← Chapters

အခန်း (၆၁၅)

Vol. 41 Ch. 615

အခန်း (၆၁၅)

Vol. 41 Ch. 615

ရှစ်ဖုန့်က လေကိုထိုးခွင်းကာဟင်းလင်း

ပြင်ထဲသို့ရောက်လာသည်။

စောင့်ကြည့်နေကြသော လူများအတွက် သူ၏အပြုအမူက ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့

လုပ်နေသလိုဖြစ်နေသည်။

ဝမ့်ကျိုးကမည်သူနည်း။ ၎င်းမှာကြယ်လေးပွင့်မဟာ

သူတော်စင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး လုံဟူဂိုဏ်း၏ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူက ဝမ့်ကုန်း၊ ပမ့်အောင်း၊ကျိရှောင်းတို့နှင့်

အဆင့်တူမဟုတ်ပေ။

“ရှစ်ဖုန့်က သူရင်ဆိုင်နေရတာ.

ကျိရှောင်းလိုမျိုး လူငယ်ပါရမီရှင်တစ်ဦးလို့များ

ထင်နေသေးတာလား”

“သူတောင်းစားလေး..သေစမ်း”

ဝမ့်ကျိုးမှာ သူ့ရှေ့၌ ရှစ်ဖုန့်ပေါ်လာသည်ကိုတွေ့ရသောအခါတွင် စဉ်းလဲစွာဖြင့် ကြုံးဝါးလိုက်သည်။ ချက်ချင်းပဲသူ၏လက်သီးအား ရှစ်ဖုန့်ထံသို့ပစ်သွင်းလိုက်၏။

ခက်ထန်ကြမ်းကြုတ်သည့်

ကျားတစ်ကောင်း၏ ဟိန်းသံက နေရာတစ်ခုလုံးအား ပဲ့တင်ရိုက်ခတ်သွားပြီး ဝမ့်ကျိုး၏ လက်သီးချက်နှင့်အတူ ဧရာမ အဖြူရောင်ကျားကြီးတစ်ကောင်က ပေါက်ကွဲထွက်ပေါ်လာသည်။ ကျားဖြူ၏ပုံရိပ်က ၎င်း၏ဦးခေါင်အား အကျယ်ကြီးဖွင့်ဟ၍ ကျယ်လောင်စွာ ဟိန်းလိုက်ကာ ရှစ်ဖုန့်ထံသို့ ခက်ထန်ကြမ်းကြုတ်စွာဦးတည်လာသည်။

“လှုပ်ခတ်လက်ဝါး”

လန်ကွမ်းမှာ ရှစ်ဖုန့်ရောက်ရှိလာပြီး ဝမ့်ကျိုးက နောက်ထပ်တိုက်ခိုက်မှု

တစ်ခုအား ထုတ်ဖော်လိုက်သည်ကိုတွေ့

ရသောအခါတွင် လျှင်မြန်စွာအော်ပြောလိုက်သည်။ တောက်ပသော ရွှေရောင်အလင်းတစ်ခုက သူ၏ ညာလက်ဖဝါး၌

တောက်ပလာပြီးနောက် ဝမ့်ကျိုးထံသို့ဦးတည်လိုက်သည်။ဝမ့်ကျိုး ထံမှပေါက်ကွဲထွက်ပေါ်လာသော ကျားဦးခေါင်းမှ ရုတ်တရက် လက်ဖဝါးတစ်ခုထွက်ပေါ်လာသည်။

ပေါက်ကွဲသံတစ်ခုနှင့်အတူ လန်ကွမ်း၏ ရွှေရောင်အလင်းတို့တောက်ပ

နေသောလှုပ်ခတ်ခြင်းလက်ဝါးအောက်တွင် လာနေသော ကျားဖြူ၏ ဦးခေါင်းမှာ ရုတ်ခြည်း အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။

“လန်ကွမ်း”

သူ၏တိုက်ခိုက်မှုက သက်ကြားအိုကြီး လန်ကွမ်းကြောင့်ကျိုးပျက်သွားသည်ကို တွေ့ရသောအခါတွင် ဝမ့်ကျိုးက ဒေါသတကြီးထပ်မံအော်ဟစ်လိုက်သည်။

“ငါ့ရဲ့တိုက်ခိုက်မှုကိုမင်းဘယ်လောက်များများခံနိုင်မလဲဆိုတာကိုငါ့ကြည့်အုံးမယ်..

နောက်တစ်ခါငါတိုက်ခိုက်ရင် မင်းဒီသူတောင်းစားလေးအသက်ကို ကယ်နိုင်အုံးမလားဆိုတာကိုငါကြည့်အုံးမယ်”

ဝမ့်ကျိုးမှာစကားဆုံးသောအခါတွင် ကောင်းကင်ထက်သို့ မော့၍ ဒေါသတကြီးအော်ဟစ်လိုက်သည်။

“ဂါး”

“ဝေါင်း”

ဝမ့်ကျိုးအော်လိုက်သောအခါတွင် ကောင်းကင်နှင့်မြေပြင်တစ်ခွင်၌နဂါးအော်သံက ပဲ့တင်ရိုက်ခတ်သွားပြီး ကျားအော်သံကလည်းပဲ့တင်

ရိုက်ခတ်သွားသည်။

ဤအကြိမ်တွင် လန်ကွမ်း၏ခန့်ညားသော မျက်နှာထက်၌ လေးနက်မှု

တစ်ခုဖြစ်ပေါ်လာပြီး သူ့ဘေးရှိ ရှစ်ဖုန့်အားလျှင်မြန်စွာပြောလိုက်သည်။

“မြန်မြန်ပြန်ဆုတ်တော့.. မင်းထျန်းလျန်အင်ပါယာ

တော်ဝင်မြို့တော်ထဲမှာရှိနေသေးသ၍ ငါသေချာပေါက်မင်းကိုလုံခြုံ

အောင်ထားနိုင်တယ်”

“ဂါး”

“ဝေါင်း”

ဝမ့်ကျိုး၏ နဂါးအော်သံနှင့်ကျားဟိန်းသံတို့က ပို၍ကျယ်သည်ထက်ကျယ်လောင်လာပြီး ဟင်းလင်းပြင်ထဲ၌နဂါးနှင့်ကျား အော်သံများဖြင့် ဆူညံပွက်လောရိုက်နေသည်။

ထို့နောက် ချက်ချင်း ဧရာမ အစိမ်းရောင်နဂါးပုံရိပ်ကြီးက ဝမ့်ကျိုး ၏အထက်ကောင်းကင်ထဲ၌ပေါ်လာသည်။

ဝမ့်ကျိုး၏အောက်တွင်က ဧရာမကျားဖြူတစ်ကောင်၏ ပုံရိပ်ပေါ်လာ၏။ အံ့ဖွယ်သားရဲနှစ်ကောင်ပေါ်လာပြီးပြီးချင်း ကောင်းကင်ထဲ၌ ပြင်းထန်သောလေများစတင်တိုက်ခတ်လာပြီး မိုးကြိုးလျှပ်စီးများလင်းလက်လာကာ မိုးချုန်းသံများထွက်ပေါ်လာသည်။

ရှစ်ဖုန့်က မင်းသားကွမ်း၏စကားတို့အား

လျစ်လျူရှုလိုက်သော်လည်း ဟစ်အော်နေသော ဝမ့်ကျိုးထံသို့ကြည့်၍ အေးစက်စွာအော်ပြောလိုက်သည်။

“သက်ကြားအိုကြီး ခင်ဗျား ကဒီသခင်လေးရှေ့မှာလာပြီးအော်နေတယ်..ဒီသခင်လေးအနေနဲ့ခင်ဗျား

အသက်ကြီးနေတာကိုမြင်ရတာမို့ .. ဒီသခင်လေးအတွက်အလို့ငှာ..အခုအခွင့်အရေးတစ်ခုခင်ဗျားကိုပေးမယ်. ခင်ဗျားရဲ့ဒန်တန်ကိုဖျက်ဆီးပစ်ပြီး ဒီသခင်လေးရှေ့မှာဒူးထောက်တာနဲ့ ဒီသခင်လေးခင်ဗျားကိုရှုံ့တွနေတဲ့

အလောင်းအဖြစ်ချန်ထားပေးမယ်”

ရှစ်ဖုန့်၏အသံက သိပ်မကျယ်သော်လည်း ဟင်းလင်းပြင်ထဲ၌ပဲ့တင်ရိုက်ခတ်နေသည်။ ၎င်းကလူအားလုံး၏နားထဲသို့ရုတ်ခြည်းရောက်ရှိသွား၏။

“ဒီရှစ်ဖုန့်.. သူတကယ်ရူးနေပြီ… သူ့ပြိုင်ဘက်က ဘယ်သူဆိုတာကို သူတကယ်မသိတော့ဘူးပဲ”

“ဒီရှစ်ဖုန့်တော့ ဘယ်လိုတောင်ဝမ့်ကျိုးကိုဒီလိုပြောရဲတာလဲ.. သူ့ကိုယ်သူဒီနေ့မသေတာ့ဘူးထင်နေတဲ့ပုံပဲ.. မင်းသေတော့မှာကွ”

“မင်းဘယ်လောက်ပဲပါရမိရှိနေပါစေ .အဆုံးသတ်မှာမင်းက အေးစက်တဲ့အလောင်းတစ်ခုအဖြစ်ပဲရှိမှာပဲ’

“ကောင်လေးရှစ်…မင်း…”

မင်းသားကွမ်းမှာ ဤစကားများအားပြောပြီးသောအခါ၌ ရှစ်ဖုန့်က ပြန်ဆုတ်ခြင်းမရှိရုံသာမက ဝမ့်ကျိုးအား ဒေါသထွက်အောင်လုပ်နေသည်ကိုပါတွေ့လိုက်ရသည်။ ဤအခိုက်အတန့်တွင် သူက၎င်းအား နည်းနည်းလေးကာကွယ်ပေးလိုက်သည်နှင့် ဤလူက အရမ်းကိုမောက်မာလာ

သည်ဟုခံစားရသည်။

သူ၏သိုင်းပညာပါရမီက တကယ်ကောင်းမွန်သော်လည်း မည်ကဲ့သို့ဆုတ်ရတက်ရမည်ကို မသိဖြစ်နေပြီးအရမ်းမာနာ

ကြီးမောက်မာနေသေး၏။ အကယ်၍သူ့၌စွမ်းရည်ရှိနေသည်ဆိုလျှင် ဤစကားများအားဝမ့်ကျိုး ကိုပြောနိုင်သေးသည်ဖြစ်သည်။

သို့သော်ယခုအခါတွင် သူကာကွယ်ပေးနေသည့်အချိန်တွင် ဤစကားများအားဝမ့်ကျိုးကိုပြောနေ၏။ သူ၏ ဗီဇအရဆိုလျှင် ဤသည်ကတကယ့်ကိုလုံးဝ

ကောင်းမွန်နေခြင်းမရှိချေ။

“ဂါး.သေစမ်း”

ရှစ်ဖုန့်၏စကားလုံးတို့က ဝမ့်ကျိုး၏နားထဲသို့ဝင်ရောက်သွားသည်။ ဤအချိန်တွင်ဝမ့်ကျိုး၏ မျက်နှာမှာနီရဲနေပြီး သူ၏မျက်နှာကရှုံ့မဲ့နေကာ သားရဲရိုင်းတစ်ကောင်နှင့်မခြားပေ။ သူ၏မျက်နှာထက်၌ မူလအသွင်အပြင်

ကိုပင် မြင်တွေ့ရခြင်းမရှိပေ။

ဝမ့်ကျိုးက ကျယ်လောင်စွာအော်ဟစ်လိုက်သကဲ့သို့ လက်ဖဝါးတို့အား မြှောက်လိုက်ကာ ရှေ့၌ရှိနေသော မင်းသားကွမ်းနှင့်ရှစ်ဖုန့်တို့ထံသို့

တွန်းထုတ်လိုက်သည်။

“ဂါး..ဝေါင်း..ကျားနဲ့နဂါးကမ္ဘာ

ပေါ်ဆင်းသက်ခြင်း”

ဝမ့်ကျိုး၏လက်ဖဝါးတို့အား

ရှေ့သို့တွန်းထုတ်လိုက်သကဲ့သို့ ကောင်းကင်ထဲ၌ရှိနေသော အစိမ်းရောင်နဂါးနှင့် အောက်ဘက်ရှိအဖြူရောင်ကျားတို့က ရုတ်တရက်လှုပ်ရှားလိုက်သည်။

အစိမ်းရောင်နဂါးက၎င်း၏အစွယ်များအားလှစ်ဟာပြကာ လက်သည်းတို့ကိုဝင့်၍ ဒေါသတကြီး ဦးတည်ဆင်းသက်လာသည်။ ကျားဖြူကလည်းခက်ထန်စွာ ဟိန်းလိုက်ပြီး အပေါ်သို့ဒုန်းဆိုင်းထိုးတက်လာသည်။ ၎င်းတို့အားလုံး က ရှစ်ဖုန့်နှင့်မင်းသားကွမ်းတို့ထံသို့ တစ်ဟုန်ထိုးဦးတည်လာ၏။

“မကောင်းတော့ဘူး”

အစိမ်းရောင်နဂါးနှင့် ကျားဖြူအားလုံးတို့ က အတူတကွလှုပ်ရှားလိုက်ပြီး ချဉ်းကပ်လာနေသောပုံရိပ်နှစ်ခု

၏စွမ်းအားအား အာရုံခံမိသောအခါတွင် မင်းသားကွမ်း၏မျက်နှာက

ရုတ်ခြည်းပြောင်းလဲသွားသည်။

မမျှော်လင့်ထားစွာနှင့် နှစ်ပေါင်းများစွာကြာပြီးသည့်နောက် ဝမ့်ကျိုး၏စွမ်းအားကြီးနေပြီးဖြစ်သော ကျားနဂါးဆင်းသက်ခြင်းက ယခုအခါ၌ပို၍ အရမ်းစွမ်းအားကြီး မားနေသည်။

ထို့နောက် ဤတိုက်ခိုက်မှုအားသူတားဆီးမည်ဆိုလျှင် သူ၏ စွမ်းအားအားလုံးအားအသုံးပြုပါမှသာ တစ်ချက်တည်းနှင့် တားဆီးနိုင်လိမ့်မည်ဟု သဘောပေါက်လိုက်သည်။ ဝမ့်ကျိုးကအဆက်မပြတ်

တိုက်ခိုက်မှုများအားသူခုခံနေသည်ကို အခွင့်ကောင်းယူပြီး ရှစ်ဖုန့်အား သတ်ဖြတ်ရန်တိုက်ခိုက်မှုကို

ထုတ်ဖော်ခဲ့လျှင် သူ့အနေဖြင့် ၎င်းအား ကယ်တင်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။

“ထားလိုက်ပါလေ သူ့ဒီကိုလာပြီးတော့သူ့သေခြင်း

ကိုသူရှာဖွေနေပြီး

သူ့ရဲ့ချစ်ရတဲသားသေဆုံး သွားလို့ ဒီဝမ့်ကျိုးက သောကပရိဒေဝမီးလောင်ကျွမ်းနေတော့လည်း ..ဒီလိုပါရမီရှင်မျိုးတစ်ယောက် ကျဆုံးသွားတာ စိတ်မကောင်းစရာဆိုပေမဲ့ .. သူ့ရဲ့ ဗီဇကတော့တကယ်ကိုမကောင်းဘူး. သူသေမယ်ဆိုရင်လဲ သေပါစေလေ”

မင်းသား ကွမ်းက တိတ်တဆိတ်တွေးလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ စွမ်းအားအားလုံးအားစတင်အသုံးပြုလိုက်ကာ သူ၏တစ်ကိုယ်လုံး၌ ရွှေရောင်အလင်းတို့

လင်းလက်တောက်ပလာသည်။

“သက်ကြားအိုကြီး ခင်ဗျားက အရိုးတောင်မကျန်ချင်ဘူးဆိုမှတော့လည်း ခင်ဗျားကိုဒီသခင်လေးကူညီရတာပေါ့”

ရှစ်ဖုန်က အေးစက်စွာပြောလိုက်ပြီး ထိုးဆင်းလာသည့် အစိမ်းရောင်နဂါးနှင့် ပြေးတက်လာသော အဖြူရောင်ကျား ကြီးအား ကြည့်လိုက်သည်။

ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ အေးစက်ပြီးမောက်မာသောအသံက ထပ်မံပဲ့တင်ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ကြီးမားသော ငွေရောင်တံစဉ်က ရှစ်ဖုန့်က ငရဲဘုံကိုးခုစွမ်းအင်တို့အား အသုံးပြု၍ ၎င်းအတွင်းသို့အရူးအမူးပေါင်းထည့်လိုက်သည်။

ဤအချိန်တွင် မင်းသားကွမ်းက ရှစ်ဖုန့်ကို ပြောလိုက်သည်။

“ငါမင်းအတွက်ဒီတိုက်ချက်ကိုပဲတားဆီးပေးနိုင်မှာ.. မင်းပြေးနိုင်သလောက်သာ

ဝေးဝေးကိုပြေးတော့ …မင်းအတွက်မင်းထွက်ပြေးနိုင်သေးတယ်.. ဝမ့်ကျိုးရဲ့နောက်လှုပ်ရှားမှုက

နေမင်းလွတ်နိုင်မှာမို့လား..အသတ်ခံရတာမခံရတာက မင်းရဲ့ကံပေါ်ပဲမူတူတယ်”

သို့သော်ထို့နောက်တွင် ရွှေရောင်အလင်းတို့လင်းလက်နေသော မင်းသားကွမ်းမှာ ရှစ်ဖုန့်က ဆုတ်ခွာထွက်ပြေးခြင်းမရှိရုံသာမက သူ၏ကိုယ်အားလှုပ်ရှားလိုက်ပြီး ကြီးမားသော ငွေရောင်တံစဉ်အားကိုင်ဆောင်လျှက် ထိုးဆင်းလာသော အစိမ်းရောင်

နဂါးကြီးထံသို့ ဦးတည်တိုးဝင်သွားသည်ကို တွေ့လိုက်ရသည်။

“ဒါက ကိုယ့်လုပ်နိုင်စွမ်းကို ကိုယ် ယုံကြည်မှုလွန်ကဲနေတာပဲ.. မင်းတော့ ကိုယ်သေတွင်းတူးနေတာပဲ”

မင်းသားကွမ်းအား ထိုးဆင်းလာသောအစိမ်း

ရောင်နဂါးပုံရိပ်ကြီးထံသို့ တိုးဝင်သွားသော သွေးရောင်ပုံရိပ်အားကြည့်၍ ဒေါသတကြီးအော်ပြောလိုက်သည်။ သူကဤဆန်းကြယ်သောငွေရောင်တံစဉ်အားကိုင်ထားလျှင်တောင် ဝမ့်ကျိုးက ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး သူထုတ်ဖော်တိုက်ခိုက်မည့်

စွမ်းအားကြီးတိုက်ချက်ကလည်း ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်၏ စွမ်းအားကြီးတိုက်ချက်ဖြစ်သည်။

အကယ်၍ ရှစ်ဖုန့်၏ ငွေရောင်တံစဉ်နှင့်တိုက်ခိုက်မှုက ဝမ့်ကျိုး၏ ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ် စွမ်းအားအားတန်ပြန်နိုင်သည်ဆိုလျှင် သူ့အနေဖြင့် ကျိရှောင်းအားအဘယ်ကြောင့်

အကြာကြီးရင်ဆိုင်ပြီး ကြယ်နှစ်ပွင့်မဟာသူတော်စင်

နယ်ပယ်ကျိရှောင်းဖြင့် စိတ်အနှောက်အယှက်ဖြစ်ခံနေ

မည်လဲဟုခံစားရသည်။ ယင်းကအရမ်းအားသွန်ခွန်

စိုက်ဖြစ်ခဲ့သည်ဖြစ်၏။

နောက်ပိုင်းရှစ်ဖုန့်အဆင့်

ချိုးဖျက်ခဲ့သည်ဆိုလျှင်တောင် ကြယ်ကိုးပွင့် မဟာသူတော်စင်နယ်ပယ်

တစ်ဦးသာဖြစ်ခဲ့ပြီး ယခုမှသာ မဟာသူတော်စင်နယ်ပယ်သို့

စစဝင်ရောက်ချင်းဖြစ်သည်။ဆန်းကြယ်သောတံစဉ်နှင် ထုတ်ဖော်သောတိုက်ခိုက်မှုက အများဆုံးကြယ်သုံးပွင့်မဟာသူတော်စင်နယ်ပယ်အဆင့်သို့သာရောက်ရှိနိုင်လိမ့်မည်ဖြစ်သည်။

All Chapters