← Chapters

အခန်း (၆၀၈)

Vol. 41 Ch. 608

အခန်း (၆၀၈)

Vol. 41 Ch. 608

“ခရမ်းရောင်မိုးကြိုး

အစိမ်းရောင်မီးတောက် ..

ခရမ်းစိမ်းမိုးကြိုးမီး”

ကျိရှောင်း၏ ခက်ထန်သောအော်သံနောက်သို့လိုက်ပါ၍ မူလက တောက်ပလင်းလက်နေသော ကောင်းကင်မှာ ရုတ်ခြည်းမည်းမှောင်လာသည်။ ကောင်းကင်၌ကြီးမားသည့်

အနက်ရောင်တိမ်တိုက်များက ဖုံးလွှမ်းနေပြီး တောက်ပလင်းလက်နေသော နေလုံးအားကာဆီးထားသည်။ ၎င်းကရုတ်ခြည်းတောက်ပနေသော

ဤကမ္ဘာကြီးဆီသို့အမှောင်ထု

အားခေါ်ဆောင်လာခဲ့၏။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..”

မည်းမှောင်နေသောတိမ်တိုက်များထဲတွင် ရုတ်ခြည်းခရမ်းရောင်မိုးကြိုး

များကတလိပ်လိပ်ထနေပြီး ကမ္ဘာကြီးအားဖြတ်သန်းရိုက်ခတ်

နေသည့်မြည်ဟိန်းသံများအားထွက်ပေါ်စေကာ မည်းမှောင်နေသောတိမ်တိုက်များကြားထဲ၌ ဒေါသထွက်နေသော မိုးကြိုးနဂါးတစ်ကောင်းပုန်းအောင်းနေသကဲ့သို့ပင်ဖြစ်သည်။

ထို့နောက်ချက်ချင်း တလိပ်လိပ်ထနေသောမိုးကြိုးများအောက်ရှိပါးလွှာသောလေထုထဲ၌ အစိမ်းရောင်မီးပင်လယ်တစ်ခု

ကတောက်လောင်လာ၏။ အစိမ်းရောင်မီးတောက်များက

ပြင်းထန်စွာတောက်လောင်နေသည်။ မူလက မည်းမှောင်နေသော ကမ္ဘာကြီးမှာ ရုတ်ခြည်း မီးတောက်အလင်းရောင်အောက်၌ အစိမ်းရောင်အဖြစ်သို့ပြောင်းလဲသွား၏။

“မိုးကြိုးနဂါးပြောင်းလဲခြင်း မီးဆင်ပြောင်းလဲခြင်း. ..ခရမ်းစိမ်းမိုးကြိုးမီးတောက် နဂါးဆင်.. “

ဤအချိန်တွင် စင်မြင့်နံပါတစ်ဆယ်ထက်၌ ကျိရှောင်း၏ခက်ထန်သောအော်သံက ထပ်မံထွက်ပေါ်လာသည်။

ကျိရှောင်း၏အော်သံကထပ်မံထွက်ပေါ်လာသကဲ့သို့ ကောင်းကင်တစ်ခွင်၌ သိမ်းကျုံးတောက်လောင်နေသော မီးတောက်များမှာ စင်မြင့်နံပါတ်တစ်ဆယ်ဟင်းလင်းပြင်ထဲ၌ အလယ်ဗဟိုတွင်စုစည်းသွားကြပြီး အစိမ်းရောင်မီးတောက်တို့ဖြင့်ဖွဲ့စည်းထားသော ဧရာမမီးတောက်ဆင်ကြီး

အဖြစ်သို့ပြောင်းလဲသွားသည်။

မီးတောက်တို့က ၎င်း၏ဦးခေါင်းပိုင်းအထိမြင့်တက်သွားပြီး ကျယ်လောင်သောဆူညံသံတစ်ခုနှင့်အတူ မြည်ဟိန်းသံတစ်ခုကလည်း ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ပဲ့တင်ထွက်ပေါ်လာသည်။

“ကျည်း…..”

တစ်ချိန်တည်းမှာပင် ဧရာမအစိမ်းရောင်မီးတောက်ဆင်ကြီး၏အထက်၌ရှိနေသောတလိပ်လိပ်ထနေသည့် ခရမ်းရောင်မိုးကြိုးများကလည်း ခရမ်းရောင်နဂါးတစ်ကောင်

အဖြစ်ဖွဲ့စည်းသွားပြီး ကမ္ဘာမြေအားတုန်ဟီးသွားစေသည့် နဂါးမြည်ဟိန်းသံတစ်ခုကို မြည်ဟိန်းလိုက်သည်။

“ဝေါင်း”

ခရမ်းရောင်မိုးကြိုးနဂါးနှင့်

အစိမ်းရောင်မီးတောက်ဆင်ကြီးတို့က ရုတ်တရက်လှုပ်ရှားလိုက်ကြပြီး အပြင်းအထန်ပစ်ဆောင့်သွားသည်။ ဟင်းလင်းပြင်ထဲ၌စွမ်းအားကြီး

အရှိန်အဝါတစ်ခုကပေါ်ထွက်လာပြီး ခရမ်းရောင်မိုးကြိုးတို့ကရစ်ပတ်တွန့်လိမ်နေပြီး အစမ်းရောင်မီးတောက်တို့က ပြင်းထန်စွာတောက်လောင်နေသည့် ခရမ်းစိမ်းရောင်နဂါးဆင်ကြီး

တစ်ကောင်ကဟင်းလင်းပြင်ထဲ၌ပေါ်လာကာ နတ်ဘုရားသားရဲတစ်ကောင်က ကမ္ဘာပေါ်သို့သက်ဆင်းလာ

သည့်နှယ်ပင်ဖြစ်သည်။

“ခရမ်းစိမ်းမိုးကြိုးမီးတောက် နဂါးဆင်.. ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင်ပဲ”

ဟင်းလင်းပြင်ထဲ၌ ခရမ်းစိမ်းမိုးကြိုးမီးတောက်

နဂါးဆင်ကြီးပေါ်လာသောအခါတွင် အောက်၌ရှိနေသာလူအုပ်ကြီးထံမှ ရုတ်တရက် လွန်စွာထိတ်လန့်တုန်လှုပ်သော

အံ့အားသင့်သံများထွက်ပေါ်လာသည်။

“ကောလာဟာတွေအရ ကျိမိသားစုရဲ့ဘိုးဘေး ကျိဘုရင်က စွမ်းအားကြီးနတ်ဘုရားသားရဲတစ်ကောင်ကို အရင်ဆုံးစီးနင်းခဲ့ပြီး အဲ့တာက ဒီခမ်းရမ်းစိမ်းရောင်မိုးကြိုး

မီးတောက်နဂါးဆင်တဲ့… ခရမ်းစိမ်းရောင်မိုးကြိုးမီးတောက်နဂါးဆင်က အရမ်းစွမ်းအားကြီးတယ်လို့ ပြောကြတယ်.. ကျိဘုရင်က ခရမ်းစိမ်းမိုးကြိုးမီးတောက်

နဂါးဆင်ကိုစီးနင်းပြီးတော့ တိုက်ပွဲတိုင်းမှာအောင်နိုင်ကာ အံ့ဖွယ်ကောင်းတဲ့ဒဏ္ဍာရီတစ်ခု

ကိုဖန်တီးခဲ့တယ်တဲ့”

“နောက်ပို်ငးကျိဘုရင်ကွယ်လွန်သွားတော့ ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင်လဲပျောက်ကွယ်သွားတယ်.. အခု ကျိရှောင်းရဲ့လက်အောက်မှာ

ရှိတဲ့နဂါးဆင်စီးနင်းတပ်ကလည်း ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင်ကနေဆင်းသက်လာတာတွေပဲ”

“အခုကျိရှောင်းထုတ်ဖော်လိုက်တဲ့လှုပ်ရှားမှုက တကယ်ပဲ ခရမ်းစိမ်းမိုးကြိုးမီးတောက် နဂါးဆင်ရဲ့စွမ်းအားပဲ.. အဲ့တာ ကျိဘုရင်က ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင်ဆီကနေအဲ့အချိန်တုံးက သင်ယူခဲ့တဲ့ ပြိုင်ဘက်ကင်းပညာရပ်လို့ပြောကြတယ်…

ဒါပေမဲ့အဲ့ပညာရပ်က ကျိမိသားစုထဲမှာပျောက်ကွယ်

သွားခဲ့တာနှစ်ပေါင်းများစွာရှိနေပြီ.

.ဒါပေမဲ့မမျှော်လင့်ထားစွာနဲ့ ကျိရှောင်းက အဲ့တာကိုပြန်လည်ရှာတွေ့ဖော်ထုတ်နိုင်ခဲ့တယ်…ကျိရှောင်းမင်းကတကယ့်ကိုပဲ မင်းရဲ့ဂုဏ်ပုဒ်နဲ့ထိုက်တန်မှုရှိပါတယ်.. “

“သူ့မှာသူ့ဘိုးဘေးလို့ အသွင်အပြင်တွေရှိတာပဲ…”

“လူငယ်ရှစ်ဖုန့်တစ်ယောက်

ဒီလှုပ်ရှားမှုကိုခံနိုင်ပါ့မလားဆိုတာကို ငါမသိဘူး”

“သေစမ်း”

ခရမ်းစိမ်းမိုးကြိုးမီးတောက်

နဂါးဆင်ပေါ်လာပြီးနောက်တွင် မူလကဒေါင်လိုက်ထိုးညွှန်ထား

သောကျိရှောင်း၏ခရမ်းစိမ်းလှံက ရုတ်တရက် ရှေ့၌ရှိနေသောရှစ်ဖုန့်ထံသို့ထိုးညွှန်ုလိုက်ပြီး ဒေါသတကြီးအော်ပြောလိုက်သည်။

ကျိရှောင်း၏ဒေါသတကြီး

အော်သံထွက်ပေါ်လာပြီးနောက် ကျိရှောင်း၏မျက်နှာကလွန်စွာ

ဖြူဖျော့သွားသည်ကို အာရုံစူးစိုက်မှုအပြည့်ရှိနေသောလူအချို့က ရုတ်ခြည်းသတိပြုမိလိုက်သည်။

ကျိရှောင်းကပြိုင်ဘက်ကင်း

ပညာရပ်ကိုအသုံးပြု၍ ဤစွမ်းအားကြီးတိုက်ကွက်အား

ထုတ်ဖော်ပြီးနောက်ယင်းက ၎င်း၏ခန္ဓာကိုယ်အတွင်းမှစွမ်းအင်

ပမာဏများစွာအားကုန်ဆုံးစေပြီး ဤအချိန်၌၎င်းအား အားအင်ကုန်ခမ်းသွားစေသော

အခြေအနေသို့စိုက်ရောက်သွားစေပုံပေါ်သည်။

တစ်ချိန်တည်းမှာပင် ကျိရှောင်း၏အော်သံနောက်သို့လိုက်ပါ၍ ဟင်းလင်းပြင်ထဲ၌ရှိနေသောခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင်က ရုတ်တရက်လှုပ်ရှားလာပြီး မိုးကြိုးမီးတောက်များနှင့်ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ အောက်တွင် ရှိနေသောစင်မြင့်နံပါတ်တစ်ဆယ်ရှိ လေထဲ၌ ရပ်တည်နေသော စုတ်ပြဲနေသည့်အဝတ်များနှင့်အနက်ရောင်ပုံရိပ်ပေါ်သို့ ကျဆင်းဦးတည်လာသည်။

ရှစ်ဖုန့်ကကောင်းကင်ထက်သို့မော့၍ ခရမ်းစိမ်းမိုးကြိုးနဂါးဆင်ကြီးအားကြည့်လိုက်ပြီးရုတ်တရက်ရယ်မောလိုက်သည်။

“အင်း..ဒီစွမ်းအားကတကယ်ကောင်းတယ်..

ဒါပေမဲ့ ဒီသခင်လေးမင်းရဲ့တိုက်ခိုက်မှုကိုတားပြီးရင် ဒီသခင်လေးကိုယှဉ်ပြိုင်ဖို့မင်းမှာ

စွမ်းအင်ဘယ်လောက်ထိကျန်အုံး

မလဲဆိုတာကိုကြည့်တာပေါ့…

မင်းကဒီသိုင်းနည်းစနစ်က

ဒီသခင်လေးအပေါ်မှာသုံးတာက

မင်းကိုယ်မင်းဖျက်ဆီးနေတာပဲ.. ဟားဟားဟား”

ရှစ်ဖုန့်၏ရယ်မောသံကစင်မြင့်နံပါတ်တစ်ဆယ်ထက်တွင်ပဲ့တင်ထပ်နေပြီး ရှစ်ဖုန့်၏ကိုယ်၌သွေးနီရောင်

အလင်းတစ်ခုလင်းလက်လာကာ သွေးနီရေင်ချပ်ဝတ်တစ်ခုအားရှစ်ဖုန့်၏ကိုယ်၌ဝတ်ဆင်လိုက်သည်ကို လူများမြင်တွေ့လိုက်ကြရသည်။

ထို့နောက် ရှစ်ဖုန့်၏ကိုယ်မှ သွေးနီရောင်မီးတောက်တို့ရုတ်တရက်ဟုန်းခနဲထွက်လာပြီး သွေးနီရောင်မီးတောက်လူသား

တစ်ယောက်အဖြစ်ပြောင်းလဲသွားသည်။သွေးနီရောင်မီးတောက်များကလည်းကောင်းကင်ထဲသို့ထိုးတက်သွားပြီး ခရမ်းစိမ်းမိုးကြိုးမီးတောက်

နဂါးဆင်ထံသို့ဦးတည်သွားသည်။

“သူ.. သူက ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင်တိုက်ခိုက်မှုကိုတားမယ်လို့ပြောခဲ့တယ်.. သူ့ပုံကြည့်ရတာ သူတကယ်တားချင်နေတဲ့ပုံပဲ. သူတကယ်ပဲအဲ့တာကိုတားနိုင်မှာလား…”

“ဒါက…သူကတကယ်ပဲ အရူးပဲ..ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးရဲ့တစ်ဟုန်ထိုးတိုက်ခိုက်မှုကိုတားဖို့ကြိုးစားနေတယ်”

“ဒါက.. အပြင်းထန်ဆုံးတိုက်ချက်တွေဖြစ်လာနေပြီ..အနိုင်အရှုံးကဒီမှာပဲထွက်မဲ့ပုံပဲ”

“အရမ်းဇောင်းကြွနေတယ်. ငရဲကိုသွားလိုက်စမ်း”

သွေးနီရောင်မီးတောက်လူသား

အဖြစ်ပြောင်းလဲသွားသောရှစ်ဖုန့်အားကြည့်၍ ခရမ်းစိမ်းလှံအားဒေါသတကြီး

ထိုးညွှန်ထားဆဲဖြစ်သော

ကျိရှောင်းကဖြူဖျော့နေသောမျက်နှာထက်ရှိ ခက်ထန်သောအသွင်ဖြင့် အော်ပြောလိုက်သည်။

ဤအချိန်တွင်ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင်ကြီးကဟင်းလင်းပြင်ထဲမှကျဆင်းလာပြီး အပေါ်သို့ထိုးတက်လာသည့်

သွေးနီရောင်မီးတောက်များ

အားဝါးမျိုသွားသည်။ ခရမ်းစိမ်းမိုကြိုးမီးတောက်

နဂါးဆင်ကြီးကဆက်လက်ကျဆင်းလာနေပြီး ၎င်းက သွေးနီရောင်မီးတောက်လူသားအား ဧရာမတောင်ကြီးတစ်လုံးကဲ့သို့

ထိမှန်သွားကာ လုံးဝဝါးမျိုသွားသည်။

ကျယ်လောင်သောပေါက်ကွဲသံတစ်ခု

နှင့်အတူ ဧရာမခရမ်းစိမ်းမိုးကြိုးမီး

တောက်နဂါးဆင်ကြီးက စင်မြင့်နံပါတ်တစ်ဆယ်ထက်သို့

ကျဆင်းလာသည်။၎င်းက ဤဧရိယာတစ်ဝိုက်၌ ပြင်းထန်သောငလျှင်တစ်ခုအား

လှုပ်ခတ်သွားစေကဲ့သို့ဖြစ်စေပစြီးနေရာတစ်ခုလုံးလှုပ်ခါယိမ်းထိုးနေမှုကရပ်တန့်ခြင်း မရှိပေ။

စင်မြင့်နံပါတ်တစ်ဆယ်ထက်သို့

ကျဆင်းလာသော ဧရာမခရမ်းစိမ်းမိုးကြိုးမီးတောက်

နဂါးဆင်နှင့်ပျောက်ကွယ်သွားသော အနက်ရောင်ပုံရိပ်တို့နှင့်အတူ လေထဲ၌ ဝင့်ကြွားစွာရပ်နေဆဲဖြစ်သော ခရမ်းစိမ်းရောင်ပုံရိပ်တို့အားကြည့်၍ ပွဲကြည့်ပရိတ်သတ်များမှာ ဤအချိန်၌လေအေးတို့အား

တစ်ချက်ရှိုက်သွင်းလိုက်ကြပြီး ဝန်းကျင်တစ်ခုလုံး ဆိတ်ငြိမ်ကျသွားသည်။

ဤအချိန်တွင်တစ်စုံတစ်ယောက်က တိတ်ဆိတ်မှုအားဖြိုခွင်းလာသည်။

“အဲ့သေချာပေါက်သေသွားပြီမလား”

ဤအသံထွက်ပေါ်လာသည်နှင့် တိတ်ဆိတ်နေသောလူအုပ်ပြီးမှာ တည်ညိမ်နေသောကန်ရေပြင်ထဲ ခဲတစ်လုံးပစ်ချလိုက်သကဲ့သို့ စတင်ပြောဆိုလာကြည်သည်။အသံများက ဆက်တိုက်ထွက်ပေါ်လာ၏။

“အရမ်းစွမ်းအားကြီးတယ်.. ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင် အဲ့တာက ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင်

လို့ခေါ်ဖို့ထိုက်တန်တယ်.. အဲ့တာက ကျိဘုရင်အဲ့အချိန်တုံးကဖန်တီးခဲ့တဲ့ ပြိုင်ဘက်ကင်းပညာရပ်တွေထဲကတစ်ခုဖြစ်ဖို့ထိုက်တန်တယ်.”

“အဲ့ရှစ်ဖုန့်… ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင်ရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုအောက်မှာ လုံးဝမသေသေးရင်တောင်မသေမရှင်

တော့ဖြစ်နေလောက်ပြီ”

“ကျိရှောင်း.. နိုင်ပြီ..ကျိရှောင်းက သူ့ရဲ့ဂုဏ်ပုဒ်နဲ့ထိုက်တန်တယ်.. ဝမ့်ကုန်းသေသွားတာမလို့ ငါတို့ထျန်းလျန်အင်ပါယာရဲ့ထိပ်တန်းအဆင့်ကျွမ်းကျင်သူဆယ်ယောက်စာရင်းက ပြောင်းလဲသွားတော့မဲ့ပုံပဲ. ကျိရှောင်းရဲ့သန်မာမှုနဲ့ဆိုရင် ဒီအဆင့်က ကလုံးဝကိုပြောင်းလဲသွားမှာ”

“ကြေညာလိုက်တော့”

ဤအချိန်တွင် စမြင့်နံပါတ်တစ်ဆယ်ထက်၌ ကျိရှောင်းကသူ၏ခေါင်းအားမော့လိုက်ပြီး စင်မြင့်ထက်ရှိ ဒိုင်ဖြစ်သူအားကြည့်လိုက်သည်။ ဒိုင်ဖြစ်သူအားဝင့်ကြွားစွာပြောလိုက်၏။

စွမ်းအားကြီးတိုက်ပွဲအားစောင့်ကြည့်နေသောဒိုင်ဖြစ်သူမှာ မှင်သက်နေသည်။ ကျိရှောင်း၏ဝင့်ကြွားသောအသံအား

ကြားလိုက်မှသာသူအသိပြန်ဝင်လာ၏။

“ဒါက..”

သို့သော် ဤအချိန်တွင် ဒိုင်ဖြစ်သူက စင်မြင့်နံပါတ်တစ်ဆယ်နှင့်၎င်းအထက်ရှိ ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင်ကြီးအား

ကြည့်လိုက်သည်။ သူ၏မျက်နှာထက်တွင်တုန့်ဆိုင်း

မှုအချို့ဖြစ်ပေါ်နေ၏။ ယခင်က ဤလူသေပြီဟုသူထင်ချိန်တွင်၎င်း

ကပြန်ပေါ်လာခဲ့သည်။

သူ၏ခန့်မှန်းကြေညာမှုက မှားယွင်းခဲ့၏။

ဤတစ်ကြိမ်တွင် ပျက်ကွက်မှုအကြွင်းမဲ့မရှိရ

လေအောင်ရလဒ်အားစောင့်ဆိုင်း

ပြီးမှသာကြေညာခြင်းက ပို၍ကောင်းသည်ဖြစ်သည်။

All Chapters