တံခါးပိတ် ကျင့်ကြံခြင်း
Vol. 43 Ch. 584
" ဟား…ဟား…… အဲသည်ကောင်လေးက ငါ့အပိုင်ပဲ။ တကယ်လို့ တစ်ယောက်ယောက်က ငါနဲ့ လာပြိုင်ပြီး လုမယ်ဆိုရင်တော့ ငါကြက်သွေးရောင် တစ္ဆေဘုရင်က အဲသည်သူကို အသေ သတ်ပစ်မယ် "
ကြက်သွေးရောင် တစ္ဆေဘုရင်လို့ ခေါ်တဲ့ မူလပင်လယ် နယ်ပယ် အလယ်အလတ်အဆင့် ဘုရင်တစ်ပါးက အားလုံးကြားအောင် အော်ပြောလိုက်ပြီး သူ့ရဲ့ ပျံသန်းနှုန်းကို အရှိန်မြှင့်လိုက်ပါတယ်။
" ကြက်သွေးရောင် တစ္ဆေဘုရင် …… သာမန်ကိစ္စတွေ ဆိုရင်တော့ ငါက မင်းကို အလျော့ ပေးမိမှာပဲ။ ဒါပေမဲ့ သည်ကိစ္စမှာတော့ ငါလည်းမင်းကို အလျော့မပေးနိုင်ဘူး "
သွေးနီရောင် ဓားမော့တစ်လက်ကို နောက်ကျောမှာ လွယ်ထားတဲ့ မူလပင်လယ်နယ်ပယ် အလယ်အလတ်အဆင့်က ဘုရင်တစ်ပါးကလည်း သူ့ရဲ့ ပံျသန်းနှုန်းကို မြှင့်တင်လိုက်ပြီး ကြက်သွေးရောင် တစ္ဆေဘုရင် နောက်ကို ကပ်လိုက်သွားပါတယ်။
သူက ကြက်သွေးရောင် တစ္ဆေဘုရင်နဲ့ သိကျွမ်းခဲ့တာ အချိန်အတော် ကြာနေပြီ ဖြစ်ပေမယ့်လည်း သည်ကိစ္စမှာတော့ လုံးဝ အလျော့ပေးဖို့ စိတ်ကူး မရှိပါဘူူး။
တကယ်လို့သာ သူ့အနေနဲ့ လီဖူချန်းကို ဖမ်းမိလိုက်မယ်ဆိုရင် အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ငါးသန်းကို သာသာယာယာ ရရှိမှာ ဖြစ်ပါတယ်။ ပြီးတော့ အဲသည်ပမာဏ ဆိုတာက သူ့ဘဝ တစ်လျှောက်လုံး ပင်ပင်ပန်းပန်း ကြိုးစားရင်တောင်မှ ရနိုင်တဲ့ ပမာဏမျိုး မဟုတ်ပါဘူး။
" ကြက်သွေးရောင် တစ္ဆေဘုရင်၊ သွေးဓားမော့ ဘုရင် …… စိတ်မရှိပါနဲ့။ ကျုပ်အရင် သွားနှင့်မယ် "
စကားသံ အဆုံးမှာတော့ လူရိပ် တစ်ရိပ်ဟာ ကြက်သွေးရောင် တစ္ဆေဘုရင် နဲ့ သွေးဓားမော့ ဘုရင်ကို ကျော်ဖြတ်ပြီး ပျံသန်းသွားခဲ့ပါပြီ။အဲသည်လူရိပ်ကတော့ လေအရိပ် ဘုရင်ပါပဲ။
" လေအရိပ် ဘုရင် …… ခင်ဗျား သေချင်နေတာလား "
ကြက်သွေးရောင် တစ္ဆေဘုရင် နဲ့ သွေးဓားမော့ ဘုရင်က လေအရိပ် ဘုရင်ကို လှမ်းပြီး တိုက်ခိုက်လိုက်ကြပါတယ်။
လေအရိပ် ဘုရင်က ကြယ်ခုနစ်ပွင့် လေရိုင်း အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက် ဖြစ်တဲ့အတွက် သူ့ကို သည်အတိုင်း လွတ်လွတ်လပ်လပ် ပျံသန်းခိုင်းလို့ မရပါဘူး။ သူက ပျံသန်ခြင်း အရာမှာ ဆိုရင် အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တွေရဲ့ အမြန်နှုန်းနဲ့ ယှဉ်နိုင်နေပါပြီ။
ရွှမ်း……
ရွှစ်……
တစ္ဆေလက်သည်း တစ်ခု နဲ့ သွေးရောင် ဓားမော့အလင်းတန်း တစ်ခုဟာ လေအရိပ် ဘုရင်ဆီကို တိုးဝင်လာခဲ့ပါတယ်။
လေအရိပ် ဘုရင်ဟာ ရှောင်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ပါဘူး။ ဒါပေမဲ့လည်း သူက အဲသည်လို ရှောင်လိုက်ရတဲ့ အတွက် သူ့ရဲ့ ပျံသန်းမှု အမြန်နှုန်းဟာ လျော့ကျသွားခဲ့ပါပြီ။
ကုချူးယီက သူတို့ဆီကို နီးသထက် နီးလာတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်သုံးပါးကို ကြည့်ပြီး အလျင်အမြန် အော်ဟစ်လိုက်ပါတယ်။
" အစ်ကိုလေ့၊ အစ်ကိုယွန်၊ မောင်လေးလီ ……သည်ကို လာခဲ့။ ညီမဆီမှာ မိုင်တစ်သောင်း တည်နေရာရွှေ့ပြောင်း အဆောင်အင်းကွက်ရှိတယ် "
" မိုင်တစ်သောင်း တည်နေရာရွှေ့ပြောင်း အင်းကွက်လား "
ကုချူးယီရဲ့ စကားအဆုံးမှာတော့ လေ့တုံးဟိုင်ရဲ့ မျက်လုံးတွေဟာ အရောင် တောက်ပလာခဲ့ပါပြီ။
မိုင်တစ်သောင်း တည်နေရာရွှေ့ပြောင်း အဆောင်အင်းကွက် ဆိုတာက မှော်ဝင် ရတနာ အမျိုးအစားထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူက တစ်ခါထက်ပိုပြီး အသုံးပြုလို့ မရပါဘူး။ ပြီးတော့ အဲသည်ပစ္စည်းရဲ့ ရှားပါးမှုက မြေကမ္ဘာ အထွတ်အထိပ် အဆင့် မှော်ဝင်ရတနာ ပစ္စည်းတွေနဲ့တောင် တန်းတူ ရှိပါတယ်။ အဲသည်အတွက်ကြောင့်ပဲ အဲသည်ပစ္စည်းကို ပိုင်ဆိုင်ထားသူတွေက တကယ့် သေရေးရှင်ရေး အခိုက်အတန့်မှာမှ သုံးလေ့ရှိကြတာပါ။
တိတိကျကျ ပြောရမယ် ဆိုရင်တော့ သက်တံနီ ဂိုဏ်းမှာတောင်မှ သည်လို မှော်ဝင် အဆောင်အင်းကွက်မျိုး မရှိပါဘူး။ ကြည့်ရတာတော့ ကုချူးယီက သည်ရတနာ ပစ္စည်းကို အန္တရာယ်များတဲ့ နေရာ တစ်နေရာရာကနေ ရလာတာ ဖြစ်ရပါမယ်။
ဟူး……ဟူး……ဟူး……
လီဖူချန်းတို့ သုံးယောက်စလုံးဟာ ကုချူးယီ အနားကို ခုန်ဝင်သွားခဲ့ကြပါပြီ။
အဲသည်နောက်မှာတော့ ကုချူးယီက ကျောက်စိမ်း အင်းကွက် တစ်ခုကို ထုတ်ပြီး သူမရဲ့ ချီအတွင်းအားတွေကို လောင်းထည့်ကာ အသက်သွင်းလိုက်ပါတော့တယ်။
ရွှီး……
မျက်စိကျိန်းလောက်အောင် တောက်ပတဲ့ အလင်းတန်းကြီးတစ်ခု ကျရောက်လာအပြီးမှာတော့ လီဖူချန်းတို့ လေးယောက်ဟာ သဲလွန်စ အရိပ်အမြွက်တောင် ချန်မထားခဲ့ပဲ ပျောက်ကွယ်သွားခဲ့ပါပြီ။
" လခွီး။ အဲဒါက တည်နေရာရွှေ့ပြောင်း အဆောင်အင်းကွက်ပဲ "
" သေလိုက်စမ်းပါလားကွာ။ ငါရဲ့ ရတနာထုပ်တော့ ပျောက်သွားပြီ"
" သည်ကောင်စုတ်လေးတွေဆီမှာ ဘယ်လိုလုပ်ပြီး တည်နေရာ ရွှေ့ပြောင်း အဆောင်အင်းကွက် ရှိနေရတာလဲ "
လေအရိပ် ဘုရင် နဲ့ တခြားသူတွေဟာ မချိတင်ကဲ ရေရွတ်ရင်းနဲ့ပဲ ကျန်နေခဲ့ပါတော့တယ်။
တည်နေရာရွှေ့ပြောင်း အဆောင်အင်းကွက် ဆိုတာက သူတို့တောင် ပိုင်ဆိုင်ထားနိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။ အဆင့်၇ အင်းကွက် ဆရာသခင်တွေမှသာ သည်လိုအရာမျိုးကို ရေးဆွဲနိုင်တာ ဖြစ်ပါတယ်။ ပြီးတော့ အဆင့်၇ အင်းကွက် ဆရာသခင်တွေ ဆိုတာကလည်း ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေနဲ့ အဆင့်အတန်းချင်း တူညီတဲ့အတွက် သာမန်လူတွေ အနေနဲ့ကတော့ သူတို့ကို တွေ့မြင်ရဖို့ အခွင့်အရေး မရှိသလောက်ပါပဲ။
မိုင်တစ်သောင်း တည်နေရာရွှေ့ပြောင်း အင်းကွက်ကတော့ နာမည်အတိုင်းပဲ အသုံးပြုလိုက်တဲ့ နေရာရဲ့ ပတ်ပတ်လည် မိုင်တစ်သောင်းကို တည်နေရာ ရွှေ့ပြောင်းပေးနိုင်ပါတယ်။ ဒါပေမဲ့လည်း အဲဒါက ကျပန်း တည်နေရာ ရွှေ့ပြောင်းပေးတာ ဖြစ်ပြီး တည်နေရာ တိတိကျကျတော့ ရွှေ့ပြောင်းပေးနိုင်ခြင်း မရှိပါဘူး။
ထင်းရှုးပြာမြို့နဲ့ မိုင်ပေါင်း ခုနစ်ထောင်ကျော် အကွာမှာတော့ မြက်ရိုင်းလွင်ပြင်ကြီး တစ်ခု ရှိနေပြီး တစ်နေ့မှာတော့ လူလေးယောက်ဟာ အလင်းတန်း တစ်ခုနဲ့အတူ အဲသည်နေရာကို ပြုတ်ကျလာခဲ့ပါတယ်။
ဘုတ်……ဘုတ်……ဘုတ်……ဘုတ်……
အဲသည်လူလေးယောက်ကတော့ လီဖူချန်းတို့ အုပ်စုပါပဲ။
" အမြန်ထပြီး ပြေးကြ "
လီဖူချန်းတို့ လေးယောက်ဟာ လုံးဝ အချိန် မဖြုန်းရဲပါဘူး။ သူတို့က မြေကြီးပေါ်ကနေ ဖုတ်ဖတ်ခါ ထပြီး ဆက်ပြေးကြပါတယ်။
သည်နေရာက ထင်းရှူးပြာမြို့နဲ့ သိပ်ပြီး မဝေးသေးတဲ့အတွက် သူတို့အနေနဲ့ ဆက်ပြီး ပြေးမှကို ရပါမယ်။ မဟုတ်လို့ကတော့ သူတို့ဟာ သူတို့ကို လိုက်ဖမ်းနေတဲ့ မူလပင်လယ် နယ်ပယ် ပညာတွေနဲ့ ထပ်ပြီး တွေ့ရင် တွေ့နေဦးမှာပါ။ မိုင်ပေါင်း ခုနစ်ထောင်ကျော် ဆိုတာက မူလပင်လယ်နယ်ပယ် ဘုရင်တွေအတွက် ဘယ်လောက်မှရှိတဲ့ အကွာအဝေး မဟုတ်ပါဘူး။
တစ်လလုံးလုံး မနားမနေ ပြေးပြီးတဲ့ နောက်မှာတော့ သူတို့လေးယောက်ဟာ အရှေ့မြစ်ဖျား စီရင်စုရဲ့ ပိုင်နက်ဖြစ်တဲ့ တောင်တန်းနယ်နိမိတ်တွေ အတွင်းကို ရောက်လာခဲ့ကြပါပြီ။
နေဖို့အတွက်ကိုတော့ သူတို့က အဆင့်၆ အဆင့်မြင့် မိစ္ဆာသားရဲတစ်ကောင်ကို သတ်ပစ်လိုက်ပြီး အဲသည်သားရဲ နေထိုင်တဲ့ လိုဏ်ဂူကို သိမ်းပိုက်ထားလိုက်ပါတယ်။
" အစ်ကိုယွန်၊ အစ်မကု …… အစ်ကိုတို့အနေနဲ့ မူလပင်လယ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် တတ်နိုင်သလောက် မြန်မြန် ကြိုးစားကြတော့။ အစ်ကိုတို့ဆီမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ မလုံလောက်ရင်လည်း ကျွန်တော် ပေးမယ်။ ကျွန်တော့်ဆီမှာ တော်တော်များများ ရှိနေသေးတယ် "
ပြောနေရင်းနဲ့ လီဖူချန်းက ကုချူးယီဘက် လှည့်လိုက်ပြီး
" အစ်မကု…… အစ်မရဲ့ မိုင်တစ်သောင်း တည်နေရာရွှေ့ပြောင်း အဆောင်အင်းကွက် တန်ဖိုးက မသေးဘူး။ ရော့…… သည်အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ရာကို ယူထားလိုက် "
" အင်း "
ကုချူးယီက ခေတ္တခဏ တွေဝေသွားပေမယ့်လည်း ငြင်းတော့ မငြင်းလိုက်ပါဘူး။ သူမရဲ့ အခြေခံ အုတ်မြစ်က ယွန်လုံလောက် မခိုင်မာသေးတဲ့အတွက် သူမအနေနဲ့ အဆင့်တက်ဖို့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ ပိုလိုကောင်း လိုနိုင်ပါတယ်။
အဲသည်နောက်မှာတော့ သူတို့လေးယောက်ဟာ လိုဏ်ဂူထဲမှာရှိတဲ့ သူတို့ရဲ့ စိတ်ကြိုက် နေရာ တစ်ခုစီကို သွားပြီး ကျင့်ကြံကြပါတော့တယ်။
အခုအချိန်က သူတို့အနေနဲ့ တံခါးပိတ် ကျင့်ကြံရတော့မယ့် အချိန်ပါပဲ။
လီဖူချန်းရဲ့ ကျင့်ကြံမှုဟာ အခုဆိုရင် တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၇ အစကနဦးပိုင်းကို ရောက်ရှိနေခဲ့ပါပြီ။ အဲသည်အတွက် သူက ကျင့်ကြံခြင်း အဆင့်တက်ဖို့ကို မလောပါဘူး။
ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းမှာပဲ သူဟာ အဆင့်သုံးဆင့်ကို ချိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ အဲဒါက အတော်လေး မြန်တယ်လို့ ဆိုရပါမယ်။
ကျင့်ကြံခြင်းဆိုတာက အဆင့်တွေ စွတ်ပြီး တက်နေတိုင်းလည်း ကောင်းတာ မဟုတ်ပါဘူး။
" အင်း…… ငါ့အနေနဲ့ သက်တံနီ မီးတောက်နတ်ဘုရား ကျင့်စဉ် အဆင့်၃၄ကို အရင် တီထွင်တာ ကောင်းမယ် "
တံခါးပိတ် ကျင့်ကြံတဲ့ နေရာမှာ လီဖူချန်းခေါင်းထဲ ပထမဦး ဝင်လာတဲ့ အတွေးကတော့ သူ့ရဲ့ ချီအတွင်းအား ကျင့်စဉ်ကို အဆင့်မြှင့်တင်ဖို့ပါပဲ။
အဲသည်နောက်မှာတော့ သူဟာ အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်ပြီး အဲသည်ထဲမှာ ရှိတဲ့ ဥပဒေသ စွမ်းအားတွေကို နားလည်သဘောပေါက် ဖမ်းဆုပ်နိုင်အောင် ကြိုးစားပါတော့တယ်။
နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာတာနဲ့အမျှ ယွန်လုံ နဲ့ ကုချူးယီတို့ရဲ့ ကျင့်ကြံခြင်းကလည်း တိုက်ပွဲဝိညာဉ် နယ်ပယ်ရဲ့ ကန့်သတ်ချက်ကို တစ်စထက်တစ်စ နီးကပ်လာခဲ့ပါပြီ။
လေ့တုံးဟိုင်ကတော့ မူလပင်လယ်နယ်ပယ် အဆင့်၁မှာ အသားကျသွားပြီး ဖြစ်တဲ့အတွက် သူ့ရဲ့ အရိုးတည်ဆောက်ပုံ အင်းကွက်ကို ဆက်ပြီး လေ့လာဖို့ ပြင်နေပါတယ်။
သူ့ရဲ့ မိုးကြိုးတူ အရိုးတည်ဆောက်ပုံ အင်းကွက်တွေက အဆစ်ငါးဆစ်ထက် မဆိုစလောက်လေးသာ ကျော်နေသေးတဲ့အတွက် သူ့အနေနဲ့ အများကြီး ဆက်ပြီး လေ့လာရပါဦးမယ်။
သူက လီဖူချန်းလိုမျိုး မီးလျှံအရိုးတည်ဆောက်ပုံ အင်းကွက်ကို အဆစ်ခြောက်ဆစ်အထိ နားလည်သဘောပေါက်ပြီး ဆက်လက် လေ့လာစရာ မရှိတော့တဲ့သူ မဟုတ်ပါဘူး။
" အစ်ကိုလေ့ …… ကျွန်တော့်ဆီမှာ အညံ့စား ကောင်းကင်ဘုံ ကျောက်တုံး နည်းနည်းနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးတုံးရှိတယ်။ အဲဒါ အစ်ကို ယူထားလိုက်ပါလား "
တစ်နေ့မှာတော့ လီဖူချန်းက ကောင်းကင်ဘုံကျောက်တုံး တချို့ကို ထုတ်ယူပြီး လေ့တုံးဟိုင်ကို ပေးလိုက်ပါတယ်။
" ကောင်းကင်ဘုံ ကျောက်တုံးတွေလား "
လေ့တုံးဟိုင်ရဲ့ မျက်လုံးတွေက အရောင် တောက်ပသွားခဲ့ပါပြီ။
ကောင်းကင်ဘုံ ကျောက်တုံးတွေ ဆိုတာက ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်က ကျင့်ကြံသူတွေဟာ ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်ကြီးက ကျင့်ကြံသူတွေထက် ဘာဖြစ်လို့ ပိုပြီး အစွမ်းထက်နေရသလဲဆိုတဲ့ အကြောင်းအရင်းတွေထဲက အဓိက အကြောင်းအရင်း တစ်ချက်ပါပဲ။
ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်ကြီးမှာတော့ အဆင့်၇ သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ မဟာဆရာသခင် အဆင့်ကို မရောက်နိုင်ပါဘူး။ ဒါပေမဲ့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာတော့ အဲဒါဟာ သာမန် ကိစ္စ တစ်ရပ်ပဲ ဖြစ်ပါတယ်။
ရက်ပေါင်းများစွာ ကုန်လွန်ပြီးနောက်………
ဝုန်း……
ပြင်းထန်လှတဲ့ မီးတာအို ဥပဒေသတွေဟာ ဂူအတွင်းမှာ ပျံနှံ့လာပြီး ကြက်သွေးရောင် မီးတောက်အလွှာ တစ်ခုကလည်း လီဖူချန်းကို လွှမ်းခြုံနေပါတယ်။
အဲသည်ကြက်သွေးရောင် မီးတောက်အလွှာက အင်မတန် သိပ်သည်းနေတဲ့အတွက် ရုတ်တရက် ကြည့်လိုက်မယ်ဆိုရင် မီးလျှံတစ်ပိုင်း၊ ချော်ရည်တစ်ပိုင်းလို့တောင် ထင်ရတဲ့ အထိပါပဲ။
သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ် အဆင့် ၃၄ ……
နောက်ဆုံးမှာတော့ လီဖူချန်းဟာ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ရဲ့ အဆင့် ၃၄ကို အောင်အောင်မြင်မြင် တီထွင်သွားနိုင်ခဲ့ပါပြီ။
အဲသည်အတွက် အခုသူ့ရဲ့ လက်ရှိ တန်ခိုးအစွမ်းကလည်း မဟာအကျော်အမော် ဆရာသခင်တွေနဲ့ ခြားနားတော့မှာ မဟုတ်ပါဘူး။
" ပြင်းလိုက်တဲ့ ချီစွမ်းအင်လှိုင်းတွေပါလား "
လေ့တုံးဟိုင်က သူ့ရဲ့ အရိုးတည်ဆောက်ပုံ အင်းကွက်ကို ဆင်ခြင်သုံးသပ် နေရင်းနဲ့ လီဖူချန်းဘက်ကို လှည့်ကြည့်လိုက်ပါတယ်။
" အစ်ကိုလေ့ …… တစ်ပွဲတစ်လမ်းလောက် လက်ရည် စမ်းကြည့်ကြမလား "
လီဖူချန်းကတော့ လေ့တုံးဟိုင်ကို စိမ်ခေါ်ပြီး ဂူအပြင်ဘက် ထွက်သွားခဲ့ပါပြီ။
" ရတယ်လေ "
လေ့တုံးဟိုင်က လီဖူချန်းရဲ့ စိမ်ခေါ်မှုကို မငြင်းပါဘူး။ သူကလည်း လီဖူချန်းရဲ့ လက်ရှိ အစွမ်းကို သိချင်နေတာ မဟုတ်ပါလား။
အဲသည်နောက်မှာတော့ သူတို့နှစ်ယောက်ဟာ ကောင်းကင်ထက်မှာ မျက်နှာချင်းဆိုင်ပြီး ရပ်လိုက်ကြပါတယ်။
" ညီလေးလီ…… သတိတော့ ထားနော် "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် လေ့တုံးဟိုင်ဟာ သူ့ရဲ ကြီးမားလှတဲ့ တူကြီးကို ဆွဲထုတ်လိုက်ပါပြီ။
" ဟုတ် …အစ်ကိုလေ့။ အစ်ကိုပဲ အရင် စလိုက်ပါလား "
လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး လေ့တုံးဟိုင်ကို အရင် စတိုက်ဖို့ ပြောလိုက်ပါတယ်။ သူ့အနေနဲ့ လေ့တုံးဟိုင်ကို မနိုင်နိုင်ဘူး ဆိုပေမယ့် သိုင်းကွက်အနည်းငယ် အတွင်းမှာတော့ ရှုံးသွားစရာ အကြောင်း မရှိပါဘူး။
" ဟုတ်ပြီလေ။ ရော့ ……ဒါကို မြည်းကြည့် "
လေ့တုံးဟိုင်ရဲ့ အမြန်နှုန်းက တကယ့် လျှပ်စီးတစ်စင်းလိုပါပဲ။ သူက မျက်စိတစ်မှိတ် အတွင်းမှာပဲ လီဖူချန်းအနားကို ရောက်လာပြီး တူနဲ့ ထုချလိုက်ပါတယ်။
ရွှမ်း……
လီဖူချန်းကလည်း လက်နှေးမနေပါဘူး။ သူက သူ့ရဲ့ သက်တံနီဓားကို ဆွဲထုတ်လိုက်ပြီး ပြန်လည် ခုခံလိုက်ပါတယ်။
ဝုန်း……
ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ သူတို့နှစ်ယောက်စလုံးဟာ အနောက်ကို လွင့်ထွက် သွားခဲ့ကြပါပြီ။ သူတို့နှစ်ယောက်ကြားက ကွာဟချက်ကတော့ လီဖူချန်းက မီတာသုံးရာ နီးပါး လွင့်ထွက်သွားပြီး လေ့တုံးဟိုင်က မီတာ တစ်ရာသာ လွင့်ထွက်သွားတာပါပဲ။
" ကောင်းလိုက်တဲ့ ဓားသိုင်း "
လေ့တုံးဟိုင်က လီဖူချန်းရဲ့ ဓားသိုင်းကို မချီးကျူးဘဲ မနေနိုင်တော့ပါဘူး။ သူက အစောပိုင်းက သူ့ရဲ့ တူရိုက်ချက်ထဲမှာ သူ့ရဲ့ စွမ်းအား ၈၀ ရာခိုင်နှုန်းကိုတောင် ထည့်သွင်းထားခဲ့တာပါ။ အခုလက်ရှိ သူဟာ မူလပင်လယ် နယ်ပယ်ကို လောလောလတ်လတ်ကမှ ချိုးဖောက်ဝင်ရောက် ထားတာ မဟုတ်ပါဘူး။ သူ့ရဲ့ ချီအတွင်းအားတွေဟာ နေသားတကျ ဖြစ်နေခဲ့ပြီ ဖြစ်သလို သူ့ရဲ့ တူသိုင်းဟာလည်း အရင်ကထက် ပိုပြီး အားကောင်းနေခဲ့ပါပြီ။
" ညီလေးလီ … အစ်ကို့ရဲ့ နောက်ထပ် တူရိုက်ချက် တစ်ချက်ကို ခံကြည့်စမ်းပါ "
စကားဆုံးတဲ့ နောက်မှာတော့ လေ့တုံးဟိုင်က သူ့ရဲ့ တူကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ပြီး လီဖူချန်းကို အဆုံးမရှိတဲ့ တူရိပ်တွေနဲ့ ဖုံးလွှမ်းစေလိုက်ပါတယ်။
ထန်……ထန်……
ဝုန်း……ဝုန်း……ဝုန်း
ဒါပေမဲ့လည်း လီဖူချန်းက တူရိပ်တွေ အားလုံးကို အမှားအယွင်းမရှိ ချေဖျက်နေနိုင်ဆဲပါပဲ။ သူက လေ့တုံးဟိုင်ကို အခွင့်အရေး လုံးဝ မပေးပါဘူး။
" မဟာအကျော်အမော် အဆင့် ဆရာသခင်။ ညီလေးလီ …… မင်းက သေချာပေါက် မဟာအကျော်အမော် ဆရာသခင် အဆင့်ကို ရောက်နေပြီ။ မင်းက လဝန်းနီ အင်ပိုင်ယာရဲ့ ကြယ်၃ပွင့် ဗိုလ်ချုပ်ပဲကွ "
လေ့တုံးဟိုင်က အံ့သြမှုတွေ၊ ဝမ်းသာမှုတွေ ရောပြွမ်းနေတဲ့ အသံနဲ့ လီဖူချန်းကို လှမ်းပြောလိုက်ပါတယ်။
ကြယ်၃ပွင့် အဆင့် ဗိုလ်ချုပ် ဆိုတာက နောက်စရာ လုံးဝ မဟုတ်ပါဘူး။ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ အဲသည် အဆင့်ရောက်ဖို့ ခဲယဉ်းလွန်းလှပါတယ်။
လဝန်းနီ အင်ပိုင်ယာထဲမှာဆိုရင် ကြယ်၃ပွင့်အဆင့် ဗိုလ်ချုပ်တွေဟာ ဆယ်ပါးတောင် မပြည့်ပါဘူး။ ဒါပေမဲ့လည်း အဲသည်ဗိုလ်ချုပ်တွေထဲက တစ်ပါးကတော့ သူ့ရဲ့ အရှေ့မှာ ရောက်နေခဲ့ပါပြီ။
" ညီလေးလီ …… ဒါက အစ်ကို့ရဲ့ အစွမ်းအထက်ဆုံး သိုင်းကွက်ပဲ "
" ပျက်စီးနေတဲ့ မိုးကြိုးကမ္ဘာ "
စကားဆုံးတဲ့နောက်မှာတော့ လေ့တုံးဟိုင်ဟာ သူ့ရဲ့ အားအထားရဆုံး သိုင်းကွက်ကို ထုတ်သုံးလိုက်ပါတယ်။
ဒါက သူ့ရဲ့ အကြိုက်ဆုံး ပွဲသိမ်းတိုက်ကွက် ဆိုရင်လည်း မမှားပါဘူး။
ဂျိန်း……ဂျိန်း……ဂျိန်း……
လေထုထဲမှာ မိုးကြိုးတွေ ရုတ်တရက် ဖြစ်ပေါ်လာပြီး အဲသည်မိုးကြိုးတွေဟာ တူကြီးတစ်လက်အဖြစ် ပြောင်းသွားကာ လီဖူချန်းကို ထုချပစ်လိုက်ပါပြီ။ အဲသည် တူကြီးပေါ်မှာ ရှိနေတဲ့ မိုးကြိုးအင်းကွက်တွေကလည်း တူကြီးကို ပိုပြီး အားကောင်းလာအောင် ထောက်ပံ့ပေးနေသလိုပါပဲ။
ဘန်း……
သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ လေ့တုံးဟိုင်ရဲ့ တိုက်ခိုက်မှုကို အမှားအယွင်း မရှိ ခုခံကာကွယ်နိုင်ခြင်း မရှိတော့ပါဘူး။ သူက မီတာ တစ်ထောင်ကျော်အထိ လွင့်ထွက်သွားသလို ဒဏ်ရာ အသေးစား အနည်းငယ်လည်း ရသွားပါသေးတယ်။
" အစ်ကိုလေ့ …… ပျက်စီးနေတဲ့ မိုးကြိုးကမ္ဘာက တကယ် ကြောက်စရာ ကောင်းတာပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဓားကွက်ကိုလည်း မြည်းကြည့်ပါဦး "
စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သွေးနီဓားနဲ့အတူ အပေါ်ကိုတက်သွားပြီး ဇောက်ထိုး ပြန်ဆင်းချလာပါတယ်။ အဲဒါကတော့ သူအနှစ်နှစ်၊ အလလ လေ့ကျင့်လာတဲ့ ကြယ်ပံျဓားသိုင်းပါပဲ။
ရွှီး……
လီဖူချန်းရဲ့ လက်ထဲက သွေးနီဓားဟာ အလင်းတန်းတစ်ခုအသွင် ပြောင်းသွားပြီး လေ့တုံးဟိုင်ဆီကို တိုးဝင်သွားခဲ့ပါပြီ။ ပြီးတော့ သည်ဓားချက်ဟာ အစောပိုင်းက လေ့တုံးဟိုင်ရဲ့ တိုက်ခိုက်မှုထက်ကို အများကြီး မြန်နေပါသေးတယ်။
တကယ့်ကို မယုံနိုင်စရာ ကောင်းလောက်အောင် မြန်တဲ့ ဓားချက်နဲ့ အတွေ့မှာတော့ လေ့တုံးဟိုင်ဟာ ဘာလုပ်လို့၊ ဘာကိုင်ရမယ်မှန်း မသိတော့ပါဘူး။ သူက လီဖူချန်းဆီကနေပြီး သည်လောက်မြန်တဲ့ ဓားကွက်မျိုး ထွက်လာလိမ့်မယ်လို့ လုံးဝကို မထင်ထားခဲ့ မိတာပါ ။ အဲသည်အတွက် သူ့ရဲ့ ခုခံမှုကလည်း မဆိုစလောက်ကလေး နောက်ကျသွားခဲ့ပါတယ်။
ဘန်း……
ကျယ်လောင်လှတဲ့ မြည်သံကြီး တစ်ခုနဲ့ အတူ လေ့တုံးဟိုင်ဟာ အနောက်ဘက် မီတာ သုံးရာလောက်ကို လွင့်ထွက်သွားခဲ့ပါပြီ။ ပြီးတော့ သူ့ရဲ့ ဘယ်ဘက် ရင်အုံအပေါ်မှာလည်း ဘယ်အချိန်ကနေ ဘယ်လို ဖြစ်ပေါ်လာမှန်း မသိတဲ့ ဓားဒဏ်ရာ တစ်ချက် ရှိနေပါတယ်။ ဒါပေမဲ့လည်း အဲဒါက အပေါ်ယံ ဓားဒဏ်ရာသာ ဖြစ်တဲ့အတွက် သိပ်ပြီးတော့ အရေးမကြီးလှပါဘူး။
" ညီလေးလီ…… အဲဒါက ဘာဓားကွက်လဲ "
လေ့တုံးဟိုင်က သူ့ရဲ့ ဒဏ်ရာကို ဂရုမစိုက်အားဘဲ လီဖူချန်းကို ဓားကွက်အကြောင်း လှမ်းမေးလိုက်ပါတယ်။
သူ့လို မူလပင်လယ်နယ်ပယ် အဆင့်၁ ဘုရင်တစ်ပါးကိုတောင် ဒဏ်ရာရအောင် ပြုလုပ်နိုင်တယ် ဆိုမှတော့ အဲသည်ဓားကွက်ဟာ ဘယ်လိုမှ သာမန် ဓားကွက်တစ်ကွက်တော့ ဖြစ်စရာ အကြောင်း မရှိပါဘူး။
" သည်ဓားကွက်ကို ကြယ်ကြွေဓားကွက်လို့ ခေါ်ပါတယ် ……အစ်ကိုလေ့။ ကျွန်တော်က သည်ဓားကွက်ကို မိုးပြာရောင်ဂိုဏ်းလို့ ခေါ်တဲ့ ဂိုဏ်းတစ်ခု သင်ကြားလာခဲ့တာပါ "
လီဖူချန်းကလည်း သူ့ရဲ့ ဓားကွက် အကြောင်းကို ပြောပြလိုက်ပါတယ်။
" ညီလေးလီ…… လေ့တုံးဟိုင်ရဲ့ ဘဝမှာ လူတစ်ယောက်ကို လေးစားအားကျတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါပေမဲ့ ညီလေးကိုတော့ အစ်ကိုတကယ် လေးစားပြီး အားကျတယ်ကွာ။ ပိုင်ချူးမင်တို့။ ချူးဝူတု့ိ ဆိုတာက ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ဖြစ်လို့ အစွမ်းထက်နေကြတာ။ ညီလေးကတော့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံလေးနဲ့ သည်လောက် အစွမ်း ထက်နေပြီ။ ညီလေးကိုတော့ အစ်ကို တစ်သက်လုံး လိုက်မီတော့မယ် မထင်ဘူး "
" ဟားဟား…… အစ်ကိုလေ့ကတော့ ကိုယ့်ကိုယ်ကိုယ် အရမ်း နိမ့်ချလွန်းနေပါပြီဗျာ။ အခု ကျွန်တော့်ရှေ့မှာ ရောက်နေတာက အစ်ကိုလေ့ပဲ မဟုတ်ဘူးလား "
" ဒါက အခုအချိန်ပါပဲကွာ။ နောက်ထပ် ၂နှစ်၊ ၃နှစ်လောက်ဆိုရင် ညီလေးက အစ်ကို့ကို ကျော်တက်သွားတော့မှာပါ။ အဲသည်အချိန်ဆိုရင် လေ့တုံးဟိုင်ဆိုတဲ့ အစ်ကို ဆယ်ယောက်ပေါင်းရင်တောင် ညီလေးကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး "
" ကဲကဲ…… အစ်ကိုလေ့။ စကားပြောနေတာ ရပ်ပြီး ကျွန်တော်တို့ ပြန်ကျင့်ကြံကြရအောင်။ အခုလက်ရှိ ကျွန်တော်တို့ အစွမ်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အထိ မရှိသေးဘူးဗျ "
" အေး……ညီလေး "
သိုင်းပညာ ဖလှယ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်း နဲ့ လေ့တုံးဟိုင်ဟာ စကားအနည်းငယ် ပြောဆိုပြီး သူတို့ ကျင့်ကြံရာ ဂူထဲကို ပြန်ဝင်သွားခဲ့ကြပါပြီ။
***
သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ် အဆင့် ၃၄ကို တီထွင်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ အာရုံကို ဘုံခုနစ်ဆင့် ကောင်းကင်ဓားဘက် ပြောင်းလိုက်ပါတယ်။
သည်ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ချိပ်ပိတ်ထားတဲ့ ဒုတိယအလွှာက ဓားအင်းကွက်တွေဟာ လီဖူချန်း ထင်ထားတာထက်ကို ပိုပြီး ခက်ခဲနက်နဲတယ်လို့ ဆိုရပါမယ်။ သူက သည်ဓားအင်းကွက်တွေကို ၉၉ ရာခိုင်နှုန်းအထိ နားလည်ပြီးခဲ့ပြီ ဖြစ်ပေမယ့်လည်း နောက်ဆုံး ကျန်နေတဲ့ ၁ ရာခိုင်နှုန်းကိုတော့ အခုထက်ထိ နားလည်သဘောပေါက်ခြင်း မရှိသေးပါဘူး။
အဲသည်အတွက် သူဟာ ချွေးဒီးဒီးကျအောင် ကြိုးစားပြီး ကျန်တဲ့ ၁ရာခိုင်နှုန်းကို နားလည်သဘောပေါက်အောင် လေ့လာနေပါတယ်။
လီဖူချန်း အနေနဲ့ လုံးဝ သေချာတာ တစ်ခုကတော့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ဒုတိယ ချိပ်ပိတ်စည်း အလွှာကို ချိုးဖျက်နိုင်မယ်ဆိုရင် သည်ဓားဟာ ကောင်းကင်အဆင့်နိမ့် ရတနာဓားတစ်လက် ဖြစ်သွားမယ် ဆိုတာပါပဲ။ ပြီးတော့ သူဟာ ကောင်းကင်အဆင့်နိမ့် ဓားသိုင်းတစ်ခုကိုလည်း ရကောင်း ရနိုင်ပါသေးတယ်။အဲသည်အခါ ကျရင်တော့ သူဟာ တော်ရုံတန်ရုံ မူလပင်လယ်နယ်ပယ် ဘုရင်တွေကိုတောင် ဂရုစိုက်စရာ မလိုဘဲ ကောင်းကောင်းကြီး ရင်ဆိုင်နိုင်လောက်ပါပြီ။
လက်ရှိ သူ့ရဲ့ အစွမ်းကတော့ အားနည်းတဲ့ မူလပင်လယ်နယ်ပယ် အဆင့်နိမ့် ဘုရင်တွေကို သတ်ပစ်နိုင်စွမ်း ရှိနေပြီ ဆိုပေမယ့်လည်း အလယ်အလတ် အဆင့် မူလပင်လယ်နယ်ပယ် ဘုရင်တွေနဲ့ တွေ့ရင်တော့ ပြေးမြဲ ပြေးရဦးမှာပါပဲ။
နောက်ထပ် တစ်ပတ် အကြာမှာတော့ လီဖူချန်းဟာ အဆင့်တစ်ဆင့် ထပ်တက် သွားခဲ့ပြန်ပါပြီ။ ဒါပေမဲ့လည်း အဲဒါက ချီအတွင်းအား ကျင့်ကြံခြင်း အဆင့်တက်တာ မဟုတ်ဘဲ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်း အဆင့်တက်တာ ဖြစ်နေခဲ့ပါတယ်။
သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းဟာ ပြန်လည်ဝင်စားခြင်းနယ်ပယ်ရဲ့ အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့်မှာ ရပ်တန့်နေခဲ့တာ အချိန်အတော်လေး ကြာနေပြီ ဖြစ်တဲ့အတွက် အဆင့် မတက်လို့လည်း မကောင်းတော့ပါဘူး။ ဒါပေမဲ့လည်း အံ့သြစရာကောင်းတာ တစ်ခုကတော့ သည်တစ်ကြိမ် အဆင့်တက်တာဟာ လီဖူချန်းကိုယ်တိုင် ကြိုးစားကျင့်ကြံလို့ မဟုတ်ဘဲ အလိုအလျောက် အဆင့်တက်သွားတာပါပဲ ။အဲဒါက လီဖူချန်းအနေနဲ့ ကျောက်စိမ်းစာလိပ်ထဲက ရတဲ့ လူသားခန္ဓာကိုယ် ဗေဒအကြောင်းကို နားလည် သဘောပေါက်ခဲ့တာနဲ့လည်း ဆိုင်ကောင်း ဆိုင်နေပါလိမ့်မယ်။
ဂါး…ဂရား……
လီဖူချန်းက သူ့ရဲ့ ဆင်နဂါး စွမ်းအားတွေကို လည်ပတ်လိုက်တံ့ဲအခါမှာတော့ ကြီးမားလှတဲ့ နဂါးဝိညာဉ်ကြီး တစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။
အဲသည် နဂါးဝိညာဉ်က မဟာ ဆင်ဝိညာဉ်ထက်ကို နှစ်ဆကျော် ကြီးမားပါတယ်။
လီဖူချန်ကတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် အစကနဦးပိုင်းမှာသာ ရှိနေသေးတဲ့ သူ့ရဲ့ ခွန်အားတွေဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် အကြိုပြီးပြည့်စုံခြင်း အဆင့်မှာ ရှိနေတဲ့ ခန္ဓာကိုယ် အပြင်အား ပညာရှင် တစ်ယောက်ထက်တောင် သာလွန်နေပြီလို့ ခံစားနေရပါသေးတယ်။
[ note - ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းမှာက ချီအတွင်းအား ကျင့်ကြံခြင်းလို အဆင့်၉ဆင့် မရှိပါဘူး။ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းမှာက အကြို ပြီးပြည့်စုံခြင်း ( အဆင့်နိမ့် )၊ ပြီးပြည့်စုံခြင်း ( အလယ်အလတ် အဆင့် ) နဲ့ အလုံးစုံ ပြီးပြည့်စုံခြင်း ( အဆင့်မြင့် ) ဆိုပြီး အဆင့် သုံးဆင့်သာ ရှိပါတယ်။ အစကနဦးပိုင်းကတော့ အဆင့်တက်တက်ပြီးချင်း အခြေအနေကို ဆိုလိုတာပါ။]
နောက်ပိုင်း အချိန်တွေမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံခြင်း အဆင့်ကို အဆင့်မြှင့်လိုက်၊ ဘုံခုနစ်ဆင့် ကောင်းကင်ဓားပေါ်က ဓားအင်းကွက်တွေကို လေ့လာလိုက်နဲ့ပဲ လုံးချာ လိုက်နေခဲ့ပါပြီ။
ခန္ဓာကိုယ်အပြင်အား ကျင့်ကြံခြင်း အဆင့်ကို အဆင့်မြှင့်ဖို့ကတော့ လီဖူချန်းအတွက် ဘာမှ မခက်ခဲလှပါဘူး။သူက ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးရည်တွေကို ဆက်တိုက် ထိုင်ပြီး သောက်နေရုံပါပဲ။ ဆေးရည်တွေ သောက်သုံးလို့ ဖြစ်လာမယ့် မသန့်စင်မှုတွေ အတွက်ကတော့ သေမျိုးကပ်ဘေး ရှိပါတယ်။
လိုအပ်တဲ့ အရင်းအမြစ်တွေအတွက်ကိုလည်း သူက သည်ခရီး မထွက်ခင်ကတည်းက အားလုံး ကြိုတင်ပြင်ဆင် ထားခဲ့တဲ့အတွက် သူ့အနေနဲ့ အဲသည်အပိုင်းကိုလည်း စိုးရိမ်နေစရာ မလိုပါဘူး။သူယူလာတဲ့ ရင်းမြစ်ပစ္စည်းတွေထဲမှာဆိုရင် အဆင့်၆ မိစ္ဆာသားရဲ သွေးအဆီအနှစ် အမျိုးမျိူး နဲ့ အဆင့်၇ အဆင့်နိမ့် မိစ္ဆာသားရဲ သွေးအဆီအနှစ်တွေတောင် ပါပါသေးတယ်။
ရင်းမြစ်ပစ္စည်း အပြည့်အစုံပါလာတဲ့အတွက် အကျိုးကျေးဇူးကတော့ လီဖူချန်းဟာ အချိန်ခဏလေး အတွင်းမှာ တိုက်ပွဲဝိညာဉ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားတာပါပဲ။ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းဟာ ဆက်တိုက် တိုးတက်သွားပြီး မဟာဆရာသခင် အဆင့်ကိုတောင် ရောက်သွားပါသေးတယ်။
***