← Chapters

ရွှမ်းဝူရုပ်ထု

Vol. 83 Ch. 1156

ရွှမ်းဝူရုပ်ထု

Vol. 83 Ch. 1156

“ငါ့ရဲ့ လျှို့ဝှက်နေရာကို ဘယ်သူလာရဲတာလဲ။”

ထိုအမျိုးသမီး လှမ်းကြည့်ကာ အံ့သြသွားရသည်။

“အန်လင်း၊ စုရှောင်လန် နင်တို့ ဘယ်လိုရောက်လာတာလဲ။”

“သခင်မလေး အော့ရှောင်ဝူ ဒီမှာဘာလုပ်နေတာလဲ။”

အန်လင်းတို့လည်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားလေသည်။

“ဒါငါအနားယူတဲ့ နေရာလေ။”

အော့ရှောင်ဝူ စိတ်ကြည်မနေပေ။

“ဒီတောင်က လိပ်ပုံစံနဲ့တူလို့ ရတနာ ရှိလောက်မယ်ထင်လို့ လာခဲ့တာပါ။”

စုရှောင်လန် ရှင်းပြလာသည်။

သူမသည် အဒေါ်ဖြစ်သူအား ရန်ငြှိုးမရှိသောကြောင့် ပြောဆိုဆက်ဆံပုံမှာ အေးအေးဆေးဆေး ရှိလှသည်။

“ငါ့ရဲ့ ဝင်္ကပါကိုတောင် ဖောက်နိုင်တာဆိုတော့....”

အော့ရှောင်ဝူ မေးမြန်းလိုက်သည်။

“ဟင်းလင်းပြင်သို့အပြန်အဆင့် ရောက်နေပြီလား။”

“ကံကောင်းသွားလို့ပါ။”

စုရှောင်လန် ပြုံးကာပြောလာသည်။

“မြန်လိုက်တာ။”

အော့ရှောင်ဝူ အံ့အားသင့်သွားရသည်။

သူမ အဝေးသို့ တစ်ချက်ငေးကြည့်ကာ ဆက်အိပ်ရန် ပြင်လိုက်သည်။

ပင်လယ်လေပြေမှာ သက်တောင့်သက်သာ ရှိလွန်းလှ၏။

အန်လင်းနှင့် စုရှောင်လန် နားမလည်နိုင် ဖြစ်သွားကြရသည်။

အော့ရှောင်ဝူ ပျင်းရိစွာ ပြောလာသည်။

“လုပ်စရာ မရှိရင် ပြန်ကြတော့။ မဟုတ်ရင်လည်း ဒီမှာလာအိပ်ကြလေ။”

အန်လင်း : “....”

စုရှောင်လန် : “....”

“ခင်ဗျားက ရှေးဟောင်းထိုက်ချူကုန်းမြေထဲမှာ သောင်းကြမ်းနိုင်ရဲ့သားနဲ့ ဘာလို့နဂါးတွေ လိုက်မသတ်တာလဲ။”

အန်လင်း သိချင်စိတ်အား မထိန်းချုပ်နိုင်ပေ။

အော့ရှောင်ဝူ ရိုးသားစွာ တုံ့ပြန်လိုက်သည်။

“အဲ့နဂါးစွမ်းအင်တွေက ငါ့အတွက် အသုံးမဝင်တော့ဘူး။”

“အဲ့တော့ ဒီမှာပဲ အိပ်နေတော့မှာလား။”

စုရှောင်လန် ဝင်မေးလိုက်သည်။

“အိပ်တာက အကောင်းဆုံးပဲလေ။”

အော့ရှောင်ဝူ တုံ့ပြန်လာသည်။

“ဒါက ငါ့ရဲ့ လျှို့ဝှက်နေရာပဲ။ ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်။”

စုရှောင်လန် ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။

အန်လင်းမှာ အော့ချင်းယွီနှင့် အော့မင်ယွီအား တွေးမိသွားသည်။

“အဲ့လိုဆိုရင်တောင် နဂါးမင်းပိုင်နက်ကို မကူပေးတော့ဘူးလား။”

အော့ရှောင်ဝူ ရယ်မောလိုက်သည်။

“ဘာလို့ကူပေးရမှာလဲ။ ငါက သူတို့အမေလည်း မဟုတ်ပဲနဲ့။”

သူမ သဲသောင်ပြင်အား ဆော့ကစားနေသည်။

“ငါသာ အမြဲတမ်း ကူပေးနေရင် နဂါးမင်းပိုင်နက်က နှစ်တစ်သောင်းအတွင်း သေချာပေါက် ပျက်စီးမှာပဲ။ ငါလည်း အသက်မရှင်လောက်တော့ဘူး။”

အန်လင်းတို့ ဘာမှပြန်မပြောနိုင်ပေ။

သူမ၏ စကားမှာ အဓိပ္ပါယ် ရှိပေသည်။

ဂိုဏ်းအဖွဲ့အစည်း အများစု ပျက်စီးရသည်မှာ အားနည်းသူများ၏ ပြဿနာများအား အတော်ဆုံးသူများမှ အမြဲလိုလို ရင်ဆိုင်ဖြေရှင်း ကိုင်တွယ်ရင်း ပျက်စီးခြင်းငါးပါး ဆိုက်သွားကြရခြင်းပင်။

အော့ရှောင်ဝူသည် နဂါးမင်းပိုင်နက်၏ ပြဿနာများအတွင်း လွယ်လင့်တကူ ဝင်မပါသည်မှာ မမှားပေ။

“ဒါပဲနော်။ ငါထလာရတာ စိတ်မကြည်ဘူး။ နောက်တစ်ခါ ထပ်နှိုးရင် ငါတိုက်မိလိမ့်မယ်။”

အော့ရှောင်ဝူ စကားဆိုကာ အိပ်ရန်ပြင်လိုက်သည်။

အန်လင်းနှင့် စုရှောင်လန် ငြိမ်သက်သွားရသည်။

“အပြင်က ကြယ်စင်ကောင်းကင်ယံ ဆိုပေမယ် ဒီနေရာကတော့ ကြည်လင်နေတာပဲ။ မသိရင် ကမ္ဘာနှစ်ခုလိုပဲ။”

စုရှောင်လန် ရေရွတ်လိုက်သည်။

“မှော်နယ်မြေများလား။”

အန်လင်း မော့ကြည့်လိုက်သောအခါ ကောင်းကင်ထက်တွင် ယန်စွမ်းအင်ရှိသော နေတစ်စင်းပင် မတွေ့ရပေ။

“အန်လင်း ဟိုကိုကြည့်....”

စုရှောင်လန် လက်ညှိုးထိုးပြလိုက်သည်။

ဂူထက်တွင် အသက်ဝင်လွန်းသော လိပ်ရုပ်ထုတစ်ခု ရှိနေလေသည်။

“သူ့ခေါင်းက မြွေလိုပဲ။”

အန်လင်း အံ့အားသင့်သွားသည်။

“ရွှမ်းဝူရုပ်ထုများလား။”

စုရှောင်လန် သုံးသပ်လိုက်သည်။

၎င်းတို့ သိရှိထားသော သတင်းအချက်အလက်များအရ ထိုသည်မှာ မြင့်မြတ်သားရဲ လေးကောင်ထဲမှ တစ်ကောင်ဖြစ်သော ရွှမ်းဝူ ဖြစ်နိုင်သည်။

အန်လင်း မေးပွတ်ကာ တွေးလိုက်သည်။

“အခုထိ ကောင်းကင်ဘုံလိပ်မျိုးနွယ်စုရဲ့ ရုပ်ထုကို မတွေ့ရသေးဘူး။ ရွှမ်းဝူကို အရိုအသေ ပေးရင်ရော တစ်ခုခု ရနိုင်လောက်လား။”

အန်လင်းမှာ ခရီးစဥ်တလျှောက် ဘာမှမရသေးသောကြောင့် စုရှောင်လန် အားပေးလာသည်။

“ကြိုးစားကြည့်လေ။”

သူမသည် ဉာဏ်အလင်းပွင့်ကာ နဂါးစွမ်းအင်များ ရရှိခဲ့ပြီး ဟင်းလင်းပြင်သို့အပြန် အဆင့်ပင် တက်နိုင်ခဲ့သောကြောင့် အန်လင်းကိုလည်း တစ်စုံတစ်ခု ရစေချင်မိသည်။

အန်လင်းမှာ ရွှမ်းဝူရုပ်ထုအား အရိုအသေ ပေးလိုက်သည်။

သုံးကြိမ်တိုင်တိုင် အရိုအသေ ပေးပါသော်လည်း ဘာမှဖြစ်မလာပေ။

“ရွှမ်းဝူရုပ်ထုဆီ လာလည်တဲ့သူ မရှိတော့ တစ်ခုခုလုပ်ဖို့ လိုနေတာများလား။”

စုရှောင်လန် အကြံပေးလိုက်သည်။

“တစ်ခုခုလား။”

အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။

“ဘိုးဘေးတွေကို တွေ့တဲ့အခါ မရိုင်းပြရဘူး။ နွေးထွေးကြင်နာရမယ်....”

သူ၏မျက်ဝန်းများ တောက်ပလာကာ သွေးအဆီအနှစ် တစ်စက်အား ချလိုက်သည်။

စုရှောင်လန် မျက်လုံးပြူးသွားသည်။

“အဲ့ဒါ နွေးထွေးကြင်နာတာလား။”

သို့သော် ဘာမှဖြစ်မလာသေးပေ။

အန်လင်း စိတ်ဓာတ်ကျသွားရသည်။

“နင့်ကိုယ်နင် လိပ်ဆိုတာ သက်သေပြရမယ်ထင်တယ်။”

စုရှောင်လန် စကားဆိုလာသည်။

အန်လင်း သွေးအန်ချင်သွားသည်။

“ကိုယ်က လိပ်မှမဟုတ်တာ။ ဘယ်လို သက်သေပြရမှာလဲ။”

ထိုသို့ပြောလိုက်ပါသော်လည်း ရှောင်ရှားခြင်းလိပ်အား အသက်သွင်းလိုက်သည်။

အန်လင်း ရွှမ်းဝူအား ကြည့်ရှုလိုက်သည်။

ဒီမှာ ကြည့်ပါဦး.... ခင်ဗျားရဲ့ ဆက်ခံသူ ရောက်နေပြီလေ...

ဝုန်း....

ရုပ်ထုမှာ တုန်ခါလာပြီးနောက် အလင်းတန်းတစ်ခု အန်လင်းပေါ် ဖြာကျလာသည်။

အကန့်အသတ်မဲ့သော တာအိုစိတ်ဆန္ဒများ အန်လင်းစိတ်ထဲ စီးဝင်လာလေသည်။

လိပ်ခွံက အလုပ်ဖြစ်သားပဲ.....

All Chapters