← Chapters

မိုးကြိုးချပ်ဝတ်

Vol. 31 Ch. 423

မိုးကြိုးချပ်ဝတ်

Vol. 31 Ch. 423

"ကျုပ်က ဆေးဘုရင်မြို့တော်ကိုဆက်သွယ်ပြီး ချီပြိုကွဲဆေးလုံးအရောင်းအဝယ်ကို တင်ပြခဲ့ပါတယ်။ သူတို့ရဲ့ အဆင့်မြင့်အကြီးအကဲတွေ ကိုယ်တိုင်လှုပ်ရှားလာပြီး ခင်ဗျားနဲ့တွေ့ဖို့အတွက် မဟာအကြီးအကဲတစ်ယောက် ကိုယ်တိုင်ရောက်လာပါတယ်။ ဘယ်လိုသဘောရပါသလဲ"

ခဏအကြာတွင် ကျိလင်က အလောတကြီး ပြန်ရောက်လာခဲ့သည်။ ဆေးဘုရင်မြို့တော်၏ မဟာအကြီးအကဲဆိုသော အဆင့်အတန်းက မြင့်မားသောကြောင့် သူကိုယ်တိုင်ပင် ယခုမှတွေ့ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် ဝိညာဥ်လက်နက်ကောင်စီ၏ မဟာအကြီးအကဲများကိုလည်း ဆက်သွယ်လိုက်၏။ ဆေးဘုရင်မြို့တော်နှင့် လက်နက်ကောင်စီကြားတွင် ကြီးမားသည့် အရောင်းအဝယ်များ ပြုလုပ်လေ့ရှိသောကြောင့် အင်အားစုအချင်းချင်းက ရင်းနှီးပြီး အက်ကြောင်းများ မရှိချေ။

"ဝင်ခွင့်ပေးလိုက်ပါ"

ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သောအခါ အရပ်ရှည်ရှည်လူတစ်ယောက် ဖြေးဖြေးမှန်မှန်ခြေလှမ်းများနှင့် ရောက်ရှိလာခဲ့သည်။ ထိုလူက လေးနက်သောမျက်နှာထားနှင့် အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားသည်။ သူက သက်လတ်ပိုင်းအရွယ်ဖြစ်သော်လည်း အသက်အမှန်ကိုတွက်ချက်ရန် မလွယ်ပေ။ ကျင့်ကြံဆင့်က အနည်းဆုံး အဆုံးမဲ့အဆင့်ခုနစ် ဖြစ်နိုင်သောကြောင့် ဆေးဘုရင်မြို့တော်၏ မဟာအကြီးအကဲ ဖြစ်ထိုက်ပေသည်။

"ကျုပ်က ဆေးဘုရင်မြို့တော်ရဲ့ မဟာအကြီးအကဲ တောက်ချင်ပါ။ မင်းကို ဘယ်လိုခေါ်ရမလဲ"

တောက်ချင်သည် ယဲ့ချန်ကိုအကဲခတ်လိုက်ပြီး ကျင့်ကြံဆင့်ကိုမမြင်နိုင်သောကြောင့် အံ့သွားခဲ့သည်။ ယဲ့ချန်က သူနှင့် အသက်တူတူဖြစ်နိုင်သော်လည်း မည်သည့်အင်အားစုမှဖြစ်ကြောင်း မခန့်မှန်းနိုင်ခဲ့ပေ။

"ကျုပ်ကို ချန်ရဲလို့ ခေါ်နိုင်ပါတယ်"

ယဲ့ချန်က ဖြေလိုက်သည်။ ရွှမ်းယီ၏ကိစ္စကြောင့် သူက ဆေးဘုရင်မြို့တော်ကို အမြင်မကြည်သော်လည်း စီးပွားရေးက စီးပွားရေးသာဖြစ်သည်။ ထို့အပြင် နတ်ဆိုးဖိနှိပ်နာရီအတွက် ဆေးလုံးများ အရေးတကြီး လိုအပ်နေခဲ့သည်။

"မင်းက ချီပြိုကွဲဆေးလုံး သန်းငါးဆယ်ဝယ်ချင်တယ်လို့ ပြောတာက အမှန်ပဲလား"

တောက်ချင်က ခဏတာစဥ်းစား၍ မေးလိုက်သည်။ သူက ယဲ့ချန်၏အမည်က အမှန်ဟုတ်မဟုတ်နှင့် နောက်ခံကို မဆုံးဖြတ်နိုင်ပေ။ ချီပြိုကွဲဆေးလုံး သန်းငါးဆယ်ဟူသော အရေအတွက်က မနည်းလှသောကြောင့် သူ့ကို စိတ်လှုပ်ရှားစေသည်။ ဆေးဘုရင်မြို့တော်က နှစ်စဥ်နှစ်တိုင်း ဆေးလုံးများစွာ ထုတ်လုပ်နေသော်လည်း သန်းငါးဆယ်ဆိုသောပမာဏက အလွန်များပြားနေခဲ့သည်။ ထို့အပြင် ဝယ်ယူရန် အသုံးချမည်မှာလည်း အလွန်ရှားပါးသော ဝိညာဥ်ကျောက်စိမ်းဖြစ်နေခဲ့သည်။

"ဟုတ်တယ်"

"ဒါဆိုရင် ဆေးလုံးသန်းငါးဆယ်အတွက် ဝိညာဥ်ကျောက်စိမ်း တစ်ရာ့ငါးဆယ်လိုချင်ပါတယ်။ အဆင်ပြေရဲ့လား"

တောက်ချင်က စျေးနှုန်းသတ်မှတ်လိုက်သည်။

"ဆေးဘုရင်မြို့တော်က သန်းငါးဆယ်လုံးကို အခုထုတ်ပေးနိုင်မလား"

ယဲ့ချန်က ခေါင်းညိတ်၍ ပြန်မေးလိုက်သည်။

"သန်းတစ်ရာလိုချင်တယ်ဆိုရင်တောင် ပြဿနာမရှိဘူး"

တောက်ချင်က ဂုဏ်ယူစွာ ဖြေလိုက်သည်။

"ကောင်းပြီ။ ဒါဆိုရင် သန်းတစ်ရာယူလိုက်မယ်။ ဒီဝိညာဥ်ကျောက်စိမ်းနှစ်ဆယ်ကို စရံအဖြစ် ပေးထားမယ်။ ဆေးလုံးတွေ အပြည့်ရတာနဲ့တပြိုင်နက် ဝိညာဥ်ကျောက်စိမ်းတွေ ချက်ချင်းရစေရမယ်"

ယဲ့ချန်က လက်တစ်ဖက်ယမ်းလိုက်သောအခါ တောက်ချင်ထံ ဝိညာဥ်ကျောက်စိမ်းများ လွင့်ပျံသွားခဲ့သည်။

"ခင်ဗျားက ဒီလောက်ရက်ရောနေမှတော့ ချက်ချင်းသွားယူပေးပါမယ်"

တောက်ချင်သည် ယဲ့ချန်က သူပြောသောပမာဏကို ချက်ချင်းဝယ်လိုက်မည်ဟု ထင်မထားခဲ့ပေ။ ထို့ကြောင့် တအံ့တသြဖြစ်သွားကာ ချက်ချင်းထွက်ခွာသွားခဲ့သည်။ ဘေးတွင်ရပ်နေသော ကျိလင်မှာ စိတ်ထဲတွင် သန်းတစ်ရာဟူသော ပမာဏကို အသံကုန်အော်ဟစ်နေမိသည်။ ဆေးဘုရင်မြို့တော်၏ နှစ်စဥ်ဆေးလုံးထုတ်လုပ်သော ပမာဏကပင် သန်းတစ်ရာအထိ မရှိချေ။ ထို့အပြင် ယဲ့ချန်က ဝိညာဥ်ကျောက်စိမ်းသုံးရာကို တစ်ချက်တည်းထုတ်ပေးနိုင်နေသောအခါ အလွန်များပြားသော ပမာဏကို သေချာပေါက်ပိုင်ဆိုင်ထားနိုင်သည်။

"သန်းတစ်ရာက မင်းအတွက် လုံလောက်မယ်ထင်ပါတယ်"

ယဲ့ချန်က ထွက်ခွာသွားသော တောက်ချင်ကိုတလှည့်၊ လက်မောင်းကာအတွင်းရှိ နတ်ဆိုးဖိနှိပ်နာရီကို တလှည့်ကြည့်၍ စိတ်ထဲမှ ရေရွတ်လိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် သူက အဆင့်ကိုးနတ်ဆိုးချပ်ဝတ်ကို ပိုင်ဆိုင်ထားပြီး နတ်ဆိုးဖိနှိပ်နာရီကိုအသုံးချလိုက်လျှင် အဆုံးမဲ့အဆင့်ကိုးကျင့်ကြံသူကိုပင် တိုက်ခိုက်လာရဲပေလိမ့်မည်။ ကုန်းကျောက်ကဲ့သို့ အဆင့်ခြောက်ကျင့်ကြံသူမျိုးဆိုလျှင် ထည့်ပြောရန်ပင် မလိုချေ။ နတ်ဆိုးဖိနှိပ်နာရီက အသိုက်အတွင်းရှိ ထိပ်တန်းဝိညာဥ်သားရဲအပေါ် အကျိုးသက်ရောက်မှုရှိမရှိကို သူက အတွေးနက်နေခဲ့သည်။

"ဒီမှာ သိုလှောင်အိတ်တစ်ရာပါ။ တစ်အိတ်စီမှာ ဆေးပုလင်းတစ်ထောင်ပါပြီး တစ်ပုလင်းစီမှာ ဆေးလုံးတစ်ထောင်ပါဝင်တယ်။ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ"

တောက်ချင်က ခဏအတွင်း ပြန်ရောက်လာပြီး သိုလှောင်အိတ်များစွာကို ယဲ့ချန်ထံ ကမ်းပေးလိုက်သည်။ ယဲ့ချန်က ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်၍ စစ်ဆေးလိုက်သောအခါ တောက်ချင်ပြောသည့်အတိုင်း အတိအကျတွေ့လိုက်ရသည်။ ဆေးဘုရင်မြို့တော်က အဖိုးတန်ဧည့်သည်အပေါ် နာမည်အပျက်ခံ၍ လိမ်လည်မည်မဟုတ်သောကြောင့် သူက ဆေးများကို တစ်လုံးချင်း စစ်ဆေးမနေခဲ့ပေ။ ဝိညာဥ်အသိစိတ်ကို အာရုံခံမိသောအခါ ယဲ့ချန်က ကောင်းကင်သားရဲဖြစ်ကြောင်း တောက်ချင်က သိလိုက်ရသည်။ ထို့ကြောင့် ရတနာများစွာ ပိုင်ဆိုင်ထားခြင်းအပေါ် အဓိပ္ပါယ်ရှိသည်ဟု လက်ခံလိုက်၏။ သို့သော် ဝိညာဥ်ကျောက်စိမ်းက ကောင်းကင်သားရဲများအတွက် အလွန်အရေးကြီးသောကြောင့် ချီပြိုကွဲဆေးလုံးများစွာနှင့် အလဲအလှယ်လုပ်ရသော အကြောင်းအရင်းကို နားမလည်နိုင်ပေ။ တောက်ချင်က ဤအချက်ကို စိတ်ထဲ၌သာ သိမ်းဆည်းထားပြီး ထုတ်မမေးခဲ့ပေ။

ယဲ့ချန်က ချီပြိုကွဲဆေးလုံးသန်းတစ်ရာကို သိမ်းဆည်း၍ ဝိညာဥ်ကျောက်စိမ်းနှစ်ရာ့ရှစ်ဆယ်ကို ချက်ချင်းပေးချေလိုက်သည်။

ထိုအချိန်တွင် လက်နက်ကောင်စီ၏ မဟာအကြီးအကဲ ကျိရန် ရောက်ရှိလာသည်။ သူက အဆုံးမဲ့အဆင့်ကိုး ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ကျိလင်၏ဦးလေးဖြစ်ကာ လက်နက်ကောင်စီ၏ အရေးကြီးပုဂ္ဂိုလ်ငါးယောက်အနက်မှ တစ်ယောက်ဖြစ်သည်။ သူက ကျိလင်ထံမှ ယဲ့ချန်သည် ဆေးဘုရင်မြို့တော်နှင့် အရောင်းအဝယ်လုပ်ရာတွင် ဝိညာဥ်ကျောက်စိမ်းသုံးရာ အသုံးပြုကြောင်းကို ကြားခဲ့သောကြောင့် မတည်ငြိမ်နိုင်ပေ။ ဝိညာဥ်ကျောက်စိမ်းများဖြင့်ဆိုလျှင် လက်နက်ကောင်စီက ကောင်းကင်သားရဲများနှင့် စီးပွားရေးတစ်ခု ကောင်းစွာပြုလုပ်နိုင်ပေလိမ့်မည်။

"မင်္ဂလာပါ ကျုပ်က ကျိလင်ရဲ့ဦးလေးဖြစ်ပြီး လက်နက်ကောင်စီရဲ့ မဟာအကြီးအကဲလည်းဖြစ်ပါတယ်။ ဝိညာဥ်မျှော်စင်က အရောင်းအဝယ်အကြောင်းကို ကျုပ် ကြားထားပါတယ်။ လက်နက်ကောင်စီနဲ့ရော အရောင်းအဝယ် မလုပ်ချင်ဘူးလား""

ကျိရန်က ဖော်ရွေစွာ ပြုံးလိုက်သောကြောင့် ခပ်ဝဝပါးစောင်ကြီးများ လှုပ်ယမ်းသွားခဲ့သည်။ ယဲ့ချန်သည် သူ၏စကားကိုကြားသောအခါ လက်နက်ကောင်စီက တောက်ချင်နှင့်ပြုလုပ်သော အရောင်းအဝယ်မျိုး ပြုလုပ်လိုနေကြောင်း သိလိုက်သည်။ သူက လက်မောင်းကာအတွင်းရှိ ရတနာများကို တစ်ချက်ကြည့်လိုက်သည်။ ဝိညာဥ်ကျောက်စိမ်းသုံးရာက အစွမ်းထက်အင်အားစုကြီးနှစ်ခု၏ မဟာအကြီးအကဲများကို စိတ်လှုပ်ရှားစေခဲ့သည်။ အကယ်၍ သူ့ထံတွင် တောင်လိုပုံနေသော ဝိညာဥ်ကျောက်စိမ်းများ ရှိကြောင်းသိလျှင် သူတို့က မျက်လုံးများ ကျွတ်ကျလုမတတ် ပြူးထွက်လာနိုင်သည်။

"သာမန်ရတနာတွေကို ကျုပ် စိတ်မဝင်စားဘူး။ ခင်ဗျားမှာ ထိပ်တန်းရတနာတွေရှိနေရင်တော့ တစ်မျိုးပေါ့။ ဥပမာပြောရရင် အဆင့်ကိုး နတ်ဆိုးချပ်ဝတ်အစိတ်အပိုင်းလိုမျိုးပေါ့"

ယဲ့ချန်က တစ်ချက်ပြုံး၍ ပြောလိုက်သည်။

"လက်နက်ကောင်စီမှာ အဆင့်ကိုးနတ်ဆိုးချပ်ဝတ်အပိုင်းအစတွေ မရှိဘူး။ ထိပ်တန်းရတနာတွေကလည်း ဂိုဏ်းကြီးတွေအတွက် အမွေခံရတနာတွေဖြစ်နေလို့ ရောင်းမရဘူး။ ဒါပေမယ့် ခင်ဗျား စိတ်ဝင်စားလောက်မယ့် အရာတစ်ခုတော့ ရှိတယ်"

ကျိရန်က ဆန်းကျယ်စွာပြုံး၍ ကမ်းလှမ်းလိုက်သည်။

"ဘာများလဲဗျ"

"အတိတ်တုန်းက လက်နက်ကောင်စီဟာ ဆန်းကျယ်တဲ့ ကုန်ကြမ်းတွေရခဲ့တယ်။ နတ်ဆိုးချပ်ဝတ်ရဲ့ရုန်းတွေကိုလည်း ကျုပ်တို့က သုတေသနလုပ်ခဲ့တယ်။ ဒါတွေကို တိုက်ရိုက်ကူးယူလို့မရပေမယ့် အတုယူနိုင်ခဲ့တယ်။ ဒါကြောင့် လက်နက်ကောင်စီက အဆင့်ရှစ်နတ်ဆိုးချပ်ဝတ်လောက် အစွမ်းထက်တဲ့ ထုတ်ကုန်အသစ်တစ်ခု ပြုလုပ်နိုင်ခဲ့တယ်။ ဒါကို မိုးကြိုးချပ်ဝတ်လို့ အမည်ပေးထားပြီး နတ်ဘုရင်အလယ်အဆင့်ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်တယ်။ ဒါပေမယ့် ကုန်ကြမ်းတွေနည်းပါးတော့ အစုံသုံးဆယ်သာ ထုတ်လုပ်နိုင်ခဲ့တယ်"

ကျိရန်က ထုတ်ကုန်အသစ်အကြောင်း မိတ်ဆက်လိုက်သည်။

"မိုးကြိုးချပ်ဝတ်က တကယ့်ကို အစွမ်းထက်တာလား။ လက်နက်ကောင်စီက ဘာကြောင့် ကျုပ်နဲ့ အရောင်းအဝယ် ပြုလုပ်ချင်ရတာလဲ"

ယဲ့ချန်က စိတ်လှုပ်ရှားသွားခဲ့သည်။ လက်နက်ကောင်စီက နတ်ဆိုးချပ်ဝတ်၏ ရုန်းများကိုတုပ၍ ချပ်ဝတ်အသစ်တစ်မျိုး ထုတ်လုပ်နိုင်မည်ဟု ထင်မထားပေ။ ဝိညာဥ်သားရဲများနှင့်ရင်ဆိုင်ရာတွင် ဤချပ်ဝတ်မျိုးက သေချာပေါက် အရောင်းသွက်ပေလိမ့်မည်။ အသက်ထက် ပို၍အဖိုးတန်သော ရတနာဟူ၍ မရှိချေ။

"ကျုပ် အမှန်အတိုင်းပြောရရင် မိုးကြိုးချပ်ဝတ်ကို လက်နက်ကောင်စီရဲ့ ထိပ်တန်းပန်းပဲဆရာတွေက အလွယ်တကူပြုလုပ်နိုင်တယ်။ အခက်အခဲဆုံးက ကုန်ကြမ်းတွေ အရမ်းရှားပါးနေတာပဲ။ လက်နက်ကောင်စီက ကုန်ကြမ်းတွေ အများကြီးအသုံးပြုခဲ့ပေမယ့် အစုံသုံးဆယ်သာ ထုတ်လုပ်နိုင်တယ်။ အစွမ်းထက်အင်အားစုတွေနဲ့ ကောင်းကင်သားရဲတွေမှာ ဒီကုန်ကြမ်းတွေ ပိုင်ဆိုင်ထားတယ်။ သာမန်ရတနာတွေက သူတို့ကို မဆွဲဆောင်နိုင်ပေမယ့် ဝိညာဥ်ကျောက်စိမ်းက လုပ်နိုင်တယ်။ ဝိညာဥ်ကျောက်စိမ်းကြောင့်သာ မဟုတ်ရင် ခင်ဗျားကို မိုးကြိုးချပ်ဝတ်အကြောင်း ထုတ်ပြောမှာမဟုတ်ဘူး။ ခင်ဗျား လိုချင်တယ်ဆိုရင် ချပ်ဝတ်တစ်စုံကို ဝိညာဥ်ကျောက်စိမ်းငါးဆယ်နဲ့ ရောင်းချပေးနိုင်တယ်"

ကျိရန်က သက်ပြင်းတစ်ချက်ချ၍ ရှင်းပြလိုက်သည်။

ယဲ့ချန်က ကျိရန်၏ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်လိုက်သည်။ လက်နက်ကောင်စီက သူ၏ဝိညာဥ်ကျောက်စိမ်းများကို လဲလှယ်၍ ကောင်းကင်သားရဲများနှင့် စီးပွားရေးလုပ်လိုခြင်းဖြစ်သည်။ သို့မှသာ သူတို့က မုန်တိုင်းချပ်ဝတ်များ ဆက်လက်ထုတ်လုပ်နိုင်ပေလိမ့်မည်။ ဝိညာဥ်ကျောက်စိမ်းငါးဆယ်က အနည်းငယ်စျေးများသော်လည်း လက်ခံနိုင်သော အတိုင်းအတာဖြစ်သည်။ ဝိညာဥ်သားရဲကပ်ဘေးကြောင့် ကာကွယ်ရေးရတနာများ၏စျေးနှုန်းက အချိန်နှင့်အမျှ မြင့်တက်လာနေသည်။ သူက လက်မောင်းကာအတွင်းရှိ ဝိညာဥ်ကျောက်စိမ်းများစွာကို စစ်ဆေးလိုက်သည်။ သူက ဆေးလုံးများဝယ်ယူရန် အသုံးပြုခဲ့သည်မှာ အရည်အသွေးအညံ့ဆုံး ကျောက်စိမ်းများဖြစ်ပြီး ကျောက်စိမ်းအဆီအနှစ်များကို ထိပင်မထိခဲ့ချေ။ အကယ်၍ မိုးကြိုးချပ်ဝတ်က ကျိရန်ပြောသကဲ့သို့ အမှန်တကယ်အစွမ်းထက်လျှင် ကြယ်ခန်းမအတွက်ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။

"ချပ်ဝတ်ကို အရင်ဆုံး စစ်ဆေးကြည့်ချင်တယ်"

ယဲ့ချန်က တောင်းဆိုလိုက်သည်။

"ဒါပေါ့။ ရပါတယ်"

ယဲ့ချန်က မိုးကြိုးချပ်ဝတ်အပေါ် စိတ်ဝင်စားဟန်ရှိသောကြောင့် ကျိရန်က ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်။ သူက ခဏတာထွက်သွားပြီး မိုးကြိုးချပ်ဝတ်တစ်စုံနှင့်အတူ ပြန်ရောက်လာခဲ့သည်။ ၎င်း၏ပုံသဏ္ဍာန်က နတ်ဆိုးချပ်ဝတ်နှင့် ဆင်တူသော်လည်း အဆင့်ရှစ်နတ်ဆိုးချပ်ဝတ်အောက် အနည်းငယ်နိမ့်ကျသည်။ ၎င်း၏ရုန်းများအတွင်း မိုးကြိုးစွမ်းအင်များ ပါဝင်နေသည်။ လက်နက်ကောင်စီက နတ်ဆိုးချပ်ဝတ်၏ရုန်းများကို တုပခဲ့ခြင်းအပြင် ကိုယ်ပိုင်ရုန်းများကိုလည်း ပေါင်းစပ်ထားခဲ့သည်။ နတ်ဆိုးချပ်ဝတ်တစ်စုံ၏ စျေးနှုန်းက မိုးထိုးမတတ်မြင့်မားနေပြီး မည်သူမှ ရောင်းချမည်မဟုတ်ပေ။ ကျန်တစ်ဖက်တွင် မိုးကြိုးချပ်ဝတ်၏စျေးနှုန်းနှင့် အစွမ်းက လက်ခံ၍ရပေသည်။

"အစုံသုံးဆယ်လုံး ယူမယ်"

ယဲ့ချန်က ကျေနပ်စွာပြုံး၍ တစ်လုံးချင်းပြောလိုက်သည်။

"သုံး...သုံးဆယ်လုံးလား"

သူ၏စကားကြောင့် ကျိရန်ရောကျိလင်ပါ မင်သက်သွားခဲ့ပြီး နားကြားမှားသည်ဟု ထင်မှတ်နေကြ၏။ ယဲ့ချန်က ဆေးလုံးများဝယ်ယူရန် ဝိညာဥ်ကျောက်စိမ်းသုံးရာ အသုံးပြုပြီးဖြစ်သောကြောင့် မိုးကြိုးချပ်ဝတ်အားလုံးကို ဝယ်မည်ဟု မျှော်လင့်မထားကြပေ။ အစုံသုံးဆယ်၏တန်ဖိုးက ဝိညာဥ်ကျောက်စိမ်းထောင့်ငါးရာဖြစ်သည်။

"ဟုတ်တယ်။ တကယ်လို့ ကျုပ် စမ်းသပ်ကြည့်ပြီး စိတ်ကျေနပ်တယ်ဆိုရင် နောက်ထပ်ဝယ်ဦးမယ်"

ယဲ့ချန်က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ မင်သက်နေသော ကျိရန်နှင့်ကျိလင်က ဝမ်းသာလုံးဆို့နေကြသည်။ အကယ်၍ သူတို့သာ ဝိညာဥ်ကျောက်စိမ်းထောင့်ငါးရာဖြင့် ကောင်းကင်သားရဲများထံမှ ကုန်ကြမ်းများဝယ်ယူမည်ဆိုလျှင် မိုးကြိုးချပ်ဝတ် အစုံခြောက်ဆယ်အထိ ထုတ်လုပ်နိုင်သောကြောင့် ဖြစ်လေသည်။

All Chapters