← Chapters

သက်ရှိစွမ်းအင်ပင်လယ်တု

Vol. 83 Ch. 1161

သက်ရှိစွမ်းအင်ပင်လယ်တု

Vol. 83 Ch. 1161

ရှောင်တုမှာ ရွှေရောင်နဂါးအား ထိုးနှက်လိုက်သည်။

“ငါက ဖိနှိပ်ခံရတာ အမုန်းဆုံးပဲ။ မင်းကို သတ်ပစ်မယ်။”

ရွှေရောင်နဂါးသည် ထက်ရှလှသော အံ့ဖွယ်တာအိုဓားများနှင့် တိုက်ခိုက်လာပါသော်လည်း ရှောင်တုမှာ ရှောင်ပင်မရှောင်ပဲ ရှေ့ဆက်တိုးလာသည်။

၎င်းသည် ရွှေရောင်နဂါးအား အသားပြား လုပ်ချင်နေသည့်အလား ပြင်းထန်လှသော ဖိအားများဖြင့် ဝင်တိုးပစ်လိုက်သည်။

ပေါင်းဖော်မှာ မျိုးစုံအော်ဟစ်နေရင်း မန္တာန်အချို့ ရွတ်ဆိုလိုက်သည်။

ရှောင်တုမှာ အဆိပ်မိသလို ခံစားလိုက်ရလေသည်။

ထိုသည်မှာ ကျိန်စာမန္တာန်များပင်။

“ယောက်ျားဆန်ဆန် တိုက်ပါလားကွ။”

ရှောင်တုမှာ ရွှေရောင်နဂါးအား ဝင်တိုက်လိုက်သည်။

ဝုန်း....

ကောင်းကင်နှင့်မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားရသည်။

ရှောင်တုမှာ ရုတ်တရတ် ပေါက်ကွဲသွားလေသည်။

ပေါင်းဖော်နှင့် ရှောင်တု၏ အော်ဟစ်သံမှာ ပဲ့တင်ထပ်သွားသည်။

ရှောင်တု၏ အော်သံတွင် ရယ်သံရောစွပ်နေ၏။

“ဟားဟားဟား မင်းသေတော့မယ်လို့ ခံစားရလား။”

“နောက်တစ်ခါဟေ့....”

ဝုန်း....

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြန်သည်။

ထွမ်းထျန်၊ အန်လင်းနှင့် စုရှောင်လန်တို့သည်ပင် စွမ်းအင်လှိုင်းဂယက်များကြောင့် လွင့်ထွက်သွားရသည်။

ရှောင်တုမှာ မြေပြင်ပေါ် လဲကျနေပါသော်လည်း အားပါးတရ ပြုံးနေသည်။

သူ၏ဘေးတွင် မည်းတူးနေသော ပေါင်းဖော် ရှိနေလေသည်။

ပေါင်းဖော် ခက်ခက်ခဲခဲ ပြောလိုက်သည်။

“မင်းရူးနေတာပဲ။ သေချင်နေတာလား။”

ရှောင်တုမှာ ဒဏ်ရာများ လျင်မြန်စွာ သက်သာလာသည်။

“ငါက ဖျက်စီးခြင်းမဲ့တာအို ကျင့်ကြံတာလေ။ အခု မင်းပဲသေမှာ။ ငါမသေဘူး။”

“နောက်တစ်ခါ လုပ်လိုက်ကြမလား။”

ပေါင်းဖော် : “....”

ဝုန်း....

ဆိုးဆိုးရွားရွား ပေါက်ကွဲသွားပြန်သည်။

“စီနီယာ ရှောင်တု အခြေအနေ ကောင်းနေတုန်း ကိုယ်တို့လည်း လှုပ်ရှားရမယ်။”

အန်လင်း စကားဆိုလိုက်သည်။

စုရှောင်လန် မျက်စောင်းထိုးလာလေသည်။

“သူ့ဘာသာ ဖောက်ခွဲနေတာ သေတော့မှာပဲ။ အဲ့ဒါ အခြေအနေ ကောင်းတာလား။”

၎င်းတို့မှာ ထွမ်းထျန်အား သမရင်း စကားစမြည် ပြောနေခြင်းပင်။

ထွမ်းထျန်မှာ ရန်သူများအား အထင်သေးခဲ့မိသောကြောင့် အဆော်ခံနေရလေပြီ။

“ကြယ်စင်ဝါးမြိုခြင်း....”

ထွမ်းထျန်မှာ ရန်သူများအား အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။

၎င်း၏ပါးစပ်သည် တွင်းနက်ကြီးအလား စုပ်ယူခြင်း စွမ်းအင်များ ပေါ်ထွက်လာသည်။

ကြယ်စင်ဝါးမြိုခြင်းဖြင့် ရန်သူများအား စုပ်ယူကာ တဖြည်းဖြည်းချင်း အစာချေဖျက်ပစ်နိုင်သည်။

ရုတ်ချည်းဆိုသလို ပတ်ဝန်းကျင်ရှိ အရာအားလုံး စုပ်ယူခံလိုက်ရသည်။

စုရှောင်လန်သည်လည်း ဆွဲယူခံလိုက်ရသည်။

ထိုတွင်းနက်တွင် ထွမ်းထျန်၏ အံ့ဖွယ်တာအို အစွမ်းများ ပါဝင်နေသောကြောင့် ခုခံရန် မလွယ်ကူပေ။

အဖြူရောင် ပုံရိပ်တစ်ခုသည် စုရှောင်လန်ထက်အရင် ထွမ်းထျန်နား ရောက်ရှိသွားသည်။

အန်လင်း၏ နဖူးထက်တွင် ရွှေရောင်မျက်ဝန်းတစ်ခု ရှိနေလေသည်။

အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်.....

ထွမ်းထျန်သည် ကျင့်စဥ်အား အော်ဟစ်ခဲ့သောကြောင့် အန်လင်းအနေဖြင့် ခိုးယူရန် လွယ်ကူသွားသည်။

ထွမ်းထျန်မှာ တစ်စုံတစ်ခု ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။

ကြောက်မက်ဖွယ် စုပ်ယူအားလည်း ပျောက်ကွယ်သွားသည်။

၎င်းမှာ ပါးစပ်အား အကျယ်ကြီး ဟထားဆဲပင်။

ထိုသည်မှာ ကို့ရို့ကားယားနိုင်သော အခြေအနေ တစ်ခုလိုပင်။

ကြယ်စင်ဝါးမြိုခြင်းသည် အသုံးပြုရန် များများစားစား မလိုအပ်ပဲ ခန္ဓာကိုယ်အတွင်း သင့်တင့်သော နေရာတစ်ခု ရှိနေရမည်သာ ဖြစ်သည်။

အန်လင်း ချက်ချင်းပင် ကြယ်စင်ဝါးမြိုခြင်းအား အသက်သွင်းလိုက်သည်။

ထွမ်းထျန် ကြောင်တောင်တောင် ဖြစ်သွားမိသည်။

“ဘယ်လိုဖြစ်တာလဲ။ မင်းဘယ်လိုလုပ်... “

သူသည် စကားမဆုံးခင်မှာပင် အန်လင်း၏ ဝါးမြိုခြင်းအား ခံလိုက်ရတော့သည်။

စုရှောင်လန် အံ့အားသင့်သွားသည်။

“အဲ့နဂါးက ရွံစရာကြီးကို မြိုချစရာလား။”

အန်လင်း : “...”

ဘယ်လိုပုံစံဖြစ်ဖြစ် အရေးကြီးလို့လား.....

ရုပ်ဆိုးနေပါက မြိုချရန်ပင် ရွံရှာစရာ ကောင်းနေပေလိမ့်မည်။

တော်သေးတာပေါ့.... ငါကချောနေလို့....

“အစာအိမ်ထဲမှာ မဟုတ်ပါဘူး။ အတွင်းကမ္ဘာထဲမှာပါ။”

အန်လင်း ရှင်းပြလိုက်သည်။

“အတွင်းကမ္ဘာလား။”

စုရှောင်လန် အနည်းငယ် တွေးလိုက်သည်။

“သက်ရှိစွမ်းအင် ပင်လယ်လား။”

အန်လင်း ပြုံးကာပြောလာသည်။

“ဟုတ်တယ်။ အခု အဲ့ကောင်ကို နှိပ်စက်တော့မှာလေ။”

သက်ရှိစွမ်းအင် ပင်လယ်ထဲ၌...

ထွမ်းထျန် ပေါက်ကွဲနေသည်။

“အန်လင်း ငါ့ကျင့်စဥ်ကိုခိုးတာ ဘာဖြစ်မလဲသိလား။”

“ငါမင်းရဲ့ သက်ရှိစွမ်းအင် ပင်လယ်ကိုရော၊ တာအိုအခြေခံပါ ဖျက်စီးပစ်မယ်။”

၎င်းသည် အန်လင်း ခံနိုင်ရည် မရှိသည်အထိ သောင်းကျန်းရန် ပြင်လိုက်သည်။

ရုတ်ချည်းဆိုသလို ရွှေရောင်ဟာလာပြင်လျှပ်စီးများ ကျဆင်းလာလေသည်။

“အား....”

ထွမ်းထျန် အော်ဟစ်လိုက်ရသည်။

ထိုရွှေရောင်ဟာလာပြင်လျှပ်စီးသည် ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုပါ ပေါင်းစပ်နေ၏။

ထွမ်းထျန် အံ့အားသင့်ကာ လှည့်ကြည့်လိုက်သည်။

“ဘာကြီးလဲဟ...”

ထိုသည်မှာ ရွှေရောင်ကလေးငယ်လေးပင်။

အန်လင်းရဲ့သက်ရှိစွမ်းအင် ပင်လယ်ထဲမှာ ဘယ်လိုလုပ် ကလေးတစ်ယောက် ရှိနေရတာလဲ...

ထိုကလေးသည် အန်လင်း၏ သားငယ် အန်ကီရင် ဖြစ်သည်။

သွေးကီရင်ကျောက်စိမ်း ဝတ်စုံအား ရရှိပြီးနောက် အန်ကီရင်၏ လျှပ်စီးသည် မူလထက် အဆပေါင်းများစွာ အားကောင်းသွားလေပြီ။

၎င်းသည် ရွှေရောင်ဟာလာပြင်လျှပ်စီးနှင့်ပင် အံ့ဖွယ်တာအိုအား ဖျက်စီးနိုင်သည်။

အန်ကီရင်သည် ထွမ်းထျန်အား သဘောမကျသောကြောင့် ပညာပေးရန် ဆုံးဖြတ်လိုက်သည်။

ထွမ်းထျန်မှာလည်း အလျှော့မပေးပေ။

“ငါမင်းကို သတ်ပစ်မယ်။”

ထိုအချိန်မှာပင် အဖြူရောင် ဗာမီလီယမ်ငှက်တစ်ကောင် ထွက်ပေါ်လာသည်။

ထွမ်းထျန်မှာ ၎င်း၏မီးတောက်များကြောင့် မည်းတူးသွားရသည်။

သူမျက်လုံးအပြူးသား ဖြစ်သွားမိသည်။

“ဘာတွေဖြစ်နေတာလဲ။”

ဒါက သက်ရှိစွမ်းအင် ပင်လယ်တုကြီးလား.....

All Chapters