သေရေးရှင်ရေးအခြေအနေ
Vol. 83 Ch. 1164
ရှောင်တု၏ သေဆုံးမှုမှာ မြန်ဆန်လွန်းလှသည်။
အန်လင်းတို့သည် ဘာမှပင် မပြောလိုက်နိုင်ပဲ ၎င်း၏ခေါင်းမှာ ပေါက်ကွဲသွားရသည်။
နဂါးဧကရီ၏ အစစ်အမှန် အသွင်ဖြစ်သော သက်တံ့ရောင် နဂါးခန္ဓာမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။
သို့သော် သူမသည် အံ့ဖွယ်တာအိုအား ထိန်းချုပ်နေရကြောင်း အန်လင်း အာရုံခံမိသည်။
ထိုသည်မှာ အံ့ဖွယ်တာအို၏ ဝိဥာဥ်စွမ်းအင်ကဲ့သို့သော အရာမျိုးပင်။
“လမိုက်ည ခရင်းခွ ပြောသလိုပဲ။ စွမ်းအင်အပြည့်အဝ မသုံးရင် သတ်မရလောက်ဘူးပဲ။”
နဂါးကြီးသည် ရှောင်တုအား မီးမှုတ်ကာ အန်လင်းတို့အား ကြည့်ရှုလာသည်။
အန်လင်း မျက်နှာပျက်ကာ ဂမ်ဒမ်သုံးနှင့် ယောင်ကျီးတို့အား စေလွှတ်လိုက်သည်။
နဂါးဧကရီသည် ၎င်းတို့အား တစ်ချက်တည်း တိုက်ခိုက်လိုက်သောကြောင့် အန်လင်းမှာ စုရှောင်လန်အား ဆွဲပြေးရတော့သည်။
နဂါးဧကရီသည် တာအိုပေါင်းစည်းခြင်း အဆင့်အောက် အမှန်တကယ် ပြိုင်ဘက်ကင်းသူ ဖြစ်နေသည်။
“ငါ့လက်အောက်ခံတွေကိုသတ်ပြီး အခုမှ ပြေးချင်နေတာလား။”
ထိုစကားနှင့်အတူ နဂါးဧကရီ ပျောက်ကွယ်သွားသည်။
လေဟာနယ် ခုန်ကျော်ခြင်း....
အန်လင်း ကြက်သီးထကာ မီးနတ်ဘုရားအသွင် ပြောင်းလိုက်သည်။
မီးနတ်ဘုရားလက်သီး.....
ထင်မှတ်ထားသည့်အတိုင်း နဂါးဧကရီမှာ သူ့အနား ရောက်ရှိလာသည်။
“အရေနွှာငါးရဲ့ နာကျင်မှု...”
အဝါရောင် အံ့ဖွယ်တာအို အလုံးတစ်လုံး ဖြစ်ပေါ်လာသည်။
အန်လင်းမှာ ထိုအလုံးအား ထိုးမိပြီးနောက် သူ၏ မီးနတ်ဘုရားလက်သီးမှာ မျက်စိတမှိတ်အတွင်း အစိပ်စိပ်အမြွှာမြွှာ ဖြစ်သွားရလေသည်။
ဝုန်း....
နဂါးဧကရီသည်လည်း လွင့်ထွက်သွားရပါသော်လည်း တည်တည်ငြိမ်ငြိမ် ရှိနေသည်။
“အား....”
အန်လင်း အော်ဟစ်လိုက်သည်။
“ငါ့လက်. ...”
သူအံကြိတ်လိုက်ရသည်။
“အန်လင်း...”
စုရှောင်လန် ထိတ်လန့်သွားကာ နဂါးစာကလေးဓားပေါ် သွေးအဆီအနှစ် ချလိုက်သည်။
သူမသည် မြင့်မြတ်မီးတောက်နှင့် လျှပ်စီးများ ဖြာထွက်နေသော နဂါးစာကလေးဓားဖြင့် နဂါးဧကရီအား တိုက်ခိုက်လိုက်သည်။
မီးတောက်လျှပ်စီးများမှာ ကီလိုမီတာ များစွာတိုင် ပြန့်ကားသွားလေသည်။
ထိုသည်မှာ ကမ္ဘာမြေပေါ် နဂါးနှင့် ဗာမီလီယမ် ဆင်းသက်လာသလိုပင်။
အဝေးမှ မိစ္ဆာနဂါးများသည်ပင် ထိုဓားစိတ်ဆန္ဒအား ခံစားမိကြသည်။
“အဝိုင်းပြားရဲ့ နာကျင်မှု...”
နဂါးဧကရီထံမှ အဝိုင်းပြားသဏ္ဍာန် နယ်ပယ်တစ်ခု ပေါ်ထွက်လာသည်။
ထိုအဝိုင်းပြားသည် နဂါးဧကရီအား လွှမ်းခြုံသွားသည်။
ဓားချက်သည် နဂါးဧကရီအား ခြစ်ရာကလေးသာ ပေးလိုက်နိုင်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
စုရှောင်လန် မယုံကြည်နိုင် ဖြစ်သွားရသည်။
ရန်သူမှာ ထင်မှတ်ထားသည်ထက် အဆပေါင်းများစွာ သာလွန်နေ၏။
လေဟာနယ်မှာ စတင်ကျစ်လစ်လာသည်။
စုရှောင်လန်သည် တောင်ကြီးတစ်လုံး ပြုတ်ကျလာသလို ခံစားလိုက်ရပြီး ဓားကိုသာ ဒိုင်းကာလုပ်ထားရသည်။
ဝုန်း....
သူမ၏ ခုခံကာကွယ်ရေးများ ပျက်စီးသွားလေပြီ။
ဘန်း....
စွမ်းအင်လှိုင်းဂယက်များ ဖြာထွက်လာသည်။
“တကယ်ပါပဲ။”
စုရှောင်လန် အသက်ရှင်နေသေးကြောင်း နဂါးဧကရီ ခံစားမိသည်။ သူမအား ထပ်မံတိုက်ခိုက်တော့မည့် အချိန်မှာပင် အန္တရာယ် အငွေ့အသက်အား ရရှိလိုက်လေသည်။
အန်လင်းသည် မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်အား အသက်သွင်းကာ အဆင့်မြင့် စိတ်ဝိဥာဥ်လက်နက် တစ်ခုအား ဖျက်စီးပစ်လိုက်သည်။
ဓားမြှုပ်နှံခြင်း...
ကိုးတောင်တန်းနတ်ဓား...
ပြင်းထန်လှသော ဓားစိတ်ဆန္ဒများနှင့်အတူ ရွှေရောင်ဓားပုံရိပ်ကြီးအား မြင်လိုက်ရသည်။
ထိုဓားသည် ကြောက်မက်ဖွယ် အရှိန်နှင့် နဂါးဧကရီထံ ရောက်ရှိလာသည်။
“လှောင်အိမ်တစ်ခုရဲ့ နာကျင်မှု...”
နဂါးဧကရီရှေ့တွင် ရွှေခေါင်းလောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ဒုန်း....
ရွှေဓားနှင့် ရွှေခေါင်းလောင်းတို့ ထိပ်တိုက်တွေ့ဆုံသွားကြသည်။
နဂါးဧကရီသည် စွမ်းအင်အပြည့်အဝ ထုတ်ဖော်ထားပါသော်လည်း ရွှေခေါင်းလောင်းမှာ အက်ကွဲတော့မည့် အရိပ်အယောင်များ ပြသလာသည်။
သူမ စွမ်းအင်များ ထပ်မံထည့်သွင်းလိုက်သည်။
ဓားပုံရိပ်မှာ စတင်တုန်ခါလာရသည်။
ရွှေခေါင်းလောင်းကြီး ပျက်စီးသွားချိန်မှာပင် ဓားပုံံရိပ်လည်း ပျောက်ကွယ်သွားလေသည်။
“ဒီလိုဟာမျိုးက ရှိသေးတာလား။”
နဂါးဧကရီ အနည်းငယ် အံ့အားသင့်နေမိသည်။
အန်လင်းသည်လည်း အမူအရာ ပြောင်းလဲသွားရသည်။
ဒင်းက ဘာမှတောင် မဖြစ်ပါလား.... ဘယ်လိုလုပ် တိုက်ရပါ့မလဲ.....
နဂါးဧကရီနောက်သို့ ငွေရောင်ပုံရိပ်တစ်ခု ရောက်ရှိလာသည်။
ထိုသည်မှာ ယောင်ကျီး ဖြစ်သည်။
အမှောင်ထု ဖျက်စီးခြင်းအမြှောက်...
နဂါးဧကရီမှာလည်း သက်တံ့ရောင်များ မှုတ်ထုတ်လိုက်သည်။
သက်တံ့ရောင်စဥ်သည် အမြှောက်အား ဖျက်စီးကာ ယောင်ကျီးကို ဝါးမြိုသွားသည်။
ကြယ်စင်ကောင်းကင်ယံထဲတွင် သက်တံ့ရောင်မှာ ရင်သက်ရှုမောဖွယ် ဖြစ်နေ၏။
အဆုံးတွင်မူ ထိုသက်တံ့ရောင်စဥ်မှာ မီးရှူးမီးပန်းများအလား ပေါက်ကွဲသွားတော့သည်။ ကောင်းကင်ပေါက်မှာလည်း ပိုကျယ်သွားလေပြီ။
အန်လင်းသည် ရှောင်တု၏ စကားများအား ပြန်လည်ကြားယောင်လာသည်။ ထိုကောင်းကင်ပေါက်သည် ကမ္ဘာပျက်ကိန်းစစ်စစ်ပင်။
ယောင်ကျီးသည် အရည်ပျော်ကျတော့မည့် အနေအထားဖြင့် ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။
“ကြမ်းလိုက်တာ။”
အန်လင်း ရေရွတ်လိုက်သည်။
နဂါးဧကရီမှာ သူ၏ရှေ့သို့ မျက်စိတမှိတ်အတွင်း ရောက်ရှိလာသည်။
တိုက်ပွဲများတွင် လေဟာနယ် ခုန်ကျော်ခြင်းမှာ အိပ်မက်ဆိုးတစ်ခုပင်။
ဝုန်း....
နဂါးလက်သည်းများကြောင့် အန်လင်း မြေပြင်ပေါ် ပြုတ်ကျသွားရသည်။
သူသည် မိစ္ဆာရှင်းဓားနှင့် ခုခံပါသော်လည်း မထူးလှပေ။
“အန်လင်းကိုလွှတ်လိုက်.....”
စုရှောင်လန်မှာ နဂါးစာကလေးဓားနှင့်အတူ ရောက်ရှိလာသည်။
သူမသည် ဆိုးဆိုးရွားရွား ထိခိုက်ထားပါသော်လည်း အန်လင်းအတွက် တိုက်ခိုက်ရန် တွန့်ဆုတ်မနေခဲ့ပေ။
“နင့်နောက်လိုက်နေစရာ မလိုတော့ဘူးပဲ။”
နဂါးဧကရီမှာ အံ့ဖွယ်တာအို အစွမ်းအား ထုတ်လွှတ်လိုက်သည်။
“လှောင်အိမ်တစ်ခုရဲ့ နာကျင်မှု...”
ရွှေခေါင်းလောင်းကြီးတစ်ခု ပေါ်ထွက်လာပြန်သည်။
အန်လင်း မျက်နှာပျက်သွားရသည်။
တကယ်ကို လွတ်လမ်းမရှိတော့ဘူးပဲ....