← Chapters

နတ်ဘုရားဝိညာဉ်ထိုးချက်

Vol. 107 Ch. 1493

နတ်ဘုရားဝိညာဉ်ထိုးချက်

Vol. 107 Ch. 1493

စွမ်းအားကြီး သိုင်းသမားများ အကြားမှ တိုက်ပွဲများမှာ ကျင့်ကြံခြင်းအဆင့်နှင့် ဆန်းကြယ်စွမ်းရည်များကိုသာ ယှဉ်ပြိုင်ခြင်း မဟုတ်ပေ။ တိုက်ပွဲဗျူဟာများအပေါ်တွင် များစွာမူတည်သည်။

တိုက်ပွဲဗျူဟာများက ဆန်းကြယ်စွမ်းရည်များ၊ လျှို့ဝှက်အတတ်များကဲ့သို့ မဟုတ်ပေ။ ဥပမာအားဖြင့် တစ်ယောက်သည် တိုက်ပွဲအစတွင် အားနည်းဟန်‌ဆောင်ထားပြီး တိုင်ပွဲအလယ်လောက်မှ ရုတ်တရက် တန်ပြန်တိုက်ခိုက်ကာ တစ်ချက်တည်းနှင့် အနိုင်ယူနိုင်သည်။ သို့မဟုတ် ‘ဟာကွက်’တစ်ခုကို တမင်ဖော်ပြကာ ရန်သူက အနိုင်ရတော့မည်ဟု တွေးခါမှ ရုတ်တရက် တိုက်ခိုက်၍ ရန်သူကို သတ်ပစ်နိုင်သည်။

အခြားနည်းလမ်းတစ်မျိုးမှာ ယခု အဆိပ်ဝိညာဉ် အသုံးပြုနေသော နည်းလမ်းဖြစ်သည်။ သူသည် ပြိုင်ဘက်ကို ရည်ရွယ်ချက်ရှိရှိ အာရုံလွှဲနေခြင်းပင်။ ထိုမှ ပြိုင်ဘက်ကို အနိုင်ယူနိုင်မည်ဖြစ်သည်။

လူအများစုကက အဆိပ်ဝိညာဉ်က ယိုထျန်းနီ၏ ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ကို ဖောက်နိုင်ကြောင်း မသိကြသော်လည်း အရည်အချင်းပြည့်ဝသော သိုင်းသမားများသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် အဆိပ်ဝိညာဉ်ဘက်က လုံးဝအရေးသာနေကြောင်း ပြောနိုင်ကြပေသည်။ စောင့်ကြည့်ရမည်မှာ အဆိပ်ဝိညာဉ်က သုံးကွက်အတွင်း ယိုထျန်းနီကို မည်သို့အနိုင်ယူသွားမည်ဆိုခြင်းပင်။

ဝီ...ဝီ...

ယိုထျန်းနီ၏ အနီရောင်ဓားက လေကိုဖြတ်ကာ လေခွင်းသံများ ထွက်ပေါ်လာနေစေသည်။ ယိုထျန်းနီက မီးဓာတ်စည်းမျဉ်းများကို ကျင့်ကြံသူတစ်ယောက် ဖြစ်ရမည်။ သူ့ဓား၏အစွန်းတွင် မီးလှိုင်းတစ်ခု ရှိနေသည်။ ယခုတွင် ယိုထျန်းနီနှင့် အဆိပ်ဝိညာဉ်တို့က မြင့်မားသော ကောင်းကင်ထက်တွင် ရှိနေကြသော်လည်း အပူလှိုင်းက အောက်ဘက်မှ လူများအထိ ရောက်လာပေသည်။ ထို့ပြင် ယိုထျန်းနီ၏ တိုက်ခိုက်မှုများက အလွန်ထူးခြားသည်။ မြင့်မားသော အပူချိန်က ပတ်ဝန်းကျင်ကို တွန့်ခေါ်နေစေသလိုပင်။ အကယ်၍ တစ်စုံတစ်ယောက်က သူ၏တိုက်ခိုက်မှုကို ခံလိုက်ရမည်ဆိုလျှင် ထိုလူ၏ အရှိန်က နှေးသွားမည်ဖြစ်သည်။ ထို့နောက် ထိုလူက တွန့်ခေါက်လာသော အာကာပြင်ထဲတွင် ပိတ်မိကာ မည်သည့်နေရာသို့မှ ထွက်ပြေးနိုင်တော့မည် မဟုတ်ချေ။

သို့သော်...

အဆိပ်ဝိညာဉ်အားလုံးက ကိုယ်ပွားများဖြစ်ကြသည်။ ယိုထျန်းနီက အစွမ်းကုန်သုံး၍ တိုက်ခိုက်နေသော်လည်း အဆိပ်ဝိညာဉ်အစစ်အမှန်ကို မတိုက်ခိုက်မိပေ။ ထို့ကြောင့် သူ အလွန်စိတ်လှုပ်ရှားလာပြီး သွေးပင်အန်သွားသည်။ နောက်ဆုံးကိုယ်ပွား‌ ပျောက်ကွယ်သွားသောအခါ ယိုထျန်းနီ အသက်ရှူရန် ဟန်ပြင်လိုက်၏။ သို့သော် သူ့‌အောက်ဘက်ရှိ အာကာပြင်က တုန်ခါသွားပြီး ထိုနေရာမှနေ၍ အဆိပ်ဝိညာဉ် ထွက်ပေါ်လာသည်။ ယိုထျန်းနီက အောက်ဘက်ကို ဓားဖြင့်ပိုင်းရန် လုပ်လိုက်ချိန်တွင် သူ့ဘယ်ဘက်၊ ညာဘက်နှင့် အထက်တို့တွင် အာကာပြင် တုန်ခါသွားပြီး ဂယက်များက တည်ငြိမ်သောရေကန်တစ်ကန်ကဲ့သို့ ရုတ်တရက် စုဝေးသွားသည်။

ထိုဂယက်အစုအဝေးမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါလှိုင်းများ ထွက်လာ၏။ ၎င်းအရှိန်အဝါများက ကမ္ဘာဦးဟွင့်သွမ့်သားရဲ၏ အရှိန်အဝါကဲ့သို့ပင်။ ယိုထျန်းနီသည် အလွန်တုန်လှုပ်နေသော်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ အောက်ဘက်သို့ ဓားဖြင့်ပိုင်းလိုက်၏။ တစ်ချိန်တည်းမှာပဲ သူလည်း ပျံဆင်းသွားသည်။

နောက်ဆုံးတွင် ယိုထျန်းနီ ဉာဏ်ကို ထုတ်သုံးလာတတ်ပေပြီ။ သူ သားကောင်းမဖြစ်လိုတော့ဘဲ မုဆိုးသာဖြစ်လိုလာသည်။ အဆိပ်ဝိညာဉ်က သုံးကွက်ကာ အသုံးပြုနိုင်သည်။ ယခု သူက နှစ်ကွက်ကို ထုတ်သုံးပြီးသွားပြီဖြစ်သည်။ ယိုထျန်းနီသာ နောက်တိုက်ကွက်ကို ကာနိုင်လိုက်မည်ဆိုလျှင် အဆိပ်ဝိညာဉ် ရှုံးသွားပေလိမ့်မည်။ ကျန်းရီကလည်း သူ့ကိုတွေ့တိုင်း ဒူးထောက် အရိုအသေပေးရမည်ဖြစ်သည်။

“အရူးပဲ...”

စွမ်းအားကြီး သိုင်းသမားများစွာသည် ယိုထျန်းနီက အောက်ဘက်သို့ အရှိန်အဟုန်အပြည့်ဖြင့် ပျံဆင်းသွားသည်ကို မြင်လိုက်သောအခါ ခေါင်းခါ၍ သက်ပြင်းချလိုက်ကြသည်။ အဆိပ်ဝိညာဉ်သည် အစကတည်းက ဤထောင်ချောက်ကို ဆင်ခဲ့ခြင်းပင်။ ယိုထျန်းနီက သူဆင်ထားသည့်အကွက်ထဲသို့ နာနာခံခံ ဝင်လာပေပြီ။

အဆိပ်ဝိညာဉ်က အဘယ်ကြောင့် ကိုယ်ပွားများစွာ ဖန်တီးခဲ့ပြီး သူ၏တည်နေရာကို အယောင်ပြခဲ့ရသနည်း။ ယိုထျန်းနီကို နေရာမှရွေ့စေကာ သတိလက်လွတ်ဖြစ်သွားစေရန်ဖြစ်သည်။ အကယ်၍ ယိုထျန်းနီသာ နေရာမှာပင် မြဲမြဲရပ်၍ ခံစစ်ကစားနေမည်ဆိုလျှင် အဆိပ်ဝိညာဉ်၏ နောက်ဆုံးတိုက်ကွက်ကို ကာနိုင်လောက်ပေသည်။

နောက်ဆုံးတွင်...

မျှော်လင့်ထားသလိုပင်။

ယိုထျန်းနီက အောက်ဘက်သို့ ပျံဆင်းသွားသောအခါ သူ့အရှေ့ ပေတစ်ထောင်အကွာမှ အာကာပြင်က စတင်လှုပ်ရှားလာလေသည်။ ထို့နောက် မရေမတွက်နိုင်သော အဆိပ်ဝိညာဉ်များ ထွက်ပေါ်လာကာ သူတို့က ဓားများအဖြစ် ပြောင်းလဲ၍ ယိုထျန်းနီထံ ပျံဝင်သွားကြသည်။ သူတို့ထံမှ ထွက်ပေါ်လာသော သတ်ဖြတ်အရှိန်အဝါက ယိုထျန်းနီကို လုံးဝတုန်လှုပ်သွားစေသည်။ သူက အရှိန်အဟုန်အပြည့်ဖြင့် ပျံဆင်းနေခြင်းဖြစ်သော်လည်း ယခု ရုတ်ခြည်း ရပ်တန့်ကာ အဆိပ်ဝိညာဉ်၏ နောက်ဆုံးတိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်ရန် ဟန်ပြင်လိုက်သည်။

ရွှီး...

ယိုထျန်နီ၏အာရုံက သူ့အရှေ့ရှိ ကိုယ်ပွားများထံသို့သာ ရောက်နေသည်။ ထိုစဉ်ရုတ်တရက် သူ့အနောက်မှနေ၍ အစိမ်းရောင်အလင်းပျောက်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းအလင်းပျောက်က နတ်ဘုရားအလင်းတန်းတစ်ခုအလား ယိုထျန်းနီ၏ ဓားကိုင်ထားသော ဘယ်ဘက်လက်ဆီ တန်းတန်းမတ်မတ် ပျံဝင်သွားသည်။ ယင်းကို ယိုထျန်းနီ သတိပင် မပြုမိလိုက်ချေ။

ထိုအစိမ်းရောင်အလင်းပျောက် ထွက်ပေါ်လာသောအခါ အသက်ကြီးသည့် ဘွဲ့ထူးရစစ်နတ်ဘုရားအဆင့် တပ်မှူးအချို့၏ မျက်လုံးများ လင်းလက်သွားသည်။ သူတို့ထဲမှ တစ်ယောက်က ရေရွတ်လိုက်သည်။

“နတ်ဘုရားဝိညာဉ်ထိုးချက်... အဆိပ်ဝိညာဉ်က ဝိညာဉ်မျိုးနွယ်ရဲ့ တော်ဝင်မိသားစုကလား”

ရွှစ်...ရွှစ်...အား...

ယိုထျန်းနီသည် အစိမ်းရောင်အလင်းပျောက်က သူ့ဘယ်ဘက်လက်ကို ဖောက်ထွင်းသွားမှာ နာကျင်တကြီး အော်လိုက်နိုင်သည်။ ထို့ကြောင့် ၎င်းထိုးချက်က မည်မျှ လျင်မြန်ကြောင်း သိနိုင်ပေသည်။ အောက်ဘက်မှ လူအများစုသည် ထိုအစိမ်းရောင်အလင်းပျောက်၏ နောက်တွင် ထွက်ပေါ်လာခဲ့သော အရိပ်ကို ရှင်းရှင်းလင်းလင်းပင် မမြင်လိုက်နိုင်ကြချေ။ သူ၏အမြန်နှုန်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ရာ ပုံစံပြောင်းလဲထားသော သိမ်းငှက်ဘုရင်လေးပင် ထိုအမြန်နှုန်းကို မယှဉ်နိုင်လောက်ချေ။

“အား...”

ယိုထျန်းနီ နာကျင်တကြီး အော်ဟစ်နေ၏။ သူ့ဘယ်ဘက်လက်က တုန်ခါနေပြီး လက်ထဲမှ ပြုတ်ကျသွားသော ထိပ်တန်းအဆင့် နတ်ဘုရားဓားကို လေထဲတွင် ပေါ်လာသော လက်တစ်ဘက်က ဖမ်းလိုက်သည်။ ဓား လုယူခံလိုက်ရပေပြီ။ ယိုထျန်းနီအရှေ့မှ ကိုယ်ပွားများလည်း တဖြည်းဖြည်း ပြန်ပျောက်ကွယ်သွားသည်။ ထို့နောက် ယိုထျန်းနီ၏ နားထဲတွင် အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာ၏။

“မင်း ရှုံးပြီ”

“အာ...”

ပွဲကြည့်ပရိသတ်များသည် အဆိပ်ဝိညာဉ်က ယိုထျန်းနီးအနောက်တွင် ရပ်နေသည်ကို မြင်လိုက်သောအခါ မှင်တက်သွားကြ၏။ အဆိပ်ဝိညာဉ်၏ ဓားမြှောင်က ယိုထျန်းနီ၏ နတ်ဘုရားချပ်ဝတ်ကို ဖောက်ထွင်းနေပြီး သူ့ကျန်လက်တစ်ဘက်က ယိုထျန်းနီ၏ အနီရောင်ဓားကို ကိုင်ထားသည်။

ယိုထျန်းနီတစ်ယောက် အမှန်ပင် ရှုံးနိမ့်သွားပေပြီ။

အကယ်၍ အစောမှတိုက်ခိုက်မှုသာ ယိုထျန်းနီ၏ လက်ကို မဖောက်ဘဲ နှလုံးသား သို့မဟုတ် ဦးနှောက်ကို ဖောက်သွားမည်ဆိုလျှင် ယိုထျန်းနီ သေပြီးနေပြီဖြစ်သည်။ အဆိပ်ဝိညာဉ်က ညှာခဲ့ခြင်းပင်။ သို့သော် လူများသည် နားမလည်နိုင်ကြပေ။ အဆိပ်ဝိညာဉ်၏ နတ်ဘုရားအသုံးအဆောင်က အလယ်အလတ်အဆင့်သာဖြစ်သည်။ သို့ဖြစ်ရာ အဘယ်သို့ ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ကို ဖောက်နိုင်ရသနည်း။ ထိုအသုံးအဆောင်နှစ်ခုက အဆင့်နှစ်ဆင့်ကွာပေသည်။

အချို့က နားမလည်သော်လည်း အတွေ့အကြုံပိုများသူများက နားလည်ကြသည်။ ယခုတွင် သူတို့သည် အဆိပ်ဝိညာဉ်အပေါ် အမြင်ပြောင်းသွားကြပေပြီ။

နတ်ဘုရားဝိညာဉ်ထိုးချက်...

၎င်းက ဝိညာဉ်မျိုးနွယ်၏ စွမ်းအားအကြီးဆုံး သတ်ဖြတ်စွမ်းရည်ဖြစ်သည်။ ထို့ပြင် ကျွင်းကျင်ရန် အခက်ခဲဆုံး လျှို့ဝှက်အတတ်လည်း ဖြစ်သည်။ လက်ရှိ ဝိညာဉ်မျိုးနွယ်ထဲတွင် ငါးယောက်လောက်သာ ထိုအတတ်ကို ကျွမ်းကျင်ကြလောက်သည်။ ယင်းအပြင် ထိုငါးယောက်က ဝိညာဉ်မျိုးနွယ်ထဲမှ ကျော်ကြားသော စွမ်းအားကြီး သိုင်းသမားများ ဖြစ်ကြသလို တော်ဝင်မိသားစုဝင်များ ဖြစ်ကြသည်။

အဆိပ်ဝိညာဉ်သည် သူက ဝိညာဉ်မျိုးနွယ်မှ ‌မောင်းထုတ်ခံခဲ့ရသူဖြစ်ကြောင်း ပြောခဲ့သည်။ သို့ဖြစ်ရာ သူက တော်ဝင်မိသားစုဝင် မဖြစ်နိုင်ပေ။ ဝိညာဉ်မျိုးနွယ်က တော်ဝင်မိသားစုဝင်များကို မောင်းမထုတ်ခဲ့ဖူးချေ။ ရီဖျောင်ဖျောင်ပင် သူတော်စင်ဝိညာဉ်တောင်အောက်၌သာ ချုပ်နှောင်ခံထားရသည်။ နတ်ဘုရားဝိညာဉ်ထိုးချက်ကို တတ်မြောက်ထားသည့် တော်ဝင်မိသားစုမှ မဟုတ်သူက မရှိသလောက်ရှားသည်။ ဝိညာဉ်မျိုးနွယ်၏ သမိုင်းတစ်လျှောက်တွင်ပင် တော်ဝင်မိသားစုမှ မဟုတ်ဘဲ ထိုအတတ်ကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့သူများက လက်တစ်ဆုပ်စာသာ ရှိပေသည်။

မည်မျှပါရမီထူးသူနည်း...

ဝိညာဉ်မျိုးနွယ်က ထိုကဲ့သို့သော ပါရမီရှင်တစ်ယောက်ကို အမှန်ပင် မောင်းထုတ်ခဲ့သည်လော။ လူများစွာသည် ဝိညာဉ်မျိုးနွယ်ကို အပြစ်တင်လိုက်ကြ၏။ အဆိပ်ဝိညာဉ်သည် နတ်ဘုရားဝိညာဉ်ထိုးချက်ကို တတ်မြောက်ထားပြီဖြစ်၍ သူ ဘွဲ့ထူး၍နတ်ဘုရားဧကရာဇ်အဆင့်ကို ရောက်သွားသည်နှင့် အုပ်ချုပ်သူအဆင့် သိုင်းသမားများမှလွဲ၍ ကျန်စွမ်းအားကြီး သိုင်းသမားအားလုံးကို အနိုင်ယူနိုင်ပေလိမ့်မည်။ ရှေးဦးဝိညာဉ်ရတနာနှင့် အဆင့်တူသော စစ်ချပ်ဝတ် မရှိလျှင် သို့မဟုတ် မင်ရည်တောင်ပံမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများကဲ့သို့ မလျှင်မြန်လျှင် မည်သူကမှ သူ၏ ထိုးချက်ကို ကာနိုင်၊ ရှောင်နိုင်လိမ့်မည် မဟုတ်ပေ။

‘ကျန်းရီက အဲ့လို စွမ်းအားကြီး သိုင်းသမားမျိုးကို ဘယ်လိုလုပ်ပြီး ဝိညာဉ်ကျွန်လုပ်ထားနိုင်တာလဲ’

လူများစွာ၏ အတွေးထဲတွင် အထက်ပါမေးခွန်း ထွက်ပေါ်လာသည်။ စွမ်းအားကြီး သိုင်းသမားအားလုံးတွင် မာန်မာနရှိကြ၏။ သူတို့သည် မိမိထက် အားနည်းသူတစ်ယောက်၏ ဝိညာဉ်ကျွန်ဖြစ်ရန် မဆိုထားနှင့် ဒူးပင် အလွယ်တကူထောက်ကျမည် မဟုတ်ချေ။ ကျန်းရီ၏ တိုက်ခိုက်စွမ်းအားက အဆိပ်ဝိညာဉ်၏ တိုက်ခိုက်စွမ်းအားထက် မြင့်သည်လော။ ယင်းက မဖြစ်နိုင်ပေ။

အဆိပ်ဝိညာဉ်သည် သူ၏ဓားမြှောင်ကို ပြန်သိမ်းလိုက်ပြီး ထိပ်တန်းအဆင့် နတ်ဘုရားဓားကို ယိုထျန်းနီထံ ပြန်ပစ်ပေးကာ ပြောလိုက်၏။

“ကျုပ်ရဲ့သခင်က ပြောလိုက်တယ်။ မိစ္ဆာချေဖျက်စစ်တပ်မှာ စစ်စည်းမျဉ်းတွေရှိသလို မီးဖီးနစ်တပ်မှာလည်း ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်။ ကျုပ်တို့က တမလွန်ဘုံမိစ္ဆာတွေကို ရှင်းပစ်ဖို့ ဒီကို ရောက်နေကြတာ။ အချင်းချင်း ပြန်တိုက်ခိုက်ကြဖို့ မဟုတ်ဘူး။ သူက ပြဿနာမတက်ချင်ပေမဲ့ ပြဿနာလာရှာမဲ့သူတွေကို ကြောက်နေမှာ မဟုတ်ဘူး။ အားလုံး အဲ့ဒါကို စိတ်ထဲမှာ မှတ်သားထားဖို့ သူ မျှော်လင့်ပါတယ်”

အဆိပ်ဝိညာဉ်သည် ပြောဆိုပြီးနောက် အလင်းတန်းတစ်တန်းအလား မီးဖီးနစ်တပ်ဆီသို့ ပျံသန်းကာ အားလုံး၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။

ရင်ပြင်ထဲတွင် တိတ်ဆိတ်၍ ကျန်ခဲ့၏။ သခင်လေးများ၏ မျက်နှာများက နီမြန်းနေကြသည်။ ကျန်းရီက ကိုယ်တိုင်ပင် ထွက်မလာခဲ့ဘဲ သူ၏ဝိညာဉ်ကျွန်ကိုသာ စေလွှတ်၍ ထိုနေရာရှိ သခင်လေးများ၏ မျက်နှာကို ခပ်ဆတ်ဆတ် ဖြတ်ရိုက်လိုက်ပေသည်။ မိစ္ဆာချေဖျက်စစ်တပ်ထဲရှိ အဖွဲ့အစည်းအသီးသီးလည်း မျက်နှာပျက်သွားရသည်။ ယိုထျန်းနီ၏ မျက်နှာက ပို၍ပင် မည်းမှောင်နေသည်။ သူသည် မည်သို့မှ မပြောဘဲ ရဲတိုက်တစ်တိုက်ထဲသို့သာ ပျံဝင်သွားလေသည်။

တပ်မှူးများနှင့် သခင်လေးများလည်း တိတ်တဆိတ် ပြန်သွားကြ၏။ သို့သော် လှပသော သခင်မလေးအချို့၏ မျက်ဝန်းများက တလက်လက် တောက်ပနေ၏။ သူမတို့ထဲမှ အချို့သည် ကျန်းရီကို မမြင်ဖူးသော်လည်း ဘုံတစ်သောင်းပြိုင်ပွဲတွင် ကျန်းရီလုပ်ခဲ့သော ကိစ္စများကို ကြားဖူးထားကြသည်။ ၎င်းကို ယနေ့ဖြစ်ခဲ့သောကိစ္စနှင့် ပေါင်းစပ်လိုက်သောအခါ ထိုသခင်မလေးများအတွက် ကျန်းရီက စွမ်းအားကြီး၍ ဆန်းကြယ်သူတစ်ယောက် ဖြစ်လာလေသည်။

ထူးဆန်းသည်မှာ ဤကဲ့သို့ ကိစ္စကြီးတစ်ခု ဖြစ်ပျက်နေချိန်တွင် ချီချင်ချန်နှင့် သိမ်းငှက်ဘုရင်လေးတို့ ထွက်မလာခဲ့ခြင်းပင်။ ချီချင်ချန်က အမှန်ပင် အခန်းအောင်းကျင့်ကြံနေပြီး သိမ်းငှက်ဘုရင်လေးက အခြားကိစ္စများနှင့် အလုပ်ရှုပ်နေခြင်းဖြစ်သလောကို မည်သူမှ မသိကြပေ။

သို့သော် ကျန်းရီက သခင်လေးအားလုံး၏ ဘုံရန်သူဖြစ်သွားပြီဖြစ်ကြောင်းကို လူတိုင်း သိကြပေသည်။ မီးဖီးနစ်တပ်သည်လည်း မိစ္ဆာချေဖျက်စစ်တပ်ထဲရှိ ကျန်တပ်ဆယ်တပ်၏ ကြဉ်ခြင်းကို ခံရမည်ဖြစ်သည်။ ယနေ့ပြီးသွားလျှင်လည်း ကိစ္စများက တည်ငြိမ်သွားမည်မဟုတ်ချေ။ ပွဲက ယခုမှ စတင်၍ စိတ်ဝင်စားစရာကောင်းလာခြင်းပင်။

All Chapters