← Chapters

တကွဲတပြားစီ

Vol. 43 Ch. 574

တကွဲတပြားစီ

Vol. 43 Ch. 574

" အားလုံးဝိုင်းပြီး အတူ တိုက်ကြ "

လင်းရှုက ချီစွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပေးတဲ့ ဆေးတစ်လုံးကို ထုတ်သောက်လိုက်ပြီး အော်ပြောလိုက်ပါတယ်။သူတို့အနေနဲ့ အတူတကွ မတိုက်ခိုက်ရင်ဘူး ဆိုရင်တော့ သည်ဖုတ်အလောင်းကောင်ဘုရင် လက်ထဲကနေပြီး ထွက်ပြေး လွတ်မြောက်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။

တစ်ချိန်တည်းမှာပဲ သူက ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်ပါသေးတယ်။

ဝှီး……

အနက်ရောင် ပိုက်ကွန်ကြီး တစ်ခုဟာ ဖုတ်အလောင်းကောင် ဘုရင်ကို အုပ်မိုးသွားခဲ့ပါပြီ။

ကောင်းကင်အုပ်မိုး ပိုက်ကွန် ……

ဒါက မြေကမ္ဘာ အထွတ်အထိပ်အဆင့် မှော်ဝင်ရတနာ ပစ္စည်း တစ်ခုပါပဲ။

အဲဒါက အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကိုတောင် ဖမ်းထားနိုင်စွမ်း ရှိပါတယ်။ပြီးတော့ ရုန်းကန်လေလေ၊ ပိုက်ကွန်က ပိုပြီး တင်းကျပ်လာလေလေပါပဲ။ သည်ပိုက်ကွန်အတွင်းကို ကျရောက်သွားတဲ့သူဟာ ချီအတွင်းအား လည်ပတ်ဖို့တောင် မလွယ်ကူလှပါဘူး။

စီရင်စုတစ်ခုရဲ့ နယ်စားသားတော်ဖြစ်တဲ့ လင်းရှုရဲ့ ကြွယ်ဝချမ်းသာမှုဟာ လီဖူချန်း နဲ့ တခြားသူတွေ မခန့်မှန်းနိုင်လောက်တဲ့ အထိကို  ရောက်ရှိနေခဲ့ပြီလို့ ဆိုရပါမယ်။

" နောက်ဆုတ်စမ်း "

ချူးဝူရဲ့ တိုက်ပွဲ အတွေ့အကြုံဟာ အတော်လေးကို ရင့်ကျက်နေပုံပါပဲ။ သူက လင်းရှု ကောင်းကင်အုပ်မိုး ပိုက်ကွန်ကို ထုတ်လိုက်တာနဲ့ တစ်ပြိုင်နက် တခြားတစ်ဖက်ကို ခုန်ထွက်သွားပြီး ဖုတ်အလောင်းကောင်ဘုရင်ကို ပိုက်ကွန်ထဲ ရောက်အောင် ကျုံးသွင်းလိုက်ပါတယ်။ သူ့အနေနဲ့ သည်ဖုတ်အလောင်းကောင် ဘုရင်ကို ကောင်းကင်အုပ်မိုး ပိုက်ကွန်ထဲကနေ ဘယ်လိုနည်းနဲ့မှ လွတ်မြောက်သွားစေလို့ မဖြစ်ပါဘူး။

ရွှမ်း……

ခရမ်းရောင် ဓားမော့ အလင်းတန်းက ကမ္ဘာကြီးကိုတောင် နှစ်ခြမ်းခွဲပစ်တော့မယ့် အလားပါပဲ။

" အညှာအတာမဲ့ မျှောလွင့်မီးလျှံ "

လီဖူချန်းကလည်း သည်အတိုင်း ရပ်ကြည့်မနေပါဘူး။ သူက ကြေးဝါဓား အဆီအနှစ်ကို အသက်သွင်းလိုက်ပြီး ဖုတ်အလောင်းကောင် ဘုရင်ကို တခြားတစ်ဖက်ကနေ လှမ်းခုတ်လိုက်ပါတယ်။

ရွှမ်း……

ကြက်သွေးရောင် ပိုးချည်မျှင်အရွယ် ဓားအလင်းတန်း တစ်ခုဟာ ဖူတ်အလောင်းကောင် ဘုရင်ကို အထပ်ထပ် ရစ်သိုင်းသွားခဲ့ပါပြီ။

သူကလည်း  လင်းရှုရဲ့ ကောင်းကင်အုပ်မိုး ပိုက်ကွန်ကသာ သူတို့ရဲ့ တစ်ခုတည်းသော လွတ်မြောက်ရာ လမ်းကြောင်း ဖြစ်တယ်ဆိုတာကို သိပြီးသားပါပဲ။

" မြေနဂါး တိုက်ပွဲဝင် ခန္ဓာကိုယ် "

ရှန်းတုံကတော့ သူ့ရဲ့ မြေထု နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးထားခဲ့ပါပြီ။ သူက သူ့ရဲ့ သာမန် တန်ခိုးအစွမ်းဟာ ချူးဝူ နဲ့ လီဖူချန်းကို မယှဉ်နိုင်ဘူး ဆိုတာကို နားလည်ပြီးသား ဖြစ်ပါတယ်။ အဲသည်အတွက် သူ့အနေနဲ့ သူ့ရဲ့ မြေထု စွမ်းအားကို မထုတ်လို့ မရတော့ပါဘူး။

သူ့ရဲ့ မြေထု နတ်ဘုရားစွမ်းရည်ဖြစ်တဲ့ မြေနဂါး တိုက်ပွဲဝင် ခန္ဓာကိုယ်ဟာ မီးလျှံ နှလုံးသား၊ ရေခဲ နှလုံးသားနဲ့ စွမ်းဆောင်ပုံချင်း ဆင်တူပြီး အသုံးပြုသူရဲ့ ပျမ်းမျှ တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင့်ပေးနိုင်ပါတယ်။ဒါပေမဲ့ အဲဒါက ခန္ဓာကိုယ် ခွန်အားသီးသန့်ကိုသာ မြှင့်တင်ပေးတာပါ ။ မီးလျှံနှလုံးသား နဲ့ ရေခဲ နှလုံးသားတို့လို ချီအတွင်းအားကို မြှင့်တင်ပေးတာတော့ မဟုတ်ပါဘူး။

ဟူး……ဟူး……ဟူး……

ရှန်းတုံရဲ့ လက်ထဲက တုတ်ရှည်ဟာ တောက်ပလွန်းတဲ့ အဝါရောင် ရောင်ခြည်စက်ကွင်း တစ်ခုကို ထုတ်လွှတ်လာခဲ့ပါပြီ။

" ပြန်ဆုတ်စမ်း "

အဲသည်နောက်မှာတော့ ရှန်းတုံဟာ  ဖုတ်အလောင်းကောင် ဘုရင်ရဲ့ ဦးခေါင်းကို တုတ်နဲ့ အားရပါးရ သိမ်းကျုံးပြီး ရိုက်ထည့်လိုက်ပါတော့တယ်။

သူတို့သုံးယောက်စလုံးဟာ ကြယ်၂ပွင့်အဆင့် ဗိုလ်ချုပ်တွေ ဖြစ်ကြပြီး တိတိကျကျ ပြောရမယ်ဆိုရင်တော့ဖြင့် သူတို့ဟာ သာမန် ကြယ်၂ပွင့်အဆင့် ဗိုလ်ချုပ်တွေလို့တောင် မှတ်ယူလို့မရတဲ့ သူတွေပါ ။ အဲသည်အတွက် သူတို့သုံးယောက်ရဲ့ တိုက်ခိုက်မှုဟာ ကြယ်၃ပွင့် အဆင့် ဗိုလ်ချုပ်တစ်ပါးနဲ့ ညီမျှနေပြီလို့တောင် ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ဖုတ်အလောင်းကောင် ဘုရင်ကလည်း နှယ်နှယ်ရ မဟုတ်ပါဘူး။ သူက သာမန် ကြယ်၃ပွင့် အဆင့် ဗိုလ်ချုပ်တစ်ပါးထက်တောင်မှ ပိုပြီး သန်မာနေပါသေးတယ်။ သူ့ရဲ့ ခန္ဓာကိုယ် မာကျော ကြံ့ခိုင်မှုကို ဆိုရင်တော့ ပြောကို ပြောမနေပါနဲ့တော့။

ဝုန်း……

နားကွဲလုမတတ် ပေါက်ကွဲသံကြီး အပြီးမှာတော့ လီဖူချန်းတို့ သုံးယောက်ဟာ အနောက်ကို လွင့်ထွက်သွားခဲ့ကြပါပြီ။ ဖုတ်အလောင်းကောင် ဘုရင်ကတော့ တစ်ချက်လောက်သာ တုံ့ခနဲ ဖြစ်သွားပြီး ကောင်းကင်အုပ်မိုး ပိုက်ကွန်ရဲ့ အုပ်မိုးမှု အောက်ကနေ လွတ်မြောက် သွားပါတယ်။

ကောင်းကင်အုပ်မိုး ပိုက်ကွန်က သတ္တုလုံးလေး တစ်ခုအဖြစ် ပြန်လည် ပြောင်းလဲသွားတဲ့ အခါမှာတော့ လင်းရှုက အလျင်အမြန် ဖမ်းယူလိုက်ပြီး  အံကိုတင်းတင်းစေ့ကာ အော်ပြောလိုက်ပါတယ်။

" အားလုံး ပြေးကြတော့ဟေ့။ သည်ဖုတ်အလောင်းကောင် ဘုရင်က ငါတို့ရဲ့ ပြိုင်ဖက် မဟုတ်ဘူး။ ကံမကုန်ရင် ပြန်ဆုံကြမယ် "

စီရင်စုတစ်ခုကို အပိုင်စားရတဲ့ နယ်စားတစ်ပါးရဲ့ သားတော်ဖြစ်တဲ့ လင်းရှုဟာ ဘယ်လိုနည်းနဲ့မှ သူ့ရဲ့ အသက်ကို ရင်းပြီး သည်ဖုတ်အလောင်းကောင် ဘုရင်ကို ဆက်တိုက်စရာ အကြောင်း မရှိပါဘူး။ တကယ်လို့  သူ့အနေနဲ့ အသက်ကို ရင်းပြီး တိုက်ခိုက်ခိုက်ခဲ့ရင်တောင်မှ  ရလဒ်က သည်နေရာမှာ ဖုတ်အလောင်းကောင် တစ်ကောင် ထပ်တိုးလာတာပဲ အဖတ် တင်ပါလိမ့်မယ်။

ရွှီး……ရွှီး……ရွှီး……ရွှီး……

လင်းရှုရဲ့ ခန္ဓာကိုယ်ကနေ အရောင်စုံ အလင်းတန်းတွေ ဖြာထွက်လာအပြီးမှာတော့ လင်းရှုဟာ ဖုတ်အလောင်းကောင် အုပ်ကြီးထဲကနေ လမ်းကြောင်းတစ်ခု ဖွင့်ကာ ထွက်ပြေးသွားခဲ့ပါပြီ။

လင်းရှုအနေနဲ့ အခုလို ထွက်ပြေးသွားနိုင်တာဟာ ဘာမှ အံ့သြစရာ မရှိပါဘူး။ စီရင်စု တစ်ခုကို အပိုင်စား ရထားတဲ့ နယ်စားတစ်ပါးရဲ့ သားတော်ဟာ ငွေရောင်အလင်းတန်း လက်ပတ် နဲ့ ကောင်းကင်အုပ်မိုး ပိုက်ကွန်တို့အပြင် တခြား မှော်ဝင်ရတနာ ပစ္စည်းတွေကိုလည်း ပိုင်ဆိုင်ဦးမှာပါပဲ။ အဲသည်မှော်ဝင်ရတနာတွေကိုသာ အသုံးပြုလိုက်မယ်ဆိုရင် သူ့အနေနဲ့ ဖုတ်အလောင်းကောင် ဘုရင်ကို ထိပ်တိုက်ရင်ဆိုင်နိုင်ခြင်း မရှိရင်တောင်မှ အသာလေး ထွက်ပြေး လွတ်မြောက် နိုင်ပါတယ်။ ဒါကြောင့်လည်း လင်းရှုဟာ အရိပ်အသူရာချောက်ကို လာရောက်ဖို့အတွက် ယုံကြည်ချက်အပြည့် ရှိနေခဲ့တာပါ။

" ဘာလုပ်နေတာလဲ။ ပြေးကြတော့ဟ "

လင်းရှုကတော့ စတင်ဦးဆောင်ပြီး ထွက်ပြေးသွားခဲ့ပါပြီ။ လီဖူချန်း နဲ့ ကျန်တဲ့သူတွေဟာလည်း သည်အတိုင်းကျန်နေခဲ့ပြီး အသေခံဖို့ စိတ်ကူး မရှိကြပါဘူး။ အဲသည်အတွက် ချူးဝူ နဲ့ ရှန်းတုံဟာ ဘယ်ညာ နှစ်ဖက်ခွဲပြီး ကမူးရှူးထိုးထွက်ပြေးသွားကြပါတယ်။

လီဖူချန်းကတော့ အရမ်း လောမနေပါဘူး။ သူက သူ့ရဲ့ မှော်ဝင်ရတနာ ပစ္စည်းဖြစ်တဲ့ လေမိုးကြိုး တောင်ပံကို အသက်သွင်းပြီး ကောင်းကင်ပေါ်ကို သာသာယာယာပဲ  ပျံတက်သွားလိုက်ပါတယ်။သည်အရိပ်အသူရာ ချောက်ထဲမှာက ပံျသန်းမှုကို ပိတ်ပင်တားဆီး ထားပေမဲ့လည်း လေမိုးကြိုး တောင်ပံကြောင့် လီဖူချန်းဟာ လေထဲမှာ လေဟုန်စီးပြီး အချိန်အနည်းငယ် ပျံသန်းနိုင်မှာ အသေအချာပါပဲ။

" ဟင် …… သည်ကောင်က ပျံသန်းနိုင်တဲ့ မှော်ဝင်ရတနာကို ယူလာခဲ့တာလား "

လေထဲမှာ ပျံသန်းနေတဲ့ လီဖူချန်းကို  မြင်အပြီးမှာတော့ လင်းရှုနဲ့ တခြားသူတွေဟာ အနည်းငယ် မနာလိုစိတ်တွေ ဖြစ်ပေါ်သွားခဲ့ပါတယ်။

တကယ်လို့ သည်လိုအခြေအနေမျိုးနဲ့ ကြုံတွေ့ရမယ် ဆိုတာကိုသာ သူတို့အနေနဲ့ ကြိုသိခဲ့မယ်ဆိုရင် သူတို့ဟာလည်း ပျံသန်းနိုင်တဲ့ မှော်ဝင်ရတနာ ပစ္စည်းတွေ ယူခဲ့ကြမှာပါပဲ။

အထူးသဖြင့် လင်းရှုလို နယ်စားသားတော် အဆင့်အတန်း ရှိတဲ့သူ တစ်ယောက်ဟာ ပျံသန်းနိုင်တဲ့ မှော်ဝင်ရတနာ ပစ္စည်း တစ်ခုကို ရဖို့အတွက် သိပ်ပြီး ခဲယဉ်းလှမှာ မဟုတ်ပါဘူး။ သူ့အနေနဲ့ အချိန်အနည်းငယ် ပေးရရုံသာ ရှိမှာပါ။

ဟူး……

ကြည့်ရတာတော့ ဖုတ်အလောင်းကောင် ဘုရင်က ရှန်းတုံဟာ ထွက်ပြေးနေတဲ့ လူလေးယောက်ထဲမှာ အားအနည်းဆုံး ဆိုတာကို သိမြင်နေတဲ့ ပုံပါပဲ။ သူက အနက်ရောင် အလင်းတန်းတစ်ခုအသွင် ပြောင်းပြီး ရှန်းတုံနောက်ကို လိုက်သွားပါတယ်။

ရှန်းတုံက ဖုတ်အလောင်းကောင်း အုပ်စုကြီးရဲ့ တားဆီးမှုကြောင့် သိပ်ဝေးဝေးကို မပြေးနိုင်သေးပါဘူး။ ပြီးတော့ အဲသည်အုပ်စုထဲမှာက အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင်တွေ ပါနေပါသေးတယ်။

" မင်းက ငါ့ကို အားအနည်းဆုံးဆိုပြီး အရင်  သတ်ဖို့ စဉ်းစားနေတာပေါ့လေ "

ဖုတ်အလောင်းကောင် ဘုရင်က သူ့နောက်ကို လိုက်လာတာကို မြင်လိုက်ရတဲ့ အခါမှာတော့ ရှန်းတုံဟာ သူထွက်ပြေးလို့ မလွတ်နိုင်တော့ဘူး ဆိုတာကို ရိပ်စားမိသွား ခဲ့ပါပြီ။ အဲသည်အတွက် သူက အနောက်ကို လှည့်ပြီး ဖုတ်အလောင်းကောင် ဘုရင်နဲ့ ရင်ဆိုင်ဖို့ ပြင်လိုက်ပါတယ်။ဒါက သူ့အတွက် သူသေကိုယ်သေ တိုက်ပွဲပါပဲ။

ရှန်းတုံက သေမှာကို ဘယ်တုန်းကမှ ကြောက်ခဲ့တဲ့သူ မဟုတ်ပါဘူး ။ တကယ်လို့ သူ့အနေနဲ့  သည်နေရာမှာ သေသွားခဲ့မယ် ဆိုရင်တောင်မှ သူဟာ ဖုတ်အလောင်းကောင် ဘုရင်ကို တုတ်နဲ့ တစ်ချက်လောက် မရရအောင် ရိုက်သွားဦးမှာပါ။

ထန် ……

ကောင်းကင်ယံမှာ ရှိနေတဲ့ လီဖူချန်းက သူ့ရဲ့ ဓားကို ဆွဲထုတ်ပြီး အနီရောင် ပိုးကြိုးမျှင်နဲ့ ဖုတ်အလောင်းကောင် ဘုရင်ကို ရစ်သိုင်းစေလိုက်ပါတယ်။

" သေစမ်း "

ဘုန်း……

ဖုတ်အလောင်းကောင် ဘုရင်က လီဖူချန်းရဲ့ ဓားချက်ကြောင့် အနည်းငယ် တုံ့နှေးသွားစဉ်မှာပဲ ရှန်းတုံရဲ့ တုတ်ချက်က အညှာအတာ ကင်းမဲ့စွာ ကျရောက်လာပြီး သူ့ကို လွင့်ထွက်သွားစေခဲ့ပါပြီ။

" ကျေးဇူးပဲ "

ရှန်းတုံက မော့ကြည့်လိုက်ပြီး လီဖူချန်းကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပါတယ်။

တကယ်လို့ လီဖူချန်းကသာ ကြားကနေ ဝင်ပြီး မတိုက်ပေးခဲ့ရင် သူဟာ အခုလောက်ဆို ဖုတ်အလောင်းကောင် ဘုရင်ရဲ့ လက်ချက်ကြောင့် တစ်စစီ ဖြစ်နေလောက်ပါပြီ။

" ဟိတ် "

ဟူး……

ရှန်းတုံကတော့ ရလာတဲ့ အခွင့်အရေးကို လုံးဝ လက်လွှတ်မခံပါဘူး။ သူက ဖနောင့်တစ်ချက် ပေါက်လိုက်ပြီး အရှေ့ကို တစ်ဟုန်ထိုး ပြေးထွက်သွားခဲ့ပါပြီ ။တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ဖိနပ်တွေကလည်း စိမ်းပြာရောင်   အလင်းတန်းတွေကို ထုတ်လွှတ်ပေးနေပါသေးတယ်။ လီဖူချန်း ထင်တာသာ မမှားဘူး ဆိုရင်တော့ အဲဒါကလည်း မှော်ဝင်ရတနာ ပစ္စည်းတစ်မျိုးပဲ ဖြစ်ရပါမယ် ။ ပြေးနှုန်းကို မြှင့်တင်ပေးတဲ့ မှော်ဝင်ရတနာ ပစ္စည်းမျိုးပေါ့။

ဖုတ်အလောင်းကောင် ဘုရင်က အသိဉာဏ်နဲ့ စိတ်ဝိညာဉ် ရှိနေပြီ ဆိုပေမယ့်လည်း သိပ်ပြီး မြင့်မားသေးဟန်တော့ မရှိတာ အသိသာကြီးပါပဲ ။ သူက   ရှန်းတုံကို ပစ်မှတ်ထားနေရာကနေ ချက်ချင်း ပစ်မှတ်ပြောင်းပြီး  လီဖူချန်းနောက်ကို ပျံသန်း လိုက်ပါလာခဲ့ပါတယ်။

ဟူး……ဟူး……ဟူး……

ဖုတ်အလောင်းကောင် ဘုရင်ရဲ့ နောက်ကျောပေါ်မှာတော့  ဘယ်အချိန်ကတည်းကနေ ဘယ်လို တောင်ပံတစ်စုံ ပေါက်လာမှန်း မသိပါဘူး။ ပြီးတော့ အဲသည်တောင်ပံဟာ လင်းနို့တောင်ပံနဲ့ ဆင်တူနေပါသေးတယ်။

" သေစမ်း။ ငါတော့ နာပြီ "

လီဖူချန်းက ဖုတ်အလောင်းကောင် ဘုရင်အနေနဲ့ အခုလို ပျံသန်းနိုင်မယ်လို့ လုံးဝ တွေးထင်မထားမိတာ အမှန်ပါပဲ။ အခုတော့ ဖုတ်အလောင်းကောင် ဘုရင်က ပျံသန်းနိုင်တဲ့အတွက် ရှန်းတုံရဲ့ ပြသနာဟာ သူ့ရဲ့ ပြသနာ ဖြစ်လာခဲ့ပါပြီ။ သူ့ရဲ့ လေမိုးကြိုးတောင်ပံက ဖုတ်အလောင်းကောင် ဘုရင်ရဲ့ ပျံသန်းနှုန်းကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး။

' မဖြစ်ဘူး။ ငါသည်ထက်ပိုပြီး မြန်မြန် ပံျနိုင်မှ ဖြစ်မယ် '

သူ့ရဲ့ အခြေအနေ မဟန်တော့ဘူး ဆိုတာကို ရိပ်စားမိနေပြီဖြစ်တဲ့ လီဖူချန်းဟာ လေမိုးကြိုးတောင်ပံကို အစွမ်းကုန် ခတ်လိုက်ပါတယ်။

ဟူး……ဟူး……ဟူး……

ဂျိန်း…ဒလိန်းလိန်း……

လေမိုးကြိုး တောင်ပံက လေနဲ့မိုးကြိုးကို ထုတ်လွှတ်လာခဲ့ပြီး နောက်မှာတော့ လီဖူချန်းရဲ့ ပျံသန်းနှုန်းဟာ ပိုပြီး လျင်မြန်လာခဲ့ပါတယ်။ဒါပေမဲ့လည်း  ဖုတ်အလောင်းကောင် ဘုရင်က လီဖူချန်းရဲ့ နောက်ကနေ ကပ်ပြီး လိုက်ပါနေဆဲပါပဲ။

" သည်လီဖူချန်းက တကယ် လေးစားစရာကောင်းတဲ့ လူပဲ။ သူထွက်ပြေးလို့ လွတ်ကော လွတ်ပါ့မလား "

ရှန်းတုံက ကောင်းကင်ပေါ်မှာ ပျံသန်း ထွက်ပြေးနေတဲ့ လီဖူချန်းကို ကြည့်ပြီး စိုးရိမ်မကင်း ဖြစ်နေမိပါတယ်။ တစ်ချိန်တည်းမှာပဲ သူက  လီဖူချန်းကို ကျေးဇူးတင်နေမိပါသေးတယ်။ တကယ်လို့သာ အစောပိုင်းက လီဖူချန်းရဲ့ ဓားချက်သာ ကြားဝင်မလာခဲ့ဘူးဆိုရင်  သူဟာ မရဏတိုင်းပြည်ကို အလည်တစ်ခေါက် ရောက်နေလောက်ပါပြီ။

ဟူး……ဟူး……ဟူး………

လေမိုးကြိုး တောင်ပံက လီဖူချန်းကို အလွန် လျင်မြန်စွာ ပျံသန်းနိုင်အောင် ထောက်ပံ့ပေးနေပါတယ်။ တကယ်လို့သာ လူတစ်ယောက်က သေသေချာချာ မကြည့်မိဘူးဆိုရင် အဲဒါက မိုးကြိုးတစ်စင်းလို့ ထင်မိမှာ အသေအချာပါပဲ။

ဒါပေမဲ့လည်း အဲသည် အမြန်နှုန်းက လီဖူချန်းကို ဖုတ်အလောင်းကောင် ဘုရင်ရဲ့ လက်ထဲကနေ ထွက်ပြေးလွတ်မြောက် နိုင်တဲ့အထိ မစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး။  လီဖူချန်းရဲ့ အနောက်ကို လိုက်နေတဲ့  ဖုတ်အလောင်းကောင် ဘုရင်ရဲ့ ပျံသန်းနှုန်းက အနက်ရောင် လျှပ်စီး တစ်စင်းလို့တောင် ထင်ရပြီး  လီဖူချန်းရဲ့ လေမိုးကြိုး တောင်ပံထက်ကို ပိုပြီး မြန်နေပါသေးတယ်။

" ကိန္နရီဆူး "

လီဖူချန်းကလည်း သူ့ရဲ့ အခြေအနေကို သူ ရိပ်မိပြီးသားပါပဲ။ အဲသည်အတွက် သူက အနောက်ကို လှည့်ပြီး ကိန္နရီဆူး တစ်ချောင်း ပစ်လွှတ်လိုက်ပါတယ်။

ဒါပေမဲ့လည်း အခြေအနေက ဘာမှ မထူးပါဘူး။

" သေစမ်းကွာ။ လိပ်ပြာအသိစိတ်အာရုံ တိုက်ခိုက်မှုက သည်ကောင့်အပေါ်မှာ သက်ရောက်မှု မရှိပါလား "

လီဖူချန်းရဲ့ မျက်နှာက အတော်ကြီး ပျက်နေခဲ့ပါပြီ။

" ပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာ ဆိုရင်ကော အလုပ်ဖြစ်ပါ့လား "

သိပ်ပြီးတော့ မသေချာပေမယ့်လည်း ရွေးစရာ မရှိတဲ့အတွက် လီဖူချန်းက အံကို တင်းတင်းစေ့ကာ အတွေးတစ်ထောင် ပုံရိပ်စိတ်ကူးကို အသက်သွင်းကာ ဖုတ်အလောင်းကောင် ဘုရင်ကို စိုက်ကြည့်လိုက်ပါတယ်။

လီဖူချန်းရဲ့ မျက်လုံးအစုံက အဆုံးမရှိတဲ့ ရောင်စုံ တွင်းနက်ကြီး နှစ်ခုလို ပြောင်းသွားပြီးတဲ့ နောက်မှာတော့ ဖုတ်အလောင်းကောင် ဘုရင်ရဲ့ ပျံသန်းမှုနှုန်းဟာ မဆိုစလောက်ကလေး လျော့ကျသွားခဲ့ပါပြီ။

" ဟား…ဟား…… အဲဒါက အလုပ်ဖြစ်တယ်ဟ "

လီဖူချန်းရဲ့ မျက်နှာက မျှော်လင့်ချက် လင်းရောင်ခြည်ကြောင့် အနည်းငယ် ပြန်လည် တောက်ပလာခဲ့ပါတယ်။

ဒါက မဆိုစလောက်ကလေးသာ ဆိုပေမယ့်လည်း ဘာမှ မသက်ရောက်တာထက် စာရင်တော့ အများကြီး  တော်သေးတယ်လို့ ဆိုရပါမယ်။

" မျက်လုံးတစ်ထောင် အတွေးစိတ်ကူး၊ စိတ်ကူးလိပ်ပြာ "

ပုံရိပ်ယောင် ပညာရပ်က အလုပ်ဖြစ်တယ် ဆိုတာကို သိလိုက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ မဆိုင်းမတွဘဲ  မျက်လုံးတစ်ထောင် အတွေးစိတ်ကူး ပညာရပ်ရဲ့ ပင်တိုင် အကွက်ကို ထုတ်သုံးလိုက်ပါတယ်။

ချွမ်……ချွမ်……ချွမ်……ချွမ် ……

အိပ်မက်ဆန်လှတဲ့ ချီစွမ်းအင် ပုံရိပ်တွေဟာ တိုးတိတ်ညင်သာစွာနဲ့ပဲ ဖုတ်အလောင်းကောင် ဘုရင်ကို လွှမ်းခြုံသွားခဲ့ပါပြီ။တစ်ချိန်တည်းမှာပဲ ဖုတ်အလောင်းကောင် ဘုရင်ရဲ့ မျက်လုံးတွေဟာ မှေးမှိန်ဖျော့တော့ကာ ပျံသန်းနှုန်းကလည်း ထပ်မံ လျော့သွားပြန်ပါတယ်။ သည်တစ်ကြိမ်မှာတော့ ဖုတ်အလောင်းကောင် ဘုရင်ရဲ့ ပျံသန်းနှုန်းတင် လျော့ကျတာ မဟုတ်ပါဘူး။ သူ့ရဲ့ ချီအရှိန်အဝါကလည်း အားနည်းသွားပါသေးတယ်။

" သည်ဖုတ်အလောင်းကောင် ဘုရင်က အသိစိတ်ဝိညာဉ် ရှိနေပြီ ဆိုမယ့် မွေးခါစ ကလေးတစ်ယောက်ရဲ့ အသိစိတ်မျိုးပဲ ရှိသေးတာပဲ။ ဒါကြောင့် ငါ့ရဲ့ စိတ်ညှို့တာက ထိရောက်သင့်သလောက် မထိရောက်တာ "

လီဖူချန်းက ပြသနာရဲ့ အဓိက အကြောင်းအရင်းကို ချက်ချင်း တွေးလိုက်မိပါတယ်။

သည်ပုံစံအတိုင်း ဆိုရင်တော့ သူ့အနေနဲ့ ဖုတ်အလောင်းကောင် ဘုရင်ကို ဘယ်လိုမှ အလစ်အငိုက်ဖမ်းပြီး သတ်ဖြတ်လို့ရမှာ မဟုတ်ပါဘူး။ပြီးတော့ ဖုတ်အလောင်းကောင် ဘုရင်ရဲ့ ခန္ဓာကိုယ် မာကျောမှု နဲ့ ခံနိုင်ရည်က ရှိပါသေးတယ်။

လီဖူချန်းရဲ့ လက်ရှိ တန်ခိုးအစွမ်းနဲ့ဆိုရင် ဖုတ်အလောင်းကောင် ဘုရင်က ဘာမှမလုပ်ဘဲ သည်အတိုင်း ရပ်နေပြီး " ခုတ်လေ၊ခုတ်……ခုတ် " ဆိုရင်တောင်မှ သူဟာ ဖုတ်အလောင်းကောင် ဘုရင်ကို သတ်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ အဲသည်အတွက် သူ့အနေနဲ့ လွတ်အောင် ထွက်ပြေးတာက အကောင်းဆုံးပါပဲ။

" ပြေးတာကလွဲပြီး တခြားနည်း မရှိဘူး။ အမြန်ပြေးမှ "

အခြေအနေ အရပ်ရပ်ကို သေသေချာချာ သုံးသပ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အနောက်ကို လုံးဝ လှည့်မကြည့်တော့ဘဲ ခြေကုန်သုတ်ပြီး ပြေးပါတော့တယ်။ အခုချိန်မှာတော့ သူ့အနေနဲ့ ဖုတ်အလောင်းကောင် ဘုရင်ကို အနောက်မှာ ချန်ထားခဲ့နိုင်လေလေ၊ ပိုပြီး ကောင်းလေလေပါပဲ။

" ဟူး…… နောက်ဆုံးတော့ လွတ်အောင် ပြေးနိုင်ခဲ့ပြီ "

အချိန်အတော်ကြာ မရပ်မနား ပံျသန်းနေပြီး အရိပ်အသူရာချောက်ရဲ့ အတွင်းပိုင်း တစ်နေရာကို ရောက်မှပဲ  လီဖူချန်းဟာ သက်ပြင်း ချနိုင်ပါတော့တယ်။

အရိပ်အသူရာ ချောက်ထဲမှာက ဥပဒေသတွေ ကစဉ့်ကလျား ဖြစ်နေတဲ့အတွက်  တည်နေရာ ညွှန်ပြတဲ့ မှော်ဝင်ရတနာတွေ မရှိရင်  ဘယ်ရောက်နေလို့ ရောက်နေမှန်း မသိနိုင်ပါဘူး။ ဒါပေမဲ့လည်း လီဖူချန်းက အဲသည်ကိစ္စအတွက် သိပ်ပြီး စိတ်မပူမိတာ အမှန်ပါပဲ ။ လင်းရှု ပြောပြခဲ့တဲ့ အကြောင်းအရာတွေအရ ဆိုရင်တော့ အရိပ်အသူရာ ချောက်မှာက ဝင်ပေါက် တစ်ခုထက်မက ရှိသလို အပြန်လမ်းကလည်း တစ်ခုထက်မက ရှိပါတယ်။

တချို့ အပြန်လမ်းတွေက အန္တရာယ် အင်မတန် များပြီး နောက်ထပ် အရိပ်အသူရာချောက် အလွှာတစ်ခုကို ဝင်တဲ့ ဝင်ပေါက်လည်း ဖြစ်နေတတ်တာက လွဲပြီးတော့ပေါ့။ ဒါပေမဲ့လည်း  လီဖူချန်းအနေနဲ့ အပြန်လမ်း အသစ်တစ်ခုကို ရှာယုံကလွဲပြီး တခြား ရွေးချယ်စရာ  မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက သူတို့ ဝင်လာတဲ့ ဝင်ပေါက် ဘယ်အရပ်မှာ ရှိသလဲ ဆိုတာကို လုံးဝ မမှတ်မိတော့လို့ပါပဲ။း

" အင်း …… အပြန်လမ်းကို ရှာရင်းနဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ခုတလေ ရလိုရငြား ကံစမ်းကြည့်ဦးမှ "

အတွေးဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို ဖြန့်ကြက်လိုက်ပြီး ရှေ့ဆက်သွားပါတော့တယ်။

သူ့ရဲ့ ပုံရိပ်ယောင် လှည့်စားမှု ပညာရပ်က ဖုတ်အလောင်းကောင် ဘုရင်အပေါ်မှာ သက်ရောက်နိုင်စွမ်း ရှိတယ်ဆိုတာကို သိပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ ဘာကိုမှ မကြောက်တော့ပါဘူး။

သည်လိုနဲ့ပဲ လီဖူချန်းဟာ ရေကန်ကြီး တစ်ကန် အနားကို ရောက်လာခဲ့ပါပြီ။

" ဟား……ဟား…… တွေ့ပြီကွ "

ဗွမ်း……

ရေကန်ထဲကို လိပ်ပြာ အသိစိတ်အာရုံနဲ့ တစ်ချက် ကြည့်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဝမ်းသာအားရ ခုန်ဆင်းသွားပါတော့တယ်။

ရေကန်ကြီးရဲ့ အောက်ခြေ အလယ်ဗဟို တည့်တည့်မှာက ကြီးမားလှတဲ့ ကျောက်တုံးကြီးတစ်တုံး ရှိနေပြီး ရာနဲ့ချီတဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေက အဲသည်ကျောက်တုံးကြီးထဲမှာ မြုပ်ဝင်နေပါတယ်။

" ဟီးဟီး……ပွတာပဲဟေ့ "

လီဖူချန်းက အချိန် ဆွဲမနေပါဘူး။ သူက ကျောက်တုံးကြီး တစ်ခုလုံးကို ဆွဲယူလိုက်ပြီး သူ့ရဲ့ လက်ပတ်ထဲမှာရှိတဲ့ နေရာလွတ်ထဲကို ပြောင်းထည့်လိုက်ပါတယ်။

သည်လိုနဲ့ပဲ အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပါပြီ။ လီဖူချန်းက  သူ့အနေနဲ့ သည်အရိပ်အသူရာ ချောက်ထဲကို ရောက်နေတာ ဘယ်နှစ်ရက် ရှိနေပြီလဲ ဆိုတာကို တိတိကျကျ မခန့်မှန်းနိုင်ပေမယ့် အနည်းဆုံးတော့ ရက်သတ္တပတ် တစ်ပတ်လောက် ရှိလောက်ပြီလို့ ခန့်မှန်းထားခဲ့ပါတယ်။

သူ့ရဲ့ အကျိုးအမြတ်ကတော့ မဆိုးလှဘူးလို့ ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက သည်အတောအတွင်းမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်နီးပါး ရှာတွေ့ခဲ့လို့ပါပဲ။ တကယ်လို့  သည်ကိစ္စကိုသာ အပြင်ဘက်က လူတွေ သိသွားခဲ့မယ်ဆိုရင် သေချာပေါက် ရုတ်ရုတ်သဲသဲ အုံကြွမှုကြီးတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင် ………

အဲဒါက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ဆယ်သန်းနဲ့ ညီမျှတဲ့ ပမာဏပင် မဟုတ်ပါလား။ တကယ့်ထိပ်တန်း မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးတောင်မှပဲ သည်ပမာဏကို ပိုင်ဆိုင်နိုင်တယ် ဆိုရုံလေး ပိုင်ဆိုင်နိုင်တာ ဖြစ်ပါတယ်။

***

All Chapters