← Chapters

ကျိန်စာ အမှတ်အသား

Vol. 44 Ch. 598

ကျိန်စာ အမှတ်အသား

Vol. 44 Ch. 598

"ဟူး……အခုချိန်မှတော့ ဘာမှ မတတ်နိုင်ဘူး။ သည်ကျိန်စာကို ဖျက်ပစ်ဖို့ ကြိုးစား ကြည့်ရမှာပဲ "

သက်ပြင်တစ်ချက် ချလိုက်အပြီးမှာတော့ လီဖူချန်းဟာ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို ထုတ်ပြီး သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို နေရာမလပ် ရှာဖွေပါတော့တယ်။

ဒါပေမဲ့လည်း သူ့အနေနဲ့ သူ့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ဘာမသင်္ကာစရာမှ မတွေ့ခဲ့ပါဘူး။

" ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မဟုတ်မှလွဲရော ငါ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံက ကျိန်စာကို ရှာနိုင်တဲ့ အစွမ်း မရှိတာလား "

လီဖူချန်းက မျက်မှောင်ကြုတ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို နောက်ထပ်တစ်ကြိမ် ဆန်းစစ်လိုက်ပြန်ပါတယ်။ ဒါပေမဲ့ သည်တစ်ခါမှာ သူသုံးထားတာကတော့ စိတ်ဝိညာဉ်အားပါပဲ။

ဒုတိယအကြိမ် ဆန်းစစ်တဲ့ အခါမှာတော့ လီဖူချန်းက မသင်္ကာစရာ  တစ်ခုကို သတိပြုမိလိုက်ပါတယ်။အဲဒါကတော့ သူ့ရဲ့ ညာဘက်ရင်အုံ တစ်ဝိုက်မှာပါပဲ။ သူက သွေးချီတွေကို လှည့်ပတ်လိုက်တဲ့ အခါမှာဆိုရင် ညာဘက် ရင်အုပ် တစ်ဝိုက်နားမှာ  မသိမသာလေး တစ်ဆို့နေတာ ဖြစ်ပါတယ်။

တကယ်လို့သာ သူ့အနေနဲ့ စိတ်ဝိညာဉ်အားကို ထုတ်မသုံးခဲ့ဘူးဆိုရင် အဲသည် အဖြစ်အပျက်ကို ဘယ်လိုမှ သတိပြုမိမှာ မဟုတ်ပါဘူး။

အဲသည်နောက်မှာတော့ သူဟာ အကျီ ၤကို ချွတ်ပြီး သူ့ရဲ့ ရင်အုပ်ကို ကြည့်ကြည့်လိုက်ပါတယ်။ သူ့ရဲ့ ရင်အုပ်ပေါ်မှာတော့ သွေးအရိုးခေါင်း တစ်ခုဟာ ဘယ်အချိန်ကတည်းကနေ ပေါ်လို့ ပေါ်နေမှန်း မသိပါဘူး။

" ဟင်…… ဒါက ကျိန်စာ အမှတ်အသားလား "

လီဖူချန်းက အကြီးအကျယ် မျက်နှာ ပျက်သွားခဲ့ပါပြီ။

သူ့ရဲ့ ကိုယ်ခန္ဓာပေါ်မှာ ကျိန်စာ အမှတ်အသား ရှိနေတယ် ဆိုတာက အမှောင်ထဲမှာ မီးဖိုထားသလိုပါပဲ။ သွေးဧကရာဇ်ရဲ့ အစေခံတွေဟာ သည်ကျိန်စာ အမှတ်အသားကို ဘယ်လိုမှ သတိမပြုစရာ အကြောင်းရှိမှာ မဟုတ်ပါဘူူး။

" မဖြစ်ဘူး။ သည်ကျိန်စာ အမှတ်အသားကို မရရအောင် ဖျက်ပစ်ရမယ် "

လီဖူချန်းက အသက်ကို တစ်ဝကြီး ရှူလိုက်ပြီး ဆင်နဂါး စွမ်းအားတွေကို လှည့်ပတ်ကာ  သွေးချီလမ်းကြောင်း တစ်ဆို့နေတဲ့ နေရာဆီကို ပို့ဆောင်လိုက်ပါတယ်။

ဖောက်……

အသံ ခပ်အုပ်အုပ်နဲ့အတူ သွေးချီ ပိတ်ဆို့နေတဲ့ နေရာဟာ ပွင့်သွားပြီး သွေးအရိုးခေါင်း အမှတ်အသားဟာလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒါ အပြီးတိုင် ပျောက်ကွယ်သွားတာတော့ မဟုတ်ပါဘူး။

သွေးအရိုးခေါင်း အမှတ်အသားက သိပ်မကြာခင်မှာပဲ လီဖူချန်းရဲ့ ဘယ်ဘက်လက်မောင်းပေါ်မှာ ပြန်ပေါ်လာခဲ့ပါတယ်။

" တောက်…… မင်းက ငါ့ကို စမ်းနေတာပဲ။ တွေ့ကြသေးတာပေါ့ကွာ "

လီဖူချန်းရဲ့ ရာဇဝင်မှာက လွယ်လွယ်နဲ့ လက်လျော့ရိုး ထုံးစံ မရှိပါဘူူး။သူက သူ့ရဲ့ ဆင်နဂါး စွမ်းအားတွေကို ဘယ်ဘက်လက်မောင်းဆီ ပြန်ပို့ဆောင်လိုက်ပြန်ပါတယ်။

ဒါပေမဲ့လည်း သွေးအရိုးခေါင်း တံဆိပ်က မပျောက်သွားဘဲ သူ့ရဲ့ နောက်ကျောမှာ ပြန်ပေါ်လာပါတယ်။ သည်ထက် ပိုဆိုးတာကတော့ သွေးအရိုးခေါင်းဟာ သူ့ရဲ့ သွေးချီတွေကို စတင် စုပ်ယူလာတာပါပဲ။

" သွားပြီ။ ငါ့တော့ လုံးပါးပါးပြီး သေတော့မယ် ထင်ပါရဲ့ "

ဘယ်နှစ်ခါ ကြိုးစားကြိုးစား သွေးအရိုးခေါင်း အမှတ်က မပျောက်တဲ့ အခါမှာတော့ လီဖူချန်းဟာ အတော်လေး စိတ်ဓာတ် ကျလာခဲ့ပါပြီ။

တစ်ချိန်တည်းမှာပဲ သူက သည်သွေးအရိုးခေါင်း အမှတ်အသားဟာ သူ့ရဲ့ သွေးချီတွေ မကုန်မချင်း ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့ ခံစားလာမိပါတယ်။

" မဟုတ်မှလွဲရော …… အဲဒါက ဒဏ္ဍာရီတွေထဲက ကျိန်စာ အမှတ်အသားများလား "

လီဖူချန်းက စဉ်းစားလေ၊ စဉ်းစားလေ ပိုပြီး ခေါင်းကိုက်လာသလိုပါပဲ။

သူ့အနေနဲ့ သွေးအရိုးခေါင်း အမှတ်အသား မပျောက်တာကို လက်ခံနိုင်ပါသေးတယ်။ ဒါပေမဲ့ အဲသည် သွေးအရိုးခေါင်း အမှတ်အသားက သူ့ရဲ့ သွေးချီတွေကို စုပ်ယူနေတာကိုတော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။

အဲဒါက အခုအချိန်မှာတော့ သွေးချီအနည်းငယ်ကိုသာ စုပ်ယူနေတဲ့အတွက် ဘာမှ မပြောပလောက်ပေမယ့် နောင်တစ်ချိန် ကျရင် ဘာဖြစ်လာမလဲ ဆိုတာကို ဘယ်သူမှ မပြောနိုင်ပါဘူူး။

တကယ်လို့ ကံဆိုးမယ်ဆိုရင် သူ့အနေနဲ့ သွေးချီ ခန်းခြောက်ပြီး သေသွားတာမျိုးတောင် ဖြစ်နိုင်ပါသေးတယ်။

လီဖူချန်း တစ်ယောက် သွေးဧကရာဇ်ရဲ့ ကျိန်စာမိသွားတာကို သိသွားတဲ့ အခါမှာတော့ ရှန်ကောင်းယုက မျက်နှာငယ်လေးနဲ့ လီဖူချန်းကို တောင်းပန်လာခဲ့ပါတယ်။

" တောင်းပန်ပါတယ် ……လီဖူချန်း။ မင်းမိသွားတဲ့ ကျိန်စာက တကယ် ဒဏ္ဍာရီတွေထဲက ကျိန်စာ အမှတ်အသားပဲ။ အဲသည် ကျိန်စာထဲမှာက ထူးခြားတဲ့ တာအို ဥပဒေသ တစ်ခု ပါဝင်နေတယ်။ ဒါကြောင့် မင်းက သည်အမှတ်အသားကို ဖျက်မရတာ။ လူတစ်ယောက်က သည်ကျိန်စာကို ဖျက်ဖို့ဆိုရင် ဂါထာ၊မန္တရားပိုင်းမှာ ကျွမ်းကျင်ရင်ကျွမ်းကျင် ဒါမှမဟုတ် ကျင့်ကြံမှု အပိုင်းမှာ ပြင်ပက တာအို ဥပဒေသတွေ မဝင်နိုင်အောင် တားဆီးနိုင်တဲ့အထိ ကျင့်ကြံထားနိုင်ဖို့ လိုတယ်။ အလွယ်ဆုံး နောက်ထပ် နည်းလမ်း တစ်ခု ရှိပေမယ့် အဲဒါက မင်းနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲသည်နည်းလမ်းက ကျိန်စာတိုက်တဲ့သူကို အမှတ်အသား ပယ်ဖျက်ပေးဖို့ အသနားခံတာပဲ။ ဒါပေမဲ့ မင်းက သွေးဧကရာဇ်ကို အသနား ခံစရာ အကြောင်း မရှိဘူး။ တကယ်လို့ မင်းအသနား ခံရင်လည်း သွေးဧကရာဇ်က သူ့ရဲ့ ကျိန်စာ အမှတ်အသားကို ပယ်ဖျက်ပေးမှာ မဟုတ်ဘူး "

ရှန်ကောင်းယုရဲ့ စကားကို ကြားအပြီးမှာတော့ လီဖူချန်းရဲ့ မျက်နှာဟာ ပြိုတော့မယ့်မိုးလို မည်းမှောင်သွားခဲ့ပါပြီ။ ဒါပေမဲ့လည်း သူက  ရှန်ကောင်းယုကို အပြစ်မတင်ပါဘူး။

" ရှန်ကောင်းယု…… ဒါဆိုရင် ဂါထာ၊မန္တရား ပညာရပ်တွေကို ငါဘယ်မှာ သင်လို့ရမလဲ။ အဲသည် ပညာရပ်အကြောင်း မင်းသိထားတာ နည်းနည်းပါးပါး မရှိဘူးလား "

လီဖူချန်းက ရှန်ကောင်းယုကို အကူအညီ တောင်းလိုက်ပါတယ်။

သူ့ရဲ့ ထိုးထွင်းသိမြင်မှုအရ ဆိုရင်တော့ သူ့အနေနဲ့ ဂါထာ၊မန္တရား ပညာရပ်တွေကို သိပ်ပြီး အချိန်ကြာကြာ သင်ယူနေစရာ လိုမှာ မဟုတ်ပါဘူး။ သူက ဂါထာ၊မန္တရားပညာရပ်ရဲ့ အခြေခံလေးကိုပဲ လိုအပ်တာပါ။

ရှန်ကောင်းယုက ခေါင်းခါလိုက်ပြီး

" မင်းသင်လို့တော့ ရမှာ မဟုတ်ဘူး။ဂါထာ၊မန္တရား တာအိုကို လျှောက်လမ်းတဲ့ ကျင့်ကြံသူတွေက ခန္ဓာကိုယ် သန့်စင်ခြင်း တာအိုထက်ကို အဆ တစ်ထောင်၊ တစ်သောင်းမက ရှားတယ်။အဲသည် ပညာရပ်က  ရေစက် မရှိရင် ဘယ်လိုမှ သင်လို့ မရတဲ့ ပညာရပ်ပဲ "

" ဒါဆိုရင် မင်းပြောတဲ့ ကျင့်ကြံခြင်း ဆိုတာက ကျင့်ကြံခြင်း နယ်ပယ်ကို ဆိုလိုတာလား ဒါမှမဟုတ် တာအို ဥပဒေသတွေကို နားလည် သဘောပေါက်မှုအပေါ် ဆိုလိုတာလား "

လီဖူချန်းကတော့ ကျိန်စာ အမှတ်အသားကို ဖျက်ဖို့အတွက် လက်မလျော့သေးပါဘူး။

ရန်ကောင်းယုက

" တိတိကျကျ ပြောရရင် အဲဒါက တာအို ဥပဒေသပဲ။ လောကပေါ်မှာ ရှိသမျှ တာအိုဥပဒေသတွေ အားလုံးက အချင်းချင်း  ဆက်စပ် တည်ရှိနေကြတာ။ ဂါထာ၊မန္တရား တာအိုကလည်း ခြွင်းချက် မရှိဘူး။ အဲသည်တော့ လုံလောက်အောင် အားကောင်းတဲ့ တာအို ဥပဒေသ တစ်ခုနဲ့ဆိုရင် သွေးအရိုးခေါင်း ကျိန်စာကို ဖျက်နိုင်လောက်တယ်။ ဒါပေမဲ့လည်း ကျိန်စာကို ဖျက်ချင်တဲ့သူက တာအို ဥပဒေသ  အပိုင်းမှာ ကျိန်စာ တိုက်တဲ့သူထက် ပိုပြီး နားလည် သဘောပေါက်နေရမယ် "

" မင်းပြောချင်တာက တကယ်လို့ ငါ့ရဲ့ ဓားဆန္ဒက လုံလောက်တဲ့အထိ အစွမ်းထက်ရင် ငါကိုယ်တိုင် သည်ကျိန်စာ အမှတ်အသားကို  ဖျက်လို့ရတယ်လို့ ပြောချင်တာလား "

" အေး "

ရှန်ကောင်းယုက ခေါင်းညိတ်လိုက်ပါတယ်။

" ဟုတ်ပြီ။ ငါသဘောပေါက်ပြီ "

လီဖူချန်းက အခုမှ စိတ်အနည်းငယ် ပေါ့ပါးသွားပါတယ်။

တာအို ဥပဒေတွေအပေါ် နားလည်သဘောပေါက်မှု အပိုင်းဆိုတာက သူအမြဲ ယုံကြည်မှု အပြည့်ရှိတဲ့ အပိုင်းပါပဲ။

တကယ်လို့ သူ့ရဲ့ ကောင်းကင်အဆင့်နိမ့် ဓားဆန္ဒက သည်ကျိန်စာ အမှတ်အသားကို မဖျက်နိုင်ဘူးဆိုရင် သူက ကောင်းကင် အလယ်အလတ် အဆင့် ဓားဆန္ဒကို သုံးပြီး ကျိန်စာ အမှတ်အသားကို ဖျက်လို့ရပါတယ် ။ အဲဒါမှ မလုံလောက်သေးဘူး ဆိုရင်တော့ သူ့အနေနဲ့ ကောင်းကင် အဆင့်မြင့် ဓားဆန္ဒကို သုံးနိုင်ပါသေးတယ်။

အဲလောက်အထိမှ အလုပ် မဖြစ်ရင်လည်း လီဖူချန်းအတွက် နောက်ထပ် နည်းလမ်းတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ရောက်အောင် ကျင့်ကြံတာပါပဲ။

ဒါပေမဲ့လည်း အဲသည် နည်းလမ်းကတော့ ကျိန်စာကို အပြီးအပိုင် ဖျက်ဆီး ပစ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါက ကျိန်စာ အမှတ်အသားကို ယာယီ ဖိနှိပ်ထားနိုင်ရုံသာ တတ်နိုင်မှာပါ။

ဘာဖြစ်လို့လဲဆိုတော့ သွေးဧကရာဇ်ကလည်း ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တစ်ပါး ဖြစ်နေလို့ပါပဲ။

" တောင်းပန်ပါတယ်…… လီဖူချန်း။ ငါက သွေးဧကရာဇ်ကို ဂါထာ၊မန္တရားပိုင်းမှာ သည်လောက်အထိ ကျွမ်းကျင်လိမ့်မယ်လို့ မထင်လိုက်မိဘူး "

ရှန်ကောင်းယုက လီဖူချန်းကို နောက်ထပ်တစ်ကြိမ် တောင်းပန်လိုက်ပြန်ပါတယ်။

လီဖူချန်းက လက်ကာ ပြလိုက်ပြီး

" ရတယ်။ ငါ့ကို အဲလောက်ကြီး တောင်းပန် မနေနဲ့။ ငါကိုယ်တိုင်ကလည်း သွေးဧကရာဇ်ကို အထင်သေးသွားမိတာပါ။ အခုလို ဖြစ်ပြီးသွားမှတော့ မင်းတောင်းပန်လည်း ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ အခု အရေးကြီးတာက ငါက အမှောင်ထဲက မီးအိမ် တစ်လုံးလို ဖြစ်နေတာပဲ။ သိပ်မကြာခင်မှာ မရေမတွက်နိုင်တဲ့ သွေးပရိပ် အသင်းသားတွေက ငါ့နောက်ကို လိုက်လာကြတော့မယ်။ အဲသည်တော့ ငါတို့ လမ်းခွဲကြရအောင် "

လီဖူချန်းအတွက်ကတော့ အခုအချိန်ဟာ ယွန်လုံကို ကယ်တင်ဖို့ တွေးနေရတော့မယ့် အချိန် မဟုတ်ပါဘူး။ သူက ယွန်လုံကို မကယ်ခင်မှာ သူ့ကိုယ်သူ အရင် ပြန်ကယ်ရပါတော့မယ်။

ယွန်လုံအတွက်ကတော့ သူ့အနေနဲ့ ယွန်လုံတစ်ယောက် အချိန် အနည်းငယ် ပိုတောင့်ခံနိုင်ပါစေလို့ပဲ ဆုတောင်းပေးနိုင်ပါတော့တယ်။

" လီဖူချန်း…… မင်းက ငါ့ကို ဘယ်လို လူစားမျိုး ထင်နေတာလဲ။ မင်းက ငါ့ကြောင့်မို့ ကျိန်စာ မိသွားတာ မဟုတ်ဘူးလား။ အပိုတွေ ပြောမနေနဲ့။ မင်းကျိန်စာ မပြေမချင်း ငါမင်းကို ကာကွယ်ပေးနေမယ် "

လီဖူချန်းရဲ့ စကားကို ရှန်ကောင်းယုက လုံးဝ လက်မခံပါဘူး။

လီဖူချန်း ခေါင်းခါလိုက်ပြီး

" မင်းရဲ့ အစွမ်းက အကြို-ဧကရာဇ်တွေနဲ့ ယှဉ်လို့ ရတာကို ငါသိပါတယ်။ ဒါပေမဲ့ သူတို့ထက် အစွမ်းထက်တဲ့သူတွေ ရောက်လာရင် ဘယ်လို လုပ်မလဲ ။ သူတို့ဘက်မှာက ထိပ်သီး အကြို- ဧကရာဇ်တွေ နဲ့ တိုက်ခိုက်ရေး ဧကရာဇ်တွေ ရှိနေမှာပဲလေ "

ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ရဲ့ အောက်မှာက အကြို-ဧကရာဇ်တွေသာမက သူတို့ထက်ကို ပိုအစွမ်းထက်တဲ့ တိုက်ခိုက်ရေး ဧကရာဇ်တွေ ရှိနေပါသေးတယ်။

တိုက်ခိုက်ရေး ဧကရာဇ်……

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သည်ဧကရာဇ်တွေက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ရောက်နေကြသူတွေ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူတို့တွေက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေနဲ့ လက်ရည်တူ တိုက်ခိုက်နိုင်ကြပါတယ်။ ဒါကြောင့်မို့လည်း သူတို့တွေကို တိုက်ခိုက်ရေး ဧကရာဇ်တွေလို့ ခေါ်ဆိုကြတာပါ။

ရှန်ကောင်းယုကလည်း လီဖူချန်းလို ခေါင်းမာတဲ့ အစားထဲကပါပဲ။

" ငါမင်းကို ကာကွယ်ပေးနိုင်လား၊ မကာကွယ် ပေးနိုင်ဘူးလား ဆိုတာက အရေးမကြီးဘူး။ ငါက လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာ။ ပြီးတော့ ငါ့ဆီမှာ မင်းရဲ့ ကျိန်စာအမှတ်ကို ဖျောက်ပစ်နိုင်တဲ့ နည်းလမ်း တစ်ခု ရှိသေးတယ် "

" မင်းဆီမှာ တကယ်ပဲ နည်းလမ်း ရှိတာလား "

လီဖူချန်းက ရှန်ကောင်းယုရဲ့ မျက်လုံးထဲကို ကြည့်ပြီး မေးလိုက်ပါတယ်။

" တကယ်လို့ မင်းဆီမှာ တခြား လုပ်စရာ မရှိရင် ငါနဲ့အတူ ကောင်းကင်အလင်း ပြည်နယ်ကို လိုက်ခဲ့လိုက်။ အဲသည်မှာ ဂါထာမန္တရားတွေကို ကောင်းကောင်း နားလည် တတ်ကျွမ်းတဲ့ ဝါစဉ်ကြီး ဆရာသမား ရှိတယ် "

" ဟုတ်ပြီလေ။ ငါမင်းနဲ့ လိုက်ခဲ့မယ် "

ရှန်ကောင်းယုဆီမှာ ကျိန်စာအမှတ်အသားကို ချေဖျက်တဲ့ နည်းလမ်း ရှိနေမှတော့ လီဖူချန်းကလည်း မငြင်းတော့ပါဘူး။

သည်ကျိန်စာ အမှတ်အသားက သူ့အနေနဲ့ ဘယ်လိုဖြစ်ဖြစ် ဖျက်ကို ဖျက်ပစ်ရမယ့် အရာပါပဲ။ အဲသည်ထဲမှာမှ သူ့အနေနဲ့ ကျိန်စာ အမှတ်အသားကို စောစော ဖျက်နိုင်လေ၊ ပိုပြီးကောင်းလေလို့ ဆိုရပါမယ်။

သည်လိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ ပစ္စည်း၊ပစ္စယတွေကို သိမ်းပြီး ကောင်းကင်အလင်း ပြည်နယ်ကို ထွက်လာခဲ့ကြပါတော့တယ်။

လမ်းတစ်လျှောက်မှာတော့ လီဖူချန်းဟာ ရှန်ကောင်းယုရဲ့ အကြောင်းတွေကို သိလာရပါတယ်။ အထူးသဖြင့် သူကျင့်ကြံထားတဲ့ ကျင့်စဉ်ကိုပေါ့။ ရှန်ကောင်းယုက ကျောက်စိမ်းနက် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်ကို ကျင့်ကြံထားသူပါ။အဲဒါက မြေကမ္ဘာ အထွတ်အထိပ်အဆင့် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်ဖြစ်ပြီး ကျင့်စဉ်ကို အောင်မြင်သွားရင် ကျင့်ကြံသူကို ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် အစကနဦးပိုင်းကို ရောက်ရှိသွားစေနိုင်ပါတယ်။

အရင်တုန်းကတော့ လီဖူချန်းဟာ သူ့ရဲ့ မြေကမ္ဘာ အဆင့်မြင့်  ခန္ဓာကိုယ် အပြင်အား ပညာရပ် ဖြစ်တဲ့ ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း နဲ့ ပက်သက်ပြီး အမြဲ ဂုဏ်ယူဝံ့ကြွားခဲ့သူပါ။ဒါပေမဲ့လည်း အခုတော့ သူဟာ ဂုဏ်မယူနိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်စိမ်းနက် ခန္ဓာကိုယ် ကျင့်စဉ်နဲ့ ယှဉ်ရင် သူ့ရဲ့ ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ်ဟာ အမှိုက်သာသာ ဖြစ်နေလို့ပါပဲ။ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ သည်ပညာရပ် နှစ်ခုကြားက ကွာဟချက်ဟာ အင်မတန် ကြီးမားလွန်းလှတဲ့အတွက် နှိုင်းယှဉ်ဖို့တောင် မသင့်တော်လှပါဘူး။

ပြီးတော့ ရှန်ကောင်းယုဟာ မြေကမ္ဘာ အထွတ်အထိပ် အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာ ဖြစ်တဲ့ မဟူရာမြွေနဂါး လက်ဝါးသိုင်းကိုလည်း တတ်မြောက်ထားပါသေးတယ်။ အဲသည် သိုင်းပညာကလည်း သိုင်းကွက် အပြည့်အစုံ ရှိတဲ့ သိုင်းပညာ ဖြစ်ပြီး လီဖူချန်းရဲ့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် သိုင်းကွက်တွေထက်ကို အများကြီး ပိုအစွမ်းထက်တယ်လို့ ဆိုရပါမယ်။

ဒါပေမဲ့လည်း ရှန်ကောင်းယုရဲ့ မဟူရာ မြွေနဂါး လက်ဝါးက တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို ရောက်ဖို့ လိုသေးတဲ့အတွက် အခု လောလောဆယ်မှာတော့ လီဖူချန်းလောက် အစွမ်း မထက်သေးပါဘူး။

" လီဖူချန်း…… ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်က အရင်းအမြစ်တွေပေါ်မှာ အင်မတန် မှီခိုရတဲ့ လမ်းစဉ်ပဲ။ ပြီးတော့ အဲဒါက ခန္ဓာကိုယ် အပြင်အား ပင်ကိုပါရမီပေါ်မှာလည်း အတော်လေး မူတည်တယ်။ မင်းက ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းမှာ အတော်လေး အားစိုက်ထားတာကို ငါသိပါတယ်။ ဒါပေမဲ့ ငါအကြံတစ်ခု ပေးမယ်။ မင်းရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းကို သည်ထက်ပို မနက်ရှိုင်းခင် ရပ်လိုက်သင့်တယ်။ မဟုတ်ရင် မင်းက ဘယ်လမ်းစဉ်မှာမှ   မဖြစ်ထွန်းဘဲ တစ်ဝက်တစ်ပျက်နဲ့ ဇာတ်လမ်း ဆုံးသွားလိမ့်မယ် "

ခရီးသွားနေရင်းနဲ့ တစ်နေ့မှာတော့ ရှန်ကောင်းယုက လီဖူချန်းကို ကြည့်ပြီး သတိပေးလာခဲ့ပါတယ်။

လီဖူချန်းက ရှန်ကောင်းယုကို မလိမ်ညာချင်ပါဘူး။ အဲသည်အတွက် သူက အမှန်အတိုင်းပဲ ဖွင့်ပြောလိုက်ပါတယ်။

" ရှန်ကောင်းယု…… အမှန်အတိုင်း ပြောရရင် ငါ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းကလည်း မူလပင်လယ်နယ်ပယ်ကို ရောက်နေပြီ။ ငါက သွေးအရိပ်အသင်းက လူတွေ ငါ့ကို သတိမထားမိအောင်လို့ လျှို့ဝှက် သွေးကြောပိတ်နည်း တစ်ခုကို သုံးထားတာ "

" ဟင်…… မင်းက ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းရော၊ ချီအတွင်းအား ကျင့်ကြံခြင်းမှာပါ မူလပင်လယ်နယ်ပယ်ကို ရောက်နေတာလား "

လီဖူချန်းရဲ့ ဖွင့်ဟဝန်ခံမှုကို ကြားအပြီးမှာတော့ ရှန်ကောင်းယုဟာ မျက်လုံး အပြူးသား ဖြစ်သွားခဲ့ပါပြီ။

သူက လီဖူချန်းဟာ အခုမှ အသက်သုံးဆယ် စွန်းစွန်းသာ ရှိသေးတယ် ဆိုတာကို သိပြီးသား ဖြစ်ပါတယ်။

သည်အသက်အရွယ်နဲ့  ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းရော၊ ချီအတွင်းအား ကျင့်ကြံခြင်းမှာပါ မူလပင်လယ်နယ်ပယ်ကို ရောက်နေဖို့ ဆိုတာက ……….

ဒါက မျက်မြင်ကိုယ်တွေ့ မဟုတ်ရင် ဘယ်လိုမှ ယုံကြည်ဖို့ မကောင်းတဲ့ အရာပါပဲ။

သည်လိုဖြစ်ဖို့ ဆိုတာက တော်ရုံ ပါရမီနဲ့ မရပါဘူး။ သူက လီဖူချန်းလို အသက်အရွယ်နဲ့ သည်လို အောင်မြင်မှုမျိုး ရတဲ့သူမျိုးကို တစ်ခါမှလည်း မကြားခဲ့ဖူးပါဘူး။

" လီဖူချန်း……မင်း……မင်းရဲ့ အရိုးတည်ဆောက်ပုံက ဘာလဲ "

ရှန်ကောင်းယုက ဘယ်လိုမှ မနေနိုင်တော့ဘဲ လီဖူချန်းကို လှမ်းမေးလိုက်ပါတယ်။

လီဖူချန်းက ပြုံးလိုက်ပြီး

" မီးလျှံ အရိုးတည်ဆောက်ပုံလေ "

လီဖူချန်းရဲ့ အဖြေကို ကြားလိုက်ရတဲ့ ရှန်ကောင်းယုဟာ ခေတ္တခဏ   အသိစိတ် လွတ်သွားသလိုပါပဲ။

.” မီးလျှံ အရိုး တည်ဆောက်ပုံလား "

သူက မယုံကြည်နိုင်စွာနဲ့ လီဖူချန်းကို ကြောင်အမ်းအမ်း စိုက်ကြည့်နေမိပါတယ်။

ကြည့်ရတာတော့ လီဖူချန်းက လျှို့ဝှက် ခန္ဓာကိုယ် တည်ဆောက်ပုံကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ရပါမယ်။ ဒါပေမဲ့လည်း သေသေချာချာ စဉ်းစားပြီးတဲ့ အခါမှာတော့ ရှန်ကောင်းယုဟာ လီဖူချန်းနဲ့ ပက်သက်ပြီး မအံ့သြတော့ပါဘူး။

သည်ကမ္ဘာပေါ်မှာက အရိုးတည်ဆောက်ပုံတွေအပြင် အလွန်အမင်း အစွမ်းထက်တဲ့  မျိုးဆက်သွေး အမွေခံတွေ နဲ့ လျှို့ဝှက် ခန္ဓာကိုယ် တည်ဆောက်ပုံတွေလည်း ရှိတတ်တာ မဟုတ်ပါလား။

***

All Chapters