အခန်း (၆၀၂)
Vol. 41 Ch. 602
ရှစ်ဖုန့်က အလောင်းကောင်ဧကရာဇ်အား
ကြည့်လိုက်သည်။ သူ၏လက်ရှိခွန်အားဖြင့်အ
လောင်းကောင်ဧကရာဇ်အား ထိန်းချုပ်နိုင်ခြင်းမရှိသည့်ပုံပေါ်၏။
“အနာဂတ်မှာငါ့ရဲ့ ခွန်အားပိုပြီးသန်မာလာတဲ့
အထိစောင့်ပြီးတော့ အဲ့နောက်မှပဲ သူ့ကိုဖြည်းဖြည်းချင်းကိုင်တွယ်ရမှာပဲ”
သူအနေဖြင့် အလောင်းကောင်ဧကရာဇ်၏ ဆီးလ်အားချိုးဖျက်နိုင်စွမ်းရှိမနေပေ။ယခုသွေးကျောက်ပြား၏စွမ်းအားအပြည့်က ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်၌
သာရှိသည်ဖြစ်သည်။ ဤနေရာလွတ်ကမ္ဘာအတွင်းတွင် သူငှားယူသုံးစွဲနိုင်သော နေရာလွတ်၏စွမ်းအားက ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်၌
သာရှိသည်ဖြစ်၏။
အကယ်၍အလောင်းကောင်ဧကရာဇ်သာ ဆီးလ်မှလွတ်သွားပြီး ၎င်း၏ အထွတ်အထိပ်အဆင့်သို့ပြန်လည်
၍ရောက်ရှိသွားခဲ့လျှင် ဤနေရာလွတ်ကမ္ဘာငယ်၏စွမ်းအားက ၎င်းအား ဖိနှိပ်ထားနိုင်လိမ့်မည်မဟုတ်ပေ။ ထိုအခါတွင် သူ့အနေဖြင့် ပြဿနာတက်ရလိမ့်မည်ဖြစ်သည်။
သို့သော် အလောင်းကောင်ဧကရာဇ်၏ ဆီးလ်အားအပြည့်အဝချိုးဖျက်ရန်
ကမဖြစ်နိုင်သော်လည်း ၎င်း၏မျက်ခုံးနှစ်ကြားထဲ၌စိုက်ထားသော သွေးဓားမြှောင်အားဖယ်ထုတ်ပြီး နေရာလွတ်ကမ္ဘာငယ်၏ မမြင်နိုင်သောစွမ်းအားအား ဆီးလ်၌အစားထိုးလျှင်တော့ဖြစ်နိုင်
ချေရှိလိမ့်မည်ဖြစ်၏။
ဤအရာအားတွေးမိသောအခါတွင် ရှစ်ဖုန့်၏ဘယ်လက်က ရုတ်ခြည်းဓားလက်ချောင်းအသွင်ဖြစ်သွားပြီး
နောက် သူ၏ရှေ့သိပ်မဝေးသောနေရာ၌ရှိနေသည့် အလောင်းကောင်ဧကရာဇ်ထံသို့ ထိုးညွှန်လိုက်သည်။
ရှစ်ဖုန့်၏ဓားလက်ချောင်းအောက်တွင် အလောင်းကောင်ဧကရာဇ်၏နဖူး၌
စိုက်ထားသောသွေးနီရောင် ဓားမြှောင်မှာ ရုတ်တရက်တုန်ယင်လာသည်။ ၎င်းအားလက်တစ်ဖက်ကကိုင်၍
အလောင်းကောင်ဧကရာဇ်၏မျက်ခုံးနှစ်ခုကြားထဲမှ ရုတ်တရက်ဆွဲထုတ်နေသကဲ့သို့ပင်ဖြစ်၏။
“အုချ်..အုချ်”
သွေးရောင်ဓားမြှောင်ထွက်လာပြီးပြီးချင်း
မကြာမီတွင် အလောင်းကောင်ဧကရဇ်က
ရုတ်ခြည်း၎င်း၏ခေါင်းအား ကောင်ကင်ထဲသို့မော့၍ နေရာလွတ်ကမ္ဘာတစ်ခုလုံးအားဖြတ်သန်းရိုက်ခတ်သွားစေသောကျယ်လောင်သည့်
အသံတစ်ခုဖြင့်အော်ဟစ်လိုက်သည်။ စွမ်းအားကြီး အသက်ရှူမှုတစ်ခုနှင့်အတူ နေရာလွတ်ကမ္ဘာငယ်အား ရေခဲအဖြစ်အေးခဲသွားစေနိုင်လောက်သော လေအေးတစ်ခုက ရုတ်တရက် ယင်အလောင်းကောင်ဧကရာဇ်၏ကိုယ်မှ မြင့်တက်လာပြီးကောင်းကင်ထဲသို့
ထိုးတက်သွားသည်။
ဤအချိန်တွင် အလောင်းကောင်ဧကရာဇ် ၏ မျက်ခုံးနှစ်ခုကြားထဲမှ ဆွဲထုတ်လိုက်သော သွေးနီရောင်ဓားမြှောင်မှာ ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးပျံသန်းလာ၏။ မကြာခင်တွင်ရှစ်ဖုန့်၏ဘယ်လက်ထဲသို့
ရောက်ရှိလာပြီး ရှစ်ဖုန့်က၎င်းအားဆုပ်ကိုင်လိုက်သည်။
နောက်ဆုံးတွင်ရှစ်ဖုန့်မှာ သူလိုချင်နေသော မြင့်မြတ်ဓား၏အပိုင်းအစအား ရရှိခဲ့ပြီဖြစ်၏။ ဤအချိန်တွင် ရှစ်ဖုန့်၏လက်ထဲမှ သွေးနီရောင်ဓားမြှောင်က အဆက်မပြတ်တုန်ခါနေပြီး ရှစ်ဖုန့်၏လက်ထရှိသွေးသောက်ဓားကလည်း အဆက်မပြတ်တုန်ခါနေသည်။
သွေးနီရောင်ဓားမြှောင်နှင့်
သွေးသောက်ဓားတို့မှာ မိခင်ဖြစ်သူကကလေးကိုတွေ့သလို ကလေးကလည်းမိခင်ဖြစ်သူ
အားတွေ့လိုက်ရသကဲ့သို့ ရှစ်ဖုန့်၏လက်ထဲ၌ အပြင်းအထန်းရုန်းကြွနေ၏။
အကယ်၍ ရှစ်ဖုန့်သာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်
ထားခြင်းမရှိခဲ့လျှင် ဓားနှင့်ဓားမြှောင်တို့က အလိုအလျောက်ပျံသန်းထွက်ပြီးပေါင်းစည်းကြလိမ့်မည်ဖြစ်သည်။
မြင့်မြတ်ဓားအပိုင်းအစဖြစ်သောသွေးရောင်ဓားမြှောင်အားရှစ်ဖုန့်အာရုံခံလိုက်
သောအခါတွင် ၎င်းက ဤအချိန်၌ တကယ်ကို အဆင့်ရှစ်ရွှမ်းလက်နက်အဆင့်သို့
ရောက်နေပြီး ပင်မဓားဖြစ်သောသွေးသောက်ဓားထက်ပင် တစ်ဆင့်ပို၍ မြင့်မားနေသည်ကို တွေ့ရသည်။
“ပေါင်းစည်းပြီးတဲ့နောက်မှာသွေးသောက်ဓားကဘယ်လောက်အထိရောက်သွား
မလဲဆိုတာကိုငါသိချင်မိတယ်”
ထို့နောက် တုန်ခါက အပြင်းအထန်ရုန်းကြွနေကြဆဲဖြစ်သော သွေးသောက်ဓားနှင့် ဓားမြှောင်တို့အားကြည့်၍ ရှစ်ဖုန့်ကပြောလိုက်သည်။
“ကောင်းပြီ ..ငါမင်းတို့ကို ကူညီပါ့မယ်”
ထို့နောက်ရှစ်ဖုန့်ကသူ၏လက်တို့
အားအတူတကွ မြှောက်လိုက်သည်။ ဤအချိန်တွင် သွေးသောက်ဓားနှင့်သွေးနီရောင်
ဓားမြှောင်တို့က ရုတ်တရက်ကောင်းကင်ထဲသို့
အတူတကွပျံသန်းထွက်သွားပြီး ရှစ်ဖုန့်၏ဦးခေါင်းထက်၌တစ်ခုနှင့်တစ်ခု ထိမှန်သွားသည်။
ကြွပ်ဆပ်သောအသံတစ်ခု
ထွက်ပေါ်လာပြီးဟင်းလင်း
ပြင်တုန်ခါသွားကာ ကောင်းကင်ထဲ၌ တောက်ပသောသွေးနီရောင်အလင်းတစ်ခု တောက်ပလာသ်ည။ ရှစ်ဖုန့်ရှိနေသော နေရာအတွင်းတွင် အလင်းလုံးထုတ်လွှတ်နေသော
အလင်းနေရာ၌ သွေးနီရောင်အလင်းကရုတ်ခြည်း
အစားထိုးဝင်ရောက်သွားသည်။ ဤကမ္ဘာကသွေးနီရောင်အ
ဖြစ်သို့ပြောင်းလဲသွား၏။
အချိန်တို့ဖြည်းညှင်းစွာကုန်ဆုံးသွားပြီး ဤနေရာလွတ်ကမ္ဘာအတွင်းရှိ သွေးနီရောင်အလင်းက ဖြည်းဖြည်းချင်းစတင်မှေးမှိန်ပျောက်ကွယ်လာသည်။ ရှစ်ဖုန့်၏အတွေးတစ်ချက်ဖြင့် ရုတ်တရက်ဓား၏ကိုယ်ထည်က အနီရောင်ပြောင်းလဲသွားက ၎င်းပေါ်၌ရေးထွင်းလိုက်သည်။ ဓားရှည်ပေါ်သို့ ရှေးကျပြီးဆန်းကြယ်သော ဖားလောင်းကဲ့သို့ရုန်းများက ကျဆင်းလာသည်။ ရှစ်ဖုန့်က လက်ကိုဆန့်ထုတ်လိုက်ပြီး သွေးသောက်ဓားအားလက်
အတွင်းဆုပ်ကိုင်လိုက်သည်။
“အဆင့်ရှစ်ရွှမ်းလက်နက်..ဒါကငါမျှော်လင့်ထားတဲ့အတိုင်းအတိအကျပဲ.. အဆင့်ရှစ်ရွှမ်းလက်နက်ရဲ့ အပိုင်းအစနဲ့ပေါင်းစည်းပြီးနောက် သွေးသောက်ဓားကလည်း အဆင့်ရှစ်ကိုတက်လှမ်းသွားတယ်.. “
သူ၏လက်အတွင်းရှိသွေးသောက်ဓားအား အာရုံခံရင်းရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။နောက်ဆုံးတွင်သူ့အနေဖြင့် အဆင့်ရှစ်တိုက်ခိုက်ရေး
လက်နက်တစ်ခုအားရရှိခဲ့ပြီဖြစ်သည်။ ၎င်းက ကဓားတစ်ချောင်းလည်းဖြစ်နေပြန်သည်။
ထို့နောက်ရှစ်ဖုန့်က ဟင်းလင်းပြင်အတွင်းသို့
ဓားဖြင့်ထိုးသွင်းလိုက်သည်။ ရှစ်ဖုန့်၏ဓားမှာတစ်ဆင့်အဖြူရောင်ဓားအလင်းတစ်ခုထွက်ပေါ်လာပြီး
ကောင်းကင်ထဲသို့ထိုးတက်သွား၏။
အစောပိုင်းကသွေးသောက်ဓားအလင်း၏ စွမ်းအားအားအာရုံခံရင်း ရှစ်ဖုန့်၏မျက်နှာထက်၌ စိတ်ကျေနပ်သောအမူအယာ
တစ်ခုဖြစ်ပေါ်လာပြီး ခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူ၏အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်၏ကိုယ်၌သွေးနီရောင်အလင်းတစ်ချက်လင်းလက်လာကာ သွေးကျောက်ပြား နေရာလွတ်ကမ္ဘာအတွင်းမှထွက်ခွာလာပြီး ခြောက်သွေ့နေသောမြေပြင်
ရှိသည့်ကမ္ဘာသို့ပြန်လည်ရောက်ရှိလာသည်။
ပြင်ပကမ္ဘာ၌ စောင့်ဆိုင်းနေဆဲဖြစ်သောရွှယ်ဝူဟမ်မှာ ရုတ်တရက် ကောင်းကင်နှင့်မြေပြင်အား
ဆက်သွယ်ထားပုံရသော ဧရာမ သွေးကျောက်ပြားကြီး၏နောက်မှာ သွေးနီရောင်အလင်းတစ်ခုလင်းလက်လာသည်ကိုမြင်တွေ့လိုက်ရသည်။
တောက်ပသောအလင်းနှင့်အတူ အနက်ရောင်ပုံရိပ်တစ်ခုပေါ်လာပြီး ရွှယ်ဝူဟမ်က ရုတ်တရက် လှုပ်ရှားလာပြီး ရှစ်ဖုန့်ထံသို့ ရွှတ်ခနဲဦးတည်သွားသည်။
“သခင်လေးဖုန့်.. ဘာဖြစ်လို့လဲ”
ရှစ်ဖုန့်၏ဘေးသို့ ရောက်ရှိလာသောအခါတွင် ရွှယ်ဝူဟမ်ကမေးလိုက်သည်။
ရွှယ်ဝူဟမ်အားထပ်မံတွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်ပြီး
ပြောလိုက်သည်။
“ဒီသခင်လေးလိုချင်တဲ့အရာကို ရလာခဲ့ပြီး အလောင်းကောင်ဧကရာဇ်ကို လည်း အကျဉ်းချထားပြီး ပြီ…”
ရှစ်ဖုန့်စကားပြောပြီးနောက် အတွေးတစ်ချက်ဖြင့်ထပ်မံလှုပ်ရှားလိုက်သည်။ ရှစ်ဖုန့်၏အတွေးများအောက်တွင် ကောင်းကင်နှင့်မြေပြင်အား
ဆက်သွားထားပုံရသည့်
သွေးနီရောင်ကျောက်ပြားကြီးမှာ လက်ချောင်းတစ်ချောင်းအရွယ်အစား ရောက်သည်ထိ အရှိန်အဟုန်ဖြင့် ပြန်လည်ကျုံ့ဝင်လာသည်။ ၎င်းက ရှစ်ဖုန့်၏ဘယ်လက်ဖဝါး
အတွင်းသို့ပျံသန်းလာကာ သွေးနီရောင်အလင်းတစ်ခု
ဖျက်ခနဲလင်းလက်သွားပြီး သွေးနီရောင် ကျောက်ပြားအမှတ်အသား
အဖြစ်ပြောင်းလဲသွားပြီး ရှစ်ဖုန့်၏ဘယ်လက်ပေါ်တွင် ဖြစ်ပေါ်လာသည်။
“ဒါက..ဘယ်လိုရတနာမျိုးလဲ”
အကြီးအသေးပြောင်းလဲလိုရပြီး ရှစ်ဖုန့်၏လက်အတွင်း၌ အမှတ်အသားတစ်ခုအဖြစ်
ပျောက်ကွယ်သွားသော သွေးနီရောင်ကျောက်ပြားအားကြည့်၍ ရွှယ်ဝူဟမ်၏ မျက်နှာထက်၌ အားကျသောပုံစံတစ်ခုဖြစ်ပေါ်လာသည်။ ဤကဲ့သို့ရတနာမျိုးအား မပိုင်ဆိုင်ချင်သောသူမည်သူရှိမည်နည်း။
“သွားကြမယ်”
ရှစ်ဖုန့်ကရွှယ်ဝူဟမ်အားပြောလိုက်သည်။
ယခုသူကမြင့်မြတ်ဓားအပိုင်းအစအားရရှိခဲ့ပြီး သွေးသောက်ဓားက အဆင့်ရှစ်ရွှမ်းလက်နက်တစ်ခု
အဖြစ်သို့အောင်မြင်စွာအဆင့်တက်သွားကာ သူ၏တိုက်ခိုက်ရေးစွမ်းအားကလည်း နောက်ထပ်အဆင့်သစ်တစ်ခုသို့ မြင့်တက်သွားသည်။
သွေးကျောက်ပြားနေရာလွတ်အတွင်းတွင် ယင်အလောင်းကောင်များကို
လည်းဖမ်းဆီးထားပြီး ယင်အလောင်းကောင်ဧကရာဇ်ကိုပင် သွေးကျောက်ပြား နေရာလွတ်ကမ္ဘာအတွင်း၌
ဆီးလ်ခတ်ထားဆဲဖြစ်သည်။ ချတ်ပိတ်ကုန်းမြေသို့လာသည့်
ဤခရီးစဉ်အားပြီးဆုံးသွားပြီဟု သတ်မှတ်၍ရနိုင်သည်ဖြစ်သည်။
ထို့နောက် ရှစ်ဖုန့်နှင့်ရွှယ်ဝူဟမ်တို့က ထပ်မံလှုပ်ရှားလိုက်ပြီး လေကိုထပ်မံထိုးခွင်းကာ မူလလမ်းကြောင်းအတိုင်း
လျှင်မြန်စွာဖြင့်စတင်ပြန်လာသည်။
ရှင်းယောင်မြို့ကိုရောက်ရှိစဉ်မှစ၍ ဤချိတ်ပိတ်ကုန်းမြေသို့ ဝင်ရောက်သည်အထိအချိန်မှာ တစ်ရက်ကျော်ခန့်ကုန်ဆုံးပြီးသွားပြီး ဒုတိယနေ့ရက်လောက်သို့
ရောက်ရှိလောက်ပြီဖြစ်သည်။
ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်တွင် သူ့အားအခြားအရာတစ်ခုက စောင့်ဆိုင်းနေသေးသည်ဖြစ်သည်။ သတို့သားရွေးချယ်ပြိုင်ပွဲဆီသို့ သူ့အနေဖြင့်ပါဝင်ရန်အတွက် ဖြစ်နိုင်သမျှအမြန်ဆုံး ပြန်ဖို့လိုသည်ဖြစ်၏။