← Chapters

တာဝန် သုံးခု

Vol. 49 Ch. 673

တာဝန် သုံးခု

Vol. 49 Ch. 673

ခရက်... ခရက်...

ဝေ့ဝူယင်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မြေစိုင်မြေခဲများမှာ ဘေးသို့ ကြဲပြန့်သွားကာ ပိုင်လင် တစ်ယောက် ချောင်ချိစွာ ထွက်ပေါ်လာခဲ့၏။ သူမ၏ ဝမ်းဗိုက်က ယခင်ကထက် နှစ်ဆမျှ ပိုမို ကြီးမား နေခဲ့ပြီ ဖြစ်သည်။

“မင်း ဘယ်လောက်တောင် စားလိုက်တာလဲ...”

ဝေ့ဝူယင်က အံ့သြတကြီး မေးလိုက်၏။ ပိုင်လင်က ပြန်မဖြေချေ။ သို့သော်လည်း သူမ၏ အကြည့်က ဝေ့ဝူယင် အတွက် ရှင်းလင်းသော စကားလုံးများပင် ဖြစ်လေသည်။

“အဲဒါတောင် မလုံလောက်သေးဘူး...”

ဝေ့ဝူယင်မှာ မထိန်းချုပ်နိုင်ပဲ ရယ်မောလိုက်မိတော့၏။

“မင်း ဒီထက် ပိုပြီး စားရင် ငါ့ကို ပြန်စီးနေရဦးမယ်”

ပိုင်လင်၏ မျက်လုံးများက အရောင် ပြောင်းလဲသွား၏။ သူမက နှစ်ဆမျှ ကြီးမားသော ဗိုက်ကြီးဖြင့်ပင် ကောင်းကင်သို့ ပျံတက်ကာ လိမ်ခေါက် ပျံသန်း ပြလိုက်၏။

“ဘယ်လို အခြေအနေကြီးပဲ ရောက်ရောက် ကောင်းကင်မှာ ကျွန်တော့်ကို ဘယ်သူမှ မယှဥ်နိုင်ဘူး...”

ဝေ့ဝူယင်က ထပ်မံ၍ ရယ်မောလိုက်၏။

“ငါတောင်မှလား...”

ပိုင်လင်က တည်တံ့စွာပင် လည်တိုင်ရှည်ကြီးနှင့် ခေါင်းညိတ် လိုက်သည်။

“ဟုတ်တယ်... သခင်တောင်မှ...”

ဝေ့ဝူယင်မှာ ပိုင်လင်၏ လွန်ကဲသော ယုံကြည်မှုကို ကြည့်ကာ ဘာဆက် ပြောရမှန်း မသိတော့ချေ။ သူက နှစ်ဆမျှ ကြီးမားနေသည့် ပိုင်လင်၏ ဝမ်းဗိုက်ကိုသာ လှည့်ကြည့်လိုက်၏။

ပိုင်လင်က ထိုအရာကို သတိထားမိရာ အသက်အောင့်၍ ဗိုက်ကို ရှပ်ထားလိုက်သည်။

“ကျွန်တော် အဆင်ပြေတယ် တွေ့လား...”

သို့သော်လည်း စက္ကန့်အနည်းငယ် အကြာတွင် သူမက အသက်ကို ပြန်လည် ရှူသွင်းလိုက်ရာ ဗိုက်က ပြန်လည် ဖောင်းသွား၏။

“...”

ဝေ့ဝူယင်မှာ ပိုင်လင်ကို စိုက်၍ ကြည့်လိုက်၏။

"..."

ပိုင်လင်ကလည်း သူ့ကို ပြန်စိုက် ကြည့်လိုက်လေသည်။

...

“အခု ကျုပ် ဘာဆက်လုပ်ရမလဲ...”

ဝူယုက ဂြိုဟ်သိမ်ဂြိုဟ်မွှား၏ အပေါ်ယံ အခွံလွှာ ထက်တွင် ခိုင်မာစွာ ရပ်ရင်း စိတ်ဝင်တစားဖြင့် မေးလိုက်၏။ လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက် အတွက် ဝေ့ဝူယင် ပေးအပ်ခဲ့သော တာဝန်များကို ကိုင်တွယ်ပြီး နောက်၌ သူ့တွင် လုပ်စရာ ဘာကိစ္စမှ မရှိတော့ချေ။

ပိုင်လင်မှာ သူ့ဝမ်းဗိုက်ပေါ်တွင် ပျင်းရိစွာဖြင့် လှဲလျောင်း နေ၏။ ဝေ့ဝူယင်ကတော့ သူမ၏ အတောင်များ ကြားတွင် ထိုင်လျက် အနေအထားဖြင့် ရှိနေခဲ့ပေသည်။ ထိုအခိုက်၌ သူ၏ အမူအရာက စိတ်လွတ်ကိုယ်လွတ် အပန်းဖြေနေပုံ ရလေသည်။

ဝူယု၏ မေးခွန်းကြောင့် ဝေ့ဝူယင်၏ မျက်လုံးများမှာ ဖြည်းညင်းစွာ ပွင့်ဟလာခဲ့၏။

“ခင်ဗျား အတွက် တာဝန်သုံးခု ရှိတယ်... ပထမတစ်ခုက ရွှေရောင် အသက်နန်းတော်မှာ ဘာတွေဖြစ်နေလဲ ဆိုတာ စုံစမ်းခဲ့ပါ... အထူးသဖြင့် မာ့မျိုးနွယ်နဲ့ ပတ်သက်ပြီးတော့ပေါ့... အောက်ခြေမခိုင်တဲ့ စင်တစ်ခုပေါ်ကို ကျုပ် ခြေမချချင်ဘူး”

ဝူယုမှာ ထိုအမိန့်ကို မအံ့သြပါချေ။ သို့သော်လည်း သူ့စိတ်ထဲတွင် နားမလည်နိုင်သည့် အရာ တစ်ချို့ ရှိနေသေးဆဲ ဖြစ်သည်။

“သခင်လေးမှာ ထာဝရ အစည်းအရုံးထဲ ဝင်ဖို့ ရည်ရွယ်ချက် မရှိဘူးလား... ဒါမှမဟုတ် အင်ပါယာ ကလန်နဲ့ မဟာမိတ် ဖွဲ့လို့လည်း ရတာပဲ... သူတို့ရဲ့ အဂ္ဂိရတ် ရှန့်ထိုက ထာဝရ ဧကရာဇ်ရဲ့ တပည့် ဆိုပြီး ကောလဟလတွေတောင် ရှိတယ်... နောက်ထပ်ပြောရရင် အစစ်အမှန် ဒြပ်စင်ဂိုဏ်းကလည် ဆိုးရွားတဲ့ ရွေးချယ်မှုတော့ မဟုတ်ပါဘူး”

ဝေ့ဝူယင်က ခေါင်းခါလိုက်၏။ စကားဖြင့် ပြန်မဖြေသည့်တိုင် ထိုအမူရာက တိကျ ပြတ်သားသည့် အဖြေပင် ဖြစ်သည်။

ဝူယုက ဝေ့ဝူယင်၏ သဘောထားကို နားလည်ဟန်နှင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။ အကယ်၍ ထိုအင်အားစု သုံးခုထဲမှ တစ်ခု အတွင်း ဝင်ရောက်လိုက်ပါက မက်မောလောက်စရာ အကျိုးအမြတ်များ ရလိမ့်မည် ဖြစ်သည့်တိုင် တစ်စုံတစ်ခုသော တန်ဖိုးကတော့ ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။ ထိုတန်ဖိုးက လွတ်လပ်မှုပင်။

“ဒုတိယ တာဝန်ကရော ဘာလဲ...”

ဝူယုက စကားကို ပထမ လမ်းကြောင်းပေါ် ပြန်တည်လိုက်၏။ ဝေ့ဝူယင်က ငြိမ်သက်စွာပင် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဝိညာဥ် ကျောက်စိမ်းတစ်ခုကို ထုတ်ယူလိုက်၏။

“ခင်ဗျားရဲ့ ဒုတိယ တာဝန်က အာရုဏ်ဦး နေမီးတောက် ဆေးလုံးက ရလာတဲ့ အကျိုးအမြတ်တွေကို ကျုပ်တို့ရဲ့ အဖွဲ့ခွဲတွေနဲ့ လက်အောက်ငယ်သားတွေဆီ ခွဲဝေ ပေးဖို့ပဲ... ဒီအထဲမှာ ခွဲဝေ ပေးရမယ့် နာမည်တွေနဲ့ ရာခိုင်နှုန်းတွေ ပါတယ်”

ထို့နောက် သူက ဝိညာဥ်ကျောက်စိမ်းကို ဝူယုထံ လွှဲပေးလိုက်သည်။ သူရွေးချယ်ထားသည့် လူများမှာ ထိုဘဏ္ဍာငွေကို အသုံးပြုကာ ရွှေရောင် အသက်နန်းတော်ထံမှ ကျင့်ကြံခြင်း နည်းလမ်းများ၊ လက်နက်များ၊ အကာအကွယ် အဆောင်များကို ပြန်လည် ဝယ်ယူနိုင်လိမ့်မည် ဖြစ်သည်။

ဝူယုက ခေါင်းတစ်ချက် ညိတ်ကာ ဝိညာဥ်ကျောက်စိမ်းကို စစ်ဆေးလိုက်၏။ ထို့နောက် သူက အနည်းငယ် အံ့အားသင့် သွားဟန်နှင့် ဝေ့ဝူယင်ကို ကြည့်လိုက်သည်။

“သခင်လေးက အယ်ဗန်တွေ အတွက် အများကြီး ပေးထားတာပဲ”

“ခင်ဗျားပြောပုံ အရဆို အယ်ဗန် ဘေးမဲ့နယ်မြေက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ကို ဘယ်တုန်းကမှ မမွေးထုတ်ခဲ့ဖူးဘူး ဆို... အဲဒါက ထူးဆန်းတယ် မထင်ဘူးလား”

ဝေ့ဝူယင်က မေးလိုက်၏။ ဝူယုမှာ မျက်မှောင်ကြုတ် သွားသည်။ အတန်ကြာ စဥ်းစားပြီး နောက်၌ သူ့မျက်လုံးများက တောက်ပသွား၏။

“ထူးဆန်းတယ်...”

သူသိထားသလောက် ဆိုလျှင် လွန်ခဲ့သည့် နှစ်ထောင်ချီက အထွတ်အမြတ် အယ်ဗန် ဧကရီမှာ ထာဝရ ဧကရာဇ်နှင့် အတူ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို လိုက်ပါလာခဲ့သည်။ ထိုစဥ်ကတည်းက သူမက လျှို့ဝှက် အာဏာရှင် အဆင့်ကို ရောက်ရှိပြီး ဖြစ်သည်။ ဝူယုက မျက်လုံးထဲတွင် နားလည် သဘောပေါက်မှု အလင်းတန်းများနှင့် ဆက်ပြောလိုက်၏။

“အဆုံးမဲ့ ကောင်းကင်ရဲ့ သမိုင်းမှာ အထွတ်အမြတ် အယ်ဗန် ဧကရီနဲ့ ပတ်သက်တဲ့ မှတ်တမ်း မရှိဘူး... ကျန်တဲ့ လူတွေ အကုန်လုံးကတော့ ဒီနေရာမှာ သူတို့ကိုယ် သူတို့ တည်ဆောက်နိုင်ခဲ့ကြတာ ချည်းပဲ... ရီ၊ အားနဲ့ စန်း တို့လို သူ့ရဲ့ ကျွန်တွေတောင်မှပေါ့... ဒါပေမဲ့ သူ့ကျမှ ဘာလို့လဲ.. အဲဒီနှစ်တွေတုန်းက သူ့ရဲ့ ကျင့်ကြံခြင်း ပါရမီက ငါ့ထက် နိမ့်ကျတယ် ဆိုပေမဲ့ ဉာဏ်ရည်နဲ့ နားလည်နိုင်စွမ်းကတော့ တကယ် ကောက်ဖို့ကောင်းတယ်... ဒီနေရာမှာ သူ့ကိုယ်သူ မတည်ဆောက်နိုင်ဘူး ဆိုတာက အဓိပ္ပာယ် မရှိဘူး”

"..."

ဝေ့ဝူယင်ကတော့ ငြိမ်သက်နေ၏။ သူ့တွင် အထွတ်အမြတ် အယ်ဗန် ဧကရီနှင့် ပတ်သက်၍ ကောက်ချက်ချစရာ ဘာအချက်အလက်မှ မရှိချေ။ သူ သိထားသမျှက လင်းကျိရန်တို့၏ ထူးဆန်းသော မျိုးနွယ်နှင့် ထိုအမျိုးသမီးတို့ အကြားရှိ ရှုပ်ထွေးသော ပဋိပက္ခသာ ဖြစ်သည်။ ထို့ကြောင့်ပင် မရေရာသည့် ခန့်မှန်းချက် တစ်ချို့ကိုသာ သူ ထုတ်လုပ်နိုင်ပေသည်။ အကယ်၍ ထိုခန့်မှန်းချက်များသာ မှန်ပါက အထွတ်အမြတ် အယ်ဗန် ဧကရီမှာ ကြောက်ဖို့ ကောင်းတာထက် ပိုပေလိမ့်မည်။

“ကျုပ်တို့ စောင့်ကြည့်ကြတာပေါ့လေ.. လောလောဆယ်တော့ သူတို့ဆီကို ကျုပ်ပို့ခိုင်းတာပဲ ပို့ပေးပါ”

ဝေ့ဝူယင်က စကားကို ဖြတ်လိုက်၏။ ဝူယုကလည်း ထိုအရာကို ဆက်လက် မစဥ်းစားချင်တော့ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“တတိယ တာဝန်ကရော ဘာလဲ”

“ခုအချိန်မှာ ခင်ဗျားက ကျုပ် မှီခိုလို့ ရနိုင်တဲ့ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်ပဲ... နောက်ပြီး ပြဿနာတွေကို ခင်ဗျား ကိုင်တွယ်တဲ့ ပုံနဲ့ ကာကွယ်သူ တစ်ယောက် လိုမျိုး လုပ်ဆောင်ချက်တွေက လုံးဝ ပြီးပြည့်စုံတယ်... ကျုပ် ခင်ဗျားကို ထပ်လိုအပ်တယ်”

ဝေ့ဝူယင်က ပြုံးရင်း ပြောလိုက်၏။ ဝူယုက နားမလည်ဟနန်နှင့် ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ သို့သော်လည်း... ဝေ့ဝူယင်က စတင် ရှင်းပြသော အခါတွင်တော့ သူ့မျက်လုံးများက အောက်ရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားကို ကြည့်ကာ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် လာခဲ့တော့သည်။

“ဒါကြီး တစ်ခုလုံးက တကယ့်ကို တာရာ လျှို့ဝှက် သတ္တုရိုင်းတွေလား...”

ဝူယုမှာ မထိန်းချုပ်နိုင်ပဲ ဝိညာဥ်အာရုံကို ဆန့်ထုတ်ကာ ချက်ချင်း လက်ငင်း စစ်ဆေးလိုက်တော့၏။ ဤကုန်းမြေထုကြီး တစ်ခုလုံးက ထူးဆန်းစွာ ပျောက်ကွယ်သွားသည့် ဂြိုဟ်ကြီးထဲမှ တာရာ သတ္တုရိုင်းများလော။

ပထမ၌ ဝေ့ဝူယင်က ထိုဂြိုဟ်ကြီးကို တစ်နည်းနည်းဖြင့် အခြား နေရာတစ်ခုသို့ ရွှေ့ပြောင်း ပစ်လိုက်သည်ဟု သူ ယူဆ ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ယခုတွင်တော့ ထိုတစ်ခုလုံးက သန့်စင် ပြီးစီးသော အနေအထားဖြင့် သူ့ခြေထောက်အောက်တွင်ပင် ရှိနေခဲ့သည်ဟု ဆိုသည်။ ဝေ့ဝူယင်က မည်ကဲ့သို့ ပြုလုပ်လိုက်သနည်း။

သူ ခွန်ရီမင်တို့ နောက်ကို လိုက်၍ ပြန်လာခဲ့သော အချိန်မှာ အလွန်ဆုံး ကြာမှ မိနစ်သုံးဆယ်ခန့်သာ ဖြစ်သည်။ သူ သိထားသလောက် ဆိုရင် တာရာ လျှို့ဝှက် သတ္တုရိုင်းမှာ အလွန် ထူးဖော်ရ ခက်ခဲသည်။ အသေးဆုံးသော ဂြိုဟ်တစ်ခုကိုပင် နှစ်ပေါင်း ရာနှင့်ချီ တူးဖော်ရသည်။ အကယ်၍ ထိုအကြောင်းသာ ပေါက်ကြားသွားပါက ဝေ့ဝူယင်ထံမှ နည်းလမ်းကို ရရှိရန် တစ်လောကလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

“ခင်ဗျားရဲ့ တာဝန်က ဒီတာရာ သတ္တုရိုင်းတွင်းကို စောင့်ရှောက်ဖို့ပဲ... အချိန်ကြာကောင်း ကြာနိုင်တယ်... ဒီသတ္တုရိုင်းတွေ ဘယ်လောက် တန်ဖိုးကြီတယ် ဆိုတာ မင်ဗျားလည်း သိတာပဲ... အစောင့်အရှောက် မရှိပဲ ကျုပ် မထားခဲ့ချင်ဘူး”

ဝူယု၏ မျက်လုံးများမှာ လေးနက်မှုများနှင့် ပြည့်နှက် သွား၏။ ပထမ တာဝန် နှစ်ခုမှာ ပေါ့ပေါ့ပါးပါး ဆိုသော်လည်း ရတနာသိုက်ကြီး တစ်ခုပေါ်တွင် ထိုင်ကာ စောင့်ရှောက်ရမည့် အလုပ်ကတော့ အလွန့်ကို အန္တရာယ် များလှပေသည်။ အကယ်၍ မြေကြီးရှန့်ထိုနှင့် သေမျိုး တစ်ပိုင်း အဆင့်လို ထိပ်သီး ပညာရှင်များသာ ထိုအရာကို ရှာဖွေ တွေ့ရှိသွားပါက သူ အကြိမ်တစ်သောင်းခန့် သေဆုံးသွားရလိမ့်မည်။

ဝေ့ဝူယင်က လေးနက်သော အမူအရာဖြင့် ဆက်ပြောလိုက်၏။

“ကျုပ် ဒီမိုင်းတွင်းကို ယုံကြည်ရပြီး လုံလောက်အောင် သန်မာတဲ့ လက်ထဲကိုပဲ ထည့်ခဲ့ချင်တယ်... အဲဒီ လိုအပ်ချက်နဲ့ ကိုက်ညီတာကလည်း ခင်ဗျားပဲ ရှိတယ်”

“ ... “

ဝူယုက ဘာဆင်ခြေမှ မပေးတော့ပဲ ခေါင်းညိတ်လိုက်၏။ ဝေ့ဝူယင်က သူ့အား ကြီးလေးသော တာဝန်ကို ပေးခဲ့ရာ လုံလောက်သည့် အကျိုးအမြတ်များ ပါဝင်လာမည်မှာ သေချာသည်။ ထိုအရာက သူ မငြင်းဆန်နိုင်သည့် အခွင့်အရေးလည်း ဖြစ်သည်။

“ဒါနဲ့ ကျုပ် ပထမ တာဝန် နှစ်ခုကို ပြီးမြောက်သွားရင် သခင်လေးက ဘာလုပ်မှာလဲ”

ဝူယုက စိတ်ဝင်တစားဖြင့် မေးလိုက်၏။ ဝေ့ဝူယင်၏ မျက်နှာထက်၌ စိတ်လှုပ်ရှားသည့် အပြုံး တစ်ခု ပေါ်လာခဲ့ကာ ကြယ်ခုနစ်စင်းမှာ သူ့ငွေရောင် မျက်လုံးများထဲတွင် နေရာယူ လာခဲ့လေသည်။

“ကျုပ် စမ်းသပ်ကြည့်မလို့”

All Chapters