အခန်း (၆၀၇)
Vol. 41 Ch. 607
သွေးသောက်ဓားက မြင့်မြတ်ဓားအပိုင်းအစနှင့်ပေါင်းစပ်ပြီး
သည့်နောက်တွင် ၎င်းက အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ်သို့
အောင်မြင်စွာတက်လှမ်းသွားခဲ့သည်။ ရှစ်ဖုန့်က ယခု ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်ဖြစ်ပြီး ဤဓားဖြင့်သူအသုံးပြုသောဓားပညာရပ်က တကယ်ပဲ ကြယ်နှစ်ပွင့်မဟာသူတော်စင်
နယ်ပယ်တစ်ယောက်၏စွမ်းအားသို့ရောက်ရှိနေသည်ဖြစ်သည်။
ပြောရလျှင် ရှစ်ဖုန့်၏သွေးသောက်ဓားဖြင့်တိုက်ခိုက်မှုက ယခုအခါတွင် တိုက်ခိုက်မှုတစ်ခုထုတ်ဖော်ရန်
အတွက်ငရဲဘုံကိုးခုစွမ်းအားတို့အား ပေါင်းထည့်ရသော လပြည့်ဓားထက်ပို၍ အစွမ်းထက်သည်ဖြစ်သည်။
အကယ်၍ ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်ငရဲဘုံကိုးခု စွမ်းအင်တို့အား လပြည့်ဓားအတွင်းပေါင်းထည့်ကာအသက်သွင်းလိုက်လျှင် ၎င်း၏စွမ်းအားက ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်အထွတ်ထိပ်အဆင့်၌သာရှိလိမ့်မည်ဖြစ်ပြီး ယင်းမှာကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်စွမ်းအားနှင့်ခြေတစ်လှမ်းစာ
ကွာဟနေသေးသည်ဖြစ်သည်။
၎င်းကခြေတစ်လှမ်းစာသာဖြစ်သော်လည်း ကွာဟချက်ကတော့ရှိနေဆဲပင်ဖြစ်၏။
စင်မြင့်နံပါတ်တစ်ဆယ်ထက်တွင် လူများမှာ အနက်ရောင်ပုံရိပ်၏ လှုပ်ရှားမှုအားမြင်တွေ့နေရသည်။
ရှစ်ဖုန့်၏သွေးသောက်ဓားရှည်က ရှေ့သို့ခုတ်ပိုင်းချလိုက်၏။
ရှစ်ဖုန့်၏သွေးသောက်ဓားကခုတ်ပိုင်းလိုက်သကဲ့သို့ ကောင်းကင်ထဲသို့ထိုးတက်သွားသည့် ဧရာမအဖြူရောင်ဓားချီကလည်း ရှေ့၌ရှိနေသောကျိရှောင်းထံသို့တစ်ဟုန်ထိုး တိုက်ခိုက်လာသည်။
“ချိုးဖျက်စမ်း”
ဤအချိန်တွင် ကျိရှောင်းကသူ၏လှံအား
ကောင်းကင်ထဲသို့ထိုးညွှန်ပြီး အသံနက်ဖြင့်အော်ပြောလိုက်သည်။
“ဂါး”
ခက်ထန်သောနဂါးတစ်ကောင်၏အော်သံက ကောင်းကင်ထဲ၌ထွက်ပေါ်လာပြီး ကောင်းကင်ထဲ၌ ဧရာမခရမ်းစိမ်းရောင်နဂါးဆင်ပုံရိပ်ကြီး
ပေါ်လာသည်။ထို့နောက်တွင်၎င်းက ရုတ်ခြည်းခုတ်ပိုင်းကျရောက်လာသော ဧရာမအဖြူရောင်ဓားချီထံသို့ ဦးတည်သွား၏။
“ဝုန်း..ဝုန်း..”
ပြင်းထန်သောစွမ်းအားနှစ်ခုက တစ်ခုနှင့်တစ်ခု ရုတ်ခြည်း အပြင်းအထန်ထိတွေ့သွားပြီး
ဧရာမမိုးချုန်းသံကဲ့သို့သော ပေါက်ကွဲသံအား မြည်ဟိန်းထွက်ပေါ်လာစေသည်။ စင်မြင့်နံပါတ်တစ်ဆယ်ပေါ်ရှိနေရာတစ်ခုလုံး ဤအချိန်၌ပြင်းထန်စွာတုန်ခါသွားသည်။
ပြင်းထန်သောစွမ်းအားကြီးစွမ်းအင်များက စင်မြင့်နံပါတစ်ဆယ်ပေါ်၌ အရူးအမူး ထွက်ပေါ်နေပြီး ကောင်းကင်ထဲသို့ပါပျံ့နှံ့နေသည်။
ထျန်းလျန်အင်ပါယာ၏ တော်ဝင်မိသားစုက သာ ဤစင်မြင့်ထက်၌ အတားအဆီးကိုမတပ်ဆင်ထားခဲ့လျှင် ပြင်းထန်သောစွမ်းအင်များက ပျံ့နှံ့ထွက်လာပြီးဤအချိန်၌ မရေတွက်နိုင်သောသေကြပျက်စီးမှု
များအားဖြစ်စေလိမ့်မည်ဆိုသည်အား စောင့်ကြည့်နေသော ပွဲကြည့်ပရိတ်သတ်များမှာ သံသယမရှိကြပေ။
၎င်းတို့နှစ်ဦး ထုတ်ဖော်သော်စွမ်းအားက လွန်စွာထိတ်လန့်ဖို့ကောင်းသည်ဖြစ်သည်။
ပြင်းထန်သောစွမ်းအင်များ၏အလယ်ဗဟိုတွင် အနက်ရောင်ပုံရိပ်က ခရမ်းစိမ်းရောင်ပုံရိပ်နှင့် ပြင်းထန်စွာတိုက်ခိုက်နေသည်။
သိပ်သည်းသောအဖြူရောင်ဓားစွမ်းအင်တို့က တစ်ခုပြီးတစ်ခုပေါ်လာပြီး ခရမ်းစိမ်းရောင်အရိပ်များ
နှင့်ရှုပ်ယှက်ခတ်နေ၏။
ပြင်းထန်သောသွေးနီရောင်မီးတောက်တို့က အနက်ရောင်ပုံရိပ်ထံမှ ဟုန်းခနဲထွက်ပေါ်လာသည်။ တောက်ပသော ခရမ်းစိမ်းရောင်အလင်းကလည်း ကောင်းကင်ထက်မှက ခရမ်းစိမ်းရောင်ပုံရိပ်ပေါ်သို့ကျဆင်းလာသည်။
တိုက်ခိုက်နေသောပုံရိပ်နှစ်ခုအား ပြင်းထန်သော စွမ်းအင်များကဖုံးလွှမ်းသွားပြီး နှစ်ယောက်လုံးကြည့်ရှုသူများ
၏မြင်ကွင်းမှပျောက်ကွယ်သွားသည်။
ပွဲကြည့်ပရိတ်သတ်များမှာ ပြင်းထန်သောစွမ်းအင်များကြား
နှစ်မြုပ်သွားသည့်ပုံရိပ်နှစ်ခုနှင့်စင်မြင့်ပေါ်ရှိ ပြင်းထန်သောနေဆဲဖြစ်သောစွမ်းအင်များ အားကြည့်၍ ထိတ်လန့်စွာဖြင့်ပြောလိုက်ကြသည်။
“ဒါ..ဒါကအရမ်းစွမ်းအားကြီးတာပဲ.. ဒါက ကြယ်နှစ်ပွင့်မဟာသူတော်စင်
နယ်ပယ်ရဲ့စွမ်းအားများဖြစ်နိုင်မလား..”
“အဲ့လိုပဲဖြစ်မယ်..အစွမ်းထက်သန်မာတဲ့ယောက်ျားတွေကြားထဲက အစစ်အမှန်တိုက်ပွဲတစ်ခု.. ရှစ်ဖုန့်က ကျိရှောင်းရဲ့ခြေလှမ်းအတိုင်း
မလိုက်ပဲနဲ့ဒီအခြေအနေထိရောက်လိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး. ဒီနှစ်ယောက်က တကယ့်ကို စစ်မှန်တဲ့ သန်မာသူတွေ စစ်မှန်တဲ့ပါရမီရှင်တွေပဲ”
“ဒီတိုက်ပွဲက ငါ့ဘဝရဲ့မျက်မြင်ကိုယ်တွေ့ကြုံဖူး
သမျှထဲမှာအပြင်းထန်ဆုံးတိုက်ပွဲပဲ.. ငါ့အမြင်ကတော့ ဒီတိုက်ပွဲက ငါတို့ထျန်းလျန်အင်ပါယာရဲ့သမိုင်းမှတ်တမ်းမှာရေးထိုးထားဖို့လုံလောက်တယ်.. အဲ့တာကရာစုနှစ်ပေါင်းများစွာ
ကျော်ကြားဖို့အတွက်လုံလောက်တယ်”
ကြည့်ရှုနေကြသူများမှာရုတ်တရက် မေးခွန်းတစ်ခုအားတွေးမိလိုက်ပြီး
ပြောလိုက်သည်။
“ရှစ်ဖုန့်က ဘယ်ကနေလာတာလဲ. မမေ့လိုက်နဲ့အုံး သူ့အသက်အရွယ် ကျိရှောင်းထက်ဆယ်နှစ်နီးပါး
လောက်ငယ်တာကို.. ဒီလိုအသက်အရွယ် ဒီလိုပါရမီမျိုးနဲ့..အကယ်၍သူသာဆက်ပြီး ကြီးထွားမြင့်တက်လာအုံးမယ်ဆိုရင်..”
“ဟုတ်..ဟုတ်တယ်..သူက.. အခုမှ ဆယ့်ငါးဆယ့်ခြောက်အရွယ်
ကောင်လေးပဲရှိသေးတာ….
မိုးကောင်းကင်ရေ..”
တစ်စုံတစ်ယောက်ကသတိပေး
လိုက်သောအခါတွင် ကြည့်ရှုနေကြသူများမှာ ဤတုန်လှုပ်ဖွယ်ကောင်းသောမေးခွန်းအားတစ်ယောက်ပြီးတစ်ယောက်တွေးလိုက်ကြသည်။
လူအုပ်ကြီးနှင့်သိပ်မဝေးလှသော
နေရာတွင်အဖြူရောင်ပုံရိပ်တစ်ခုကရှိနေသည်။ အဖြူရောင်ဝတ်ရုံအားဝတ်ဆင်
ထားသည့်လူငယ်တစ်ယောက်က စင်မြင့်နံပါတ်တစ်ဆယ်ထက်ရှိ
တိုက်ပွဲအားတိတ်တဆိတ်စောင့်ကြည့်နေ၏။
စင်မြင့်နံပါတ်တစ်ဆယ်ထက်
သို့သူပိုပြီးကြည့်လေ လူငယ်မှာသူ၏လက်သီးများ
အားတင်းနေအောင်ပို၍ ဆုပ်ထားလေဖြစ်သည်။ ဤအခိုက်အတန့်တွင် လူငယ်၏လည်ပင်း၌ချိတ်ဆွဲထားသော ကျောက်စိမ်း ပြားထံမှ အိုမင်းသောအက်ကွဲကွဲအသံ
တစ်ခုထွက်ပေါ်လာသည်။
“ထားလိုက်ပါ. ကျုံးအာ..သွားကြစို့”
“ဒါပေမဲ့..ဆရာ..”
ယန်ကျုံးကလက်သင့်မခံနိုင်စွာ
ဖြင့်ပြောလိုက်သည်။
“အကယ်၍ ကျွန်တော်သူနဲ့ကွင်းထဲမှာတွေ့ခဲ့ရင်သူ့ကိုသတ်မယ်လို့ပြောခဲ့တယ်. အကယ်၍ ကျွန်တော်သာအခုလိုထွက်သွားလိုက်ရင် ကျွန်တော် ယန်ကျုံးက စကားကြီးစကားကျယ်တွေကိုပဲ ပြောတတ်တဲ့သူဖြစ်သွားမှာပေါ.”
“ဟေး ..ကျုံးအာ”
အိုမင်းသောအသံပိုင်ရှင်က
သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“သူ့ရဲ့စွမ်းအားက ကြယ်နှစ်ပွင့်မဟာသူတော်စင်နား
ကိုရောက်နေပြီ.. အကယ်၍ မင်းသာသူနဲ့တွေ့ရင် သူ့ကိုသတ်ဖို့ကျရှုံးရုံတင်မကဘူး. မင်းပါသူသတ်တာကိုခံရလိမ့်မယ်.. မင်းသာအသတ်ခံလိုက်ရရင် .. အရာအားလုံးပျက်သုဉ်းသွားလိမ့်မယ်.. ပြီးသွားလိမ့်မယ်”
“ကျုံးအာမင်းဒီအသက်ရှင်နေတဲ့ဘဝကို ထိန်းထားနိုင်မှသာမင်းဆက်ပြီး
တော့သန်မာလာနိုင်မှာ.. အဲ့နောက်မှာသာ အနာဂတ်မှာမင်းလိုချင်တာကိုမင်းရနိုင်ပြီး မင်းရဲ့လမ်းကိုနှောက်ယှက်တဲ့အဟန့်အတားတွေအားလုံးကို ရှင်းထုတ်ပစ်နိုင်မှာ..အဲ့နောက်မှသာဒီလူတွေကိုသေတဲ့အထိ မင်းရဲ့ခြေဖဝါးအောက်မှာနင်းခြေပစ်နိုင်မှာ”
“ကျွန်..ကျွန်တော်နားလည်ပါပြီ ဆရာ..”
ထိုသို့ပြောပြီးနောက် ယန်ကျုံးက စင်မြင့်နံပါတစ်ဆယ်သို့ဆက်လက်ကြည့်နေပြီးလက်သင့်မခံနိုင်မှုများစွာဖြင့် သူ၏လက်သီးတို့အားတင်းနေအောင်ဆုပ်ကာ တိတ်တဆိတ်ဆုတ်ခွာလိုက်သည်။
စင်မြင့်နံပါတ်တစ်ဆယ်ထက်တွင် ပြင်းထန်သောစွမ်းအင်များ
ကဖြည်းဖြည်းချင်းစတင်လွင့်ပျယ်လာပြီး အနက်ရောင်ပုံရိပ်နှင့် ခရမ်းစိမ်းရောင်ပုံရိပ်တို့က အားလုံး၏မြင်ကွင်းအတွင်း၌
ဖြည်းဖြည်းချင်းပေါ်လာသည်။
ပုံရိပ်နှစ်ခုပေါ်ပေါ်လာခြင်း
တစ်စုံတစ်ယောက် က ရုတ်ခြည်းကျယ်လောင်စွာ
အော်ပြောလိုက်သည်။
“ကြည့်လိုက်.. သူတို့ပေါ်လာပြီ.. သူတို့ပေါ်လာကြပြီ”
“ရှစ်ဖုန့်နဲ့ကျိရှောင်း.. တိုက်ပွဲရဲ့အခြေအနေကဘာများဖြစ်နေမလဲ”
ဤအချိန်တွင် စင်မြင့်ထက်ရှိလူနှစ်ဦးမှာ လူချင်းကွဲနေပြီးဖြစ်ပြီး လေထဲ၌ဝင့်ကြွားစွာရပ်နေလျက် တစ်ယောက်ကိုယ်တစ်ယောက် အကွာအဝေးတစ်ခုစီမှ ကြည့်နေကြသည်။
သို့သော်သူတို့ထဲကမည်သူကမှ ပုံစံကောင်း၌ရှိမနေချေ။
ရှစ်ဖုန့်ပေါ်လာပြီးနောက်တွင် သူ၏အနက်ရောင်ဝတ်ရုံက စုတ်ပြဲနေပြီးသူ၏ဆံပင်များကရှုပ်ပွနေသည်။ သူ့၌ယခင်ကဲ့သို့ခန့်ညားသည့် လူငယ်တစ်ယောက်အသွင်ရှိမနေတော့ဘဲ သူတောင်းစားတစ်ယောက်နှင့်ပိုတူနေ၏။
ကျိရှောင်းမှာလည်း ယခုအခါ၌များစွာကောင်းမွန်နေခြင်းမရှိဘဲ သူ၏ကိုယ်ပေါ်ရှိ ခရမ်းစိမ်းရောင်ချပ်ဝတ်မှာစုတ်ပြတ်နေသည်။ သူ၏ ဆံပင်တို့ကလည်းမီးလောင်ခံထားရပြီး တူးချစ်အောင်မဲနက်နေကာ ယခုအချိန်ထိတိုင်အနက်ရောင်
မီးခိုးငွေ့အချို့ထွက်နေဆဲဖြစ်သည်။ သူ၏ ခက်ထန်သော မျက်နှာ၌ပင် မီးဟက်ထား၏။
ကျိရှောင်းကသူ၏ရှေ့၌ရှိနေသော အနက်ရောင်ပုံရိပ်အားကြည့်၍
အေးစက်စွာပြောလိုက်သည်။
“မင်းဒီလိုအခြေအနေမျိုးကို
ရောက်လိမ့်မယ်လို့ငါလုံးဝမမျှော်လင့်ထားခဲ့ဘူး. ကောင်းတယ်..အရမ်းကောင်းတယ်.ငါအားမွေးဆုံးဖြတ်ထားတာကမင်းကိုသတ်ရဖို့ပဲ. ဒီနေ့ မင်းဘာပဲဖြစ်နေပါစေ သေရမယ်”
“ဟမ့်.ငါကသေရမှာတဲ့လား”
ကျိရှောင်း၏စကားများအားကြားပြီးနောက်ရှစ်ဖုန့်က အထင်သေးစွာဖြင့်ပြောလိုက်သည်။
“ဒီသခင်လေးသာ မင်းလိုမျိုးအရှုံးသမားလက်ထဲမှာသေရရင် ဒီသခင်လေးရဲ့ကျင့်ကြံခဲ့မှု
တွေကဘာဖြစ်သွားမလဲ. နှစ်ပေါင်းများစွာကျင့်ကြံအားထုတ်ခဲ့တာတွေက ခွေးတစ်ကောင်လို့လေ့ကျင့်ခဲ့
လို့ပဲဖြစ်နေလိမ့်မယ်”
“ဒီနေ့မင်းကိုသတ်ပြီးတော့ မင်းရဲ့သွေးအကူအညီနဲ့ ပိုမြင့်မားတဲ့အဆင့်တစ်ခုကို ဒီသခင်လေးတက်လှမ်းမယ်”
ကျိရှောင်းအားသတ်ပြီးကျိရှောင်း၏
သေခြင်းစွမ်းအင်၊သွေးတို့အားဝါးမျိုနိုင်ခဲ့ပါက သူ့အနေဖြင့် မဟာသူတော်စင်နယ်ပယ်သို့အောင်မြင်စွာတက်လှမ်းဝင်ရောက်နိုင်မည်ဖြစ်၏။
ဤအချိန်တွင် ရှစ်ဖုန့်အားအေးစက်စွာစိုက်ကြည့်နေသည့် ကျိရှောင်းထံမှ စွမ်းအားကြီးခမ်းနားသော အရှိန်အဝါတစ်ခုကနောက်
တစ်ကြိမ်မြင့်တက်လာပြီး ကောင်းကင်ထဲသို့တည့်တည့်
ပင်ထိုးတက်သွားသည်။
“ငရဲကိုသွားလိုက်စမ်း.ဒီနေ့မင်းကိုတကယ့်စွမ်းအားကဘာလဲ.တကယ့်သိုင်းပညာကဘာလဲဆိုတာကို သိခွင့်ပေးမယ်..”
ကျိရှောင်းမှာ ဤသို့ပြောပြီးနောက် သူ၏လက်ထဲရှိလှံအား ထိုးညွှန်ုလိုက်ပြီး သူ၏ပါးစပ်မှရုတ်ခြည်းအော်ပြောလိုက်၏။
“ခရမ်းရောင်မိုးကြိုး အစိမ်းရောင်မီးတောက် ..ခရမ်းစိမ်းမိုးကြိုးမီး”