← Chapters

အမှောင်ထု ကလန်

Vol. 44 Ch. 592

အမှောင်ထု ကလန်

Vol. 44 Ch. 592

မေတ္တာမဲ့ ဓားမော့ဘုရင်က လီဖူချန်းကို မျက်လုံးအပြူးသားနဲ့ ကြောင်ပြီး ငေးကြည့်နေမိပါတယ်။ သူ့ရဲ့ မျက်လုံးထဲမှာတော့ မယုံကြည်နိုင်မှုတွေက အထင်းသားပါပဲ။ ပြီးတော့ သူ့ရဲ့ အကျီ ၤလက်စကနေလည်း သွေးတချို့ စီးကျနေပါသေးတယ်။  လီဖူချန်းရဲ့  အစောပိုင်းက ဓားချက်ဟာ သူ့ကို ထိခိုက်ဒဏ်ရာရအောင် လုပ်သွားတယ်ဆိုတာကိုတော့ လုံးဝ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။

သူဆိုတဲ့ မေတ္တာမဲ့ ဓားမော့ဘုရင်ဟာ လူ့လောကမှာ နှစ်ပေါင်း နှစ်ရာကျော် အသက်ရှင် နေထိုင်လာခဲ့ ပြီးပါပြီ။ အဲသည်အတွက် သူဟာ ပါရမီ ကောင်းလှပါတယ်ဆိုတဲ့ ပါရမီရှင် အမျိုးမျိုးကို မြင်တွေ့ခဲ့ဖူးပါတယ်။ ဒါပေမဲ့  မေတ္တာမဲ့ ဓားမော့ဘုရင်ဟာ  မူလပင်လယ်နယ်ပယ် အဆင့်၁ ဘုရင်တစ်ပါးက သူ့ထက်  ကျင့်ကြံခြင်း အဆင့်မြင့်တဲ့ ဘုရင် အများကြီးကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာကိုတော့ လုံးဝ မမြင်တွေ့ဖူးခဲ့ပါဘူး။

သည်လို စွမ်းဆောင်မှုမျိုး ဆိုတာက ကြယ်၃ပွင့် ဗိုလ်ချုပ်တွေ မူလပင်လယ်နယ်ပယ်ကို တက်လှမ်းလာခဲ့ရင်တောင်မှ လုံးဝ မဖြစ်နိုင်တဲ့ အရာပါ။

ဓားကွက်ရဲ့ သက်ရောက်မှုက ကွာဝေးလေလေ၊ ဓားချက်က ပျော့လေလေ ဆိုတာကိုလည်း လူတိုင်း အသိပါပဲ။အဲသည်အတွက် မူလပင်လယ် အဆင့်၁နဲ့  လီဖူချန်း လုပ်ပြသွားတာဟာ ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်း မရှိပါဘူး။

" မေတ္တာမဲ့ ဓားမော့ "

နန်အန်းစီရင်စု အရှင်သခင် လင်းထိုက်ယန်ရဲ့ လက်အောက်က ထိပ်တန်း ဘုရင်ဆယ်ပါးထဲမှာ အပါအဝင်ဖြစ်တဲ့ ဓားမော့ဘုရင်ရဲ့ အစွမ်းဟာ သာမန် အဆင့်၈ မူလနယ်ပယ် ဘုရင်တွေထက် အသာကြီးပါပဲ။သူက ကောင်းကင်အဆင့် သိုင်းပညာကို လေ့ကျင့်မထားပေမယ့်လည်း သူကိုယ်တိုင် နှစ်ပေါင်းများစွာ တီထွင်ကြံဆထားတဲ့ အကြို-ကောင်းကင်အဆင့် ဓားမော့ဓားကွက် တစ်ကွက် ရှိနေပါသေးတယ်။ အဲသည်အတွက် မေတ္တာမဲ့ ဓားမော့ဘုရင်ကို တော်ရုံတန်ရုံ ဘုရင်တွေက မလေးမစား မလုပ်ဝံ့ပါဘူး။

ဟူး……

မေတ္တာမဲ့ ဓားမော့ဘုရင်ရဲ့ ဓားချက် ထွက်ပေါ်လာတဲ့ အခါမှာတော့ ဓားမော့အလင်း တစ်ဒါဇင်လောက်ဟာ လေထုထဲမှာ ဖြစ်တည်လာခဲ့ပါပြီ။

ဝုန်း……

ဝေါ……ဝေါ……ဝေါ……

အဲသည်နောက်မှာတော့ ဓားမော့အလင်းတန်းတွေဟာ ပေါက်ကွဲထွက်သွားပြီး မုန်တိုင်းတစ်စင်းအသွင် ပြောင်းသွားကာ လီဖူချန်းကို  လွှမ်းခြုံပစ်လိုက်ပါတယ်။

" ကောင်းလိုက်တဲ့ ဓားကွက် "

လီဖူချန်းက မေတ္တာမဲ့ ဓားမော့ဘုရင်ရဲ့ ဓားကွက်ကို မချီးကျူးဘဲ မနေနိုင်ပါဘူး။ဒါက အတော်လေးကို ကောင်းတဲ့ ဓားကွက်တစ်ကွက်ပါပဲ။

ချီအရှိန်အဝါ သိပ်သည်းမှုချင်း ယှဉ်မယ်ဆိုရင်တော့  မေတ္တာမဲ့ ဓားမော့ဘုရင်ဟာ ကြယ်ပြာဘုရင်ကို မယှဉ်နိုင်ပေမယ့် ဓားပညာပိုင်းမှာတော့ ကြယ်ပြာဘုရင်ဟာ  မေတ္တာမဲ့ ဓားမော့ဘုရင်ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

ချွမ်……

လီဖူချန်းက တစ်ဖက်လူကို အထင်မသေးဝံ့တဲ့အတွက် သူ့ရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို အလျင်အမြန် ဆွဲထုတ်ပြီး မိုးနဲ့မြေ သုတ်သင်ခြင်းကို ထုတ်သုံးလိုက်ပါတယ်။ သူ့ရဲ့ အမြင်အရ ဆိုရင်တော့  မေတ္တာမဲ့ ဓားမော့ဘုရင်ရဲ့ ဓားကွက်ကို ပိတ်ဆို့တားဆီးဖို့အတွက် အသင့်တော်ဆုံးက သည်ဓားကွက်ပါပဲ။

မေတ္တာမဲ့ ဓားမော့ဘုရင်ရဲ့ ဓားကွက် ဘယ်လိုလာမယ် ဆိုတာက လီဖူချန်းအတွက် အရေးမကြီးပါဘူး။ သူ့အနေနဲ့  မိုးနဲ့မြေ သုတ်သင်ခြင်းကို ထုတ်သုံးလိုက်တာနဲ့ တစ်ပြိုင်နက် တစ်ဖက်လူရဲ့ ဓားကွက်ကို ပိတ်ဆို့တားဆီးနိုင်မယ် ဆိုတာကို တစ်ရာ ရာခိုင်နှုန်း ယုံကြည်မှုအပြည့် ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ သည်ဓားကွက်က တိုက်စစ်ဆင်ရာမှာ ဟာကွက် မရှိသလို၊ ခံစစ် ပြုလုပ်ရာမှာလည်း ဟာကွက် မရှိလို့ပါပဲ။ ပြီးတော့ ဟင်းလင်းပြင်တာအိုလည်း ပါဝင်နေသေးတာ မဟုတ်ပါလား။

ထန်……ထန်……ထန်……

ထင်……ထင်……

လီဖူချန်းအနေနဲ့ သည်ဓားကွက် တစ်ခုတည်းနဲ့ မေတ္တာမဲ့ ဘုရင်ကို အနိုင်ယူဖို့ဆိုတာကတော့ အတော်လေး စိတ်ကူးယဉ်ဆန်တဲ့ အရာပါပဲ။

အကြို-ကောင်းကင်အဆင့် ဓားမော့သိုင်းကွက်ကို ပိုင်ဆိုင်ထားတဲ့ မေတ္တာမဲ့ ဓားမော့ဘုရင်ရဲ့ အစွမ်းဟာ ကြယ်ပြာဘုရင်ထက် အနည်းငယ်လောက်တင်  သာနေတာ မဟုတ်ပါဘူး။

ပြီးတော့ အစောပိုင်းက သူဒဏ်ရာ ရသွားတယ် ဆိုတာဟာလည်း အလစ်အငိုက် မိသွားလို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လီဖူချန်းက သည်ဓားကွက် တစ်ခုတည်းတင် ပိုင်ဆိုင်ထားတာ မဟုတ်ပါဘူး။ သူ့ဆီမှာက လိပ်ပြာအသိစိတ် အာရုံ တိုက်ခိုက်မှု နဲ့ ပုံရိပ်ယောင် အတတ်ပညာလည်း ရှိပါသေးတယ်။

" ကိန္နရီ ဆူးဘုရင် "

သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို စတင်လိုက်တဲ့ အခါမှာတော့  မေတ္တာမဲ့ ဓားမော့ဘုရင်ဟာ ခေတ္တခဏ တုံ့ဆိုင်းသွားခဲ့ပါတယ်။

အဲဒါက တကယ့်ကို အချိန်အပိုင်းအခြား အနည်းငယ်လေးသာ ဖြစ်တယ် ဆိုပေမယ့်လည်း လီဖူချန်းအတွက်ကတော့ လုံလောက်မက လုံလောက်နေခဲ့ပါပြီ။

ရွှမ်း……

ထန်……ထန်……

ဝေါ့……

မေတ္တာမဲ့ ဓားမော့ဘုရင်ရဲ့ ခန္ဓာကိုယ်ဟာ မီးပွားတွေ တဖျတ်ဖျတ် တောက်သွားသလို သွေးတစ်လုတ်လည်း အန်လိုက်ရပါတယ်။

သူဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာက မိုးနဲ့မြေ သုတ်သင်ခြင်း ဓားကွက်ကနေ ထွက်ပေါ်လာတဲ့ ဓားချီတွေကို ကာကွယ်တားဆီး ပေးခဲ့ပေမယ့်လည်း အပြည့်အဝတော့ မတားဆီးပေး နိုင်ခဲ့ပါဘူး။ အဲသည်အတွက်ကြောင့်လည်း သူက အတွင်းဒဏ် ရသွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရတာပါ။

" အဲဒါက အကြို- ကောင်းကင်အဆင့် ချပ်ဝတ်တန်ဆာပဲ ဖြစ်ရမယ်  "

လီဖူချန်းက တစ်ဖက်လူ ဝတ်ဆင်ထားတဲ့ ချပ်ဝတ်တန်ဆာ အကြောင်းကို တန်းပြီး ခန့်မှန်းလိုက်နိုင်ပါတယ်။ အဲဒါက အကြို-ကောင်းကင်အဆင့် ချပ်ဝတ်တန်ဆာ မဟုတ်ဘဲနဲ့တော့ သူ့ရဲ့ ဓားချီ အများစုကို ဘယ်လိုမှ ကာကွယ်နိုင်စရာ အကြောင်း မရှိပါဘူး။

" ကောင်လေး……မင်းငါ့ကို သတ်လို့ မရဘူး။ ငါက နန်အန်းနယ်စားရဲ့ လက်အောက်ခံပဲ။ တကယ်လို့ မင်းငါ့ကို သတ်လိုက်ရင် မင်းဘဝက လမ်းဆုံးပြီ "

မေတ္တာမဲ့ ဓားမော့ဘုရင်ရဲ့ မျက်နှာဟာ သွေးမရှိတဲ့အလား ဖြူလျော့နေခဲ့ပါပြီ။ နောက်ဆုံးတော့ သူဟာလည်း သေမှာကို ကြောက်တတ်တဲ့ လူသားတစ်ယောက်ပါပဲ။

သူက နှစ်ပေါင်း နှစ်ရာကျော် ကျင့်ကြံပြီး နောက်ဆုံးမှာမှ မူလပင်လယ်နယ်ပယ် အဆင့်၈ကို ရောက်ရှိလာခဲ့တာပါ။ သူဟာ မူလပင်လယ်နယ်ပယ် အဆင့်၉နဲ့လည်း သိပ်မဝေးတော့ပါဘူး။ သူ့အနေနဲ့  ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်ကို ရောက်ဖို့အတွက် အဝေးကြီး ဝေးကွာနေတယ် ဆိုပေမယ့်လည်း အခွင့်အခါ ကြုံရင်တော့ ရောက်နိုင်တဲ့ အခွင့်အရေး ရှိနေဆဲပါပဲ။

အဲသည်အချိန်ကျရင် သူဟာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးကနေ တခြား အဆင့်နိမ့် ကုန်းမြေတိုက်ကြီး တစ်ခုကို ပြောင်းရွှေ့ပြီး မင်းမူဗိုလ်ကျ နေထိုင်နိုင်ပါပြီ။

ဒါပေမဲ့ အဲသည်အိပ်မက်ဟာ သူသေသွားရင်တော့ ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး။ အဲသည်တော့ သူ့အနေနဲ့ ဆက်ပြီး အသက်ရှင်မှကို  ရပါမယ်။ ဆက်ပြီး အသက်ရှင်နေမှသာ သူ့အနေနဲ့ သူ့ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်မှာပါ။

ဒါကြောင့်မို့လည်း သူဟာ သေမှာကို အတော်လေး ကြောက်ရွံ့နေတာ ဖြစ်ပါတယ်။

လီဖူချန်းက ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး

" အိုး…… ခင်ဗျားက အသက်ချမ်းသာခွင့်ပေးဖို့ တောင်းဆိုနေတာလား "

" ဟုတ်တယ်။ တကယ်လို့ မင်းက ငါ့ကို မသတ်ဘူးဆိုရင် ငါ့အနေနဲ့ စီရင်စု အရှင်သခင်ကို ဖမ်းဝရမ်း ပယ်ဖျက်ပေးဖို့ ဖြောင်းဖျပေးနိုင်တယ် "

မေတ္တာမဲ့ ဘုရင်ရဲ့ အသံကတော့ မျှော်လင့်ချက် အပြည့်ပါပဲ။

ဒါပေမဲ့လည်း သူ့ရဲ့ အာမခံ စကားက ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်း မရှိပါဘူး။သူ့အနေနဲ့ ဘယ်လိုလုပ်ပြီး နန်အန်းနယ်စား လင်းထိုက်ယန်ကို ဖမ်းဝရမ်း ပယ်ဖျက်ပေးဖို့ ဖြောင်းဖျရဲမှာတဲ့လဲ။ တကယ်လို့ သူ့အနေနဲ့ ဖြောင်းဖျရဲရင်တောင်မှ  နန်အန်းနယ်စားဟာ သူ့စကားကို အဖက်လုပ်မှာ မဟုတ်ပါဘူး။ ပြီးတော့ သူကိုယ်တိုင်ကလည်း နန်အန်းနယ်စားကို ဖြောင်းဖျဖို့ စိတ်ကူး မရှိပါဘူး။

တကယ်လို့သာ သူ့အနေနဲ့ သည်နေ့ သည်နေရာကနေ လွတ်မြောက်သွားခဲ့မယ်ဆိုရင် သူဟာ သည်အရှက်ကွဲမှုကို ပြန်ဖာထေးဖို့အတွက် အခွင့်အရေး ပြန်ရှာကို ရှာမှာပါ။ မဟုတ်ရင် သည်ကိစ္စဟာ သူ့ရဲ့ နှလုံးသားထဲမှာ ဆူးငြောင့်တစ်ခု ဖြစ်နေမှာ ဖြစ်ပြီး နောက်ပိုင်း အဆင့်တက်ဖို့ ခက်သွားပါလိမ့်မယ်။

" သြော်……သြော်……ဒါဆိုရင်တော့ ခင်ဗျားကို အသက်ချမ်းသာခွင့် ပေးရမှာပဲ "

လီဖူချန်းက ပြုံးနေရင်းနဲ့  ရုတ်တရက် ပုံရိပ်ယောင် အတတ်ပညာကို ထုတ်သုံးကာ မေတ္တာမဲ့ ဓားမော့ဘုရင်ကို ညှို့ယူလိုက်ပါတယ်။

ရွှမ်း……

အဲသည်နောက်မှာတော့ ဓားသံတစ်ချက် ထွက်ပေါ်လာပြီး ဦးခေါင်းတစ်လုံးဟာ လေထဲမှာ ဝဲပျံ တက်သွားခဲ့ပါတယ်။

" မင်း……မင်း……"

မေတ္တာမဲ့ ဓားမော့ဘုရင်ဟာ ခေါင်းပြတ်သွားတာတောင်မှ သူသေသွားပြီ ဆိုတာကို မယုံနိုင်သေးပုံပါပဲ။

ပြီးတော့ လီဖူချန်းက ဘာဖြစ်လို့ သူ့ကို မျှော်လင့်ချက်တွေပေးပြီး အခုလို ရုတ်တရက် သတ်ဖြတ်ရသလဲ ဆိုတာကိုလည်း နားမလည်ပါဘူး။

သူက ဦးခေါင်း ပြတ်သွားတာတောင်မှ အသက်မထွက်သေးဘဲ ငိုသံပါကြီးဖြင့် လီဖူချန်းကို ကျိန်စာ တိုက်သွားပါသေးတယ်။

" ခွေးမသား မျိုးမစစ်ကောင် …… ငါမင်းကို ကျိန်စာ တိုက်ခဲ့မယ်။ မင်းဘဝ တစ်လျှောက်လုံး ဘယ်တော့မှ အေးအေးချမ်းချမ်း မနေရပါစေနဲ့။ အမြဲတမ်း ရန်သူတွေရဲ့ လိုက်လံ သတ်ဖြတ်တာကို ခံရပြီး မြုပ်စရာ မြေတောင် မရှိတဲ့ အဖြစ်မျိုးနဲ့ ကြုံရပါစေ "

စကားဆုံးတဲ့ နောက်မှာတော့ မေတ္တာမဲ့ ဘုရင်ရဲ့ ဦးခေါင်းဟာ မြေပြင်ပေါ်ကို ပြုတ်ကျပြီး ငြိမ်သက်သွားခဲ့ပါပြီ။ သူက သေသွားတာတောင်မှ သွားကို တင်းတင်း စေ့ထားတဲ့အတွက် လီဖူချန်းကို လုံးဝ အခဲမကျေတာ အသိသာကြီးပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ လုံးဝ ဂရုမစိုက်ပါဘူး။

" ဟူး…… သည်လို စိတ်ဓာတ် မခိုင်မာတဲ့ လူက ဘယ်လိုလုပ်ပြီး မူလပင်လယ်နယ်ပယ် အဆင့်၈ကို ရောက်လာပါလိမ့် "

လီဖူချန်းက ခေါင်းတစ်ချက် ခါယမ်းလိုက်ပြီး မေတ္တာမဲ့ ဘုရင်ရဲ့ သိုလှောင်အိတ်ကို ဆွဲယူလိုက်ပါတယ်။

သူ့အနေနဲ့ ရန်သူကို မျှော်လင့်ချက် ပေးခဲ့တယ် ဆိုတာက အလွတ်ပေးဖို့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူး။ သူက သူ့ရဲ့ ပုံရိပ်ယောင် အတတ်ပညာနဲ့ တိုက်ခိုက်ဖို့အတွက် ရန်သူကို ခေတ္တခဏ အာရုံ လွှဲခဲ့တာပါ။ ဒါပေမဲ့လည်း ရန်သူက သေဖို့ကို ကြောက်လွန်းပြီး ပုံရိပ်ယောင်ကမ္ဘာထဲကို အလွယ်တကူ ကျရောက်သွားတဲ့အတွက် သူ့ကို သတ်ဖြတ်ဖို့ရာဟာ လွယ်ကူလွန်းခဲ့တယ်လို့ ဆိုရပါမယ်။

***

နောက်ထပ် နှစ်ရက်အကြာမှာတော့ လီဖူချန်းဟာ သက်တံနီ အင်ပိုင်ယာရဲ့ နယ်စပ်ကို ကျော်ဖြတ်ပြီး နတ်ကျက်သရေ အင်ပိုင်ယာထဲကို ရောက်ရှိလာခဲ့ပါတယ်။

အဲသည်အချိန်မှာတော့ သူ့နောက်ကို လိုက်ခဲ့ကြတဲ့ ဘုရင်အမြောက်အများရဲ့  အသတ်ခံရမှု ဖြစ်စဉ်သတင်းဟာ နေရာအနှံကို ပျံ့နှံ့နေခဲ့ပါပြီ။

အဲသည်ကိစ္စဟာ တကယ့်ကို သတင်းထူးကြီးတစ်ရပ်ပါပဲ။

အကြမ်းဖျင်း ပြောရမယ်ဆိုရင် အရေအတွက် တစ်ရာနီးပါးရှိတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာ လီဖူချန်းရဲ့ လက်အောက်မှာ   အသက်ပျောက်ခဲ့ကြတာပါ။ ဒါက တကယ့်ကို မယုံကြည်နိုင်စရာ အဖြစ်အပျက်လို့ပဲ ဆိုရပါမယ်။

သည်နေရာမှာ တစ်ခု သိထားရမှာကတော့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာရှိတဲ့ ဘုရင်အဆင့် ပထမတန်းစား ကလန် တစ်ခုမှာတောင်မှ မူလပင်လယ်နယ်ပယ် ဘုရင် အရေအတွက် တစ်ရာ ဒါမှမဟုတ် နှစ်ရာသာ ရှိတယ် ဆိုတာပါပဲ။

အဲသည်အတွက် လီဖူချန်းရဲ့ လုပ်ဆောင်မှုဟာ ဘုရင်အဆင့်  ပထမတန်းစား ကလန်တစ်ဝက် ဒါမှမဟုတ် ဘုရင်အဆင့် ဒုတိယတန်းစား ကလန် နှစ်ခု၊သုံးခုကို ဖျက်စီးပစ်လိုက်တာနဲ့ မခြားနားလှပါဘူး။

သည်စွမ်းဆောင်မှုဟာ လီဖူချန်းနဲ့ မတွေ့ရသေးတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်အများအပြားကို ကြောက်ဒူးတုန်စေပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ လီဖူချန်းနဲ့ မတွေ့လိုက်မိတဲ့အတွက် ကံကောင်းတယ်လို့လည်း သူတို့ကိုယ်သူတို့ မှတ်ယူလိုက်ကြပါတယ်။ မဟုတ်လို့ကတော့ သူတို့ဟာလည်း တခြားသူတွေလိုပဲ လီဖူချန်းရဲ့ ဓားအောက်မှာ အသက် ပျောက်နေလောက်ပါပြီ။

***

-နန်အန်းမြို့တော်၊ နယ်စားစံအိမ် -

နန်အန်းနယ်စား လင်းထိုက်ယန်ရဲ့ မျက်နှာကတော့ အတော်လေး ပျက်နေခဲ့ပါတယ်။

သည်ဘာမှမဟုတ်တဲ့ လီဖူချန်းတစ်ယောက်တည်းက သည်လို ပြသနာကြီး တစ်ရပ်ကို ဖြစ်ပေါ်စေမယ်ဆိုတာကို သူ့အနေနဲ့ လုံးဝ မထင်ထားခဲ့မိတာ အမှန်ပါပဲ။

ဒါပေမဲ့လည်း သူက လီဖူချန်းဟာ သည်လို အဆင့်မြင့် ဘုရင် အမြောက်အများကို သတ်ဖြတ်နိုင်မယ်လို့ မယုံကြည်ပါဘူး။ သူ့အထင် ပြောရရင်တော့ အစွမ်းထက်တဲ့ လူတစ်ယောက်ယောက်က လီဖူချန်းကို နောက်ကွယ်ကနေ အကူအညီ ပေးနေတာပဲ ဖြစ်ရပါမယ်။

အထူးသဖြင့် မေတ္တာမဲ့ ဓားမော့ဘုရင်ရဲ့ အစွမ်းဟာ ဘယ်လိုမှ သာမန်ထဲမှာ မပါပါဘူး။ တကယ်လို့ သူ့အနေနဲ့ မေတ္တာမဲ့ ဘုရင်ကို သတ်မယ်ဆိုရင်တောင်မှ အတော်လေး ကြိုးပမ်းရမှာပါ။ ပြီးတော့ မေတ္တာမဲ့ ဘုရင်မှာက နောက်လိုက်နောက်ပါအဖြစ် မူလပင်လယ်နယ်ပယ် ဘုရင်တွေ အများကြီး ပါသွားပါသေးတယ်။

" တောက် …… လီဖူချန်း……လီဖူချန်း "

မေတ္တာမဲ့ ဓားမော့ဘုရင် အသက်ပျောက်သွားရတဲ့ အကြောင်းကို ပြန်စဉ်းစားမိလိုက်တိုင်းမှာ လင်းထိုက်ယန်ဟာ နာကျင်ခံစားနေရဆဲပါပဲ။ အဲဒါက သူ့ရဲ့ နှလုံးသားကို ဆူးတစ်ချောင်းနဲ့ ဆွနေသလို ခံစားချက်မျိုး ပေးစွမ်းနေပါတယ်။

သည်လို အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးခဲ့ရတဲ့ အဖိုးအခဟာ မနည်းလှပါဘူး။ နန်အန်းစီရင်စု တစ်ခုလုံးမှာဆိုရင် မူလပင်လယ်နယ်ပယ် ဘုရင် နှစ်သောင်းကျော် ရှိပေမယ့် အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်ကတော့ ငါးဆယ်အောက်မှာပဲ ရှိပါတယ်။ အဲသည်အချက်နဲ့တင် အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရတာဟာ ဘယ်လောက် ခက်ခဲသလဲ ဆိုတာကို သိနေနိုင်ပါပြီ ။

မေတ္တာမဲ့ဘုရင်ထက် သေဆုံးသွားတာထက် ပိုဆိုးတာကတော့ သူ့ရဲ့ ဂုဏ်သိက္ခာပါပဲ။ နန်အန်းစီရင်စု အရှင်သခင်ဖြစ်တဲ့ သူ့အတွက်ကတော့ ဂုဏ်သိက္ခာဟာ တခြားအရာတွေထက်ကို ပိုပြီး အရေးကြီးပါတယ်။ အခု လီဖူချန်းရဲ့ အပြုအမူဟာ သူ့ရဲ့ နားကို တံတွေး တက်စွတ်သွားတာနဲ့  အတူတူပဲဖြစ်ပြီး သည်ကိစ္စကြောင့် သူဟာ တခြား စီရက်စု အရှင်သခင်တွေ အရှေ့မှာ ခေါင်းဖော်ဝံ့တော့မှာ မဟုတ်ပါဘူး။

" ခွေးမသား …… လီဖူချန်း…… မင်း လဝန်းနီ အင်ပိုင်ယာထဲကို ပြန်ဝင်လာရဲရင် ဝင်ခဲ့ကြည့်စမ်း "

လင်းထိုက်ယန်က ငတုံး တစ်ယောက် မဟုတ်ပါဘူး။ လီဖူချန်းက ကပ်ဘေးမဲ့ စီရင်စုမှာ ပေါ်လာတယ် ဆိုမှတော့ သူဟာ နတ်ကျက်သရေ အင်ပိုင်ယာထဲကို ဦးတည်သွားနေတယ်ဆိုတာ အသိသာကြီးပါပဲ။

" နယ်စားမင်း…… တကယ်လို့ သူက နတ်ကျက်သရေ အင်ပိုင်ထဲ ရောက်နေတယ် ဆိုရင်တောင်မှပဲ ကျွန်တော်တို့ အနေနဲ့ သူ့ကို ပြန်ဖမ်းလာလို့ ရပါသေးတယ် "

အနီးအနားမှာ ရှိနေတဲ့ နယ်စားစံအိမ် အိမ်တော်ထိန်းက မဝံ့မရဲနဲ့ ပြောလာခဲ့ပါတယ်။

လင်းထိုက်ယန်က အိမ်တော်ထိန်းကို မျက်လုံးချင်းဆိုင် ကြည့်လိုက်ပြီး

" မင်းမှာ ဘာအကြံဉာဏ် ရှိလို့လဲ။ ပြောစမ်း"

သူ့ရဲ့သား လင်းရှု ပျောက်ဆုံးနေမှု၊ သူ့ရဲ့ လက်အောက်ခံ အသတ်ခံရမှု နဲ့ သူ့ရဲ့ ဂုဏ်သိက္ခာ ထိပါးစော်ကား ခံရမှု။ အဲသည်အရာတွေကြောင့် သူဟာ လီဖူချန်းကို လက်ရ ဖမ်းမိမှကို ရပါမယ်။

အိမ်တော်ထိန်းက ခံတွင်းတစ်ချက် ရှင်းလိုက်ပြီး

" သည်လိုပါ နယ်စားမင်း။ ကျွန်တော်တို့အနေနဲ့ သည်ပြသနာကို ဖြေရှင်းဖို့အတွက် အမှောင်ထုကလန်က လူတွေကို ဖိတ်ခေါ်ပြီး အကူအညီတောင်းလို့ ရပါတယ် "

" အမှောင်ထု ကလန်လား "

လင်းထိုင်ယန်ရဲ့ မျက်လုံးတွေဟာ ဖျတ်ခနဲ့ အရောင်တောက်သွားခဲ့ပါပြီ။

အမှောင်ထု ကလန် ဆိုတာက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ရှိတဲ့ အနက်ရောင် အဖွဲ့အစည်းတွေထဲမှာမှ ကြောက်စရာ အကောင်းဆုံးနဲ့ အလျှို့ဝှက်ဆုံး အဖွဲ့အစည်းပါပဲ။ တချို့ကလည်း အမှောင်ထု ကလန်ရဲ့ ဦးစီးခေါင်းဆောင်ဟာ လဝန်းနီ ဧကရာဇ်ကိုတောင် ဖက်ပြိုင်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့လည်း အဲဒါက ကောလာဟလသာ ဖြစ်တဲ့အတွက် ဘယ်သူမှ အတည်မပြုဝံ့ကြပါဘူး။

" နယ်စားမင်း…… အမှောင်ထုကလန်က ထိပ်သီးပုဂ္ဂိုလ်တွေက နည်းနည်းတော့ ဈေးကြီးပါတယ် "

အိမ်တော်ထိန်းက ခပ်တိုးတိုး ပြောလာပြန်ပါတယ်။

" အဲဒါက အရေးမကြီးဘူး။ သူတို့ကို ဖိတ်ခေါ်တဲ့ တန်ဖိုးက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းနှစ်ဆယ် ဆိုရင်တောင်မှ ငါပေးမယ် "

လင်းထိုက်ယန်ကတော့ ဈေးကြီးတာ၊ မကြီးတာကို လုံးဝ ဂရုမစိုက်ပါဘူး။ စီရင်စု အရှင်သခင်တစ်ပါး ဖြစ်တဲ့ သူ့ဆီမှာက အလယ်အလတ် ဝိညာဉ်ကျောက်တုံးတွေ သန်းရာနဲ့ ချီပြီးကို ရှိပါတယ်။

***

အဲသည်အချိန်မှာတော့ လီဖူချန်းဟာ နတ်ကျက်သရေ အင်ပိုင်ယာထဲက မြို့လေးတစ်မြို့ရဲ့ တည်းခိုခန်းထဲမှာ ရောက်ရှိနေခဲ့ပါပြီ။

" အင်း…… သည်မူလပင်လယ်နယ်ပယ် ဘုရင်တွေ အားလုံးက တော်တော်လေး ချမ်းသာကြတာပဲ။ ဘုရင် ရှစ်ဆယ့်ငါးပါးက ငါ့ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၅သန်းတောင် ထောက်ပံ့ပေးသွားတယ်။ သည်သိုလှောင်အိတ်တွေထဲမှာ ပါတဲ့ ရတနာ ပစ္စည်းတွေနဲ့ဆို ငါရတဲ့ အကျိုးအမြတ်က အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်း၃၀ကျော်တောင် မကလောက်ဘူး "

သူ့ရဲ့ အခန်းထဲမှာတော့ လီဖူချန်းဟာ သူရလာတဲ့ အကျိုးအမြတ်တွေကို တွက်ကြည့်ပြီး အပျော်ကြီး ပျော်နေခဲ့ပါတယ်။

မူလပင်လယ်နယ်ပယ် ဘုရင်တွေဟာ တကယ်ကြီး ချမ်းသာကြွယ်ဝတဲ့ သူတွေလို့ ဆိုရပါမယ် ။ ဘာဖြစ်လို့လဲဆိုတော့ အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးတောင်မှ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး သောင်းကြီးပိုင်း ဂဏန်းကို ပိုင်ဆိုင်ထားကြလို့ပါပဲ။

ကြယ်ပြာဘုရင်ကတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁.၂ သန်းလောက်ကို ပိုင်ဆိုင်ထားပြီး မေတ္တာမဲ့ ဘုရင်ကတော့  အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁.၅သန်းလောက်ကို ပိုင်ဆိုင်ထားပါတယ်။

" အင်း…… ငါကတော့ နတ်ကျက်သရေ အင်ပိုင်ယာကို ရောက်လာပြီ။ အစ်ကိုလေ့ နဲ့ တခြားသူတွေကကော ဘယ်လို ဖြစ်နေပါလိမ့် "

သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ရေတွက်ကြည့်နေရင်းရဲ့ ရုတ်တရက် လေ့တုံးဟိုင်တို့ သုံးယောက်အကြောင်း ခေါင်းထဲ ရောက်လာတဲ့ အခါမှာတော့ လီဖူချန်းရဲ့ မျက်နှာဟာ ညှိုးကျသွားခဲ့ပါပြီ။

သူက လေ့တုံးဟိုင်တို့ သုံးယောက် အနေနဲ့ သည်နတ်ကျက်သရေ အင်ပိုင်ယာထဲကို ရောက်အောင် လာနိုင်မယ် ဆိုတာကိုတော့ လုံးဝ သံသယ မရှိပါဘူး။ ဒါပေမဲ့လည်း သူ့ရဲ့ မသိစိတ်က လေ့တုံးဟိုင်တို့ သုံးယောက်အပေါ်မှာ အနည်းငယ် စိုးရိမ်စိတ် ဝင်နေမိပါတယ်။

***

All Chapters