သွေးရူးသွေးတန်းမိစ္ဆာနဂါးများ
Vol. 83 Ch. 1160
လမိုက်ည ခရင်းခွမှာ ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်သာ ရှိပါသော်လည်း သူ၏အင်မော်တယ်လက်နက်ကြောင့် ကင်းထောက်တာဝန်အား ရယူထားသည်။
“အရှေ့ပင်လယ် နဂါးဘုရင် အော့မန်နဲ့ အော့ချင်းယွီလား။ တုပါနဲ့ ဝူစိကို လွှတ်ပေးရမယ်။”
“ဟေးဒီးစ်နဲ့ အပိုလိုကတော့ မိန်ကွေ့၊ လွမ့်ယွီနဲ့ ဟွမ်းမန့်ကို လွှတ်ပေးရမယ်။”
“ဒီကောင်ကတော့ အခုမှ ပြန်ရှင်လာတာ။ အော် ရင်းနှီးနေတဲ့သူပဲ။ ပေါင်းဖော်နဲ့ ထွမ်းထျန်ကို လွတ်ပေးရမယ်။ အဲ့ကောင်က ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်ကိုတော့ ယှဥ်မချနိုင်လောက်ဘူး။”
ထိုမိစ္ဆာနဂါးများသည် အံ့ဖွယ်တာအို ရရှိထားပြီး ရက်ရက်စက်စက် တိုက်ခိုက်နိုင်ကြသည်။
လမိုက်ည ခရင်းခွမှာ စိတ်ကျေနပ်နေသည်။
သူသည် အရှက်ခွဲခဲ့သော အန်လင်းအား ပြန်ပေးဆပ်ရအောင် လုပ်မည်ပင်။
အန်လင်းတို့မှာ မိစ္ဆာနဂါး နှစ်ကောင်အား တွေ့လိုက်ရသည်။
နဂါးတစ်ကောင်သည် သက်တံ့တိမ်တိုက်အား စီးနင်းထားသည်။
“ငါက ပေါင်းဖော်ပဲ။ မင်းတို့ သေလိုက်တော့။”
၎င်း၏နောက်တွင် အနည်းငယ် သေးငယ်သော မီးခိုးရောင် နဂါးတစ်ကောင် လိုက်ပါလာသည်။
မီးခိုးရောင်နဂါး ရယ်မောလိုက်သည်။
“ငါက ထွမ်းထျန်ပဲ။ ဒီမှာ နဂါးလှလှလေး ရှိတယ်ပြောတယ်။ စားကိုစားရမယ်။”
စုရှောင်လန်မှာ နဂါးစာကလေးဓားအား တိတ်တဆိတ် ထုတ်လိုက်သည်။
သူမ မတိုက်ခိုက်ရသေးခင်မှာပင် နဂါးနက်ကြီးမှ အမြှီးဖြင့် ရိုက်ချလိုက်သည်။
ထွမ်းထျန် အမူအရာ ပြောင်းလဲသွားပြီး လှုပ်ရှားတော့မည့် အချိန်မှာပင် လေဟာနယ်ချိပ်စည်း ရှိနေသည်ကို သိလိုက်ရသည်။ သူ၏ အံ့ဖွယ်တာအိုနှင့်ပင် ထိုသည်ကို ချိုးဖျက်မရပေ။
ဝုန်း.....
အမြှီးဖြင့် ရိုက်ချခံရကာ ထွမ်းထျန် မြေပြင်ပေါ် ပြုတ်ကျပြီး စွမ်းအင်လှိုင်းဂယက်များ ပျံ့နှံ့ကုန်သည်။
“ငါ့မှာ အချိန်ပေါမနေဘူး။”
ရှောင်တု အရှေ့သို့ ဆက်သွားလိုက်သည်။
သို့သော် ရွှေရောင်အလင်းများ ရုတ်ချည်းဆိုသလို တောက်ပလာသည်။
ပေါင်းဖော် အေးစက်ခက်ထန်စွာ ပြောလိုက်သည်။
“မင်းတို့ ဒီမှာသေရမယ်။ ကန့်သတ်မဲ့ရတနာအလင်း...”
အံ့ဖွယ်တာအို အစွမ်းများ ပေါက်ကွဲထွက်ပေါ်လာသည်။
မန္တာန်ရွတ်သံများနှင့်အတူ တောက်ပလှသော ရွှေရောင်အလင်းမှာ တမလွန်ကို ပို့ဆောင်ပေးတော့မည့်အလား ကောင်းကင်ထက်မှ သက်ဆင်းလာသည်။
ရှောင်တု၏ အသိစိတ်မှာ နှောင့်ယှက်ခံလိုက်ရသည်။
သက်တောင့်သက်သာ ရှိလှသော ခံစားချက်တစ်ခု နှလုံးသားထဲ ဝင်ရောက်လာလေသည်။
အမှတ်အသားများ ပါဝင်သော နဂါးလက်သည်းကြီးမှာ ကောင်းကင်ထက်မှ ကျဆင်းလာတော့သည်။
“မဟာလက်သည်းချိပ်စည်း...”
ဝုန်း....
နဂါးနက်ကြီး မြေပြင်ပေါ် ပြုတ်ကျသွားရသည်။ ထိုလက်သည်းမှာ ရွှေတောင်ကြီးအဖြစ် ပြောင်းလဲသွားလေသည်။
“ပြီးသွားပြီ။”
ပေါင်းဖော် ရေရွတ်လိုက်သည်။
“ကယ်ပါဦး နာလိုက်တာ။”
ထွမ်းထျန်၏ အော်ဟစ်သံ ရုတ်တရတ် ထွက်ပေါ်လာသည်။
သွေးနီရောင် အမျိုးသားတစ်ဦးမှာ ၎င်းအား ပက်ပက်စက်စက် ထိုးနှက်နေ၏။
“မင်းလားကွ ငါ့တာအိုလက်တွဲဖော်ကို စားချင်တာ။ ရှောင်လန်ကိုလေ။ မင်းကများ... ငါ့ချီးကိုစားလိုက်။”
အန်လင်းမှာ သဲကြီးမဲကြီး လက်သီးစာကျွေးနေသည်။
စုရှောင်လန်မှာ နဂါးစာကလေးဓားဖြင့် ထွမ်းထျန်အား ဓားရာပေးနေသည်။
“နင်ကငါ့ကို စားချင်တာလား။ နင့်လျှာကို မဖြတ်နိုင်ရင် ငါက စု တာအိုပေါင်းစည်းခြင်း အဆင့်အောက် ပြိုင်ဘက်ကင်း ရှောင်လန် မဟုတ်တော့ဘူး။”
သူမအနေဖြင့် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်အား ယခုကဲ့သို့ ရင်ဆိုင်ရသည်မှာ ပထမဆုံးပင်။ သူမ၏ ဓားချက်တိုင်းတွင် အစစ်အမှန် နဂါးစွမ်းအင်နှင့် ဗာမီလီယမ်ငှက်စွမ်းအင်များ ပါဝင်နေသည်။
ထွမ်းထျန်မှာ ရူးလောက်အောင် အနိုင်ကျင့်ခံနေရသည်။
“လမိုက်ည ခရင်းခွပြောတော့ သူတို့နှစ်ယောက်ကို ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် တစ်ယောက်နဲ့ ကိုင်တွယ်နိုင်တယ်ဆို... “
ပေါင်းဖော် ရေရွတ်လိုက်သည်။
အခြေအနေအား စောင့်ကြည့်နေသော လမိုက်ည ခရင်းခွမှာ ချွေးပျံလာရသည်။
လူသားနှစ်ယောက်မှာ သူထင်မှတ်ထားသည်ထက် သာလွန်နေသည်။
မည်သို့ပင်ဆိုစေကာမူ နဂါးနက်အား ဖိနှိပ်ထားသောကြောင့် ဖြေရှင်းနိုင်ပေလိမ့်မည်။
ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် နဂါးနှစ်ကောင်သည် ထိုလူသားနှစ်ဦးအား မကိုင်တွယ်နိုင်စရာ မရှိပေ။
လမိုက်ည ခရင်းခွ စိတ်ပြန်ငြိမ်သွားသည်။
ထိုအချိန်မှာပင် နဂါးနက်ကြီးမှာ တောင်အားဆွဲဖြဲလိုက်လေသည်။
လမိုက်ည ခရင်းခွ : “....”
ယခုအချိန်တွင် စစ်ကူပေးစရာလည်း မရှိတော့ပေ။
“ဘာပဲဖြစ်ဖြစ် အချိန်တော့ ဆွဲထားနိုင်မှာပါ။ တခြားသူတွေ တာဝန်ပြီးသွားမှ စစ်ကူပို့လိုက်မယ်။”
လမိုက်ည ခရင်းခွ ရေရွတ်လိုက်သည်။
အခြားတိုက်ပွဲများသည် သူထင်မှတ်ထားသည့်အတိုင်း အဆင်ပြေနေသေးသည်။
အရှေ့ပင်လယ် နဂါးမင်းပိုင်နက်နှင့် အနောက်နဂါးတောသည် မိစ္ဆာနဂါးများ ယခုကဲ့သို့ တိုက်ခိုက်လာမည်ဟု ထင်မှတ်မထားခဲ့ကြပေ။
အရှေ့ပင်လယ် နဂါးမင်းပိုင်နက်မှ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် မဟာစောင့်ရှောက်သူအဖွဲ့ဝင်တစ်ဦးသည် ကင်းထောက်သွားသောလမ်းတွင် စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းအဆင့် မိစ္ဆာနဂါး နှစ်ရာကျော်နှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့သည် အသေခံ၍ မဟာစောင့်ရှောက်သူအဖွဲ့ဝင်အား အရူးအမူး တိုက်ခိုက်ခဲ့ကြသည်။
အနောက်နဂါးတောမှ ဟင်းလင်းပြင်သို့အပြန် နဂါးတစ်ကောင်သည် ရန်သူများလွန်းသောကြောင့် ပြန်လှည့်ပြေးသောအခါ ဟင်းလင်းပြင်သို့အပြန် မိစ္ဆာနဂါးသုံးကောင် လိုက်လာခဲ့ကြသည်။ တစ်ဦးသည် အသက်ကိုပင် စတေးကာ အချိန်ဆွဲပေး၍ ကျန်နှစ်ကောင်မှ သတ်ဖြတ်နိုင်ရန် ကူညီပေးခဲ့သည်။
ရှေးဟောင်းထိုက်ချူကုန်းမြေမှ မိစ္ဆာနဂါးများမှာ အသက်ကိုပင် မမှုကြတော့ပေ။
ထိုအချိန်တွင် အန်လင်းတို့နှင့် တိုက်ခိုက်နေရသော မိစ္ဆာနဂါး နှစ်ကောင်မှာမူ အိပ်မက်ဆိုးအား ရင်ဆိုင်နေရတော့သည်။