← Chapters

ကြယ်သလင်းကျောက်

Vol. 31 Ch. 428

ကြယ်သလင်းကျောက်

Vol. 31 Ch. 428

ဆေးဘုရင်မြို့တော်သည် သူတို့၏ပစ္စည်းများ ခိုးယူခံလိုက်ရခြင်းကို အချိန်တိုအတွင်း ရှာမတွေ့ခဲ့ပေ။ ရွှမ်းယီတို့ကို ပို့ဆောင်ပြီးနောက် ယဲ့ချန်က အလယ်အင်ပါယာ၏ တော်ဝင်မြို့တော်တွင် လုပ်စရာကိစ္စမရှိတော့ပေ။ ထို့ကြောင့် မြောက်ပင်လယ်သို့သွားရောက်ပြီး ထိပ်တန်းဝိညာဥ်သားရဲအကြောင်းကို ထန်တိုက်လင်ထံ သတင်းသွားပေးရန် ဆုံးဖြတ်လိုက်၏။ မြောက်ပင်လယ်က အလွန်ကြီးမားပြီး ထန်တိုက်လင်၏တည်နေရာကို သူမသိသော်လည်း ထိုနေရာသို့ရောက်လျှင် သေချာပေါက်ရှာနိုင်မည်ဟု ယုံကြည်သည်။

ယဲ့ချန်သည် သမာဓိကောင်စီ၏တည်နေရာကို တစ်ချက်ကြည့်လိုက်သည်။ ထိုလူများက ဝိညာဥ်သားရဲကပ်ဘေးကို လုံးဝစိုးရိမ်ကြောင့်ကြခြင်းမရှိဘဲ ဝိညာဥ်သားရဲများ၏ဇစ်မြစ်ကို ရှာဖွေရန်လည်း စိတ်မဝင်စားကြပေ။ ဝိညာဥ်သားရဲများက အခြားသားရဲများနှင့်ကွာခြားပြီး သတ်ဖြတ်စားသောက်ရန်မှလွဲ၍ အသိဉာဏ်မရှိချေ။ အကယ်၍ မဟာသာလွန်အဆင့်နှင့် နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲများစွာ ထွက်ပေါ်လာလျှင် သမာဓိကောင်စီလည်း အန္တရာယ်ကင်းမည်မဟုတ်ချေ။ သို့သော် ထိုလူများက ဝိညာဥ်သားရဲများကို စိုးရိမ်ရမည့်အစား ထန်တိုက်လင်ကိုပင် ချုံခိုတိုက်ခိုက်၍သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ ဤအချက်က အကျိုးအကြောင်း လုံးဝမညီပေ။

ခြင်္သေ့ကြီး၏စကားအရ သမာဓိကောင်စီ၏ ခေါင်းဆောင်သုံးယောက်မှာ ကြီးမြတ်သူအဆင့်များ ဖြစ်နိုင်နေသည်။ ထို့အပြင် သုံးယောက်လုံးက အပြင်ကမ္ဘာမှ တစ်ချိန်လုံး ပုန်းအောင်းနေသောကြောင့် အခြားရည်ရွယ်ချက်များ ရှိနေနိုင်သည်။ အကယ်၍ သူတို့သာ ခြင်္သေ့ကြီးပြောသလောက် အစွမ်းထက်နေလျှင် ထန်တိုက်လင်ပင် ယှဥ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဤကိစ္စကိုလည်း ယဲ့ချန်က ထန်တိုက်လင်နှင့် တိုင်ပင်ရပေလိမ့်မည်။

တော်ဝင်မြို့တော်မှမထွက်ခွာခင် ယဲ့ချန်က ချန်ရဲအဖြစ်ပြောင်းလဲပြီး လက်နက်ကောင်စီသို့သွားရောက်ကာ ကျိရန်နှင့် အရောင်းအဝယ်တစ်ခု စီစဥ်လိုက်သည်။ လက်နက်ကောင်စီ၏ မိုးကြိုးချပ်ဝတ်များ ထပ်မံပြုလုပ်ပြီးလျှင် အစုံငါးဆယ် ဝယ်ယူလိုက်ခြင်းဖြစ်သည်။

"အစ်ကိုချန် ဒါက မင်းအတွက်ပါ"

အရောင်းအဝယ်ပြုလုပ်ပြီးနောက် ကျိရန်သည် လုံးဝိုင်းသော သလင်းလုံးတစ်ခုကို ထုတ်ပေးလာသည်။ ၎င်းကို လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ထားနိုင်ပြီး ဖောက်ထွင်းမြင်ရသည်အထိ ကြည်လင်ကာ အလွန်ဆန်းကျယ်ပေသည်။

"ဒါက ဘာလဲ"

ယဲ့ချန်က သလင်းလုံးကို လက်ခံလိုက်ပြီး အတွင်းမှစွမ်းအင်ကို အာရုံခံလိုက်သည်။ ၎င်း၏စွမ်းအင်က အာကာသချီနှင့် ဆင်တူနေသောကြောင့် သူက စပ်စုလိုက်သည်။

"ဒါကို ကြယ်သလင်းကျောက်လို့ ခေါ်တယ်။ ဒါကို အာကာသကျောက်တွေနဲ့သန့်စင်ပြီး ဖန်တီးထားတယ်။ ဒါကိုပြုလုပ်တဲ့နည်းလမ်းကို ငါတို့ခေါင်းဆောင်က ရှေးဟောင်းနယ်မြေတစ်ခုကနေ ရလာခဲ့တာဖြစ်တယ်။ လက်နက်ကောင်စီရဲ့အတော်ဆုံး ပန်းပဲဆရာဆယ်ယောက်စုပေါင်းပြီး အခုတစ်ရာကျော် ပြုလုပ်နိုင်ခဲ့တယ်။ ဝိညာဥ်သားရဲကပ်ဘေးကို ရင်ဆိုင်ဖို့အတွက် အင်အားစုတွေအားလုံးကို ခေါင်းဆောင်က ကူညီပေးစေချင်တယ်။ ကြယ်သလင်းကျောက်ကို အသက်သွင်းလိုက်ရင် ပုံရိပ်နဲ့အသံတွေကို ဖမ်းယူနိုင်ပြီး အခြားသလင်းကျောက်တွေဆီကို သတင်းပို့ပေးနိုင်တယ်"

ကျိရန်က ဂုဏ်ယူဝံ့ကြွားစွာ ရှင်းပြလိုက်သည်။ ဤကြယ်သလင်းကျောက်သည် လက်နက်ကောင်စီ၏ အံ့ဖွယ်လက်ရာတစ်ခုဖြစ်သည်။

"ပုံရိပ်နဲ့အသံကို သတင်းပို့ပေးနိုင်တာလား"

ယဲ့ချန်က အနည်းငယ် အံ့သြသွားခဲ့သည်။ လက်နက်ကောင်စီသည် အာကာသကျောက်များကို အသုံးပြု၍ ဤသို့ရတနာမျိုး ဖန်တီးနိုင်မည်ဟု ထင်မထားခဲ့ပေ။

"ဟုတ်ပါတယ်။ ခေါင်းဆောင်က ဒါတွေကို သမာဓိကောင်စီ၊ မိုးကြိုးမျိုးနွယ်၊ ပင်လယ်မိစ္ဆာမျိုးနွယ်နဲ့ အခြားအင်အားစုတွေရဲ့ ခေါင်းဆောင်တွေဆီကို ဖြန့်ဝေပေးထားတယ်။ တစ်ယောက်ယောက်က ဝိညာဥ်သားရဲကပ်ဘေးရဲ့ဇစ်မြစ်ကို တွေ့တာနဲ့ လူတိုင်း သိကြလိမ့်မယ်။ အစ်ကိုချန်ရဲ့ ကြယ်သလင်းကျောက်က ၉၇ခုမြောက်ဖြစ်ပြီး ကျန်၉၆ခုကို ဖြန့်ဝေထားပြီးပါပြီ"

ကျိရန်က ခေါင်းညိတ်ပြလိုက်သည်။

"လက်နက်ကောင်စီခေါင်းဆောင်က အမြော်အမြင်ကြီးမားပေတယ်"

ယဲ့ချန်က ရိုးသားစွာ ချီးကျူးလိုက်သည်။ ကြယ်သလင်းကျောက်များက အလွန်အသုံးဝင်သောကြောင့် တစ်ယောက်က သတင်းရသည်နှင့်တပြိုင်နက် အခြားလူများလည်း ချက်ချင်းသိရပေလိမ့်မည်။ မူလတွင် ဝိညာဥ်သားရဲကပ်ဘေးကို ရင်ဆိုင်ချင်သူမှာ သူနှင့် ပင်လယ်မိစ္ဆာမျိုးနွယ်သာရှိသည်ဟု ယဲ့ချန်က ထင်ထားခဲ့သည်။ သို့သော် လက်နက်ကောင်စီခေါင်းဆောင်၏ သဘောထားအရ ဤကပ်ဘေးကိုဖြေရှင်းချင်သည့် အင်အားစုများစွာလည်းရှိနေကြောင်း သိလိုက်ရသည်။ သူက ကြယ်သလင်းကျောက်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ အာကာသချီမှလွဲ၍ မည်သည်ကိုမှ မတွေ့ခဲ့ပေ။ ၎င်းကိုပြုလုပ်သော နည်းလမ်းက အမှန်တကယ်ရှုပ်ထွေးနေသည်။

"လက်နက်ကောင်စီရဲ့အင်အားက အကန့်အသတ်ရှိလို့ ဝိညာဥ်သားရဲကပ်ဘေးကို ကျုပ်တို့အတူတကွ ဖြေရှင်းရပါတယ်။ ကိစ္စတစ်ခုခု ပေါ်ပေါက်လာရင် ကျေးဇူးပြုပြီး ကူညီပေးပါ"

ကျိရန်က လေးနက်စွာ တောင်းဆိုလိုက်၏။

"စိတ်ချပါ"

ယဲ့ချန်က တည်ကြည်စွာ ခေါင်းညိတ်လိုက်၏။ ကြယ်သလင်းကျောက်ကြောင့် သူက ထန်တိုက်လင်ကို မြောက်ပင်လယ်အထိသွားတွေ့ရန် မလိုအပ်တော့ပေ။ ကျိရန်ကိုနှုတ်ဆက်ပြီးနောက် သူက အလယ်အင်ပါယာ၏ တော်ဝင်မြို့တော်မှ ထွက်ခွာလာခဲ့သည်။ အလယ်အင်ပါယာသည် လူဦးရေတစ်ဆယ်ဘီလီယံကျော်နေထိုင်သော ကျယ်ဝန်းသည့် နယ်မြေကြီးတစ်ခုဖြစ်သည်။ သို့သော် ကပ်ဘေးစတင်လာသောအခါ နေရာတိုင်း အပျက်အစီးများပြည့်နှက်နေပြီး ယဲ့ချန်ပျံသန်းလာသော လမ်းတလျှောက်တွင် ဝိညာဥ်သားရဲများစွာ ပြည့်နှက်နေသည်။

မိုင်ထောင်ချီ ပျံသန်းလာပြီးနောက် ယဲ့ချန်၏မြင်ကွင်းအတွင်း လူဆယ်သန်းကျော်၊ မဟာသာလွန်အဆင့်လေးငါးယောက်နှင့် နတ်အဆင့်ကျင့်ကြံသူသုံးဆယ်ကျော် ကာကွယ်နေသော မြို့တစ်မြို့ ဝင်ရောက်လာခဲ့သည်။ ထိုမြို့က ရှေးဟောင်မျိုးဆက်တစ်ခု၏ ပိုင်နက်ဖြစ်နိုင်ပြီး အစွမ်းထက်ကျင့်ကြံသူများရှိသောကြောင့် ဝိညာဥ်သားရဲများကို ခုခံနိုင်နေသည်။ အလယ်အင်ပါယာတွင် တော်ဝင်မြို့တော်မှလွဲလျှင် ဝိညာဥ်သားရဲကပ်ဘေးကို ကြံ့ကြံ့ခံနိုင်သော မြို့တော်ရှစ်ခု ကျန်ရှိနေသည်။ ကပ်ဘေးစတင်လာသောအခါ အစွမ်းထက်ကျင့်ကြံသူများ ထွက်ပေါ်လာ၍ ပိုင်နက်များကို ကာကွယ်လိုက်ကြသည်။

နေ့ဝက်အကြာတွင် ယဲ့ချန်သည် ဝိညာဥ်သားရဲအသိုက်ရှိသော တောင်ကြားအစပ်သို့ ရောက်ရှိလာခဲ့သည်။ သူက နေရောင်အောက်မှသူခိုးကျင့်စဥ်ဖြင့် ရုပ်တစ်မျိုးပြောင်းလဲလိုက်ကာ မြင်သမျှကိုမှတ်တမ်းတင်ရန် ကြယ်သလင်းကျောက်ကို အသက်သွင်းလိုက်သည်။ သူက ၎င်းကိုအသက်မသွင်းခင် ဝူဇီကို အသိုက်အတွင်းရှိရတနာများအား သွားရောက်ခိုးယူစေသည်။ ခဏအကြာတွင် ထိပ်တန်းဝိညာဥ်သားရဲ၏ ဒေါသတကြီးအော်သံများ ထွက်ပေါ်လာ၍ အသိုက်အတွင်းမှ ကမူးရှူးထိုးပျံတက်လာခဲ့သည်။ ဝူဇီက ရတနာများစွာ ခိုးယူလာသောကြောင့် အလွန်ဒေါသူပုန်ထနေသော ဝိညာဥ်သားရဲကို ယဲ့ချန်က မှတ်တမ်းတင်ရင်း အဝေးသို့ ထွက်ပြေးလိုက်သည်။ ၎င်း၏ရွှေရောင်အကြေးခွံများက အရေအတွက် များပြားလာပြီး တစ်ကိုယ်လုံး ရွှေရောင်တောက်ပနေသည်။

"ကျုပ်ရထားတဲ့သတင်းတွေအရဆိုရင် ဒီရွှေရောင်ဝိညာဥ်သားရဲက ရွှေရောင်ဥကနေ အကောင်ပေါက်လာတာဖြစ်နိုင်တယ်။ ဒီဥတွေဟာ ဝိညာဥ်မျှော်စင်မှာ ထွက်ပေါ်လာခဲ့တယ်။ ဒီကောင်က အကောင်ပေါက်ပြီးပြီးချင်း ထူးကဲအဆင့်ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားတယ်။ ငါးနှစ်အတွင်း သူက ကြီးမြတ်သူအဆင့်ကို တက်လိမ့်မယ်။ ဒီလိုတက်တဲ့အချိန်မှာ အားအနည်းဆုံးဖြစ်လို့ သတ်ဖို့အတွက် အကောင်းဆုံးအချိန်ဖြစ်တယ်။ ဒီအသိုက်က အလယ်အင်ပါယာရဲ့ တော်ဝင်မြို့တော် အနောက်မြောက်ဘက် ကီလိုမီတာသုံးထောင်မှာ တည်ရှိတယ်"

ယဲ့ချန်၏အသံက ကြယ်သလင်းကျောက်အတွင်း တည်ကြည်စွာ ဝင်ရောက်သွားခဲ့သည်။ သူက ၎င်းကိုစိုက်ကြည့်နေစဥ် အတွင်းမှ ကြယ်အလင်းရောင်များ တောက်ပလာသည်။ထို့ နောက်အတွင်းမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်က တောင့်တင်းသန်မာသော လူငယ်တစ်ယောက်ဖြစ်ကာ စကားဖြင့်ဖော်ပြမရနိုင်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

"ငါက မိုးကြိုးမျိုးနွယ်ရဲ့ ခေါင်းဆောင်ဖြစ်တယ်။ ဒီဝိညာဥ်သားရဲက ရွှေရောင်ဥကပေါက်လာတယ်ဆိုတာ သေချာလား။ ငါသိသလောက်ဆိုရင် ဝိညာဥ်မျှော်စင်ကနေ ဥဆယ့်သုံးလုံး ထွက်ပေါ်လာခဲ့တယ်။ ကျန်တဲ့ဥတွေရဲ့နေရာကို ဘယ်သူတွေသိကြလဲ"

ပိုမေ့က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ သူက မဟာအရှေ့ပိုင်းတိုက်ကြီး၏ နံပတ်တစ်ကျင့်ကြံသူအဖြစ် ကျော်ကြားသော မိုးကြိုးမျိုးနွယ်၏ခေါင်းဆောင်ဖြစ်သည်။ သူက ထန်တိုက်လင်ကို ချစ်ခင်နေသည်ဟူသော အကြောင်းကို ယဲ့ချန်က တွေးမိလိုက်သောအခါ ခံစားချက်များ ရှုပ်ထွေးသွားခဲ့သည်။ ပိုမေ့သည် မဟာအရှေ့ပိုင်းတိုက်ကြီ၏နံပတ်တစ်ဖြစ်ကာ မိုးကြိုးမျိုးနွယ်၏ဘုရင်ဖြစ်သောကြောင့် မြောက်ပင်လယ်ဘုရင်မ ထန်တိုက်လင်နှင့် နေနှင့်လ ရွှေနှင့်မြပမာ လိုက်ဖက်နေခဲ့သည်။ မိုးကြိုးမျိုးနွယ်နှင့် ပင်လယ်မိစ္ဆာပူးပေါင်းသွားလျှင် သမာဓိကောင်စီပင် ခေါင်းကိုက်ရပေလိမ့်မည်။

"မီးတောက်ကျားသစ်နက်မျိုးနွယ်ကလည်း ဒီလိုဥမျိုးရခဲ့ပေမယ့် လမ်းတစ်ဝက်မှာ ပျောက်ဆုံးသွားခဲ့တယ်"

"မိုးကြိုးမီးမျိုးနွယ်ကလည်း ရခဲ့တယ်။ ဒါပေမယ့် လမ်းမှာ ဝိညာဥ်သားရဲတွေကြောင့် မျိုးနွယ်ဝင်တွေအသတ်ခံလိုက်ရပြီး ဥခွံတွေသာ ကျန်ရစ်ခဲ့တယ်"

ယဲ့ချန်၏သတင်းစကားကို ရပြီးနောက် ရှေးဟောင်းသွေးမျိုးဆက်နှင့် ရှေးဟောင်းမျိုးနွယ်ခေါင်းဆောင်များက တစ်ယောက်ပြီးတစ်ယောက် ဆက်သွယ်လာကြသည်။ ထိုလူများ၏စကားကြောင့် ဤကိစ္စက မရိုးရှင်းကြောင်း ယဲ့ချန် နားလည်လိုက်သည်။ ထိပ်တန်းဝိညာဥ်သားရဲအရေအတွက်က သေချာပေါက် တစ်ကောင်ထက်မကပေ။

"ပင်လယ်မိစ္ဆာမျိုးနွယ်ရဲ့ ရှေးမှတ်တမ်းတွေမှာ ဒီအကြောင်းကို ရေးသားထားတယ်။ ဒီဝိညာဥ်သားရဲကို သွေးဆာချပ်ဝတ်ဝိညာဥ်သားရဲလို့ ခေါ်တယ်။ ဒါက ဝိညာဥ်သားရဲမျိုးနွယ်မှာ အလွန်ရှေးကျတဲ့ မျိုးနွယ်ခွဲတစ်ခုဖြစ်တယ်။ သူတို့က အကောင်ပေါက်ပြီးပြီးချင်း ထူးကဲအဆင့်ကိုရောက်နေပြီး ငါးနှစ်အတွင်း အသိုက်မှာသာ နေထိုင်ကြတယ်။ ငါးနှစ်ကြာရင် အရွယ်ရောက်လာပြီး ကြီးမြတ်သူအဆင့်ငါးနဲ့အထက် ခွန်အားမျိုးကို ပိုင်ဆိုင်လာနိုင်တယ်။ သူတို့က လူသားနဲ့သားရဲတွေတင်မကဘဲ ဝိညာဥ်သားရဲတွေကိုလည်း စားသောက်ကြတယ်"

ထန်တိုက်လင်၏ ပုံရိပ်နှင့်စကားသံကလည်း ကြယ်သလင်းကျောက်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ သူမက ပင်လယ်အတွင်း မတ်တပ်ရပ်နေပြီး အပြာရောင်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားကာ မြင့်မြတ်အေးစက်သောအသွင်ကို ဆောင်သည်။ ယဲ့ချန်က သူ၏ရုပ်ရည်ကို ပြောင်းလဲထားသောကြောင့် ထန်တိုက်လင်က မမှတ်မိပေ။

အကယ်၍ ငါးနှစ်ကြာပြီးနောက် သွေးဆာဝိညာဥ်သားရဲများက ကြီးမြတ်သူအဆင့်သို့ရောက်လာလျှင် မည်သူမှ ရှင်သန်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် သူတို့အားလုံးက ငါးနှစ်အတွင်း တစ်ကောင်မကျန် လိုက်သတ်ရမည်ဖြစ်သောကြောင့် ခေါင်းဆောင်အားလုံး တိတ်ဆိတ်နေကြသည်။ ဤပြဿနာက အမှန်တကယ်ကြီးမားပေသည်။

"အခုတစ်ကောင်ကို တွေ့ထားပြီးပြီဆိုတော့ သတ်လိုက်ကြတာပေါ့။ သုံးရက်ကြာရင် ငါက မိုးကြိုးမျိုးနွယ်ဝင်တွေကိုဦးဆောင်ပြီး သွေးဆာချပ်ဝတ်သားရဲကို သွားသတ်မယ်"

"မိုးကြိုးမီးမျိုးနွယ်ကလည်း ကူညီပါမယ်"

"မီးတောက်ကျားသစ်နက်မျိုးနွယ်ကလည်း ကူညီပေးမယ်"

ပိုမေ့က ပြတ်သားစွာ ကြေညာလိုက်သည်။

"ပင်လယ်မိစ္ဆာမျိုးနွယ်ကလည်း တစ်ခုခုရှာတွေ့ထားတယ်။ ဒါကြောင့် လာပြီးမကူညီနိုင်ဘူး"

ထန်တိုက်လင်က ပြောလိုက်ခြင်းဖြစ်သည်။ သူမက အေးစက်သောမျက်နှာထားနှင့် ပြောလိုက်သော်လည်း သူမရှာတွေ့ထားသော အချက်ကို မဝေမျှခဲ့ပေ။

"ဒီလောက်ဆိုရင် အကူအညီက လုံလောက်ပါတယ်။ ပင်လယ်မိစ္ဆာမျိုးနွယ် မကူညီနိုင်ရင်လည်း အဆင်ပြေပါတယ်"

ပိုမေ့က ထန်တိုက်လင်၏အကျင့်စရိုက်ကို သိထားသောကြောင့် စိတ်ထဲမထားဘဲ တစ်ချက်ပြုံး၍ ဖြေလိုက်သည်။

ကြယ်သလင်းကျောက်အတွင်း ယဲ့ချန် သတင်းပို့လိုက်ချိန်မှစ၍ သမာဓိကောင်စီ၏ မည်သည့်ကျင့်ကြံသူမှ ထွက်ပေါ်မလာခဲ့ပေ။ သူတို့က သတင်းမရခြင်း သို့မဟုတ် ဘေးထွက်ရပ်နေခြင်းနှင့် အခြားအစီအစဥ်များ ရှိနေခြင်းဖြစ်နိုင်သည်။

ယဲ့ချန်သည် ကြယ်သလင်းကျောက်ကိုသိမ်းယူ၍ အဝေးသို့ ကြည့်လိုက်သည်။ အသိုက်အတွင်းမှ ရတနာများ နှစ်ကြိမ်ဆက်တိုက်ခိုးယူခံလိုက်ရသောကြောင့် သွေးဆာချပ်ဝတ်သားရဲက အလွန်ဒေါသထွက်နေခဲ့၏။ ၎င်းက ဒေါသတကြီးဟိန်းဟောက်၍ ပိုင်နက်စွမ်းအားများကို တစ်လှိုင်းပြီးတစ်လှိုင်း ထုတ်ဖော်လိုက်သည်။ ထို့ကြောင့် သူက ထိုတောင်ကြားအနီးတွင် မနေရဲတော့ဘဲ အဝေးသို့ ချက်ချင်းပျံသန်းသွားခဲ့သည်။

"သွေးဆာချပ်ဝတ်သားရဲက အလွန်အစွမ်းထက်တယ်။ ပိုမေ့က သူ့ကို သတ်နိုင်ပါ့မလား"

ယဲ့ချန်က စိတ်ထဲတွင် စိုးရိမ်စွာ ရေရွတ်လိုက်လေသည်။

All Chapters