← Chapters

သာလွန်ခြင်း အဆင့်

Vol. 49 Ch. 676

သာလွန်ခြင်း အဆင့်

Vol. 49 Ch. 676

အလင်းနှင့် အသက်ဓာတ်တို့ ကင်းမဲ့ကာ မရေမတွက်နိုင်သည့် လျှို့ဝှက် ဆန်းကြယ်မှုများ ခိုအောင်းနေသည့် နတ္ထိ ဟင်းလင်းပြင် တစ်ခုတွင် မီးခိုးရောင် အကြေးခွံများကို ပိုင်ဆိုင်ထားသည့် ယောက်ျား တစ်ယောက်နှင့် ရွှေရောင် မျက်လုံးများနှင့် သားရဲ တစ်ကောင်တို့ ရှိနေခဲ့ကြ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က သူတို့ နှစ်ယောက် စလုံးမှာ ကိုယ်ပိုင် ကျင့်ကြံခြင်း ခရီးလမ်းအတွက် တန်ဖိုး မဖြတ်နိုင်သည့် ရှာဖွေ တွေ့ရှိမှုများနှင့် အတူ မှတ်တိုင် တစ်ခုစီကို ကိုယ်စီ ရောက်ရှိခဲ့ကြပြီး ဖြစ်သည်။

လက်ရှိ၌ သူတို့က ထိုရှာဖွေ တွေ့ရှိမှုတို့ကို လက်နက် အဖြစ် သုံးကာ လောကကြီးအား တုန်လှုပ်စေမည့် တစ်စုံတစ်ရာကို အတူတကွ ဖန်တီး နေခဲ့ကြလေသည်။

ထိုအခိုက်၌... ဝေ့ဝူယင်မှာ ဒြပ်စင်ကိုးပါး နေကြတ် မှော်ဆေးအိုး၏ အရှေ့တွင် တင်ပျဥ်ချိတ်ကာ ထိုင်နေခဲ့၏။ သို့သော်လည်း... သူ ထိုမှော်ဆေးအိုးကို ဒြပ်စင်ကိုးပါး နေကြတ် မှော်ဆေးအိုးမှ ဒြပ်စင်ခပ်သိမ်း နေကြတ် မှော်ဆေးအိုး အဖြစ် နာမည် ပြောင်းခဲ့ပြီး ဖြစ်သည်။ ၎င်း၏ လက်ရှိ အခြေအနေ၊ လက်ရှိ အဆင့်ဖြင့် ထိုအရာက ပိုမို လိုက်ဖက်သော နာမည်ပင် ဖြစ်သည်။

ဟူ... ဟူး...

မှော်ဆေးအိုး၏ အသန့်စင်ဆုံး မြူနှင်း နယ်မြေမှာ ခြောက်ဆယ့်သုံးမီတာကို အပြည့်အဝပင် ဖြန့်ကျက်ထား၏။ ၎င်း၏ အတွင်းပိုင်းတွင်တော့ ခပ်သေးသေး မီးတောက် တစ်ခု ရှိနေကာ ရွှေရောင် သွေးအလင်း ရောင်စဥ်များကို ပတ်ဝန်းကျင်သို့ ထုတ်လွှတ်နေသည်။

ပိုင်လင်မှာ ဒုတိယမြောက် နိဗာန အသွင်ပြောင်းခြင်းကို ပြီးဆုံးကာ နယ်မြေအသစ် တစ်ခုဆီသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ သူမမှာ မူလ သွေးမျိုးဆက် ဖြစ်သည့် ဖီးနစ် မီးငှက်နှင့် ပိုမို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။ ဒုတိယမြောက် နိဗာန အသွင်ပြောင်းခြင်း အပြီးတွင် သူမ၏ ခန္ဓာကိုယ်ထက်၌ သိသာ ထင်ရှားသည့် ပြောင်းလဲမှု နှစ်ခု ဖြစ်ပေါ်လာသည်။

ပထမ တစ်ခုက သူမက ပို၍ ကြီးလာခဲ့ခြင်း ဖြစ်သည်။ မူလက ဆယ့်တစ်မီတာ မျှသာ ရှိခဲ့သော်လည်း ယခုတွင်တော့ နှစ်ဆယ့်နှစ် မီတာသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ခန္ဓာကိုယ် ကြီးထွားလာခြင်းနှင့် အတူ သူမ၏ အတောင်ပံများမှာလည်း နှစ်ဆမျှ ပိုမို ကြီးထွားလာခဲ့သည်။

ဒုတိယ တစ်ခု... သူမ၏ ရွှေရောင် သွေးမီးတောက်များမှာ မူလကထက် ရွှေရောင်သို့ ပိုမို နီးကပ်လာခဲ့သည်။ ထိုကဲ့သို့ ထင်ရှားသည့် ခန္ဓာကိုယ် ပြောင်းလဲခြင်းများ အပြင် သူမ၏ ခွန်အားမှာလည်း ပိုမို၍ တိုးမြင့် လာခဲ့သည်။ ဝေ့ဝူယင်ပင်လျှင် သူမ၏ ခွန်အား အတိအကျကို ဆုံးဖြတ်နိုင်စွမ်း မရှိပါချေ။

လက်ရှိ၌ ပိုင်လင်မှာ တင်ပျဥ်ချိတ် ထိုင်နေသည့် ဝေ့ဝူယင်၏ အရှေ့တွင် ရပ်နေကာ ရွှေရောင် မျက်လုံးများဖြင့် မှော်ဆေးအိုး အတွင်းကို စိုက်ကြည့်နေခဲ့သည်။ တစ်ခါတစ်ရံ၌ သူမက နှုတ်သီးကို ဖွင့်ကာ သိမ်မွေ့သည့် မီးကျီခဲများကို မှော်ဆေးအိုးဆီသို့ မှုတ်ထည့်နေသည်။

တစ်ချိန်တည်း၌ ဝေ့ဝူယင်က ထိုမီးကျီခဲများကို သူ့ကိုယ်ပိုင် မန်နာများ သုံး၍ ဆုပ်ကိုင်၍ မှော်ဆေးအိုး အတွင်းရှိ မူလ ဒြပ်စင် မီးတောက်များနှင့် ချိတ်ဆက်သည်။

ထိုအခိုက်၌ လူတစ်ယောက်နှင့် သားရဲ တစ်ကောင်မှာ အပြီးပြည့်စုံဆုံး ပုံစံဖြင့် တွဲဖက်၍ အလုပ်လုပ် နေခဲ့ကြခြင်း ဖြစ်သည်။ ပိုင်လင်က စွမ်းအင် ရင်းမြစ်ကို ထောက်ပံ့ပေးနေခဲ့ချိန်တွင် ဝေ့ဝူယင်က သူ၏ အဆုံးစွန်သော အဂ္ဂိရတ် ကျွမ်းကျင်မှုကို အသုံးပြုနေသည်။

အဂ္ဂိရတ် တာအိုတွင် အလွန် မြင့်မားသော အဆင့်အတန်း တစ်ခုကို ရောက်ရှိနေသည့်တိုင် ဝေ့ဝူယင်မှာ သေမျိုး အကန့်အသတ် အတွင်းတွင်သာ ရှိနေခဲ့သေးသည်။ တာရာ လျှို့ဝှက် သတ္တုရိုင်းနှင့် လျှို့ဝှက် မူလ အရည်စက်များ အတွင်းရှိ လျှို့ဝှက် အရည်အသွေးများကို သူ မဖြိုခွဲနိုင်သလို ထိန်းချုပ်နိုင်စွမ်းလည်း မရှိချေ။ သို့သော်လည်း ပိုင်လင်ကတော့ ပြုလုပ်နိုင်သည်။

ထို့ကြောင့်ပင် ဝေ့ဝူယင်မှာ ပိုင်လင်ကို နိဗာန မီးတောက်များဖြင့် သတ္တုရိုင်း အတွင်းမှ လျှို့ဝှက် အဆင့် အရည်အသွေးများကို ဖြိုခွဲစေကာ သူကတော့ မိုးကုပ်စက်ဝိုင်း အဆင့် မန်နာများကို သုံးကာ ၎င်းတို့ကို စုစည်းသည်။

ဆေးလုံး ဖော်စပ်ခြင်းတွင် ထိုဖြစ်စဥ်ကို အသုံးပြုရသည်မှာ ရိုးရှင်း သယောင် ထင်ရသည့်တိုင် အမှန်တကယ်တွင် အလွန် ခက်ခဲသည့် အလုပ် ဖြစ်သည်။

ဖော်စပ်မှုအား စတင်ခဲ့သည့် အချိန်က စ၍ ရေတွက်လျှင် သုံးရက် တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ပိုင်လင်နှင့် ဝေ့ဝူယင်တို့ နှစ်ယောက်စလုံးမှာ မောပန်း နွမ်းနယ်နေဟန် ရသည့်တိုင် တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် မှော်ဆေးအိုးကို မျက်တောင် မခပ် ငေးကြည့် နေခဲ့ကြ၏။

ဘုန်း...

မကြာခင်မှာပင် ဆေးအိုးထဲမှ ထူးဆန်းသည့် အသံတစ်ခု ထွက်ပေါ်လာကာ မျက်စိကျိန်းလောက်သည့် အလင်းတန်းများ တိုးထွက်လာသည်။

“ဟုတ်ပြီ...”

ဝေ့ဝူယင်က လက်ဟန် ချိပ်စည်း အချို့ကို ဖန်တီးကာ အဂ္ဂိရတ် ဖော်စပ်ခြင်း ဖြစ်စဥ်၏ နောက်ဆုံး အပိုင်း အချို့ကို အဆုံးသတ်လိုက်သည်။ ထို့နောက် သူက အဖုံးကို ဖွင့်လိုက်ရာ ဆေးလုံး တစ်လုံးမှ ကြမ်းတမ်း ခက်ထန်စွာ မြင့်တက်လာ၏။

ဝေ့ဝူယင်က လျှင်မြန်စွာပင် လှုပ်ရှားကာ ထိုဆေးလုံးကို ဖမ်းဆုပ်လိုက်၏။

“ဂီး...”

ပိုင်လင်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"အဲဒါက အပြီးသတ်ရဲ့လား... အဲဒါက အလုပ်ဖြစ်ရဲ့လား”

ဝေ့ဝူယင်၏ စိတ်လှုပ်ရှားမှုများမှာလည်း အကန့်အသတ် ထိအောင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဖြစ်စဥ်သာ အောင်မြင်သွားပါက သူ၏ အဂ္ဂိရတ် တာအိုမှာ တစ်ဆင့်မြင့် သွားလိမ့်မည် ဖြစ်သည်။ သာလွန်ခြင်း အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို သေမျိုးအဆင့်ဖြင့် သူ ဖော်စပ်လာနိုင်ပေလိမ့်မည်။

နောင်တစ်ချိန်တွင် လျှို့ဝှက် အဆင့် ထုတ်ကုန်များပင်လျှင် ဖြစ်ကောင်း ဖြစ်လာနိုင်ပေသည်။ သို့သော်လည်း ကျင့်ကြံခြင်း တာအိုတိုင်းမှာ တစ်ဆင့်ချင်းစီ သွားဖို့ အရေကြီးလေရာ သူအလျင်မလိုပါချေ။ ထို့အပြင် သူ့တွင် လျှို့ဝှက် အဆင့် အဂ္ဂိရတ် ဆေးညွှန်းများပင် မရှိသေးချေ။

ဝေ့ဝူယင်က ဖြည်းညင်းစွာဖြင့် လက်ဝါးကို ဖွင့်လိုက်ရာ အနက်ရောင်ကြယ် တစ်စင်းနှင့် တူသည့် ဆေးတစ်လုံး ထွက်ပေါ်လာ၏။ ၎င်းက တိတ်တဆိတ်ပင် သူ့လက်ဝါးထက်၌ မြောလွင့်နေသည်။ ထိုဆေးလုံးကား အဆင့်ကိုး အဆင့်နိမ့် အဂ္ဂိရတ် ထုတ်ကုန် ဖြစ်သည့် ထာဝရ ခြေချခြင်း ဆေးလုံးပင် ဖြစ်သည်။

ဝေ့ဝူယင်က လက်ဝါးထက်ရှိ ဆေးလုံးလေးကို လေ့လာလိုက်၏။ ၎င်းက စောစောက ဖော်ပြခဲ့သည့်အတိုင်း အနက်ရောင် နေကြယ် တစ်စင်းနှင့် တူကာ ထိုရုပ်ဝတ္ထုပေါ်တွင် ထူးဆန်းသော ခါးပတ်ကွင်း တစ်ခုက ဖြည်းညင်းစွာပင် လည်ပတ်နေသည်။

“ဒါက...”

ဝေ့ဝူယင်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားသည်။ သူ ထိုကဲ့သို့ ခါးပတ်ကွင်းမျိုးကို တွေ့မြင်ဖူးသည်။ အတိအကျ ပြောရလျှင် ၎င်းက ဝိညာဥ်ဆင်းတု အဆင့် ကပ်ဘေးတွင် သူ တွေ့မြင်ခဲ့ရသည့် နေကြယ်ကြီး၏ ခါးပတ်ကွင်းနှင့် ဆင်တူသည်။ ပြောရလျှင်... ၎င်းက အတိအကျ ပုံတူကူးထားသလိုပင်။

တစ်ခုတည်းသော ကွာခြားချက်က အရောင် ဖြစ်သည်။ ခါးပတ်မှာ ဆေးလုံး ကဲ့သို့ပင် အနက်ရောင် ဖြစ်ကာ သူတွေ့မြင်ခဲ့ရသည့် ခါးပတ်ကွင်းက အဖြူရောင် ဖြစ်သည်။ ထို့အပြင် ၎င်းက အဂ္ဂိရတ် တာအို၏ အယူအဆကို ကျော်လွန်၍ အေးစက်သော အလင်းရောင်ခြည် တစ်ချို့ကို ထုတ်လွှတ်နေသည်။

“သာလွန်ခြင်း ရောင်စဥ် ခါးပတ်...”

ဧဒင်၏ အသံက ဝေ့ဝူယင်၏ စိတ်အတွင်း ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ ၎င်းက သူ့ဖြစ်တည်မှု၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းမှ ထွက်ပေါ်လာသည့် ပုံပင်။

ဘုန်း... ဘုန်း...

ဧဒင်၏ စကား အဆုံးသတ်ချိန်မှာပင် ပတ်ဝန်းကျင် ဟင်းလင်းပြင်မှာ ငလျင်လှုပ်သည့် အလား ပြင်းထန်စွာ တုန်ရီလာကာ ခုနစ်ရောင်ခြယ် အလင်းတန်းများနှင့် ပြည့်နှက်သွား၏။

အဂ္ဂိရတ် ကြယ်တာရာ ပုံရိပ်ယောင်ပင်....

တားမြစ်ခြင်း ဝင်္ကပါ အထပ်ထပ်ကို ဝေ့ဝူယင် ကြိုတင် ချမှတ်ထားပြီး ဖြစ်သည့်တိုင် ၎င်းမှာ အားလုံးကို ထွင်းဖောက်၍ ထွက်ပေါ်လာခဲ့ပြီ ဖြစ်လေသည်။

...

နှစ်လကြာပြီးနောက်...

ဝေ့ဝူယင်မှာ ပိုင်လင်၏ ဘေးတွင် ပျင်းရိစွာဖြင့် လှဲလျောင်း အိပ်စက်နေခဲ့၏။ သူမ၏ နွေးထွေးသော အတောင်ပံများက သူ၏ ခန္ဓာကိုယ်ကို ဂွမ်းစောင် တစ်ခုသဖွယ် ဖုံးအုပ်ထားသည်။ ပိုင်လင်၏ အတောင်ပံများမှ ထွက်ပေါ်နေသည့် အပူချိန်မှာ အလွန်ပင် သက်တောင့်သက်သာ ရှိလှကာ ထူးဆန်း အံ့သြဖွယ် ကောင်းသည့် ခံစားချက် တစ်မျိုးကို ဖြစ်ပေါ်စေ၏။ ပိုင်လင်၏ အသက်ရှူသံများက တည်ငြိမ်နေကာ သူမ၏ မျက်လုံးများက ငြိမ်သက်စွာပင် မှိတ်ထားခဲ့သည်။

ထိုကဲ့သို့... လူတစ်ယောက်နှင့် သားရဲတစ်ကောင်မှာ ကြယ်တာရာ နယ်မြေများကို စစ်တလင်း အဖြစ် ပြောင်းလဲပစ်နိုင်သည့် ရတနာသိုက်ကြီး တစ်ခုကို ဖင်ခု ထိုင်ကာ နတ္ထိ ဟင်းလင်းပြင် အတွင်း လွင့်မြောချင်ရာ လွင့်မြောနေခဲ့ကြသည်။

အာကာသ နယ်မြေများ အထူးသဖြင့် နတ္ထိ ဟင်းလင်းပြင်များမှာ ကြောက်မက်ဖွယ် အန္တရာယ်များ၊ ဖြစ်ရပ်ဆန်းများဖြင့် ကျော်ကြားသည့်တိုင် သူတို့ နှစ်ယောက်ကတော့ မည်သည့် အရာကိုမှ အမှု မထားဟန် ရသည်။

ထိုသတ္တုရိုင်းများ အတွက် ကောင်းကင်တာအိုမှာ သူ့ထံမှ ကမ္မ တန်ဖိုးများစွာကို နှုတ်ယူထားရာ အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် ကပ်ဘေးများ ရောက်ရှိလာလိမ့်မည်ဟု ဝေ့ဝူယင် မယုံကြည်ချေ။ ကောင်းကင်တာအိုမှာ ပုံမှန် အခြေအနေများတွင် လူများကို လှည့်စား အရူး လုပ်တတ်သည့်တိုင် ကောင်းချီးခံများ အတွက် သူ ပေးအပ်ထားသည့် ဆုလာဘ်များကိုတော့ အမြဲ လုံခြုံအောင် စီမံ ပေးတတ်သည်။ လွန်ခဲ့သည့် နှစ်လအတွင်း မည်သည့် အနှောင်အယှက်မှ ရောက်ရှိ မလာခဲ့ခြင်းက ထိုအချက်ကို ပို၍ပင် သက်သေခံနေပေသည်။

ဟူး... ဟူး...

သို့သော်လည်း ယနေ့တွင်တော့ ပုံရိပ်တစ်ခုမှာ မြင့်မားသော အရှိန်အဟုန်နှင့် အတူ အမှောင်ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ဂြိုဟ်သိမ်ဂြိုဟ်မွှား တည့်တည့်ကို ပျံသန်းလာနေခဲ့၏။

ပိုင်လင်က မျက်လုံးများကို ဖွင့်ကာ ပျံသန်းလာသည့် ပုံရိပ်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် သူမနှင့် မပတ်သက်သည့် အလား ပြန်လည်ကာ မှိတ်သွားခဲ့သည်။

ဝေ့ဝူယင်မှာ ချည်းကပ်လာသည့် အော်ရာကြောင့် နိုးသွားကာ သူ့မျက်ခုံး နှစ်ခု ကြားတွင် မကျေနပ်သည့် အရိပ်အယောင် အချို့ ပေါ်လာခဲ့၏။ ကြယ်တာရာ အမြုတေ အဆင့်ခြောက် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် အလွန် မောပန်းနွမ်းနယ်သည့် အချိန်များမှ လွဲ၍ သူ့အတွက် အိပ်စက်ခြင်းက မလိုအပ် သလောက်ပင် ဖြစ်သည်။

ဝေ့ဝူယင်ကတော့ အိပ်စက်ခြင်းကို အိပ်မက်ဖြင့် အပန်းဖြေခြင်း အဖြစ် ယူဆထားသည်။ အိပ်မက်များထဲတွင် သင့် အနေဖြင့် နှစ်သက်သည့်အရာကို လုပ်နိုင်သည်။ စိတ်ကြိုက် နေရာကို သွားလာနိုင်သည်။ စည်းမျဥ်းများအား ထည့်သွင်း စဥ်းစားစရာ မလိုသလို တစ်ခါတစ်ရံ ပျော်ရွှင်စရာ အကောင်းဆုံး ဇာတ်သိမ်းကိုလည်း ဖန်တီးနိုင်သည်။ သို့သော်လည်း... တစ်ချို့ အိပ်မက်ဆိုးများကတော့ စိတ်ပျက် နောက်ကျိဖွယ် ကောင်းတာ အမှန်ပင် ဖြစ်သည်။

“သခင်လေး...”

ဝူယုမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှား ပေါ်သို့ ဆင်းသက်လာကာ ပိုင်လင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးများထဲ၌ ထိတ်လန့်သည့် အငွေ့အသက် အချို့ တည်ရှိနေသည်။ စောစောက ထိုကြိုးကြာ၏ အကြည့် တစ်ချက်ကို ရင်ဆိုင်ခဲ့ရချိန်တွင် သူ့တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများပင် ထသွားခဲ့သည်။ ထိုအချက်က ပိုင်လင်မှာ သူ့အသက်ကို ခြိမ်းခြောက်နိုင်သည့် ဖြစ်တည်မှု တစ်ခု ဖြစ်ကြောင်း ဝူယုကို သေချာစေသည်။

ဝေ့ဝူယင်က လှဲလျောင်းနေရာမှ ဖြည်းညင်းစွာပင် ထရပ်လိုက်၏။ ထို့နောက် သူက မီးခိုးရောင် အကြေးခွံများ ဖုံးလွှမ်းနေသည့် ခြေလက်များဖြင့် အကြောဆန့် လိုက်သည်။

“ခင်ဗျား သွားတာ အတော်ကြာတာပဲ... ဘာတွေ ဖြစ်နေတာလဲ...”

All Chapters