ဟင်းလင်းပြင်သို့အပြန်အဆင့် စုရှောင်လန်
Vol. 82 Ch. 1151
အန်လင်းမှာ အစစ်အမှန် နဂါးတစ်ကောင်နှင့် ဗာမီလီယမ်ငှက်တစ်ကောင်အား တွေ့လိုက်ရသလို ခံစားလိုက်ရသည်။
ကျိုမာ့နှင့် အပိုလိုမှာ အသက်အား ဖက်နှင့်ထုပ်၍ ပြေးနေကြလေပြီ။
ယခင်ကလည်း အန်လင်းနှင့် အော့ချင်းယွီတို့ လိုက်ခဲ့ကြသည်။
ယခုတွင်လည်း ၎င်းတို့ ပြေးနေရဆဲပင်။
“ဟင်းလင်းပြင်သို့အပြန် အဆင့်ကလည်း ခွေးပြေးဝက်ပြေး ပြေးနေပါလား။ မင်းတို့က အနောက်နဂါးတောကို သိက္ခာချနေတာပဲ။”
လုံအော့ထျန်း မထီမဲ့မြင် ပြောလာသည်။
ရေခဲနဂါးကြီးမှာ ဘာမှမပြောပဲ ရေခဲငွေ့များအား အီးပေါက်ထုတ်လိုက်သည်။
လုံအော့ထျန်းမှာ နှာတစ်ချက်မှုတ်ကာ ဖျက်စီးလိုက်လေသည်။
ကျိုမာ့သည် လုံအော့ထျန်း၏ တိုက်ခိုက်မှုအား အသည်းအသန် ရှောင်ရှားနေသည်။
၎င်းသည် အကြိမ်ရေများစွာ ထွက်ပြေးရသောကြောင့် အသားပင် ကျနေလေပြီ။
မည်သို့ပင်ဆိုစေကာမူ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် နှစ်ဦး၏ လိုက်ခြင်းခံရသည်မှာ မသက်သာလှပေ။
အော့ချင်းယွီမှာ ဓားနယ်ပယ်အား ပြင်းပြင်းထန်ထန် ချဲ့ကားပစ်လိုက်သည်။
ဓားပုံံရိပ်သည် ကျို့မာ၏ အံ့ဖွယ်တာအို အကာအရံအား ချိုးဖျက်ကာ ၎င်း၏ဖင်ပေါက်ထဲ ဝင်သွားလေသည်။
“အား....”
ကျိုမာ့ အလွန်နာကျင်သွားရသည်။
“အပိုလိုရေ ကယ်ပါဦး။”
အပိုလိုမှာ ရွေးချယ်စရာ မရှိပဲ လာကူပေးရတော့သည်။
“အသင်္ချေနေကြယ်စင်မီးတောက်...”
၎င်းသည် သောင်းနှင့်ချီသော မီးလုံးများအား အော့ချင်းယွီနှင့် လုံအော့ထျန်းထံ ပစ်လွှတ်လိုက်သည်။
အော့ချင်းယွီမှာ ဓားနှင့်အတူ ခုခံတိုက်ခိုက်လာသည်။
လုံအော့ထျန်းသည် အဖြူရောင် အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကျိုမာ့ထံ ဦးတည်သွားလိုက်သည်။
“လာခဲ့စမ်း....”
ထို့နောက် ကျိုမာ့အား ဆွဲချပစ်လိုက်လေသည်။
ကျိုမာ့ အော်ဟစ်ကာ မြေပြင်ပေါ် ပြုတ်ကျသွားရသည်။
လုံအော့ထျန်း အသာစီးရကာ သမတော့မည့် အချိန်မှာပင် အပိုလိုမှ ဝင်ရောက်တိုက်ခိုက်လာသည်။
“ပြေးတော့ ငါလည်း ကြာကြာမထိန်းထားနိုင်ဘူး။”
အပိုလို အံကြိတ်ကာ ပြောလိုက်ပြီးနောက် လက်နှစ်ဖက်အား ကြက်ခြေခတ်သဏ္ဍာန် ပြုလုပ်လိုက်သည်။
အော့ချင်းယွီနှင့် လုံအော့ထျန်းတို့ ကြောင်တောင်တောင် ဖြစ်နေစဥ်မှာပင် အပိုလိုထံမှ တောက်ပလွန်းသော နေတစ်စင်း ထွက်ပေါ်လာသည်။
“အံ့ဖွယ်မီးတောက် ဟုန်းဟုန်းတောက်အလင်း...”
ထွန်းတောက်လွန်းသော အလင်းရောင်ကြောင့် ကမ္ဘာမြေသည်ပင် လောင်ကျွမ်းကုန်ရသည်။
အော့ချင်းယွီနှင့် လုံအော့ထျန်းတို့ အမူအရာ ပြောင်းလဲသွားကာ ခုခံကာကွယ်ရေး ပြုလုပ်လိုက်ရသည်။
ကျိုမာ့မှာ အခွင့်အရေး အရယူကာ ထွက်ပြေးလေပြီ။
“ဒီနေ့ကို ငါမမေ့ဘူး။ မင်းတို့ ပြန်ပေးဆပ်စေရမယ်။”
၎င်းဟစ်ကြွေးလိုက်ပြီးနောက် ဓားတစ်လက်နှင့် စောင့်ဆိုင်းနေသော ကျောက်စိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးအား တွေ့လိုက်ရသည်။
“မင်းပဲ။”
ကျိုမာ့ စိတ်တိုနေသည်။
“အခုမှ ဟင်းလင်းပြင်သို့အပြန် အဆင့်ရောက်တဲ့သူကများ ငါ့ကို ဆန့်ကျင်ရဲတယ်ပေါ့။ မင်းကို သတ်ပစ်မယ်။”
စုရှောင်လန်သည် ယခုမှသာ ဟင်းလင်းပြင်သို့အပြန် အဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
ကျိုမာ့ စုရှောင်လန်အား တိုက်ခိုက်လိုက်သည်။
ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်များသည် ၎င်းအတွက် ပုရွက်ဆိတ်သာသာသာ ရှိပါသော်လည်း သေချာစေရန်အတွက် လေးလေးနက်နက် တိုက်ပစ်လိုက်သည်။
စုရှောင်လန်မှာ တည်တည်ငြိမ်ငြိမ်ပင် ဓားအားမလိုက်သည်။
ဘန်း....
မီးစမီးပွားများနှင့်အတူ စွမ်းအင်လှိုင်းဂယက်များ ပျံ့နှံ့ကုန်သည်။
စုရှောင်လန်မှာလည်း တစ်ကီလိုမီတာခန့်အထိ နောက်ဆုတ်သွားရသည်။
ဓားပုံရိပ်၏ ကြောက်မက်ဖွယ် စွမ်းအင်ကြောင့် ကျိုမာ့ မျက်မှောင်ကျုံ့သွားသည်။
“ဘာ... ဘယ်လို....”
စုရှောင်လန်၏ ရွှေရောင်မျက်ဝန်းများမှာ သန့်စင်လွန်းနေသည်။
“အန်လင်းနဲ့ ငါ့အပေါ် လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ဖို့ အသင့်ပဲလား။”
သူမ၏ နောက်ကျောဘက်မှ မြင့်မြတ်မီးတောက် တောင်ပံ ထွက်ပေါ်လာပြီးနောက် ချက်ချင်းပျောက်ကွယ်သွားသည်။
ကျိုမာ့မှာ တစ်နေရာသို့ လက်သည်းဖြင့် ကုပ်ချလိုက်သည်။
ထင်မှတ်ထားသည့်အတိုင်း စုရှောင်လန်မှာ ထိုနေရာမှ ပေါ်လာလေသည်။
သို့သော် လက်သည်းနှင့် မထိခင်မှာပင် သူမ ပျောက်ကွယ်သွားပြန်သည်။
“နတ်ဘုရားတွေကိုသတ်ပြီး တာအိုတွေ ဖျက်စီးဖို့ မြင့်မြတ်သောဝိဥာဥ်လေးပါး သွေးဓားတစ်လက် ဆောင်ယူပေးတော်မူပါ။”
စုရှောင်လန် ကျိုမာ့အား စူးစိုက်ကြည့်ရှုလိုက်သည်။
သူမသည် လေအလျင်အလား ၎င်းထံ ပျံဝဲလာ၏။
နဂါးစာကလေးဓား၏ ဓားစိတ်ဆန္ဒမှာလည်း ရှေးဟောင်းသားရဲ လေးကောင်၏ ဝိဥာဥ်များနှင့် ပေါင်းစည်းကာ တောက်လောင်နေသော မြင့်မြတ်မီးတောက်အဖြစ် ပြောင်းလဲသွားပြီး ကျိုမာ့၏ နောက်ကျောသို့ စိုက်ဝင်သွားသည်။
ထိုဓားပုံရိပ်တွင် အစစ်အမှန် နဂါးစွမ်းအင်များပါသာမက ပြိုင်ဘက်ကင်း ဗာမီလီယမ်ငှက် သွေးဆက်လည်း ပါဝင်နေပေသည်။
ထိုသည်မှာ ဟင်းလင်းပြင်သို့အပြန် စုရှောင်လန်၏ အကောင်းဆုံး တိုက်ကွက်လည်း ဖြစ်သည်။
ကျိုမာ့၏ အော်ဟစ်သံမှာ ပဲ့တင်ထပ်သွားသည်။
ကြီးမားလှသော ရေခဲနဂါးကြီးမှာ သွေးများနှင့်အတူ မြေပြင်ပေါ် ပြုတ်ကျသွားရသည်။
အော့ချင်းယွီ၊ လုံအော့ထျန်းနှင့် အပိုလိုတို့သည်ပင် ထိုသည်ကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
စုရှောင်လန်သည် ဟင်းလင်းပြင်သို့အပြန်အဆင့် ရောက်ခါစဖြစ်ကာ ကျိုမာ့သည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ဖြစ်ပါသော်လည်း ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့ရသည်။
၎င်းတို့ တူညီသော အတွေးတစ်ခုအား တွေးမိလိုက်ကြသည်။
စုရှောင်လန်က ထင်ထားတာထက် ပိုကြမ်းတာပဲ......