← Chapters

လှပသော မိန်းကလေး

Vol. 49 Ch. 685

လှပသော မိန်းကလေး

Vol. 49 Ch. 685

ဝေ့ဝူယင်က ပိုင်လင်ကို တစ်ချက် လှမ်းကြည့်ကာ အစောင့်များ တွန်းထိုးသည့် လမ်းအတိုင်းပင် လျှောက်လာခဲ့၏။ သူ ဖြတ်သန်းလာခဲ့ရာ လမ်းတစ်လျှောက်လုံးမှာ တစ်ပိုင်ကာ မျက်နှာဖုံးနှင့် တူညီ ဝတ်စုံ ဝတ်ဆင်ထားသည့် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်။ သူတို့က အဖွဲ့အစည်း တစ်ခုတည်းမှ ဖြစ်သည်မှာ သေချာလှသည်။

ဖက်တီးလူငယ်၏ မှတ်ဉာဏ်များကို ပြန်လည် ဆန်းစစ်ရင်း လက်ရှိ တည်နေရာကို ဝေ့ဝူယင် ခန့်မှန်းလိုက်၏။ ထိုအရာက လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်ချေ။ ၎င်းတို့၏ တည်နေရာမှာ ကျယ်ပြန့်လှသည့် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေတွင် အဆက်မပြတ် ရွေ့လျားနေကာ အချို့က ဖမ်းဆုပ်ရန် ခက်ခဲသည့် ဒဏ္ဍာရီ တစ်ခု ဟုပင် ဆိုကြသည်။

၎င်း၏ ဌာနချုပ်များမှာ အရိပ်များထဲတွင် လည်ပတ်နေကာ အချို့ ကျင့်ကြံသူများနှင့် တိကျ သေချာသည့် သဘောတူညီချက်များ ထားရှိသည်ဟု ဆိုကြသည်။ ဥပမာအားဖြင့် အမှောင်ဓား ကြယ်တာရာ သခင်မှာ ထိုအဖွဲ့အစည်းနှင့် ဆက်အသွယ် ရှိကာ မကြခဏ ဆိုသလို အားကောင်းမောင်းသန် ယောက်ျားများကို ရင်းမြစ်များနှင့် လဲလှယ်၍ ကုန်သွယ်လေ့ရှိသည်။ သူ၏ ခွန်အား၊ သြဇာအာဏာတို့ဖြင့် နောက်ခံ ကောင်းကောင်း မရှိသော အချို့လူများကို ဖမ်ဆီးရသည်က လွယ်ကူသော အလုပ်တစ်ခု ဖြစ်သည်။

“ကျိန်ဆိုမှုတွေက အတော်လေး လေလုံပြီး ချိုးဖောက်လို့ မရတာ အတော်လေး ကံဆိုးတာပဲ... မဟုတ်ရင် ဒီလို အဖွဲ့အစည်းမျိုးတွေက ခဏလေး အတွင်း ပြိုကျ ပျက်စီးသွားမှာ”

အလွန် ရှည်လျား ကျယ်ပြန့်လှသည့် စင်္ကြန်လမ်း တစ်ခုထက်တွင် လျှောက်ရင်း ဝေ့ဝူယင် တိတ်တဆိတ် တွေးနေမိ၏။

“တကယ်လို့ ကျင့်ကြံသူတွေကသာ စိတ်ကို ထိထိရောက်ရောက် စစ်ဆေးနိုင်ရင် ဒီအရိပ်ထဲမှာ ပုန်းနေတဲ့ အဖွဲ့အစည်းတွေက ပထမ ကျူးလွန်မှုမှာတင် ပျောက်ကွယ်သွားမှာ သေချာတယ်”

မှတ်ဉာဏ်များကို စစ်ဆေးနိုင်သည့် စွမ်းရည်မှာ လူတိုင်း ပိုင်ဆိုင်နိုင်သည့် စွမ်းရည်မျိုး မဟုတ်ချေ။ သူ ကိုယ်တိုင် ပင်လျှင် ဧဒင် ပိုင်ဆိုင်ထားသည့် ထူးခြားသော စိတ်စွမ်းရည်နှင့် အဂ္ဂိရတ် လမ်းစဥ်တို့၏ အကျိုးအမြတ်များကို ပေါင်းစပ်ပြီး နောက်မှသာ ထိုကဲ့သို့ စွမ်းရည်ကို ရရှိထားခြင်း ဖြစ်သည်။

အကယ်၍ ကျင့်ကြံခြင်း လောကတွင် ထိုကဲ့သို့ မှတ်ဉာဏ် ရှာဖွေသည့် နည်းစနစ်သာ ကျယ်ပြန့်လာပါက ကျိန်ဆိုမှုများမှာ သိပ် အသုံးဝင်တော့မည် မဟုတ်ချေ။ သို့သော်လည်း ကျိန်းသေ ပြော၍တော့ မရချေ။ ထိုအခါ ကျင့်ကြံသူများက သူတို့ဘဝ အတွက် အရေးပါသည့် မှတ်ဉာဏ်များကို ကာကွယ်ရန် အစီအရင်များ ဖန်တီး လာကြဖို့ အခွင့်အလမ်း များပေသည်။

ဝေ့ဝူယင်မှာ ကောင်းကင်ဘုံ နတ်မျက်လုံးများ၏ စွမ်းရည်ကို အမြင့်ဆုံးထိ တင်ကာ ရှာဖွေရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း လျှို့ဝှက် အဆင့် အစီအရင်များ၏ တားဆီးမှု အောက်တွင် သူ ဘာကိုမှ မမြင်ရပါချေ။ ဝေ့ဝူယင်မှာ မျက်မှောင်ကြုတ်လိုက်မိသည့်တိုင် စိတ်ရှည်မှုကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ သူ ဤနေရာကို ရောက်ရှိရန် အတွက် နှစ်လတာ အချိန်ယူခဲ့ရသည်။ နည်းနည်း ထပ်စောင့်ရတော့ရော ဘာအရေးနည်း။

တွန်းလှည်းဖြင့် ပါသွားသည့် ပိုင်လင် အတွက်ကိုတော့ သူ စိတ်မပူပါချေ။ သူမ၏ အမတေ သွေးစက်ကို ထုတ်ယူရန်လား... ထိုအရာက ရယ်စရာ ကောင်းပေသည်။

မိနစ် အနည်းငယ် ကြာပြီးနောက် ဝေ့ဝူယင်တို့မှာ စင်္ကြန်လမ်း အဆုံးသတ်ရှိ ငါးမီတာခန့် မြင့်သော နှစ်ဖက် တံခါး တစ်ခုနားသို့ ရောက်ရှိလာခဲ့သည်။ ထိုတံခါးကို ပြိုင်စံရှား ဝက်သစ်ချသားဖြင့် တည်ဆောက်ထားဟန် ရသည်။ တံခါးထက်ရှိ သစ်သား စွမ်းအင်များက အလွန်ပင် သန့်စင်လှရာ ဝေ့ဝူယင် ပင်လျှင် စိတ်ဝင်စား သွားမိ၏။

အရရပ် ပုပုနှင့် အသက်လတ်လူ၏ မျက်လုံးများက တံခါးကို ကြည့်ကာ အနည်းငယ် အရောင်ပြောင်း သွားသည်။ ထို့နောက် သူက ဝေ့ဝူယင်ဘက်သို့ လှည့်ကာ ယုတ်မာ ကောက်ကျစ်စွာဖြင့် ပြုံးလိုက်၏။

“မင်း ဒီမှာ ပျော်ရမှာပါ... တကယ်ကောင်းတဲ့ အတွေ့အကြုံမျိုး ရမှာ”

ထို့နောက် သူက အစောင့် နှစ်ယောက်ကို ဝေ့ဝူယင်လက်နှင့် ခြေထောက်များမှ အနက်ရောင် သံကြိုးများကို ဖြုတ်ပေးရန် ခြေဟန် လက်ဟန် ပြလိုက်၏။

ချွင်... ချွင်...

တစ်ခဏ အတွင်းမှာပင် သံကြိုးများမှာ ကြမ်းပြင်ပေါ် ပုံကာ ပြုတ်ကျသွား၏။ သို့သော်လည်း လည်ပင်းနှင့် ခါးရှိ သံကြိုးများကတော့ ကျန်ရှိ နေသေးဆဲ ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ခြေနှင့် လက်ရှိ အနှောင်အဖွဲ့များ ကင်းမဲ့သွားပြီ ဖြစ်ရာ ဝေ့ဝူယင်မှာ ကိုယ့်ဟန်ချက်ကို ထိန်းသိမ်းနိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်၏ သိချင်စိတ် ပြင်းပြနေသည့် ပုံကို ကြည့်ကာ လူကြီးက ရယ်မောလိုက်၏။

“မင်း ပျော်ရမှာပါ... သေဖို့ လုံလောက်တဲ့ အထိ”

ထို့နောက် သူက တံခါးကို လက်ဖြင့် ဖိလိုက်ရာ တောက်ပသည့် သင်္ကေတများမှာ တံခါး မျက်နှာပြင်ထက်တွင် လင်းလက်လာခဲ့၏။ တစ်ချိန်တည်း၌ သူ၏ သိုလှောင် လက်စွပ်ထဲမှ ဝိညာဥ်အလင်း တစ်ခု ထွက်ပေါ်လာကာ တံခါးရှိရာဆီ စီးဝင်သွားသည်။

“သော့လား...”

ဝေ့ဝူယင်က စိတ်ဝင်တစားဖြင့် တွေးလိုက်မိ၏။ မကြာခင်မှာပင် တံခါးထက်ရှိ သင်္ကေတများက ပျောက်ကွယ် သွားကာ တံခါးက စတင် ပွင့်ဟလာခဲ့သည်။

“ဝင်သွားလိုက်...”

အသက်လတ် လူကြီးက ဝေ့ဝူယင်ကို ခြေဟန်လက်ဟန် ပြလိုက်၏။ ဝေ့ဝူယင်က ခြေတစ်လှမ်း စတင် လှမ်းလိုက်ကာ စူးစမ်းလိုစိတ်ဖြင့် နောက်ကို လှည့်ကြည့်လိုက်၏။ ထိုအခါ လူကြီး၏ အမူအရာက ထူးဆန်းသော စိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်ကို သူ သတိထားမိလိုက်သည်။

သို့သော်လည်း ဝေ့ဝူယင်က ထိုအရာကို လျစ်လျူရင်း တံခါးကိုသာ ဖြတ်သန်းလိုက်၏။

ဘုန်...

သူ အခန်းထဲသို့ ရောက်သည်နှင့် တံခါးများက ပြင်းထန်စွာပင် ပြန်လည် ပိတ်သွားကြသည်။ ထိုအရာကို စိတ်အနှောက်အယှက် မဖြစ်ဟန်နှင့် ဝေ့ဝူယင်က အခန်း၏ ဖွဲ့စည်းပုံနှင့် အလှဆင်ယင်ထားပုံတို့ကိုသာ အကဲခတ် လိုက်သည်။ အခန်း၏ နံရံများမှာ အဝါရောင် ဖြစ်ကာ တစ်ပြင်လုံးကို လက်ရာမြောက်သည့် ပန်းချီကားများဖြင့် အလှဆင်ထား၏။

အခန်း၏ အလယ်ဗဟိုတွင်တော့ အနက်ရောင် ထီးတစ်ချောင်းကို ဆောင်းထားသည့် မိုးမခ ကိုယ်လုံးလေးနှင့် အဖြူရောင်ဝတ် မိန်းကလေး တစ်ယောက် ရှိနေခဲ့၏။ သူမက ဝေ့ဝူယင်ကို ကျောပေးထားကာ တောမီး လောင်ကြွမ်းနေပုံ ပေါ်သည့် ပန်းချီကားကို စိုက်ကြည့်လိုက်သည်။

အဝါရောင် နံရံထက်၌ အခြား ထူးဆန်သည့် ပန်းချီကားများလည်း ရှိနေဆဲ ဖြစ်သည်။ ဝေ့ဝူယင်က ရှုပ်ပွေနေသည့် ဆံပင်များကို ဘေးသို့ သပ်တင်ရင်း ပန်းချီကားများကို အနီးကပ် ကြည့်လိုက်၏။ ထို့နောက်... မကြာခင်မှာပင် သူ၏ အသက်ရှူသံများက တည်ငြိမ်လာကာ ပန်းချီကားများ၏ ထာဝရ ဖမ်းစားမှုကို ခံလိုက်ရဟန်နှင့် ငြိမ်သက်သွားသည်။

“ပန်းချီကားတွေက အတော်လေး အထင်ကြီးဖို့ ကောင်းတယ်မလား”

မိနစ် အနည်းငယ် ကြာပြီးနောက်၌ နတ်တို့၏ တေးဂီတသံ ကဲ့သို့ ချိုမြိန်ကာ ပိုးသားလို နူးညံ့လှသည့် အသံကလေး တစ်ခု ထွက်ပေါ်လာ၏။ ဝေ့ဝူယင်က ဖြည်းညင်းစွာပင် နောက်သို့ လှည့်ကြည့်လိုက်သည်။ ချက်ချင်းပင် သူ့မျက်လုံးများက ပြူးကျယ်သွားကာ ရင်ခုန်သံများမှာ တဒိန်းဒိန်း မြည်ဟည်း လာခဲ့တော့၏။

ဘယ်အချိန်ကမှန်း မသိလိုက်သည့်တိုင် မိန်းကလေးမှာ သူ့ဘက်သို့ မျက်နှာမူ နေခဲ့ပြီ ဖြစ်သည်။ နောက်ပြီး သူမက သိပ်ကို လှပလွန်းသည်။ နတ်မိမယ် တစ်ပါးလိုပင် လှပလွန်းသည်။

သူမက ပြစ်မျိုးမှဲ့မထင် အသားအရည်နှင့် ပန်းနုရောင် မျက်ရစ်များကို ပိုင်ဆိုင်ထားကာ ပန်းရောင် သမ်းနေသည့် နှုတ်ခမ်းနှစ်လွှာက ရေအလား နူးညံ့ စိုပြည်လှ၏။ ရှည်လျား ကော့ညွှတ်လှသည့် မျက်တောင်လေးများနှင့် ဖြောင့်စင်းနေသည့် နှာတံတို့ကလည်း သူမ အလှကို အဆပေါင်း များစွာ မြင့်တက်သွားအောင် အားဖြည့် နေ၏။ တစ်ချိန်တည်း၌ နတ်ဘုရားထို့ ထွင်းထုထားသည့် အလား သူမ၏ ခန္ဓာကိုယ် ကိုယ်ကြောင်းများမှာလည်း ပုရိသတို့ အသက်ရှူမှား လောက်အောင် အကွေ့အကောက်၊ အရှိုက်အငင်များနှင့် ပြည့်နှက်နေသည်။

သူမ ခန္ဓာကိုယ် တစ်ခုလုံးတွင် အထင်ရှားဆုံး အလှတရားကတော့ ရင်ဘတ်ထက်၌ ရှိနေသည့် ကြီးထွား ဆူဖြိုးလှသော ဧရာမ သားမြတ်များပင် ဖြစ်သည်။ ၎င်းတို့က ယောက်ျားများ အတွက်တော့ အမြင်အာရုံကို မလွဲဖွယ်နိုင်အောင် ဆွဲဆောင်နိုင်သည့် လက်နက်များလိုပင် ဖြစ်၏။

သူမက နှုတ်ခမ်းထက်၌ ဆွဲဆောင်မှု ရှိသည့် အပြုံးတစ်ခုကို ဆင်မြန်းရင်း ဝေ့ဝူယင်ကို ခြေအစ ခေါင်းအဆုံး အကဲခတ် နေခဲ့၏။ သူမကို တန်ပြန်ကြည့်ရင်း ဝေ့ဝူယင်၏ အတွေးများက လျှင်မြန်စွာ လှည့်ပတ်သွားသည်။

“သူက လျှို့ဝှက် အာဏာရှင် တစ်ယောက်လား”

မိန်းကလေးက ပြုံးလိုက်ရင်း ဝေ့ဝူယင် အနားသို့ ဖြည်းညင်းစွာ လမ်းလျှောက် လာခဲ့၏။ သူမ၏ ခြေလှမ်းများက သိမ်မွေ့လှကာ မိန်းမမြတ် တစ်ယောက်၏ အင်္ဂါရပ်ကို သယ်ဆောင်ထားသည်။ ဝေ့ဝူယင် အနားကို ရောက်ရှိပြီးနောက် သူမက စက်ဝိုင်း ပုံသဏ္ဌာန် ပတ်ကာ လှည့်ပတ် ကြည့်လိုက်၏။ နောက်ဆုံး၌ သူမ၏ မျက်လုံးများက မျက်နှာဆီတွင် အဆုံးသတ်သွားသည်။

“မင်းလောက် ချောတဲ့လူ တစ်ယောက်မှ ငါ မတွေ့ဖူးဘူး... မင်းမှာ နောက်ထပ် ဘယ်လို အရည်အချင်းမျိုးတွေ ရှိမလဲ ငါသိချင်လိုက်တာ”

“...”

ဝေ့ဝူယင်မှာ ငြိမ်သက်စွာပင် ရပ်နေခဲ့၏။ သူ၏ မျက်လုံးများက စကားလုံး ကင်းမဲ့နေဟန် ရကာ သူမ၏ လှုပ်ရှားမှုများကိုသာ လိုက်လံကြည့်နေ၏။

“ကြည့်ရအောင်လေနော်... ချွတ်လိုက်ပါလား”

သူမက ခုတင်ရှိရာသို့ လှမ်းလျှောက်သွားကာ ဘေးစောင်းတွင် ထိုင်လိုက်သည်။ ထို့နောက် ဝေ့ဝူယင်ကို မျှော်လင့်တကြီးဖြင့် ကြည့်လိုက်၏။

ဝေ့ဝူယင်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

“ချွတ်ရမှာလား...”

မိန်းကလေးက ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်လုံးများက စိတ်အား ထက်သန်မှုများဖြင့် ပြည့်နှက်နေကာ ခေါင်းညိတ်လိုက်၏။

“အင်း... မင်းရဲ့ အဝတ်တွေ...

ဝေ့ဝူယင်က တစ်ခဏမျှ တွေးလိုက်နေဟန် ရကာ မကြာခင်မှာပင် သူ့ ငွေရောင် မျက်လုံးများက လှပစွာ တောက်ပသွားတော့၏။

မိန်းကလေးမှာ ဝေ့ဝူယင်၏ မျက်လုံးများထဲရှိ အလင်းရောင်ကို ကြည့်ရင်း ကြီးမား ထွားကြိုင်းသော ရင်သားများ ပိုမို ပေါ်လွင်လာစေရန် ခန္ဓာကိုယ်လေးကို နောက်သို့ အနည်းငယ် လှန်ကာ ခုတင်ထက်တွင် လက်ပြန်ထောက်လိုက်၏။ သူမ၏ နှုတ်ခမ်းများက ပြုံးနေသည့်တိုင် ပန်းနုရောင် မျက်လုံးများထဲတွင်တော့ ခွဲခြားရ ခက်ခဲသည့် သနားခြင်းနှင့် ရွံရှာ စက်ဆုပ်ခြင်း အငွေ့အသက် အချို့ ရှိနေခဲ့သည်။

သူမ၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက လက်ရာမြောက်လှသည့် ကောက်ကြောင်းများကို ရည်ရွယ်ချက် ရှိရှိ ပေါ်လွင်စေကာ အဆုံးစွန်သော ဆွဲဆောင်မှုကို ထုတ်ဖော်နေသည်။

သူမ၏ မျက်လုံးများကတော့ သာယာဖွယ် အကောင်းဆုံး အထိအတွေ့များကို ရူးသွပ်စွာ ရှာဖွေရန် အတွက် ဝေ့ဝူယင် အဝတ်အစားများကို လျှင်မြန်စွာ ချွတ်ချရန် လိုလား တောင့်တနေသည်။

အခြား ယောက်ျားများ ပြုလုပ် သကဲ့သို့...။

"..."

သူတို့ အကြားတွင် စက္ကန့်ပေါင်းများစွာ တိတ်ဆိတ်သွား၏။ ဝေ့ဝူယင်မှာ ငွေရောင် တလက်လက် တောက်ပနေသည့် မျက်လုံးများနှင့် အတူ နေရာတွင်ပင် အေးခဲ ရပ်နေဆဲ ဖြစ်သည်။ ထင်မှတ်ထားသည့် လှုပ်ရှားမှုက ချက်ချင်း ဖြစ်ပေါ်လာခြင်း မရှိလေရာ မိန်းကလေး၏ ပါးလွှာသော ဇင်ယော်တောင် မျက်ခုံးလေးများက မသိမသာ တွန့်ကွေး သွားခဲ့သည်။

“ဘာလဲ... မင်းက ငါကိုက်စားမှာ စိုးလို့ စိုးရိမ်နေတာလား... ဒါမှမဟုတ် မင်းရဲ့ ပိုင်ဆိုင်မှုလေးက မျက်နှာလောက် အထင်ကြီးစရာ မကောင်းလို့လား”

သူမက ဝေ့ဝူယင်၏ ပေါင်ခြံကို စိုက်ကြည့်ရင်း နောက်ပြောင်လိုက်၏။ ယောက်ျားသားများ အထူးသဖြင့် ရင့်ကျက်ခြင်း မရှိသေးသည့် လူငယ်များမှာ သူတို့၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အမြဲတမ်း ဂုဏ်ယူ တတ်ကြသည်။ သူတို့ကပ မကြာခဏ ဆိုသလို ထိုကဲ့သို့ စွပ်စွဲလိုက်သည်နှင့် တစ်ပြိုင်နက် အဝတ်အစားများကို ချွတ်ကာ သူမ မှားယွင်းကြောင်း သက်သေပြကြသည်။ ထိုအရာက သူမ မကြာဏ ဆိုသလို ကစားလေ့ ရှိသည့် ရိုးရှင်းသော လှည့်ကွက် တစ်ခုပင် ဖြစ်ပေသည်။

All Chapters