← Chapters

အခန်း (၆၁၄)

Vol. 41 Ch. 614

အခန်း (၆၁၄)

Vol. 41 Ch. 614

ဟင်းလင်းပြင်ထဲတွင် မင်းသားလန်ကွမ်းနှင့် လုံဟူဂိုဏ်း၏ အရှင်သခင် ဝမ့်ကျိုးတို့ က တစ်ယောက်ကိုယ်တစ်ယောက် ဒေါသတကြီး ကြည့်နေကြသည်။ ဤလူအိုကြီး

နှစ်ယောက်မှာ ထျန်းလျန်အင်ပါယာ၏ အထွတ်အထိတ်စွမ်းအားကြီး

လူနှစ်ဦးဖြစ်ကြပြီး အကယ်၍ မည်ကဲ့သို့သဘောထားကွဲလွဲမှု

မဆိုရှိလာသည်နှင့် တိုက်ခိုက်ကြမည့်ပုံဖြစ်နေသည်။

“ကောင်းပြီ သက်ကြားအိုကြီး ခင်ဗျားရှာနေတဲ့သူက ဒီသခင်လေး ပဲ. ခင်ဗျားရဲ့ဘာကောင်းကျိုးမှပြုတဲ့ သား ဝမ့်ပိုင်ရော ပါရမီရှိတယ်လို့ခင်ဗျားသတ်မှတ်ထားတဲ့ ဝမ့်ကုန်းရောကို ဒီသခင်လေးသတ်ခဲ့တာ..”

ဤအခိုက်အတန့်တွင် ငယ်ရွယ်ပြီး ပြတ်သားကြည်လင်သော အသံတစ်ခုကထွက်ပေါ်လာသည်။ အသံက ရုတ်တရက် နေရာတစ်ခုလုံးအား ပဲ့တင်ရိုက်ခတ်သွားသည်။

“အား..”

ဝမ့်ကျိုး၏ ခမ့်ထည်သော ခန္ဓာကိုယ်မှာ ပဲ့တင်ရိုက်ခတ်လာသော လူငယ်၏အသံကိုကြားလိုက်ရသည့်အခါတွင် ရုတ်ခြည်းတုန်ယင်သွားသည်။

ထို့နောက် ဒေါသတရားတို့ပြည့်နှက်နေစွာဖြင့် သူ၏မျက်နှာကရှုံ့မဲ့နေပြီး လွန်စွာခက်ထန်ကြမ်းကြုတ်လာသည်။သူ၏မျက်လုံးတို့အား အောက်၌ရှိနေသော လူအုပ်ထံသို့ စိုက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် အောက်ဘက်ရှိစင်မြင့်နံပါတ်တစ်ဆယ်ထံသို့သူ၏အကြည့်တို့ကရောက်ရှိသွားသည်။သူက မိုးချုံးသံကဲ့သို့အသံဖြင့် အော်ဟစ်ကြုံးဝါးလိုက်သည်။

“မင်းပဲ..ငါ့သားတွေကိုသတ်ခဲ့တာမင်းပဲကိုး. မင်း..မင်းတိရစ္ဆာန်လေး.. မင်းသေရမယ်”

ဝမ့်ကျိုးက အော်ဟစ်လိုက်သောအခါတွင် အောက်၌ရှိနေသော စင်မြင့်နံပါတတ်တစ်ဆယ်ထံသို့ ပြင်းထန်သောလက်သီးတစ်ချက်ကို

ပါပစ်သွင်းပြီးဖြစ်ပြီး ဧရာမအစိမ်းရောင် နဂါးရိပ်ကြီးတစ်ခုက ဝမ့်ကျိုးထံမှပေါက်ကွဲထွက်ပေါ်လာသည်။

“ဂါး”

နဂါး၏ပုံရိပ်ကကျယ်လောင်စွာ

ဟိန်းလိုက်ပြီးနောက် ကမ္ဘာတစ်ခုလုံးအားရိုက်ခတ်ပျံ့နှံ့သွားပြီး ၎င်း၏အစွယ်များနှင့် လက်သည်းများအားဝင့်ကာပြသလျှက် ဟင်းလင်းပြင်ထဲ၌ ရုတ်တရက်လှုပ်ရှားလိုက်ပြီး ဧရာမအစိမ်းရောင်ခန္ဓာကိုယ်ကြီးက စင်မြင့်နံပါတ်တစ်ဆယ်ထံသို့

ထိုးဆင်းလာသည်။

ဝမ့်ကျိုး၏ဒေါသကြောင့်ပေါက်ကွဲ

ထွက်ပေါ်လာသော ဧရာမနဂါးရိပ်ကြီးက အောက်၌ရှိနေကြသည့် ထျန်းလျန်အင်ပါယာတော်ဝင်မြို့

အတွင်းမှလူများအား ထိတ်လန့်မှုကြောင့်ဖြူဖျော့သွားစေသည်။ ဤသည်ကား ကြယ်လေးပွင့်မဟာသူတော်စင်

နယ်ပယ်တစ်ဦး၏ စွမ်းအားကြီးစွမ်းအင်များဖြင့်

တိုက်ခိုက်မှုဖြစ်သည်။ ဤစွမ်းအားအောက်တွင် မရေတွက်နိုင်သောလူများ၏နှလုံးသားမှာ

တဆက်ဆက်တုန်ယင်နေပြီး သူတို့၏ကိုယ်များက ဤစွမ်းအား၏အောက်၌ ဒူးထောက်မည့်သကဲ့သို့ဖြစ်နေသည်။

ဤစွမ်းအား၏အောက်တွင်ရှစ်ဖုန့်တစ်ယောက်လုံးဝဖျက်ဆီးခံရတော့မည်ဟု လူများ၏စိတ်ထဲ၌အလိုအလျောက်

ဖြစ်ပေါ်လာကြသည်။

“ဝမ့်ကျိုး.. မင်းကငါ့ရဲ့ငါ့ရဲ့တော်ဝင်မိသားစုဖြစ်တဲ့လန်မိသားစုတစ်ခုလုံးကို လုံးဝထည့်မတွက်တဲ့ပုံပဲ.. “

ဤအချိန်တွင် အိုမင်းပြီးကျယ်လောင်သော အသံတစ်ခုက ဟင်းလင်းပြင်ထဲ၌ထွက်ပေါ်လာသည်။ဤအသံအားထွက်ပေါ်စေသူမှာ မင်းသားကွမ်းတစ်ဖြစ်လည်း လန်ကွမ်းမှလွဲပြီးအခြားသူမဟုတ်ပေ။

ဝမ့်ကျိုး၏ရုတ်ခြည်းတိုက်ခိုက်လိုက်မှုအားတွေ့ရသောအခါတွင် လန်ကွမ်း၏မျက်နှာထက်၌ ဒေါသတရားတို့ကိုပြသလာသည်။ ဝမ့်ကျိုးအနေဖြင့် အခြားမည်သည့်နေရာ၌မဆို ဤကဲ့သို့ပြုမူမည်ဆိုလျှင်

အဆင်ပြေသည်ဖြစ်သော်လည်း တော်ဝင်မိသားစုရှိရာ ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်အတွင်း၌ သူ့ကဝင့်ကြွးစွာရပ်နေခဲ့ပြီး ၎င်းက ဤနေရာအတွင်း၌ပင် သတ်ဖြတ်ဖို့ကြိုးစားနေသည်ဖြစ်သည်။အကယ်၍ ဝမ့်ကျိုးကသာ ဤသတို့သားရွေးချယ်ပြိုင်ပွဲအတွင်း၌ ပြိုင်ပွဲဝင်တစ်ဦးအားသတ်ပစ်ခဲ့သည်ဆိုလျှင် သူ၏ တော်ဝင်မိသားစုဖြစ်သောလန်မိသား

စုမျက်နှာပျက်ရမည်သာဖြစ်သည်။

မင်းသားကွမ်းက ဒေါသတကြီးအော်ဟစ်လိုက်ပြီးနောက် သူ၏ညာလက်အားဓားလက်ချောင်းတစ်ခုအဖြစ်ဖွဲ့စည်းလိုက်ပြီး ဟိန်းဟောက်နေသော အစိမ်းရောင် နဂါးပုံရပ်ကြီးရှိရာအောက်ဘက်သို့ထိုးညွှန်လိုက်သည်။

ထို့နောက်တူညီစွာကြီးမားသော ရွှေရောင်ဓားစွမ်းအင်တစ်ခုက ထိုးဆင်းနေသော အစိမ်းရောင််နဂါးပုံရိပ်ကြီးအထက်၌ပေါ်လာပြီး အစိမ်းရောင်နဂါးထံသို့ တည့်တည့်ခုတ်ပိုင်းကျဆင်းသွားသည်။

မျက်စိတစ်မှိတ်အတွင်း ရွှေရောင်ဓားစွမ်းအင်က အစိမ်းရောင်နဂါး၏ကိုယ်အားထိုး

ဖောက်ဝင်ရောက်သွားသည်။

“ဂါး”

နဂါးပုံရိပ်ကြီးကနောက်ထပ်တစ်ကြိမ်

၎င်း၏ဦးခေါင်းအားကောင်းကင်ထဲသိုမော့၍ ပြင်းထန်သော နဂါးဟိန်းသံကိုဟိန်းလိုက်သည်။ထို့နောက် ရွှေရောင်ဓားစွမ်းအင်နှင့်အတူ မြူကဲ့သို့နှစ်ခုလုံး လေထဲ၌ပျောက်ကွယ်သွားသည်။

“လန်ကွမ်း.သက်ကြားအိုကြီး..ဘယ်လိုတောင်ငါ့ကိုတားရဲတာလဲ”

သူ၏တိုက်ခိုက်မှုကျိုးပျက်သွားပြီးနောက် ဝမ့်ကျိုး၏မျက်နှာထက်၌ နောက်တစ်ကြိမ်ခက်ထန်မှုကိုပြသလာပြီး မင်းသားကွမ်းအား စိန်းစိန်းဝါးဝါးကြည့်၍ ခက်ထန်သောသားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်သည်။

“ဒီနေ့ .. ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်အတွင်းကဘယ်သူ့ကိုမဆို ငါ ပြဿနာဖြစ်ခွင့်လုံးဝမပြုဘူး. မင်းဆိုတဲ့ လုံဟူဂိုဏ်းရဲ့ခေါင်းဆောင်ဝမ့်ကျိုး

ဖြစ်နေရင်တောင်မရဘူး.”

လန်ကွမ်းမှထပ်ပြီးဟိတ်ဟန်မထား

နေတော့ပေ။ ဝမ့်ကျိုးအားတိုက်ရိုက်ကြည့်လိုက်ပြီး အေးစက်စွာအော်ပြောလိုက်သည်။

ဤအချိန်တွင် ရွှေရောင်ပုံရိပ်များကထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်အတွင်းမှရွှေရောင်ဥက္ကာပျံများကဲ့သို့ ပျံသန်းထွက်လာကြပြီး မင်းသားကွမ်း၏နောက်၌ရပ်လိုက်ကြသည်။ ဤလူများအားလုံးက ရွှေရောင်ချပ်ဝတ်များကိုဝတ်ဆင်ထားကြပြီး စွမ်းအာကြီး အရှိန်အဝါတို့အားထုတ်လွှတ်နေသော ဆန်းကြယ်သည့် ရွှေရောင်လက်နက်များအားကိုင်ဆောင်ထားကြသည်။ဤလူများ ထုတ်လွှတ်နေသော အရှိန်အဝါက လုံဟူဂိုဏ်းခေါင်းဆောင်ဝမ့်ကျိုး နောက်၌ရပ်နေကြသူများထက်အားနည်းခြင်းမရှိကြချေ။

“ဒါက.. မင်းသားကွမ်းလက်အောက်က ရွှေရောင်ချပ်ဝတ် စစ်သည်တော်တွေပဲ.. ရွှေရောင်ချပ်ဝတ်စစ်သည်တော်တစ်ဦးချင်း

စီတိုင်းက ထောင်ပေါင်းများစွာသော စစ်တပ်ထဲကလူတွေထဲကနေရွေးထုတ်ထားတဲ့သူတွေကြီးပဲဖြစ်ပြီး…တစ်ယောက်ချင်းစီတိုင်းရဲ့ကျင့်ကြံမှုနယ်ပယ်ကလည်း အနည်းဆုံး ဘိုးဘေးနယ်ပယ်မှာရှိကြတယ်

လို့ပြောကြတယ်”

အောက်၌ရှိနေသာလူအုပ်ထဲမှ တစ်စုံတစ်ယောက်က မင်းသားကွမ်းနောက်၌ရပ်နေကြ

သည့်ထောင်ပေါင်းများစွာသော

ရွှေရောင်ချပ်ဝတ်စစ်သည်တော်များကို မှတ်မိလိုက်ပြီး လျှင်မြန်စွာဖြင့် အံ့ဩတကြီးပြောလိုက်သည်။

“မင်းသားကွမ်းက ရှစ်ဖုန့်ကိုကာကွယ်ပေးဖို့ပြင်ဆင်ထားတဲ့ပုံပဲ.. လုံဟူဂိုဏ်းကိုရင်ဆိုင်ဖို့အတွက် ရွှေရောင်ချပ်ဝတ်စစ်သည်တွေကိုတောင် ခေါ်ထုတ်လာတယ်..ဘာလို့ရှစ်ဖုန့်ရဲ့အသက်ကအရမ်းအကြမ်းခံနေရတာလဲ.. သူသေတော့မှာပဲလို့ငါအကြိမ်များစွာတွေးဖူးပေမဲ့. သူကမသေနိုင်ဘူး”

“လန်…….ကွမ်း……”

ဝမ့်ကျိုးက မင်းသားကွမ်းနောက်၌ပေါ်လာသော ရွှေရောင်ချပ်ဝတ်ပုံရိပ်များအား အေးစက်စွာကြည့်လိုက်သည်။ သူ၏ခက်ထန်သောမျက်နှာပေါ်တွင် အံကို တင်းတင်းကြိတ်ထားပြီး “လန်ကွမ်း”ဟူသောစကားလုံး

နှစ်လုံးကိုသာပြောဆိုလိုက်သည်။

များစွာသောလူများမှာ မင်းသားကွမ်းက ရှစ်ဖုန့်အားကာကွယ်ရန်ရည်ရွယ်ထားသည်ကိုသိပြီးဖြစ်သည်။ တော်ဝင်မိသားစုဖြစ်သော လန်မိသားစု၏ ဂုဏ်သိက္ခာအားကာကွယ်ရန်အပြင်ထပ်ပေါင်းရမည်ဆိုလျှင် သူနှင့်ထျန်းလန်အင်ပါယာ၏ ဧကရာဇ်မင်းဖြစ်သောလန်ယွမ်တို့က ဤရက်များအတွင်း၌ ဤလူငယ်အပေါ်လှုပ်ရှားမှုများအပေါ်တွင်အာရုံစူးစိုက်မှုများစွာရှိနေသည့်အချက်

လည်းရှိနေသည်ဖြစ်သည်။ဤလူငယ်က သေချာပေါက်ကို ပြိုင်ဘက်ကင်းမွန်းစတားတစ်ဦးဖြစ်၏။

လန်မိသားစု၏သတို့သားရွေးချယ်ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်က ပါရမီရှင်များကြားထဲမှ ပါရမီရှင်တစ်ဦးကိုရွေးထုတ်ပြီး ၎င်းအားသတို့သားအဖြစ်ရွေးချယ်ကာ ကောင်းကင်ဘုံသိုင်းမျှော်စင်အတွင်းသို့ဝင်ခွင့်ပြု၍ နောက်ဆုံး၌ နန်တော်အောက်၌ ဖိနှိပ်ထားသော မကောင်းဆိုးဝါးအရာကို တိုက်ခိုက်ခိုင်းရန်ဖြစ်သည်။

ရှစ်ဖုန့်မှာ ဤတစ်ကြိမ်းထျန်းလျန်အင်ပါယာသို့

လာသောသူများထဲတွင်ပါရမီရှင်များ

ကြားထဲမှပါရမီရှင် မွန်းစတားများကြားထဲမှ မွန်းစတားတစ်ကောင်ဖြစ်သည်။ လန်ကွမ်းရောလန်ယွမ်ရောပါဤလူငယ်၏ပါရမီစွမ်းရည်အပေါ်၌နှစ်ခြိုက်သဘောကျကြသည်။ သတို့သားရွေးချယ်သိုင်းပြိုင်ပွဲက အဆုံးမသတ်သေးသော်လည်း ရှစ်ဖုန့်က သူ၏ ခွန်အားစွမ်းပကားနှင့်သက်သေပြနေပြီး သူက ဤတစ်ကြိမ်အတွက်ချန်ပီယံတစ်ဦးဖြစ်လာမည့်ပုံပေါ်သည်။

သတို့သားရွေးချယ်ပြိုင်ပွဲအတွင်း၌ရှစ်ဖုန့်အား ထပ်မံယှဉ်ပြိုင်နိုင်မည့်သူမည်သူမျှရှိမနေချေ။

ယမန်နေ့က ရှစ်ဖုန်နှင့် မင်းသမီးလင်လုံတို့မှာတစ်ဦး

နှစ်တစ်ဦးသိနေကြပြီး ချစ်ကျွမ်းပင်ဝင်နေကြပြီးဖြစ်သည်ဟု လန်ယွမ်ထံမှလန်ကွမ်းကြားသိရသည်။ ဤကဲ့သို့ကောင်းမွန်သောကိစ္စ ဤကဲ့သို့ကောင်းမွန်သော သတို့သား လန်ကွမ်းအနေဖြင့် ရှစ်ဖုန့်အား ဆက်ပြီးထိန်းထားလိုသည်။

“ဝမ့်ကျိုး ငါ့ရဲ့ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်က မင်းရဲ့လုံဟူဂိုဏ်း လုပ်ချင်တိုင်းလုပ်လို့ရတဲ့နေရာ မဟုတ်ဘူး.. မင်းတိုက်ချင်တယ်ဆိုရင်.. ငါမင်းနဲ့အတူအဆုံးအထိလိုက်ပါပေးမယ်”

လန်ကွမ်းက ဝမ့်ကျိုးအား အေးစက်စွာကြည့်လိုက်ပြီး

ထပ်မံအော်ပြောလိုက်သည်။

“ကောင်းပြီ..ကောင်းတယ်.. မင်းလိုသက်ကြားအိုကြီးလန်ကွမ်းက ငါနဲ့ရန်သူတွေဖြစ်ချင်နေမှတော့ ငါဝမ့်ကျိုးကလည်း မင်းလိုသက်ကြားအိုကြီးကိုသတ်ပစ်ပြီး အဲ့နောက်မှ အဲ့တိရစ္ဆာန်လေးကိုဖမ်းပြီး အပိုင်းပိုင်းလုပ်ပစ်မယ်”

လုံးဝခက်ထန်နေသော ဝမ့်ကျိုးမှာ လန်ကွမ်းအားလက်ညှိုးငေါက်ငေါက်ထိုးပြီး ထပ်မံဒေါသတကြီးအော်ပြောလိုက်သည်။

ဤအချိန်တွင် ဝမ့်ကျိုး၏စကားမဆုံးသေးခင် ငယ်ရွယ်ပြီးကြည်လင်ပြတ်သားသောအသံတစ်ခုက အစောကကဲ့သို့ထပ်မံပေါ်လာသည်။

“သက်ကြားအိုကြီး ခင်ဗျားလေသံကတော့မာသားပဲ.. ခင်ဗျား ဒီနေ့ဘယ်လိုအဲ့တာကို လုပ်မလဲဆိုတာကိုဒီသခင်လေးတွေ့ချင်မိတယ်.. ဒီသခင်လေးက ထောင်ပေါင်းများစွာသောဓားတွေနဲ့

အပိုင်းပိုင်းဖြတ်ခံရမှာတဲ့လား”

စင်မြင့်နံပါတ်တစ်ဆယ်ထက်တွင်ရှစ်ဖုန့်က ဤစကားများအားပြောပြီးသောအခါ ရုတ်ခြည်းလှုပ်ရှားလိုက်ပြီး ဟင်းလင်းပြင်ထားထိုးခွင်းကာ လေထဲသို့ရောက်ရှိလာသည်။

“ဒီရှစ်ဖုန့်က မြန်မြန်ထွက်မပြေးဘဲနဲ့ ဟင်းလင်းပြင်ကိုတောင်ထိုးခွင်းရဲတယ်.. သူက အသက်ရှင်ရတာကိုငြီးငွေ့ပြီးတော့ ဝမ့်ကျိုးသတ်တာကိုခံချင်နေတာမဟုတ်လား”

အောက်ဘက်ရှိလူအုပ်အတွင်းမှ လူများမှာ ဟင်းလင်းပြင်ထဲသို့ ရုတ်ခြည်းရောက်ရှိလာသော သွေးနီရောင်ပုံရိပ်အားမြင်တွေ့လိုက်ရပြီး ပြောလိုက်သည်။

“အစောကအကွာအဝေးမှာတုံး

ကမင်းသားကွမ်းက ဝမ့်ကျိုးရဲ့တိုက်ခိုက်မှုကိုအချိန်

မှီတားဆီးနိုင်လိုက်တယ်.. အခုရှစ်ဖုန့်ကကိုယ့်သေတွင်းကိုယ်ရှာနေတော့ ဝမ့်ကျိုးနဲ့တောင်အရမ်းနီးကပ်နေပြီ.. ဝမ့်ကျိုးသာအခုနေလှုပ်ရှားလိုက်ပြီးသူ့ရဲ့ စွမ်းအားအားလုံးကို ရှစ်ဖုန့်ကိုသတ်ဖို့သုံးလိုက်ရင် မင်းသားကွမ်းတောင်မှသူ့ကိုမကယ်နိုင်လောက်ဖူးလို့ငါထင်တယ်”

“ဒီရှစ်ဖုန့်က သူ့ကိုယ်သူမသေတော့ဘူးလို့

တကယ်ထင်နေတာပဲ.. အခုသူတက်သွားပြီဆိုတော့ သူ့ခန္ဓာကိုယ်ပြန်ကျလာတာကို စောင့်ကြတာပေါ့”

“ဒီလူက သိုင်းပညာမှာ ပါရမီရှင်တစ်ဦးဖြစ်နေပါလျှက်နဲ့ ဘယ်လိုဖြစ်ပြီးတော့ အရမ်းရူးမိုက်ရတာလဲ.. မင်းကအရမ်းမိုက်မဲ့တဲ့သူပဲ.. မင်းကကိုယ့်သေတွင်းကိုယ်တူးနေတာပဲ.

မင်းတကယ်ပဲ အဲ့စကားတွေကိုပြောပြီးတော့

ဝမ့်ကျိုးကိုနှိုးဆော်ခဲ့တယ်. မင်းက မင်းအသက်ကိုမင်းအရမ်းရှည်

နေတယ်လို့ထင်နေတာပဲ”

All Chapters