← Chapters

အပိုင်း ၅၇၁

Vol. 42 Ch. 571

အပိုင်း ၅၇၁

Vol. 42 Ch. 571

အရိပ်အသူရာချောက်သို့

"  ကဲ…… အားလုံးကို ကျုပ် မိတ်ဆက်ပေးပါရစေ ။ ဒါက သက်တံနီဂိုဏ်းရဲ့ ဧကရာဇ်အဆင့် တပည့်  ချူးဝူပဲ ။ သူက ကြယ်၂ပွင့် အဆင့် ဗိုလ်ချုပ် ဖြစ်သလို လဝန်းနီ အင်ပိုင်ယာ မြောက်ပိုင်းရဲ့ ထိပ်တန်း ဗိုလ်ချုပ် ၅ပါးထဲမှာ ပါတယ်  "

လင်းရှုက မတ်တပ် ထရပ်လိုက်ပြီး ချူးဝူကို အားလုံးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ။

သည် အရိပ်အသူရာချောက်ကို သွားမယ့် ခရီးမှာတော့ ချူးဝူက သေချာပေါက် အဓိက ဇာတ်ဆောင်ပါပဲ ။

အခြားသူတွေကတော့ မြောက်ပိုင်းရဲ့ ထိပ်တန်း ဗိုလ်ချုပ်၅ပါးဟာ ဘယ်လောက် အစွမ်းထက်သလဲ ဆိုတာကို သိမှာ မဟုတ်ပါဘူး ။ဒါပေမဲ့ လင်းရှုကတော့ ကောင်းကောင်းကြီး သိရှိထားပါတယ် ။

လဝန်းနီ အင်ပိုင်ယာရဲ့ မြောက်ပိုင်းမှာ ရှိတဲ့ ကြယ်၂ပွင့်အဆင့် ဗိုလ်ချုပ် အရေအတွက်ဟာ ၈၀ နဲ့ ၁၀၀ ကြားမှာပါပဲ ။ သည်လောက်များတဲ့ အရေအတွက်ကြားထဲကနေ ထိပ်တန်း၅ယောက် စာရင်းထဲ  ဝင်နိုင်တယ် ဆိုတာက လုံးဝ မလွယ်ကူပါဘူး ။ ချူးဝူက အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေကိုတောင် သတ်ကောင်း သတ်နိုင်လောက်ပါတယ် ။

" မင်းက ချူးဝူ ဆိုတာလား ။ အခွင့်အရေး ရှိတုန်း တစ်ခါလောက် လက်ရည် စမ်းကြရအောင် "

ရှန်းတုံက ချူးဝူကို လှမ်းပြီး စိမ်ခေါ်လိုက်ပါတယ် ။

ချူးဝူက မထီတရီ ပြုံးလိုက်ပြီး

" ငါမင်းနဲ့ မတိုက်ချင်ဘူး ။  ငါမင်းကို မတော်တဆ သတ်မိသွားလိမ့်မယ် "

ချူးဝူရဲ့ စကားက ရှန်းတုံကို ဒေါသ ထွက်သွားစေတာ အသိသာကြီးပါပဲ ။ သူက မျက်မှောင်ကြုပ်လိုက်ပြီး လေသံမာမာနဲ့ ချူးဝူကို ပြန်ပြောလိုက်ပါတယ် ။

" သွားစမ်းပါ ။ ကြယ်၃ပွင့် ဗိုလ်ချုပ်တွေတောင်မှ ငါ့ကို မသတ်နိုင်ဘူးကွ "

အဲသည်အချိန်မှာပဲ လင်းရှုက ချူးဝူကို ကျန်တဲ့ လေးယောက်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ။

" ချူးဝူ…… သူတို့တွေကတော့ ရှန်းတုံ၊ချီယု ၊ လန်ရှီး နဲ့ လီဖူချန်းပဲ "

ချူးဝူက ခေါင်းတစ်ချက် ဆက်ခနဲ ညိတ်လိုက်ပြီး ဘာမှတော့ မပြောပါဘူး ။

" ကဲ…… အားလုံးလည်း ရောက်လာကြပြီဆိုတော့ သွားကြရအောင်' "

စကားအဆုံးမှာတော့ လင်းရှုဟာ သူ့ရဲ့ အကျီ ၤ လက်စကို ဝှေ့ယမ်းလိုက်ပါတော့တယ် ။

ချွမ်……ချွမ်……ချွမ်……

ရုတ်တရက် ဆိုသလိုပဲ မီတာ တစ်ဒါဇင်ကျော် ရှိတဲ့ လေသင်္ဘော တစ်စင်းဟာ ကောင်းကင်ယံမှာ ပေါ်ထွက်လာခဲ့ပါပြီ ။ သည်သဘောၤရဲ့ ရွက်တိုင်ပေါ်မှာကတော့  စေတီတစ်ဆူ ရှိနေပြီး အဲသည် စေတီကနေ သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ထိန်းမနိုင် ၊ သိမ်းမရ လျှံထွက်ကျ နေပါတယ် ။ အဲသည် စေတီရဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေကြောင့် နန်အန်းဥယျာဉ်တော် အလယ်ဗဟိုတစ်ခုလုံးတောင်မှ အရိုးစိမ့်တမျှ အေးခဲလာသလိုပါပဲ ။

လူငယ်တွေ အားလုံးကတော့ တစ်ချက်ကြည့်လိုက်တာနဲ့ သည်လေသဘောၤဟာ ဘာလဲ ဆိုတာကို တန်းပြီး သိလိုက်ကြပါတယ် ။ သူတို့ သိထားတာက လုံးဝ မှားယွင်းစရာ အကြောင်း မရှိပါဘူး ။ ဒါက အဆင့်၇ အဆင့်နိမ့် အသေးစား စစ်သင်္ဘော တစ်စင်းပါပဲ ။

ကြယ်၇ပွင့် စစ်သဘောၤတွေကို တည်ဆောက်ရတဲ့ ကုန်ကျစရိတ်ဟာ အင်မတန်  များလွန်းလှပါတယ် ။ သည်အဆင့်၇ အဆင့်နိမ့် အသေးစား စစ်သဘောၤရဲ့ တန်ဖိုးကတောင်မှ အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅သန်းပါပဲ ။ ဒါတောင်မှ သည်စစ်သဘောၤကို ခုတ်မောင်းတဲ့ နေရာမှာ သုံးစွဲရမယ့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေ မပါသေးပါဘူး ။

အဆင့်၇  အဆင့်နိမ့် စစ်သဘောၤ အသေးစားလေးကို မြင်လိုက်ရတဲ့ အချိန်မှာတော့ ချူးဝူတောင်မှ သည်အတိုင်း မနေနိုင်တော့ဘဲ မျက်မှောင် ကြုပ်လိုက်မိပါတယ် ။ နန်အန်းနယ်စား သားတော်ဆိုတဲ့ ဂုဏ်ထူး အရှိန်အဝါက လုံးဝ အလှပြသက်သက် မဟုတ်ပါဘူး ။

လူငယ်တွေအားလုံး စစ်သဘောၤပေါ်ကို တက်ပြီးတဲ့ အချိန်မှာတော့ လင်းရှုက သူ့ရဲ့ အတွေးနဲ့ စစ်သဘောၤကို ထိန်းချုပ်ပြီး ကောင်းကင်ယံမှာ ပျံသန်းစေလိုက်ပါတော့တယ် ။

ရွှီး………

သည်အဆင့်၇ အဆင့်နိမ့် စစ်သဘောၤရဲ့ အမြန်နှုန်းဟာ လုံးဝ ဟာသ မဟုတ်ပါဘူး ။ အဲဒါက အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးရဲ့ အမြန်နှုန်းနဲ့တောင် ယှဉ်လို့ ရပါသေးတယ် ။

သည်လိုနဲ့ပဲ  တစ်လအကြာမှာတော့ သူတို့ဟာ ကြီးမားလှတဲ့ တောင်ကြားချိုင့်ဝှမ်း တစ်ခုဆီကို ရောက်ရှိလာခဲ့ကြပါပြီ ။

ဒါကြီးက အတော်လေးကို ကြီးမားကျယ်ပြန့်တဲ့ တောင်ကြားချိုင့်ဝှမ်း တစ်ခု ဖြစ်ပြီး အနည်းဆုံး မိုင်တစ်သောင်းကျော် ရှည်လျားပါတယ် ။ အနံကလည်း မိုင်ရာချီ ရှိနေပြီး အနက်ကတော့ လုံးဝကို တိုင်းတာလို့ မရပါဘူး ။

လင်းရှု ပြောတဲ့အတိုင်း ဆိုရင်တော့ သည်နေရာက သူတော်စင်နှစ်ပါးရဲ့ မဟာတိုက်ပွဲကနေ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ် ။ သည်တောင်ကြားချိုင့်ဝှမ်းရဲ့ နံရံတွေမှာက အက်ကွဲရာတွေ အပြည့် ရှိနေပြီး တချို့ဆိုရင် တောင်တစ်လုံးထက်တောင်မှ ကြီးနေပါသေးတယ် ။

" အရိပ်အသူရာချောက်က သည်အက်ကွဲရာတွေထဲမှာ တည်ရှိနေတာ ဖြစ်တယ် ။ သည်အက်ကွဲရာ တစ်ခုချင်းစီက အရိပ်အသူရာချောက်ရဲ့ အလွှာတွေကို ကိုယ်စားပြုနေတာပဲ ။ ငါတို့ အခုဝင်မယ့် အက်ကွဲကြောင်းကတော့ တိုက်ပွဲဝိညာဉ် ဆရာသခင်တွေအတွက် သင့်လျော်တဲ့ အလွှာကို ရောက်သွားမယ့် အက်ကွဲကြောင်းဖြစ်တယ် ။ အားလုံးပဲ အခုချိန်ကစပြီး သတိမပြတ် ထားထားကြတော့ "

လင်းရှုက အဝေးမှာရှိနေတဲ့  အက်ကွဲကြောင်း တစ်ခုကို ညွှန်ပြလိုက်ပြီး အားလုံးကို သတိပေးလိုက်ပါတယ် ။

လင်းရှု ညွှန်ပြလိုက်တဲ့ အက်ကွဲကြောင်းကတော့ အလွန်အမင်း မှောင်မိုက်နေပြီး အနက် ဘယ်လောက် ရှိသလဲ ဆိုတာကိုတောင် ခန့်မှန်းလို့ မရပါဘူး ။  ပြီးတော့ အဲသည်အက်ကွဲကြောင်းထဲမှာရှိတဲ့   အမှောင်ထုက လူတွေရဲ့ စိတ်ဝိညာဉ်ကိုတောင် စုပ်ယူတော့မယ့်အလားပါပဲ ။

အဲသည်နောက်မှာတော့ လင်းရှုက စစ်သဘောၤကို ထိန်းချုပ်ပြီး အက်ကွဲကြောင်း အသေးလေး တစ်ခုရှေ့မှာ ဆိုက်ကပ်စေလိုက်ပါတယ် ။

အဲသည်အက်ကွဲကြောင်းက သေးငယ်တယ် ထင်ရပေမယ့်လည်း တဖြည်းဖြည်း အနား ရောက်လာတဲ့ အခါမှာတော့ သူထင်ထားသလောက် မသေးဘူး ဆိုတာကို လီဖူချန်းတစ်ယောက် သိလိုက်ရပါတယ် ။ သည်အက်ကွဲကြောင်းရဲ့ အလျားက မိုင်၂၀နီးပါး ရှိပြီး အြ    င့်ကလည်း အနည်းဆုံး တစ်မိုင်ပါပဲ ။

" သည်နေရာမှာ လူတွေ အများကြီး ရောက်နေပါလား '

သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံနဲ့ ဆန်းစစ်အပြီးမှာတော့ ချီယုက အံ့အားသင့်စွာနဲ့ ရေရွတ်လိုက်ပါတယ် ။

အက်ကွဲကြောင်းရဲ့ အထဲမှ ရှိနေတာကတော့  ကမ္ဘာငယ်လေး တစ်ခုပါပဲ ။ သည်နေရာမှာက အဆောက်အဦးတွေ ၊ စားသောက်ဆိုင်တွေ ၊ ဧည့်ရိပ်သာတွေအပြင် ဈေးဆိုင်အမျိုးမျိုးလည်း ရှိနေပါသေးတယ် ။

မသိရင်တော့ ဒါက ပွဲတော်တစ်ခု ကျင်းပဖို့ ပြင်ဆင်နေသလိုပါပဲ ။ သည်နေရာမှာ ရှိနေတဲ့ လူဦးရေ အရေအတွက်ကတော့ ရှစ်ထောင်  တစ်သောင်းနီးပါး ရှိပြီး အဲသည်လူတွေ အားလုံးဟာလည်း တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေ ဖြစ်ကြပါတယ် ။

လင်းရှုက ချောင်းတစ်ချက် ဟန့်လိုက်ပြီး အားလုံးကို ရှင်းပြပါတယ် ။

" သည်အရိပ်အသူရာချောက်က အင်မတန် အန္တရာယ်များတဲ့ နေရာ ဆိုပေမယ့်လည်း အသက်နဲ့ရင်းပြီး စွန့်စားချင်တဲ့လူတွေကတော့ အများကြီး ရှိနေသေးတယ် ။အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ၊ နှစ်တုံးလောက် ရလိုက်ရုံနဲ့ သူတို့ရဲ့ ဘဝသက်တမ်း တစ်ဝက်လောက် အေးအေးဆေးဆေး နေထိုင်သွားရမယ့် အခွင့်အရေးကို ဘယ်သူက လက်လွှတ်ခံချင်မှာလဲ "

" မှန်တာပေါ့ "

လီဖူချန်းက လင်းရှုရဲ့ စကားကို ထောက်ခံလိုက်ပါတယ် ။

" အန္တရာယ်ကြားမှာ ချမ်းသာကြွယ်ဝမှုကို ရှာဖွေခြင်း "

ဒါက ကျင့်ကြံခြင်း လောကမှာတော့ ဘာမှ မထူးဆန်းတော့ပါဘူး။

သူတို့အားလုံး စစ်သဘောၤပေါ်ကနေ ဆင်းပြီးတဲ့ အချိန်မှာတော့ လင်းရှုက စစ်သဘောၤကို အလျင်အမြန် ပြန်သိမ်းဆည်းလိုက်ပါတယ် ။

သည်အရိပ်အသူရာ ချောက်ထဲမှာက တရားဥပဒေ စိုးမိုးမှု မရှိပါဘူး ။လူတစ်ယောက်က သည်ချောက်ထဲမှာ ပေါ်ပေါ်ထင်ထင် နေလေလေ  ၊ အန္တ္တရာယ် ပိုများလေလေပါပဲ ။ အဲသည်အတွက် သူ့အနေနဲ့ စစ်သဘောၤကို ပြန်သိမ်းလိုက်တာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ် ။

အဆောက်အဦးတွေရဲ့ အလယ်ဗဟိုပိုင်းမှာတော့ တည်နေရာရွှေ့ပြောင်း စင်မြင့်တွေ အများအပြား ရှိနေပြီး အဲသည် စင်မြင့်တိုင်းဟာလည်း အလုပ်များနေကြပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက အဲသည် တည်နေရာရွှေ့ပြောင်း စင်မြင့်တွေကို အသုံးပြုပြီး  ဝင်ထွက်သွားလာနေကြလို့ပါပဲ ။

လင်းရှုက အားလုံးကို ထပ်ရှင်းပြပြန်ပါတယ် ။

"  သည်နေရာမှာ ရှိနေတဲ့ တည်နေရာရွှေ့ပြောင်း ဝင်္ကပါ အစီအရင်တွေကတော့ အနီးအနားမှာရှိတဲ့ မြို့တော်တွေနဲ့ပဲ ချိတ်ဆက်ထားတာ ဖြစ်တယ် ။ သည်အရိပ်အသူရာ ချောက်ထဲမှာက ဥပဒေသတွေ ဖောက်လွဲဖောက်ပြန် ဖြစ်နေတဲ့အတွက် တည်နေရာရွှေ့ပြောင်းပြီး ခရီးဝေးဝေး သွားလေ ၊ ပိုအန္တရာယ် များလေပဲ ။အဲဒါကြောင့် သည်နေရာမှာ ခရီးတိုလေးတွေပဲ သွားလို့ရတဲ့ တည်နေရာရွှေ့ပြောင်း ဝင်္ကပါတွေကို တည်ဆောက်ထားတာ "

အချက်အလက်နဲ့ တိတိကျကျ ပြောရမယ် ဆိုရင်တော့ အရိပ်အသူရာချောက်ထဲမှာ ဥပဒေသတွေ ဖောက်လွဲဖောက်ပြန် ဖြစ်မနေဘူး ဆိုရင်လည်း လဝန်းနီ အင်ပိုင်ယာထဲမှာ ရှိတဲ့ မြို့ကြီး ၆၆၀နဲ့ ချိတ်ဆက်ဖို့ရာက မဖြစ်နိုင်ပါဘူး ။

အဆင့်မြင့်တဲ့ ကုန်းမြေတိုက်ကြီး ဆိုတာက တည်နေရာရွှေ့ပြောင်း  ဝင်္ကပါ တည်ဆောက်ရတဲ့ စရိတ် ပိုကြီးမားတယ်ဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။

တည်နေရာရွှေ့ပြောင်း ဝင်္ကပါကို တည်ဆောက်ရတာက မလွယ်ကူလှပါဘူး ။ သည်ဝင်္ကပါကို တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေထဲမှာဆိုရင် အချို့ပစ္စည်းတွေဟာ ရှာဖွေတွေ့ရှိဖို့အတွက် မဖြစ်နိုင်သလောက်ကို ရှားပါးလွန်းလှပါတယ် ။ အထူးသဖြင့် တည်နေရာရွှေ့ပြောင်း ဝင်္ကပါ တည်ဆောက်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ နေရာလစ်လပ် သလင်းကျောက်တွေပါပဲ ။

တခြားကုန်းမြေတိုက်က လာတဲ့ ဘုရင်အဆင့် ဂိုဏ်းတွေဟာ သူတို့နေထိုင်ရာ ကုန်းမြေတိုက်တွေရဲ့ အရင်းအမြစ်တွေ အကုန်လုံးကို  အသုံးပြုပြီးမှသာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်နဲ့ ဆက်သွယ်နိုင်တဲ့ တည်နေရာရွှေ့ပြောင်း ဝင်္ကပါကို တည်ဆောက်နိုင်တာ ဖြစ်ပါတယ် ။

လဝန်းနီ အင်ပိုင်ယာက ကြွယ်ဝချမ်းသာတယ် ဆိုပေမယ့်လည်း အစွမ်းထက် ပညာရှင်တွေနဲ့ ဂိုဏ်းတွေ လိုအပ်မှု ရှိနေဆဲပါပဲ ။ အဲသည်အတွက် သူတို့ဟာ အင်ပိုင်ယာ တစ်ခုလုံးရဲ့ အရင်းအမြစ်တွေကိုသုံးပြီး တခြားကုန်းမြေတိုက်တွေက လာတဲ့ ဂိုဏ်းတွေ တည်ဆောက်ထားတဲ့ တည်နေရာရွှေ့ပြောင်း ဝင်္ကပါထက် ပိုကောင်းတဲ့ ဝင်္ကပါမျိုးကို မတည်ဆောက်နိုင်ပါဘူး။ တည်နေရာရွှေ့ပြောင်း ဝင်္ကပါတွေ တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်ဟာ အင်ပိုင်ယာတစ်ခု တတ်နိုင်တာထက်ကို ကျော်လွန်နေခဲ့ပြီလို့ ဆိုရပါမယ် ။

အဲသည်အတွက် လဝန်းနီ အင်ပိုင်ယာဟာ  အဓိက မြိုတော်ကြီး အချို့ နဲ့ ဧကရာဇ် နန်းစိုက်ရာ မင်းနေပြည်တော်ကို ဆက်သွယ်ပေးနိုင်တဲ့ တည်နေရာရွှေ့ပြောင်း ဝင်္ကပါတွေကိုသာ တည်ဆောက်ဖို့   တတ်စွမ်းနိုင်ခဲ့ပါတယ် ။ ကျန်တဲ့ မြို့တွေမှာတော့ တည်နေရာရွှေ့ပြောင်း ဝင်္ကပါတွေ လုံးဝ မရှိပါဘူး ။

သည်အရိပ်အသူရာ ချောက်ထဲမှာတောင်မှ လဝန်းနီ အင်ပိုင်ယာဟာ တည်နေရာရွှေ့ပြောင်း ဝင်္ကပါတွေကို မတတ်သာလို့ လာတည်ဆောက်ထားရတာပါ ။ တကယ်လို့သာ သည်အရိပ်အသူရာချောက်က အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ မထုတ်လုပ်ပေးဘူးဆိုရင် သူတို့ဟာ တည်နေရာရွှေ့ပြောင်း ဝင်္ကပါ တစ်ခုတောင် တည်ဆောက်ထားပေးမှာ မဟုတ်ပါဘူး ။

" ဟေ့လူတွေ …… မြန်မြန် သူ့ကို တားကြစမ်းပါ ။ အဲသည်လူဆီမှာ    အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်တုံး ပါလာတယ် "

အက်ကွဲကြောင်းရဲ့ အတွင်းပိုင်းကနေ မဟူရာ လေဝဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး အဲသည် လေဝဲထဲကနေ လူနှစ်ဦး ရှေ့ဆင့် ၊ နောက်ဆင့် ပြေးထွက်လာကြပါတယ် ။

အစောပိုင်းက အော်လိုက်သူကတော့ အနောက်က လူပါပဲ ။

" အဆင့်မြင့်  ဝိညာဉ်ကျောက်တုံးလား "

" သူတို့ နှစ်ယောက်တည်းနဲ့လေ "

" ဟား……ဟား…… နောက်ဆုံးတော့ ငါ ချမ်းသာတော့မယ်ကွ ။ သည်ကောင့်ကို တားလိုက်နိုင်တာနဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးတော့ ရမှာပဲ ။ အဲဒါဆိုရင် ကျန်တဲ့ ငါ့ဘဝ တစ်လျှောက်လုံး ပူပင်နေစရာ မလိုတော့ဘူး "

အနောက်ကလူရဲ့ အော်သံကို ကြားအပြီးမှာတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် အမြောက်အများဟာ  အရှေ့ကလူရဲ့ ပြေးလမ်းဆီကို ပြေးဝင်သွားကြပါပြီ ။

' ဟင် … သည်လူတွေက မပျံနိုင်ဘူးလား '

လီဖူချန်းက ပြေးလွှားနေတဲ့ လူအုပ်ကိုကြည့်ပြီး အချက်တစ်ချက်ကို သတိပြုမိ သွားပါတယ် ။ အဲဒါကတော့ လူအုပ်ထဲက တစ်ယောက်မှ ပျံသန်းသွားလာခြင်း မပြုကြတာပါပဲ ။ပြီးတော့ သူတို့က အဝေးကနေ တိုက်ခိုက်ခြင်း မလုပ်ဘဲ အနီးကပ် တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပါသေးတယ် ။

လင်းရှုက အားလုံးကို ရှင်းပြလိုက်ပါတယ် ။

" သည်နေရာက အရိပ်အသူရာချောက်ရဲ့ အဝင်ဝ ဆိုပေမယ့် ဖောက်လွဲဖောက်ပြန် ဖြစ်နေတဲ့ ဥပဒေသတွေက စိမ့်ထွက်နေပြီ ။အဲသည်အတွက် သည်နေရာမှက ပျံသန်းလို့ မရသလို အဝေးကနေလည်း တိုက်ခိုက်လို့ မရဘူး ။တကယ်လို့သာ သည်နေရာကို တိုက်ပွဲဝိညာဉ်နယ်ပယ် ဘုရင်တစ်ပါး ရောက်လာခဲ့ရင် အခြေအနေတွေက ပိုတောင် ဆိုးသွားဦးမယ် ။ သည်နေရာက ဥပဒေသတွေက တိုက်ပွဲဝိညာဉ်နယ်ပယ် ဘုရင်တစ်ပါးကို ဘေးဒုက္ခ အမျိုးမျိုး ပေးစွမ်းနိုင်တယ် ။ အဲသည်တော့ ငါတို့အနေနဲ့ သည်နေရာကို မူလပင်လယ်နယ်ပယ် ဘုရင်တွေ ရောက်လာမှာကို လုံးဝ ကြောက်နေစရာ မလိုဘူး "

လင်းရှုတစ်ယောက် လီဖူချန်းတို့ကို ရှင်းပြနေစဉ်မှာပဲ အရိပ်အသူရာချောက်ထဲကနေ ပထမဦးဆုံး ထွက်လာတဲ့သူဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်သိုက်ရဲ့ ဝိုင်းဝန်းမှုကို ခံလိုက်ရပါပြီ ။

ဒါပေမဲ့လည်း အဲသည်လူက သည်အတိုင်း ငြိမ်ခံမနေပါဘူး ။ သူက   အရောင်တဖိတ်ဖိတ် တောက်ပနေတဲ့ ကျောက်မျက်ရတနာ တစ်ခုကို ရုတ်တရက် ထုတ်ယူပြီး ထုချေပစ်လိုက်ပါတယ် ။

ချွင်….ချွင်……ချွင်……

ချွမ်……ချွမ်……

လူတိုင်းကို မျက်စိကျိန်းသွားစေလောက်တဲ့ အလင်းရောင် တစ်ခုဟာ မီတာတစ်ရာ ပတ်လည်ကို လွှမ်းခြုံသွားခဲ့ပါပြီ ။ အဲသည်အလင်းရောင်က စူးရှလွန်းလှတဲ့အတွက် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေဟာ ကိုယ့်လက်ကိုယ်တောင် မမြင်နိုင်တော့ပါဘူး ။

အဲသည်အချိန်မှာပဲ အစောပိုင်းက အရိပ်အသူရာ ချောက်ထဲကနေ  ထွက်ပြေးလာတဲ့သူဟာ တည်နေရာရွှေ့ပြောင်း စင်မြင့်တစ်ခုပေါ်ကို ခုန်တက်ပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံး စွမ်းအင်ဖြည့်သွင်းကာ တည်နေရာ ရွှေ့ပြောင်းသွားပါတော့တယ် ။

" လခွီးပဲ "

" သွားပြီဟေ့ ။ ငါ့ရဲ့ သူဌေးဖြစ်မယ့် အခွင့်အရေး ဆုံးရှုံးသွားပြီဟ "

ထွက်ပြေးသွားတဲ့ လူကို တားဆီးဖို့ ကြိုးစားခဲ့ကြတဲ့ လူတွေကတော့ မချိတင်ကဲ ဖြစ်ရုံမှတပါး ဘာမှ မတတ်နိုင်တော့ပါဘူး ။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်တုံးဆိုတာက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းနဲ့ အတူတူပါပဲ ။ တကယ်လို့သာ အဲဒါတွေကို လေလံတင်လိုက်မယ်ဆိုရင် တစ်တုံးကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းခွဲ ဒါမှမဟုတ် နှစ်သောင်းနဲ့တောင် အသာလေး ရောင်းလို့ ရလောက်ပါသေးတယ် ။

ဟူး……ဟူး……ဟူး……

လူတွေအားလုံး စိတ်ဓာတ်ကျနေစဉ်မှာပဲ မဟူရာ လေဝဲအတွင်းကနေ  နောက်ထပ် လူတစ်ယောက် ထွက်လာခဲ့ပြန်ပါတယ် ။

" အဲသည်ကောင်ကို တားကြစမ်း ။ သူ့ဆီမှာလည်း သေချာပေါက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ ပါလာမှာပဲ "

အစောပိုင်းတုန်းကတည်းက စုဝေးနေတဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် အုပ်စုကြီးဟာ လေဝဲအတွင်းက ထွက်လာတဲ့လူကို ရှေ့ဆက်သွားခွင့် မပြုတော့ပါဘူး ။

" သွားစမ်း "

ဘန်း……ဘန်း……ဘန်း………

ဒါပေမဲ့လည်း သည်တစ်ကြိမ်မှာတော့ သူတို့ဟာ ပစ်မှတ် မှားယွင်းသွားခဲ့ပါပြီ ။

သည်တစ်ကြိမ် လေဝဲအတွင်းက ထွက်လာတဲ့သူဟာ အစောပိုင်းက လူလို မဟုတ်ပါဘူး ။ အဲသည်လူက သူ့ကို တားဆီးထားတဲ့ လူတွေအကုန်လုံးကို တစ်ချက်တည်းနဲ့ ရိုက်ထုတ်ပစ်လိုက်ပါတယ် ။ ပြီးတော့ သူက အသက်ရှုချိန် အနည်းငယ် အတွင်းမှာပဲ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် ဆယ်ယောက်ကျော်ကို သတ်ဖြတ်ပစ်လိုက်ပါသေးတယ် ။

' အင်း…… သည်လူရဲ့ အစွမ်းက ကြယ်၁ပွင့် ဗိုလ်ချုပ် အဆင့်မှာပဲ '

လီဖူချန်းအတွက် ဆိုရင်တော့ သည်လူက ဘာမှ မဟုတ်ပါဘူး ။ သူက ကြယ်၁ပွင့် ဗိုလ်ချုပ် အဆင့်မှာသာ ရှိပါတယ် ။

လေဝဲအတွင်းကနေ ထွက်လာတဲ့ သူကလည်း လီဖူချန်းတို့ အုပ်စုကို သတိထားမိသွားပုံပါပဲ ။ လီဖူချန်းတို့အဖွဲ့ ရှိနေတာကို သတိပြုမိပြီးတဲ့ နောက်မှာတော့ အဲသည်လူဟာ ဆက်မတိုက်တော့ဘဲ တည်နေရာရွှေ့ပြောင်း စင်မြင့်တစ်ခုကို အလျင်အမြန် အသက်သွင်းကာ ထွက်သွားပါတော့တယ် ။

" ကဲ…… လာကြဟေ့ ။ ငါတို့လည်း ဝင်ကြရအောင် "

လင်းရှုက သူတို့အဖွဲ့ဝင်တွေကို ဆော်သြ လိုက်ပါတယ် ။

သူ့ရဲ့ အမြင်မှာတော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ၊ နှစ်တုံးဟာ ဘာမှ မဟုတ်ပါဘူး  ။ သူက အဆင့်မြင့် ဝိညာဉ်ကျောက်တွင်းတွေကိုသာ  စိတ်ဝင်စားတာပါ ။

ဟူး……ဟူး……ဟူး……

အဲသည်နောက်မှာတော့ လင်းရှုဦးဆောင်တဲ့ ခြောက်ဦး အဖွဲ့ဟာ မဟူရာ လေဝဲအတွင်းကို ဝင်သွားခဲ့ကြပါပြီ ။

*****-------*******-------*********--------******

သည်နေရာ မှိုင်းညှို့နေပြီး ထူးဆန်းတဲ့ ကမ္ဘာကြီး တစ်ခုပါပဲ ။

ကောင်းကင် တစ်ခုလုံးကိုလည်း အရိပ်မည်းကြီးတွေက ဖုံးအုပ်ထားပြီး တောင်တန်းကြီးတွေရဲ့ ထိပ်မှာတော့ ထူးဆန်းတဲ့ သားရဲပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းနေတဲ့ အရိပ်ကြီးတွေ ရှိနေပါတယ် ။ တောင်တန်းကြီးတွေ ၊ ကောင်းကင်တွေမှ ထူးဆန်းတာ မဟုတ်ပါဘူး ။ သည်နေရာမှာ ပေါက်ရောက်နေတဲ့ သစ်ပင်တွေ နဲ့ မြက်ပင်တွေတောင်မှ အလွန်အမင်း ထူးဆန်းတယ်လို့ ဆိုရပါမယ် ။

" သည်မြေကြီးက ဘယ်လိုလဲဟ "

လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ် ။

သူက မြေပြင်ပေါ်ကို ခြေချလိုက်ပြီးတာတောင်မှ အခုထက်ထိ မြေကြီးကို နင်းထားတယ်လို့ မခံစားရသေးပါဘူး။

လင်းရှုက အားလုံးကို ရှင်းပြလိုက်ပါတယ် ။

" ကောလာဟလတွေအရ ဆိုရင်တော့ သည်နေရာမှာ တိုက်ခိုက်ခဲ့ကြတဲ့ သူတော်စင် နှစ်ပါးထဲက တစ်ပါးက အရိပ်တာအိုကို ဆရာတစ်ဆူ အဆင့်အထိ ကျွမ်းကျွမ်းကျင်ကျင် နားလည် သဘောပေါက်ထားတယ်တဲ့ ။ ဒါကြောင့်ပဲ သည်အရိပ်အသူရာ ချောက်ထဲမှာ အရိပ်တာအိုက အရမ်း အားကောင်းနေတာ ။ အားလုံး သတိထားကြ ။ သည်နေရာမှာက အန္တရာယ် အရမ်းများတယ် "

ရှုး……

လင်းရှု သတိပေးလို့တောင် မဆုံးသေးပါဘူး ။ သူတို့ရဲ့ ညာဘက်ခြမ်းမှာရှိတဲ့ မြက်ပင်တွေကြားထဲကနေ အရိပ်မြက် တစ်ပင်ဟာ လီဖူချန်းဆီကို တိုးဝင်လာခဲ့ပါတယ် ။

" သွားစမ်း "

ွှွှရွှီး……

ဒါပေမဲ့လည်း သည်တိုက်ခိုက်မှုက လီဖူချန်းအတွက်ကတော့ ဟာသပါပဲ ။ သူက လက်ညှိုးနဲ့လက်ခလယ်ကိုပူးပြီး ဓားဆန္ဒတစ်ခု ပြန်ပစ်လွှတ်လိုက်ပါတယ် ။

ဖန်း……

လီဖူချန်းရဲ့ အားကောင်းလှတဲ့ ဓားဆန္ဒနဲ့ အတွေ့မှာတော့ အရိပ်မြက်ပင်ဟာ တစ်စစီ ဖြစ်သွားခဲ့ပါပြီ ။

ဂါး…ဂရား……

ဝေါင်း……ဝေါင်း……

အရိပ်အသူရာချောက်ဟာ နာမည်ကျော်ကြားတဲ့အတိုင်း တကယ်လည်း အန္တရာယ်များတဲ့ နေရာပါပဲ ။

အရိပ်မြက်ပင်ရဲ့ တိုက်ခိုက်မှုကို ခံရတာမှ သိပ်မကြာသေးပါဘူး ။ လီဖူချန်းတို့အုပ်စုဟာ စူးရှတဲ့ ဟိန်းဟောက်သံကြီးတွေကို  ကြားလိုက်ရပြန်ပါတယ် ။

အံ့သြစရာကောင်းတာ တစ်ခုကတော့ သည်ဟိန်းဟောက်သံတွေဟာ  မိစ္ဆာသားရဲတွေ ၊ မိစ္ဆာတွေရဲ့ ဟိန်းဟောက်သံနဲ့ မတူဘဲ လူသားတွေရဲ့ အော်ဟစ်နေတဲ့ အသံနဲ့ တူနေတာပါပဲ ။

" အားလုံး သတိထားကြ ။ အဲဒါက ဖုတ်ဝင်နေတဲ့ အလောင်းတွေနဲ့ တူတယ် "

လင်းရှုရဲ့ မျက်နှာကတော့ လေးနက် တည်ကြည်သွားခဲ့ပါပြီ ။

ဟိန်းဟောက်သံတွေကတော့ တဖြည်းဖြည်း သူတို့နဲ့ ပိုနီးကပ်လာပါတယ် ။

" အဲဒါက ငါတို့နဲ့ သိပ်မဝေးဘူး "

လီဖူချန်းက သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို ဖြန့်ကြက်ရင်းနဲ့ ပြောလိုက်ပါတယ် ။ သည်နေရာမှာက လိပ်ပြာ အသိစိတ်အာရုံ ဖြန့်ကြက်မှုကို အဝေးကြီး ဖြန့်ကြက်လို့ မရပေမယ့်လည်း လီဖူချန်းကတော့ လုံလောက်တဲ့ အတိုင်းအတာ တစ်ခုအထိ ဖြန့်ကြက်နေနိုင်ဆဲပါပဲ ။

" အဲဒါက တစ်ကိုယ်လုံး မည်းနက်နေတဲ့ မိစ္ဆာ တစ်ကောင်ပဲ ။ ပြီးတော့ လူနဲ့လည်း ဆင်တယ် "

လီဖူချန်းရဲ့ လိပ်ပြာအသိစိတ် အာရုံက ခန္ဓာကိုယ် တစ်ခုလုံး မည်းနက်နေပြီး သံအရေပြားမျိုးကို ပိုင်ဆိုင်ထားတဲ့ အရာတစ်ခုကို အာရုံ ခံလိုက်မိပါတယ် ။ သူ့ရဲ့ အာရုံခံမှုက လုံးဝ မှားယွင်းစရာ အကြောင်း မရှိပါဘူး ။

သိပ်မကြာခင်မှာပဲ အဲသည် မိစ္ဆာကောင်ဟာ သူတို့ဆီကို ရောက်ရှိလာခဲ့ပါပြီ ။

" ငါ တာဝန်ယူလိုက်မယ် "

ချီယုက သူ့ရဲ့ သံယပ်တောင်ကို ပိတ်လိုက်ပြီး ငွေရောင် ဓားတစ်လက်ကို ထုတ်ကာ အဲသည် လူနဲ့တူတဲ့ မိစ္ဆာကောင်ကို ခုတ်ပိုင်းပစ်လိုက်ပါတယ် ။

ထန်……

မီးပွားလေးတွေ ပွင့်ထွက်သွားခဲ့ပေမယ့် မိစ္ဆာကောင်ဟာ ဘာမှ မဖြစ်သွားခဲ့ပါဘူး ။ဒါပေမဲ့လည်း ဓားချက်ရဲ့ အရှိန်ဟာ ပြင်းထန်လွန်းလှတဲ့အတွက် မိစ္ဆာကောင်ကို လွင့်ထွက်သွားစေခဲ့ပါတယ် ။

" မာလိုက်တဲ့ အရေပြား "

ချီယုက အံ့အားသင့်စွာနဲ့ ရေရွတ်လိုက်ပါတယ် ။ သူ့ရဲ့ မျက်နှာကတော့ ပျက်ယွင်းနေခဲ့ပါပြီ ။

လင်းရှုက ချီယုကို နှစ်သိမ့်လိုက်ပါတယ် ။

" သည်ဖုတ်ဝင် အလောင်းကောင်တွေက ကျင့်ကြံသူတွေရဲ့ အလောင်းတွေကနေ ဖြစ်တည်လာခဲ့တာ ။ အဲသည်အတွက် သာမန် အလောင်းကောင်တွေနဲ့ မတူဘူး ။ သည်ကောင်တွေက သတ်ဖို့ အရမ်းခက်တယ် ။ စိတ်ဓာတ်ကျမနေနဲ့ "

" ဒါက ဖုတ်ဝင်နေတဲ့ အလောင်းကောင်ပဲ မဟုတ်ဘူးလား "

ရှန်းတုံကတော့ အတော်လေး ဘဝင်မကျ ဖြစ်နေပုံပါပဲ ။

သူက အရှေ့ကို ခုန်ထွက်လိုက်ပြီး ဖုတ်ဝင် အလောင်းကောင်းရဲ့ ခေါင်းကို တုတ်နဲ့ ရိုက်ခွဲလိုက်ပါတယ် ။

ဘုန်း……

ဖုတ်ဝင် အလောင်းကောင်ရဲ့ ခေါင်းဟာ ဖရဲသီး တစ်လုံးကို ကျောက်ခဲနဲ့ ထုချလိုက်သလို ကွဲကြေသွားခဲ့ပါပြီ ။

" သည်ကောင်က ထင်သလောက်လည်း မမာပါလား "

ရှန်းတုံက မထီတရီ ပြုံးပြီး ပြောလိုက်ပါတယ် ။ ပြောမယ့်သာ ပြောရတာပါ ။ သူက ညာဘက်လက်ကို မသိမသာ ခါယမ်းနေပါသေးတယ် ။ သူက အလောင်းကောင်ကို  ရိုက်တဲ့ အခါမှာ တန်ပြန်အားကို ပြန်ပြီး  ခံလိုက်ရတာ အသိသာကြီးပါပဲ ။

***

All Chapters