အခန်း (၆၀၃)
Vol. 41 Ch. 603
ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်မှ ရှစ်ဖုန့်ထွက်ခွာလာခဲ့ပြီး ဒုတိယမြောက်နေ့ဖြစ်သည်။
ထျန်းလျန်အင်ပါယာမြို့တော်ထဲတွင် ရေပန်းအစားဆုံးစင်မြင်ဖြစ်သော နံပါတ်တစ်ဆယ်ထက်၌ ခရမ်းစိမ်းပုံရိပ်တစ်ခုနှင့်ရေခဲရောင်ပုံရိပ်တစ်ခုတို့က ပြင်းထန်စွာတိုက်ခိုက်နေကြသည်။
ခရမ်းနှင့်အစိမ်းရောင်ပုံရိပ်မှာ ခရမ်းနှင့်အစိမ်းရောယှက်ထား
သောချပ်ဝတ်အားဝတ်ဆင်ထာသည့် ကျိရှောင်းဖြစ်သည်။
ရေခဲရောင် နှင့်ပုံရိပ်မှာ အသက်နှစ်ဆယ်ကျော်လူငယ်
တစ်ဘောက်ဖြစ်ပြီး ထျန်းခွန်းဂိုဏ်း ရွှမ်းဝူခန်းမ၏ လက်ထောက်ခေါင်းဆောင်ဖြစ်သူ ပမ့်အောင်းဖြစ်သည်။
ထျန်းခွန်းဂိုဏ်းရွှမ်းဝူခန်းမ၏
လက်ထောက်ခေါင်းဆောင်ဖြစ်သော ပမ့်အောင်း၌ ဆန်းကြယ်ပြီး သာမန်မဟုတ်သောပါရမီစွမ်းရည်ရှိသည်
ဟူသောကောလဟာလရှိသည်။ သူဘယ်နေရာကလာသည်ဆိုသည်အားမည်သူကမျှမသိကြချေ။
လွန်ခဲ့သောနှစ်ပေါင်းများစွာတုံးက ရွှမ်းဝူခန်းမ၏ခေါင်းဆောင်ဖြစ်သူလမ့်ယန် ရွှမ်းဝူခန်းမ၏မထင်မရှားအခြေအနေကာလက လေ့ကျင့်ရေးအချိန်အတောအတွင်း လူငယ်တစ်ယောက်အားကယ်တင်ခဲ့သည်။ ထိုလူငယ်က ယခုကွင်းအတွင်း၌ ယှဉ်ပြိုင်နေသော ပမ့်အောင်းပင်ဖြစ်သည်။
လမ့်ယန် ကပမ့်အောင်းအားကယ်တင်ခဲ့ပြီးနောက် ၎င်း၏ကြင်နာမှုအားပြန်ပေးဆပ်ရန်အတွက် ပမ့်အောင်းက လမ့်ယန်နောက်သို့လိုက်၍ ယခုထျန်းခွန်းဂိုဏ်း၏ရွှမ်းဝူခန်းမသို့ဝင်ခဲ့သည်။
ပမ့်အောင်း၏အကူအညီဖြင့် လမ့်အောင်းမှာကျော်ကြားလာခဲ့ပြီး
တစ်ဟုန်ထိုးမြင့်တက်ခဲ့၏။ ဤသို့နှင့်သူသည်ရွှမ်းဝူ(လိပ်နက်)ခန်းမ၏ ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပြီး ပမ့်အောင်းကလည်း ရွှမ်းဝူခန်းမ၏လက်ထောက်ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။
ကောကလဟာလများအရ ထျန်းဟူဂိုဏ်း၏ ခန်းမလေးခုဖြစ်သော ချင်လုံခန်းမ၊ကျားဖြူခန်းမနှင့် ကျူးချွယ်ခန်းမ အားလုံးရှိ အစွမ်းထက်ဆုံးသောလူများမှာ မဟာသူတော်စင်နယ်ပယ်များဖြစ်ကြသည်ဟုဆိုသည်။ ပမ့်အောင်းကလည်း လမ့်ယန်အားအပြည့်အဝထောက်ပံ့ပေးပြီး မည်သူကမှလမ့်ယန်ခန်းမ
ခေါင်းဆောင်ဖြစ်လာသည်ကို မကျေမနပ်မဖြစ်ခဲ့ကြပေ။
ဤနေ့မနက်စောစောတွင် စင်မြင့်နံပါတ်နှစ်ဆယ့်ငါး၏
အနိုင်ရရှိသူဖြစ်သောကျိရှောင်းက ဤရက်များအတွင်း နမည်ကျော်ရေပန်းစားပြီး လူအများစောင့်ကြဆုံးဖြစ်သော စင်မြင့်နံပါတ်တစ်ဆယ်၌စောင့်ဆိုင်းနေခဲ့သည်။ ယနေ့ကျိရှောင်းက ဤလူအားစိန်ခေါ်မည်ဖြစ်ကြောင်းကို လူများစွာ မြင်နိုင်သည်ဖြစ်သည်။ ဤရက်များအတွင်း ဂုဏ်သတင်းကျော်စောအမှုအရဆုံးဖြစ်သော ရှစ်ဖုန့်က လုံဟူဂိုဏ်း၏ သခင်လေးဖြစ်သူဝမ့်ကုန်းအား
သတ်ဖြတ်ခဲ့သည်ဖြစ်သည်။
မူလက ဤသည်မှာ ပါရမီရှင်များကြားက နောက်ထပ်ကြည့်ရှုရမည့်
တိုက်ပွဲတစ်ခုဖြစ်ခဲ့သည်။ သို့သော် ကျိရှောင်းက စင်မြင့်ပေါ်၌ တစ်စုံတစ်ယောက်အားစောင့်
ဆိုင်းနေခဲ့သော်လည်း သူ့အားစောင့်နေသည့်သူကတော့
ရှစ်ဖုန့်မဟုတ်ခဲ့ပေ။ ထိုအစားအရှေ့ပိုင်းဒေသကြီး၏နောက်ထပ်ပါရမီရှင်တစ်ဦးဖြစ်သောစင်မြင့်နံပါတ် ရှစ်ဆယ့်ကိုး၏အနိုင်ရရှိသူ ပမ့်အောင်းက စောင့်ဆိုင်းနေခဲ့သည်။
ပမ့်အောင်းမှာ စင်မြင့်ထက်သို့ခြေချပြီးပြီးချင်း မာန်ပါပါဖြင့် ကျိရှောင်းအား ဆင်းရန်ပြောလိုက်သည်။ ထိုလူအားပမ့်အောင်းအနေဖြင့် ယနေ့တွင်သတ်ပစ်မည်ဖြစ်သည်။
ဤအချိန်တွင် ရှစ်ဖုန့်က ပမ့်အောင်းနှင့်အာဃာတများရှိနေလိမ့်မည်ဟုလူများ သဘောပေါက်လိုက်ကြသည်။ များစွာသောလူများမှာ ထိုလူက ရန်သူများ၏လမ်းကြောင်းအ
တွင်းခုန်ဝင်လွန်းသည်ဟု တသသဖြစ်မိကြသည်။မနေ့က ဝူကန်းမှာ စင်မြင့်နံပါတ်တစ်တဆယ်သို့ လာရောက်၍ စင်မြင့်နံပါတ်တစ်ဆယ်သို့လာရောက်၍ မနက်မိုးလင်းကတည်းကစောင့်ဆိုင်းခဲ့သည်။လူငယ်နှင့်စစတိုက်စဉ်မှာပင်၎င်းက လွန်စွာအားကောင်းသောတိုက်ခိုက်မှုကို
ဖော်ထုတ်အသုံးပြုခဲ့၏။ အကြိမ်တိုင်းတွင် သူ၎င်းအားသတ်ပစ်ချင်နေခဲ့သည်ဖြစ်သည်။
၎င်းတို့နှစ်ယောက်တစ်ယောက်နှင့်တစ်ယောက်တွေ့ကြသောအခါတွင် အမုန်းတရားတစ်ခုရှိနေသည်ကို
သူတို့သဘောပေါက်ခဲ့ရသည်။
ထိုလူငယ်က ဝမ့်ကုန်းအားသတ်ခဲ့ပြီးနောက် ယနေ့တွင်လည်း ပမ့်အောင်းက ရောက်လာခဲ့ပြီး ၎င်းအားသတ်ပစ်ချင်သည်ဟုပြောခဲ့ပြန်သည်။ သူ့၌လည်းအမုန်းတရားတစ်ခုရှိပုံရသည်။
ထိုလူငယ်ကသူ့အားဆန့်ကျင်သော ဝမ့်ကုန်းအားသတ်ပစ်ခဲ့ပြီး ယနေ့ သူ့အားသတ်ချင်နေသော ပမ့်အောင်းတစ်ယောက်ထပ်
ရောက်လာပြန်သည်ဖြစ်သည်။
သို့သော်ထို့နောက်တွင် ကျိရှောင်း၏စကားများက ပရိတ်သတ်အားပို၍ အုတ်အော်သောင်းနင်းဖြစ်သွားစေသည်။
“အဲ့တိရစ္ဆာန်လေးရဲ့အသက်ကိုငါယူမယ်.. “
မမျှော်လင့်ထားစွာနှင့်ပင် သူ၏ရန်သူသတ်ချင်နေသောသူက သူသတ်ချင်နေသည့်သူဖြစ်နေသည်။
ဝမ့်ကုန်း ပမ့်အောင်းတို့နှင့်ရန်သူဖြစ်ရ
သည်ကမလုံလောက်သေးဘဲ ကျိရှောင်းတစ်ယောက်ပါထပ်တိုးလာပြန်၏။
ထို့နောက်တွင် ကျိရှောင်းနှင့်ပမ့်အောင်းတို့က စတင်တိုက်ခိုက်ကြပြီးနှစ်ယောက်သားကြားကတိုက်ပွဲက ပို၍ပို၍ ပြင်းထန်လာသည်။
“ကောလဟာလတွေအရ ပ့မ်အောင်းက မဟာသူတော်စင်နယ်ပယ်ကိုရောက်နေတာနှစ်ပေါင်းများစွာကြာနေပြီတဲ့.. နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ပမ့်အောင်းက ကြယ်နှစ်ပွင့်မဟာသူတော်စင်
နယ်ပယ်ကိုရောက်ဖို့ ခြေတစ်လှမ်းစာလောက်ပဲလို
တော့တယ်လို့ငါကြားတယ်.. ငါ့အမြင်ကတော့ ကျိရှောင်းက အရင်လူတွေလိုပဲ မဟာသူတော်စင်နယ်ပယ်ကို ဝင်ရောက်တာ မကြာလောက်သေးဘူး.. သူကပမ့်အောင်းရဲ့ပြိုင်ဘက်ဖြစ်မယ်လို့တော့ငါတော့မထင်ဘူး”
စင်မြင့်အောက်ဘက်၌ရှိနေကြသော ကြည့်ရှုသူများကမှတ်ချက်များပြုနေကြသည်။
“ကောလဟလတွေအရတော့ ပမ့်အောင်းက မာနကြီးပြီးသွေးအေးတယ်တဲ့ သူက အခြားသူတွေကိုရန်သူဖြစ်ဖို့အသာထားအုံး သူက လမ့်ယန်ကလွဲပြီးတော့ လူတွေကို တုန့်ပြန်မှုပြုတယ်ဆိုတာရှားတယ်”
“ဒါပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုံးက ရွှမ်းဝူခန်းမရဲ့ခေါင်းဆောင်ဖြစ်တဲ့လမ့်ယန်က ငါတို့ထျန်းလျန်အင်ပါယာထဲက ရှန်းဟွေ့မြို့မှာ ရှန်းအောင်ရှင်းနဲ့အတူတူအသတ်ခံလိုက်ရတယ်လို့ငါကြားထားတယ်.. အဲ့လူမဆန်ရက်စက်တဲ့သူ ကများအဲ့တာကိုလုပ်ခဲ့တာဖြစ်နိုင်မလား”
ကျင့်ကြံသူတစ်ဦး က လွန်ခဲ့သောရက်အချို့က သူရရှိခဲ့သောသတင်းများအားပေါင်းစပ်ပြီး မှန်းဆသုံးသပ်လိုက်သည်။ သူပို၍ သုံးသပ်ပြီးပြောဆိုလေ သူထိတ်လန့်အံ့အားသင့်ရလေဖြစ်သည်။ ဤသည်ကတကယ့်ကို လူမဆန်ရက်စက်သောလူပင်ဖြစ်၏။
ထိတ်လန့်အံ့အားသင့်သော အသံထွက်ပေါ်လာပြီးနောက် သူ့နားရှိတစ်စုံတစ်ယောက်ကလည်း တုန့်ပြန်လိုက်သည်။
“ဒါကလုံးဝမမှားနိုင်ဘူး. သူက ယွဲ့ဟူဂိုဏ်းက ပိုင်ကျွင်းရွှမ်း နဲ့ လုံဟူဂိုဏ်းက ဝမ့်ကုန်းတို့ကိုတောင် သတ်ပစ်တဲ့ဟာ…သူမလုပ်နိုင်
ဘူးဆိုတဲ့အရာဘာမှမရှိဘူး”
“ဝုန်း”
ရုတ်တရက် စင်မြင့်နံပါတ်တစ််ဆယ်ထက်ရှိ ခရမ်းစိမ်းရောင်ပုံရိပ်နှင့် ရေခဲရောင်ပုံရိပ်တို့က အပြင်းအထန်ပစ်ဆောင့်မိကြပြီး ပေါက်ကွဲသံတစ်ခုထွက်လာကာ ဟင်းလင်းပြင်ကပြင်းထန်စွာတုန်ခါသွားသည်။ သို့သော် ထို့နောက်တွင်လူများမှာ အံ့အားသင့်စရဏဏာကိုမြင်တွေ့လိုက်ရသည်။
ပြင်းထန်သောစွမ်းအားတို့
သက်ရောက်မှုအောက်တွင် ရေခဲရောင်ပုံရိပ်ဖြစ်သည့်
နှစ်ပေါင်းများစွာကတည်းက မဟာသူတော်စင်နယ်ပယ်
သို့ရောက်ရှိနေသော ပမ့်အောင်းမှာ ရုတ်တရက်ကြိုးပြက်သွားသောစွန်တစ်ကောင်ကဲ့သို့နောက်သို့ လွင့်ထွက်သွား၏။
“ဒီ..ဒီစွမ်းအား”
နောက်သို့လွင့်ထွက်သွားသော ပမ့်အောင်းမှာ အစောက ကျိရှောင်းထုတ်ဖော်လိုက်သော
စွမ်းအားအားခံစားမိပြီးနောက် သူ၏မျက်နှာက သိသိသာသာပြောင်းလဲသွားပြီး လွန်စွာတုန်လှုပ်အံ့အားသင့်သော
အမူအယာတစ်ခုဖြစ်ပေါ်လာသည်။
သို့သော်ကျိရှောင်းကတော့ တည်ငြိမ်သောမျက်နှာဖြင့်ပင် နေရာမှာပင် ဝင့်ကြွားစွာဖြင့်ရပ်နေ၏။
“ဘယ်..ဘယ်လိုဖြစ်နိုင်မှာလဲ. ပမ့်အောင်းက မဟာသူတော်စင်နယ်ပယ်တစ်ယောက်ဖြစ်တာနှစ်ပေါင်းများစွာကြာနေပြီးတော့ ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်ဖြစ်ဖို့ကို ခြေတစ်လှမ်းစာပဲလိုတော့တဲ့ဟာ. သူ့ရဲ့စွမ်းအားက ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်နားကို အလွန့်အလွန်မှနီးကပ်နေတာ …ကျိရှောင်းကလွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကမှာမဟာသူတော်စင်နယ်ပယ်
တစ်ယောက်ဖြစ်လာတဲ့ဟာ.. ဘယ်လိုဖြစ်ပြီး ပမ့်အောင်းကလွင့်ထွက်သွားပြီးတော့သူက ဝင့်ကြွားစွာရပ်နေနိုင်သေးတာလဲ”
“ဒါက ပြောဖို့ခက်တယ်.. ဖြစ်နိုင်တာက….ကျိရှောင်းက
ကြယ်နှစ်ပွင့်မဟာသူတော်စင်
နယ်ပယ်ထဲကိုဝင်ရောက်ပြီးတာများလား”
“ဒါက ..ဘယ်လိုလုပ်ပြီးတော့ဖြစ်နိုင်မှာလဲ. ကြယ်တစ်ပွင့်မဟာသူတော်စင်
နယ်ပယ်တစ်ယောက်ဖြစ်လာတာမှ ဘယ်လောက်ကြာသေးလို့လဲ.. အရမ်းအမြန်ကြီး ကြယ်နှစ်ပွင့်မဟာသူတော်စင်
နယ်ပယ်တစ်ယောက်ဖြစ်လာဖို့က ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ.. သူဘယ်လောက်ပဲပါရမီရှင်ဖြစ်နေပါစေအုံး…
မွန်းစတားလားသူက. ဒါက မဖြစ်နိုင်တာကြီး”
“ဒါ..ဒါဆို သူက ပမ့်အောင်းကို လွင့်ထွက်သွားအောင်လုပ်တာကရော မင်းအဲ့တာကိုဘယ်လိုရှင်းပြမှာလဲ”
“ဒါက..”
“ပွဲကပြီးသွားပြီ”
စင်မြင့်နံပါတ်တစ်ဆယ်ထက်၌ ဝင့်ကြွားစွာရပ်နေသော ကျိရှောင်းက နောက်သို့လွင့်ထွက်သွားသော ပမ့်အောင်းအားကြည့်၍ အထင်သေးသောမျက်နှာဖြင့် တီးတိုးရေရွတ်လိုက်သည်။ ရုတ်ခြည်းကျိရှောင်းက သူ၏ ဘယ်လက်သီးအားဆုပ်၍ ပမ့်အောင်းထံသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
ပမ့်အောင်းက ရုတ်တရက်ဟင်းလင်းပြင်ထဲ၌ရပ်လိုက်ကာ လွင့်ပျံ့နေခြင်းအားရပ်တန့်လိုက်သည်။ ရုတ်တရက်ခရမ်းစိမ်းရောင်လက်သီးရိပ်ကြီးက ရှေ့ဘက်မှပေါက်ကွဲထွက်လာ
သည်ကိုတွေ့လိုက်ရပြီး ၎င်း၏ပါဝင်သောစွမ်းအားအား
အာရုံခံမိသောအခါတွင် သူ၏မျက်နှာကထပ်မံသိသိ
သာသာပြောင်းလဲသွားသည်။
“ဒါကတကယ်ကို အဲ့အဆင့်ရဲ့စွမ်းအားပဲ..
တကယ်ကိုအဲ့အဆင့်ရဲ့စွမ်းအားပဲ. ဒီလူက တကယ်ပဲ အဲ့အဆင့်ကိုရောက်နေပြီ.. ငါ…ငါရှုံးတော့မယ်”
ပမ့်အောင်းမှာ ခရမ်းစိမ်းရောင်လက်သီးအားအာရုံခံရင်း တီးတိုးရေရွတ်လိုက်သည် ။ ရုတ်တရက် သူ၏လက်တို့ဖြင့် ဆီးလက်တစ်ခုကိုပုံဖော်လိုက်ပြီး လေအေးများကရုတ်တရက်သူ၏
ရှေ့၌တိုက်ခတ်လာသည်။ အေးစက်သောလေများက ဦးတည်ချက်အနှံ့မှအရှိန်အဟုန်ဖြင့် ပမ့်အောင်း၏ကိုယ်ထံသို့တိုက်ခတ်လာပြီး နောက် ပမ့်အောင်း၏ရှေ့၌ ၎င်းက ထူထပ်သိပ်သည်းအားကောင်းသော ရေခဲဒိုင်းကာတစ်ခုအဖြစ် ကျိရှောင်း၏ တိုက်ခိုက်မှုအားခုခံရန်ဖွဲ့စည်းသွားသည်။
သို့သော်ထို့နောက်တွင် ခရမ်းစိမ်းရောင်လက်သီးရိပ်နှင့် ရေခဲဒိုင်းကာတို့က ရုတ်တရက်ပစ်ဆောင့်မိကြပြီး “ဘန်း”ဟူသော အသံတစ်ခုထွက်ပေါ်လာသည်။ခရမ်းစိမ်းရောင်လက်သီးရိပ်ကြီး၏အောက်တွင် ရေခဲဒိုင်းကာက ရုတ်ခြည်းကွဲကြေကျိုးပျက်သွားပြီးနောက် ခရမ်းစိမ်းရောင်လက်သီးက ပမ့်အောင်း၏ကိုယ်သို့ ဆက်လက်ထိမှန်သွားကာ ပမ့်အောင်းတစ်ယောက်လက်သီးချက်နှင့်အတူ လွင့်ထွက်သွားပြီး စင်မြင့်နံပါတ်တစ်ဆယ်အပြင်ဘက်သို လျှင်မြန်စွာလွင့်ထွက်သွားသည်။
“ပမ့်..ပမ့်အောင်း တကယ်ရှုံးသွားတယ်”
“ရှုံးသွားပြီ”
“ပမ့်အောင်းရှုံးသွားပြီ”
စင်မြင့်နံပါတ်တစ်ဆယ်ထက်မှ
လွင့်ထွက်လာသော ရေခဲရောင်ပုံရိပ်အားကြည့်၍ တိုက်ပွဲအားစောင့်ကြည့်နေကြသောလူများမှာ ရုတ်တရက်အံ့အားသင့်တုန်လှုပ်မှုများဖြင့် အလန့်တကြားအော်ဟစ်
ပြောဆိုလိုက်ကြသည်။