← Chapters

အခန်း (၆၀၅)

Vol. 41 Ch. 605

အခန်း (၆၀၅)

Vol. 41 Ch. 605

“ဟုတ်ပါပြီ…ဟုတ်ပါပြီ”

ထိတ်ထိတ်ပျာပျာဖြစ်နေသော ရှောင်းစွေ့အားကြည့်၍ ကျိမို့ကသူမ၏လက်တို့အားထပ်

မံဝေ့ယမ်းပြလိုက်သည်။

ထို့နောက် သူမ၏မျက်လုံးတို့အား အပေါ်သို့ ထပ်မံရွေ့လျားလိုက်ပြီး ကောင်းကင်ထဲရှိခြစ်ခြစ်တောက်ပူနေသော နေလုံးအားကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

“ သူ…သူဘယ်ကိုများသွားနေတာလဲ”

ဤအချိန်တွင် ကျိမို့တစ်ယောက် အချိန်များ နှေးကွေးစွာကုန်ဆုံးစေရန်အတွက် တိတ်တဆိတ်ဆုတောင်းနေမိသည်။

“နေ့လည်က ဖြည်းဖြည်းမှရောက်ဖို့ငါမျှော်လင့်တယ်”

“သူ့နေ့လည်အမှီရောက်မှရမယ်”

“ရှောင်းစွေ့..နန်းတော်ကိုသွားပြီး

သူ့ကိုထပ်သွား ကြည့် သူပေါ်လာလာမလာလာ ညည်းဒီမင်းသမီးဆီကို ဖြစ်နိုင်သမျှအမြန်ဆုံးသတင်းလာပို့ရမယ်”

“ဟုတ်ကဲ့ မင်းသမီး”

ထို့နောက် ရှောင်းစွေ့က နန်းတော်အပြင်ဘက်သို့အပြေး

ကလေးလျှောက်လှမ်းထွက်သွားလိုက်သည်။

နန်းတော်၏ထိပ်ဖျားတွင်ဖြစ်သည်။ ထျန်းလျန်အင်ပါယာ၏ ဧကရာဇ်မင်းအတရားဖြစ်သူ လန်ယွမ်က တော်ဝင်မြို့တော်နှင့် မြို့အတွင်းရှိ ပြိုင်ပွဲအားငုံ့ကြည့်နေပြီး စင်မြင့်နံပါတ်တစ်ဆယ်သို့အာရုံထူးစိုက်နေ၏။

ထို့နောက်လန်ယွမ်က တီးတိုးရေရွတ်လိုက်သည်။

“သူ..တကယ်ပဲသူပြိုင်ပွဲကနေ နှုတ်ထွက်သွားတာလား.. အဲ့လိုဖြစ်မဲ့ပုံလည်းမပေါ်ပါဘူး”

ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ရှိ ပြိုင်ပွဲစင်မြင့်ပေါင်းတစ်ရာ၏

အထက်ကောင်းကင်ထဲတွင် ရွှေရောင်ပုံရိပ်တစ်ခုဖြစ်သော မင်သားကွမ်းက ဝင့်ကြွားစွာဖြင့်ရပ်နေပြီး သူသည်လည်း ဤ ရက်ပိုင်းအတွင်း အာရုံစူးစိုက်ခံရမှုအများဆုံးဖြစ်သော စင်မြင့်နံပါတ်တစ်ဆယ်သို့ ကြည့်နေသည်။

အာရုံစွဲဆောင်မှုအများဆုံးဖြစ်သော စင်မြင့်နံပါတ်တစ်ဆယ်ထက်တွင်ဤအချိန်၌ ခရမ်းစိမ်းရောင်ပုံရိပ်တစ်ခုကသာ ဝင့်ကြွားစွာရပ်နေသည်။ လူများ၏စိတ်ထဲရှိ အနက်ရောင်ပုံရိပ်ကတော့အချိန်

တစ်ခုကြာသည့်တိုင်အောင်ပေါ်မလာသေးပေ။

ဤအချိန်တွင် ဒိုင်ဖြစ်သူကြေညာထားသော နေ့လည်အချိန်အခါကနီးကပ်သည်ထက်နီးကပ်သည်ထက်နီးကပ်လာနေပြီဖြစ်သည်။

“နေ့လည်ရောက်တော့မယ်. ရှစ်ဖုန့်တစ်ယောက်ပေါ်

မလာတော့ဘူးနဲ့တူတယ်”

“အင်း ..မလာလောက်တော့ဘူး. ဟူး.. နှမြောစရာပဲ. ငါက အစွမ်းထက်တဲ့သူနဲ့ရက်စက်တဲ့

သတ်ဖြတ်သူကြားကတိုက်ပွဲကကိုကြည့်ရတော့မယ်ထင်နေတာ.. လူမဆန်ရက်စက်စွာသတ်ဖြတ်သူအဖြစ်နမည်ကျော်တဲ့ မွန်းစတားက ကျိရှောင်းနဲ့ဒီနေ့တွေ့တဲ့အခါ အသံကျယ်နိုင်အုံးမှာလား.. နှမြောစရာပဲကွာ.. ငါဒါကိုမတွေ့ရမှာတောင်ကြောက်မိတယ်”

“အဲ့လူက ဘယ်ယောက်ပဲပါရမီရှိနေပါစေ မွန်းစတားဆန်နေပါစေ သူ့ရဲ့စွမ်းအားကအကန့်အသတ်ရှိတယ်..ငါ့အမြင်ကတော့ သူဒီနေရာမှာရှိနေခဲ့ပေမဲ့ ..ကျိရှောင်းက ပမ့်အောင်းကို အနိုင်ယူလိုက်တာကိုတွေ့လိုက်ပြီးတဲ့နောက် တိတ်တဆိတ်ထွက်ပြေးသွားတာဖြစ်မယ်”

စင်မြင့်နံပါတ်တစ်ဆယ်ပတ်ဝန်းကျင်၌ ဆွေးနွေးပြောဆိုမှုအသံများစွာ

ထွက်ပေါ်နေသော်လည်းရှစ်ဖုန့်ကတော့ပေါ်မလာသေးပေ။လူအများစုက ရှစ်ဖုန့်တစ်ယောက် ထွက်ပြေးသွားခြင်းဖြစ်သည်

ဟုတွေးနေကြဆဲဖြစ်သည်။

အချို့သောလူများကလည်း ဤလူငယ်ထွက်ပြေးသွားရခြင်းမှာ လုံဟူဂိုဏ်းမှ ဝမ့်ကျိုးက အစွမ်းထက်သူများအားဦးဆောင်၍ ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်သို့

လာမည်ဖြစ်သောကြောင့် တိတ်တဆိတ်ထွက်ပြေးသွားခြင်းဖြစ်မည်ဟု ပြောနေကြသည်။

အချို့လူများကတော့ ကျိရှောင်းအားကြောက်သောကြောင့် ပေါ်မလာခြင်းဖြစ်သည်ဟုပြောကြ၏။ ဤနေရာတွင် ကွဲပြားသောအမြင်များရှိနေသည်ဖြစ်သည်။

စင်မြင့်နံပါတ်တစ်ဆယ်ထက်တွင် ရှစ်ဖုန့်ရောက်အလာအားစောင့်ဆိုင်းနေသော ကျိရှောင်း၏မျက်နှာထက်၌ အထင်သေးမှု၊ ထေ့ငေါ့မှုတို့ဖြစ်ပေါ်နေသည်။ သူကအေးစက်စွာနှာမှုတ်ပြီးပြောလိုက်သည်။

“ဟမ့်. အချိန်ဖြုန်းနေတာပဲ. သူမလာရဲတော့ဘူးနဲ့တူတယ်”

ထို့နောက် ကျိရှောင်းကသူ၏ခေါင်းအား ထပ်မံမော့လိုက်ပြီး ကောင်းကင်ထဲရှိ ခြစ်ခြစ်တောက်ပူနေသော နေလုံးအားကြည့်လိုက်သည။ ဤအချိန်တွင် ခြစ်ခြစ်တောက်ပူနေသောနေက ကောင်းကင်၏အမြင့်ဆုံးနေရာ၌ရှိနေပြီး နေလည်အချိန်သို့လည်း

ကျရောက်လာပြီဖြစ်သည်။

ထို့နောက် ကျိရှောင်းက သူ၏မျက်လုံးတို့အားစင်မြင့်

အထက်ကောင်းကင်ထဲရှိဒိုင်ဖြစ်သူထံသို့ ရွှေ့လိုက်ပြီး ပြောလိုက်သည္။

“နေ့လည်ရောက်ပြီ.. အရှုံးသမားကမလာရဲတော့တဲ့ပုံပဲ. ကျေးဇူးပြုပြီးကြေညာလိုက်ပါတော့”

ကျိရှောင်း၏ အသံအားကြားပြီးနောက် စင်မြင့်နံပါတ်တစ်ဆယ်ကောင်းကင်ထက်ရှိ စာပေသမားပုံစံဒိုင်ဖြစ်သူကလည်း ဟင်းလင်းပြင်ထဲသို့ကြည့်လိုက်ပြီး မျက်စိကျိန်းလောက်သော နေလုံးက ကောင်းကင်၏အမြင့်ဆုံး၌ရောက်နေသည်ကိုတွေ့လိုက်ရသည်။

ထို့နောက် ဒိုင်ဖြစ်သူက သူ၏ခေါင်းကိုထပ်မံငုံ့လိုက်ပြီး ပါးစပ်ကိုဖွင့်ဟ၍ ကြေညာလိုက်သည်။

“စင်မြင့်နံပါတ်တစ်ဆယ်ရဲ့ချံပီယံဖြစ်သူအမှတ်စဉ်တစ်ဆယ်က ပေါ်မလာတာကြောင့် ဒီဒိုင်လူကြီးကြေညာချင်တာကတော့ အနိုင်ရရှိသူဟာ အမှတ်စဉ်နှစ်ဆ……..”

“ခဏလေးနေအုံး”

ဤအချိန်တွင် လူငယ်တစ်ယောက်၏အသံက ရုတ်တရက်ထွက်ပေါ်လာပြီး ဒိုင်ဖြစ်သူ၏ ပြောစကားအား ကြားဖြတ်ဟန့်တားလိုက်သည်။

လူငယ်၏အသံထွက်ပေါ်လာသကဲ့သို့တစ်ချိန်တည်းမှာပင် လူများကလည်းအသံလာရာဆီသို့ ခေါင်းများအားတစ်ယောက်ပြီး

တစ်ယောက်လှည့်ကြည့်လိုက်သည်။

ထို့နောက်ချက်ချင်း လူအုပ်ကြီးမှာ နောက်ထပ်အုတ်အုတ်ကြွပ်ကြွပ်ဖြစ်လာသည်။ သူတို့စိတ်ထဲရှိအနက်ရောင်ပုံရိပ်က နောက်ဆုံး၌ပေါ်လာသည်ကို

သူတို့တွေ့လိုက်ရသည်။

“သူဒီကိုရောက်လာပြီ..သူရောက်လာပြီ”

“သူ..သူ ထွက်မပြေးခဲ့ဘူး”

“သူ..အဲ့တာသူပဲ. ရှစ်ဖုန့်ပဲ. ရှစ်ဖုန့်တကယ်ပေါ်လာပြီ”

“ငါသူထွက်ပြေးသွားပြီထင်ခဲ့ပြီး သူထပ်ပြီးပေါ်လာလိမ့်မယ်လို့မထင်ထားခဲ့ဘူး. သူရောက်လာပြီဟ”

“ရောက်လာပြီ..သူရောက်လာပြီ”

“ဘန်း” ဟူသောအသံနှင့်အတူ ဟင်းလင်းပြင်ထဲ၌ရှိနေသော အနက်ရောင်ပုံရိပ်က ရုတ်တရက် စင်မြင့်နံပါတ်တစ်ဆယ်ပေါ်

သို့ဆင်းသက်လိုက်သည်။

ရှစ်ဖုန့်က စင်မြင့်နံပါတ်တစ်ဆယ်ထက်၌ ဝင့်ကြွားစွာရပ်၍ အထက်ရှိဒိုင်ဖြစ်သူအားပြောလိုက်သည်။

“တောင်းပန်ပါတယ်..တစ်စုံတစ်ခုနဲ့ မမျှော်လင့်ပဲကြုံကြိုက်ခဲ့

လို့နောက်ကျသွားတယ်”

ဒိုင်ဖြစ်သူအားပြောပြီးနောက် ရှစ်ဖုန့်က ဒိုင်ဖြစ်သူ၏ ပြောစကားကိုစောင့်မနေဘဲ ခေါင်းကိုပြန်ငုံ့ကာ ရှေ့ရှိကျိရှောင်းအား စိုက်ကြည့်၍ပြောလိုက်သည်။

“ဒီသခင်လေးမင်းကို ဆက်တိုက်စောင့်နေစေခဲ့ရတယ်မလား. မင်းက ခပ်စောစေသေချင်နေပြီး ဒီသခင်လေးမင်းကိုသတ်မှာကိုစောင့်နေတော့လည်း ဒီနေ့ ဒီသခင်လေးကမင်းကို ကူညီပေးရတာပေါ့”

“ဒါက..ဒါက တကယ်ပဲအဲ့ရှစ်ဖုန့်ပဲဟ. သူကအရမ်းမောက်မာပြီး အရမ်းမာနကြီး တဲ့အပြင် ကြီးစိုးလွန်းတယ်.. တကယ်သူပဲ …တစ်ယောက်ယောက်က လူသားမျက်နှာဖုံးအတူ ဝတ်ပြီးတော့သူပုံဟန်ဆောင်

နေတာမဟုတ်ဘူး. “

အောက်တွင်ရှိနေသောတစ်စုံတစ်ယောက်မှာ ရှစ်ဖုန့်ကကျိရှောင်းအားထိပ်တိုက်တွေ့ပြီး ပြောဆိုသောစကားတို့ကိုကြားလိုက်ရသည်။

“ဒီရှစ်ဖုန့်..တကယ်ပဲသူ ကျိရှောင်းကိုဒီလိုစကားမျိုးပြောခဲ့တယ်.. ကျိရှောင်းကဒီနေ့မနက်မှာ ကြယ်တစ်ပွင့်မဟာသူတော်စင်

နယ်ပယ်ပမ့်အောင်းကို အနိုင်ယူခဲ့တာကို သူမသိသေးတဲ့ပုံပဲ..ဟုတ်တယ်မလား..သူက ကျိရှောင်းကိုအရင်ကကျိရှောင်း

လို့တွေးနေတာပဲ”

“ကျိရှောင်းရဲ့အစစ်အမှန်စမ်းပြီးတဲ့အခါကျရင် သူအံ့အားသင့်သွားမှာ ဟားဟား. စောင့်ပြီးကြည့်ကြတာပေါ့”

“တိုက်ပွဲစကြရနောင်..စပြီးတိုက်ပါတော့”

“တိုက်ပွဲကိုစပါတော့”

စင်မြင့်နံပါတ်တစ်ဆယ်ထက်ရှိ ဒိုင်ဖြစ်သူတိုက်ပွဲစရန်မကြေညာသေးခင် စောင့်ကြည့်နေကြသော လူအုပ်ကြီးမှာ ထပ်မံမစောင့်ဆိုင်းနိုင်ကြတော့ဘဲ ရုတ်တရက်အားလုံးကပြိုင်တူထအော်လိုက်ကြသည်။

စင်မြင့်ထက်တွင် ခက်ထန်သောမျက်နှာနှင့် ကျိရှောင်းမှာ သူ၏ လှံဖြင့် ရှစ်ဖုန့်အား တိုက်ရိုက်ထိုးညွှန်လိုက်ပြီး ရုတ်တရက်အော်ပြောလိုက်သည်။

“ဒီနေ့မင်းထွက်မပြေးတော့လည်း ..ငါမင်းကိုတကယ့် အစစ်အမှန်စွမ်းအား က ဘာလဲဆိုတာကိုပြပေးမယ်.. ဒီနေ့ငါမင်းကို အစစ်အမှန်စွမ်းအားကိုသုံးပြီးတော့ငရဲကိုပို့ပေးမယ်”

“စင်မြင့်နံပါတ်တစ်ဆယ်ရဲ့ချံပီယံ အမှတ်စဉ်တစ်ဆယ်နဲ့စိန်ခေါ်သူ အမှတ်စဉ်နှစ်ဆယ့်ငါးတို့စတိုက်ကြ”

ဤအချိန်တွင် စင်မြင့်နံပါတ်တစ်ဆယ်ထက်ရှိ ဒိုင်ဖြစ်သူ၏ ကြေညာသံက ပဲ့တင်ထွက်ပေါ်လာပြီး ဤအသံနှင့်အတူ ကြိုတင်မျှော်လင့်စောင့်စားနေကြသော တိုက်ပွဲကနောက်ဆုံး၌စတင်လာသည်။

အသံထွက်ပေါ်လာပြီးပြီးချင်း ကျိရှောင်းက သူ၏ ခရမ်းစိမ်းရောင်လှံအား ရှေ့သို့ထိုးညွှန်လိုက်ပြီး ၎င်းက ရုတ်တရက်တုန်ခါသွားကာ သိပ်သည်းများပြားလှသော အစိမ်းရောင်နှင့်ခရမ်းရောင် လှံရိပ်များက သူ၏ရှေ့တွင်ပေါ်လာသည်။

“သတ်.”

ကျိရှောင်းကအော်ပြောလိုက်သည်။

သူ့ရှေ့၌ပေါ်သည့် အစိမ်းရောင်နှင့်ခရမ်းရောင်ပုံရိပ်များက ရုတ်ခြည်းအရှိန်အဟုန်ဖြင့်စတင်

လည်ပတ်လာပြီ အတူတကွစုစည်းသွားသည်။ ရုတ်တရက် အစိမ်းနှင့်ခရမ်းရောင်လှံရိပ်များနှင့်အတူ အစိမ်းနှင့်ခရမ်းရောင်ဝဲကြီးကလည်းပေါ်လာပြီး ရှစ်ဖုန့်ထံသို့သိမ်းကျုံးဦးတည်သွား၏။

ရှစ်ဖုန့်၏လက်ထဲတါင် သွေးနီရောင်အလင်းတစ်ခုလင်းလက်လာပြီး သွေးသောက်ဓားကသူ၏လက်အတွင်း၌ရုတ်တရက်ပေါ်လာသည်။ သူ့ရှေ့ရှိ ခရမ်းစိမ်းရောင်ဝဲကြီးအားကြည့်ရင်း ရှစ်ဖုန့်၏မျက်နှာကတော့ အေးဆေးတည်ငြိမ်နေဆဲဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်၏သွေးသောက်ဓားပေါ်တွင် ပြင်းထျန်သာသွေးနီရောင်မီးတောက်တစ်ခုက ဟုန်းခနဲထွက်ပေါ်လာပြီးထားပေါ်၌ပြင်းထန်စွာတောက်လောင်နေသည်။

ထို့နောက်ရှစ်ဖုန့်က ရေပြင်ညီအတိုင်းခုတ်ပိုင်းလိုက်ပြီး သူ၏သွေးသောက်ဓားက လာနေသော ခရမ်းစိမ်းရောင်ဝဲကြီးထဲသို့ ခုတ်ပို်ငးဦးတည်သွားသည်။

ရှစ်ဖုန့်၏ဓားချက်အောက်တွင် ခရမ်းစိမ်းရောင်ဝဲကြီးမှာ ဓားချက်ကြောင့် ချက်ချင်းပျက်စီးသွားသည်ကို

လူများမြင်တွေ့လိုက်ရသည်။

သို့သော် ကျိရှောင်းမှာ သူ၏တိုက်ခိုက်မှုအလွယ်တကူကျိုးပျက်မည်ကို မျှော်လင့်ထားပြီးဖြစ်ပုံရ၏။ကျိရှောင်း၏မျက်နှာထက်တွင်ဘာအံ့အားသင့်မှုမှရှိမနေဘဲ သူ၏နှုတ်ခမ်းထောင့်ကလှောင်ပြုံးတစ်ခုအဖြစ်တွန့်ကွေးသွားသည်။

အစောပိုင်းကတိုက်ခိုက်မှုတွင် ကျိရှောင်းအနေဖြင့်သူ၏ စွမ်းအားအကုန်လုံးအားအသုံးပြုခဲ့ဟန်မတူပေ။

All Chapters