← Chapters

အခန်း (၆၁၂)

Vol. 41 Ch. 612

အခန်း (၆၁၂)

Vol. 41 Ch. 612

သူရှေ့မှလာနေသော ပြင်းထန်သည့်ရေခဲနှင့်နှင်းမုန်တိုင်းနှင့် ၎င်းနောက်ရှိ ဒေါသထွက်ပြီးခက်ထန်နေသော

မျက်နှာအားကြည့်၍ ရှစ်ဖုန့်၏ ဘယ်လက်၌အားကောင်းသော

အဖြူရောင်အလင်းတစ်ခုလင်းလက်သွားသည်။

ထို့နောက်ချက်ချင်း ရှစ်ဖုန့်က သိမ်းကျုံးဦးတည်လာနေသော

ရေခဲနှင်းမုန်တိုင်းထံသို့သူ၏လက်ချောင်းအား အားဖျက်ခနဲတောက်လိုက်သည်။ “ဘန်း”ဟူသောအသံနှင့်အတူ ပြင်းထန်စွာသိမ်းကျုံးဦးတည်လာ

နေသောနှင်းမုန်တိုင်းမှာ ရှစ်ဖုန့်၏ လက်ချောင်းကြောင့် ကျိုးပျက်သွားပြီး အစောပိုင်းနှင်းမုန်တိုင်းအတွင်းမှ ရေခဲလှံကပေါ်လာသည်။

ထို့နောက် အားလုံး၏အကြည့်များ

အောက်၌ပင် ရှေ့သို့ရုတ်တရက်ထိုးသွင်းလာသော ရေခဲရောင်လှံ၌ ကြွပ်ဆပ်သောအသံများအား

အတွဲလိုက်ထွက်ပေါ်လာသည်။

“ဘန်း..ဘန်း..ဘန်း..ဘန်း..ဘန်း”

ရှစ်ဖုန့်၏လက်ချောင်းတောက်မှုနှင့်အတူ ပြင်းထန်သောမုန်တိုင်းသာ ပျက်ဆီးသွားခြင်းသာမက ပမ့်အောင်း၏လက်အတွင်းမှ

ရေခဲလှံကလည်းအပိုင်းပိုင်းကျိုးသွားသည်။

“ဒါက ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ.. ဒီလိုမျိုးပြင်းထန်တဲ့တိုက်ပွဲကိုတိုက်ခဲ့ပြီးတော့သူ ကြီးမားတဲ့ဒစ်ရာတွေကိုရထားတဲ့ဟာကို.. ဘယ်လိုဖြစ်ပြီးသူ့မှာဒီလိုမျိုး

စွမ်းအားကြီးခွန်အားတွေရှိနေသေးရတာလဲ”

ပမ့်အောင်း၏မျက်နှာထက်၌ တုန်လှုပ်အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေပြီး သူ၏တိုက်ခိုက်မှုက ကျိုးပျက်သွားကာ သူ၏လက်အတွင်းရှိလှံကလည်း အပိုင်းပိုင်းပျက်ဆီးသွားရသည့်အပေါ်၌ မယုံကြည်နိုင်ဖြစ်နေသည်။

“ဘန်း”

နောက်ဆုံးကြွပ််ဆပ်သံနှင့်အတူ ပမ့်အောင်း၏လှံကျိုးသွားပြီး

နောက်ရုတ်တရက်အား

ကောင်းသောစွမ်းအားက ပမ့်အောင်း၏လက်ဖဝါးကိုလာထိမှန်သည်။

အားကောင်းလှသော စွမ်းအား၏အောက်တွင် ပမ့်အောင်း၏တစ်ကိုယ်လုံးက ကြိုးပျက်သွားသောစွန်တစ်ကောင်ကဲ့သို့ နောက်ကိုလျှင်မြန်သောအဟုန်

ဖြင့်လွင့်ထွက်သွားသည်။

သူ၏တိုက်ခိုက်မှုကျိုးပျက်သွားရပြီးနောက်သို့လွင့်ပျံထွက်သွားသည့်အခိုက်အတန့်တွင် ပမ့်အောင်း တစ်ဘောက် မယုံကြည်နိုင်မှု လွန်စွာထိတ်လန့်ကြောက်ရွံ့မှုတို့ဖြစ်လာသည်။

၎င်း၏စွမ်းအားက သူ့အားဤအခြေအနေအထိသို့လက်တစ်ချောင်းတည်းနှင့်ဆိုက်ရောက်အောင်

လုပ်နိုင်သည်အထိစွမ်းအားကြီးသည်ဖြစ်သည်။ ၎င်းနှင့်သူ့ကြားက ကွာခြားချက်က ကြီးမားလွန်း၏။ ထိုထက်ပိုသည်ကား ဤခွန်အားမှာကျိရှောင်းနှင့်ပြင်း

ထန်စွာတိုက်ခိုက်ပြီးသည့်နောက် ထိခိုက်ဒဏ်ရာရထားသည့်အ

ခြေအနေတွင်ရှိနေသောခွန်အားဖြစ်၏။

“ပမ့်အောင်းက ကျိရှောင်းကြောင့်လွင့်ထွက်သွားပြီးတဲ့နောက် ထပ်ပြီလွင့်ထွက်သွားပြန်ပြီ.. “

ပမ့်အောင်းထပ်မံလွင့်ထွက်သွားပြီးနောက် စင်မြင့်အောက်ဘက်၌ရှိနေကြသော ပမ့်အောင်း၏ခြိမ်းခြောက်မှု

ကြောင့်တိတ်နေကြသောလူအုပ်ကြီးမှာ အသံများထပ်မံထွက်လာကြသည်။

“ဟမ့်.. ခုဏတုံးက အရမ်းမောက်မာပြနေတဲ့ ဒီပမ့်အောင်း. ဒါနဲ့ပဲတန်တယ်.. ပြီးတော့ သူက ရှစ်ဖုန့်အပြင်းအထန်ထိခိုက်ထားတာကို အခွင့်ကောင်းယူ အခြားသူတွေအန္တရာယ်ဖြစ်တာ

ကိုအခွင့်ကောင်းယူချင်နေတာ..

ဒါကြောင့်သူပြန်ဝဋ်လည်တာပဲ..”

“ပမ့်အောင်းရဲ့အရှက်မရှိ မောက်မာတဲအပြူအမူနဲ့ နောက်ဆုံးတော့သူအပြစ်ပေးခံရပြီ”

ထွက်ပေါ်လာသောအသံများနှင့်စကားလုံးများ၌ အများစုက ပမ့်အောင်းအားအပြစ်တင်ဝေ

ဖန်ကြသောအရာများဖြစ်ကြသည်။

ဤအချိန်တွင် ရှစ်ဖုန့်က လွင့်ထွက်သွားသောပမ့်အောင်းအားလျှစ်လျူရှုလိုက်သည်။သို့သော် သူ၏

ဘယ်လက်သို့ကြည့်၍ လက်ခလယ်ထိပ်ရှိ လပြည့်ဓားအမှတ်အသား

ကိုစိုက်ကြည့်လိုက်သည်။

အစောက ရှစ်ဖုန့်သူ၏ ဘယ်လက်၏လက်ခလယ်ထိပ်၌ ငရဲဘုံကိုးခုစွမ်းအင်အား လှည့်ပတ်ပြီး ပမ့်အောင်း၏ ရေခဲနှင်းမုန်တိုင်းထံသို့ လက်ချောင်းအားတောက်ထုတ်လိုက်ချိန်တွင် ဓားအမှတ်အသားက ရုတ်တရက် တုန်ယင်သွားပြီးဆန်းကြယ်

သောလှိုင်းတစ်ခုအားထုတ်လွှတ်လိုက်သည်ကို ရှစ်ဖုန့် အာရုံခံမိလိုက်သည်။

အတွေးတစ်ချက်ဖြင့် လပြည့်ဓားက ရှစ်ဖုန့်၏လက်အတွင်း၌ ပေါ်လာသည်။ သူ၏လက်အတွင်းရှိလပြည့်ဓားအားစိုက်ကြည့်လိုက်ပြီး လပြည့်ဓားအတွင်းသို့ ငရဲဘုံကိုးခုစွမ်းအင်အား

ထပ်မံပေါင်းထည့်လိုက်သည်။

ဤအချိန်တွင်လပြည့်ဓားကရှစ်ဖုန့်၏လက်အတွင်း၌ပြင်းထန်စွာ တုန်ခါလာပြီးနောက် တလက်လက်တောက်ပနေသော ငွေရောင်အလင်းများလင်းလက်လာကာ ဦးတည်ချက်အနှံ့သို့တောက်ပသွားပြီး သူ၏လက်ထဲရှိလပြည့်ဓားက ပြောင်းလဲလာကာ ကြီးသည်ထက်ကြီးလာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ ၎င်းကကြီးလာခြင်းသာမကဘဲ အသွင်သဏ္ဍန်ပါပြောင်းလဲလာခြင်းဖြစ်သည်။

မကြာခင်တွင် ငွေရောင်အလင်းတို့မှေးမှိန်ပျောက်ကွယ်သွားပြီးသူ၏လက်အတွင်းရှိလပြည့်

ဓားကရှည်လျားသောလက်ကိုင်

လုံးဝန်းကွေးညွှတ်သော ဓားသွားတစ်ခုနှင့်ဓားရှည်တစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။

ဤကွေးညွှတ်သောဓားအားကြည့်၍ ရှစ်ဖုန့်၏မျက်နှာထက်၌ လွန်စွာတုန်လှုပ်အံ့အားသင့်သော

အမူအယာတစ်ခုဖြစ်ပေါ်လာသည်။

“ဒီ..ဒီအသွင်သဏ္ဍန်က ဒဏ္ဍာရီလာဓားဖြစ်တဲ့ ရှေးခေတ်ကာလက သေခြင်းနတ်ဘုရားရဲ့ သေခြင်းကောက်ရိတ်ဓားနဲ့ အရမ်းဆင်တူတယ်”

“ကြည့်လိုက်အုံး.. ရှစ်ဖုန့်လက်ထဲက ဓားက အရင်ကနဲ့ပုံစံမတူတော့ဘူး.. အခုအဲ့တာက ပုံစံပြောင်းသွားတယ်.. ဘာတွေဖြစ်နေတာတုံး”

ရှစ်ဖုန့်၏လက်အတွင်းရှိ လပြည့်ဓား၏ ပြောင်းလဲမှုအား အောက်၌ရှိနေကြသောသူများ

ကလည်းသတိပြုမိကြသည်ဖြစ်သည်။ ပွဲကြည့်နေကြသူများမှာ သူတို့၏မျက်လုံးအတွင်းမြင်

တွေ့လိုက်ကြရသောအခါတွင် အံ့အားသင့်စွာဖြင့်အလန့်တကြား

ပြောလိုက်ကြသည်။

စင်မြင့်အောက်၌ရှိနေကြသော ပရိတ်သတ်များသည်သာမကဘဲ စင်မြင့်တစ်ရာလုံး၏အထက်ဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်နေသော မင်းသားကွမ်းသည်ပင် သူ၏မျက်လုံးတို့အား စင်မြင့်နံပါတ်တစ်ဆယ်ရှိ ရှစ်ဖုန့်လက်အတွင်းမှ လပြည့်ဓားထံသို့ အာရုံစူးစိုက်လိုက်သည်။

“ဖြစ်နိုင်တာ..ဒါကဒဏ္ဍာရီလာ…”

နန်းတော်ထက်၌ ဝင့်ကြွားစွာရပ်နေကာ အောက်သို့ငုံ့ကြည့်နေသည့် ထျန်းလျန်အင်ပါယာ၏ဧကရာဇ်မင်းဖြစ်သူ လန်ယွမ်၏မျက်နှာထက်တွင် ဤအချိန်၌ လွန်စွာတုန်လှုပ်အံ့အားသင့်မှု

တို့ဖြစ်ပေါ်လာသည်။

“သေခြင်းကောက်ရိတ်ဓားလား.. ဒါက ရှေးခေတ်အချိန်ကာလက သေခြင်းနတ်ဘုရားရဲ့သေခြင်း

ကောက်ရိတ်ဓားလား. အကယ်ဒါသာအမှန်ဆိုရင် ..သေခြင်းကောင်းရိတ်ဓားကသာ ဒီနေရာမှာမွေးဖွားလာတယ်ဆိုရင်.. ငါ့ရဲ့ထျန်းလျန်အင်ပါယာက မရေတွက်နိုင်တဲ့သူတွေကို စွဲဆောင်ခံရပြီး ကြီးမြတ်တဲ့ ဧကရာဇ်နယ်ပယ်တွေတောင် တစ်ယောက်ပြီးတစ်ယောက်

ရောက်လာလိမ့်မယ်.. ပြီးတော့ ငါ့ရဲ့ထျန်းလျန်အင်ပါယာမှာ မကြုံစဖူးဝရုန်းသုန်းကား

အခြေအနေတွေဖြစ်လာလိမ့်မယ်”

“ဒီကောင်လေး ဒီလိုဓားမျိုးကို ဘယ်နေရာကနေရလာတာလဲ.. အကယ်၍ဒါသာ တကယ်ပဲ သေခြင်းကောက်ရိတ်ဓားသာဆိုရင် .. သူ့အတွက်မကောင်းဘူး.. ဒါက အသက်ကိုခြိမ်းခြောက်တဲ့

အဆောင်တစ်ခုလိုတောင်ဖြစ်နေလိမ့်မယ်”

ကြီးမားသော ငွေရောင် တံစဉ်ကြီးအား ရှစ်ဖုန့်၏လက်အတွင်း၌ တင်းကျပ်စွာဆုပ်ကိုင်ထား၏။လပြည့်ဓားက သာမန်မဟုတ်သောထူးခြား

သည့်အရာတစ်ခုဖြစ်သည်ဟု ရှစ်ဖုန့်ခံစားမိသည်မှာကြာခဲ့ပြီဖြစ်သော်လည်း ဤအချိန်တွင် ငရဲဘုံကိုးခု စွမ်းအင်အား ၎င်းအတွင်းပေါင်းထည့်လိုက်ပြီးနောက်၌ ၎င်းက ပြောင်းလဲတိုးတက်သွားပြီး ဒဏ္ဍာရီလာ သေခြင်းကောက်ရိတ်ဓားပုံစံ

ဖြစ်ပေါ်လာခဲ့သည်။ ၎င်းက ဒဏ္ဍာရီလာ သေခြင်းကောက်ရိတ်ဓားဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ ဤဓားက အကြွင်းမဲ့ထူးခြားသည်ဖြစ်သည်။

ဤအချိန်တွင် ရှစ်ဖုန့်၏ငရဲဘုံကိုးခုစွမ်းအားအား ငွေရောင်တံစဉ်ထဲသို့ သွန်းလောင်းထည့်နေရဆဲဖြစ်သည်။ငွေရောင် တံစဉ်၌ လိုအပ်သောစွမ်းအင်တို့မပြည့်ခင်အထိ ရှစ်ဖုန့်မှာသူ့ကိုယ်အတွင်းရှိ ငရဲဘုံကိုးခု စွမ်းအင်အားလုံးနီးပါးအား၎င်းအတွင်းသို့ သွန်းလောင်းထည့်နေရသည်ဖြစ်သည်။

ဤအချိန်တွင် ရှစ်ဖုန့်လက်အတွင်းရှိ ငွေရောင်တံစဉ်က ဆက်လက်တုန်ယင်နေပြီး ၎င်း၏စွမ်းအားအားအာရုံခံကြည့်သောအခါတွင် ရှစ်ဖုန့်၏မျက်နှာကသိသိသာသာကိုပြောင်းလဲသွားသည်။

“ဒါ..ဒါက အရမ်းစွမ်းအားကြီးလွန်းတယ်”

ငရဲဘုံကိုးခုစွမ်းအင်တို့အား ကြီးမားသောပမာဏတစ်ခုစာ ကုန်ဆုံးစေသော်လည်း ရှစ်ဖုန့်ကိုယ်အတွင်းရှိစွမ်းအင်အားလုံးအား ငွေရောင်တံစဉ်ကဝါးမျိုပြီးသည့်နောက်၌ ၎င်း၏စွမ်းအားက မမျှော်လင့်ထားလောက်အောင်

စွမ်းအားကြီးလွန်းနေသည်။

ဤအချိန်တွင်သိပ်မဝေးသောနေရာ၌ ရေခဲရောင် ပုံရိပ်ဖြစ်သော ပမ့်အောင်း၏ကိုယ်က စင်မြင့်နံပါတ်တစ်ဆယ်ကြမ်းပြင်ထက်၌ လဲနေသည်။ ခန္ဓာကိုယ်ကမြေပြင်မှထလာသောအခါတွင် ရှစ်ဖုန့်၏လက်ထဲမှ ငွေရောင်တံစဉ်က သိပ်မဝေးသောနေရာမှ၎င်းအား

ပိုင်းဖြတ်လိုက်သည်။

ငွေရောင်တံစဉ်ကချာချာလည်

ပြီးပမ့်အောင်းထံသို့ဦးတည်သွား၏။

ပမ့်အောင်းမှအစကအံ့အားသင့်နေသော်လည်း ရုတ်တရက်ထလာပြီးသည့်နောက်၌၎င်း၏မျက်နှာကသိသိသာသာကိုပြောင်းလဲသွားသည်။ယခင်ကထက်ပို၍ တုန်လှုပ်အံ့အားသင့်ပြီး မယုံကြည်နိုင်ဖြစ်လာသည်။

သူ့ထံသို့ပျံသန်းဦးတည်လာနေသော ကြီးမားသည့် ငွေရောင်တံစဉ်ကြီးအားကြည့်လိုက်ပြီး ငွေရောင်တံစဉ်၏စွမ်းအားအောက်၌ သူ့အနေဖြင့် လုံးဝခုခံနိုင်စွမ်းမဲ့နေသလိုခံစားရသည်။

၎င်း၏အောက်တွင်သူက

ပုရွတ်ဆိတ်လေးတစ်ကောင်ကဲ့သို့ဖြစ်နေပြီး သူ့အားပိုင်းဖြတ်ရန်လည်စင်း

ပေးရသကဲ့သို့ဖြစ်နေသည်။

ဤအချိန်တွင်ပမ့်အောင်းမှာလက်တစ်ချောင်းပင်လှုပ်ရန်အားမရှိသလိုခံစားရသည်။ သူအဝေးသို့ထွက်ပြေးချင်သော်လည်း သူလုံးဝလှုပ်ရှားနိုင်ခြင်းမရှိချေ။ သူ့ထံသို့ပျံသန်းလာနေသော

အရာအားထိတ်လန့်စွာဖြင့်

မျက်လုံးတို့ပြူးကျယ်လျက် ကြည့်နေရုံသာတက်နိုင်သည်။

“ရွှတ်..”ဟူသောအသံနှင့်အတူ ငွေရောင်တံစဉ်က ပမ့်အောင်း

၏လည်ပင်းအား ပိုင်းဖြတ်သွားပြီး လွန်စွာထိတ်လန့်ကြောက်ရွံ့စွာ

ဖြင့်မျက်လုံးတို့ပြူးကျယ်နေသောဦးခေါင်းက ကောင်းကင်ထဲသို့ လွင့်ပျံတက်သွားသည်။

All Chapters