← Chapters

အခန်း (၆၁၁)

Vol. 41 Ch. 611

အခန်း (၆၁၁)

Vol. 41 Ch. 611

နန်းတော်၏အစေခံမလေး ရှောင်းစွေ့မှာ သူမအားကျိရှောင်းကိုတစ်ဖက်သက်ချစ်

နေသည်ဟု မင်းသမီးကပြောသည်ကိုကြား

ရသောအခါတွင် သူမ၏လက်လေးအားအလျှင်အမြန်

ဝေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

“မဟုတ်ပါဘူးမင်းသမီး..မဟုတ်ပါဘူး”

“ဒါဆိုလည်းဘာလို့ပိုပြီးတော့ ကောင်းကောင်းမပြောရတာလဲ. ညည်းပုံက ပိုပြီးပျာယာခတ်ပြီးတော့ ထိတ်ထိတ်ပျာပျာနဲ့..”

ကျိမို့ကပြောလိုက်သည်။

“ဒါက..ဒါကဘာလို့ဆိုရင် ကျွန်တော်မျိုးမက မင်းသမီးအတွက်ထိတ်ထိတ်ပျာပျာဖြစ်ရတာပါ”

ရှောင်းစွေ့ကလျှင်မြန်စွာရှင်းပြသည်။

“ကျိရှောင်းတဲ့တိုက်တဲ့သူလေ..သူနိုင်သွားပေမဲ့..သူရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်”

ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည့်အကြောင်းအား ရှောင်းစွေ့ကထပ်ကာထပ်ကာပြော၏။

“သူရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်.. သူ့ရဲ့ တော်တော်လေးကို ချောတဲ့မျက်နှာကအခု သွေးလွှမ်းတဲ့ အက်ကွဲရာတွေနဲ့ဖုံးနေတယ်”

ရှောင်းစွေ့ထံမှာသူရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည်ဟုကြားရသောအခါတွင် ကျိမို့ပို၍ စိုးရိမ်မှုပေါ့သွားသည်။ ဤကဲ့သို့ သောအရာမျိုးကသူအတွက်အသေး

အဖွဲ့လောက်သာဖြစ်၏။နောက်ဆုံးအကြိမ်တုံးကလည်းနတ်ဆိုးသားရဲတောအုပ် အတွင်း၌သူရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သေးသည်

မဟုတ်ပါလော။ထိုအချိန်ကသူမသူ့အတွက်စိတ်မကောင်းဖြစ်ခဲ့ရသော်လည်း အချိန်တိုတစ်ခုလောက်ကြာပြီးနောက်၌ ထိုဒဏ်ရာများက ကုသကောင်းမွန်သွားကာ ပြန်ကောင်းလာပြီးနောက်၌ သူ၏မျက်နှာကပို၍ပင် ကြည့်ကောင်းလာသေးသည်ဖြစ်သည်။

ထို့နောက် ကျိမို့က ရှောင်းစွေ့အားပြောလိုက်၏။

“ဒါက ညည်းပြောတဲ့ ကိစ္စကြီးဆိုတာလား. တစ်ခြားဘာရှိသေးလဲ”

“အာ.ဒါပဲလား.”

ရှောင်းစွေ့မှာမင်းသမီး၏စကားအားကြား

လိုက်ရသောအခါတွင် တုန်လှုပ်အံ့အားသင့်သွားရပြီး ဘာပြောရမည်မှန်းမသိတော့ချေ။

“ဘာကိုဒါလေးပဲလားလဲ.ဒီကိစ္စက

သေးသေးလေးဆိုပေမဲ့မည်း မင်းသမီး ချစ်သူက ပုံတောင်ဖမ်းမရတော့အောင်အရမ်းရုပ်ဆိုးသွားတဲ့ဟာကို”

“တစ်ခြားဘာရှိသေးလဲ.”

ကျိမို့က ရှောင်းစွေ့အားထပ်မံမေးလိုက်သည်။

“တစ်ခြားလား… ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီးအရမ်း

ကြည့်ရဆိုးသွားမှာတော့ ..သူ့မှာတစ်ခြားဆိုးတာဖြစ်ဖို့ဘာရှိသေးလို့လဲ”

ရှောင်းစွေ့တစ်ယောက် ထိုလူရုပ်ပျက်ဆင်းပျက်ကြည့်ရဆိုးသွား

ခြင်းနှင့်ပက်သက်၍ မင်းသမီးအနေဖြင့်အလေးထားသင့်သည်ဟု ခံစားရသည်။

ထို့နောက် ရှောင်းစွေ့ မှာမင်းသမီးအနေဖြင့် ဂရုမထားဆဲဖြစ်သည်ကိုတွေ့ရသောအခါတွင် သူမဖာသာသူမတွေးလိုက်၏။

“မင်းသမီးက သူချစ်တဲ့သူတွေဆိုရင် အသွင်အပြင်ရုပ်ရည်ရူပကာတွေကိုဂရုမစိုက်တဲ့သူလား. သူချစ်နေတာနဲ့ ရုပ်ဆိုးနေရင်တောင်ရတာလား”

“မင်းသမီး ဒါက အချစ်စစ်ပဲ”

ထို့နောက် ကျိမို့က ရှောင်းစွေ့အားပြောလိုက်သည်။

“ကောင်းပြီရှောင်းစွေ့ နန်းတော်ထဲနေ ကျေးဇူးပြုပြီးထွက်ပြီးတော့ အဲ့မှာဘာဖြစ်နေလဲသွားကြည့်ပါအုံး”

“ဟုတ်ကဲ့မင်းသမီး..ကျွန်တော်မျိုးမအဲ့ကိုအခုပဲသွားလိုက်ပါ့မယ်”

မင်းသမီး၏ညွှန်ကြားချက်အားကြားပြီးနောက် အစေခံမလေးရှောင်းစွေ့က လျှင်မြန်စွာတုံ့ပြန်လိုက်သည်။ထို့နောက် လှည့်လိုက်ပြီးတော်ဝင်ဥယျဉ်ထဲမှ လျှောက်လှမ်းထွက်သွား၏။

သူမ၏မြင်ကွင်းမှဖြည်းဖြည်းချင်းပျောက်ကွယ်သွားသောအစိမ်းရောင်ပုံရိပ်လေးအား

ကြည့်၍ကျိမို့ကသက်ပြင်းချ လိုက်သည်။

“ဟူး”

ထို့နောက်ကျိမို့ကခေါင်းမော့ အပြာရောင်ကောင်းကင်နှင့် အဖြူရောင်တိမ်တိုက်တို့အားကြည့်လိုက်ပြီး သူမ၏မျက်နှာထက်၌ဝမ်းနည်းမှုတို့ပြသကာ အသံတိုးတိုးဖြင့်တီးတိုးရေရွတ်လိုက်သည်။

“ကျိရှောင်း..နင်ကောင်းရာမွန်ရာရောက်ပါစေ”

ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၏ စင်မြင့်နံပါတ်တစ်ဆယ်ထက်တွင် ရှစ်ဖုန့်က ကျိရှောင်းအားသတ်ပစ်ခဲ့သည်။ကျိရှောင်းအားသတ်ဖြတ်ပြီးနောက် ဤနေရာမှယာယီထွက်ခွာသွားပြီးသူ၏ ဒဏ်ရာများအား ပြန်လည်ကုသန်ရန်အလိုရှိခဲ့သည်။ သို့သော် ရုတ်တရက် ကောင်းကင်ထဲမှအေးစက်သော

အသံတစ်ခုအားကြားရ၏။

“မင်းဒီမှာရပ်နေလိုက်စမ်း”

အသံအားကြားလိုက်ရပြီးနောက် ရှစ်ဖုန့်က ခေါင်းကိုမော့၍ ကောင်းကင်ထဲသို့ကြည့်လိုက်သည်။

ရေခဲရောင်ပုံရိပ်တစ်ခုကရှစ်ဖုန့်၏ မျက်လုံးအတွင်း၌ပေါ်လာ၏။ ရောက်ရှိလာသောသူမှ ကျိရှောင်းအစောပိုင်းကလွင့်ထွက်သွား

အောင်လုပ်ခဲ့သော ထျန်းခွန်းဂိုဏ်းမှ ပါရမီရှင်ဖြစ်သူ လိပ်နက်ခန်းမ၏ လက်ထောက်ခေါင်းဆောင်ပမ့်အောင်းမှလွဲ၍ အခြားသူမဟုတ်ပေ။

ပမ့်အောင်းက ဤစကားများအားပြောပြီးနောက် ရုတ်ခြည်းလှုပ်ရှားလိုက်ပြီး ရှစ်ဖုန့်၏ဆန့်ကျင်ဘက် စင်မြင့်နံပါတစ်တစ်ဆယ်ထက်၌

ဆင်းသက်လိုက်သည်။

ပမ့်အောင်း၏ပုံရိပ်က စင်မြင့်ထက်၌ပေါ်လာ၏ ။ ဤအချိန်တွင် စင်မြင့်အထက်ဟင်းလင်းပြင်ထဲ၌ရှိနေသော ဒိုင်ဖြစ်သသူက အသံနက်ဖြင့်လျှင်မြန်စွာအော်ပြောလိုက်သည်။

“နံပါတ်ရှစ်ဆယ့်ကိုးရဲ့ချံပီယံ.. မင်းဘာလုပ်နေတာလဲ.. မင်းဖယ်ထုတ်ခံရပြီးတော့မင်းက အဆင့်မမှီတော့ဘူး.. မင်းဒီနံပါတ်တစ်ဆယ်ချံပီယံကို စိန်ခေါ်ပိုင်ခွင့်မရှိဘူးကွ”

အထက်ရှိဒိုင်ဖြစ်သူ၏ စကားများအားကြားပြီးနောက် ပမ့်အောင်းကခေါင်းမော့လိုက်ပြီး အေးစက်စွာကြည့်၍ပြောလိုက်သည်။

“ဒါကကျုပ်ရဲ့ထျန်းခွန်းဂိုဏ်းကိစ္စပဲ ခင်ဗျားလို့ထျန်းလျန်အင်ပါယာရဲ့မဖြစ်စလောက်ဒိုင်လုပ်သူက ကျုပ်ထျန်းခွန်းဂိုဏ်းရဲ့ကိစ္စကို

ဝင်စွတ်ဖတ်ရဲတယ်လား”

“ဒါက..”

ပမ့်အောင်း၏စကားများအားကြားပြီးနောက် ဒို်ငဖြစ်သူမှာဘာပြောရမည်မှန်းမသိချေ။ မဖြစ်စလောက်ဒိုင်တစ်ယောက်သာသာ

လူတစ်ယောက်အနေဖြင့် မြင့်မြတ်ကုန်းမြေများထဲမှတစ်ခုဖြစ်သောထျန်းခွန်းဂိုဏ်း၏ကိစ္စများအား သူ့အနေဖြင့် ဝင်ရောက်စွတ်ဖတ်ရဲခြင်းမရှိချေ။

ပမ့်အောင်း၏ ကွင်းအတွင်းပေါ်လာမှုကြောင့် ဤအချိန်တွင် အောက်၌ရှိနေသော လူအုပ်ကြီးက ပမ့်အောင်းအား လက်ညှိုးထိုးကြသည်။

“ဒီပမ့်အောင်း သူက ကျိရှောင်းရဲ့ရှင်းထုတ်တာခံရတာကို.. သူက စင်မြင့်ထက်မှာရှစ်ဖုန့်နဲ့တိုက်ချင်သေးတယ်.. ရှစ်ဖုန့်အပြင်းအထန်ဒဏ်ရာရနေတာကို အခွင့်ကောင်းယူပြီးတော့ မင်းက သူ့ကိုအခွင့်သာတုံးသတ်ပစ်ချင်နေတာလား. မမျှော်လင့်ထားပဲ… ဒီပမ့်အောင်းက စက်ဆုပ်ဖို့ကောင်းတဲ့သူပဲ”

“အစောကပမ့်အောင်းကစင်မြင့်နံပါတ်တစ်ဆယ်ကိုလာပြီးတော့ ကျိရှောင်းနဲ့တိုက်ခိုက်တာက ကျိရှောင်းကိုအနိုင်ယူပြီးတာနဲ့

ရှစ်ဖုန့်ကိုစိန်ခေါ်ချင်လို့ပဲ. သူနဲ့ရှစ်ဖုန့်ကြားမှာအမုန်းတရား

တွေရှိလောက်တယ်… ပမ့်အောင်းကရှစ်ဖုန့်နဲ့ကျိရှောင်းတို့ရဲ့

ခါးသီးတဲ့တိုက်ပွဲအပေါ်အခွင့်ကောင်းယူပြီးတော့ ရှစ်ဖုန့်အပြင်းအထန်ဒဏ်ရာရနေချိန် စိန်ခေါ်ချင်နေတာပဲ.သူကတကယ့်ကိုမတရားတဲ့သူတစ်ယောက်ပဲ”

“ဒီပမ့်အောင်းက ကျိရှောင်းကိုတောင်ယှဉ်နိုင်တာမဟုတ်ဘူး. အကယ်၍ရှစ်ဖုန့်သာ ဆိုးဆိုးရွားရွားဒဏ်ရာမရနေရင် သူနိုင်မှာ…အဲ့လိုဆိုရင် သူကရှစ်ဖုန့်ကို အခုလိုမျိုးမျက်နှာချင်းဆိုင်စိန်ခေါ်ရဲမှာတဲ့လား”

“ကျိရှောင်းက ဒီလိုလူတစ်ယောက်ဖြစ်နေလိမ့်မယ်

လို့ငါမထင်ထားခဲ့ဘူး”

“အဓိပ္ပါယ်မရှိတာကို ထပ်ပြီးပြောတဲ့ဘယ်သူ့ကိုမဆို ငါအခုသတ်ပစ်မယ်”

သူ့ပတ်ဝန်းကျင်ရှိမှတ်ချက်များအား

ကြားရသောအခါတွင် ပမ့်အောင်းမှာ အရမ်းဒေါသထွက်သွားပြီးသူ၏

ကိုယ်ကတုန်ခါသွားသည်။ သူကပတ်ဝန်းကျင်အားစိန်းစိန်းဝါးဝါး

တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာအော်ပြောလိုက်သည်။

ပမ့်အောင်း၏အေးစက်သောအကြည့်နှင့်

အော်သံအောက်တွင် အောက်၌ကြည့်နေကြသူများမှာ ရုတ်ခြည်းတိတ်ကျသွားသည်။

ဤပမ့်အောင်း၏သရုပ်မှန်နှင့်အဆင့်အတန်းမှာ ဤကဲသို့ပြောဆိုပြူမူနိုင်ခြင်းရှိသည်ဖြစ်သည်။

သူ၏အေးစက်သောအော်သံနှင့်အကြည့်

အောက်၌ကြည့်နေကြသူများ တိတ်သွားသောအခါတွင် ပမ့်အောင်းကသူ၏အကြည့်အား ရှေ့သို့ပြောင်းလိုက်ပြီးသွေးစွန်းသော

ဒဏ်ရာများဖြင့် ပြင်းထန်စွာထိခိုက်ထားသော ရှစ်ဖုန့်အားကြည့်လိုက်သည်။

ဤအချိန်တွင် ရေခဲရောင်လှံကပမ့်အောင်း၏လက်ထဲ၌

ပေါ်လာသည်။ လှံအားရှစ်ဖုန့်ထံသို့ တိုက်ရိုက်ထိုးညွှန်လိုက်၏။ ရှစ်ဖုန့်အားနောက်တစ်ကြိမ်အေးစက်စွာ

ပြောဆိုလိုက်သည်။

“မင်းသာ ပြင်းပြင်းထန်ထန်မထိခိုက်ထားရင်. ငါမင်းကိုတကယ်စိန်မခေါ်ရဲဘူး..ငါဝန်ခံပါတယ်.

ငါမင်းကိုတကယ်မယှဉ်နိုင်ဘူး..ငါ့ရဲ့လက်ရှိအပြုအမူကတကယ်ကိုမဖြောင့်မတ်ဘူး..”

ပမ့်အောင်းက ဤသို့ပြောပြီးနောက်ခေါင်းစဉ်ကိုပြောင်းလိုက်ကာ ဤတစ်ကြိမ်တွင်အေးစက်စွာအော်ပြောလိုက်သည်။

“ဒါပေမဲ့မင်းလမ့်ယန်ကိုသတ်ပစ်ခဲ့တယ်..လမ့်ယန်ကငါ့အသက်ကိုကယ်တင်ခဲ့တာ..ဘာပဲဖြစ်နေပါစေ သူ့အတွက်လက်စားချေဖို့ငါမင်း

ကိုဒီနေ့သတ်ရမယ်”

ပမ့်အောင်းဤကဲ့သို့ပြောသည်နှင့်

အောက်၌ရှိနေသောကြည့်နေကြသူများမှာ ဤကိစ္စအားမှန်းဆထားပြီးဖြစ်ပြီး

ပြောလိုက်ကြသည်။

“အသေအချာပဲ.. ကောလဟာလတွေအရလိပ်နက်ခန်းမရဲ့

ခေါင်းဆောင်လမ့်ယန်ကအသတ်ခံခဲ့ရတယ်.

.ပြီးတော့အဲ့တာကိုလုပ်ခဲ့တဲ့သူက

တကယ်ပဲရှစ်ဖုန့်ဖြစ်နေတယ်”

သို့သော် ရှစ်ဖုန့်ကသူ့ရှေ့၌ပေါ်လာသည့်

ရေခဲရောင်ချပ်ဝတ်နှင့်ရေခဲရောင် လှံအားကိုင်ထားသောသူအားကြည့်နေသည်။ ၎င်း၏စကားများအားနားထောင်ပြီးနောက် သူ၏သွေးစွန်းထင်းနေသောမျက်နှာထက်၌စိတ်ရှုပ်ထွေးမှုတို့ပေါ်လာပြီးပြောလိုက်သည်။

“မင်းပြောနေတဲ့လမ့်ယန်ဆိုတာဘယ်သူလဲ.. ဒီသခင်လေးကလူအများကိုသတ်ခဲ့တာကြောင့် တစ်ခါတစ်လေ သူတို့ကိုရှင်းရှင်းလင်းလင်းမမှတ်မိဘူး. ဒါပေမဲ့.. မင်းက ဒီသခင်လေးရဲ့အသက်ကိုလိုချင်တာဆိုရင်တော့ မင်းသေဖို့ပြင်ထားလိုက်တော့”

“မင်း”

ရှစ်ဖုန့်၏စကားများအားနားထောင်ပြီးနောက် ပမ့်အောင်းမှာ ထပ်မံတုန်ယင်သွားပြီး “မင်း” ဟုရှစ်ဖုန့်အားခက်ထန်စွာပြောလိုက်သည်။

၎င်းကလမ့်ယန်အားသတ်ခဲ့သော်လည်း လမ့်ယန်ဘယ်သူဆိုသည်အားမမှတ်မိပေ။ သေသွားသောလမ့်ယန်အတွက်မည်ကဲ့သို့

စော်ကားမှုမျိုးဖြစ်သနည်း။

“ငရဲကိုသွားစမ်း”

ပမ့်အောင်းကဒေါသတကြီးအော်ဟစ်လိုက်ပြီး ရှေ့သို့လျှင်မြန်စွာရွေ့လျားလိုက်သည်။ သူ့လက်ထဲရှိရေခဲရောင်လှံဖြင့်ရှစ်ဖုန်အားထိုးလိုက်၏။လှံဖြတ်သန်းသွားသောနေရာတိုင်းတွင် ပြင်းထန်စွာလည်ပတ်နေသောရေခဲနှင့်နှင်းမုန်တိုင်းတစ်ခုကလှံ၏ထိပ်၌ဖြစ်ပေါ်လာ၏။ လှံနှင့်အတူတကွပေါင်းစပ်၍ ရှစ်ဖုန့်အားပြင်းထန်စွာတိုက်ခိုက်လိုက်သည်။

“ဒါက ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်တစ်ဦးရဲ့ စွမ်းအားအပြည့်တိုက်ခိုက်မှုပဲ.. ကျိရှောင်းနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီးနောက် ပြင်းထန်တဲ့ဒဏ်ရာတွေရနေတဲ့ရှစ်ဖုန့်ကို

ပမ့်အောင်းက အကောင်းဆုံးအခွင့်အရေးယူပြီးတော့

သတ်ဖို့ကြိုးစားနေတာ. ရှစ်ဖုန့်တော့တစ်ချက်တည်းနဲ့

အသတ်ခံရတော့မှာပဲ”

All Chapters