← Chapters

ယွီစွန်းလီ

Vol. 49 Ch. 686

ယွီစွန်းလီ

Vol. 49 Ch. 686

“...”

ဝေ့ဝူယင်မှာ တိတ်ဆိတ်နေဆဲ ဖြစ်၏။ သူမ၏ လှည့်ကွက်က အလုပ်မဖြစ်လေရာ မိန်းမလေး၏ မျက်လုံးများမှာ အနည်းငယ် အရောင်ပြောင်းလဲသွားကာ မသေချာ မရေရာမှုများ ဖြစ်ပေါ်လာ၏။ ထိုလူငယ်က သူမကို တွေ့မြင်ပြီး နောက်တွင် လိပ်ပြာလွင့်သွားတာမျိုး ဖြစ်နိုင်သလော။ ဖမ်းဆီးခံ လူငယ်များစွာ သူမကို ပထမဆုံး မြင်မြင်ချင်းပင် နှစ်နှစ်ကာကာ ချစ်သွားသည်ဟု မကြာခဏ ဆိုသလို ပြောလေ့ ရှိကြသည်။ သူမ အတွက်တော့ ထိုစကားများက အဓိပ္ပာယ် ကင်းမဲ့သည့် ပေါက်ကရများသာပင်။

“ဘယ်လောက်တောင် ကံမကောင်းလိုက်သလဲ...”

မိန်းကလေးက ဝေ့ဝူယင်၏ ပေါင်ခြံကို တစ်ကြိမ် ထပ်ကြည့်ပြီးနောက် စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် အလား ခန္ဓာကိုယ်ကို တည့်တည့် ပြန်ထိုင်လိုက်၏။

သို့သော်လည်း သူမက လတ်ဆတ်သည့် ငါးကလေးကို အလွတ်မပေးနိုင်လေရာ အခြားလှည့်ကွက်များကို သုံး၍ ထပ်မံ ဆွဲဆောင်ရန် ကြိုးစားလိုက် ပြန်သည်။ သို့သော်လည်း မှန်းချက်နှင့် နှမ်းထွက် မကိုက်စွာပင် ငွေရောင်မျက်လုံးများနှင့် လူငယ်ကတော့ တစ်ချိန်လုံး တိတ်ဆိတ်နေကာ စိတ်ဝင်စားသည့် အပြုံးဖြင့် သူမကို ကြည့်နေဆဲ ဖြစ်သည်။

မိန်းကလေး၏ နှလုံးသားက အနည်းငယ် လှုပ်ရှားသွား၏။

“လူတစ်ယောက်က ဘာလို့ ဒီလောက်တောင် ဆွဲဆောင်မှု ရှိရတာလဲ... သူတို့က ငါ့တွက် သူ့ကို ပို့လိုက်တာ မထူးဆန်းတော့ဘူး... သူက ယန်အခြေပြု ကျင့်စဥ် တစ်မျိုးကို ကျင့်ကြံထားတာ ဖြစ်ရမယ်... ဒါပေမဲ့ သူ့ကို ကြည့်ရတာ အခြားလူတွေနဲ့ မတူဘူး... သဘာဝ ပိုဆန်တယ်... သူ့မျက်နှာပေါ်မှာ အတုအယောင် မျဥ်းကြောင်း တစ်ခုမှတောင် မမြင်ရဘူး”

မိန်းကလေးမှာ အတွေးများ စတင် လွင့်မြောသွားကာ မူလ ရည်ရွယ်ချက်ကိုပင် မေ့တေ့တေ့ ဖြစ်သွားခဲ့၏။ အတုအယောင် မျဥ်းကြောင်းများမှာ သေမျိုးနှင့် ကျင့်ကြံသူများ သူတို့၏ ရုပ်ရည် ကြည့်ကောင်းစေရန် မကြာခဏ ဆိုသလို အသုံးပြုလေ့ ရှိသည့် အလှအအရေးရာ နည်းလမ်း တစ်ခု ဖြစ်သည်။

သို့သော်လည်း ငွေရောင်မျက်လုံးများနှင့် လူငယ်၏ မျက်နှာထက်တွင်တော့ မည်သည့် အတုအယောင် မျဥ်းကြောင်းများကိုမှ မတွေ့ရချေ။ လူငယ်က ယန်အခြေပြု ကျင့်စဥ်ကို ကျင့်ကြံနေတာ ဟုတ်ရဲ့လားပင် သူမ သံသယ စဝင်လာခဲ့မိ၏။

“...”

သူမ အတွေးနက် နေစဥ်တွင် တိတ်ဆိတ်မှုမှာလည်း ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ဝေ့ဝူယင်မှာ နေရာက မရွေ့ပဲ စိတ်ဝင်စားသည့် အပြုံးဖြင့် မိန်းကလေးကို ဆက်လက် လေ့လာနေဆဲ ဖြစ်သည်။

တစ်မိနစ်မျှ ကြာသွားပြီးနောက် လေထုအခြေအနေက စတင်ကာ အဆင်မပြေ ဖြစ်လာ၏။ ထိုလူငယ်က ဆွံ့အ နားမကြား တစ်ယောက်လော။ သို့တည်းမဟုတ် သူက မစွမ်းဆောင် နိုင်၍လော။ သူမထံတွင် သူ့ကို ဆွဲဆောင်ရန် လုံလောက်သည့် အလှအပ မရှိ၍လော။

သူမ ကစဥ့်ကလျား တွေးနေစဥ်မှာပင် ငွေရောင် မျက်လုံးများနှင့် လူငယ်မှာ နောက်ဆုံး၌ စတင် လှုပ်ရှားလာ၏။ မိန်းကလေးမှာ လှပစွာ ပြုံးလိုက်ကာ ယုံကြည်ချက်ကို ပြန်လည် ရရှိလာသည်။ သို့သော်လည်း နောက်တစ်ကြိမ် မှန်းချက်နှင့် နှမ်းထွက် မကိုက်စွာပင်... လူငယ်က သူ၏ အဝတ်အစားများကို ချွတ်ချခြင်း မပြုချေ။ ထို့အစား အဝါရောင် နံရံထက်ရှိ ပန်းချီကားများဘက်ကိုသာ လှည့်လိုက်၏။

ထို့နောက်... သူက လက်များကို သုံး၍ အနက်ရောင် ဆံပင်များကို ဖြီးသင်လိုက်သည်။

“ဒီပန်းချီကားတွေကို ခင်ဗျား ဆွဲထားတာလဲ”

မဆီမဆိုင် မေးခွန်းကြောင့် မိန်းကလေးမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွား၏။ သို့သော်လည်း မသိလိုက်ခင်မှာပင် သူမက ခေါင်းညိတ်ကာ အလိုလို ပြန်ဖြေလိုက်မိသည်။

“ဟုတ်တယ်...”

ထိုကဲ့သို့ ပြောပြီးနောက် သူမက မျက်မှောင်ကြုတ်လိုက်၏။

“တကယ် လက်ရာမြောက်လွန်းတယ်”

ဝေ့ဝူယင်က မှတ်ချက်ချလိုက်ရင်း ဖီးသင်မှုကို ရပ်လိုက်သည်။ သူ၏ ဆံပင်များက မူလ ဖြောင့်စင်းမှုနှင့် ပျော့ပျောင်းမှုတို့ကို အနည်းငယ် ပြန်လည် ရရှိလာပြီ ဖြစသည်။

မိန်းကလေးမှာ အနည်းငယ် စိတ်မရှည် ဖြစ်လာခဲ့၏။ ထိုကဲ့သို့ အချိန်ဆွဲ နေရတာမျိုးကို သူမ လုံးဝ သဘောမကျချေ။ ထို့အပြင်... သူမ အတွက် ထိုပန်းချီကားများမှာ...

“ဒါပေမဲ့ သူတို့က ဝမ်းနည်းနေတယ်... အကန့်အသတ် ရှိနေတယ်... လှပတင့်တယ်တဲ့ မိန်းကလေးက သူ့ရဲ့ ကုန်ဆုံးသွားတဲ့ မျှော်လင့်ချက်လိုမျိုး တောမီးလောင်ကို ကြည့်ခိုင်းပြီး နာကျင်မှုတွေ အဆုံးသတ်ဖို့ အတွက် မိုးရွာမှာကို တောင့်တနေတယ်”

“...”

မိန်းကလေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ မျက်နှာထက်တွင် အံ့သြမှု အငွေ့အသက် အချို့ နေရာယူ လာခဲ့၏။

ဝေ့ဝူယင်၏ မျက်လုံးများက နောက်ထပ် ပန်းချီကား တစ်ခုပေါ်သို့ ရွေ့လျား သွားပြန်သည်။

“နောက်ပြီး ဒီငါးလေးက ခမ်းခြောက်လုနီးပါး ရွံဗွက်အိုင်ထဲမှာ ရုန်းကန်နေရပြီး နေကို အိပ်တန်းတက်ဖို့ တောင်းပန်နေတဲ့ဟန် ရတယ်... ထိခိုက်နာကျင်မှုကို ခံစားနေရတဲ့ အနုပညာရှင် တစ်ယောက်ကပဲ ဒီလို ပန်းချီကားမျိုးကို ဆွဲနိုင်တယ်... အဓိပ္ပာယ်က လွဲပြီး မျှော်လင့်ချက် ကုန်ဆုံးနေတဲ့ ပန်းချီဆရာ တစ်ယောက်ပေါ့”

မိန်းကလေးမှာ မျက်မှောင်ကြုတ်လိုက်သွားကာ သူမ၏ ပန်းနုရောင် မျက်လုံးများမှာ ညိုးငယ်သည့် အရိပ်အယောင် အချို့ဖြင့် လင်းလက်သွား၏။ သို့သော်လည်း ထိုအရာက တဒင်္ဂမျှသာ ဖြစ်ကာ နောက်ဆုံး စာကြောင်းသို့ အရောက်၌ ပုံမှန် ပြန်ဖြန်သွားသည်။ ထိုအရာက သူမနှင့် မကိုက်ညီပေ။

“မဟုတ်သေးဘူး...”

လူငယ်က တောမီးလောင်နေသည့် ပန်းချီကား ဘက်သို့ လက်ကို ဆန့်ထုတ်လိုက်၏။ သို့သော်လည်း သူက ၎င်း၏ အနားစွန်းကိုမျှ ထိတွေ့ခြင်း မပြုချေ။

“ဒီနေရာမှာ မျှော်လင့်ချက် ရှိတယ်... အရမ်းကို သန်မာတဲ့ မျှော်လင့်ချက်... စုတ်တံတစ်ခုချင်းစီက အရမ်းကို ပြင်းထန်တဲ့ မျှော်လင့်ချက်တွေပဲ”

ထိုစကားကို ကြားပြီးနောက် မိန်းကလေး၏ သွယ်လျသော လက်ချောင်းလေးများက အနည်းငယ် တုန်ရီလာကာ အိပ်ယာခင်းများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

“တော်လောက်ပြီ...”

မိန်းကလေးက နူးညံ့စွာ ပြောလိုက်၏။ သူမ၏ ပိုးသား ကဲ့သို့ နူးညံ့သော အသံက ကြမ်းတမ်း ခက်ထန်လာသည်။

“မင်းရဲ့ အဝတ်တွေကို ချွတ်ပြီး လာခဲ့တော့... မဟုတ်ရင် ငါကိုယ်တိုင် လုပ်မယ်”

ခပ်ဖျော့ဖျော့ ဝိညာဥ်ဖိအား တစ်ခုမှာ သူမထံမှ စီးကာထွက်ပေါ်လာ၏။ ၎င်းက ဖြည်းညင်းစွာပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို ရစ်ပတ်၍ ဖိနှိပ်ရန် ကြိုးပမ်းလိုက်သည်။

“ဘာလို့လဲ...”

ရုတ်တရက် ဝေ့ဝူယင်က မေးလိုက်၏။ ဖိအား၏ သက်ရောက်မှုကို ခံစားနေရသည့်တိုင် သူ၏ ငွေရောင် မျက်လုံးများက ကြည်လင်ကာ လျှို့ဝှက် ဆန်းကြယ်သော အလင်းများနှင့် တောက်ပနေဆဲ ဖြစ်သည်။

မိန်းကလေး၏ အမူအရာက မဆိုသလောက် ပြောင်းလဲသွား၏။ ကြယ်တာရာ အမြုတေ အဆင့်ခြောက်ဖြင့် လူငယ်က သူမ ထုတ်လွှတ်လိုက်သည့် ဖိအားကို ခုခံနိုင်သည်လား။

ဝေ့ဝူယင်က သူမကို ခေါင်းအစ၊ ခြေအဆုံး ကြည့်လိုက်သည်။

“ခင်ဗျားက အဲဒါကို ကိုယ်တိုင် လိုချင်နေသလိုမျိုး ပြုမူနေတယ်... ဒါပေမဲ့ ခင်ဗျားရဲ့ အပျိုစင် ခန္ဓာက အဲဒါကို ကိုင်တွယ်နိုင်မယ်လို့ ထင်လား”

“...”

မိန်းကလေး၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ အလွန်အမင်း ထက်ရှ သွား၏။ ကြမ်းတမ်း ခက်ထန်သော အော်ရာက ပြင်းပြစွာ ထွက်ပေါ်လာရာ အခန်းထဲရှိ လေများမှာ ကစဥ့်ကလျားပင် လွင့်စဥ်များကြ၏

"မင်းက ဘယ်သူလဲ...”

“ကျုပ်လား... ခင်ဗျားရဲ့ ဆာလောင်မှုတွေကို မြင်နိုင်တဲ့ တစ်စုံတစ်ယောက်ပေါ့”

ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်၏။ ကစဥ့်ကလျား တိုးဝှေ့ တိုက်ခတ်နေသည့် လေထုအောက်တွင် သူ၏ ဝတ်ရုံက တဖျပ်ဖျပ် လွင့်ခါနေသည်။

"ဆာလောင်မှု...”

အလင်းတန်း တစ်ခုက သူမ၏ စိတ်အတွင်း ဖြတ်ပြေးသွား၏။ ငွေရောင်မျက်လုံးများနှင့် ဤလူငယ်လေးက အတော်လေး ထူးဆန်းသည်ဟု သူမ ခံစားလိုက်ရသည်။

“ခင်ဗျားက ကျုပ်ရှာနေတဲ့ တစ်ယောက်တော့ မဟုတ်ဘူး... ဒါပေမဲ့ ကျုပ် အခု ခင်ဗျားကို စိတ်ဝင်စား သွားပြီ... ဒါကြောင့် ကျုပ်ကိုကျုပ် မိတ်ဆက်ပါရစေ... ကျုပ်ကို ဂျိုးငှက်နီ မြို့တော်၊ ဝေ့မျိုးနွယ်မှာ မွေးဖွားခဲ့တယ်... ကျုပ် မိဘတွေက ကောင်းကင်နဲ့ မြေကြီး မတိုင်ခင် ကျုပ်ကို ဝူယင်လို့ နာမည် ပေးခဲ့တယ်”

ဝေ့ဝူယင်က နှုတ်ဆက်ဟန်နှင့် ကိုယ်ကို အနည်းငယ် ညွှတ်ရင်း ပြောလိုက်၏။

“ခင်ဗျားကရော...”

“...”

မိန်းကလေး၏ မျက်လုံးများမှာ ဝေ့ဝူယင်ကို စူးစိုက်ကြည့်နေခဲ့မိ၏။ “ဝူယင်... ဝူယင်...” သူ့နာမည်ကို စိတ်ထဲတွင် အကြိမ်ပေါင်း များစွာ ရွတ်ဆိုနေခဲ့မိသော်လည်း မည်သည့် အချက်အလက်ကိုမှ သူမ ဆွဲမထုတ် နိုင်ခဲ့ချေ။ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေတွင် ကျော်ကြား ထင်ရှားသည့် ဝေ့မျိုးနွယ်ကိုပင် မကြားဖူးချေ။ သို့သော်လည်း... လူငယ်က မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက် ဖြစ်ကြောင်းကိုတော့ သူမ သေချာ သိပေသည်။

“ယွီစွန်းလီ...”

အကြောင်းပြချက် တစ်စုံတစ်ရာ မရှိသည့်တိုင် သူမက နာမည်ကို ပြောပြလိုက်၏။ သူမ ခန္ဓာကိုယ်ထက်ရှိ အော်ရာက တဖြည်းဖြည်းချင်း နိမ့်ကျသွားသည်။

“ယွီစွန်းလီ...”

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ရင်း ပန်းချီကားများ ထံသို့ အကြည့်ကို ပြန်လည်ပို့လိုက်သည်။ ထို့နောက် သူက တိတ်တဆိတ်ပင် စတင် ရွေ့လျားကာ အခန်းကို လှည့်ပတ် ကြည့်လိုက်တော့၏။

“သေသေချာချာ ဆောက်ထားတဲ့ လှောင်အိမ်ပဲ... လျှို့ဝှက် အာဏာရှင် တစ်ယောက်တောင် မလွတ်မြောက်နိုင်ဘူး”

ဝေ့ဝူယင်မှာ အခန်း တစ်ခုလုံးကို လှည့်ပတ် ကြည့်နေကာ အိပ်ယာခင်းများကိုပင် ထိကြည့်နေခဲ့သည်။ ထို့နောက် သူက သူမဘက်သို့ လှည့်လိုက်သည်။

“ဆိုတော့ ဒါက ခင်ဗျားရဲ့ အလုပ်ပေါ့ ဟုတ်လား... ယန်စွမ်းအင် ထုတ်ယူတာ”

All Chapters