ရန်သူများအား ခြေရာခံစနစ်
Vol. 83 Ch. 1154
စုရှောင်လန်မှာ လေဟာနယ် ဝဲဂယက်တစ်ခုအား ပြုလုပ်လိုက်သည်။
သူမသည် တောင်ထိပ်သို့သွားရန် ဆုံးဖြတ်ထားပြီးဖြစ်၍ ပြဿနာ မရှိလောက်ပေ။
သူမ သတ္တိရှိလာရန် အန်လင်း၏လက်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
စုရှောင်လန် စိတ်လှုပ်ရှားနေသည်မှာ စိတ်ဝင်စားစရာကောင်းသည်ဟု အန်လင်း ခံစားမိသည်။
ထို့ကြောင့် သူမနောက်မှ ခြောက်လိုက်သည်။
“အား...”
စုရှောင်လန် ထိတ်လန့်ကာ အန်လင်းလက်အား ဆွဲပြေးသွားလေသည်။
အန်လင်းမှာ အမှောင်ထု၏ ဝါးမြိုခြင်းအား ခံလိုက်ရသည်။
အချို့အခြေအနေများတွင် စနောက်ခြင်းမှာ မသင့်တော်လှပေ။
ထိုသို့ဖြင့် ၎င်းတို့ တောင်ထိပ်ပေါ် ရောက်လာကြသည်။
“တော်သေးတာပေါ့။”
စုရှောင်လန် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
အန်လင်း၏ မျက်နှာတွင် လေဟာနယ် ဝဲဂယက်၏ မတည်ငြိမ်မှုကြောင့် ခြစ်ရာ ရှရာများ ရှိနေပါသော်လည်း သူပြုံးသာပြုံးနေလိုက်သည်။ စိတ်ထဲတွင်မူ စုရှောင်လန်အား ကြယ်တစ်လုံး ပေးလိုက်လေပြီ။
“ဒါပေမယ့် ပျံတာထက်တောင် ကြာနေသေးတယ်။”
စုရှောင်လန် မျက်မှောင်ကျုံ့လိုက်သည်။
“အင်း လေဟာနယ် ဆုတ်ဖြဲဖို့က အချိန်လိုတာကိုး။ ကီလိုမီတာ ငါးရာထက်နည်းရင် မကိုက်လောက်ဘူး။”
အန်လင်း သုံးသပ်လိုက်သည်။
စုရှောင်လန် ခေါင်းညိတ်ပြလာသည်။
ထို့နောက် လက်တစ်ချက် လှုပ်လိုက်သည်နှင့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
“နင့်အဆင့်နဲ့ တိုက်ချင်တယ်ပေါ့။”
စုရှောင်လန် မျက်ခုံးပင့်လိုက်သည်။
နဂါးစွမ်းအင်များ သူမ ခန္ဓာကိုယ်ထဲ စီးဝင်လာလေသည်။
“ရှေးဟောင်းထိုက်ချူကုန်းမြေက မိစ္ဆာနဂါးပဲ။ သူ့ကို အာရုံခံမိတယ်။ သေလောက်အောင် ကြောက်နေတာလေ။”
ထိုနဂါးမှာ ကံဆိုးလွန်းသည်ဟု အန်လင်း ခံစားမိသည်။
စုရှောင်လန် ခေါင်းခါပြလိုက်သည်။
“သူက ကင်းထောက်ပဲ။ တကယ့်ရန်သူက...”
သူမ ကောင်းကင်အား မော့ကြည့်လိုက်သည်။
“ငါတို့ကို တစ်ယောက်ယောက် ကြည့်နေတယ်။”
အန်လင်း အံ့အားသင့်သွားသည်။
“ရှောင်လန် မင်းအဲ့လောက်တောင် ကြမ်းနေပြီလား။”
စုရှောင်လန်မှာ အန်လင်း ခန့်မှန်းထားသည်ထက်ပင် သာလွန်နေသည်။
“ဟင်းလင်းပြင်သို့အပြန် အဆင့်တက်ပြီးတည်းက ကောင်းကင်နဲ့မြေပြင်မှာ ငါနဲ့ဆက်နွယ်မှုတစ်ခု ရှိလာသလိုပဲ။ ထူးတော့ထူးဆန်းတယ်။”
စုရှောင်လန်သည်လည်း သေချာမနေပေ။
........
ကီလိုမီတာ နှစ်ထောင့်ငါးရာ အကွာ၌....
အမျိုးသားတစ်ဦး မျက်လုံးပွင့်လာသည်။
“မဟူရာ စစ်သည်တော်တစ်ယောက် အသတ်ခံလိုက်ရတာပဲ။”
အစေခံနှစ်ဦး ထိတ်လန့်သွားကြသည်။
“သခင်ကြီးကို ဘယ်သူလာစမ်းရဲတာလဲ။ သေချင်နေတာပဲ။”
လမိုက်ည ခရင်းခွ ခေါင်းခါလိုက်သည်။
“မဟူရာ စစ်သည်တော်ကိုတောင် သတ်နိုင်တယ်ဆိုတော့ မခေတဲ့သူ ဖြစ်မယ်။”
အစေခံများ စိတ်လှုပ်ရှားသွားသည်။
“ဟင်းလင်းပြင်သို့အပြန် အဆင့်များလား။”
“ငါးကြီးကြီး မိတော့မှာပဲ။”
လမိုက်ည ခရင်းခွ ရက်စက်စွာ ပြုံးလိုက်သည်။
သူ၏ ကင်းထောက်စနစ်သည် ကီလိုမီတာ လေးထောင်အထိ စောင့်ကြည့်နေပြီး ကြီးကြီးမားမား တစ်စုံတစ်ခု ဖြစ်သည်နှင့် တမုဟုတ်ချင်း သိရမည် ဖြစ်သည်။
ထိုမှော်နက်ကျင့်စဥ်ကြောင့်ပင် ရှေးဟောင်းထိုက်ချူကုန်းမြေတွင် သူကြီးစိုးနိုင်နေခြင်းပင်။
သူသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ဆယ်ဦးအထိ သတ်ဖြတ်နိုင်ခဲ့သည်။
ဟင်းလင်းပြင်သို့အပြန် အဆင့်အား တစ်ခါမှ မသတ်ခဲ့ရသေးပေ။
“ဒင်းကို ငါကိုယ်တိုင်ဖမ်းမယ်။”
လမိုက်ည ခရင်းခွထံမှ အရှိန်အဝါများ ဖြာထွက်လာသည်။
“သခင်ကြီး သက်တော်ရာကျော် ရှည်ပါစေ။”
အစေခံများ ဟစ်ကြွေးလိုက်ကြသည်။
......
လူနှစ်ဦးမှာ တောင်ထိပ်ပေါ် ရပ်နေကြသည်။
“အခု ဘာလုပ်ကြမလဲ။”
“ကိုယ်တို့ကိုတောင် စောင့်ကြည့်နိုင်တဲ့သူဆိုရင် ခေမှာမဟုတ်ဘူး။ ငါးကြီးကြီး ဖမ်းကြမလား။”
အန်လင်း အကြံပေးလာသည်။
စုရှောင်လန် စိုးရိမ်နေမိသည်။
“ဒါပေမယ့်....”
“ဘာမှမဖြစ်ဘူး။”
အန်လင်း စုရှောင်လန်လက်အား ဆုပ်ကိုင်လိုက်သည်။
“ကိုယ့်မိန်းမက နဂါးစွမ်းအင် လိုနေတာလေ။ ကိုယ်ဖမ်းပေးရမှာပေါ့။”
စုရှောင်လန် : “.....”
“ဟုတ်တယ်။ ငါက စု တာအိုပေါင်းစည်းခြင်း အဆင့်အောက် ပြိုင်ဘက်ကင်း ရှောင်လန်ပဲ။ ဘာကြောက်ရမှာလဲ။”
စုရှောင်လန် ရေရွတ်လိုက်သည်။
အန်လင်း : “..... “
သူမ တမင်လုပ်နေတာမလား....
စုရှောင်လန်သည် အန်လင်းအား ဖိနှိပ်နိုင်မည့် အခွင့်အရေးကို လက်လွှတ်မခံပေ။
ထိုသို့ဖြင့် ၎င်းတို့ တောင်ထိပ်တွင် စောင့်နေခဲ့ကြသည်။
ရန်သူသည် ကျိန်းသေပေါက် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရှိနေသည်ပင်။
ဟင်းလင်းပြင်သို့အပြန်အဆင့် တစ်ဦးထက် ပိုလျှင်ပင် ထွက်ပြေးနိုင်သောကြောင့် ၎င်းတို့အနေဖြင့် စိတ်ပူစရာ မရှိပေ။
မကြာမီပင်
ဝုန်း....
ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ဝုန်း...
ကောင်းကင်နှင့်မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားရသည်။
အန်လင်းနှင့် စုရှောင်လန်မှာ ကြောက်စိတ်အား ခံစားမိလိုက်ကြသောကြောင့် အမူအရာ ပြောင်းလဲသွားရသည်။
“ကိုယ်တို့စောင့်နေတဲ့ ရန်သူလား။”
အန်လင်း မေးမြန်းလိုက်သည်။
“ကောင်းကင်ပေါ်က လာကြမှာလား။”
စုရှောင်လန် တံထွေးမြိုချလိုက်မိသည်။
“မပြောတတ်ဘူး။ သေချာတာကတော့ မျက်ဝန်းတစ်စုံက စောင့်ကြည့်နေတယ်။”
၎င်းတို့ တစ်ဦးကိုတစ်ဦး ကြည့်မိလိုက်ကြသည်။
ငါးကြီးကြီးကို ဖမ်းနိုင်ပါ့မလား....
ရှေးဟောင်းထိုက်ချူကုန်းမြေထဲတွင် ၎င်းတို့အား ခြိမ်းခြောက်နိုင်သူ မရှိသင့်ပါသော်လည်း မည်သည့်အရာမှ ခန့်မှန်းမရပေ။
ထိုအချိန်တွင် စကားသံတစ်ခု ထွက်ပေါ်လာသည်။
“ဟားဟားဟား မင်းတို့က မဟူရာ စစ်သည်တော်ကိုတောင် သတ်ရဲတယ်ပေါ့လေ။”
“ဒေါင်းဇားလေးတွေ ပြန်ပေးဆပ်စေရမယ်။”
သွေးနီရောင် မျက်ဝန်းနှင့် အမျိုးသားတစ်ဦး ပျံသန်းလာသည်။
၎င်းနောက်တွင် ပုံရိပ်အချို့ လိုက်ပါလာသည်။
အန်လင်းမှာ ထိုသူအားကြည့်အာ အံ့သြသွားရသည်။
“မင်းပဲ။”
လမိုက်ည ခရင်းခွလည်း မျက်လုံးပြူးသွားမိသည်။
“မင်းက....”
“အယ်.. ငါလူမှားသွားတာပါ။ တာ့တာနော်...”
လမိုက်ည ခရင်းခွမှာ တချိုးတည်း လစ်ပြေးတော့သည်။