အခန်း (၆၀၉)
Vol. 41 Ch. 609
စင်မြင့်နံပါတ်တစ်ဆယ်ထက်၌ရှိနေသော ဒိုင်ဖြစ်သူမှာ ဤတစ်ကြိမ်၌ အကဲဖြတ်မှားယွင်းနှင့်နောက်ထက် ရှက်ကိုးရှက်ကန်းအခတ်ကြုံစရာ
အခြေအနေကို ရှောင်တိမ်းရန်အတွက် အနိုင်ရလဒ်အား အချိန်တစ်ခုကြာသည်အထိ မကြေညာသေးပဲရှိနေသည်။
သို့သော် ကျိရှောင်းက ကြေညာချက်အားမထုတ်ပြန်သေးသည့် ဒိုင်ဖြစ်သူအားကြည့်လိုက်သည်။ အားနည်းပြီးဖြူဖျော့နေသောမျက်နှာနှင့်မျက်မှောင်ကြုတ်လိုက်ပြီး စိတ်မကျေနပ်စွာဖြင့် ပြောလိုက်သည်။
“ဘာလို့သံသယဝင်နေသေးတာလဲ. ကျုပ်ဘာပြောထားလဲ..”
“ဒါ..ဒါက..”
ကျိရှောင်း၏အသံအားကြား
လိုက်ရပြီးသောအခါတွင် ဒိုင်ဖြစ်သူ၏မျက်နှာထက်ရှိတုံ့ဆိုင်းမှုကပို၍ ပြင်းထန်လာသည်။ ကျိရှောင်းကသူ့ထက်ရာထူးမြင့်မားပြီး ငယ်ရွယ်သူလည်းဖြစ်သည်။ ၎င်းကသိုင်းပညာလမ်းစဉ်၌ အောင်မြင်မှုများစွာကိုရရှိထားပြီး ၎င်း၏အနာဂတ်အောင်မြင်မှုများကပို၍ပင်စိတ်ကူးကြည့်၍မရနိုင်လောက်သည်ဖြစ်၏။ သူ့အနေဖြင့် ၎င်းအား အကြွင်းမဲ့စော်ကားလိုခြင်းမရှိပေ။ သို့သော် အကယ်၍ ဤတစ်ကြိမ်တွင်သာ နောက်ထပ်အကဲဖြတ်မှုမှားယွင်းသွားခဲ့လျှင်…
“ကြေညာလိုက်တော့”
ဒိုင်ဖြစ်သူကစကားပြောရန်တုန့်ဆိုင်းနေသည်ကိုတွေ့ရသောအခါတွင် ကျိရှောင်းကဒေါသတကြီး အေးစက်စွာအော်ပြောလိုက်သည်။
“ဒိုင်လူကြီးခင်ဗျားဘာလုပ်နေတာလဲ…
ဒီတစ်ကြိမ် အကယ်၍ရှစ်ဖုန့်သာ အသက်ရှင်နေသေးရင် ကျုပ်ဒီစင်မြင့်နံပါတ်တစ်ဆယ်ကြီးတစ်ခုလုံးကို ဝါးမျိုပြမယ်”
ကွင်းအတွင်းအချို့သောကြည့်နေကြသူများက ကျိရှောင်း၏စကားများအားကြားလိုက်ရပြီး ၎င်းထံသို့ကြည့်လိုက်သည်။ ၎င်းတို့ထဲမှတစ်စုံတစ်ယောက်က ဒိုင်ဖြစ်သူအား အထင်သေးစွာဖြင့်ပြောလိုက်၏။
“ကျိရှောင်းကတောင်ရှစ်ဖုန့်သေပြီလို့ပြောတယ်ဆိုရင် .. ရှစ်ဖုန့်တကယ်သေသွားပုံပဲ.. “
“မင်းအဲ့လိုပြောလို့မရဘူး. ရှစ်ဖုန့်က ငထူးဆန်းကောင်..ဘယ်သူကအတိအကျအဲ့တာကိုပြောနိုင်လို့လဲ.. ပြီးခဲ့တဲ့အခေါက်တုံးကလည်း ကျိရှောင်းရဲ့ ခရမ်းစိမ်းရောင်လက်ဖဝါးအောက်မှာ သူသေသွားပြီလို့ငါတို့မထင်ခဲ့ကြဘူးလား.. ဒါပေမဲ့ ..သူကအသက်ရှင်ပြီး ရှေ့ကိုတောင်ဆက်သွားသေးတယ်…”
“ဒီတစ်ကြိမ်က အရင်တစ်ကြိမ်နဲ့ဘယ်လိုဖြစ်ပြီးတော့တူနိုင်မှာလဲ.. ကျိရှောင်းက ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင်တိုက်ကွက်ကိုဖော်ထုတ်အသုံးပြုခဲ့တာ.. ဘယ်လိုဖြစ်ပြီးတော့ဒီရှစ်ဖုန့် အသက်ရှင်နိုင်အုံးမှာလဲ..”
စင်မြင့်နံပါတ်တစ်ဆယ်ဝန်းကျင်၌ ဆွေးနွေးငြင်းခုန်မှုများဖြင့် ဆက်လက်ပွက်လောရိုက်နေသည်။ သို့သော် ဒိုင်ဖြစ်သူမှာ ကျိရှောင်း၏ အေးစက်သောအော်သံအောက်တွင် တုန့်ဆိုင်းမှုအားဆက်လက်ပြသနေပြီး ဆက်လက်စောင့်ဆိုင်းနေဆဲဖြစ်၏။
ဖြည်းဖြည်းချင်း ကွင်းအတွင်းရှိ ဧရာမ ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင်ကြီးမှာ မှေးမှိန်ပျောက်ကွယ်လာသည်ကို လူများတွေ့လာကြရသည်။ အချိန်တစ်ခုကြာပြီးသည့်နောက်၌ ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင်ကြီး၏ စွမ်းအားက လည်းဖြည်းဖြည်းချင်းလွင့်ပျယ်လာပုံရ၏။
အချိန်တို့က ဖြည်းဖြည်းချင်းထပ်မံကုန်ဆုံးသွားသည်။ သို့သော် ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင်ပုံရိပ်ကမြူမှုန်များကဲ့သို့ပါးလွှာလာသောအချိန်တွင် စင်မြင့်အောက်၌ရှိနေကြသောလူအားလုံးမှာ ရုတ်ရက်၎င်းတို့၏မျက်လုံးများ
ပြူးကျယ်သွားကြရသည်။
ခရမ်းစိမ်းမိုးကြိုးနဂါးဆင်ပုံရိပ်ကြီး၏အောက်တွင် နှိုင်းယှဉ်လိုက်ပါက လွန်စွာသေးကွေးလှသော သွေးနီရောင်ပုံရိပ်တစ်ခု ရပ်နေသည်ကိုသူတို့မြင်တွေ့လိုက်ရ၏။ယင်းမှာ သွေးနီရောင်ချပ်ဝတ်တစ်ခုအား
ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ဖြစ်သည်။
“အဲ့တာရှစ်ဖုန့်ပဲ..အဲ့တာရှစ်ဖုန့်ပဲဟ.. ဒီတစ်ကြိမ်လည်းသူမသေခဲ့ဘူး. ရှစ်ဖုန့်ကလူသားရောဟုတ်သေးရဲ့လား”
“ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင်. ..ရှစ်ဖုန့်တကယ်ကြီး ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင် ပညာရပ်အောက်ကနေ ရှင်သန်နိုင်ခဲ့တယ်.. သူကတကယ့်ကိုမွန်းစတားတစ်ကောင်ပဲ..”
“ညီကို.. မင်းခုဏတုံးကဘာပြောခဲ့လဲ..
အကယ်၍ရှစ်ဖုန့်သာမသေသေးဘူးဆိုရင် … မင်းပဲစင်မြင့်နံပါတစ်တစ်ဆယ်ကြီးတစ်ခုံလုံးကိုမျိပြမယ်ဆို.. အခု မင်းစကားမင်းတာဝန်ယူနိုင်ကြောင်း
သက်သေပြလို့ရနေပြီနော်”
တစ်စုံတစ်ယောက်ကအစောပိုင်း
ကလူတစ်ယောက်ပြောခဲ့သောစကားအား သတိရလိုက်သည်။ အစောကပြောခဲ့သောသူ၏ဘေး၌ရှိနေသော လူက ၎င်းပြောစကားအားကြားခဲ့သည်ဖြစ်ပြီး သူ၏ခေါင်းကိုလှည့်၍ အပြုံးတစ်ခုနှင့် ၎င်းအားပြောလိုက်သည်။
အစောပိုင်းကပြောခဲ့သောလူမှာ လေးနက်သောမျက်နှာဖြင့် ခေါင်းကိုမော့လိုက်ပြီး စင်မြင့်ထံသို့အာရုံစူးစိုက်မှု
အပြည့်ဖြင့်စိုက်ကြည့်၍ ဘေးမှလူ၏စကားအားမကြား
ဟန်ဆောင်နေသည်။ သို့သော် သူ၏စိတ်ထဲ၌တော့တိတ်တ
ဆိတ်ပြောနေမိ၏။
“လခွမ်း.. သူကမသေဘူးဟ..အဲ့ငထူးဆန်းကောင်က မသေမျိုးခန္ဓာကိုယ်ကိုများပိုင်ဆိုင်ထားတာလား”
“အား..”
စင်မြင့်ထက်တွင် ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင်၏ပုံရိပ်မှာရှင်းလင်းသည်ထက်ရှင်းလင်းလာသည်။ သွေးရောင်ပုံရိပ်တစ်ခုက ရုတ်တရက်ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်အားဖြတ်သန်းရိုက်ခတ်သွားစေသည့်ကျယ်လောင်သောအော်ဟစ်သံ
တစ်ခုဖြင့်အော်လိုက်သည်။
ဤအသံ၏အောက်တွင် မှေးမှိန်လာနေသော ခရမ်းစိမ်းမိုးကြိုးမီးတောက်နဂါးဆင် ပုံရိပ်ကြီးမှာ ချက်ချင်းပျောက်ကွယ်သွားသည်။ဤအချိန်တွင်ကောင်းကင်ထက်သို့မော့နေသော
သွေးရောင်ချပ်ဝတ်နှင့်လူငယ်၏မျက်နှာထက်၌ သွေးလွှမ်းသောအက်ကွဲကြောင်းများဖုံးလွှမ်းနေသည်ကိုလူများ သတိပြုမိလိုက်ကြ၏။သွေးလွှမ်းနေသော အက်ကွဲကြောင်းများ က များပြားလှပြီး တောက်ပနီရဲသောသွေးများက ၎င်း၏မျက်နှာတစ်ခုလုံး၌ စွန်းထင်းနေသည်။
မျက်နှာသည်သာမကဘဲ လည်ပင်းနှင့်လက်များလည်း
ထို့နည်းတူစွာပင်ဖြစ်သည်။ ကျိရှောင်း၏ စွမ်းအားကြီးတိုက်ခိုက်မှုအားတားဆီးနိုင်ခဲ့သော်လည်း သူ့အနေဖြင့်တန်ကြေးအားပြန်
လည်ပေးဆပ်ခဲ့သည့်ပုံပေါ်သည်။
“ဒါ..ဒါကမဖြစ်နိုင်ဘူး”
စင်မြင့်နံပါတ်တစ်ဆယ်ထက်တွင်ကျိရှောင်းက သွေးရောင်ပုံရိပ်အားမယုံကြည်နိုင်
မှုများဖြင့်ကြည့်လိုက်သည်။
“သူအသက်ရှင်နေသေးတယ်..သူအသက်ရှင်နေသေးတယ်..ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ.. သူသသေသွားသင့်တာ”
စင်မြင့်ထက်၌ရှိနေသော ဒိုင်ဖြစ်သူမှာစိတ်သက်သာရာရစွာဖြင့် တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ ကံကောင်းစွာဖြင့်သူ၏ဆုံးဖြတ်ချက်
အားမကြေညာခဲ့မိပေ။ အကယ်၍သူသာအမှားကိုထပ်မံလုပ်မိခဲ့လျှင် ဒိုင်တစ်ယောက်ဖြစ်ထိုက်ဟု ကိုယ့်ကိုယ်ကိုယ်အရှက်ရမိလိမ့်မည်ဖြစ်သည်။
“ငရဲကိုသွားစမ်း”
ဤအချိန်တွင် မျက်နှာထက်၌မယုံကြည်မှုများဖြင့်ပြည့်နှက်နေသော ကျိရှောင်းက ဒေါသတကြီးကျယ်လောင်စွာအော်လိုက်ပြီး သူ၏မျက်နှာထက်၌ ခက်ထန်မှုထို့ထပ်မံပေါ်လာကာ မူလကအေးစက်နေသောသူ၏မျက်နှာက စတင်ရှုံ့မဲ့လာသည်။
ကျိရှောင်းက သူ၏လှံအား ဒေါင်လိုက်ထိုးညွှန်လိုက်ပြီးနောက်သွေးရောင်ပုံရိပ်ထံသို့ဦးတည်လိုက်သည်။ တောက်ပသောခရမ်းစိမ်းရောင်အလင်းက သူ၏ကိုယ်နှင့်လှံတို့၌တောက်ပလာပြီး ရှစ်ဖုန့်အားထပ်မံသတ်ဖြတ်ရန်လျှင်မြန်စွာခုတ်ပိုင်းလိုက်သည်။
ရှစ်ဖုန့်က အော်ဟစ်နေခြင်းအားရပ်တန့်လိုက်ပြီး သူ၏သွေးစွန်းနေသောမျက်နှာအားငုံ့၍ သူ့ထံသို့ ခရမ်းစိမ်းရောင်အလင်းနှင့်အတူ ဦးတည်လာနေသော ကျိရှောင်းအားကြည့်လိုက်ကာ အေးစက်စွာဖြင့်ပြောလိုက်သည်။
“ငါ့ကိုရင်ဆိုင်ဖို့အဲ့တိုက်ချက်ကိုမင်းသုံးတာကမင်းကိုယ်မင်းဖျက်ဆီးတာလို့ပြောခဲ့တယ်.. မင်းကသေချင်နေတာပကဲ. အခု မင်းရဲ့အားနည်းနေတဲ့ကိုယ်နဲ့
ငါ့ကိုယှဉ်ပြိုင်ချင်နေသေးတယ်.. မင်းကတကယ်ပဲ သေချင်နေတဲ့ကောင်ပဲ.”
ရှစ်ဖုန့်ကစကားပြောရင်း သူ၏သွေးသောက်ဓားအား ရုတ်တရက် အပေါ်သို့ထိုးညွှန်လိုက်ကာ ကျိရှောင်းထံသို့ ဦးတည်လိုက်၏။ ဤအချိန်တွင် သိပ်သည်းသောအဖြူရောင်ဓားစွမ်းအင်က ရုတ်တရက်ပေါ်လာပြီး ကျိရှောင်းအားခုတ်ပိုင်းလိုက်သည်။ ၎င်းက ကျယ်ပြန့်ပြီးရေပြင်ညီအတိုင်းဖြစ်ကာ မကြာခင်တွင် ကျယ်ပြန့်သောဓားစွမ်းအင်
ပင်လယ်တစ်ခုဖြစ်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ခရမ်းစိမ်းရောင်ပုံရိပ်အား သိပ်သည်းသောအဖြူရောင်ဓားစွမ်းအင်တို့ကဖုံးလွှမ်းသွားသည်။ ဓားစွမ်းအင်က၎င်းအားဝါးမျိုသွား၏။
ထို့နောက်ချက်ချင်း သိသည်းသောအဖြူရောင်ဓားစွမ်းအင်များ
နှင့်ပြည့်နှက်နေသော လေထုထဲ၌ နာကျင်မှုအပြည့်ဖြင့် ဝမ်းနည်းဖွယ်ဟစ်အော်သံတို့
ထွက်ပေါ်လာသည်။
“အား.အား.အား.အား.အား”
၎င်းက ကျိရှောင်း၏အသံဖြစ်ကြောင်းကို လူများကြားနိုင်သည်ဖြစ်သည်။
“ကျိရှောင်း.. ခက်ထန်ပြီးမယိမ်းယိုင်တဲ့ပုံစံနဲ့
ရှိတဲ့ကျိရှောင်းက တကယ်ကြီးဒီလိုအော်ဟစ်နေရတယ်.
.မိုးကောင်းကင်ရေ…”
“ကျိရှောင်း.. ဒါကကျိရှောင်းရဲ့အသံပဲ. ဒီလိုလူတစ်ယောက်က ဝမ်းနည်းဖွယ်ကောင်းအောင်အော်နေရတယ်..ဘယ်လောက်တောင်မှ နာကျင်မှုဝေဒနာကိုသူခံနေရတာလဲ..ကျိရှောင်းရှုံးသွားပြီလား”
“ပြီးတော့ဒီမွန်းစတားရှစ်ဖုန့်ရဲ့
လက်ထဲမှာတဲ့လား.. ဒီနေ့တိုက်ပွဲရဲ့ အနိုင်နဲ့အရှုံးကအရမ်းကိုတုန်လှုပ်အံ့အားသင့်ဖို့ကောင်းလွန်းတယ်.”
“ကျိရှောင်းကသူ့ဘဝမှာ မရေတွက်နိုင်တဲ့အောင်မြင်မှု
တွေကိုရထားခဲတာ.. သူကဘယ်တုံးကမှမရှုံးခဲ့ဖူးဘူးလို့ငါကြားတယ်.. ဒီတစ်ကြိမ်ပဲ သူရှစ်ဖုန့်ရဲ့လက်ထဲမှာရှုံးနိမ့်ခဲ့
တာများဖြစ်နိုင်မလား..”
စင်မြင့်ထက်တွင်ရှစ်ဖုန့်က ခေါင်းကိုအနည်းငယ်မော့လိုက်ပြီး လေထဲရှိဓားစွမ်းအင်ထံသို့ကြည့်လိုက်သည်။ ထို့နောက်သူ၏ မကျယ်သော အသံဖြင့်အော်ပြောလိုက်၏။
“ပျောက်ကွယ်သွားစမ်း”
အော်သံအောက်တွင် အဖြူရောင်ဓားစွမ်းအင်တို့က ပြန့်နှံ့ထွက်သွားသည်။ ၎င်းကရုတ်ခြည်းလုံးဝပျောက်ကွယ်သွား၏။
ဤအချိန်တွင် တစ်ကိုယ်လုံး၌ ဒဏ်ရာများဖုံးလွှမ်းနေကာ သွေးများစွန်းထင်းနေသောချပ်ဝတ်နှင့် တောက်ပနီရဲသောသွေးများစီးကျနေသည့် ခန္ဓာကိုယ်တစ်ခုပေါ်လာသည်။ ထို့နောက် ခန္ဓာကိုယ်က ရုတ်တရက်စင်မြင့်ကြမ်းပြင်ထက်သို့
ကျလာပကြီး “ဘန်း”ဟူသောအသံနှင့်အတူ စင်မြင့်နှင့်ပြင်းထန်စွာထိမှန်သွားကာ ကြမ်းပြင်ထက်၌ ခွေးသေတစ်ကောင်ကဲ့သို့လဲလျောင်းနေ၏။
“ရှုံးသွားပြီး. ကျိရှောင်းလုံးဝရှုံးသွားပြီ.. ကျိရှောင်းရှစ်ဖုန့်ကိုရှုံးသွားပြီ”
အောက်မှထွက်ပေါ်လာသောအသံ
ကိုကြားလိုက်ရသောအခါတွင် စင်မြင့်ထက်၌လဲနေသောကိုယ်မှာ ရုတ်တရက်တုန်ယင်သွားသည်။
အစောကရှစ်ဖုန့်ကဲ့သို့မျက်နှာထက်၌ သွေးရောင်အက်ကွဲကြောင်းများ
ဖြင့် ပြည့်နေသော မျက်နှာက ပြူးကျယ်နေသော မျက်လုံးတို့ဖြင့် ရုတ်တရက်မျက်လုံးတို့ကိုမော်ကြည့်လိုက်ပြီး ၎င်း၏မျက်နှာက ပို၍ ခက်ထန်လာကာ ရုတ်တရက်ကျယ်လောင်စွာ
အော်ပြောလိုက်သည်။
“မဟုတ်ဖူး..မဟုတ်ဖူး. ငါမရှုံးဘူး. ငါကျိရှောင်းရှုံးဖို့ဆိုတာမဖြစ်နိုင်ဘူး. ဒီခွေးကောင်ရဲ့လက်ထဲမှရှုံးဖို့ဆို
တာပိုပြီးမဖြစ်နိုင်ဘူး.. မဖြစ်နိုင်ဘူး..”