နဂါးသတ်တိုက်ပွဲ
Vol. 83 Ch. 1158
အဝါရောင်မျက်ဝန်းနှင့် ကလေးငယ်မှာ မိခင်ဖြစ်သူအား ဆွဲလိုက်သည်။
“မေမေက ဖေဖေက စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အဆင့်လေ။ မတိုက်ခိုက်လို့ မရဘူးလား။”
မိခင်ဖြစ်သူအား ကလေးငယ်အား ခေါင်းပုတ်ပေးလိုက်သည်။
“ဖေဖေက မေမေတို့ အနာဂတ်အတွက် တိုက်ခိုက်မှာလေ။ စိတ်မပူပါနဲ့။ ဝင်္ကပါ ဆောက်ပြီးရင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်တွေကိုတောင် တိုက်နိုင်လိမ့်မယ်။”
နဂါးများမှာ တစ်နေရာစီ ပျံသန်းသွားကြပြီပင်။
မိစ္ဆာနဂါးများစွာ ပျံသန်းနေသည်မှာ ရင်သက်ရှုမောဖွယ် မြင်ကွင်းတစ်ခုလိုပင်။
“ဖေဖေ ပြန်လာမှာပါနော်။”
ကလေးငယ်မှာ ပူပန်နေမိသည်။
မိခင်မှ ခေါင်းညိတ်ပြလိုက်သည်။
“သူက မေမေတို့ကို ပစ်မထားပါဘူး။”
နဂါးဧကရီမှာ တစ်စုံတစ်ခုအား စောင့်နေဟန်ဖြင့် ကောင်းကင်အား ကြည့်ရှုနေသည်။
ဝုန်း....
စွမ်းအင်ပေါက်ကွဲမှုကြောင့် ကောင်းကင်နှင့်မြေပြင်မှာ တုန်ခါသွားရသည်။
မိစ္ဆာနဂါးများ ထိတ်လန့်သွားလေသည်။
၎င်းတို့သည် ဘာမှန်းမသိသော အရာအား ကြောက်ရွံ့ကြခြင်း ဖြစ်သည်။ နဂါးဧကရီ အပါအဝင် မည်သူကမှ ကြယ်စင်ကောင်းကင်ယံ၏ တစ်ဖက်ခြမ်းရှိ ကမ္ဘာအား မရောက်ဖူးကြပေ။
ဝုန်း... ဝုန်း.... ဝုန်း....
ပေါက်ကွဲမှုများမှာ ကြမ်းတမ်းလွန်းလှသည်။
မိစ္ဆာနဂါးများ အသက်ပင် မရှူနိုင်ကြပေ။
အဝေးရှိ နဂါးမျိုးနွယ်စုဝင်များသည်ပင် ထိုသည်က သတိပြုမိလာသည်။
အော့ချင်းယွီ ခပ်ဖွဖွ ပြုံးလိုက်သည်။
“အပြင်ကမ္ဘာက တစ်ယောက်ယောက် လက်ချက်များလား။”
.......
လုံအော့ထျန်း လှမ်းကြည့်လိုက်မိသည်။
“အဲ့နေရာမှာ ပြိုင်ဘက်ကောင်း ရှိလောက်တယ်။”
....
အနက်ရောင် တောအုပ်ထဲ၌
ကောက်စားလုပ်နေသော အော့ယွီထန်မှာ ပေါက်ကွဲမှုများကြောင့် ကြက်သီးထသွားရသည်။
......
အလုံးတစ်လုံး လေထဲတွင် ပျံဝဲနေသည်။
မီးနဂါးတစ်ကောင်မှာ မိစ္ဆာနဂါး၏ အရိုးများကို လျက်နေသည်။
“အပိုလို အဲ့နေရာက စိတ်ဝင်စားစရာပဲ။”
အလုံးမှ စကားဆိုလာသည်။
မီးနဂါးမှာ အရိုးအား မြိုချလိုက်သည်။
“အဲ့ကိုမသွားနဲ့တော့။ ငါတို့ နတ်ဘုရားနှစ်ပါးကို လက်လွှတ်လိုက်ရပြီးပြီ။ ဟေးဒီးစ် ဧကရီရဲ့ ဒေါသကိုသာ ဘယ်လိုဖြေမလဲတွေး...”
အနက်ရောင် အလုံးမှာ ဘာမှပြန်မပြောပေ။
မကြာမီပင် ပေါက်ကွဲသံများ ထွက်လာပြန်သည်။
တောင်ကိုးဆယ့်ကိုးလုံး အလယ်မှ ကြယ်စင်ကောင်းကင်ယံမှာ စတင်တွန့်လိမ်လာသည်။
“ဟားဟားဟား ငါပြန်လာပြီဟေ့။”
အနက်ရောင် လက်သည်းများမှာ ကောင်းကင်အား ဆွဲဖြဲလိုက်သည်။
ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် မိစ္ဆာနဂါးများ တုန်လှုပ်ကုန်သည်။
နဂါးဧကရီမှာ တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။
“ငါထင်ထားတာထက် အားနည်းတာပဲ။ ဒီနေ့က နင်အိမ်ပြန်တဲ့နေ့ မဟုတ်ပဲ ဖျက်စီးခံရတဲ့နေ့ ဖြစ်လိမ့်မယ်။”
သူမ လက်ထဲတွင် လှံတစ်လက် ပေါ်ထွက်လာသည်။
ထိုလှံအား ကြယ်စင်များဖြင့် ဖန်ဆင်းထားခြင်း ဖြစ်သည်။
နဂါးဧကရီ လက်သီးဆုပ်လိုက်သည်နှင့် တောင်ကိုးဆယ့်ကိုးလုံး တုန်ခါလာကာ ချိပ်ပိတ်သော ဝင်္ကပါတစ်ခု အသက်ဝင်လာသည်။
“နင်က ဒီကမ္ဘာပေါ်မှာ အတော်ဆုံးပဲ။ အခုလည်း ကြယ်စင်ကောင်းကင်ယံ အပြင်ဘက်က ပြန်လာတာဆိုတော့ နံရံကို ချိုးဖျက်နိုင်မှာပဲ...”
ကြယ်စင်ကောင်းကင်ယံထဲမှ အနက်ရောင် ခန္ဓာကိုယ်တစ်ခု ပေါ်ထွက်လာသည်။
“ဘာတွေလာစားနေတာလဲ။”
စကားသံတစ်ခုအား ကြားလိုက်ရသည်။
နဂါးဧကရီ စကားဆက်လိုက်သည်။
“ငါတို့က ဒီကမ္ဘာထဲပိတ်မိနေတဲ့ သနားစရာ သတ္တဝါတွေပဲ။ ဒီကနေ ထွက်ချင်ရင် ပေးဆပ်ရမှာတွေ ရှိတယ်။”
“ဝေါင်း....”
အနက်ရောင် နဂါးကြီးမှာ နဂါးဧကရီအား မီးမှုတ်လိုက်သည်။
နဂါးဧကရီမှာ ကြောက်ရွံ့ခြင်း မရှိပဲ ဝင်္ကပါမှာ ပိုမိုတောက်ပလာပြီး မိစ္ဆာနဂါးများအား အကာအကွယ် ပေးလိုက်သည်။
ခရမ်းရောင်မီးတောက်နှင့် အကာအရံတို့ တွေ့ဆုံကာ နေတစ်စင်း ထွက်လာသည့်အလား ထွန်းတောက်သွားရသည်။
ဝင်္ကပါတွင် အက်ကြောင်းပင် မထင်ပေ။
နဂါးဧကရီ ခပ်ဖွဖွ ပြုံးလိုက်သည်။
“နဂါးမျိုးနွယ်စုရဲ့ ရိုးရာပွဲ လုပ်တဲ့အချိန်က ကမ္ဘာနှစ်ခုကြား အပေါက်ရှိနေတဲ့အချိန်ပဲ။ နင်ရောက်လာတာ တိုက်ဆိုင်လွန်းတယ်။”
သူမ လက်သင်္ကေတများ ပြောင်းလဲလိုက်သည်။
“ငါတို့လို ကျိန်စာသင့်နေတဲ့ မျိုးနွယ်စုအနေနဲ့ ဒီကထွက်ခွင့်ရဖို့ လိုအပ်တာတွေရှိတယ်။ ငါက မျိုးမစစ်ဆိုတော့ မတတ်နိုင်ဘူး။ ဒီနေ့တော့ နင့်ရဲ့အသွေးအသားနဲ့ ဒီက ထွက်ခွင့်ရအောင် လုပ်ပစ်မယ်။”
မှော်စာလုံးများ ပေါ်ထွက်လာကာ နဂါးနက်ကြီးပေါ် ရောက်ရှိသွားသည်။
“သောက်ကျိုးနည်း ဘာတွေလဲ။”
နဂါးနက်ကြီးမှာ ချိပ်စည်းအား ပယ်ဖျက်ရန် အံ့ဖွယ်တာအိုအား ထုတ်လွှတ်လိုက်သည်။
နဂါးဧကရီ ပြုံးကာပြောလာသည်။
“အဲ့ဒါ နဂါးသတ်ချိပ်စည်းလေ။”
သူမသည် လှံအား နဂါးနက်ကြီးထံ ပစ်လွှတ်လိုက်သည်။
နဂါးနက်ကြီး၏ အော်ဟစ်သံမှာ ပဲ့တင်ထပ်သွားရသည်။
ထို့နောက် မိစ္ဆာနဂါးများ ရှေ့တွင်ပင် တောင်ကိုးဆယ့်ကိုးလုံး အလယ်ရှိ တွင်းနက်ထဲ ပြုတ်ကျသွားလေသည်။
“အောင်မြင်ပြီ။”
နဂါးဧကရီမှာ အသံပင် တုန်ယင်နေသည်။
သူမ အလွန်စိတ်လှုပ်ရှားနေမိသည်။
မိစ္ဆာနဂါးများလည်း အော်ဟစ်အောင်ပွဲခံလိုက်ကြသည်။
.......
ရှေးဟောင်းထိုက်ချူကုန်းမြေ တစ်နေရာ၌
“အန်လင်း ကောင်းကင်မှာ အပေါက်တစ်ပေါက် ဖြစ်နေတယ်။”
စုရှောင်လန် ညွှန်ပြလိုက်သည်။
“ကိုယ်တို့ ဝင်မရှုပ်ပဲ နေကြတာပေါ့။”
အန်လင်း စကားဆိုလိုက်သည်။
ထို့နောက်....
“နဂါးနက်ကြီး ရှုံးသွားတာလား။”
စုရှောင်လန် ရေရွတ်လိုက်သည်။
၎င်းအား ဆရာ့ဆရာကြီးဟု ထင်ခဲ့ပါသော်လည်း တစ်ချက်တည်းနှင့် သေသွားခဲ့သည်။
အန်လင်း ခေါင်းခါလိုက်သည်။
“အဲ့ဒါ ကိုယ်တို့နဲ့ မဆိုင်ပါဘူး။”
သူ၏သိုလှောင်လက်စွပ်မှာ ရုတ်တရတ် တောက်ပလာသည်။
“အမ်.... ဘာဖြစ်နေတာလဲ။”
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားမိသည်။
အဲ့သေတ္တာက အခုမှ ဘာထဖြစ်တာလဲ....
သူစိတ်ဝင်စားကာ သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်သည်။
ဝုန်း....
ကောင်းကင်နှင့်မြေပြင်မှာ တုန်ခါပြီး အန်လင်းနှင့် စုရှောင်လန်သည်ပင် လွင့်ထွက်သွားရသည်။
ကြီးမားလှသော အနက်ရောင် ပုံရိပ်ကြောင့် ၎င်းတို့ မျက်လုံးပြူးသွားရသည်။
“ဘာကြီးလဲဟ...”