← Chapters

ငွေရေးကြေးရေး ခြေသလုံးမွှေး

Vol. 37 Ch. 510

ငွေရေးကြေးရေး ခြေသလုံးမွှေး

Vol. 37 Ch. 510

ချင်မူ ပါးစပ်အဟောင်းသားဖြင့် ချိရှို့ကို လှည့်ကြည့်လိုက်သော်လည်း ချိရှို့က အမွှေးထဲ ခေါင်းဝှက်ထားကာ မမြင်ချင်ယောင်ဆောင်နေသည်။

ချိရှို့ ယမမင်း၏ ယုံကြည်ရသော လက်ရုံးတော်တစ်ယောက် ဖြစ်နေသည်မှာ အံ့ဩစရာမရှိပေ။ သူက ယမမင်း၏ သနားစဖွယ်အခြေအနေကို မကြည့်ခြင်းဖြင့် သူ့ကိုယ်သူ အကင်းပါးပါး ကာကွယ်ထားသည်။ အခြားလူသာဆိုလျှင် အပျက်အစီးပုံထဲ အပြေးသွားပြီး ယမမင်းကို ကယ်တင်လိမ့်မည်။

ချင်မူ သက်ပြင်းချလိုက်မိသည်။ ယမမင်းကို ကယ်တင်ခြင်းက သစ္စာရှိသော အပြုအမူဖြစ်သော်လည်း ယမမင်း၏ သနားစဖွယ်ခြေအနေကိုလည်း မြင်တွေ့ရမည်ဖြစ်ရာ ရင်ဘတ်ထဲရှိ တည်ဆောက်ထားသော ယမမင်း၏ အမြော်အမြင်ကြီးမားပြီး သန်မာအားကောင်းသည့် ပုံရိပ်အပေါ် ထိခိုက်သွားလိမ့်မည်။ ကောင်းကျိုး၊ ဆိုးကျိုးရှိသော်လည်း ကောင်းကျိုးက ပိုများမလား၊ ဆိုးကျိုးက ပိုများမလား မည်သူမှ မသိနိုင်ရာ... မမြင်ချင်ယောင်ဆောင်ခြင်းကသာ အကောင်းဆုံး ဖြစ်၏။

ထို့အပြင် ခန်းမပြိုကျရုံဖြင့် ယမမင်းက ကြီးကြီးမားမား ထိခိုက်သွားမည်သူမဟုတ်ရာ... သူ့ဆီ အပြေးသွားပြီး သစ္စာရှိကြောင်း ပြသစရာမလိုပေ။

‘ယမမင်းပြောပုံအရ ငါ မဟာမြို့ပျက်ရဲ့ အမှောင်ထုထဲမှာ လျှောက်သွားနိုင်တဲ့အပြင် အမှောင်ထုက ငါ့ကို အန္တရာယ်မပြုနိုင်ဘူးတဲ့... တကယ် ဟုတ်ပါ့မလား”

အမှောင်ထုထဲ သွားခြင်းက အသက်ကို လောင်းကြေးထပ်ခြင်းပင် မဟုတ်ပါ၏လော။ ချင်မူ မဝံ့ရဲပေ။ အမှန်သာ မဟုတ်ပါက သူ သေသွားလိမ့်မည်။ ငယ်ငယ်ကတည်းက ရွာရှိ အဘိုးအဘွားများက အမှောင်ထုထဲတွင် ကြောက်မက်ဖွယ်အရာကြီးများ ရှိ၍ မည်သို့ပင် ဖြစ်လာပါစေ အမှောင်ထုထဲ မသွားရန် သင်ထားခဲ့သည်။ ထို့အပြင် အရွယ်ရောက်လာသောအခါတွင်လည်း အမှောင်ထု၏ ကြောက်မက်ဖွယ်အရာများကို သူကိုယ်တိုင် မြင်ခဲ့ဖူးသဖြင့် အမှောင်ထုက သူ့ကို အန္တရာယ်မပြုဘဲ နေလိမ့်မည်ဟု တွေးပင် မတွေးခဲ့ဖူးပေ။

သူ အမှောင်ထုထဲသို့ မကြာခဏ ဝင်ခဲ့ဖူးသော်လည်း ရတနာများ သို့မဟုတ် နတ်ဘုရားနီးနီး သန်မာအားကောင်းသော အဆင့်မြင့်သိုင်းပညာရှင်များကို အားကိုး၍သာ အမှောင်ထု သူ့အနားချဉ်းကပ်မလာအောင် လုပ်ခဲ့သည်။ ရှင်းအန်း၏သေတ္တာ၊ ရွာလူကြီး၏အရှိန်အဝါ သို့မဟုတ် နဂါးထိန်းဧကရာဇ်၏စောင့်ရှောက်မှုတို့ဖြင့်သာ မည်သည့်အန္တရာယ်မှ မကြုံတွေ့ခဲ့ရခြင်းဖြစ်၏။

အကာအကွယ်မပါဘဲ အမှောင်ထုထဲ ဝင်ရန်‌တော့ သူ ကြောက်မိသည်။

“သွားစို့” ချိရှို့က သူ့ကို လောဆော်သည်။ “မင်းကို ပြန်ပို့ပြီးရင် ငါ နားလို့ရပြီ”

“နောင်ကြီးချိရှို့၊ ကျွန်တော် နဂါးချီလင်နဲ့ ‌သေတ္တာကြီးကို ခေါ်ဖို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနဲ့ လူသားဧကရာဇ်တွေဆီ သွားရဦးမယ်”

ချိရှို့မှာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်ဟောင်းများနေရာသို့ သူ့ကို ခေါ်သွားပေးရတော့၏။ တံခါးအားလုံး စေ့နေအောင် ပိတ်ထားကြပြီး နဂါးချီလင်မှာလည်း လူငယ်ဂိုဏ်းချုပ် မောင်းထုတ်ထား၍ အပြင်ရောက်နေသည်။ သူက အမြီးတနှံ့နှံ့ဖြင့် ဂျီကျရင်း ဂိုဏ်းချုပ်ကို တံခါးဖွင့်ပေးခိုင်းနေသည်။

လူငယ်ဂိုဏ်းချုပ်က သူ မည်သို့ပြောပြော နားမထောင်ဘဲ အထဲမှ အော်လိုက်၏။ “သေခြင်းရှင်ခြင်းခရီးလမ်းပေါ်မှာ ငါက သေနေပြီ။ မင်းက အသက်ရှင်နေသေးတယ်.... ဒါကြောင့် ငါတို့ အတူတူ မရှိနိုင်ဘူး။ ဂိုဏ်းသခင်နဲ့ ပြန်လိုက်သွား”

နဂါးချီလင်က တံခါးကို ကုပ်ဖဲ့ရင်း အကျယ်ကြီး အော်ငိုသည်။

လူငယ်ဂိုဏ်းချုပ်မှာလည်း မျက်ရည်များထိန်းရင်း ကြိတ်ရှိုက်နေ၏။ တံခါးဖွင့်ပေးချင်သော်လည်း ထိုအကောင်ကြီး ဝင်လာပြီး သူ့ကို ပွတ်သပ်မည်စိုး၍ စိတ်တင်းထားရလေသည်။

ချင်မူက နဂါးချီလင်ကို လှမ်းခေါ်၍ ပြုံးလိုက်သည်။ “ဖက်တီးနဂါး ... စိတ်မကောင်းမဖြစ်ပါနဲ့။ ဂိုဏ်းချုပ်က ဒီမှာ ကောင်းကောင်းမွန်မွန် နေနေရတာပဲ... ငါတို့လည်း အပြင်မှာ ကောင်းကောင်းမွန်မွန် နေ,နေတာပဲလေ... နောက်ကျ သူ့ဆီ အချိန်မရွေး လာလည်လို့ရပါတယ်”

နဂါးချီလင်က သူ့ဆီ လျှောက်လာသည်။ နေမီးလျှံတို့ကြောင့် သူ့ကိုယ်ပေါ်တွင် အသွေးအသားများ တဖြည်းဖြည်း ပြန်ပေါ်လာ၏။ ယခုအချိန်တွင် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားလှသော နေလုံးကြီးက ခေါင်းပေါ်တည့်တည့်သို့ ရောက်နေပြီဖြစ်ပြီး ကြီးမားလွန်း၍ အချိန်မရွေး ကောင်းကင်ယံမှ ပြုတ်ကျလာတော့မည့်အလား ထင်နေရသည်။

ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ နေလုံးကြီးပေါ်ရှိ အထွတ်အမြတ်ခန်းမများမှာ ရွှေစင်ရွှေသားတို့ဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း မြင်လိုက်ရ၏။ ခန်းမတို့အရှေ့တွင် နတ်ဘုရားများက ဗုံများကို အရူးအမူး တီးခတ်နေကြဆဲ ဖြစ်သည်။ သူတို့က သန့်စင်ယန်ချီ၏ နေမီးလျှံများဖြင့် ဖုန်းတုကို သန့်ရှင်းဆေးကြောပစ်ချင်နေ၏။

အသံက အလွန်နီးကပ်လွန်းသည့်အတွက် နေလုံးကြီးပေါ်ရှိ နတ်ဘုရားများ ဆင်းလာပြီး တိုက်ခိုက်တော့မည့်အလား ချင်မူ ခံစားလိုက်ရသည်။

“သူတို့ မတိုက်ခိုက်ရဲဘူး” နတ်ဘုရားချိရှို့က အမွှေးအတောင်များကို တည်တည်ငြိမ်ငြိမ် ပွတ်သပ်ရင်း အေးဆေးစွာ ရှိနေသည်။ “ဒါက ယိုတုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဖုန်းတုလေ... သူတို့က နီးနေတဲ့ပုံပေါ်ပေမယ့် တကယ်တော့ အဝေးကြီးမှာ ရှိနေတာ... ငါတို့ကြားမှာ လောကစည်းတစ်ခုလည်း ရှိတယ်.. ပြီးတော့ အတိတ်တုန်းက ငါတို့ ခဏခဏ တိုက်ခိုက်ခဲ့ဖူးသေးတယ်... တိုက်ခိုက်တိုင်း ရှုံးတာ သူတို့ချည်းပဲ။ ဒါကြောင့် နေလုံးကြီးထဲမှာပဲ ပုန်းပြီး ဗုံတီးရဲကြတယ်”

ချင်မူ မရှင်း၍ မေးလိုက်မိသည်။ “ဒီနေလုံးကြီးက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နေလုံးကြီးနဲ့ မတူဘူးဆိုတော့ ဒီနေလုံးကြီးက...”

“မဟာမြို့ပျက်ရဲ့ နေလုံးကြီးပဲ... တကယ့်နေအစစ်” နတ်ဘုရားချိရှို့က ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နေက အတု”

ချင်မူ ဆွံ့အသွားသည်။ သူ့အရှေ့ရှိ နေလုံးကြီးသည် ကြောက်စရာကောင်းလွန်း၏။ နေအတု၊ လအတုနှင့် ကြယ်အတုကြားတွင် နေထိုင်နေရ၍ တော်သေးသည်ဟု ဆိုရမည်။ မဟုတ်လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ လူများ ကြောက်မက်ဖွယ်ရာ နေလုံးကြီးကိုမြင်လျှင် သာမန်ပြည်သူများ အသာထား၊ ဧကရာဇ်ပင် ရူးသွားလောက်သည်။

“ဂိုဏ်းချုပ်... ငွေရှိလား” ချင်မူက တံခါးကြားမှ လှမ်းမေးလိုက်သည်။ “ဖုန်းတုကို ဝင်ဖို့ ဖုန်းတုရွှေဒင်္ဂါးတွေ ပေးရတယ်... ကျွန်‌တော့်မှာ ဒီကိုလာဖို့ သုံးပြားပဲ ပါခဲ့တာ... အခု လှေငှားဖို့ ငွေလိုနေလို့”

လူငယ်ဂိုဏ်းချုပ်က တံခါးကြားမှ ရွှေဒင်္ဂါးတချို့ လှမ်းပေးသည်။ “ငါလည်း သေတာမကြာသေးတော့ သိပ်မစုမိမဆောင်းမိသေးဘူး။ ဒါပဲ ရှိတယ်”

ချင်မူ လက်ခံလိုက်ပြီး ကျန်ဂိုဏ်းသခင်များ၏ တံခါးများအား သွားခေါက်သည်။ “ဂိုဏ်းသခင်ကြီးတို့၊ မပေးရင် ကျွန်တော် ကမ္မည်တိုင်ရှေ့မှာ မပူဇော်တော့ဘဲ နေမှာနော်”

“ခွေးကောင်လေး ... ဘိုးဘေးတွေကို အကြပ်ကိုင်ရဲတယ် ကြည့်စမ်း။ ငွေပဲ မလား... ယူသွား”

ချင်မူ တံခါးတစ်ချပ်မကျန် လိုက်ခေါက်ပြီးနောက် ဖုန်းတုရွှေဒင်္ဂါးအပြားနှစ်ရာကျော် ဓားပြတိုက်ပြီးသွားသည်။ ထို့နောက် လူသားဧကရာဇ်များဆီ သွား၍ ယန်ငါးသွယ်ခန်းမအစောင့် ဆန်းကြယ်သားရဲကြီးများကို မေးလိုက်သည်။ “ပထမဘိုးဘေးကြီး ပြန်လာပြီလား”

ဆန်းကြယ်သားရဲကြီးနှစ်ကောင်က ခန်းမထဲ ပြေးဝင်၍ ထောင်ကျယ်သားရဲကြီးအား ကန်ထုတ်လိုက်သည်။ “သခင်ကြီး ပြန်မရောက်သေးပါဘူး”

ထောင်ကျယ်သားရဲကြီး မြေပြင်ပေါ် ကျလာ၍ နေမီးလျှံများနှင့် ထိသွားသည့်အခါ တဘုန်းဘုန်းမြည်သံများ ထွက်လာပြီး သေတ္တာကြီးအသွင် ပြောင်းသွား၏။ သေတ္တာကြီးက လိမ်လိမ်မာမာဖြင့် နဂါးချီလင်နောက်မှ လိုက်လာသည်။

“ဂိုဏ်းသခင်ချင် ထွက်သွားဖို့ အချိန်ကျပြီ” ချိရှို့က သူ့ကို လောသည်။

“နောင်ကြီးချိရှို့ရယ် ခဏလေးပါ”

ချင်မူ ဒုတိယဘိုးဘေးကြီးအိမ်သို့ သွားလိုက်သည်။ ဒုတိယဘိုးဘေးကြီးက တံခါးဖွင့်ပေးသော်လည်း နေမီးလျှံများ ထိမည်စိုး၍ အပြင်ထွက်မလာပေ။ “ငါ့မှာ တစ်ပြားမှ မရှိဘူးနော်... ဆရာ့အိမ်မှာပဲ ကပ်စားနေရတာ”

ချင်မူက ဖုန်းတုရွှေဒင်္ဂါးအနည်းငယ် ထုတ်၍ ပြုံးလိုက်သည်။ “ဘိုးဘေးကြီးရဲ့ မြင့်မြတ်တည်ကြည်တဲ့ စိတ်နေစိတ်ထားနဲ့ ကိုယ်ကျင့်တရားကို မေးခွန်းထုတ်စရာမလိုအောင် ကျွန်တော် သိပါတယ်။ ဒါကြောင့်ပဲ ဒီအတောအတွင်း စားနိုင်သောက်နိုင်အောင် ရွှေဒင်္ဂါးနည်းနည်း လာပေးတာ... ကျွန်တော် လူသားဧကရာဇ်ခန်းမဆီ ရောက်ရင် ဆရာကြီးတို့အားလုံးအတွက် ရွှေစက္ကူ၊ ငွေစက္ကူတွေ မီးရှို့ပေးပါ့မယ်”

ဒုတိယဘိုးဘေးကြီး ဝမ်းသာသွားပြီး ရွှေဒင်္ဂါးများအား မြန်မြန်ဆန်ဆန် ယူလိုက်သည်။ “မင်းက စုလေးထက် ပိုသိတတ်တယ်။ စုလေး အခုထက် ပြန်မရောက်သေးပေမယ့် သူ ပြန်လာရင် အကြီးအကျယ် အံ့အားသင့်သွားအောင် လုပ်ဖို့ ငါတို့စီစဉ်နေကြတာ”

“ဒုတိယဘိုးဘေးကြီး၊ ရွာလူကြီးကို ကျွန်တော်လာတဲ့အကြောင်း ပြောဖို့ မမေ့နဲ့နော်”

“မပူနဲ့ ဆက်ဆက်ပြောလိုက်မယ်” ဒုတိယဘိုးဘေးကြီးက အံကြိတ်ထားသည့်ကြားမှ ကတိပေးလိုက်သည်။

ချင်မူ အတန်ငယ် စဉ်းစားနေပြီးနောက် ပြောလိုက်၏။ “ဒုတိယဘိုးဘေးကြီး ကျွန်တော့်ကို ပထမဘိုးဘေးကြီးရဲ့ သေခြင်းရှင်ခြင်းကြားရတနာ ငှားလိုက်လို့ရလား.. စီးပွားရေးလုပ်ချင်လို့...”

ဒုတိယဘိုးဘေးကြီး ဇဝေဇဝါ ဖြစ်သွားသည်။ “သေခြင်းရှင်ခြင်းကြားရတနာနဲ့ စီးပွားရေးဘယ်လိုလုပ်မှာလဲ”

ချင်မူက ပြုံးလိုက်သည်။ “ဖုန်းတုမှာ သက်ရှိကမ္ဘာဆီ မသွားနိုင်တဲ့ နတ်ဘုရားတွေ၊ မိစ္ဆာနတ်ဆိုးတွေ အများကြီးရှိတယ်။ သေခြင်းရှင်ခြင်းကြားရတနာကို ကမ္ဘာနှစ်ခုကြားက တံတားလို သုံးလိုက်ရင် ကောင်းကင်နတ်သိုင်းပညာရှင်တွေနဲ့ အပေးအယူတွေ လုပ်လို့ရမယ်လေ... ကောင်းကင်နတ်သိုင်းပညာရှင်တွေက ဖုန်းတုကမ္ဘာသားတွေရဲ့ ဆုတောင်းပြည့်အောင် ကူညီပေးနိုင်ပြီး အဲဒီအတွက် အဖိုးအခအနေနဲ့ ဖုန်းတုရွှေဒင်္ဂါးတွေကို ယူရင်ယူ.. မယူရင် ကောင်းကင်နတ်သိုင်းပညာတွေ၊ လမ်းစဉ်တွေ၊ ကျင့်စဉ်ပညာရပ်တွေကို သင်ယူနိုင်မယ်။ ကျွန်တော်တော့ ဒါက စီးပွားရေးအကြီးကြီးလို့ ထင်တယ်... မဟာမြို့ပျက်ကို ဖြတ်ပြီး လမ်းခင်းရမှာဆိုတော့ ကုန်ကျစရိတ်တွေအတွက်လည်း ငွေလိုနေလို့”

ဒုတိယဘိုးဘေးကြီးမှာ နားမလည်နိုင်သေး၍ မေးလာသည်။ “ငွေက ဘယ်က ဝင်မှာတုန်း”

“ကောင်းကင်နတ်သိုင်းပညာရှင်တွေအနေနဲ့ သေခြင်းရှင်ခြင်းကြားရတနာကို ဖြတ်သွားရင် ဝင်ကြေးပေးရမှာပေါ့ ... အဲဒီကနေ ကျွန်တော် အများကြီးရမှာ”

ဒုတိယဘိုးဘေးကြီး သဘောပေါက်သွားပြီး ပြုံးရယ်လျက် သူ့ကို ဆူလိုက်သည်။ “ခွေးသူတောင်းစားလေး”

ချင်မူလည်း ပြုံး၍ ပြောလိုက်သည်။ “သေခြင်းရှင်ခြင်းကြားရတနာက ဖုန်းတုကို သက်ရှိကမ္ဘာနဲ့ ဆက်သွယ်ပေးထားမှာဆိုတော့ ... ဒုတိယဘိုးဘေးကြီးလည်း ဒီကနေပြီး နတ်ဘုရားတွေ၊ မိစ္ဆာနတ်ဆိုးတွေဆီက ဝင်ကြေးကောက်လို့ရမယ်။ ဘိုးဘေးကြီးလည်း အချီကြီးရမှာပဲ... ကျွန်တော် ဘိုးဘေးကြီးတို့ကို မပူဇော်ရင်တောင်မှ ဘိုးဘေးကြီးတို့ ဇိမ်နဲ့ နှပ်နိုင်သွားလိမ့်မယ်... တစ်နှစ်နှစ်နှစ်အတွင်း ဘိုးဘေးအားလုံး ဖုန်းတုမှာ သူဌေးကြီးတွေ ဖြစ်လာလိမ့်မယ်”

ဒုတိယဘိုးဘေးကြီးမှာ ကြက်သေသေသွားပြီး အော်လိုက်မိသည်။ “နှစ်ဖက်လုံးကနေ ဝင်ကြေးကောက်မယ် ဟုတ်လား။ ကောင်းလိုက်တဲ့ စီးပွားရေး.... လူတွေ ငါတို့ကို မကျေမနပ် ဖြစ်ပြီး ဆဲကြဆိုရင် ဘယ်နှယ့်လုပ်မတုန်း”

“သေခြင်းရှင်ခြင်းကြားရတနာက ကျွန်တော့်လက်ထဲမှာပဲလေ... အဲဒီရတနာကပဲ သေဆုံးသူတို့ရဲ့ ကမ္ဘာနဲ့ ရှင်သန်တို့ရဲ့ ကမ္ဘာကို ဆက်သွယ်ပေးနိုင်မှာ... သူတို့ မကျေမနပ်ဖြစ်ရင်တောင် ကျွန်တော်တို့ တံတားကို ဖြတ်ဖို့ ဝင်ကြေးပေးရုံအပြင် မရှိဘူး”

ဒုတိယဘိုးဘေးကြီးက အိမ်ထဲမှ ခပ်သုတ်သုတ် ထွက်လာပြီး နေမီးလျှံများကိုပင် မမှုဘဲ ပထမဘိုးဘေးကြီး၏ ယန်ငါးသွယ်ခန်းမအတွင်းသို့ အပြေးဝင်သွားသည်။

တံခါးစောင့်သားရဲကြီးနှစ်ကောင်မှာ မျက်ခုံးလှုပ်နေ၍ ပြောလိုက်၏။ “သခင်ကြီးနှစ်... သခင်ကြီးမှာ ပိုင်ဆိုင်မှုဆိုလို့ ဒီတစ်ခုပဲ ကျန်တော့တာနော်... သခင်ကြီးတို့ကြောင့် သခင်ကြီးလည်း အနှေးနဲ့အမြန် မွဲပြာကျတော့မယ်”

ဒုတိယဘိုးဘေးကြီးက သူတို့ကို ပြုံးပြလိုက်သည်။ “ငါ့ဆရာက ငါ့ကို သူစိမ်းလို သဘောထားတုန်းလား... ငါ ချမ်းသာရင် မင်းတို့လည်း ကောင်းကောင်းစားရမှာနော်”

ချင်မူ သေခြင်းရှင်ခြင်းကြားရတနာကို ယူလိုက်သည်။ ရတနာမှာ သုံးကိုက်ရှယ်သော မြစ်အသေးလေးတစ်စင်းဖြစ်ပြီး အထဲတွင် လှေတစ်စင်းနှင့် တံတားတစ်စင်း ရှိနေ၏။

ဒုတိယဘိုးဘေးကြီးက သူ့ကို ရှင်းပြသည်။ “ဒီသေခြင်းရှင်ခြင်းကြားရတနာကို အရင်ဆုံး သန့်ရှင်းရေး လုပ်ထားဦး။ မင်း စီးပွားရေး လုပ်ရင် ငါ ဒီကနေ သိရလိမ့်မယ်။ မှတ်ထား ညမှ စီးပွားရေးလုပ်နော်။ နေ့ဘက် လုပ်ရင် အခုလိုမြင်ကွင်းမျိုး မြင်ရလိမ့်မယ်။ နေလုံးကြီးပေါ်က နတ်ဘုရားတွေ ငါတို့ကို မီးလောင်တိုက်သွင်းပစ်လို့ ဘာစီးပွားရေးမှ မလုပ်ရဘဲ သေနေဦးမယ်”

ချင်မူ မှတ်ထားလိုက်ပြီး မြစ်သေးသေးလေးကို သူ့ကိုယ်ပေါ်၌ ချိတ်ထားလိုက်သည်။ “ဒုတိယဘိုးဘေးကြီး၊ ကျွန်တော့်ဆီက သတင်းစောင့်နေ”

ဒုတိယဘိုးဘေးကြီးမှာ ထိုအခိုက်အတန့်တွင် သတိပြန်ကပ်သွား၍ တမုဟုတ်ချင်း ပြောလိုက်သည်။ “စီးပွားရေးက စီးပွားရေးပေါ့... သိပ်ကြီးလည်း အားမစိုက်ထားနဲ့။ သိုင်းကျင့်တဲ့အပေါ် အာရုံစိုက်။ ငွေကောက်ခံတဲ့ကိစ္စက တခြားလူတွေနဲ့ လွှဲထားလိုက် ကြားလား”

ချင်မူ ခေါင်းညိတ်ကာ ပြောလိုက်၏။ “နားလည်ပါတယ်” ထို့နောက် ဖုန်းတုရွှေဒင်္ဂါးတစ်ချို့ ထပ်ထုတ်လိုက်သည်။ “ဒုတိယဘိုးဘေးကြီး၊ ကျေးဇူးပြုပြီး ဒီရွှေဒင်္ဂါးတွေကိုလည်း ကျန်တဲ့ဘိုးဘေးတွေ ရက်ပိုင်းလောက်‌ တောင့်ခံနိုင်အောင် ပေးပေးပါဦး”

“လူသားဧကရာဇ်ချင်က သိတတ်ပါပေတယ်”

ချင်မူ နှုတ်ဆက်စကားပြောပြီးနောက် နတ်ဘုရားချိရှို့က သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာ နယ်နိမိတ်ကျောက်တုံးအထိ လိုက်ပို့သည်။ “ဒီကနေ ဖြတ်သွားရင် သန့်စင်ယန်မီးလျှံတွေ မရှိတော့ဘူး... လှေငှားပြီး ပြန်လိုက်တော့”

ချင်မူက သူ့အား ကျေးဇူးတင်စကားဆိုလိုက်သည်။ သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာမှ ထွက်လာပြီးနောက် သူ၏ရုပ်ခန္ဓာမှာ ပုံမှန်ပြန်ဖြစ်သွား၏။ သူက တောင်ပံဖြန့်လျက် ပျံထွက်သွားသော နတ်ဘုရားချိရှို့အား လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။

လှေဆိပ်က သိပ်မဝေးပေ။ ချင်မူ မြူခိုးပင်လယ်ထဲမှ အထီးကျန်လှေငယ်ကို လှမ်းခေါ်လိုက်သည်။ အရိုးစုတာအိုရသေ့ကြီးလင်းကျင့်က လှေလှော်ခတ်ပြီး သူ၊ နဂါးချီလင်နှင့် သေတ္တာကြီးတို့ကို တစ်ဖက်ကမ်းသို့ ပို့ပေး၏။

တစ်ဖက်ကမ်းသို့ ရောက်သောအခါ ချင်မူက လှေပေါ်မှ ဆင်းပြီး ကူးတို့ခအဖြစ် ရွှေဒင်္ဂါးသုံးပြား ထုတ်ပေးလိုက်သည်။ တာအိုရသေ့ကြီးလင်းကျင့်မှာ အံ့အားသင့်သွားကာ ကပျာကယာ ပြောလာသည်။ “ဟိုနှစ်ကောင်က လူမဟုတ်တဲ့အတွက် ပေးစရာမလိုဘူး”

ချင်မူ ပြုံး၍ ပြောလိုက်သည်။ “ဆရာကြီး ယူသာယူပါဗျာ”

တာအိုရသေ့ကြီးလင်းကျင့်က အလျင်အမြန် လက်ခံပြီး သူ့ကို သွေးတိုးစမ်းသည်။ “လူသားဧကရာဇ်ချင် ပွပေါက်တိုးလာတာလား”

ချင်မူ ကျယ်လောင်စွာ ရယ်လိုက်မိ၏။ “ကျွန်တော် ချမ်းသာတော့မှာဗျ... ဆရာကြီး နှုတ်ဆက်ပါတယ်”

တာအိုရသေ့ကြီးလင်းကျင့်ကလည်း သူ့ကို နှုတ်ဆက်ပြီး ရွှေဒင်္ဂါးများကို သေသေချာချာ သိမ်းကာ သူ့ဘာသူ တွေးလိုက်သည်။ “နှစ်တစ်ရာလောက် နေရင်တော့... ငါလည်း ဖုန်းတုမှာ အိမ်ဝယ်နိုင်လောက်ပါပြီ”

နတ်ဘုရားချိရှို့ ဘုရင်ချင်၏ခန်းမဆီသို့ ပြန်ရောက်သည့်အခါ ပြိုကျသွားသည့် ခန်းမတစ်ခုလုံး အကောင်းပကတိအတိုင်း ပြန်ထူမတ်နေသည်ကို မြင်တွေ့လိုက်ရသည်။ နတ်ဘုရားချိရှို့က အရိပ်တကြည့်ကြည့်ဖြင့် အထဲဝင်ပြီး ခန်းမနောက်ဘက်၌ မီးတောက်မီးလျှံများကို ကြည့်ရင်း ရပ်နေသော ယမင်မင်းဆီ သွားလိုက်သည်။

“ရွှင်ပျော်ပျော်ကျေးရွာက ဧည်သည့်လေးက သိပ်စိတ်ဝင်စားစရာကောင်းတယ်” ယမမင်းက ကောက်ကာငင်ကာ ပြော၏။ “ရွှင်ပျော်ပျော်ကျေးရွာမှာ မွေးတာမဟုတ်ပေမယ့် ခိုင်ဧကရာဇ်ရဲ့ သွေးတော့ ပါနေသေးတယ်။ ရောက်လာတာက သူ့အဖေဆိုရင် ငါ့ယုံကြည်မှုတွေ တိုးလာနိုင်ပေမယ့် နောက်ကျ စိတ်ညစ်သွားဦးမှာပဲ... ဒါပေမဲ့ ဒီကောင်လေးအကြောင်း သိသိချင်း စိတ်ပျက်မိပေမယ့် ငါ့မျှော်လင့်ချက်တွေက တဖြည်းဖြည်း ကြီးထွားသထက် ကြီးထွားလာခဲ့ပြီ”

နတ်ဘုရားချိရှို့ နားမလည်ပေ။ “ဂိုဏ်းသခင်ချင် ... လူသားဧကရာဇ်ချင်က ထင်တိုင်းကြဲတတ်တဲ့ လူငယ်တစ်ယောက် ဖြစ်နေတာတောင် ယမမင်းက သူ့ကို မျှော်လင့်ထားတယ်တဲ့လား... သူ ဖုန်းတုမှာ နေတာဖြင့် တစ်နေ့တောင် မပြည့်သေးဘူး.. လူသားဧကရာဇ်အားလုံးကို ရိုက်နှက်ပြီး ဂိုဏ်းသခင်ကျိုးယန်ရဲ့ နန်းဆောင်ကိုလည်း ဖြိုပစ်ခဲ့သေးတယ်.... ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်တွေလည်း အကုန်ရိုက်ခံခဲ့ရတာ။ ဒါတင်မကသေးဘူး ဂိုဏ်းသခင်ဟောင်းတွေဆီက ရွှေဒင်္ဂါးတွေ ဓားပြတိုက်ပြီး သေခြင်းရှင်ခြင်းကြားရတနာလည်း တောင်းသွားသေးတယ်... သူက သက်ရှိကမ္ဘာနဲ့ ဖုန်းတုကို ဆက်သွယ်ပေးပြီး စီးပွားရေးလုပ်မလို့တဲ့လေ... ဒါက ပေါက်ကရတွေ လျှောက်လုပ်နေတာ မဟုတ်ဘူးလား”

ယမမင်းက လှည့်လာပြီး ပြုံးရယ်လျက် ပြော၏။ “ဖုန်းတုက အေးစက်ပြီး ခြောက်ကပ်လွန်းပါတယ်.... သူ လျှောက်လုပ်တော့ မထင်မှတ်ထားတာတွေ ဖြစ်လာနိုင်တာပေါ့။ ဒီလို စိတ်ကူးစိတ်သန်းတွေနဲ့ စိတ်ဝင်စားစရာလူမျိုး ငါ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ သူက တခြားသူတွေ မလုပ်နိုင်တာကို လုပ်နိုင်တယ်... ဒါ့အပြင် သူ့လျှို့ဝှက်ချက်တွေက သူထင်သလို မရိုးရှင်းဘူး... ဒါကြောင့် ငါ သူ့ကို ပိုလို့တောင် မျှော်လင့်မိသေးတယ်...”

နတ်ဘုရားချိရှို့ အံ့အားသင့်နေသည်။ “ယမမင်းက သူ ဖုန်းတုနဲ့ သက်ရှိကမ္ဘာကြား ဆက်သွယ်ပြီး စီးပွားရေးလုပ်တော့မှာကို ခွင့်ပြုပေးတော့မှာလား”

ယမမင်းက လက်ခါပြီး မည်သည်ကိုမျှ ဆက်မပြောတော့ပေ။

နေထွက်လာသော်လည်း အမှောင်ထုက ယိုတုကို လွှမ်းခြုံလျက် ရှိ၏။ ယိုတုတွင် ကောင်းကင်မရှိ၊ မြေပြင်မရှိ၊ နေမရှိ၊ လမရှိ။ ကြယ်များလည်း မရှိပေ။

ရှင်းအန်း အမှောင်ထုထဲ၌ လွင့်မျောနေသည်... ထိုအခိုက်အတန့်တွင် တိုးညှင်းသောအသံတစ်သံက သူ့ကို နှိုးလိုက်၏။

“ရှင်းအန်း ... ထတော့...”

All Chapters