အခန်း (၆၀၄)
Vol. 41 Ch. 604
ရေခဲရောင်ပုံရိပ်က စင်မြင့်နံပါတ်တစ်ဆယ်ထက်မှ
လွင့်ထွက်သွားသည်။ ယနေ့ စင်မြင့်နံပါတ်တစ်ဆယ်၌ တိုက်ပွဲအားစောင့်ကြည့်သော
လူများဖြင့်ပြည့်ကျပ်နေ၏။ စင်မြင့်အောက်ဘက်တွင် ရေခဲရောင်ပုံရိပ်ပြုတ်ကျလာသောအခါ၌ လူအုပ်မှာ ၎င်းအားရှောင်တိမ်းနိုင်ခြင်းမှရှိကြချေ။ “ဘန်း” ဟူသောအသံနှင့်အတူ ရေခဲရောင်ချပ်ဝတ်အားဝတ်ဆင်ထားသည့် ပမ့်အောင်းမှာ ရုတ်တရက်သူ၏ သန်မာသော ကိုယ်နှင့် လူအုပ်အားထိမှန်သွားသည်။ ရုတ်တရက်လူအုပ်မှာ ပြိုင်တူအော်ဟစ်လိုက်ကြပြီး နာကျင်စွာဖြင် အော်ဟစ်မြည်တမ်းလိုက်ကြ၏။
“စင်မြင့်နံပါတစ်ဆယ်တိုက်ပွဲမှာ အနိုင်ရရှိသူကတော့အမှတ်စဉ်နှစ်ဆယ့်ငါးပဲဖြစ်ပါတယ်”
ထို့နောက်ချက်ချင်းပဲ စာပေသမား ပုံစံရှိသော ဒိုင်ဖြစ်သူ၏အသံက စင်မြင့်နံပါတ်တစ်ဆယ်၏အထက်မှထွက်ပေါ်လာသည်။
ထို့နောက် ဒိုင်ဖြစ်သူကပြုံးလိုက်ပြီး သူ၏လက်သီးတို့အားဆုပ်၍ ကျိရှောင်းကိုဂုဏ်ပြုလိုက်၏။
“အနိုင်ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်အရှင်”
ကျိရှောင်းမှာ မြင့်မားသော နေရာတစ်ခုပိုင်ဆိုင်ထားသူဖြစ်ပြီး ဒိုင်ဖြစ်သူက၎င်း၏စိတ်ကျေနပ်မှုအားရယူရန် ကြိုးပမ်းလိုက်သည်။
အသံအားကြားလိုက်ရသောအခါတွင်ကျိရှောင်းက ခေါင်းမော့လိုက်ပြီးကောင်းကင်ထဲရှိ ဒိုင်ဖြစ်သူအားကြည့်၍ တည်ငြိမ်စွာပြောလိုက်သည်။
“ငါ စင်မြင့်နံပါတ်တစ်ဆယ်ကအဲ့
တိရစ္ဆာန်လေးကိုစိန်ခေါ်ချင်တယ်..အကယ်၍ အဲ့သတ္တဝါလေးပေါ်မလာခဲ့ဘူးဆိုရင် ငါတို့က ဒီအတိုင်းပဲဆက်ပြီးစောင့်နေရမှာလား”
“ဒါက”
ကျိရှောင်း၏စကားများအားကြားပြီးနောက် ဒိုင်ဖြစ်သူ၏မျက်နှာထက်၌ ချီတုံချီချဖြစ်မှုတို့ဖြစ်ပေါ်လာသည်။ စင်မြင့်နံပါတ်တစ်ဆယ်ရှိ ချံပီယံတို့ကြားဆက်နွယ်မှုကြောင့် မသိလိုက်ပါဘဲ ပြိုင်ပွဲ၏ စည်းမျဉ်းများက ပြောင်းလဲသွားခဲ့သည်။
မူလက အဆင့်တိုးခြင်းအားတစ်ဆင့်ခြင်းသွားရန်စီစဉ်ထားခဲ့သောလည်း သန်မာသောအသွင်အပြင်နှင့် ရှစ်ဖုန့်က စင်မြင့်နံပါတစ်ဆယ်၏ချံပီယံ
တစ်ဦးဖြစ်လာသောကြောင့် အခြားစင်မြင့်များထက်၌ရှိကြသော သန်မာသူများကလည်း၎င်းတို့၏သာလွန်သော စွမ်းအားများကိုစတင်အသုံးပြုကာ အားနည်းသူများကိုရှင်းထုတ်လာကြသည်။
သို့သော ယခုအခါတွင်စည်းမျဉ်းက မူလကမျှော်မှန်းထားသည်နှင့် ကွဲပြားသွားခဲ့သည်ဖြစ်သည်။
ခဏမျှကြာအောင်စဉ်းစားပြီးနောက် ဒိုင်ဖြစ်သူသက ကျိရှောင်းအားပြောလိုက်သည်။
“အကယ်၍ စင်မြင့်နံပါတ်တစ်ဆယ်က ချံပီယံဟာ နေ့လည်မတိုင်ခင်အထိမှပေါ်မလာဘူးဆိုရင် အလိုအလျောက်ဖယ်ထုတ်ခံရမယ်”
“နေ့လည်အထိလား”
ကျိရှောင်းမှာ ဒိုင်ဖြစ်သူ၏ စကားများအားကြားလိုက်ရသည်။သူကကြည်လင်နေသောကောင်းကင်နှင့် ခြစ်ခြစ်တောက်ပူနေသောနေလုံးအားမော့ကြည့်လိုက်ပြီးခေါင်းညိမ့်လိုက်သည်။
သတင်းစကားများအားလက်ခံရရှိခဲ့ပြီးနောက် လူအုပ်ကြီးမှာ အုတ်အော်သောင်းနင်းဖြစ်လာသည်။ထင်မြင်ယူဆချက်များကိုလည်းကြားလာရ၏။
“ကျိရှောင်းတစ်ယောက် အရမ်းစွမ်းအာကြီးတဲ့နယ်ပယ်ထဲကိုရောက်နေတာကို ရှစ်ဖုန့်က သတင်းရပြီးတာများဖြစ်နိုင်မလား..သူက ကျိရှောင်းရဲ့ပြိုင်ဘက်မဟုတ်တာကိုသိလို့ တိတ်တဆိတ်ပြိုင်ပွဲကနေနှုတ်ထွက်ပြီး ကျိရှောင်းအသတ်ခံရမှာကို
ကြောက်လို့ထွက်ပြေးသွားတာများလား.. အဲ့တာဖြစ်နိုင်လောက်လား”
“မနေ့က ဝမ့်ကုန်းကိုသတ်ပစ်ခဲ့တဲ့ရှစ်ဖုန့်က လုံဟူဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဝမ့်ကျိုးတစ်ယောက် ထျန်းလျန်အင်ပါယာမှာသူ့ကိုသတ်ဖို့အတွက် လုံဟူဂိုဏ်းက အစွမ်းထက်တဲ့သူတွေကိုခေါ်လာမှာကြောက်လို့ ထျန်းလျန်အင်ပါယာ တော်ဝင်မြို့ထဲကနေ ခိုးပြီးထွက်ပြေးသွားတာများလား..”
“တစ်နာရီ..တစ်နာရီပဲကျန်တော့တယ်. အဲ့ရှစ်ဖုန့် သူလာမယ်လို့မင်းထင်လး. သူတကယ်ပဲထွက်ပြေးသွားနိုင်လား”
“အဲ့သတ္တဝါလေး… ငါ့ဆီကိုလာတာအကောင်းဆုံးပဲ. ဒီကိုလာပြီး ဒီစင်မြင့်ထဲမှာငါသတ်တာကိုခံစမ်း.မဟုတ်ရင် နောက်ကြငါမင်းကိုဖမ်းမိတာနဲ့သေချာပေါက် သေတာထက်ဆိုးတဲ့ နာကျင်မှုနဲ့ညှင်းပန်းနှိပ်စက်မှု
ကိုခံစားခိုင်းမယ်.. “
ကျိရှောင်း၏မျက်နှာကအေးစက်နေပြီး တီးတိုးရေရွတ်ပြောလိုက်သည်။
ထျန်းလျန်အင်ပါယာတောင်ဝင်မြို့တော်အတွင်း တော်ဝင်နန်းတော်၏ တော်ဝင်ဥယျဉ်အတွင်း၌ဖြစ်သည်။
ကမ္ဘာပေါ်ကိုဆင်းသက်လာသည့်နတ်သမီးလေးတစ်ပါးကဲ့သို့ အဖြူရောင်ပုံရိပ်တစ်ခုက ကြာပဒုမ္မာပန်းများဖြင့် ပြည့်နေသော ကြာပန်းရေကန်တစ်ခုပေးတွင်ထိုင်နေပြီး ခြေဗာလာဖြင့် ရေထဲသို့ ချကာ ခြေထောက်အား ငါးတစ်ကောင်ကဲ့သို့ လှုပ်ခတ်နေ၏။
သူမ၏ဘေးတွင် ဧရာမကျားဖြူတစ်ကောင်က လဲလျောင်းနေကာ အိပ်မောကျပြီးဟောက်သံထွက်နေသည်။
ပန်းချီကားတစ်ချပ်ပေါ်က မိန်းကလေးတစ်ဦးကဲ့သို့ အဖြူရောင်နှင့်နတ်သမီးလေးမှာ တော်ဝင်ဥယျဉ်ရှေ့သို့ဆက်တိုက်ကြည့်နေပြီး ထိုပုံရိပ်ပေါ်အလာကိုစောင့်ဆိုင်းနေ၏။
ကျိမို့တစ်ယောက် အိမ်မှနောက်ဆုံးတစ်ခေါက်
ထွက်ပြေးစဉ်ကတည်းက သူ့ဘေးနား၌မည်သူ့ကိုမျှမမြင်တွေ့ရပေ။
သို့သော် တကယ်တမ်းတွင်တော့ သူမ၏ ဖခင်ဖြစ်သူ ထျန်းလျန်ဧကရာဇ်မင်းက ဤကဲ့သို့အရေးကြီးသော အခိုက်အတန့်တွင်သူမထပ်မံပျောက်သွားခြင်းအားတားဆီးနိုင်ရန်အတွက် သူလျှိုများအား တိတ်တဆိတ်စီစဉ်ထားသည်ဖြစ်သည်။
နန်းတော်ပြင်ပတွင်သူမဘဝ
အတွက်ပြုလုပ်သောသိုင်းပြိုင်ပွဲက ပြင်းထန်စွာဖြစ်ပွားနေပြီးဖြစ်ပြီး ရက်ပေါင်းများစွာပင်ကြာမြင့်နေခဲ့ပြီဖြစ်သည်။ သို့သော် ကျိမို့ကတော့ ဤနေရာတွင်ကန့်သတ်ခံထားရပြီး နန်းတော်ထဲမှထွက်သွားခြင်းမပြုနိုင်ပေ။ သို့သော် သူမအနေဖြင့် ပြင်ပရှိသိုင်းပြိုင်ပွဲအခြေအနေများက သူမစီစဉ်ထားသော အငှားမျက်လုံးဖြစ်သူ နန်းတော်အစေခံ မလေး ရှောင်းစွေ့ကြောင့်ကောင်းစွသိရှိရသည်ဖြစ်၏။
လွန်ခဲ့သော ရက်အချို့ခန့်က ရှောင်းစွေ့တစ်ယောက်တစ်နေ့တည်းတွင် နန်းတော်နှင့် ပြင်ပရှိစင်မြင့်ကြား အကြိမ်ပေါင်းများစွာပြေးလွှားခဲ့ရသည်ဖြစ်သည်။ သူမပြန်လာသည့်အချိန်တိုင်းတွင် သူမက ပြင်ပရှိစင်မြင့်အတွင်းမှအခြေအနေများအား အသိပေးပြီး ထို့နောက် တွင် ထပ်မံနန်းတော်အပြင်ဘက်
သို့ပြန်ပြေးရပြန်သည်။
ယနေ့လည်းအတူတူပင်ဖြစ်သည်။ ရှောင်းစွေ့တစ်ယောက်ပြင်ပရှိစင်မြင့်ထက်မှ အခြေအနေမျာအား စနည်းနာရန်ထွက်သွားခြင်းဖြစ်သောကြောင့် ကျိမို့က သူမပြန်အလာအားပုံမှန်အတိုင်းစောင့်နေခဲ့ခြင်းဖြစ်သည်။
သို့သော်ယနေ့တွင် ရှောင်းစွေ့တစ်ယောက် ယခင်ကထက်အပြင်၌ပိုကြာနေသည့်ဟု ကျိမို့ခံစားရသည်။
“ရှောင်းစွေ့တစ်ယောက်ဒီနေ့ဘာဖြစ်နေတာလဲ.. ဘာဖြစ်လို့များလဲ. အပြင်မှာဘာတွေများဖြစ်နေလို့လဲ.. ဘာလို့ရှောင်းစွေ့က အကြာကြီးရှိနေတာတောင် ပြန်မလာသေးတာလဲ”
တဖြည်းဖြည်းနှင့်ရှောင်းစွေ့ပြန်မလာခင် ကျိမို့တစ်ယောက် နည်းနည်းချင်းစီစိတ်လှုပ်ရှားလာသည်။
ပူပန်လာသည်။
“အင်း… ဒီကောင်မစုတ်လေး နောက်ဆုံးတော့ပြန်လာပြီပဲ.. “
ရုတ်တရက် အစိမ်းရောင်ဝတ်စုံအား ဝတ်ဆင်ထားသည့် လှပသော နန်းတော်အစေခံမလေး တစ်ဘောက် အစိမ်းရောင်ချုံပုတ်တစ်ခုအတွင်းမှ
ထွက်လာသည်ကို ကျိမို့တွေ့လိုက်ရသည်။ဤကောင်မလေးမှာ ကျိမို့စေလွှတ်ထားသော သူလျှိုမလေးရှောင်းစွေ့ဖြစ်သည်။
“မင်းသမီး..မကောင်းတော့ဘူး..မင်းသမီး”
ရှောင်းစွေ့တစ်ယောက် ကျိမို့နားသို့ ချဉ်းကပ်လာပြီးသောအခါတွင် သူမ၏ချိုသာသောအသံလေးဖြင့် သိပ်မဝေးသောနေရာမှအော်ပြောလိုက်သည်။
ရှောင်းစွေ့၏ အသံအားကြားလိုက်ရသောအခါတွင် ကျိမို့က မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသထွက်ဟန်ဆောင်လိုက်သည်။
“ကောင်မစုတ်လေး.. ဒီမင်းသမီးကဘာဖြစ်နေလို့လဲ. နင်အရိုက်ခံချင်နေတာလား.”
ကျိမို့၏စကားအားကြားလိုက်ရသောအခါတွင် ရှောင်းစွေ့ကလျှင်မြန်စွာ ခေါင်းကိုခါယမ်းလိုက်ပြီး ရှင်းပြလိုက်သည်။
“မဟုတ်ဘူး..မဟုတ်ပါဘူး.မဟုတ်ပါဘူး
မင်းသမီး.. ကျွန်တော်မျိုးမဆိုလိုချင်တာ အဲ့လိုမဟုတ်ပါဘူး. ကျွန်တော်မျိုးမအဲ့လိုမဆိုလိုရပါဘူး”
“ကောင်းပါပြီ..ကောင်းပါပြီ”
ကျိမို့ကသူမအားလက်ကိုဝေ့ယမ်း
ပြလိုက်ပြီးနောက်ပြောလိုက်သည်။
“ဒီနေ့နင်ဘာလို့အရမ်းကြာနေရတာလဲ.. နင်ပြန်လာတော့လဲ ပုံစံကမကောင်းဘူး..ဘာဖြစ်ခဲ့လို့လဲ”
“ဒါက..”
ရှောင်းစွေ့ကပြောလိုက်သည်။
“ကျိရှောင်းအရှင်က စင်မြင့်နံပါတ်တစ်ဆယ်က အစွမ်းထက်သူကိုအနိုင်ရပြီးတဲ့နောက်မှာ မင်းသမီးရဲ့ချစ်သူကိုဆက်ပြီး စောင့်နေခဲ့တယ်…အကယ်၍ မင်းသမီးရဲ့ချစ်သူက နေ့လည်မတိုင်ခင်မှပေါ်မလာဘူးဆိုရင် .. . သူက အလိုအလျောက်ပြိုင်ပွဲကနေအ
ထုတ်ခံရမယ်တဲ့”
“ဒါကြောင့် ကျွန်တော်မျိုးမက စောင့်ပြီးရင်းစောင့်နေခဲ့တာ အခု နေ့လည်တောင်ရောက်ကာနီးနေပြီ. နာရီဝက်လောက်ပဲလိုတော့တယ်.. မင်းသမီးရဲ့ချစ်သူက ပေါ်မလာသေးဘူး. ဒီတော့ မြန်မြန်ပြန်လာတာကကောင်းမယ်လို့ကျွန်တော်မျိုးမတွေးပြီး မင်းကသမီးကိုချက်ချင်းသတင်းလာပို့တာပါ”
“ဘာ..နေ့လည်မှသူပေါ်မလာရင် အလိုအလျောက်အထုတ်ခံရမယ်တဲ့လား”
ရှောင်းစွေ့၏စကားများအားကြားပြီးနောက် ကျိမို့ရုတ်တရက်ကြက်သေသေသွားရပြီး ကောင်းကင်ထဲရှိခြစ်ခြစ်တောက်ပူနေသောနေလုံအားကြည့်လိုက်သည်။ယခု နေ့လည်က နီးကပ်သည်ထက်နီးကပ်လာခဲ့ပြီဖြစ်သည်။
“အကယ်၍သူသာပေါ်မလာခဲ့ရင်..
မဟုတ်သေးပါဘူး”
ထို့နောက်ကျိမို့က ရှောင်းစွေ့၏စကားများအားလျှင်မြန်စွာတုန့်ပြန်လိုက်သည်။အေးစက်သောမျက်နှာတစ်ခုနှင့်အတူ ရှောင်းစွေ့အားပြောလိုက်သည်။
“ဘယ်သူက ညည်းကိုဒီမင်းသမီးရဲ့ချစ်သူလို့ပြောလို့လဲ. ကောင်မလေး..ညည်းတော့ အဓိပ္ပါယ်မရှိတာတွေကိုပိုပိုပြေလာနေပါလား. တကယ်အရိုက်ခံချင်နေပီနဲ့တူတယ်.”
“အာ”
ကျိမို့၏စကားများအားကြားသောအခါတွင် ရှောင်းစွေ့တစ်ယောက် “အာ”ဟုအသံထွက်သွားပြီး သူမပြောခဲ့သည်အားလျှင်မြန်စွာသဘောပေါက်လိုက်သည်။ ထို့နောက်ရှောင်းစွေ့ကလျှင်မြန်စွာရှင်းပြ၏။
“ကျွန်တော်မျိုးမတောင်းပန်ပါတယ် မင်သမီး ..ခုဏက အရမ်းအလျှင်လိုပြီးရေးကြီးသုတ်ပြာဖြစ်သွားလို့ပါ.. ဒါကြောင့် မင်းသမီးအာရုံစိုက်ခိုင်းထားတဲ့အဲလူကိုမှားပြီး လွှတ်ခနဲပြောမိသွားတာပါ.. မင်းသမီးခွင့်လွှတ်ပေးပါ…ခွင့်လွှတ်ပေးတော်မူပါ”
သူမထိုသို့ပြောနေသော်လည်း ရှောင်းစွေ့တစ်ယောက်စိတ်ထဲကတော့ပြောနေမိသည်။
“ခုဏ က မင်းသမီးချစ်သူလို့ကျွန်တော်မျိုးမပြောတဲ့အချိန် ဘယ်သူပါလို့လည်းကျွန်တော်မျိုးမ
မပြောရသေးပဲနဲ့မင်းသမီးအလိုလို
သိနေပြီးတော့.. အခုက မင်းကမင်းသမီးရဲ့ချစ်သူမဟုတ်ဘူးတဲ့”