← Chapters

အခန်း (၆၁၀)

Vol. 41 Ch. 610

အခန်း (၆၁၀)

Vol. 41 Ch. 610

ကျိရှောင်းမှာ သူ၏အရှုံးအားလက်သင့်ခံနိုင်ခြင်း

မရှိဘဲဒေါသတကြီးအော်ဟစ်လိုက်သည်။ ထိုစဉ်ငယ်ရွယ်ပြီးကြည်လင်ပြတ်သားသောအသံက ကျိရှောင်း၏ရှေ့မှထွက်ပေါ်လာ၏။

“အသုံးမကျတဲ့အမှိုက်ကောင်…မင်းရှုံးသွားပြီ”

အသံပျောက်ကွယ်သွားပြီးနောက်တွင် ညင်သာသောခြေလှမ်းသံတို့က

ထွက်ပေါ်လာ၏။

ကျိရှောင်းက အသံလာရာဆီသို့လိုက်ပါကြည့်လိုက်သော

အခါတွင် ဖြည်းဖြည်းချင်းချဉ်းကပ်လာ

နေသောသွေးရောင်ပုံရိပ်အားတွေ့လိုက်ရပြီး၎င်းကစိုက်ကြည့်လိုက်သည်။ ရူးသွပ်သွားသောသားရဲတစ်ကောင်ကဲ့သို့ ဒေါသတကြီးထပ်မံအော်ဟစ်လိုက်၏။

“မဟုတ်ဖူး..ငါမရှုံးဘူး. ငါလုံးဝကိုမရှုံးဘူး..ငါကျိရှောင်းက ဒီပြိုင်ပွဲရဲ့ချံပီယံပဲ..ငါကျိရှောင်းကသာ လင်လုံနဲ့ထိုက်တန်တယ်.. မင်းတို့တွေရဲ့ ညစ်ညမ်းတဲ့ခန္ဓာကိုယ်က လင်လုံကို အမည်းစက်ပဲစွန်းထင်းစေမှာ.ငါ ကျိရှောင်းကလွှဲပြီးတော့ ဘယ်သူကမှလင်လုံနဲ့မထိုက်တန်ဘူး.. မင်းတို့တွေလင်လုံကို အမည်းစက်ထင်အောင်လုပ်ဖို့မထိုက်တန်ဘူး”

“မင်းလို့အလကားကောင်က ပိုလို့တောင်မထိုက်တန်သေးတယ်..”

ရှစ်ဖုန့်ကခေါင်းငုံ့လိုက်ပြီး ရူးသွပ်နေသောခွေးတစ်ကောင်ကဲ့သို့

ဖြစ်နေသည့် ကျိရှောင်းအားကြည့်၍ အေးစက်စွာပြောလိုက်သည်။ထို့နောက်ရှစ်ဖုန့်ကသူ၏လက်ချောင်းများအားကွေး

ညွှတ်လိုက်ပြီး ဖယောင်းတိုင်းအလင်းကဲ့သို့

သွေးနီရောင်မီးညွှန့်စတစ်ခုက သူ၏လက်ချောင်းထိပ်၌

ရုတ်တရက်ပေါ်လာသည်။

လက်ဖျောက်တစ်ချက်နှင့်အတူ သွေးနီရောင်မီးတောက်ကရှစ်ဖုန့်၏လက်ထပ်၌ပေါ်လာပြီး ဟင်းလင်းပြင်ထဲ၌လှပသော သွေးနီရောင်စက်ဝန်းပြက် တစ်ခုအားရေးဆွဲကာ ကြမ်းပြင်ထက်၌ လဲကျနေသော ကျိရှောင်းထံသို့ကျဆင်းလာသည်။

“မဟုတ်ဘူး”

ကျဆင်းလာနေသောသွေးနီရောင်

မီးတောက်အားကြည့်၍ ကျိရှောင်း၏မျက်လုံးတို့က ပုံမှန်မဟုတ်လောက်အောင်ပြူးကျယ်သွားပြီး သူ၏မျက်လုံးနှစ်ခုက သူငယ်အိမ်အတွင်းမှထွက်ကျ

လုနီးပါးပင်ဖြစ်နေသည်။ထိတ်လန့်မှုတို့ဖြင့်ပြည့်နှက်နေသောကျယ်လောင်သည့်

အော်သံတစ်ခုထွက်ပေါ်လာ၏။

သွေးနီရောင်မီးတောက်သူ့အပေါ်သို့

ကျဆင်းလာခြင်း၏အဓိပ္ပါယ်ကို

ကျိရှောင်းနားလည်သည်ဖြစ်သည်။

သို့သော်ကျိရှောင်းမည်မျှပင်အော်ဟစ်ပါစေသွေးနီရောင်မီးတောက်တို့က သူ့ပေါ်သို့ကျဆင်းလာသည်ဖြစ်သည်။

“အား..အား..အားအား…”

နာကျင်မှုအပြည်ဖြင့် အော်သံအတွဲလိုက်ကာ စင်မြင့်နံပါတစ်ဆယ်ထက်၌ ထပ်မံပေါ်ထွက်လာသည်။ အသံထွက်ပေါ်လာသကဲ့သို့ ကျိရှောင်း၏တစ်ကိုယ်လုံးက သွေးနီရောင်မီးတောက်များဖြင့်ပြောင်းလဲသွားကာ စင်မြင့်ထက်၌လောင်ကျွမ်းနေ၏။

ယခုအချိန်တွင် ဤပြင်းထန်သောတိုက်ပွဲ၏အနိုင်ရရှိ

သူအားဆုံးဖြတ်ပြီးဖြစ်သည်ကို အားလုံးသိကြသည်ဖြစ်သည်။

ရှစ်ဖုန့်က ကြမ်းပြင်ထက်၌ လောင်ကျွမ်းနေသော လူသားမီးတောက်အား အေးစက်စွာကြည့်နေသည်။ တိုက်ပွဲကအဆုံးသတ်ပြီဖြစ်၏။

မကြာခင်တွင် ငယ်သံပါအောင်အော်ဟစ်နေသော သွေးရောင်မီးတောက်များက

ပျောက်ကွယ်သွားပြီး ကြမ်းပြင်ထက်၌လောင်ကျွမ်း

နေသောမီးတောက်များက ရှစ်ဖုန့်ထံသို့ပြန်လည်လှိမ့်ဝင်လာကာ ရှစ်ဖုန့်ခန္ဓာကိုယ်၏ စုပ်ယူခြင်းကိုခံလိုက်ရသည်။

ထို့နောက်ချက်ချင်း အားလုံး၏အကြည့်များအောက်၌ပင် မနေ့ကမှအဆင့်တစ်ခုတက်လှမ်းထားသော ဤနတ်ဆိုးမှာ ယနေ့ကျိရှောင်းအားသတ်ပြီးသည့်နောက် သူ၏ကိုယ်ပေါ်၌ ရုတ်တရက်အဖြူရောင်အလင်းတစ်ခုလင်းလက်လာပြီး ၎င်းမှာ မနေ့ကကဲ့သို့ပင် တူညီသည့်အဆင့်တက်မှုဖြစ်နေဆဲဖြစ်သည်။

ထို့နောက်ချက်ချင်း လွန်စွာခမ်းနားပြီး စွမ်းအားကြီးသော အရှိန်အဝါက ရှစ်ဖုန့်၏ကိုယ်မှမြင့်တက်လာသည်။

ကြယ်နှစ်ပွင့်မဟာသူတော်စင်

နယ်ပယ်ကျိရှောင်း၏ သေခြင်းစွမ်းအင် သွေးနှင့်ဝိညာဉ်စွမ်းအင်တို့အား ဝါးမျိုပြီးသည့်နောက်တွင် မဟာသူတော်စင်နယ်ပယ်သို့

ရှစ်ဖုန့်အောင်မြင်စွာဝင်ရောက်နိုင်ခဲ့ပြီး ကြယ်တစ်ပွင့်မဟာသူတော်စင်

နယ်ပယ်အတွင်း၌ အသန်မာဆုံးသောသူဖြစ်လာသည်။

“အဆင့်တက်သွားတယ်… သူထပ့်ပြီးအဆင့်တက်သွားတယ်..သူမနေ့ကပဲအဆင့်တက်ခဲ့တာ.. တစ်နေ့ပဲကြာသေးတယ်.. သူအဆင့်ထပ်တက်သွားတယ်.. ဒါက…ဒါကဘယ်ဖြစ်နိုင်မှာလဲ..”

“ဒါ့အပြင် မနေ့ကသူဝမ့်ကုန်းကိုသတ်ပစ်ခဲ့ပြီးအဖြူရောင်အလင်းကသူ့ကိုယ်ပေါ်မှာလင်း

ပြီးအဆင့်တက်ခဲ့တယ်..ဒီနေ့လည်းသူက ကျိရှောင်းကိုသတ်ပြီးတဲ့နောက်အဖြူရောင်အလင်းတစ်ခုလင်းလက်ပြီးအဆင့်တက်သွားပြန်တယ်..သူ့ရဲ့အဆင့်တက်မှုကလူတွေကိုသတ်ပြီးတဲ့နောက်အဆင့်တက်တာများဖြစ်နိုင်မလား. သူကျင့်ကြံထားတာဘယ်လို့ပညာရပ်မျိုးလဲ”

“လူတွေကိုသတ်ပြီးတော့အဆင့်တက်တယ်.. ဒါကလုံးဝကိုမကြားဖူးတဲ့အရာတစ်ခုပဲ”

“သေပြီ..ငါတို့ထျန်းလျန်အင်ပါယာရဲ့ စွမ်းအားကြီးပါရမီရှင် ကျိရှောင်း

သေသွားပြီ..”

စင်မြင့်အောက်တွင် စင်မြင့်ထက်ရှိ ပုံရိပ်အားကြည့်၍ ထပ်မံအုတ်အော်သောင်းနင်းဖြစ်လာပြီး အဆက်မပြတ်ဆွေးနွေးပြောဆိုမှုများဖြစ်ပေါ်လာသည်။ အချိန်ကာလတိုတစ်ခုကြာသည်အထိသူတို့ရပ်တန့်၍မရနိုင်သည့်ပုံပေါ်၏။

“နောက်ဆုံးတော့ မဟာသူတော်စင်နယ်ပယ်ကိုဝင်ရောက်ခဲ့ပြီ..”

ရှစ်ဖုန့်က သူ၏လက်သီးတို့အား တိတ်တဆိတ်တင်းနေအောင်ဆုပ်လိုက်ပြီး သူ၏စွမ်းအားအားအာရုံခံလိုက်သည်။

သူပြန်လည်မွှေးဖွားလာပြီးကတည်းကဆိုလျှင် တစ်နှစ်နီးပါးကာလကုန်ဆုံးခဲ့ပြီဖြစ်သည်။

ဤနှစ်အတွင်း နောက်ဆုံး၌သူ၏ကျင်ကြံခြင်း

နှင့်ဝိညာဉ်စွမ်းအားတို့မှာ မဟာသူတောစင်နယ်ပယ်သို့

ရောက်ရှိလာခဲ့ပြီဖြစ်၏။

“မဟာသူတော်စင်နယ်ပယ်ထဲကိုဝင်ရောက်လာခဲ့ပေမဲ့အရမ်းနားနည်းနေသေးတယ်..”

ရှစ်ဖုန့်ကသူ၏စိတ်ထဲမှ မကျေနပ်စွာဖြင့် တိတ်တဆိတ်ပြောလိုက်သည်။ ယခင်ကြယ်ကိုးပွင့်အထွတ်

အထိပ်ဧကရာဇ်တစ်ပါးအနေဖြင့် ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်က အရမ်းကိုအားနည်းသည်ဖြစ်သည်။

သူ၏လက်ရှိခွန်အားဖြင့် လက်စားချေခြင်းမပြုနိုင်သေးဘဲ ထိုဆန်ကုန်မြေလေးဧကရာဇ်နယ်ပယ်များအား သူကိုယ်တိုင်သတ်ဖြတ်နိုင်ခြင်းမရှိသေးပေ။

လက်ရှိသေခြင်းမဲ့တောင်တန်း၏ဝရုန်သုန်းကားအခြေအနေများက ရှေးခေတ်ကာလက စွမ်းအားကြီးမျိုးနွယ်စုဖြစ်သော သွေးပန်းခက်မျိုးနွယ်စုနှင့်

ဆက်နွယ်နေလောက်သည်ဖြစ်သည်။ ထျန်းလျန်အင်ပါယာအတွင်း ပြဿနာများပြီးသွားချိန်တွင်ပင် သူ၏လက်ရှိစွမ်းအားဖြင့် တပည့်ဖြစ်သူ လောချင်းချွမ်အား ကူညီနိုင်လိမ့်မည်မဟုတ်ပေ။

“ငါပိုပြီးအစွမ်းထက်သန်မာလာဖို့လိုတယ်”

“စင်မြင့်နံပါတစ်ဆယ်တိုက်ပွဲမှာ အနိုင်ရရှိသူကတော့ စင်မြင့်နံပါတ်တစ်ဆယ်ရဲ့ချံပီယံ အမှတ်စဉ်တစ်ဆယ်ပဲဖြစ်တယ်”

ဤအချိန်တွင် စာပေသာမား

ပုံစံဒိုင်ဖြစ်သူ၏ အသံက စင်မြင့်နံပါတ်တစ်ဆယ်ထက်

၌ထွက်ပေါ်လာသည်။

“သူတကယ်နိုင်သွားတယ်..

သူတကယ်ပဲကျိရှောင်းကိုသတ်ပစ်ခဲ့တယ်…

ဒါပေမဲ့သူက ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး အရမ်း ကြည့်ရဆိုးသွားတယ်.ငါဒါကို မင်းသမီးကိုပြန်ပြီး ဖြစ်နိုင်သမျှအမြန်ဆုံးတင်ပြမှရမယ်”

လူအုပ်အတွင်းတွင် အစိမ်းရောင်ပုံရိပ်တစ်ခုက စင်မြင့်နံပါတ်တစ်ဆယ်သို့ကြည့်၍တီးတိုးရေရွတ်လိုက်သည်။ထို့နောက်သူကလှည့်လိုက်ပြီးလူအုပ်အတွင်းမှတိုးထွက်ကာ နန်းတော်ရှိရာဆီသို့ဦးတည်လိုက်သည်။

“မင်းသမီး..မကောင်းတော့ဘူး မင်းသမီး..”

တော်ဝင်နန်းတော်ဥယျဉ်အတွင်းတွင် အစိမ်းရောင်ပုံရိပ်တစ်ခုက ကမန်းကတမ်းပြေးလာကာ ပန်းများသစ်ပင်များကြားမှတိုးထွက်လာသည်။

“အာ”

အဖြူရောင်ပုံရိပ်တစ်ခုက ဥယျဉ်၏ဇရပ်တွင် ထိုင်နေ၏။ အမောတကောပြေးလာသော

အစိမ်းရောင်ပုံရိပ်အားတွေ့ရပြီး ပြာပြာသလဲ အော်ဟစ်သံအားကြားလိုက်ရသောအခါတွင် ရုတ်တရက်လန့်ဖျပ်သွားပြီးသူမ၏

လှပသောမျက်နှာလေးကဖြူဖျော့သွားသည်။

ကျိမို့က ကျောက်ခုံတန်းလေးပေါ်မှ လျှင်မြန်စွာထရပ်လိုက်ပြီးအစိမ်းရောင်ပုံရိပ်ချဉ်းကပ်အလာကိုစောင့်ကာ ရှောင်းစွေ့၏လက်တို့အား

လျှင်မြန်စွာစုပ်ကိုင်လိုက်၍ မေးလိုက်သည်။

“အမှန်အတိုင်းမြန်မြန်ပြောစမ်း. ဘာဖြစ်ခဲ့တာလဲ”

ရှောင်းစွေ့ဤကဲ့သို့ဖြစ်နေ

သည်အားတွေ့ရသောအခါတွင် ကျိမို့၏စိတ်ထဲ၌မကောင်းသော

နမိတ်အာရုံတို့ကြိုတင်ထင်ဟပ်လာ၏။

“ညည်းကိုဒီလိုပုံစံတွေ့ရတာ.. သူတစ်ခုခုဖြစ်လို့လား..”

“မင်းသမီး…မဟုတ်..မဟုတ်ပါဘူး. ကောင်းပြီး…အင်း…”

ရှောင်းစွေ့က အသက်မရှူစတမ်းပြောပြီး

နောက်ဟောဟဲစိုက်နေ၏။

“ဟမ်..ကောင်းကောင်းမွန်မွန်ပြောစမ်းပါ..ဘာတွေအတိအကျဖြစ်သွားခဲ့တာလဲ.. ဘာဖြစ်ခဲ့လို့လဲ.”

ရှောင်းစွေ့၏အသွင်အပြင်အား

တွေ့ရသောအခါတွင် ကျိမို့ပို၍စိတ်ပူပန်လာပြီးမေးလိုက်သည်။

ထို့နောက်ကျိမို့တစ်ခုခုအား သဘောပေါက်လိုက်ပြီးလက်လှမ်းလိုက်ကာ ဇရပ်အတွင်းကျောက်စားပွဲပေါ်ရှိ လက်ဖက်ရည်ခွပ်ကို ကောက်ယူလိုက်၍ ရှောင်းစွေ့၏လက်ထဲသို့ထည့်ပေးလိုက်သည်။

ရှောင်းစွေ့က လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး

အကုန်လုံးအားတဂွတ်ဂွတ်မော့

သောက်လိုက်သည်။ဤအချိန်တွင်သူမတည်ငြိမ်လာပြီးပို၍ကောင်းမွန်လာသည်။

ရှောင်းစွေ့က လက်ဖက်ရည်ခွပ်အားကျောက်စားပွဲပေါ်သို့ပြန်တင်လိုက်ပြီး ကျိမို့ကိုပြောလိုက်သည်။

“မင်းသမီး.အိုးမဟုတ်သေးပါဘူး.. အရှင်ကျိရှောင်းနဲ့သူနဲ့တိုက်ပွဲမှာရလဒ်က..”

“ရလဒ်ကဘာဖြစ်ခဲ့လဲ. ညင်းငါ့ကိုမြန်မြန်လေးပြောပြသင့်တယ်.. “

ထို့နောက်ကျိမို့က ရုတ်တရက်လန့်ဖျပ်သွားကာတစ်စုံတစ်ခုအားတွေးမိလိုက်ပြီး လျှင်မြန်စွာမေးလိုက်သည်။

“သူ..သူအဲ့သူတောင်းစားကျိရှောင်းသတ်တာကိုခံလိုက်ရတာများဖြစ်နိုင်မလား”

“ဒါက..ဒါကအဲ့လိုမဟုတ်ပါဘူး”

ရှောင်းစွေ့က သူမခေါင်းလေးအားလျှင်မြန်စွာ

ခါယမ်းလိုက်ပြီးပြောလိုက်သည်။ထို့နောက် သူမကထပ်မံပြောလိုက်၏။

“အရှင်ကျိရှောင်းကသူသတ်တာခံလိုက်ရတာ..”

“ဘာ..သူက ကျိရှောင်းကိုသတ်ခဲ့တယ်”

ကျိမို့မှာသတင်းအားကြားလိုက်ရသောအခါတွင်သူမ၏လှပသောမျက်နှာလေးထက်၌ လွန်စွာအံ့အားသင့်မှုတစ်ခုအားပြသလာသည်။ မမျှော်လင့်ထားစွာနှင့်ပင်သူကကျိရှောင်းအားတကယ်ကြီးသတ်ခဲ့သည်။ အချိန်တိုလေးအတွင်းသူက

အရမ်းစွမ်းအားကြီးလာခဲ့၏။

ထို့နောက် ကျိမို့က ရှောင်းစွေ့အားထပ်မံကြည့်

လိုက်ပြီးမေးလိုက်၏။

“ကျိရှောင်းကိုသူကသတ်လိုက်တာကို ညည်းကဘာလို့အဲ့လိုမပြောနိုင်ရတာလဲ. ညည်းကျိရှောင်းနဲ့တော့ဘာ

တွေမှမဟုတ်ပါဘူးနော်. ဖြစ်နိုင်တာ..ကောင်မလေး.ညင်းကျိရှောင်းကို တိတ်တိတ်လေးတစ်ဖက်

သက်ချစ်နေတာလား..”

All Chapters