← Chapters

အော့ချင်းယွီ၏ စိတ်ပျက်မှု

Vol. 82 Ch. 1152

အော့ချင်းယွီ၏ စိတ်ပျက်မှု

Vol. 82 Ch. 1152

ရေခဲနဂါးကြီးမှာ အသည်းအသန် အသက်လုရှူနေရသည်။

သူသည် ဟင်းလင်းပြင်သို့အပြန် အဆင့်တက်ခါစ မိန်းမငယ်တစ်ဦး၏ တိုက်ခိုက်မှုအား ခံရမည် မထင်ထားခဲ့ပေ။

စုရှောင်လန်မှာ အခွင့်အရေး မပေးပဲ ဓားနှင့်ခုတ်ချလိုက်သည်။

ကျိုမာ့မှာ အတောင်များကိုဖြန့်ကာ အဖြူရောင်အဖြစ် ပြောင်းလဲသွားလေသည်။

ဝုန်း....

ပြင်းထန်လှသော ဓားချက်မှာ ပေါက်ကွဲသွားသည်။

သို့သော် ကျို့မာသည် ဆယ်ကီလိုမီတာ အကွာတွင် ပြန်လည်ပေါ်ထွက်လာကာ ထွက်ပြေးတော့သည်။

“ယီးပဲ အော့ချင်းယွီတင် မကဘူး။ ဟင်းလင်းပြင်သို့အပြန် စဦးအဆင့် သမတာတောင် ခံနေရတယ်။ တကယ်ကံဆိုးတာပဲ။”

ကျိုမာ့ မကျေမနပ် ဖြစ်နေသည်။

ကံကောင်းလွန်းသောကြောင့်သာ စုရှောင်လန် လက်ထဲမှ လွတ်လာခဲ့သည်ပင်။

“ဘယ်လစ်မလို့လဲ။ ပြန်လာခဲ့။”

အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ကျိုမာ့ ရွှေရောင်လက်သီးတစ်လုံးအား တွေ့လိုက်ရသည်။

ကြောက်မက်ဖွယ် ကောင်းလွန်းသောကြောင့် ကျိုမာ့ လွင့်ထွက်သွားရသည်။

“ရှောင်လန်က မင်းနဲ့ရှင်းလို့ မပြီးသေးဘူး။”

ထိုအမျိုးသား၏ အရှိန်အဝါမှာ ထိတ်လန့်ဖွယ်ရာပင်။

အန်လင်းသည် ကျိုမာ့ ထွက်မပြေးနိုင်စေရန် တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်။

ကျိုမာ့သည် အန်လင်းနှင့် စုရှောင်လန်ကြား ညပ်နေပြီး အပိုလိုသည်လည်း အော့ချင်းယွီ၊ လုံအော့ထျန်းတို့နှင့် ရင်ဆိုင်နေရသည်။

“ဝေါင်း...”

သူစစ်ကူတောင်းရပြန်လေပြီ။

စုရှောင်လန်သည် ကျိုမာ့အား ဓားချက်များ လက်ဆောင်ပေးလိုက်သည်။

ပြင်းထန်လှသော အဖျက်စွမ်းအင်များကြောင့် မျက်စိတမှိတ်အတွင်းမှာပင် ကျိုမာ့ ခန္ဓာကိုယ် စုတ်ပြတ်သတ်သွားရသည်။

“မသေစေနဲ့ ကျိုမာ့....”

အပိုလို အော်ဟစ်လာသည်။

သူငါ့ကို ကယ်မလို့များလား...

ကျိုမာ့ လှမ်းကြည့်လိုက်သောအခါ ဓားကိုင်ကာ ပြေးလာနေသော အော့ချင်းယွီအား တွေ့လိုက်ရသောတကြာင့် မျက်ရည်များ စီးကျလာရသည်။

သောက်ကျိုးနည်း....

“ကျိုမာ့ နင်တော့သွားပြီ။”

ကြည်လင်သော စကားသံအား ကြားလိုက်ရသည်။

ထို့နောက် နဂါးစာကလေးဓားမှာ သူ၏လည်မြိုအား ဖြတ်တောက်သွားတော့သည်။

ကျိုမာ့ မျက်လုံးအပြူးသားဖြစ်ကာ မယုံကြည်နိုင် ဖြစ်နေမိသည်။ ဟင်းလင်းပြင်သို့အပြန် စဦးအဆင့် တစ်ဦး၏ လက်ထဲတွင် သူ၏ဘဝ အဆုံးသတ်သွားမည်ဟု ဘယ်သောအခါမှ တွေးမထားခဲ့ပေ။

ဝုန်း.....

ကျိုမာ့၏ ခန္ဓာကိုယ် မြေပြင်ပေါ် ပြုတ်ကျသွားရသည်။

အနောက်နဂါးတော၏ နှင်းနတ်ဘုရား ကျိုမာ့မှာ သေဆုံးသွားလေပြီ။

ဟင်းလင်းပြင်သို့အပြန် စုရှောင်လန်မှာ ဓားစသွေးခဲ့ပြီ ဖြစ်သည်။

“ငါနဲ့ အန်လင်းကို နှောင့်ယှက်ချင်ဦး။”

သူမ၏ အမူအရာမှာ အေးစက်ခက်ထန်နေသည်။

ကျိုမာ့၏ နဂါးစွမ်းအင်များမှာ စုရှောင်လန်ထဲ စီးဝင်ပေါင်းစပ်သွားသည်။

“မဟုတ်ဘူး။”

အော့ချင်းယွီ စိတ်ညစ်သွားရသည်။

“ဘယ်လိုဖြစ်သွားတာလဲ။ သူ့ကို ငါအရင်တွေ့ခဲ့တာလေ။”

“သူ့နောက်ကို သုံးခါတောင် လိုက်ခဲ့ရတာ။”

အော့ချင်းယွီမှာ အမှန်တရားအား လက်မခံနိုင် ဖြစ်နေမိသည်။

အန်လင်းမှာ အော့ချင်းယွီအားကြည့်ကာ နှုတ်ခမ်းရွဲ့သွားသည်။

သူအနည်းငယ်တွေးကာ ကျိုမာ့၏ သိုလှောင်လက်စွပ်အား အော့ချင်းယွီထံ ပေးလိုက်သည်။

“သခင်လေး အော့ချင်းယွီ ကူညီပေးတာ ကျေးဇူးတင်ပါတယ်။ ဒါကိုတော့ လက်ဆောင်လို့ သဘောထားလိုက်ပါ။”

အော့ချင်းယွီသာ မကူညီပါက သူနှင့် ရှောင်လန်သည်လည်း အဆင်ပြေခဲ့မည် မဟုတ်ပေ။

အန်လင်းသည် အမှားအမှန် ခွဲခြားနိုင်သူ ဖြစ်သည်။

လုံအော့ထျန်းသည်လည်း ၎င်းတို့အား ကူညီပေးခဲ့သည်။

အော့ချင်းယွီ ခေါင်းခါပြလိုက်သည်။

“မလိုပါဘူး။ ဇုစ့်ကို သတ်ပေးလို့ ပြန်ကူညီတာပါ။”

အော့ချင်းယွီ ငြင်းလာမည် မထင်သောကြောင့် အန်လင်း အံ့သြသွားရသည်။

“စုရှောင်လန်က ကျိုမာ့ကို သတ်ခဲ့တာဆိုတော့ လက်စွပ်က သူမအပိုင် ဖြစ်သင့်တယ်။ ငါတို့ကြားမှာ ကျေးဇူးကြွေး မရှိတော့ဘူး။ နောက်တစ်ခါတွေ့ရင် ငါတို့က ရန်သူတွေပဲ။”

အော့ချင်းယွီ ထိုစကားနှင့်အတူ ထွက်ခွာသွားသည်။

အန်လင်း လေးစားမိသွားရသည်။

ဟန်ကိုယ်ဖို့ ကြွားလုံးထုတ်တာလည်း အရည်အချင်း တစ်ခုပါလား.....

ငါသာဆိုရင် ဟင်းလင်းပြင်သို့အပြန်အဆင့် သိုလှောင်လက်စွပ်ကို လက်လွှတ်နိုင်မယ် မထင်ဘူး...

မကြာမီပင် အဖြူနှင့်အနီ နဂါးမှာ လူသားအသွင်ပြောင်းကာ ၎င်းတို့ထံ ရောက်ရှိလာသည်။

အပေါ်ပိုင်းဗလာ ဖြစ်နေသောကြောင့် အန်လင်း မျက်ခုံးပင့်မိပါသော်လည်း ထိုသည်မှာ ရှန့်ယင်အုတ်ဂူတွင် တွေ့ခဲ့ရသော လုံအော့ထျန်းပင်။

“ဟူး.... အပိုလို ထွက်ပြေးသွားတယ်။”

လုံအော့ထျန်း ခေါင်းခါလိုက်သည်။

“ဟင်းလင်းပြင်သို့အပြန် အဆင့်ကို လိုက်ဖမ်းရတာ မလွယ်ဘူးလေ။ ခင်ဗျား လူလိုရင် ကျွန်တော်တို့ ကူညီပေးမယ်။”

အန်လင်း စကားဆိုလိုက်သည်။

“အရေးမကြီးပါဘူး။”

လုံအော့ထျန်း အန်လင်းတို့အား ကြည့်ရှုလာသည်။

“မတွေ့ရတာ မကြာသေးပေမယ့် မင်းတို့ တော်တော်တိုးတက်လာပါလား။”

“ကျွန်တော်တို့ အခွင့်အလမ်းတွေ ရခဲ့လို့ပါ။”

အန်လင်း ရိုးရိုးသားသား တုံ့ပြန်လိုက်သည်။

“တာအိုလမ်းစဥ်မှာ ကံကောင်းလို့ဆိုတာ မရှိဘူး။”

လုံအော့ထျန်း လေးလေးနက်နက် ပြောလာသည်။

“မင်းတို့ နှစ်ယောက်လုံး အရမ်းပါရမီကောင်းလို့ပဲ။ ဘာပဲဖြစ်ဖြစ် အဲ့ဒါကို ဂုဏ်ယူသင့်တယ်။”

အန်လင်းမှာ ချီးကျူးခံရသောကြောင့် ဝမ်းသာသွားမိသည်။

စုရှောင်လန် လုံအော့ထျန်းအား အရိုအသေ ပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ...”

“ဟားဟား မင်းက သခင်မ ရှန့်ယင်ရဲ့ ဆက်ခံသူပဲ။ ကျေးဇူးတင်စရာ မလိုပါဘူး။”

လုံအော့ထျန်း စိတ်ကျေနပ်နေပုံပင်။

“ကျိုမာ့ရဲ့ နဂါးစွမ်းအင်တွေ ရလိုက်တော့ မင်းရဲ့ ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်က အခြေခိုင်သွားပြီ။ တကယ်ကို အံ့သြစရာပဲ။”

စုရှောင်လန် အန်လင်းအားကြည့်ကာ ပြုံးလိုက်သည်။

“အဲ့ဒါအကုန် အန်လင်းကြောင့်ပါ။ သူသာမရှိရင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ပဲ ဖြစ်နေဦးမှာ။”

အန်လင်းသည် သူမအား အကြီးအကျယ် ကူညီပေးခဲ့သည် မဟုတ်လော။

“မင်းဘယ်လို ကျေးဇူးဆပ်မှာလဲ။”

အန်လင်း ရယ်မောလိုက်သည်။

စုရှောင်လန် ရှက်သွေးဖြာသွားရသည်။

“ဘယ်... ဘယ်လိုဆပ်စေချင်လဲ။”

“နမ်း... နှစ်ခါနမ်းရမယ်နော်။ နဂါးနှစ်ကောင်သတ်ဖို့ ကူပေးထားတာ။”

အန်လင်း စကားဆိုလာသည်။

“မဖြစ်ဘူး။”

စုရှောင်လန် ခေါင်းခါပြလိုက်သည်။

“ဒီမှာ တခြားသူ ရှိနေတယ်လေ။”

“စိတ်မပူပါနဲ့။ လုံအော့ထျန်းက နဂါးလေ။ လူမဟုတ်ဘူး။ နောက်ခံနံရံကြီးလို့သာ သဘောထားလိုက်ပေါ့။”

အန်လင်း အကြံပေးလာသည်။

လုံအော့ထျန်း : “......”

ကျင့်ကြံရေးတင် မကပဲ ဒင်းတို့ ဆက်ဆံရေးကပါ တော်တော်မြန်နေပါလား.....

All Chapters