ဘက်က ပါနေတာလဲ။”

အပိုလို စိတ်တိုသွားရသည်။

“သူ့ကို ကျေးဇူးကြွေး တင်နေလို့လေ။”

အော့ချင်းယွီ ပြုံးကာပြောလာသည်။

“ပြီးတော့ ငါဘာလုပ်လုပ် မင်းနဲ့ဘာဆိုင်လဲ။”

All Chapters