နဂါးစွမ်းအင်
Vol. 83 Ch. 1162
အန်ကီရင်သည် ထွမ်းထျန်အား အသက်ရှင်ခွင့်ပေးရန် အစီအစဥ် မရှိပေ။
သူသည် ခြေလက်များ ရှည်ထွက်စေပြီနောက် လျှပ်စီးဓား တစ်လက်အလား ထွမ်းထျန်အား ဝင်တိုက်ပစ်လိုက်သည်။
ထွမ်းထျန်မှာလည်း အန်ကီရင်အား ပြန်လည်တိုက်ခိုက်လာသည်။
သို့သော် အန်ကီရင်၏ လျှပ်စီးများမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ထက်ရှလွန်းနေလေသည်။
ထွမ်းထျန် အော်ဟစ်ကာ ဆိုးဆိုးရွားရွား သွေးအန်သွားရသည်။
“ငါဒါကို လက်မခံနိုင်ဘူး။”
ထွမ်းထျန်မှာ အံ့ဖွယ်တာအိုဖြင့် အရာအားလုံး စုပ်ယူနိုင်သော ဓားငယ်တစ်လက် ဖန်ဆင်းလိုက်သည်။
အန်ကီရင်သည် လတ်တလောကတင် တိုက်ခိုက်ထားခြင်း ဖြစ်သောကြောင့် ထိုဓားငယ်အား ရှောင်ရှားနိုင်မည် မဟုတ်ပေ။
ဝုန်း.....
ဓား၏စွမ်းအင်ကြောင့် အန်ကီရင် ပေါက်ကွဲသွားရသည်။
ထွမ်းထျန် ရယ်မောလိုက်သည်။
“ငါ့ကို ဘာများထင်နေလဲ။ မင်းဘာသာ ဘာကောင်ဖြစ်....”
သူ၏ စကားမဆုံးခင်မှာပင် အန်ကီရင် ပြန်လည်ဖြစ်တည်လာသည်။
ထွမ်းထျန် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“ပြန်.... ပြန်ရှင်နိုင်တာလားဟ။”
သူသည် ရှိရှိသမျှ စွမ်းအင်များသုံးကာ တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်။
သို့သော် ရွှေရောင်ကလေးငယ်သည် အသက်အနန္တ ရှိနေပုံပင်။
ဘယ်လိုလုပ်ရပါ့မလဲ...
ထိုအချိန်မှာပင် အဖြူရောင် ဗာမီလီယမ်ငှက်မှ လှုပ်ရှားလာသည်။
စုရှောင်လန်၏ မိုးကြိုးကပ်ဘေးအား စုပ်ယူပြီးသည့်နောက် ၎င်းသည် သန့်စင်လွန်းသော အဖျက်စွမ်းအင်ကိုပါ ပိုင်ဆိုင်နေပြီ ဖြစ်သည်။
ဗာမီလီယမ်ငှက်မှာ ၎င်း၏စွမ်းအင်အား စမ်းသပ်ချင်နေမိ၏။
အန်ကီရင်နှင့် ဗာမီလီယမ်ငှက်မှာ သက်ရှိစွမ်းအင် ပင်လယ်ထဲ အသည်းအသန် သောင်းကြမ်းနေကြသည်။
မြင့်မြတ်မီးတောက်နှင့် လျှပ်စီးများ လက်လက်ထနေလေသည်။
အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်၏ အချိန်ကန့်သတ်ချက်မှာ ဆယ်မိနစ် ဖြစ်သည်။
သို့သော် ထွမ်းထျန်မှာ ဆယ်မိနစ်ပင် မခံလောက်ပေ။
အန်ကီရင်နှင့် ဗာမီလီယမ်ငှက်မှာ အပြိုင်အဆိုင် သမနေကြသည်။
လျှပ်စီးမှာ လျင်မြန်သောကြောင့် အန်ကီရင်မှာ အချက်ရေများများ ဆော်ပစ်နိုင်သည်။
ထွမ်းထျန်မှာ နှိပ်စက်မှုများကြား ခံနိုင်ရည် မရှိပဲ သနားစဖွယ် အသက်ထွက်သွားတော့သည်။
သူ၏ သက်ရှိစွမ်းအင် ပင်လယ်ထဲတွင် ယခုကဲ့သို့ မဖြစ်ပျက်ဖူးသောကြောင့် အန်လင်းသည်ပင် ထူးဆန်းသလို ခံစားနေရသည်။
သက်ရှိစွမ်းအင် ပင်လယ်သည် ထွမ်းထျန် ခန္ဓာကိုယ်အား အခြေခံ စွမ်းအင်အသွင်ပြောင်းကာ ၎င်းနှင့် ပေါင်းစပ်သွားစေလိုက်သည်။
စွမ်းအင်ပမာဏ များပြားလွန်းသောကြောင့် သူ၏ သက်ရှိစွမ်းအင် ပင်လယ်သည်ပင် ကျယ်ပြန့်လာသည်။
ထိုစွမ်းအင်သည် စွမ်းအင်ဝင်ပေါက်များမှတဆင့် အရိုးအရေများသို့ပါ စီးဝင်လာသည်။
“ဒါနဂါးစွမ်းအင်လား။”
အန်လင်း အံ့အားသင့်သွားသည်။
သူ၏အရိုးအရေနှင့် စွမ်းအင်များမှာ အင်မော်တယ်ဆေးလုံး သောက်သုံးရသည်ထက်ပင် ပိုမိုအားကောင်းလာသည်။
သူ၏အသိစိတ်သည်ပင် နဂါးစွမ်းအင် အနည်းငယ် ရောယှက်သွားသည်။
“နင် နဂါးစွမ်းအင် ရလိုက်တာလား။”
စုရှောင်လန် မယုံကြည်နိုင် ဖြစ်သွားရသည်။
“နင့်မှာ နဂါးသွေးဆက်မှ မရှိတာ။ ဘယ်လိုလုပ်...”
“ဟုတ်တယ်။”
အန်လင်း အကြောဆန့်လိုက်သည်။
“ကိုယ့်ရဲ့ သက်ရှိစွမ်းအင် ပင်လယ်က လုပ်ပေးတာလေ။ ထွမ်းထျန်က သတ်ခံလိုက်ရပြီ။ အဲ့ဒါကြောင့် သူ့စွမ်းအင်တွေကို သက်ရှိစွမ်းအင် ပင်လယ်က ယူပစ်လိုက်တာ။”
စုရှောင်လန် မျက်လုံးပြူးသွားရသည်။
ထွမ်းထျန်က သေပြီလား....
အန်လင်းက နဂါးစွမ်းအင်တောင် ရလိုက်သေးတယ်ပေါ့လေ....
သူမ ကိုယ့်ပါးကိုယ်ရိုက်ကာ စိတ်ငြိမ်စေလိုက်သည်။
အန်လင်းသည် သူမအား အံ့သြရအောင် လုပ်နိုင်ဆဲပင်။
“ဟင်းလင်းပြင်သို့အပြန် နောက်ဆို စွမ်းအင်ကို ယူလိုက်ရတာ တကယ်ကောင်းတာပဲ။”
အန်လင်းမှာ တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံအား ကြားလိုက်ရသည်။
အန်လင်းနှင့် စုရှောင်လန်တို့ လှည့်ကြည့်လိုက်မိသည်။
“စီနီယာ ရှောင်တု ကိုယ့်ဘာသာ ဖောက်ခွဲနေပြန်ပြီ။”
အန်လင်း စကားဆိုလာသည်။
“သူက တကယ်ပျော်တတ်တာပဲ။ အခုတောင် ရယ်မောနေတာ။”
ပေါင်းဖော်မှာလည်း အရှိန်အဝါများ ကင်းမဲ့ကာ မာလကီးယားသွားသည်။
နဂါးနက်ကြီး ပြုံးကာပြောလာသည်။
“ငါက ဘာပဲဖြစ်ဖြစ် အသက်ရှင်နေမှာလို့ ပြောသားပဲ။”
ပေါင်းဖော်၏ နဂါးစွမ်းအင်များ ရှောင်တုထံ ရောက်ရှိသွားသည်။
“ဘာလဲဟ... ငါဘာလို့ ပိုအားကောင်းလာတာလဲ။”
ရှောင်တု အမူအရာ ပြောင်းလဲသွားရသည်။
“စီနီယာ အဲ့ဒါ ရှေးဟောင်းထိုက်ချူကုန်းမြေရဲ့ လောကနိယာမလေ။ နဂါးမျိုးနွယ်စုဝင်က တခြား နဂါးတစ်ကောင်ကိုသတ်ရင် သူ့ရဲ့အစွမ်းကို ရလိမ့်မယ်။”
အန်လင်း ရှင်းပြလိုက်သည်။
ရှောင်တုမှာ ထိုသည်ကိုပင် သိပုံမရပေ။
“ဘာလားဟ..”
ရှောင်တု မျက်လုံးပြူးသွားသည်။
သူအံ့အားသင့်ကာ အော်ဟစ်လိုက်သည်။
“ကျိန်စာသင့်နေတဲ့ နဂါးစွမ်းအင်တွေ မလာခဲ့နဲ့။ ငါ့မှာ တာအိုပေါင်းစည်းခြင်း အဆင့်မတက်အောင် သေမတတ် ထိန်းထားခဲ့ရတာ။”
“ငါတော့ သေတော့မှာပဲ။”
အန်လင်း : “....”
စုရှောင်လန် : “.....”