← Chapters

အခန်း (၆၀၆)

Vol. 41 Ch. 606

အခန်း (၆၀၆)

Vol. 41 Ch. 606

ကျိရှောင်း၏တိုက်ခိုက်မှုအားဓားချက်ဖြင့်ဖြိုခွင်းပြီးနောက် ရှစ်ဖုန့်၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားသည်။ ကျိရှောင်းနှင့်ရှစ်ဖုန့်တို့ကြားထဲတွင် အဖြူရောင်ပုံရိပ်ယောင်တစ်ခုသာ

ကျန်ရစ်နေခဲ့ပြီး ရှစ်ဖုန့်၏ အစစ်အမှန်ကိုယ်က ကျိရှောင်း၏ရှေ့သို့ဖျက်ခနဲရောက်ရှိနေပြီးဖြစ်သည်။ ထို့နောက် သွေးနီရောင်မီးတောက်တို့တောက်

လောင်နေသော သွေးသောက်ဓားဖြင့် ကျိရှောင်း၏လည်ပင်းထံသို့ ရေပြင်ညီအတိုင်းအရုတ်တရက်

ခုတ်ပို်ငးလိုက်၏။

ရှစ်ဖုန့်ကသူ၏ဓားဖြင့်ခုတ်ပိုင်းလာသည်ကိုအာရုံခံမိသောအခါတွင် ကျိရှောင်းက သူ၏လှံဖြင့်နောက်ပြန်တားဆီးလိုက်သည်။

လှပေါ်တွင် ခရမ်းစိမ်းရောင်အလင်းတို့က တေက်ပလာပြီး လှံ၏ကိုယ်ထည်နှင့် သွေးနီရောင်မီးတောက်တို့

တောက်လောင်နေသော

သွေးသောက်ဓားတို့က ရုတ်ခြည်းထိခတ်သွားသည်။

“ဘန်း”

ကျယ်လောင်သောပဲ့တင်သံတစ်ခုက စင်မြင့်နံပါတ်တစ်ဆယ်ထွက်တွင်ထွက်ပေါ်လာသည်။ လှံနှင့်ဓားတို့က ရုတ်ခြည်းတစ်ခုကိုတစ်ခုထိမှန်သွားသည်။ဤတိုက်ချက်အောက်တွင် သူတို့နှစ်ဦး၏အလယ်၌ လေထုက ရေလှိုင်းများကဲ့သို့ ပြင်းထန်စွာတုန်ခါသွားပြီး ဦးတည်ချက်အနှံ့သို့ လှိုင်းအတွန့်များက ပြန့်နှံ့သွားသည်။

ထို့နောက်ချက်ချင်းအနက်ရောင်ပုံရိပ်နှင့် တစ်ယောက်နှင့်တစ်ယောက်ပစ်ဆောင့်မိကြပြီး တစ်ဖက်၏စွမ်းအား အောက်တွင်တစ်ဖက်စီက တုန်လှုပ်အံ့အားသင့်သွား

ရကာနှစ်ဦးစလုံးနောက်ပြန်ကန်ထွက်လာသည်။

သို့သော် အကွာအဝေးတိုတစ်ခုအထိသာပျံသန်းပြီးနောက်နှစ်ယောက်လုံးထပ်မံရပ်တန့်လိုက်ကြသည်။ ပုံရိပ်တို့က စင်မြင့်ထက်သို့ထပ်ကျဆင်းနင်းလိုက်ကြသည်။

ရှစ်ဖုန့်နှင့်ကျိရှောင်းတို့ကတစ်ဦး

ကိုတစ်ဦးစိုက်ကြည့်နေကြသည်။

“ဒီရက်ပိုင်းအတွင်းမင်းမှာ

ဒီလိုစွမ်းအားမျိုးရရှိနေလိမ့်မယ်လို့

ဒီသခင်လေး မမျှော်လင့်ထားဘူး”

ရှစ်ဖုန့်က ကျိရှောင်းအားကြည့်နေရင်းပြောလိုက်သည်။

“ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်

အထွတ်အထိပ်အဆင့်. . မင်းက ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်နဲ့

ခြေတစ်လှမ်းစာလောက်ပဲကွာတော့တယ်..မင်းရဲ့ဝိညာဉ်စွမ်းအားနဲ့ပေါင်းလိုက်ရင် မင်းဝမ့်ကုန်းကိုနိုင်တာ မအံ့ဩတော့ပါဘူး”

ကျိရှောင်းကပြောလိုက်သည်။ထို့နောက်သူ၏ နှုတ်ခမ်းထောင့်က လှောင်ပြုံးအဖြစ်တွန့်ကွေးသွားပြီး ထပ်မံပြောလိုက်၏။

“ပွဲကပြီးသွားပြီ..ဒါပဲ. မင်းကပြိုင်ဘက်ကောင်းတစ်ဦးဖြစ်တယ်ဆိုတာကိုငါဝန်ခံပါတယ်..မင်းရဲပါရမီက

လည်းငါ့ထက်ကောင်းတာကိုငါဝန်ခံတယ်

.ဒါပေမဲ့ အရာအားလုံးဒီနေရာမှာပဲ

အဆုံးသတ်ရတော့မယ်”

ကျိရှောင်းပြောနေစဉ်တွင်ရုတ်တရက် စွမ်းအားကြီးပြီးခမ်းနားသော အရှိန်အဝါက ကျိရှောင်း၏ကိုယ်မှရုတ်တရက်မြင့်တက်လာပြီး ကျိရှောင်း၏ ရှည်လျားသောဆံပင်တို့က ဤအချိန်တွင် လေတိုက်ခတ်ခြင်းမရှိပါဘဲ ကခုန်နေ၏။ စင်မြင့်ပေါ်သို့ကြည့်နေကြသောကျင့်ကြံသူများမှာ ဤအချိန်တွင် ကျိရှောင်းအားကွဲပြားသောလူတစ်ယောက်ဖြစ်ရုတ်တရက်ခံစားလိုက်ရသည်။

“ဒီ..ဒီစွမ်းအားက….အရမ်းအားကောင်းတာပဲ…ဒါက ဘယ်အဆင့်ရဲ့စွမ်းအားလဲ.. အဲ့တာက.. ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်. .ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်ပဲ”

“ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်”

ရှစ်ဖုန့်က သူ၏ရှေ့ရှိအရှိန်အဟုန်ပြောင်းလဲသွားသော ကျိရှောင်းအားကြည့်နေရင်းသူ၏မျက်နှာထက်၌လေးနက်မှုတို့ပေါ်လာကာ ပြောလိုက်သည်။

“ဟားဟား”

ဤအချိန်တွင် ကျိရှောင်းက သူ့ရှေ့ရှိရှစ်ဖုန့်အား ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကိုကြည့်နေသကဲ့သို့ ပြုံးကာကြည့်လိုက်သည်။

အစောပို်ငးကရှစ်ဖုန့်အား ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိစွာ

ဖြင့်စကားများပြောခဲ့ခြင်းမှာ ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်

သို့အောင်မြင်စွာဖြင့် ဝင်ရောက်နို်ငခဲ့သောကြောင့်ဖြစ်သည်။

“ဖျက်ဆီးစမ်း”

ကျိရှောင်းမှာ အခြေအနေအားလုံးဝထိန်းချုပ်နိုင်သည့်အသွင်နှင့်အတူ စွမ်းအင်တို့ဖြင့်ပြည့်နှက်နေ၏။ သူ၏ ဘယ်လက်ငါးချောင်းအားအနည်း

ငယ်ဖြန့်လိုက်ပြီး အနည်းငယ်မြှောက်လိုက်၏။ ဤအချိန်တွင် ဧရာမ ခရမ်းစိမ်းရောင်လက်ဖဝါးရိပ်ကြီးတစ်ခုက ရှစ်ဖုန့်၏အထက်၌ပေါ်လာပြီး အောက်ဘက်ရှိ ရှစ်ဖုန့်အားလုံးဝဖုံးလွှမ်းထား၏။

ထို့နောက်ချက်ချင်း ကျိရှောင်း၏ဘယ်လက်က အနည်းငယ်လှုပ်ရှားသွားပြီး ခရမ်းရောင် လက်ဖဝါးရိပ်ကြီးက ရှစ်ဖုန့်ပေါ်သို့ဖိကျလာသည်။

“ဘယ်လိုတောင် အားကောင်းလိုက်တဲ့စွမ်းအင်လဲ.. “

စင်မြင့်အားစောင့်ကြည့်နေကြသော

ကျင့်ကြံသူများမှာ ရှစ်ဖုန့်ထက်ရှိ ကောင်းကင်ထဲမှဖုံးလွှမ်းထားသော

ခရမ်းစိမ်းရောင်လက်ဖဝါးရိပ်ကြီး

အားတွေ့လိုက်ရသည်။ ဤသည်မှာသတို့သားရွေးချယ်ပြိုင်ပွဲအတွင်း သူတို့မြင်ဖူးသော အစွမ်းထက်ဆုံးစွမ်းအားပင်ဖြစ်သည်။

“အခု..ဒီစွမ်းအားရဲ့အောက်မှာ အဲ့ရှစ်ဖုန့်တော့ ပြီးသွားပြီမလား…မောက်မာတယ်.. ထကြွတယ်. ကိုယ့်ကိုယ်ကိုဘယ်လိုထိန်းထိန်း

သိမ်းသိမ်းနေရမယ်ဆိုတာမသိဘူး. ဒီလိုလူစားမျိုးကအသက်ရှည်မှာမဟုတ်ဘူး.”

အချို့သောလူများမှာ ခရမ်းစိမ်းရောင်လက်ဖဝါးရိပ်ကြီးနှင့်

အောက်ဘက် ရှိအနက်ရောင်ပုံရိပ်အားကြည့်၍ ပြောလိုက်ကြသည်။

“ဟူး…နှမြောစရာပဲ.. မျိုးဆက်တစ်ခုရဲ့ ဒီလိုပါရမီရှင်မျိုးက ဒီနေရာမှာသေရတော့မယ်.. ငါတို့ရဲ့ထျန်းလျန်အင်ပါယာထဲမှာ ကျိရှောင်းလိုလူမျိုးနဲ့တွေ့တာကသူ့အတွက်ကံမကောင်းတာပဲ…. ဒီအချိန်မှာကျိရှောင်းကလည်း ရှစ်ဖုန့်လိုလူမျိုးမွေးဖွားလာ

လို့ဝမ်းနည်းနေမယ်လို့ယူဆရတယ်”

“မင်းသမီးအတွက် သတို့သားရွေးချယ်ပြိုင်ပွဲက ကျိရှောင်းကလွဲပြီးတစ်ခြားသူအတွက် မဟုတ်တော့ဘူးလို့ငါထင်တယ်..”

“ကျိရှောင်းက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးဖြစ်လာဖို့ထိုက်တန်နေပြီ.. ဆယ်ရက်အတွင်းမှာ ပဲ ကြယ်တစ်ပွင့်မဟာသူတော်စင်

နယ်ပယ်ဖြစ်ခဲ့ပြီး ထပ်ပြီးတော့ကြယ်နှစ်ပွင့်မဟာသူတော်စင်နပယ်ထဲကိုလည်းဝင်ရောက်ခဲ့တယ်.. ဒီလိုလူမျိုးက အရှေ့ပိုင်းဒေသကြီးတစ်ခွင် ဖြတ်သန်းကျော်ကြား လောက်တယ်”

ဧရာမခရမ်းစိမ်းရောင်လက်ဖဝါးကြီး

ပေါ်လာပြီးပြီးချင်း တိုက်ပွဲအား ကြည့်ရှုနေကြသောသူများမှာ ထွက်လာမည့်တိုက်ပွဲရလဒ်အား

ကြိုမျှော်မှန်းထားကြီး ဖြစ်ပုံရနေသည်။ ဤအချိန်တွင် “ဝုန်း” ဟူသောအသံနှင့်အတူ အားလုံး၏အာရုံစိုက်မှုများအောက်တွင် အနက်ရောင်ပုံရိပ်အားလွှမ်းမိုးထားသော ဧရာမခရမ်းစိမ်းရောင်ပုံရိပ်ကြီးက ၎င်း၏အပေါ်သို့ ကျလာပြီး ၎င်းအား လွှမ်းခြုံဝါးမျိုသွားသည်ကိုလူများ

တွေ့လိုက်ကြရသည်။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း…ဝုန်း..”

စွမ်းအားကြီး ခရမ်းစိမ်းရောင် လက်ဝါးအောက်တွင် စင်မြင့်တစ်ခုလုံးက ပြင်းထန်စွာလှုပ်ခါလာပြီး မြည်ဟိန်းသံများထွက်ပေါ်လာသည်။

ခရမ်းစိမ်းရောင်လက်ဖဝါးကြီး၏အောက်၌ အနက်ရောင်ပုံရိပ်မှာလုံးဝ

ပျောက်ကွယ်သွားပြီး ယင်းက ဤတိုက်ပွဲ၏ အနိုင်ရလဒ်အားလုံးဝ

ကိုယ်စားပြုနေပြီးဖြစ်သည်။

“နောက်ဆုံးတော့လည်းငါကပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်လာမယ်လို့မျှော်လင့်ထားခဲ့ပေမဲ့. ကျိရှောင်းရဲ့လက်ဝါးအော်ကမှာအရမ်းရိုးရှင်းစွာနဲ့အဆုံးသတ်သွားရတာပဲ”

ဤအချိန်တွင် စင်မြင့်နံပါတ်တစ်ဆယ်အထက်ရှိ စာပေသမားဒိုင်ဖြစ်သူ၏ ကြည်လင်သောသံက ထွက်ပေါ်လာသည်။

“စင်မြင့်နံပါတ်တစ်ဆယ်အတွင်းတိုက်ပွဲမှာ အနိုင်ရရှိသူကတော့ စင်မြင့်နံပါတ်နှစ်ဆယ့်ငါးရဲ့ချံပီယံပဲဖြစ်တယ်”

ဒိုင်ဖြစ်သူမှာနောက်ဆုံးစကားအားပြောချိန်တွင်သူ၏လေသံ၌စိတ်ပိုင်းဖြတ်ထား

မှုတို့ဖြင့်ပြည့်နှက်နေသည်။ ဤကဲ့သို့လွန်စွာ စွမ်းအားကြီးပြင်းထန်သော စွမ်းအင်တို့အောက်တွင် အနက်ရောင်ပုံရိပ်က ကျဆုံးသွားပြီးဟုတွေးခဲ့သည်။

သို့သော် အားလုံးကဤကဲ့သို့ထပ်တူတွေးနေကြသည့်အချိန်တွင် စင်မြင့်နံပါတစ်ဆယ်ပေါ်၌ ငယ်ရွယ်ပြီးလွန်စွာ ရင်းနီးသောအသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်။

ထို့နောက် လူများ၏ ထိတ်လန့်မှု၊မယုံကြည်နိုင်မှုတို့နှင့်

မျက်လုံများအောက်၌ပင် စင်မြင့်နံပါတစ်ဆယ်အားထိမှန်သွားသော ဧရာမခရမ်းစိမ်းရောင် လက်ဖဝါးကြီးမှာ မှန်ကဲ့သို့ ရုတ်တရက် ပြိုကွဲ သွားသည်ကို အားလုံးတွေ့လိုက်ကြရသည်။

ထို့နောက် ဧရာမအဖြူရောင်ဓားချီကြီးတစ်ခု

ထွက်ပေါ်လာပြီး ကောင်းကင်ထဲသို့တည့်တည့်ထိုးတက်သွား၏။

ဧရာမအဖြူရောင်ဓားချီ၏အောက်တွင် ဝင့်ကြွားစွာရပ်နေသော ရင်းနှီးသည့်အနက်ရောင်ပုံရိပ်အားတွေ့ရပြီး ကောင်းကင်အားထိုးခွင်းတက်သွား

သောအဖြူရောင်ဓားချီမှာ ဤအနက်ရောင်ပုံရိပ်၏ ဓားကြောင့်ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဒါက..ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ.. သူ..သူမသေသေးဘူး. ရှစ်ဖုန့်မသေသေးဘူးဟ”

“သူမသေသေးတာတင်မဟုတ်ဘူး. သူရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ ကျိရှောင်းရဲ့တိုက်ခိုက်မှုကိုအနိုင်ယူခဲ့တာ”

“မယုံနိုင်စရာပဲ.. ဒီမောက်မာတဲ့သူက ရိုးရိုးလေးကို ရင်ဆိုင်ပြသွားတာပဲ…ကျိရှောင်းရဲ့စွမ်းအားကြီးတိုက်ခိုက်မှုက တကယ်ပဲ သူ့ကြောင့်ကျိုးပျက်သွားခဲ့တယ်…

“နဂါးဆင်းသက်တာပဲ. ကြည့်ရတာနောက်လာမဲ့ဟာက တကယ့်ကျားနဲ့နဂါးကြား

ထဲကတိုက်ခိုက်မှုဖြစ်လိမ့်မဲ့ပုံပဲ.. အစတုံးကဒီလူငယ်လေး

ရှစ်ဖုန့်သေချာပေါက်သေပြီလို့ငါထင်ခဲ့ပေမဲ့.. သူ ကထပ်ပြီးမြင့်တက်လာလိမ့်မယ်

လို့တော့ငါလုံးဝ မမျှော်လင့်ထားခဲ့ဘူး.

“ဒါက….”

အစောပိုင်းက ကြေညာချက်အားထုတ်ပြန်ခဲ့သော စင်မြင့်နံပါတ်တစ်ဆယ်အထက်မှ ဒိုင်ဖြစ်သူပင် သူ၏မျက်နှာထက်၌ အခက်ကြုံမှုတို့ဖြစ်ပေါ်နေသည်။ ဤကဲ့သို့ အဆက်မပြတ်ထိုးနှက်တိုက်ခိုက်ခံရမှုအောက်တွင် သူ့အနေဖြင့် ဤလူငယ် အား အသက်ရှင်လိမ့်မည်ဟု မည်ကဲ့သို့ထင်ပါမည်နည်း။သို့သော်လည်း၎င်းက ရှင်သန်နေခဲ့သည်ဖြစ်သည်။

“အဟမ်း”

ဒိုင်ဖြစ်သူမှာ အခက်ကြုံစွာဖြင့် ချောင်းဟန့်လိုက်ပြီးနောက်

ဆက်လက်ကြေညာလိုက်သည။

“အစောက ငါ့ရဲ့အကဲခတ်မှမှားယွင်းသွားခဲ့တယ်.. ပွဲကိုဆက်သွားပါ့မယ်”

“ဒီ..ဒီစွမ်းအား”

ရှိနေသူများကြားထဲတွင် တုန်လှုပ်အံ့အားအသင့်ရဆုံးသောသူမှာ ကျိရှောင်းကလွဲပြီးအခြားမဟုတ်ပေ။ အစောပိုင်းကသူ၏ ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်စွမ်းအားတို့ပါဝင်သောတိုက်ခိုက်မှုမှာ ၎င်းကြောင့်တကယ်ကြီးကျိုးပျက်

သွားခဲ့သည်ဖြစ်သည်။ထို့နောက် ကောင်းကင်ထဲသို့ထိုးတက်လာသော အဖြူရောင်ဓားစွမ်းအင်၏ စွမ်းအားကိုလည်းသူအာရုံခံမိလိုက်၏။ ဤစွမ်းအားကသူပိုင်ဆိုင်ထား

သောစွမ်းအားထက်အားနည်းခြင်းရှိမနေပေ။

“ဒါက.. ဘယ်လိုဖြစ်နိုင်ရမှာလဲ.. သူကတကယ်ပဲ ဒီလိုတိုက်ခိုက်ရေးစွမ်းအားမျိုးမကို ရရှိထားတယ်.. “

ကျိရှောင်း၏နှလုံးသားထဲတွင်

သူ၏ရှေ့၌ချက်ချင်းလက်ငင်းဖြစ်ပျက်နေမှုများအား လက်သင့်ခံနိုင်ရန်ခက်ခဲနေသည်။

All Chapters