နဂါးမင်းပိုင်နက် စစ်နတ်ဘုရား၏ နောက်ဆုံးတိုက်ပွဲ
Vol. 83 Ch. 1165
စုရှောင်လန်မှာ နဂါးစာကလေးဓားဖြင့် နဂါးဧကရီအား တိုက်ခိုက်လိုက်သည်။
သို့သော် နဂါးဧကရီမှာ အားကောင်းလွန်းနေသောကြောင့် စုရှောင်လန်သာ လွင့်ထွက်သွားရသည်။
၎င်းတို့နှစ်ဦးကြားတွင် ကွာခြားချက်မှာ ပြောစရာပင် မလိုလောက်အောင် သိသာလွန်းနေသည်။
စုရှောင်လန် ရွှေခေါင်းလောင်းကြီးနှင့် တိုက်မိကာ သွေးအန်သွားရသည်။
သူမသည် တိုက်ပွဲစိတ်ဆန္ဒများဖြင့် နဂါးစာကလေးဓားအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲပင်။
ထိုအချိန်တွင် နဂါးဧကရီ အမူအရာ ပြောင်းလဲသွားရသည်။
“နောက်ထပ် နဂါးတစ်ကောင် လာနေတာလား။ သတ်ပစ်ရမှာပေါ့။”
သူမသည် အန်လင်းအား အရင်ရှင်းထုတ်ရန် ပြင်လိုက်သည်။
သေရေးရှင်ရေး အခြေအနေကြောင့် အန်လင်းသည် လိပ်ခွံတစ်ခု ရှိနေပြီဖြစ်ကာ နဂါးဧကရီ၏ တိုက်ခိုက်မှုသည်ပင် ခြစ်ရာကလေးသာ ထင်သွားစေသည်။
“ဘာကြီးလဲဟ...”
နဂါးဧကရီ မျက်လုံးပြူးသွားရသည်။
သူမ အနည်းငယ်တွေးကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
ထိုလိပ်ခွံနှင့် အချိန်ဖြုန်းနေစရာ အကြောင်းမရှိပေ။
“လိပ်ခွံက အသုံးဝင်သားပဲ။”
စုရှောင်လန် ပြုံးကာပြောလာသည်။
အန်လင်း အသက်ရှင်နေသောကြောင့်သာ သူမ သက်ပြင်းချနိုင်ခြင်း ဖြစ်သည်။
အန်လင်းသည်လည်း တောက်ပနေသော လိပ်ခွံအား ကျေးဇူးတင်မိသည်။
“အခု ရွှေခေါင်းလောင်းကို ဖယ်ဖို့လုပ်ရအောင်။”
အန်လင်း စကားဆိုလိုက်သည်။
၎င်းတို့စတင် လှုပ်ရှားလိုက်ကြသည်။
ကီလိုမီတာ ငါးရာအကွာ၌....
အော့ရှန်းယွီမှာ အလင်းတန်းများထံ ဦးတည်နေသည်။
တိုက်ပွဲများနှင့် ကမ္ဘာပျက်မည့် အရိပ်အယောင်များကြောင့် သူဘာလုပ်သင့်သည်ကို ကောင်းစွာသိရှိနေသည်။
သူအသက်ရှင်နိုင်ရန် မိစ္ဆာနဂါးများ၏ အကြံအစည်အား တားဆီးရပေလိမ့်မည်။
ကမ္ဘာပျက်လျှင် ၎င်းတို့အားလုံး လွတ်မြောက်နိုင်မည် မဟုတ်ပေ။
အော့ရှန်းယွီသည် ထိုက်ချူကုန်းမြေ၏ အတော်ဆုံး လှံသမား မဟုတ်ပါလော။
ထို့ကြောင့် သူတစ်ဦးတည်း ရန်သူများကြား ဝင်ရောက်နိုင်ပေလိမ့်မည်။
သက်တံ့ရောင် နဂါးတစ်ကောင် ရုတ်တရတ် ပေါ်ထွက်လာသည်။
“ဘယ်သူလဲ။”
အော့ရှန်းယွီ လှံအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
ထိုမိစ္ဆာနဂါး၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ် ကောင်းလွန်းပြီး ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့် ဖြစ်ပုံရသည်။
“ငါက နဂါးဧကရီပဲ။”
သက်တံ့ရောင်နဂါး အေးစက်ခက်ထန်စွာ တုံ့ပြန်လာသည်။
ပြင်းထန်လှသော ဖိအားများကြောင့် အော့ရှန်းယွီမှာ အသက်ရှူပင် ကြပ်လာရသည်။
အော့ရှန်းယွီ : “.....”
နဂါးဧကရီက တိုက်ပွဲထဲ ရှိမနေသင့်ဘူးလေ...
ဘာတွေဖြစ်နေတာလဲ....
အော့ရှန်းယွီ စိတ်အားတည်ငြိမ်စေလိုက်သည်။
“ကျုပ်က အခြေအနေ လာကြည့်တာ။ နဂါးဧကရီ ခင်ဗျား ဘာတွေလုပ်နေတာလဲ။”
“အခုလုပ်မှာတော့ နင့်ကိုသတ်ဖို့ပဲ။”
နဂါးဧကရီ စကားဆိုလာသည်။
အော့ရှန်းယွီ အမူအရာ ပြောင်းလဲသွားရသည်။
“အပြောကတော့ ရွှေမန်းပါလား။”
သူ၏ဗလများ တောင့်တင်းကာ လှံထိပ်တွင် အဖြူရောင် နဂါးလက်သည်းတစ်ခု ထွက်ပေါ်လာသည်။
“နဂါးသတ်လှံသွား....”
အော့ရှန်းယွီမှာ နဂါးဧကရီ၏ ဦးခေါင်းအား ချိန်ရွယ်တိုက်ခိုက်လိုက်သည်။
နဂါးမင်းပိုင်နက်၏ စစ်နတ်ဘုရားသည် တိုက်ပွဲစွမ်းရည် အမှန်တကယ် ကောင်းမွန်လှသည်။
မည်သို့ပင်ဆိုစေကာမူ နဂါးဧကရီမှာ တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။
အနီရောင် အံ့ဖွယ်တာအို အစွမ်းများ ပျံ့နှံ့ထွက်ပေါ်လာလေသည်။
“သတ်ဖြတ်ခြင်းရဲ့ နာကျင်မှု...”
ထိုအနီရောင်အလင်းသည် ကြည့်မိရုံမျှနှင့်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။
အော့ရှန်းယွီမှာ သွေးများ ကပြောင်းကပြန် စီးနေသလို ခံစားလိုက်ရသည်။
“ဘာတွေဖြစ်နေတာလဲ။”
သူမျက်နှာပျက်သွားရသည်။
နဂါးဧကရီ၏ တိုက်စားခြင်း စွမ်းအင်အား သူ၏ အံ့ဖွယ်တာအိုနှင့်ပင် ခုခံမရပေ။
“ငါ့မှာ အချိန်မရှိဘူး။ ကျေးဇူးပြုပြီး မြန်မြန်သေပါတော့။”
နဂါးဧကရီ သွေးမျက်ရည်များ စီးကျလာသည်။
ထို့နောက် ကောင်းကင်ထက်မှ သွေးမိုးများ ရွာသွန်း လာလေသည်။
အော့ရှန်းယွီ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါလာရသည်။
ဝုန်း....
သူ၏ ဒွာရပေါက်များမှ သွေးများစီးကျလာသည်။
အကန့်အသတ်မဲ့သော သွေးများမှာ ဉာဥ့်အချိန်တွင် ရဲရဲတောက်နေ၏။
အန်လင်း နှိပ်စက်စဥ်ကပင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သော သူ၏လှံမှာ လွတ်ကျသွားခဲ့လေပြီ။
နဂါးဧကရီမှာ အော့ရှန်းယွီ၏ ခန္ဓာကိုယ်အား ဆွဲဖြဲပစ်လိုက်သည်။
“ပြီးသွားပြီ။”
နဂါးဧကရီလည်း သွေးအန်လိုက်ရသည်။
“အချိန်မရှိတော့ဘူး။ အန္တရာယ် မှန်သမျှ ဖယ်ထားမှ ဖြစ်မယ်။”
သူမမှာ ထိုစကားနှင့်အတူ ပျောက်ကွယ်သွားပြန်သည်။
အန်လင်းတို့မှာ ရွှေခေါင်းလောင်းအား ဖျက်စီးလိုက်နိုင်လေပြီ။
နဂါးဧကရီအား မတားနိုင်ပါက ထွက်ပြေးခဲ့လျှင်ပင် ကမ္ဘာပျက်ကပ်နှင့်အတူ ပါသွားမည်ဖြစ်ကြောင်း ၎င်းတို့ သိရှိထားသည်။
မည်သို့ပင်ဆိုစေကာမူ စစ်ကူမပါပဲ နဂါးဧကရီအား အနိုင်တိုက်နိုင်ရန် လုံးဝမဖြစ်နိုင်ပေ။
၎င်းတို့ စတင်ထွက်ခွာလာစဥ်မှာပင် အော့ရှန်းယွီ အသတ်ခံရသည်ကို တွေ့လိုက်ရသည်။
နဂါးဧကရီမှာ ၎င်းတို့ တွေးထင်ထားသည်ထက် အဆရာထောင်မက ကြောက်မက်ဖွယ် ကောင်းလွန်းနေသည်။
အန်လင်းတို့ မဆိုင်းမတွပင် ထွက်ပြေးတော့သည်။
၎င်းတို့နှစ်ဦးလုံးသည် နဂါးဧကရီ လက်ထဲတွင် အသက်ရှင်နိုင်မည် မဟုတ်ကြောင်း ကျိန်းသေပေါက် သေချာနေကြသည်။
ဂမ်ဒမ်သုံးနှင့် ယောင်ကျီးမှာလည်း ပြန်မကောင်းသေးပေ။
လက်ရှိအချိန်တွင် မည်သည့်စစ်ကူမှ အနားရှိမနေပေ။
ခေတ္တမျှ ကြာပြီးနောက်....
နဂါးဧကရီမှာ ၎င်းတို့ရှေ့ ရောက်ရှိလာတော့သည်။