← Chapters

နှစ်ကြိမ်မြောက် နိဗာန အသွင်ပြောင်းခြင်း

Vol. 49 Ch. 674

နှစ်ကြိမ်မြောက် နိဗာန အသွင်ပြောင်းခြင်း

Vol. 49 Ch. 674

ရတနာအလင်း ကြယ်တာရာ နယ်မြေနှင့် ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ ကြားရှိ နတ္ထိ ဟင်းလင်းပြင်တစ်နေရာတွင် လူသား တစ်ယောက်နှင့် သားရဲ တစ်ကောင်မှာ ကြယ်ကွင်းပြင်များကို သွေးမိုးများ လွှမ်းမိုး သွားစေနိုင်သည့် ရင်းမြစ်များ ပါဝင်နေသော စက်ဝိုင်း ပုံသဏ္ဌာန် ဂြိုဟ်သိမ်ဂြိုဟ်မွှား အထက်၌ ထိုင်နေခဲ့ကြလေသည်။

ထိုအခိုက်၌ ဝေ့ဝူယင်မှာ အဂ္ဂိရတ် ထုတ်ကုန်များကို သုံးကာ စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် ကြိုးပမ်း နေခဲ့၏။ လွန်ခဲ့သည့် မိနစ်ပိုင်းကပင် သူ ဝူပိုင်ကျိုးထံသို့ ဦးတည်နေသည့် ဟင်းလင်းပြင် ပေါ်တယ် တစ်ခုကို ဖွင့်ကာ ဝူယုကို ထာဝရဂြိုဟ်ဆီ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။ ၎င်းက အလွန်ပင် ခြေကုန် လက်ပမ်းကျသည့် အလုပ်တစ်ခု ဖြစ်ကာ လုံလောက်သည့် ရင်းမြစ်များသာ မရှိပါက ပြန်လည် ဖြည့်တင်းဖို့ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။ မိနစ်ပေါင်း များစွာ ကြာမြင့်ပြီးနောက်တွင်... ဝေ့ဝူယင်မှာ မူလ အခြေအနေကို တဖြည်းဖြည်း ပြန်လည် ရောက်ရှိလာခဲ့၏။

“ဂီး...”

ပိုင်လင်က ခပ်တိုးတိုး အော်ဟစ်လိုက်ကာ ရွှေနှင့် သွေး ပေါင်းစပ်ထားသည့် နိဗာန မီးတောက်များမှာ သူမ၏ ခန္ဓာကိုယ်တွင် တောက်လောင်လာ၏။ ရုတ်ချည်းပင်... ပတ်ဝန်းကျင် တစ်ခုလုံးက မြင့်မားသော အပူရှိန်များဖြင့် ပြည့်နှက်လာကာ ပူပြင်း တောက်လောင်သော အလင်းတန်းများမှာ သူမ၏ ကိုယ်မှ ထွက်ပေါ်လာသည်။ တာရာ လျှို့ဝှက် သတ္တုရိုင်းများကို အလွန်အကျွံ စားသောက်ပြီး နောက်တွင် ပိုင်လင်၏ ခန္ဓာကိုယ်မျာ အပြောင်းအလဲများနှင့် စတင် ကြုံတွေ့နေရပြီ ဖြစ်သည်။

ဝေ့ဝူယင်မှာ ပိုင်လင်၏ ခန္ဓာကိုယ်ကို မျက်တောင်မခပ် စိုက်ကြည့်နေခဲ့၏။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ သူမနှင့် ပတ်သက်သည့် မည်သည့် အပြောင်းအလဲ ကိုမှ လွဲချော်ခဲ့ခြင်း မရှိခဲ့ချေ။ ဝေ့ဝူယင် ကြည့်နေစဥ်မှာပင် ရွှေနှင့် သွေးရောင် စပ်ထားသည့် ပိုင်လင်၏ နိဗာန မီးတောက်များမှာ သွေးရောင်ကို ဆုံးရှုံးကာ ပိုမို၍ ရွှေရောင် သမ်းလာနေခဲ့လေသည်။

“ပိုင်လင် ပြောပုံ အရဆို နိဗာန ပြန်လည် မွေးဖွားခြင်း အလွှာမှာ အဆင့်ကိုးဆင့် ရှိတယ်တဲ့... သူက ဒုတိယ အဆင့်ကို ချိုးဖျက်တော့မှာလား”

သားရဲများမှာ လူသား၊ အယ်ဗန်၊ နတ်ဆိုးများနှင့် မတူ ကွဲပြားသည့် ကျင့်ကြံခြင်း လမ်းစဥ်များကို ပိုင်ဆိုင်ထားကြရာ ဝေ့ဝူယင်မှာ ပိုင်လင်၏ တိုးတက်မှုကို သေချာ ဆုံးဖြတ်နိုင်စွမ်း မရှိပါချေ။

“ဂီး...”

ဝေ့ဝူယင် ကြည့်နေစဥ်မှာပင် ပိုင်လင်က ကျယ်လောင်စွာ အော်ဟစ်ကာ အတောင်ပံများကို ဖြန့်ကျက်လိုက်၏။ မီးတောက်များက ပိုမို ပြင်းထန်သော အရှိန်အဟုန်ဖြင့် လောင်ကြွမ်းလာသည်။ သူမက အတောင်ပံများကို ခတ်လိုက်သော အခိုက်တွင်ကား နတ္ထိ ဟင်းလင်းပြင် တစ်ခုလုံးကို တုန်ရီစေသည့် ထစ်ချုန်းသံများ ထွက်ပေါ်လာခဲ့တော့၏။

ဝူယု ဖန်တီးထားသည့် အတုအယောင် လေထုအလွှာက ချက်ချင်းပင် ပျက်စီးသွားလေရာ ဝေ့ဝူယင်မှာ အစစ်အမှန် နဂါးအသွင်ကို ဖော်ထုတ်လိုက်ရ၏။ ချက်ချင်းပင်... ကြောက်မက်ဖွယ် ကောင်းသည့် အမှောင်ဟင်းလင်းပြင် အအေးဓာတ်က တိုးဝင် ရောက်ရှိလာသည့်တိုင် သူ၏ ရုပ်ခန္ဓာ အော်ရာက သဘာဝ အကာအကွယ် တစ်ခုနှယ် တားဆီးထားပေသည်။

“ကျွန်တော် ပြန်လာခဲ့မယ်...”

ပိုင်လင်က စိတ်ဖြင့် ဆက်သွယ်၍ ပြောလိုက်၏။ ဝေ့ဝူယင် တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်သည်။

“ငါ ဒီက စောင့်နေမယ်...”

ပိုင်လင်၏ ယခုတစ်ကြိမ် အသွင်ပြောင်းမှုက ကိုးနှစ် ကြာလိမ့်ဦးမလား မသိရသေးသည့်တိုင် သူမ မပါပဲ သူ ဤနေရာမှ ထွက်သွားလိမ့်မည် မဟုတ်ချေ။

ပိုင်လင်က နောက်ထပ် တွန်သံ တစ်ချက် ပေးလိုက်ရင်း အတောင်ပံများကို ဖြန့်ကာ ခပ်ပြင်းပြင်း ခတ်လိုက်၏။ ထို့နောက် သူမက အမှောင် ဟင်းလင်းပြင် အတွင်း တိုးဝင် ပျံသန်းကာ မီးတောက် ဥက္ကာပျံ တစ်ခု ဖြစ်သွားခဲ့သည်။

ပိုမို၍ ပျံသန်းသည်နှင့် အမျှ ပိုင်လင်၏ ခန္ဓာကိုယ်ကို လောင်ကြွမ်းနေသည့် မီးတောက်များမှာ ပိုမို တောက်ပလာ၏။ သူမ ခန္ဓာကိုယ်ကို ဗဟိုပြု၍ အလွန် ကြီးမားလှသော မီးတောက် ပုံရိပ်ကြီး တစ်ခု မွေးဖွားလာသည်။ ၎င်းက မီတာရာနှင့် ချီအောင် ကြီးမားကာ ဒဏ္ဍာရီထဲမှ ဖီးနစ်ငှက်၏ အသွင် သဏ္ဌာန်ကို ယူဆောင်ထားသည်။

ဝေ့ဝူယင်မှာ လောင်ကြွမ်းနေသည့် ပိုင်လင်ကို တိတ်တဆိတ်ပင် စောင့်ကြည့်နေခဲ့သည်။ နတ္ထိ ဟင်းလင်းပြင် တစ်ခုလုံးမှာ မီးတောက်များ၏ အကျိုးသက်ရောက်မှုကို ခံရကာ အသေးစား ပြိုကွဲမှုများ ဖြစ်ပေါ်လာ၏။ သုံးမိနစ်ခန့်မျှ ကြာအောင် လောင်ကြွမ်း ပြီးသည့်နောက် မီးငှက်ကြီးက အတောင်ပံကို ဖြန့်ကျက်ကာ စူးဝါးသော အသံကြီးဖြင့် အော်ဟစ်လိုက်၏။

“ဂီး...”

ဝေ့ဝူယင်၏ လက်များက လျှင်မြန်စွာပင် လက်ဟန် ချိပ်စည်းများ အဖြစ် ပြောင်းလဲသွားသည်။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူနှင့် အောက်ရှိ ဂြိုဟ်သိမ်၊ ဂြိုဟ်မွှားကို ဝန်းရံ၍ ကြယ်တာရာ အလွှာ တစ်ခု ဖြစ်ပေါ်လာ၏။

ထို့နောက် စက္ကန့်ပိုင်းမျှ အတွင်းမှာပင် အလွန် ပြင်းထန်သည့် ပေါက်ကွဲမှု လှိုင်းများမှာ သူ့ထံသို့ တိုးဝင် လာခဲ့လေတော့၏။

ဘုန်း...

လှိုင်းများမှာ ဝေ့ဝူယင်နှင့် ဂြိုဟ်သိမ်ဂြိုဟ်မွှားကို နောက်သို့ မိုင်ပေါင်း များစွာ တိုင်အောင် လွင့်စဥ် သွားစေခဲ့၏။ ထိုအော်ဟစ်သံမှ စွမ်းအားမှာ ဟင်းလင်းပြင်ကို လှုပ်ခါစေခဲ့ခြင်း မဟုတ်ချေ။ အာကာသ ဟင်းလင်းပြင် စွမ်းအင်များကို ဖောက်ခွဲ၍ အစွမ်းထက် လှိုင်းများကိုပါ ဖန်တီးပစ်ခဲ့ခြင်း ဖြစ်သည်။ ထိုလှိုင်းများမှာ ဂြိုဟ်များကိုပင် လဲပြိုစေနိုင်သည့် အစွမ်း ရှိပေသည်။

ကံကောင်းထောက်မစွာပင် ဝေ့ဝူယင်မှာ ထိုစွမ်းအင်လှိုင်းများကို အားထုတ်မှု အနည်းငယ်ဖြင့် ခုခံနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားခဲ့ပေသည်။

အထွတ်အထိပ်ထိ ရောက်အောင် လောင်ကြွမ်း ပြီးနောက် ပိုင်လင်၏ ပတ်လည်ရှိ မီးတောက်များမှာ တဖြည်းဖြည်း ပြန်လည် ကျုံ့ဝင်သွား၏။ သူမ၏ ခန္ဓာကိုယ်က တဖြည်းဖြည်းပင် အားကုန်စ ပြုလာကာ အမွေးအတောင်များမှာ ပျောက်ကွယ်သွားသည်။ ထို့နောက် စက္ကန့်ဝက်မျှ အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပြာမှုန်များ အဖြစ် ပြောင်းလဲကာ အမှောင် ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ် သွားခဲ့တော့၏။

ဝေ့ဝူယင်က တိတ်တဆိတ်ပင် ပင့်သက် တစ်ချက် ရှိုက်လိုက်သည်။ ကြည့်ရသည်က သားရဲများ၏ ကျင့်ကြံခြင်းမှာ နှေးနိုင်သလို မြန်နိုင်သည့် ပုံလည်း ပေါ်သည်။ ထိုအရာက သူတို့ စားသုံးလိုက်သည့် ရင်းမြစ်များ ပေါ်တွင် မူတည်နေသည့်ပုံပင်။ ထို့အပြင် သူတို့၏ အစာချေဖျက်နှုန်းကလည်း ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ပိုင်လင်မှာ ဝမ်းဗိုက် နှစ်ဆမျှ အထိ စားထားသည့် တာရာ လျှို့ဝှက် သတ္တုရိုင်းများကို နာရီ အနည်းငယ် အတွင်းမှာပင် ချေဖျက်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာက ဝေ့ဝူယင် ကိုယ်တိုင်ထက်ပင် အဆပေါင်းများစွာ ပိုမိုသည့် နှုန်းဖြစ်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... ပိုင်လင်မှာ နိဗာန အသွင်ပြောင်းခြင်း ဖြစ်စဥ်ထဲကို ဒုတိယ အကြိမ်မြောက် ဝင်ရောက် သွားခဲ့ပြီ ဖြစ်သည်။ သားရဲတို့၏ ကျင့်ကြံခြင်း ဖြစ်စဥ်ကို ပုံသေတွက်၍ မရသည့်တိုင် ပထမ တစ်ကြိမ်အတိုင်း ဆိုပါက နောက်ထပ် ကိုးနှစ် ထပ်မံ ကြာမြင့်လိမ့်ဦးမည် ဖြစ်သည်။

“ကိုးမိနစ်ပဲ ကြာကြာ... ကိုးနှစ်ပဲ ကြာကြာ... ငါ မင်းကို စောင့်နေမယ်”

အတွေးများကို အဆုံးသတ်လိုက်ပြီးနောက် ဝေ့ဝူယင်က သုံးနာရီကြာအောင် အဂ္ဂိရတ် ထုတ်ကုန်များကို သန့်စင်ကာ ကုန်ဆုံးသွားသည့် စွမ်းအင်များကို ပြန်လည် ဖြည့်တင်းနေလိုက်၏။

ထာဝရ ကြယ်တာရာ နယ်မြေကို စွန့်ခွာလာသည့် အချိန်မှ စ၍ ယနေ့ အထိ အချိန်တိုအတွင်းမှာပင် သူ အဂ္ဂိရတ် ထုတ်ကုန်များစွာကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ သူ့ထံ၌ ဘယ်လောက်ပဲ ရင်းမြစ်ပေါများသည် ဆိုစေကာမူ အကန့်အသတ်မဲ့ ရှိနေသည်တော့ မဟုတ်ချေ။ ထိုအရာက သိပ်မကြာခင်မှာပင် အဂ္ဂိရတ် ထုတ်ကုန် ပြတ်လပ်မှုကို ဦးတည် သွားစေနိုင်သည်။

ထို့ကြောင့်ပင် ဝူယု ထွက်ခွာခါနီး အချိန်၌ လေလံပွဲမှ ရရှိထားသည့် ငွေကြေး အချို့အဝက်ကို သုံးကာ အဆင့်ကိုး ထုတ်ကုန် ဆေးညွှန်း အချို့နှင့် ဆေးဖော်စပ်ရန် ပါဝင်ပစ္စည်းများ ဝယ်ယူလာခဲ့ပေးဖို့ သူ မှာကြားခဲ့သည်။ လေပူတစ်ချက် မှုတ်ထိုက်လိုက်ရင်း ဝေ့ဝူယင်က ဒြပ်စင်ကိုးပါး နေကြတ် မှော်ဆေးအိုးကို ထုတ်ယူလိုက်၏။

ဝှစ်... ဝှစ်...

ချက်ချင်းပင် သူ၏ ပတ်လည်ရှိ ခြောက်ဆယ့်သုံး မီတာမှာ ရောင်စုံ အလင်းမှုန်များနှင့် ပြည့်နှက် သွားသည်။ ၎င်းတို့မှာ အဆင့်ခုနစ်နှင့် အဆင့် အထက် ထုတ်ကုန်များကို ဖော်စပ်အောင်မြင်ပါက မှော်ဆေးအိုးများ ရရှိ ပိုင်ဆိုင်နိုင်သည့် အသန့်စင်ဆုံး မြူနှင်းများပင် ဖြစ်သည်။

ဝေ့ဝူယင်က သူ အနန္တ ဧကရာဇ်ဂိုဏ်းသား ဘဝ ကတည်းက အသုံးပြုခဲ့သည့် မှော်ဆေးအိုးလေးကို လေ့လာလိုက်၏။ ထို့နောက် သူက ညင်သာစွာပင် ၎င်း၏ မျက်နှာပြင်ကို ပွတ်သပ်လိုက်သည်။ သူ မှော်ဆေးအိုးကို နောက်ဆုံး အကြိမ် လောကထံ ထုတ်ဖော် ပြသခဲ့စဥ်ကတည်းက အသန့်စင်ဆုံး မြူနှင်းများမှာ ငါးဆယ့်သုံး မီတာ အထိ ကျယ်ပြန့်လာခဲ့သည်။

ထို့အပြင် ၎င်း၏ မျက်နှာပြင်ထက်ရှိ ကိုးမျိုးစပ် အရောင်များမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ ထိုနေရာတွင် အလွန် သန့်ရှင်း စင်ကြယ်သော အဖြူရောင်က အစားထိုး နေရာယူထား၏။ သို့သော်လည်း တစ်ခါတစ်ရံ၌ ဆေးအိုးမှာ အနန္တ အရောင်များဖြင့် တောက်ပနေကာ မျက်နှာပြင်ကို လှပစွာ ရေးချယ်နေသည်။

အထွတ်အထိပ် ဒြပ်စင် ရည်ရွယ်ချက် ကိုးခုကို ပေါင်းစပ်ကာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို အောင်မြင်စွာ တည်ထောင်ခဲ့ပြီးနောက်တွင်... အဆက်မပြတ် ဆေးဖော်စပ် ထိတွေ့မှုများနှင့် အတူ မှော်ဆေးအိုး၏ အရည်အသွေးများက များစွာ ပြောင်းလဲလာခဲ့သည်။ ၎င်း၏ သဘာဝ အခြေအနေပင်လျှင် ပြောင်းလဲကာ အသန့်စင်ဆုံး မြူနှင်းများနှင့် ပေါင်းစပ်ထားသည့် အဂ္ဂိရတ် နယ်မြေ တစ်ခုပင် ဖွဲ့စည်းလာခဲ့သည်။

ထာဝရ နတ်မိမယ်လေး ဖြစ်သည့် ချင်ကူးယင်နှင့် အဂ္ဂိရတ် တိုက်ပွဲတွင် ၎င်းက အဆင့်မြင့် ကြယ်အဆင့် ရတနာ တစ်ခုသာ ဖြစ်ခဲ့သည်။ ထိုမှတစ်ဆင့် အထွတ်အထိပ် အဆင့် အထိ ဆင့်ကဲ တိုးတက်လာခဲ့ကာ ယခုတွင်တော့ ကြယ်အဆင့် ရတနာများ၏ အမြင့်ဆုံး အကန့်အသတ်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း တန်ခိုးရှင် အဆင့် အဂ္ဂိရတ် မှော်ဆေးအိုး အချို့ ပင်လျှင် ဒြပ်စင်ကိုးပါး နေကြတ် မှော်ဆေးအိုးလောက် ထူထပ် များပြားသည့် အဂ္ဂိရတ် မြူနှင်းများနှင့် အော်ရာတို့ ရှိလိမ့်မည်ဟု ဝေ့ဝူယင် မထင်ချေ။

သက်တမ်း ရှည်လျားသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်ကြီးများနှင့် အဂ္ဂိရတ် ရှန့်ထိုကြီးများ အသုံးပြုခဲ့သည့် မှော်ဆေးအိုးများသာလျှင် ထိုမျှ များပြား သန့်စင်သည့် အဂ္ဂိရတ် မြူနှင်းများကို ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။

“လွန်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ သာလွန်ခြင်း အဆင့် အရည်အသွေး ရှိတဲ့ ထုတ်ကုန်တွေကို ဘာကြောင့် မဖော်စပ်နိုင်ရသလဲ ဆိုတဲ့ အကြောင်းရင်းကို ငါ မရေမတွက်နိုင်အောင် စစ်ဆေးခဲ့ပေမဲ့ ဘယ်တုန်းကမှ အဖြေကို မတွေ့ခဲ့ဘူး... ဒါပေမဲ့ အခု ငါ့မှာ အဲဒါနဲ့ ပတ်သက်တဲ့ အပိုင်းအစ နှစ်ခု ရှိနေပြီလို့ ထင်တယ်”

ဝေ့ဝူယင်က ဝတ်ရုံထဲကို လက်နှိုက်ကာ ဝူယု ပေးထားသည့် ကျောက်စိမ်းပုလင်းလေးကို ထုတ်ယူလိုက်၏။ ထိုအထဲတွင် လျှို့ဝှက် မူလ အရည်စက် ခြောက်စက် ရှိနေပေသည်။ တစ်ဆက်တည်းပင် ဝေ့ဝူယင်က အရှေ့ရှိ မြေပြင်ကိုပါ လက်ဖြင့် ထိုးစိုက်ကာ မြေစိုင်မြေခဲ အချို့ကို ယူလိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် အလွန်တရာ တန်ဖိုး ကြီးမားလှသည့် လျှို့ဝှက် အဆင့် ရတနာ နှစ်ခုမှာ သူ့လက်ထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်က မျက်လုံးကို မှိတ်၍ ပြန်ဖွင့်လိုက်ရာ အဂ္ဂိရတ် ကြယ်တာရာများမှာ တလက်လက် ထွက်ပေါ်လာ၏။ အဂ္ဂိရတ် တာအို၏ စိတ်ဆန္ဒက သူ့မျက်လုံးများနှင့် ပေါင်းစပ်သွားကာ ကောင်းကင်ဘုံ နတ်မျက်လုံးနှင့် ခြားနားသည့် အမြင်တစ်ခုဆီ ခေါ်ဆောင်သွားသည်။

ထိုအခါ သူ၏ အမြင်အာရုံ၌ ဖြူစင်ကာ သိမ်မွေ့လှသည့် တာရာ လျှို့ဝှက် သတ္တုရိုင်းမှာ လုံးဝ ပြောင်းလဲ သွားခဲ့တော့သည်။

All Chapters