အခန်း (၆၁၃)
Vol. 41 Ch. 613
ပမ့်အောင်း၏ခေါင်းက ကောင်းကင်ထဲသို့ပျံတက်သွားသည်။ ဤအချိန်တွင် ပမ့်အောင်းတစ်ယောက်သူ့
ကိုယ်သူပျံနေသည်ဟုခံစားရပြီးနောက် ကမ္ဘာကြီးက ချာချာလည်ကာမှောင်မိုက်လာသည်။
ထို့နောက်ချက်ချင်း အောက်ဘက်မြေပြင်ရှိ ကြီးမားသောစင်မြင့်အားမြင်တွေ့ရပြီး ၎င်းအပေါ်၌ ရပ်နေသော ရင်းနှီးသည့် ရေခဲရောင်ပုံရိပ်တစ်ခုအားမြင်လိုက်ရသည်။
၎င်းက စစ်ဘက်သုံးချပ်ဝတ်အားဝတ်ဆင်ထားပြီး ၎င်း၏လည်ပင်းအထက်၌ဘာမှရှိမနေချေ။ တောက်ပနီရဲသောသွေးများက ၎င်းနေရာမှ ရေပန်းကဲ့သို့ပန်းထွက်နေသည်။
ဤသည်မှာ ဦးခေါင်းမဲ့နေသော အလောင်းကိုယ်ထည်တစ်ခုကဲ့သို့ပင်ဖြစ်သည်။
“ဒါ..ဒါကငါ့ရဲ့ကိုယ်ပဲ. “
ချာချာလည်နေသောပမ့်အောင်းမှ ရုတ်ခြည်း တုန်လှုပ်အံ့အားသင့်သဘောပေါက်သွားရသည်။
ထိုနောက် ဧရာမငွေရောင်တံစဉ်က ဦးခေါင်းမဲ့အလောင်း၌တဝှီဝှီလည်ပတ်နေသည်ကို ပမ့်အောင်းတွေ့လိုက်ရသည်။ ပမ့်အောင်းတစ်ယောက် ငွေရောင်တံစဉ်နှင့် တံစဉ်ပေါ်ရှိ စွမ်းအားကြီးစွမ်းအင်တို့အား မြင်တွေ့ရသောအခါတွင် စိတ်သက်သာရာရသွားသလိုခံစားရ၏။
“နောက်ဆုံးတော့ငါ စွမ်းအားကြီးတဲ့အရာကို မယှဉ်နိုင်ဘူးပဲ”
ဤအရာအားတွေးပြီးသောအခါတွင် သူ၏အသိတို့က ပမ့်အောင်း၏စိတ်ထဲမှဒီရေ
အလားယုတ်လျော့သွားသည်။
ထျန်းခွန်းဂိုဏ်းလိပ်နက်ခန်းမ၏ ဒုခေါင်းဆောင်ဖြစ်သူစွမ်းအား
ကြီးမဟာသူတော်စင်နယ်ပယ်
ပမ့်အောင်းတစ်ယောက်
ကျဆုံးသွားခဲ့ပြီဖြစ်သည်။
ငွေရောင်တံစဉ်က ရှစ်ဖုန့်၏လက်ထဲသို့ပြန်လည်ရောက်ရှိလာ၏။ ရှစ်ဖုန့်က ကြီးမားသောငွေရောင်တံစဉ်ကိုကိုင်ပြီး ဟင်းလင်းပြင်ထဲသို့နှစ်ချက်
ခုတ်ပိုင်းချလိုက်သည်။
“ဘန်း..ဘန်း”
ငွေရောင်တံစဉ်က လေထုအားပိုင်းဖြတ်သွားပြီး အသံလှိုင်းပေါက်ကွဲမှုနှစ်ခုဖြစ်ပေါ်ကာ ရေလှိုင်းကဲ့သို့သောလှိုင်းတွန့်များဖြစ်လာသည်။
သူ၏လက်ထဲရှိငွေရောင်တံစဉ်အားကြည့်၍ ရှစ်ဖုန့်ကသွားပေါ်အောင်ပြုံးလိုက်ကာ တီးတိုးရေရွတ်လိုက်သည်။
“ဒါကတကယ့်ကိုဆန်းကြယ်ကောင်းမွန်တဲ့လက်နက်တစ်ခုပဲ.ငါအရမ်းကြိုက်တယ်”
ဤအရာအားပြောပြီးနောက်ပြင်းထန်သောသွေးနီရောင် မီးတောက်များက ရှစ်ဖုန့်၏ကိုယ်မှဟုန်းခနဲထွက်ပေါ်လာပြီး ရှေ့သို့ ဦးတည်သွားကာ ပမ့်အောင်း၏ဦးခေါင်းမဲ့နေသော ရေခဲရောင်ကိုယ်နှင့် အစောပိုင်းကမှပြုတ်ကျလာသော ဦးခေါင်းတို့အား ဝါးမျိုသွားသည်။ထို့နောက်
သွေးနီရောင်မီးတောက်တို့က သူ၏ကိုယ်ဆီသို့ ပြန်လည်လှိမ့်ဝင်လာ၏။
သွေးနီရောင်မီးတောက်တို့က ရှစ်ဖုန့်၏ကိုယ်အတွင်းပြန်
လည်စုပ်ယူခံလိုက်ရပြီး ပမ့်အောင်း၏ကိုယ်နှင့်ရေခဲ
ရောင်ချပ်ဝတ်တို့က လုံးဝပျောက်ကွယ်သွားသည်။
ကြယ်တစ်ပွင့်မဟာသူတော်စင်
နယ်ပယ်ပမ့်အောင်း၏ သေခြင်းစွမ်းအင်၊ဝိညာဉ်စွမ်းအင်နှင့်
သွေးတို့အားလုံးအား ရှစ်ဖုန့် လုံးဝဝါးမျိုးပစ်လိုက်သည်။ အစောပိုင်းကငွေရောင်တံစဉ်တိုက်ချက်အား ထုတ်ဖော်မှုကြောင့်ကုန်ဆုံးသွားခဲ့သော ငရဲဘုံကိုးခုစွမ်းအင်များမှာလည်းလုံးဝကို ပြန်လည်ပြည့်တင်းလာ၏။
“လုံးဝအသေအချာကို အတူတူပဲ..သူ့ရဲ့လက်ထဲမှာသေရတဲ့မှန်သမျှ အရိုးတောင်မကျန်ဘူး..”
ကွင်းအောက်၌ရှိနေကြသောလူများမှာ ပမ့်အောင်း၏ ကိုယ်အားမီးတောက်များက ဘာမှကျန်ရစ်ခြင်းမရှိသည်
အထိလောင်ကျွမ်းပစ်သည်ကို မြင်ရမှုကြောင့် သူတို့၏ခေါင်းများအား ခါယမ်းလိုက်ကြပြီး သက်ပြင်းကိုယ်စီချလိုက်ကြသည်။
“မဟာသူတော်စင်နယ်ပယ်အစွမ်း
ထက်တဲ့လူသုံးယောက်.. နှစ်ရက်တည်းနဲ့ သူ့ရဲ့လက်ထဲမှာ အစွမ်းထက်တဲ့ မဟာသူတော်စင်နယ်ပယ်တွေ
သေဆုံးသွားကြတယ်”
ဝမ့်ကုန်း၊ကျိရှောင်း၊လမ့်အောင်းအားလုံးမှာတစ်ယောက်က လုံဟူဂိုဏ်း၏သခင်လေး တစ်ယောက်က ထျန်းလျန်အင်ပါယာ၏ ဗိုလ်ချုပ် တစ်ယောက်က လိပ်နက်ခန်းမ၏လက်ထောက်
ခေါင်းဆောင်တို့ဖြစ်ကြပြီး ဤသည်မှာသာမန်အချိန်များ၌ပင် လုံးမမြင်တွေ့ဖူးသောအရာပင်ဖြစ်သည်။ သူတို့အားလုံးကလုံးဝကို ကြီးမားတဲ့အရာတွေဖြစ်သည်။ ၎င်းတို့မှာအဆင့်အတန်းမြင့်မား
ကြသောသူများဖြစ်ကြ။စွမ်းအားများလည်းကြီးမားကြပြီး ယခု၎င်းတို့အားလုံးက သူ၏လက်ထဲ၌သာ သေသွားကြရသည်ဖြစ်သည်။
“ရှစ်ဖုန့်က ငါတို့ထျန်းလျန်အင်ပါယာမှာ သေချာပေါက်ကိုကျော်ကြားလာတော့မှာ ..မဟုတ်သေးဘူး အရှေ့ပိုင်းဒေသကြီးအတွင်းမှာကို ကျော်ကြားလာတော့မှာ”
စင်မြင့်နံပါတ်တစ်ဆယ်ထက်တွင် ရှစ်ဖုန့်က ခေါင်းမော့လိုက်ပြီး စင်မြင့်အထက်၌ရှိနေသော စာပေသမားပုံစံဒိုင်ဖြစ်သူအားကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဘယ်သူက အနိုင်ရသူအဖြစ်ဆုံးဖြတ်ချင်သေးလဲ. သူတို့ကိုဒီကိုလွှတ်ပြီးတော့ဒီသခင်လေးနဲ့တိုက်ခိုင်းလိုက်ပါ”
“ကောင်းပြီ”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် စာပေသမားအသွင်နှင့်ဒို်ငဖြစ်သူကခေါင်းညိမ့်လိုက်ပြီး ပြန်တုန့်ပြန်လိုက်သည်။
“ဟမ်”
သို့သော် ဤအချိန်တွင် ဟင်းလင်ပြင်ထဲ၌ဝင့်ကြွားစွာရပ်နေသော မင်းသားကွမ်းက တစ်စုံတစ်ခုအားအာရုံခံမိသွားပုံပေါ်၏။ ရုတ်တရက်မျက်မှောင်ကြုတ်လိုက်ပြီး မြောက်ဘက်ရှိကျယ်ပြောလှသော ကောင်းကင်ထဲသို့ကြည့်လိုက်သည်။
“ဟမ်”
စင်မြင့်နံပါတ်တစ်ဆယ်ထက်ရှိ ရှစ်ဖုန့်ကလည်း မြောက်ဘက်ကောင်းကင်မှ ပုံမှန်မဟုတ်မှုကို အာရုံခံမိပြီး သူ၏ခေါင်းအား ထိုဦးတည်ချက်ဘက်သို့ လှည့်လိုက်သည်။
ထို့နောက်ချက်ချင်း တစ်ယောက်ပြီးတစ်ယောက်
ခေါင်းလှည့်လိုက်ကြကာ သူတို့၏အကြည့်များအား မြောက်ဘက်ကောင်းကင်ဆီသို့
ရွှေ့လိုက်ကြသည်။
မြောက်ဘက်ကောင်းကင်ပြင်၌ သိပ်သည်းထူထပ်များပြားလှသောပုံရိပ်များက ကျိုင်းကောင်များကဲ့သို့ ဖြတ်သန်းပေါ်လာကြသည်။
တစ်ချက်ကြည့်ရုံဖြင့် အနည်းဆုံး ဤပုံရိပ်များက ထောင်ဂဏန်းရှိသည်ကိုသိနိုင်သည်ဖြစ်သည်။
“ဒီသက်ကြားအိုကြီးနောက်ဆုံးတော့ ဒီကိုရောက်လာပြီ”
စင်မြင့်ပေါင်းတစ်ရာ၏အထက် ဟင်းလင်းပြင်ထဲ၌ ရှိနေသော မင်းသားကွမ်းက သူ၏ခေါင်းအားခါယမ်းလိုက်ပြီး ပေါ်လာသည့်များပြားလှသော ပုံရိပ်များအားကြည့်၍ သက်ပြင်းချလိုက်သည်။သူ၏သားဖြစ်သူသေဆုံးသွားခြင်းကြေင့် ဤသက်ကြားအိုကြီး သေချာပေါက်လာမည်ကိုသူ
သိနေသည်မှာကြာပြီဖြစ်သည်။
“လုံဟူဂိုဏ်း.. ဒါကလုံဟူဂိုဏ်းပဲ”
ဤအချိန်တွင် လူအုပ်ကြီးထံမှ အထိတ်တလန့်အော်သံများထွက်ပေါ်လာသည်။
“လုံဟူဂိုဏ်းကဒီကိုရောက်လာပြီ. ဝမ့်ကျိုးရဲ့သားဖြစ်တဲ့လုံဟူဂိုဏ်းသခင်လေး က အသတ်ခံခဲ့ရတယ်..ခု ဝမ့်ကျိုးက လုံဟူဂိုဏ်းကလက်ရွေးစင်ထောင်ပေါင်းများစွာကိုဦးဆောင်ပြီးတော့ ထျန်းလျန်အင်ပါယာရဲ့တော်ဝင်မြို့တော်ကိုလာနေပြီ..ရှေ့မှာရှိနေတဲ့လူအိုကြီးက ထျန်းလျန်အင်ပါယာရဲ့ ထိပ်တန်းအဆင့်ကျွမ်းကျင်သူဆယ်ယောက်စာရင်းမှာနံပါတ်နှစ်ချိတ်တဲ့ လုံဟူဂိုဏ်းရဲ့ခေါင်းဆောင် ဝမ့်ကျိုးပဲ”
“ဝမ့်ကျိုးဒီကိုရောက်လာပြီ”
ထို့နောက် တစ်ယောက်ပြီးတစ်ယောက်မျက်လုံးများက စင်မြင့်နံပါတ်တစ်ဆယ်ပေါ်သို့
ကျရောက်လာသည်။ ဝမ့်ကျိုးက လုံဟူဂိုဏ်းမှ ထောင်ပေါင်းများစွာသောလူများအား ကိုယ်တိုင်ဦးဆောင်ပြီး လာရခြင်းမှာ ဤလူအား လက်စားချေရန်အတွက်ဖြစ်သည်ကို
အားလုံးသိကြသည်ဖြစ်သည်။
“အခု ဒါက ရှစ်ဖုန့်ရဲ့အဆုံးသတ်ပဲ. ဟူး.. ကြည့်ရတာ မျိုးဆက်တစ်ခုရဲ့ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးတော့ ဒီနေရာမှာပဲသေရတော့မယ်ပုံပဲ.. ဒီပေမဲ့သူက ပါရမီရှင်များစွာကိုသတ်ဖြတ်ခဲ့တာ. အကယ်၍ ရှစ်ဖုန့်ဒီနေ့ဒီနေရာမှာသေသွားရင်တောင် အရှေ့ပိုင်းဒေသကြီးတစ်ခုလုံးမှာသူ့ရဲ့နမည်က အချိန်တစ်ခုကြာအောင်ကျယ်လောင်နေမှာပဲ”
မြောက်ဘက်ဟင်းလင်းပြင်ထဲတွင်
ပေါ်လာသောသိသည်းထူထပ်များပြားသည့် လူအုပ်ကြီး၏ရှေ့၌ ခမ့်ညားသောမျက်နှာနှင့် အဖြူရောင် ဆံပင်အဖြူရောင် မုတ်ဆိတ်မွှေးတို့ရှိကာ ဧကရာဇ်တစ်ပါးရောက်လာသည့်
နှယ်အသွင်ရှိနေသော လူတစ်ယောက်ရှိနေသည်။ လူအိုကြီးကအစိမ်းရောင်ဝတ်ရုံတစ်ခုအားဝတ်ဆင်ထားပြီး သူ၏ရင်ဘက်၌ သွားများ လက်သည်းများအပြာရောင်
နဂါးတစ်ကောင်အားရေးထိုးထားသည်။ သူ၏နောက်ဘက်ရှိ အဖြူရောင်သားမွှေး ဝတ်ရုံရှည်အားဝတ်ဆင်ထားပြီး ၎င်းက လေထဲ၌လူးလွန့်နေ၏။အဖြူရောင်ဝတ်ရုံပေါ်တွင် က ကျားဖြူတစ်ကောင် ဟိန်းသည့်အသွင်ကို ရေးထိုးထားသည်။
ဤလူအိုကြီးမှာ ထျန်းလျန်အင်ပါယာ၏ထိပ်တန်းအဆင့်ကျွမ်းကျင်သူဆယ်ယောက်စာရင်းတွင် ဒုတိယချိတ်သော လုံဟူဂိုဏ်း၏ခေါင်းဆောင် ဝမ့်ကျိုးပင်ဖြစ်သည်။
“ဘယ်ကောင်ငါ့သားကိုသတ်တာလဲ..
မင်းရဲ့ခြေတွေလက်တွေကိုသုံးပြီးတော့ ဒီကိုထလာစမ်း.. “
ဝမ့်ကျိုးတစ်ယောက် ထျန်းလျန်အင်ပါယာ တော်ဝင်မြို့တော်၏ ကောင်းကင်ထက်သို့ရောက်ရောက်ချင်း ဒေါသထွက်နေသောကျားတစ်ကောင်ကဲ့သို့ တစ်မြို့လုံးအားမြည်ဟိန်းအော်ဟစ်လိုက်သည်။
ဤအချိန်တွင် ဟင်းလင်းပြင်ထဲ၌ဝင့်ကြွားစွာရပ်နေသောမင်းသားကွမ်းမှာ ရွှေရောင်အလင်းတစ်ခုအဖြစ်ပြောင်းသွားပြီး ဝမ့်ကျိုး၏ရှေ့သို့ ဖျက်ခနဲရောက်သွားကာပြောလိုက်သည်။
“လူအိုကြီး. ခင်ဗျားပြောစရာရှိတယ်ဆိုရင်
ကျုပ်ကိုကျေးဇူးပြုပြီးပြောပါ”
မင်းသားကွမ်း၏အသံကထွက်
ပေါ်လာပြီးနောက် ဝမ့်ကျိုးကသူ့ရှေ့ရှိ အဖြူရောင်ပုံရိပ်အားကြည့်လိုက်ပြီး ခက်ထန်ဒေါသထွက်စွာဖြင့် ကျယ်လောင်စွာအော်ပြောလိုက်သည်။
“လန်ကွမ်း. အရူးကောင်..မင်းရဲ့သာသေတာ
မဟုတ်တော့မင်းက ငါ့ကိုဒီမှာထေ့လုံးငေါ့လုံးတွေ
လာပြောနေတာပေါ့… မင်းငါ့ကို ကောင်းကောင်းဆက်ဆံစေချင်တယ်ဆိုရင် မင်းသားကိုသွားသတ်လိုက် ပြီးမှမင်းကောင်းကောင်းလေးဆက်ဆံဦးမလားဆိုတာကိုကြည့်တာပေါ့”
“ဒါက သိုင်းပြိုင်ပွဲတိုက်ပွဲကွင်းပြင်တစ်ခုပဲ. ပါဝင်သူတွေဟာသေခြင်းတရားကို သတိပြုမိထားပြီးဖြစ်တယ်.. ဒါကရှောင်လွှဲလို့မရဘူး..မင်းရဲ့ကောင်လေး ဝမ့်ကုန်းသေသွားပေမဲ့ အဲ့မတိုင်ခင်မှာ မင်းကောင်လေးဝမ့်ကုန်းကလည်းသတ်ဖြတ်ခဲ့တာပဲ..သူသတ်ခဲ့တဲ့ပြိုင်ပွဲဝင်
တွေတော်တော်များတယ်..”
မင်းသားကွမ်းမှာ ဝမ့်ကျိုးအားမျက်နှာချင်းဆိုင်ရင်း
ကြောက်လန့်ခြင်းမရှိဘဲ ပျော်ရွှင်စွာပင်ပြောနေသည်။
ဝမ့်ကျိုးအဆင့်ကဒုတိယ်ဖြစ်ကာ မင်းသားကွမ်းအဆင့်က တတိယဖြစ်သော်လည်း သိုင်းနယ်ပယ်ကတော့အတူတူပင်ဖြစ်ကြပြီး နှစ်ဦးစလုံးက ကြယ်လေးပွင့်မဟာသူတော်စင်
နယ်ပယ်များဖြစ်ကြသည်။ သူတို့နှစ်ဦးသာတကယ်တိုက်ခိုက်ခဲ့ကြသောအခါ တကယ်တမ်း၌ ခြေတူနေသည်သာဖြစ်၏။
ထိုတိုက်ပွဲတွင်း နှစ်ဦးသာအချိန်တစ်ခုကြာအောင်
တိုက်ခဲ့ကြသည်။ အဆုံးသတ်၌ မင်းသားကွမ်းကတစ်ချက်လေးလွဲသွားပြီး ဝမ့်ကျိုးအားရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အကယ်၍နောက်ထပ်ပြတ်သား
သောတိုက်ပွဲတစ်ခုကိုသာတိုက်ရမည်ဆိုလျှင် မင်းသားကွမ်းမှာ သူ့အနေဖြင့် ၎င်းအားဘယ်တော့မှထပ်ပြီး
မရှုံးတော့ဟုခံစားရသည်။
“သိုင်းပြိုင်ပွဲတစ်ခုဟုတ်လား”
မင်းသားကွမ်းပြောသည်အားကြားပြီးနောက် ဝမ့်ကျိုးကအေးစက်စွာပြောလိုက်သည်။ ထို့နောက်သူက အေးစက်စွာအော်ပြောလိုက်၏။
“မင်းရဲ့သိုင်းပြိုင်ပွဲလည်းငါဂရုမစိုက်ဘူး. အကယ်၍တစ်ယောက်ယောက်က
ငါ့သားကိုသတ်တဲ့လူသတ်သမားကို ကာကွယ်ရဲရင် .ဒါမှမဟုတ်
ငါ့ကိုဒီနေ့တားရဲရင်. ငါသူ့ကို မပြန်လမ်းကိုကြွသွားအောင်လုပ်ပေးမယ်.. မင်းလိုမသေနိုင်သေးတဲ့သက်ကြားအိုကြီးလန်ကွမ်းဖြစ်နေရင်တောင်မှချွင်းချက်လုံးဝမရှိဘူး”