အခန်း (၆၀၁)
Vol. 41 Ch. 601
အလောင်းကောင်ဧကရာဇ်မှာ လူသားမျိုးနွယ်အားမြင်တွေ့လိုက်ရပြီး ၎င်းက သူ့ဆီသို့မလာသည်ကိုမြင်ရသောအခါတွင် ဒေါသတကြီးအော်ဟစ်လိုက်သည်။ သို့သော် ထိုလူသားက အဖြူရောင်ရုန်းတစ်ခုအားဖွဲ့စည်း
လိုက်သည်ကိုလည်းသူမြင်တွေ့လိုက်ရ၏။
အဖြူရောင်ရုန်း၏စွမ်းအားအားတွေ့ရသောအခါတွင် အလေင်းကောင်ဧကရာဇ်၏မျက်နှာက ရုတ်ခြည်းသိသိသာသာပြောင်းလဲသွားပြီး ယခင်ကထက်ပင်ပို၍ဆိုးသွားသည်။ သူကပို၍ခက်ထန်လာပြီး ရှစ်ဖုန့်အားအရှင်လတ်လတ်
ဝါးစားချင်သကဲ့သို့ကြည့်၍ ဒေါသတကြီးထပ်မံအော်ဟစ်လိုက်သည်။
“လူသားမျိုးနွယ်.. မင်းဘာလုပ်ချင်တာလဲ.
မင်းသေချင်နေတာလား.”
အလောင်းကောင်ဧကရာဇ်၏ ဒေါသတကြီး ဟိန်းဟောက်မှုအောက်တွင်ရှစ်ဖုန့်ကလုံးဝလှုပ်ရှားခြင်းမရှိချေ။ သူ၏မျက်လုံးတို့အား ဘယ်လက်ပေါ်၌ ကူးလူးလှည့်ပတ်နေသည့် အဖြူရောင်ရုန်းပေါ်မှခွာလိုက်ပြီး ခက်ထန်မှုတို့ဖြစ်နေသော အလောင်းကောင်ဧကရာဇ်ပေါ်သို့အာရုံစူးစိုက်လိုက်သည်။ ထို့နောက် ရှစ်ဖုန့်၏အသံကထွက်ပေါ်လာ၏။
“မင်းစိတ်ကိုဖွင့်ထားပြီး ဒီသခင်လေးရဲ့ကျွန်ဖြစ်လာပြီးတော့
ဒီသခင်လေးကိုထာဝရအညံ့ခံလိုက်..
ဒီသခင်လေးက မင်းကိုလွတ်လပ်မှုကိုပေးမယ်”
ရှစ်ဖုန့်က ဤသို့ပြောပြီးနောက် သူ၏လက်ဖဝါးအတွင်းမှရုန်းက အလောင်းကောင်ဧကရာဇ်ထံသို့ဦးတည်
ပျံသန်းထွက်သွားသည်။
“သေချင်နေတာပဲ”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် အလောင်းကောင်ဧကရာဇ်ကရုတ်ခြည်း ဒေါသတကြီးအော်ဟစ်လိုက်သည်။ အလောင်းကောင်ဧကရာဇ်၏ဒေါသအောက်တွင် မြေပြင်က နောက်တစ်ကြိမ်ထပ်မံ၍ တုန်ခါသွားသည်။
“အညတရာလူသားမျိုးနွယ်လေးက
ဘယ်လိုတောင်ဒီလိုအရာမျိုးကိုလုပ်ရဲတာလဲ… မင်းကသေချင်နေတာပဲ.. မင်းကသေဖို့ကိုတောင်းဆိုနေတာပဲ…အား”
အလောင်းကောင်ဧကရာဇ်၏ နောက်ဆုံးအသံနှင့်အတူ မိုးချုန်းသံကဲ့သို့ ပေါက်ကွဲမှုတစ်ခုဖြစ်လာပြီး ၎င်းထံသို့ဦးတည်ပျံသန်းသွားသော ရှစ်ဖုန့်၏ရုန်းမှာ၎င်း၏အနားသို့သီနိုင်ခြင်းပင်မရှိခဲ့ချေ။ ရုန်းမှာ ၎င်း၏အနားမရောက်ခင်မှာပင် ဘာသဲလွန်စမှကျန်ရစ်ခြင်းမရှိဘဲပျောက်ကွယ်သွားသည်။
ရုန်းပျောက်ကွယ်သွားသည်အားတွေ့ရသောအခါတွင် ရှစ်ဖုန့်က သူ၏ခေါင်းကိုအနည်းငယ်ခါယမ်းလိုက်သည်။ တစ်ဖက်ပြိုင်ဘက်က ဧကရာဇ်နယ်ပယ်အလောင်းကောင်
တစ်ခုဖြစ်နေသည်ဖြစ်သည်။၎င်း၏ခုခံမှုအောက်တွင် သူ၏လက်ရှိစွမ်းအားဖြင့် ၎င်းအားတကယ်ပဲ အနိုင်ယူနိုင်ခြင်းရှိမနေပေ။
“ငါ့ဆီးလ်ကိုဖြည်ပေးလိုက်.. မင်းငါ့ကိုလုပ်ခဲ့တာအတွက်ငါခွင့်လွှတ်ပေးနိုင်တယ်.. မဟုတ်ရင်တစ်နေ့ကြ ငါအောင်မြင်စွာပြန်လည်မွေးဖွားလာနိုင်တာနဲ့ ငါမင်းကိုအပိုင်းပိုင်းစုတ်ဖြဲပစ်မယ်..”
အလောင်းကောင်ဧကရာဇ်က ရှစ်ဖုန့်အားထပ်မံအော်ဟစ်၍ ခြိမ်းခြောက်နေသည်။
သို့သော် အလောင်းကောင်ဧကရာဇ်၏ ကြုံးဝါးမှုအောက်တွင် ၎င်းကတခြားသူများအားခြိမ်းခြောက်နေပြီး
သူနှင့်သက်ဆိုင်ခြင်းမရှိသကဲ့သို့ ရှစ်ဖုန့်၏မျက်နှာက တည်ငြိမ်နေဆဲဖြစ်သည်။
“ဒါဆိုရင်ဒီလိုလုပ်ရတာပေါ့”
အလောင်းကောင်ဧကရာဇ်နှင့် ၎င်း၏နောက်ရှိကောင်းကင်ထဲသို့ ထိုးတက်နေသော အနက်ရောင်သံမဏိတိုင်လုံးကြီး
ထံသို့ကြည့်လိုက်ပြီးနောက် ရှစ်ဖုန့်၏ဘယ်လက်မှ သွေးနီရောင်အလင်းတစ်ခုလင်းလက်လာကာ သေးငယ်သော သွေးရောင်ကျောက်ပြားတစ်ခုက ပျံသန်းထွက်လာသည်။
ထို့နောက်ရှစ်ဖုန့်က သူ၏ဝိညာဉ်စွမ်းအင်ကိုအသုံးပြု၍ စိတ်မှတစ်ဆင့်ပြောလိုက်သည်။
“သွား”
ရှစ်ဖုန့်ပြောပြီးသောအခါတွင် သွေးကျောက်ပြားက အလောင်းကောင်ဧကရာဇ်ထံသို့ ရုတ်တရက်ပျံသန်းသွားသည်။ သွေးကျောက်ပြားက အလောင်းကောင်ဧကရာဇ်ထံသို့ပျံသန်းသွားရင် ကြီးလာ၏။
“ဒါ..ဒါကဘာလဲ”
သူ့ထံသို့ တစ်ဟုန်ထိုးပျံသန်းလာကာ အရှိန်အဟုန်ဖြင့်ကြီးထွားလာသော
သွေးကျောက်ပြားအားကြည့်၍ အလောင်းကောင်ဧကရာဇ်၏မျက်လုံး
တို့ပြူးကျယ်သွားပြီး တုန်လှုပ်အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။
အလောင်းကောင်ဧကရာဇ် ကထပ်မံအော်ဟစ်လိုက်၏။
“လူသားမျိုးနွယ်. မင်းဘာလိုချင်လို့လဲ.အဲ့တာကြီးကိုဖယ်ပေးစမ်း”
သွေးနီရောင်ကျောက်ပြားက
ချဉ်းကပ်လာသကဲ့သို့ ၎င်းက အနက်ရောင်သံမဏိတိုင်လုံးနှင့်
အရွယ်တူနီးပါးကြီးထွားလာကာ ဖြည်းဖြည်းချင်းကောင်းကင်နှင့်ဆက်သွယ်ထားသော သွေးရောင်တောင်ကြီးတစ်လုံး
ကဲ့သို့ဖြစ်လာသည်။
“ဒါကဘာလဲ”
အလောင်းကောင်ဧကရာဇ်သည်သာမကဘဲ သိပ်မဝေးသောနေရာ၌လွင့်မျောရပ်တည်ကျန်ရစ်နေခဲ့သော ရွှယ်ဝူဟမ်မှာလည်းရှစ်ဖုန့် ဖုံးကွယ်ထားသော သွေးရောင်ကျောက်ပြားအားကြည့်၍ အမူအယာကသိသိသာသာကို
ပြောင်းလဲသွားသည်။
“ဒီလက်နက်က ငါ့ရဲ့ဘိုးဘေးကငါ့ရဲ့ဦးလေးငယ်
အတွက်ချန်ထားခဲ့တဲ့ဟာများဖြစ်နိုင်မလား”
သွေးရောင်ကျောက်ပြားက ဤအချိန်၌ကောင်းကင်နှင့်
မြေပြင်အားချိတ်ဆက်ထားသော ဧရာမတောင်ကြီးတစ်ခုကဲ့သို့ဖြစ်နေပြီး အားကောင်းပြီး တလက်လက်ထနေသော သွေးရောင်အလင်းတို့လင်းလက်နေသည်။
သွေးနီရောင်အလင်းတို့လင်းလက်ပြီးနောက် မူလက ကောင်းကင်ထဲသို့ထိုးတက်နေသော အနက်ရောင်သံမဏိတိုင်လုံးကြီးမှာ ရုတ်တရက် သွေးကျောက်ပြား၏နေရာလွတ်ကမ္ဘာအတွင်းသို့စုပ်ယူခြင်းခံလိုက်ရသည်။ အနက်ရောင်သံမဏိတိုင်လုံးပေါ်၌ ဆီးလ်ခတ်ခြင်းခံထားရသောအလောင်းကောင်ဧကရာဇ်သည်လည်း သွေးကျောက်ပြားနေရာလွတ်ကမ္ဘာအတွင်းသို့ စုပ်ယူခံလိုက်ရ၏။
“ပျောက်…ပျောက်ကွယ်သွားတယ်”
ပျောက်ကွယ်သွားသောအနက်ရောင်သံမဏိတိုင်လုံးနှင့်၎င်းအပေါ်ရှိ ဆီးလ်ခတ်ခံထားရသော အလောင်းကောင်ဧကရာဇ်အားကြည့်၍ ရွှယ်ဝူဟမ်၏မျက်နှာထက်ရှိတုန်လှုပ်
အံ့အားသင့်မှုကပို၍ဆိုးလာသည်။ ယင်းကအရမ်းကိုထူးခြား
အံ့ဖွယ်ဖြစ်လွန်းသည်ဖြစ်သည်။
“အလောင်းကောင်ဧကရာဇ်တောင်…. လူသားမျိုးနွယ်ရဲ့ ဧကရာဇ်နယ်ပယ်နဲ့တူညီတဲ့စွမ်း
အားအကြီးလုံးသူတောင် ပျောက်ကွယ်သွားတယ်.. ဒါက ငါ့ရဲ့ဦးလေးငယ်သာဒီလက်နက်နဲ့
ဆိုရင်အလောင်းထိန်းချုပ်ဧကရာဇ်ကိုတောင် သတ်နိုင်တယ်ဆိုတဲ့အဓိပ္ပါယ်ပဲမဟုတ်လား”
မှော်ဆန်သောလက်နက်တစ်ကြိမ်
ထွက်ပေါ်လာသည်နှင့်အံ့အား
သင့်ဖွယ်များလည်းဖြစ်
ပေါ်လာလိမ့်မည်ဖြစ်သည်။
သို့သော်ရွှယ်ဝူဟမ်မှာများစွာ
တွေးနေခြင်းဖြစ်သည်။ အလောင်းကောင်ဧကရာဇ်အား သွေးကျောက်ပြားနေရာလွတ်
ကမ္ဘာအတွင်းသို့စုပ်ယူနိုင်သည့်
အကြောင်းပြချက်မှာ အလောင်းကောင်ဧကရာဇ်အား
အနက်ရောင်သံမဏိတိုင်လုံးပေါ်၌ တင်းကျပ်စွာဆီးလ်ခတ်ထား
သောကြောင့်ဖြစ်သည်။
ထိုအချိန်ကတည်းကသာအလောင်းကောင်ဧကရာဇ်အားဆီးလ်ခတ်ထားခြင်းမရှိခဲ့လျှင် ရှစ်ဖုန့်အနေဖြင့် သွေးကျောက်ပြား၏နောက်ဆုံးစွမ်းအား
ဖြစ်သောကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်၏ စွမ်းအားအပြည့်တိုက်ခိုက်မှုအား
ထုတ်ဖော်တိုက်ခိုက်ခဲ့လျှင်ပင် ၎င်းအားသတ်ပစ်နိုင်စွမ်း
ရှိလိမ့်မည်မဟုတ်ပေ။
သို့သော်ဤအချိန်တွင်ရှစ်ဖုန့်၏ပုံရိပ်ကလည်းသွေးကျောက်ပြားထံသို့ပျံသန်းသွားသည်။ သွေးကျောက်ပြားနားသို့ချဉ်းကပ်
လာသောအခါတွင်ရှစ်ဖုန့်၏ကိုယ်၌ သွေးနီရောင်အလင်းတစ်ခုရုတ်တရက်လင်းလက်လာပြီး သူ၏ပုံရိပ်ကပျောက်ကွယ်သွားကာ သွေးကျောက်ပြားနေရာလွတ်ကမ္ဘာငယ်အတွင်းသို့ ဝင်ရောက်သွားသည်။
“အုချ်..အုချ်..အုချ်..အုချ်..အုချ်”
မှောင်မိုက်နေသောကမ္ဘာထဲတွင် ရှစ်ဖုန့်မှာနောက်ထပ်ဒေါသတကြီးအော်ဟစ်သံတစ်ခုကိုကြားလိုက်ရသည်။
“ရဲတင်းတဲ့လူသား. ဒါကဘယ်နေရာလဲ. ငါ့ကိုမြန်မြန်ထုတ်ပေးစမ်း. ငါ့ဆီးလ်ကိုမြန်မြန်ဖြည်ပေးစမ်း. ငါ့ကိုထွက်ခွင့်ပေး.. မဟုတ်ရင်ငါမင်းကိုဆိုးဆိုးဝါးဝါး
သေအောင်လုပ်ပစ်မယ်..အား”
မှောင်မိုက်သောကမ္ဘာအတွင်းတွင် ရှစ်ဖုန့်ကသူ၏ညာလက်အား
လုပ်ရှားလိုက်ပြီးသူ၏လက််ဖဝါးအတွင်း၌ လက်သီးဆုပ်အရွယ်အလင်းလုံး
တစ်ခုပေါ်လာသည်။
အလင်းလုံးကနေကဲ့သို့ အလင်းရောင်ကိုထုတ်လွှတ်နေပြီး မှောင်မိုက်မှုတို့နေရာ၌ အလင်းတို့ကရုတ်ခြည်းနေရာယူသွားသည်။ အလင်းလုံးက ဤနေရာအားထွန်းလင်းပေးနေ၏။
ထို့နောက်အတွေးတစ်ချက်ဖြင့် အလင်းလုံးက ပျံတက်သွားပြီးဤကမ္ဘာ၏အထက်ကောင်းကင်ထဲ၌ရပ်တည်နေသည်။
ထို့နောက်ရှစ်ဖုန့်က ရှေ့သို့ကြည့်လိုက်သည်။ ကျယ်ပြန့်သော ဟင်းလင်းပြင်ထဲတွင် ဧရာမအနက်ရောင်သံမဏိတိုင်
လုံးကြီးတစ်ခုကလွင့်မျောရပ်တည်နေသည်။ အနက်ရောင်သံမိဏိတိုင်လုံး၏အခြေ၌ အနက်ရောင်သံမဏိချိန်းကြိုးများရစ်ပတ်ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုရှိနေသည်။ အနက်ရောင်သံမဏိတိုင်လုံးပေါ်၌ ဆီးလ်ခတ်ခြင်းခံထားရသော အလောင်းကောင်ဧကရာဇ်မှာ ထိုနေရာ၌ရှိနေဆဲဖြစ်သည်။ သူက ဆက်လက်အပြင်းအထန်ရုန်းကန်နေပြီး ဒေါသတကြီးဖြင့် ပြင်းထန်စွာအော်ဟစ်ကာ ရူးသွပ်နေသကဲ့သို့ဖြစ်နေ၏။
“ဖွဲ့စည်းစမ်း”
ဤအချိန်တွင်ရှစ်ဖုန့်ကသူ၏ ညာလက်အားဓားလက်ချောင်း
အသွင်ဖွဲ့စည်းလိုက်ပြီး ခက်ထန်နေသောအလောင်းကောင်ဧကရာဇ်ထံသို့ အော်ဟစ်လိုက်ကာ ဤသွေးကျောက်ပြားနေရာလွတ်ကမ္ဘာ၏ စွမ်းအားကိုအသက်သွင်းလိုက်သည်။
ရှစ်ဖုန့်၏အသက်သွင်းမှုအောက်တွင် မမြင်နိုင်သောစွမ်းအားကြီးစွမ်းအင်တစ်ခုက ရုတ်တရက်ကောင်းကင်ထဲမှကျဆင်းလာပြီး အလောင်းကောင်ဧကရာဇ်အား
လွှမ်းခြုံသွားသည်။
ရုတ်ခြည်း မမြင်နိုင်သောစွမ်းအားကြီး
စွမ်းအင်အောက်တွင် အပြင်းအထန်ရုန်းကန်နေသော အလောင်းကောင်ဧကရာဇ်မှာ ရုတ်ခြည်းခံစားချက်မဲ့သွားပြီး
ရှစ်ဖုန့်အသက်သွင်းလိုက်သော သွေးကျောက်ပြားနေရာလွတ်စွမ်းအားကြောင်း တင်းကျပ်စွာ ထိန်းချုပ်ခံလိုက်ရသည်။
ဤအချိန်တွင် ရှစ်ဖုန့်၏ညာလက်က နောက်တစ်ကြိမ်လက်သင်္ကေကိုဖွဲ့စည်း
လိုက်သည်။လက်သင်္ကေတမှတစ်ဆင့် နောက်ထပ်အဖြူရောင်ရုန်းတစ်ခုက ပျံသန်းထွက်လာပြီး အလောင်းကောင်ဧကရာဇ်ထံသို့
ပျံသန်းသွားသည်။
ဤအချိန်တွင် အဖြူရောင်ရုန်းက အလောင်းကောင်ဧကရာဇ်၏ ရင်ဘက်ထံသို့ ဘာအနှောင့်အယှက် မှမရှိဘဲ ဝင်ရောက်သွားသည်။
“အုချ်..အုချ်..အုချ်..အုချ်..အုချ်..”
ခဏကြာပြီးနောက်တွင် အလောင်းကောင်ဧကရာဇ်က နောက်တစ်ကြိမ်ခက်ထန်သော
မျက်နှာကိုပြသလာပြီး ကောင်းကင်ထဲသို့နောက်တစ်
ကြိမ်မော့ကြည့်၍ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
သို့သော် ထို့နောက်တွင်ရှစ်ဖုန့်၏ကိုယ်က ရုတ်တရက်တုန်ယင်သွားသည်။
“ဝေါ့”
ရှစ်ဖုန့်၏ပါးစပ်မှ ပါးစပ်အပြည့်နီရဲသောသွေး
တစ်ပွက်အန်ထွက်လာသည်။
ခုဏက အလောင်းကောင်ဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းပျံသန်းသွားသော ရုန်းမှာ အလောင်းကောင်ဧကရာဇ်၏
စွမ်းအားကြောင့်ဖျက်ဆီးခံ
လိုက်ရသည်ကိုရှစ်ဖုန့်အာရုံခံမိလိုက်သည်။
“ဒါကအလုပ်မဖြစ်သေးဘူး”
ရှစ်ဖုန့်ကစိတ်ပျက်မှုအချို့ဖြင့်
ခေါင်းခါယမ်းလိုက်သည်။ အလောင်းကောင်ဧကရာဇ် ကဆီးလ်ခတ်ခံထားရသည်တောင် သူကသွေးကျောက်ပြား၏
စွမ်းအားကိုအသုံးပြု၍ ၎င်း၏ကာယကိုယ်အား အကျဉ်းချထားသည်တောင် မအောင်မြင်ခဲ့ပေ။
သို့သော် ၎င်းက ဧကရာဇ်နယ်ပယ်ယင်အလောင်းကောင်ဖြစ်ပြီး သူ၏လက်ရှိစွမ်းအားဖြင့်အသက်သွင်းခဲ့သော ရုန်းက ဖျက်ဆီးခံလိုက်ရဆဲဖြစ်သည်။
အလောင်းကောင်ဧကရာဇ်အား အညံ့ခံစေရန် လုပ်ဆောင်မှုတွင်ကျရှုံးခဲ့ရုံသာမက ရှစ်ဖုန့်ဖန်တီးခဲ့သောရုန်းကအစိတ်စိတ်အမွှာမွှာပျက်စီးသွားခြင်းကြောင့် ရှစ်ဖုန့်သည်ပင်တန်ပြန်သက်ရောက်မှုကိုခံလိုက်ရသည်ဖြစ်သည်။