← Chapters

လေမိုးကြိုး လျှိုမြောင်

Vol. 45 Ch. 605

လေမိုးကြိုး လျှိုမြောင်

Vol. 45 Ch. 605

လေမိုးကြိုး လျှိုမြောင်ထဲကို ဝင်ဖို့ လမ်းကြောင်းတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့လည်း ယုံကြည်စိတ်ချရတဲ့ လမ်းကြောင်းတွေကတော့ အနည်းငယ်သာ ရှိပါတယ်။ ကျန်တဲ့လမ်းကြောင်းတွေကတော့ အခြေအနေ ခန့်မှန်းရ ခက်ခဲလွန်းလှပြီး လျှိုမြောင်ထဲကို ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် လေပြင်းတွေနဲ့ မိုးကြိုးတွေရဲ့ တိုက်ခိုက်မှုကို ခံရနိုင်တဲ့အတွက် ဘယ်သူမှ အသုံးမပြုချင်ကြပါဘူး။

( note : လေမိုးကြိုး လျှိုမြောင်ဆိုတာက လျှို့ဝှက်နယ်မြေ တစ်ခုနဲ့ ဆင်တူပုံပါပဲ။ ပြီးတော့ အဲသည်ထဲကို ဝင်ဖို့ လမ်းကြောင်းတွေက အများကြီးရှိုပြီး အဲသည်ထဲက တစ်ခုဟာ မိုးနီတောင်ကြား ဖြစ်ပုံ ရပါတယ်။ )

လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ နှစ်ယောက်  မိုးနီတောင်ကြားကို ရောက်လာတဲ့ အချိန်မှာတော့ လူတွေတော်တော်များများဟာ လျှိုမြောင်ထဲ ဝင်ဖို့ ပြင်နေကြပါပြီ။ အံ့သြစရာကောင်းတာ တစ်ခုကတော့  အဲသည် လူတွေထဲမှာဆိုရင် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် အတော်များများ ပါဝင်နေတာပါပဲ။

ဒါပေမဲ့လည်း တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေဟာ များသောအားဖြင့်တော့  လေမိုးကြိုး လျှိုမြောင်ရဲ့ အပြင်ဘက် အပိုင်းတွေလောက်မှာသာ ဆေးပင်တွေ ရှာဖွေကြလေ့ ရှိတာပါ။ ပြီးတော့ သူတို့တွေရဲ့  လက်ထဲမှာ ရှိတဲ့ လေမိုးကြိုး သံလိုက်အိမ်မြှောင်တွေက အညံ့စား အဆင့်နဲ့ အလယ်အလတ်တန်းစား အဆင့်မှာသာ ရှိတဲ့အတွက် သူတို့ဟာ အပြင်ဘက် အပိုင်းအခြားကို ကျော်လွန်ပြီး ဆက်မဝင်သွားရဲကြပါဘူး။ တကယ်လို့သာ သူတို့အနေနဲ့ အရဲစွန့်ပြီး ဝင်သွားမယ်ဆိုရင်လည်း သေချာပေါက် သေကုန်ကြမှာပါပဲ။

“ဆူးဘုရင် ... သည်နှစ်ယောက်က အဆင့်မြင့်  လေမိုးကြိုး သံလိုက်အိမ်မြှောင် နှစ်လုံး ဝယ်တဲ့အချိန်မှာတောင်မှ မျက်တောင်တစ်ချက် မခတ်သွားဘူး။ကြည့်ရတာ သူတို့က တကယ် ချမ်းသာကြွယ်ဝတဲ့ သူတွေပဲ ဖြစ်ရမယ်။ သူတို့ကို သတ်နိုင်ရင်တော့ ကျုပ်တို့ ပွပေါက်တိုးပြီပဲ "

လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ရဲ့ အနောက် အတော်ဝေးဝေးမှာတော့ မူလနယ်ပယ် ဘုရင်အုပ်စု တစ်စုဟာ သူတို့ကို နောက်ယောင်ခံ လိုက်နေကြပါတယ်။

“မလောပါနဲ့ဦး။ သူတိုနှစ်ယောက်  လေမိုးကြိုး လျှိုမြောင်ထဲ ဝင်တာကို အရင် စောင့်ကြရအောင်။ ပြီးမှ ကျန်တာ ဆက်ဆွေးနွေး ကြတာပေါ့ "

ဆူးဘုရင်လို့ အခေါ်ခံရတဲ့လူက အတော်လေး ဉာဏ်အမျှော်အမြင် ရှိပုံပါပဲ။ သူက လီဖူချန်းတို့ကို သတ်ဖို့အတွက် မလောပါဘူး။

လေမိုးကြိုးပြည်နယ်က အထိန်းအကွပ်မဲ့ပြီး ဖြစ်ချင်တိုင်း ဖြစ်နေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါက သည်ပြည်နယ်အတွင်းမှာ စိတ်ကြိုက်လုပ်လို့ရတယ် ဆိုတဲ့ အဓိပါ္ပယ် မဟုတ်ပါဘူး။ သူတို့အနေနဲ့ တစ်ဖက်လူတွေကို သတ်ဖို့ မကြံခင်မှာ တစ်ဖက်လူတွေရဲ့ နောက်ခံ အသိုင်းအဝိုင်းကို အရင် လေ့လာရပါဦးမယ်။

တကယ်လို့သာ လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ရဲ့ နောက်ခံ အသိုင်းအဝိုင်းက ကြီးမားနေမယ် ဆိုရင် သူတို့အနေနဲ့  လီဖူချန်းတို့ကို သတ်တဲ့နေရာမှာ လုံးဝ သဲလွန်စ ချန်ထားခဲ့လို့ မဖြစ်ပါဘူး။ မဟုတ်ရင်တော့ သူတို့က သူတို့ရဲ့ အသက်ကို ပြန်ပြီး ပေးဆပ်ရမှာ အသေအချာပါပဲ။

ပြောရမယ် ဆိုရင်တော့  လေမိုးကြိုး လျှိုမြောင်ဟာ  အတွင်းပိုင်းကို နိမ့်ဆင်းသွားတဲ့အတွက် ချိုုင့်ဝှမ်းဒေသကြီး တစ်ခုနဲ့ သိပ်မကွာခြားလှပါဘူး။

ပြီးတော့  သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ လေမိုးကြိုး အလွှာတစ်ခုက သည်လျှိုမြောင်ကို လွှမ်းခြုံထားပါသေးတယ်။

အဲသည် လေမိုးကြိုး အလွှာကတော့ အဆင့်၈ ဝင်္ကပါ အစီအရင် တစ်ခုအတိုင်း အစွမ်း ထက်လှတဲ့အတွက် ဥပဒေသ ပြောင်းလဲခြင်း ဧကရာဇ်တွေတောင်မှ သည်လေမိုးကြိုး အလွှာကို စုတ်ဖြဲပြီး လျှိုမြောင်ထဲ မဝင်ဝံ့ပါဘူူး။

အဲသည်အတွက် လူတစ်ယောက် အနေနဲ့  လေမိုးကြိုး လျှိုမြောင်ထဲကို ဝင်တော့မယ် ဆိုရင်  လေမိုးကြိုး အလွှာရဲ့  ဟနေတဲ့ နေရာတွေကို ရှာပြီး ဝင်မှ ရပါမယ်။

ကံကောင်းတာ တစ်ခုကတော့ အဲသည် ဟနေတဲ့ နေရာလွတ်တွေထဲက တစ်ခုဟာ မိုးကြိုးစက်ကွင်းမြို့ရဲ့ အနီးမှာရှိတဲ့ မိုးနီ တောင်ကြား အတွင်းမှာ တည်ရှိနေတာပါပဲ။ ဒါကြောင့်လည်း လူတွေက မိုးကြိုးစက်ကွင်းမြို့ကို  လေမိုးကြိုး လျှိုမြောင်နဲ့ အနီးဆုံးမြို့လို့ ဆိုကြတာပါ။

လီဖူချန်းတို့နှစ်ယောက် မိုးနီ တောင်ကြားထဲကနေ  လေမိုးကြိုး လျှိုမြောင်ထဲကို ဝင်သွားတဲ့အထိ အနောက်ကနေ နောက်ယောင်ခံ လိုက်လာတဲ့ မူလနယ်ပယ်ဘုရင် အုပ်စုကလည်း လိုက်လာနေဆဲပါပဲ။

“သည်လူတွေက ကိုယ့်သေတွင်း ကိုယ်တူးနေကြတာပဲ။ ငါ့လက်ကတော့ ထပ်ပြီး သွေးစွန်းရပြန်ဦးမယ်ကွာ "

လီဖူချန်းက  လေမိုးကြိုး လျှိုမြောင်ထဲကို ဝင်နေရင်းနဲ့ ခပ်တိုးတိုး ညည်းတွားလိုက်ပါတယ်။

“ငါတို့ သူတို့ကို သည်ကနေပဲ စောင့်ပြီး သတ်ကြမလား "

ရှန်ကောင်းယုက သိပ်ပြီး သနားညှာတာ တတ်တဲ့သူ တစ်ယောက် မဟုတ်ပါဘူး။ အဲသည်အတွက် သူ့ရဲ့ လူသတ်ချင်စိတ်တွေဟာ လီဖူချန်းထက်ကို ပိုပြီး ပြင်းပြနေပါသေးတယ်။

အဲဒါက သူလျှောက်လမ်းနေတဲ့ လမ်းစဉ်နဲ့လည်း သက်ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ်။

မူလပင်လယ်နယ်ပယ် ဘုရင် အုပ်စုကို ခေါင်းဆောင်လာသူကတော့ သူဖုန်းစား တစ်ယောက်နဲ့ ဆင်တူတဲ့ လူကြီးတစ်ယောက်ပါပဲ။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ကနေပြီး အိုမင်းဆွေးမြည့်နေတဲ့ သစ်ပင်အိုကြီး တစ်ပင်ရဲ့ အနံ့အသက်တွေ ထွက်နေပါသေးတယ်။ လုံးဝမှားယွင်းစရာ အကြောင်း မရှိပါဘူူး။ သည်သူဖုန်းစားကြီးဟာ သစ်စိမ်း အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ရပါမယ်။ သူဖုန်းစားကြီးရဲ့ ဘေးမှာကတော့ နဖူးမှာ အင်းကွက်တွေ ရေးဆွဲထားတဲ့ ခပ်ပိန်ပိန် လူတစ်ယောက် ပါလာပါတယ်။

“ လေနတ်မင်း မျက်လုံး "

လေမိုးကြိုး လျှိုမြောင်ထဲကို ဝင်သွားပြီးတဲ့ နောက်မှာတော့ ခပ်ပိန်ပိန် လူရဲ့ နဖူးမှာ ရှိနေတဲ့ အင်းကွက်တွေဟာ စတင်ပြီး အရောင်တောက်လာခဲ့ပါပြီ။ ကြည့်ရတာတော့ သူက အဖွဲ့ထဲမှာ ခြေရာခံဖို့အတွက် တာဝန်ယူထားပုံပါပဲ။

“ခင်ဗျားတို့တွေက ကျုပ်တို့ကို ရှာနေတာလား "

စကားသံနဲ့အတူ လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ဟာ သစ်ပင်ထိပ်ဖျား တစ်ခုစီပေါ်မှာ ပေါ်လာခဲ့ပါတယ်။

“သူတို့နှစ်ယောက်က ထွက်မပြေးဘဲ ငါတို့ကို စောင့်နေတာလား "

သူဖုန်းစားကြီးက အနည်းငယ် အံ့သြတဲ့ လေသံနဲ့ ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

သည်အခြေအနေက လုံးဝ မသင်္ကာစရာပါပဲ။ ပုံမှန်အတိုင်း ဆိုရင်တော့ လီဖူချန်တို့ နှစ်ယောက်ဟာ သူတို့လိုက်လာတာကို သိတာနဲ့ တစ်ပြိုင်နက် အမြန်ဆုံး မျက်ခြည်ဖြတ်ပြီး ပြေးရမှာပါ။ ဒါပေမဲ့လည်း အခုတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ ထွက်မပြေးဘဲ သူတို့ကိုတောင် ပြန်ပြီး စောင့်နေလိုက်ပါသေးတယ်။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သည်သူဖုန်းစားကြီးဟာ သာမန်လူ မဟုတ်ပါဘူး။ သူက ဆူးဘုရင်လို့ နာမည် ကျော်ကြားသူ ဖြစ်ပြီး ကြယ်၇ပွင့် သစ်စိမ်း အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့ ကျင့်ကြံမှုကလည်း မူလပင်လယ်နယ်ပယ် အဆင့်၈ကို ရောက်ရှိနေခဲ့ပါပြီ။

အဲဒါတင် မကပါဘူး။ သူ့ဆီမှာက ဝှက်ဖဲအဖြစ် အဆစ်ခုနစ်  နီးပါး ရှိနေပြီ ဖြစ်တဲ့ အရိုးတည်ဆောက်ပုံ အင်းကွက် ရှိနေပါသေးတယ်။ အဲဒါက သူ့ရဲ့ နတ်ဘုရားစွမ်းရည်ဖြစ်တဲ့ ဆူးစကြာကို အစွမ်း မြှင့်တင်ပေးနိုင်တဲ့ အတွက် သူ့အနေနဲ့ အလစ်အငိုက်ဖမ်း တိုက်ရမယ် ဆိုရင် အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကိုတောင်မှ တစ်ချက်တည်း သတ်ဖြတ်ပစ် နိုင်ပါတယ်။

သူဖုန်းစားကြီးက သည်လေမိုးကြိုး ပြည်နယ်မှာ ကျင်လည်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာဆိုရင် မူလပင်လယ်နယ်ပယ် ဘုရင် အပါးရှစ်ဆယ်ကျော် တစ်ရာနီးပါးကိုတောင် သတ်ဖြတ်ခဲ့ပြီးပါပြီ။ဒါပေမဲ့လည်း သည်နေ့မှာတော့ ဘယ်လိုဖြစ်တယ် မသိပါဘူး။ သူက လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ကို သတ်ဖို့ရာဟာ ထင်သလောက် မလွယ်လောက်ဘူးလို့ ခံစားနေမိပါတယ်။

“ဆူးဘုရင် … သူတို့ထဲက တစ်ယောက်က ခန္ဓာကိုယ် အပြင်အား အကြို-ပြီးပြည့်စုံခြင်း ဘုရင် ဆိုပေမယ့် နောက်တစ်ယောက်က မူလပင်လယ်နယ်ပယ် အဆင့်၁မှာပဲ ရှိသေးတယ်။ သူတို့နှစ်ယောက်ကို သတ်ဖို့က ကျုပ်တို့အတွက် သိပ်ခက်မှာ မဟုတ်ဘူး။ သည်တော့ အချိန်မဆွဲဘဲ သည်ကိစ္စကို မြန်မြန် လက်စ သတ်လိုက်ရအောင် "

ခပ်ပိန်ပိန်နဲ့လူရဲ့ ကျင့်ကြံမှုက သိပ်ပြီး အဆင့်မမြင့်လှပါဘူး။ သူက အခုမှ မူလပင်လယ်နယ်ပယ် အဆင့်၂မှာသာ ရှိသေးတာပါ။

သူက ကြယ်၆ပွင့် လေပြင်း အရိုးတည်ဆောက်ပုံကို  ပိုင်ဆိုင်ထားပြီး လေနတ်မင်းမျက်လုံး ဆိုတဲ့ နတ်ဘုရားစွမ်းရည် တစ်မျိုးကို နိုးထ ထားနိုင်ပေမယ့်လည်း အဲဒါက တိုက်ခိုက်တဲ့ နေရာမှာ အသုံးမဝင်တဲ့ စွမ်းရည်တစ်ခု ဖြစ်နေပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင်တော့ အဲဒါက ပတ်ဝန်းကျင် အခြေအနေကို လေ့လာရာနဲ့ ခြေရာကောက်ရာမှာက လွဲပြီး တခြားမှာ အသုံးမဝင်ပါဘူူး။

ဒါပေမဲ့လည်း ဆူးဘုရင်ကတော့ သူ့ရဲ့ နတ်ဘုရားစွမ်းရည်ကို သဘောကျခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာ ဆူးဘုရင်ရဲ့ အဖွဲ့မှာ အဖွဲ့ဝင် ဖြစ်လာခဲ့တာပါ။

“မဟူရာမြွေနဂါး လက်ဝါး "

တစ်ဖက်အုပ်စုက သူတို့ကို သတ်ဖြတ်ဖို့ လာနေတာ ကျိန်းသေနေတဲ့အတွက် ရှန်ကောင်းယုဟာ စကားပြောပြီး အချိန် ဖြုန်းမနေတော့ပါဘူး။အဲသည်အတွက် သူက သူ့ရဲ့ သတ်ဖြတ်ကွက်ကို ထုတ်ပြီး တိုက်ပွဲကို စတင်လိုက်ပါတော့တယ်။

“ဂါး... ဂရား... "

ဆူးဘုရင်က ရှန်ကောင်းယုရဲ့ တိုက်ခိုက်မှုကို ထိပ်တိုက် မခံဆောင်ပါဘူး။ အဲသည်အစား သူက နောက်ကို ဆုတ်ပြီး ရှောင်တိမ်းလိုက်ပါတယ်။ကြည့်ရတာတော့ သူက  တိုက်ပွဲ အတွေ့အကြုံ အတော်လေး ရင့်ကျက်နေပုံပါပဲ။

ဘန်း... ဘန်း... ဘန်း...

ဆူးဘုရင်က ရှန်ကောင်းယုရဲ့ လက်ဝါးရိုက်ချက်ကို ရှောင်တိမ်းလိုက်နိုင် ပေမယ့်လည်း ကျန်တဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေကတော့ ရှောင်တိမ်းနိုင်စွမ်း မရှိခဲ့ပါဘူး။ အဲသည်အတွက် သူတို့ဟာ တစ်စစီ ပေါက်ကွဲပြီး သေကုန်ကြပါတယ်။

အဲထဲမှာမှ အံ့သြစရာ ကောင်းတာကတော့ ခပ်ပိန်ပိန်နဲ့ လူပါပဲ။ သူက မယုံနိုင်လောက်အောင်ပဲ ဆူးဘုရင်နည်းတူ ရှန်ကောင်းယုရဲ့ လက်ဝါးရိုက်ချက်ကို ရှောင်တိမ်းနိုင်ခဲ့ပါတယ်။

“အခြေအနေ မဟန်ဘူး။ ပြေးမှ "

ခပ်ပိန်ပိန်လူဟာ ရှန်ကောင်းယုရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့တယ် ဆိုပေမယ့်လည်း လွယ်လွယ်ကူကူ ရှောင်တိမ်းနိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ သူက သက်စွန့်ဆံဖျား ကြိုးစားပြီးမှ ရှန်ကောင်းယုရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့တာပါ။ အဲသည်အတွက် သူ့ရဲ့  ဒူးတွေဟာ တဆတ်ဆတ် တုန်နေခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ “ပြေးကိုပြေးမှ ရတော့မယ် “ဆိုတဲ့ အတွေးတစ်ခုဟာ သူ့ရဲ့ခေါင်းထဲ ဝင်လာခဲ့ပါတယ်။

ရှန်ကောင်းယုရဲ့ အစွမ်းက ခန္ဓာကိုယ် အပြင်အား အကြိုပြီးပြည့်စုံခြင်း ဘုရင်တစ်ပါးမှာ ရှိသင့်ရှိထိုက်တဲ့ အစွမ်းမျိုး မဟုတ်ပါဘူး။ ကုန်ကုန် ပြောရမယ် ဆိုရင် သည်အစွမ်းမျိုးက ခန္ဓာကိုယ် အပြင်အား အလုံးစုံ ပြီးပြည့်စုံခြင်း ဘုရင်မျိုးမှာတောင် ရှိသင့်တဲ့ အစွမ်းမျိုး မဟုတ်ပါဘူး။ သူ့အတွက် ကံကောင်းတာ တစ်ခုကတော့ သူ့ရဲ့ လေနတ်ဘုရား မျက်လုံးဟာ ရှန်ကောင်းယုရဲ့ လက်ဝါးရိုက်ချက် လမ်းကြောင်းကို ခန့်မှန်းပေးနိုင်ခဲ့တာပါပဲ။ မဟုတ်လို့ကတော့ သူဟာလည်း တခြားဘုရင်တွေလိုပဲ ပေါက်ကွဲပြီး သေနေလောက်ပါပြီ။

“မိုးနဲ့မြေကို သုတ်သင်ခြင်း "

အဲသည်အချိန်မှာပဲ လီဖူချန်းဟာ တိုက်ပွဲထဲကို ဝင်လာပါတော့တယ်။ ဒါပေမဲ့ သူက သစ်ပင်ပေါ်ကနေ ဆင်းပြီး တိုက်ခိုက်လာတာတော့ မဟုတ်ဘူး။ သူက သစ်ပင်ပေါ်မှာ ရပ်နေရင်းနဲ့ ဓားချက်တစ်ချက်  ထုတ်လိုက်ရုံပဲ ရှိတာပါ။

ရွှမ်း...

လီဖူချန်းရဲ့ ဓားချက်က တစ်ချက်တည်းသာ ဖြစ်ပေမယ့်လည်း ထိချက်ကတော့ နှစ်ယောက်လုံးကို ထိသွားခဲ့ပါတယ်။

လီဖူချန်းရဲ့ ဓားချက်က ဘယ်လောက် မြန်တယ် မသိပါဘူး။ ခပ်ပိန်ပိန်လူဟာ ဆိုရင် အပိုင်းပိုင်း၊ အစစ ခုတ်ပိုင်းခံရပြီး သေသွားတာတောင်မှ သူသေလို့ သေမှန်း မသိလိုက်ပုံပါပဲ။

“အား "

ကျန်တဲ့ ဆူးဘုရင်ရဲ့ အခြေအနေဟာလည်း သိပ်အကောင်းကြီးတော့ မဟုတ်လှပါဘူး။ သူက ဒဏ်ရာ အပြင်းအထန် ရရုံတင်မကဘဲ သေလုမျောပါးတောင် ဖြစ်နေခဲ့ပါပြီ။

“ဆူးစကြာ ပင်လယ် "

ဆူးဘုရင်ဟာ သေလုမြောပါး ဖြစ်နေပေမယ့်လည်း ပြန်ပြီး တိုက်ခိုက်ဖို့အတွက်တော့ အားရှိနေဆဲပါပဲ။

အဲသည်အတွက် သူက  သစ်စိမ်းစွမ်းအားတွေကို စုစည်းလိုက်ပြီး သူ့ရဲ့ နတ်ဘုရားစွမ်းရည်ကို အစွမ်းကုန် ထုတ်သုံးလိုက်ပါတော့တယ်။

သူ့အတွက်ကတော့ သည်တိုက်ပွဲက သူသေရင်သေ ဒါမှမဟုတ် တစ်ဖက်က ရန်သူနှစ်ယောက် သေရင်သေမှပဲ အဆုံးသတ်ပါလိမ့်မယ်။

ရွှီး... ရွှီး... ရွှီး... ရွှီး...

လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ရဲ့ အောက်မှာ ရှိနေတဲ့ မြေပြင်ဟာ ရုတ်တရက် ဆူးပင်လယ်ကြီး တစ်ခု အဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ မရေမတွက်နိုင်တဲ့ အနက်ရောင် ဆူးချောင်းတွေဟာ လီဖူချန်းတို့ကို အဘက်ဘက်ကနေ ဝိုင်းဝန်း တိုက်ခိုက်လာခဲ့ပါတယ်။

တကယ်လို့သာ တခြား  မူလပင်လယ်နယ်ပယ် ဘုရင်တွေ ဆိုရင်တော့ သည်တိုက်ခိုက်မှုအောက်မှာ အသက်ပျောက်သွားမှာ အသေအချာပါပဲ။ ဆူးဘုရင်ရဲ့ သည်တိုက်ခိုက်မှုဟာ သာမန် အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တွေကိုတောင်မှ သတ်ဖြတ်နိုင်စွမ်း ရှိတယ်လို့ ဆိုရပါမယ်။

ဒါပေမဲ့လည်း လီဖူချန်းနဲ့ ရှန်ကောင်းယုတို့က သာမန် အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တွေ အဆင့်မှာ မဟုတ်ကြပါဘူး။

“ကျောက်စိမ်းနက် ကန့်လန့်ကာ "

တကယ့် သေရေး၊ ရှင်ရေး အခိုက်အတန့်မှာတော့ ရှန်ကောင်းယုဟာ အနက်ရောင် ချီအပြင်အားလှိုင်း တစ်ခုကို ထုတ်ပြီး သူနဲ့ လီဖူချန်းကို လွှမ်းခြုံစေလိုက်ပါတယ်။

ထန်... ထန်... ထန်... ထန်...

မရေမတွက် နိုင်တဲ့ အနက်ရောင် ဆူးတွေဟာ ရှန်ကောင်းယုရဲ့ ကျောက်စိမ်းနက် ကန့်လန့်ကာကို ထိုးဖောက်ဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း အောင်မြင်မှု မရခဲ့ပါဘူး။ သူတို့ရဲ့ ဘက်ပေါင်းစုံက တိုက်ခိုက်မှုဟာ ကျောက်စိမ်းနက် ကန့်လန့်ကာကို တုန်ခါသွားစေရုံလောက်သာ တတ်စွမ်းနိုင်ခဲ့ပါတယ်။

“မဟူရာ မြွေနဂါးလက်ဝါး "

အနက်ရောင် ဆူးချောင်းတွေရဲ့ တိုက်ခိုက်မှုကို ကျော်လွှားပြီးတဲ့ နောက်မှာတော့ ရှန်ကောင်းယုဟာ မြေကြီးပေါ်ကို ခုန်ဆင်းလိုက်ပြီး ဆူးဘုရင်ကို ဇာတ်သိမ်းပေးလိုက်ပါတယ်။

ဘန်း...

သူ့ရဲ့ နောက်ဆုံး သက်စောင့်အားကို ထုတ်ပြီးသွားပြီဖြစ်တဲ့ ဆူးဘုရင်ဟာ သည်တစ်ခါမှာတော့ ရှန်ကောင်းယုရဲ့ လက်ဝါးကို ရှောင်တိမ်းနိုင်စွမ်း မရှိတော့ပါဘူး။

“သွားကြစို့ "

"အင်း "

ဆူးဘုရင်ကို ဇာတ်သိမ်းပေးပြီးတဲ့ နောက်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ တစ္ဆေနှစ်ကောင်လိုပဲ လျှိုမြောင်ထဲကို တိုးဝင် ပျောက်ကွယ်သွားခဲ့ပါပြီ။ သူတို့က သူတို့သတ်ပစ်လိုက်တဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေရဲ့ သိုလှောင်အိတ်တွေကို  သိမ်းယူဖို့ကိုလည်း မမေ့သွားကြပါဘူး။

***

လေမိုးကြိုး လျှိုမြောင်ရဲ့ အတွင်းတစ်နေရာကို အရောက်မှာတော့ ရှန်ကောင်းယုဟာ သူတို့ သိမ်းယူလာတဲ့ သိုလှောင်အိတ်တွေကို မမွှေကြည့်ဘဲ မနေနိုင်တော့ပါဘူး။

“သည်လူတွေက တော်တော်တော့ ချမ်းသာကြတာပဲ။ လီဖူချန်း... သည်ကို ကြည့်လိုက်။သူတို့ထဲမှာက လေမိုးကြိုး ဆေးပင်တစ်ပင်တောင် ပါလာသေးတယ် "

သိုလှောင်အိတ်တွေကို မွှေနှောက် ရှာဖွေနေတဲ့ ရှန်ကောင်းယုဟာ ရုတ်တရက် ဆိုသလို ဝမ်းသာအားရနဲ့ လီဖူချန်းကို ဆေးပင်တစ်ပင် မြှောက်ပြလာခဲ့ပါတယ်။

သူ့ရဲ့ လက်ထဲမှာ ရှိနေတဲ့ ဆေးပင်ကတော့ အစိမ်းရောင် ခပ်တောက်တောက် ဆေးပင်တစ်ပင်ပါပဲ။တစ်နည်းအားဖြင့် ဆိုရင်တော့ အဲဒါက လေမိုးကြိုး ဆေးပင် ဖြစ်ပါတယ်။

လေမိုးကြိုး ဆေးပင် ...

သည်ဆေးပင်က ကောင်းကင် အဆင့်နိမ့် ဆေးပင်တစ်ပင် ဖြစ်ပြီး သွေးချီကို အားကောင်းဆိုပါတယ်။ အဲဒါက မိုးကြိုးကပ်ဘေး ဆေးပင်လောက် အစွမ်း မထက်ဘူး ဆိုပေမယ့်လည်း သူ့ဟာနဲ့သူတော့ အထိုက်အလျောက် အစွမ်းထက်တဲ့ ခန္ဓာကိုယ် အပြင်အား ဆေးပင်ပါပဲ။

“ဟုတ်လား "

လီဖူချန်းက လေမိုးကြိုး ဆေးပင်ကို တစ်ချက်ကြည့်ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။ သူက သည်ဆေးပင်ကို လုံးဝ စိတ်မဝင်စားပါဘူး။

ဆေးပင် တစ်ပင်က ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုကို တိုးစေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ချီအတွင်းအား ကျင့်ကြံမှုကို တိုးစေတာပဲ ဖြစ်ဖြစ်ပါလေ။ သူကတော့ သိပ်ပြီး စိတ်မဝင်စားလှပါဘူး။

အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးကို ပိုင်ဆိုင်ပြီးမှတော့ သူက ဘယ်လိုဖြစ် သည်ဆေးပင်တွေကို စိတ်ဝင်စား နေရဦးမှာလဲ။

သူက သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ကို ပိုကြံ့လိုင် လာစေမယ့် အမြစ်မဲ့ပန်း တစ်ခုတည်းကိုသာ စိတ်ဝင်စားပါတယ်။

အမြစ်မဲ့ပန်း ...

သည်ပန်းကလည်း ကောင်းကင် အဆင့်နိမ့် ဆေးပင် အမျိုးအစားထဲကပါပဲ။ဒါပေမဲ့လည်း သည်ဆေးပင်ရဲ့ တန်ဖိုးနဲ့ အသုံးဝင်ပုံက လေမိုးကြိုး ဆေးပင်ထက် အများကြီး သာပါတယ်။

ကျင့်ကြံသူတွေဟာ မူလပင်လယ် နယ်ပယ် ဒါမှမဟုတ် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို စရောက်သွားပြီ ဆိုရင် ပထမဆုံး လုပ်ဖို့ အလိုအပ်ဆုံးက သူတို့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ကို ကြံ့ခိုင်အောင် လုပ်ဖို့ပါပဲ။ သူတို့အနေနဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ကို လုံလောက်တဲ့အထိ ကြံ့ခိုင်အောင် မလုပ်ထားနိုင်ခဲ့ဘူး ဆိုရင်တော့ နောက်ပိုင်း အဆင့်တွေရောက်ရင် အဆင့်တက်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်။ တကယ်လို့ ကံများ ဆိုးသွားခဲ့ပြီ ဆိုရင် အဆင့်တက်နေရင်းနဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ် ပေါက်ကွဲပြီးတာင် သေနိုင်ပါတယ်။

ဂျိန်း... ဂျိန်း... ဂျိန်း...

ဝေါ... ဝေါ... ဝေါ...

လေမိုးကြိုး လျှိုမြောင်ရဲ့ အတွင်းပိုင်းကို ရောက်လာတာနဲ့အမျှ တိုက်ခတ်နေတဲ့ လေတွေနဲ့ ပစ်ခတ်နေတဲ့ မိုးကြိုးတွေဟာ ပြင်းသထက် ပြင်းလာခဲ့ပါပြီ။

သင်တုန်ဓားလေးတွေနဲ့ လှီးဖြတ်လိုက်သလို ခံစားမှုမျိုုး ပေးစွမ်းနိုင်တဲ့ လေပြင်းတွေနဲ့ အရူးတစ်ယောက် လုပ်ချင်ရာ လုပ်နေသလို ပေါက်ပန်းလေးဆယ် ပစ်ခတ်နေတဲ့ မိုးကြိုးတွေဟာ မသိရင်တော့ ကမ္ဘာပျက်ကိန်း တစ်ခုနဲ့ ကြုံနေရပြီလို့ ထင်ချင်စရာပါပဲ။

ဒါပေမဲ့လည်း လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ကတော့ သည်အခြေအနေကို လုံးဝ ဂရုမစိုက်ပါဘူး။ သူတို့က  ဓားချီ အကာအကွယ် တစ်ခုနဲ့ ခန္ဓာကိုယ် အပြင်အား အကာအကွယ် တစ်ခုကို ကိုယ်စီ ထုတ်လိုက်ကြပြီး ရှေ့ဆက်သွားနေကြပါတယ်။ တစ်ခါတရံမှာ ဆိုရင်တော့ သူတို့က လေမိုးကြိုး သံလိုက်အိမ်မြှောင်တွေကို ထုတ်ကြည့်ပြီး အချင်းချင်း တိုင်ပင် ဆွေးနွေးနေကြပါသေးတယ်။ သူတို့နှစ်ယောက် အနေနဲ့ လမ်းများ ပျောက်သွားပြီလား ဆိုပြီးတော့ပေါ့။

“ရှန်ကောင်းယု... ဟိုဟာတွေက စိတ်ဝိညာဉ် ဆေးပင်တွေ မဟုတ်ဘူးလား "

လေမိုးကြိုး လျှိုမြောင်ရဲ့ တစ်နေရာကို အရောက်မှာတော့ လီဖူချန်းဟာ ကျောက်ထရံ တစ်ခုပေါ်မှာ ပေါက်နေတဲ့ ဆေးပင် တစ်အုပ်ကို သတိပြုမိလိုက်တဲ့အတွက် ရှန်ကောင်းယုကို လှမ်းမေးလိုက်ပါတယ်။

စိတ်ဝိညာဉ် ဆေးပင်...

သည်ဆေးပင်တွေက စိတ်ဝိညာဉ်ဆေးရည် ဖော်စက်တဲ့ နေရာမှာ အဓိက အကျဆုံး ပါဝင်ပစ္စည်း တစ်ခု ဆိုရင်လည်း မမှားပါဘူး။ သည်ဆေးပင်တွေက  သူတို့ရဲ့ အမျိုးအစားအပေါ်မှာ မူတည်ပြီး ဆေးရည်တွေရဲ့ အဆင့်အတန်းကို ကွဲပြားသွားစေပါတယ်။

စိတ်ဝိညာဉ် ဆေးပင်တွေထဲမှာဆိုရင်  အညံ့ဆုံး အမျိုးအစားက  မြေကမ္ဘာ အဆင့်နိမ့် ဆေးပင်တွေပါပဲ။  အလယ်အလတ် အဆင့် အမျိုးအစားကတော့ မြေကမ္ဘာ အဆင့်မြင့် ဆေးပင်တွေ ဖြစ်ပြီး အကောင်းစား အမျိုးအစားကတော့ ကောင်းကင် အဆင့်နိမ့် ဆေးပင်တွေ ဖြစ်ပါတယ်။ ထိပ်တန်း အမျိုးအစားကတော့ ကောင်းကင် အဆင့်မြင့် ဆေးပင်တွေထဲမှာ ပါဝင်ပြီး ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာ သိပ်တွေ့ရလေ့ မရှိပါဘူး။

စိတ်ဝိညာဉ် ဆေးပင်တွေရဲ့ အစွမ်း သက်ရောက်မှုကတော့ စိတ်ဝိညာဉ် ဆေးရည်တွေနဲ့ အတူတူပါပဲ။သူတု့ိက ကျင့်ကြံသူတွေရဲ့ စိတ်ဝိညာဉ်ကို အားကောင်းလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

အဲဒါတင် မကပါဘူး။ဆေးစွမ်း သက်ရောက်နေတဲ့ အချိန်မှာ ဆိုရင်လည်း စိတ်ဝိညာဉ်ဆေးပင်တွေဟာ ထိုးထွင်းသိမြင်မှုကို တိုးတက်စေပါသေးတယ်။

တိတိကျကျ ပြောရမယ်ဆိုရင် စိတ်ဝိညာဉ် ဆေးပင်တွေနဲ့ ဆေးရည်တွေကြားမှာ ကွာခြားမှုက တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့  ဆေးစွမ်းသက်ရောက်မှု ကြာချိန်နဲ့ ဆေးစွမ်းသက်ရောက်မှုအားပါပဲ။

“အင်း... အဲဒါတွေက စိတ်ဝိညာဉ် ဆေးပင်တွေပဲ။ ပြီးတော့ အဲသည်ဆေးပင်တွေထဲက အများစုက အလယ်အလတ်တန်းစား ဆေးပင်တွေ "

ရှန်ကောင်းယုက ကျောက်ထရံကို မော့ကြည့်လိုက်ပြီး မျက်မှောက် တစ်ချက်ကြုတ်ကာ အဖြေ ပြန်ပေးလိုက်ပါတယ်။

“ဘာဖြစ်လို့လဲ ... ရှန်ကောင်းယု။ သည်ဆေးပင်တွေမှာ ဘာပြဿနာ ရှိလို့လဲ "

အမြင်စူးရှလှတဲ့ လီဖူချန်းဟာ ရှန်ကောင်းယုရဲ့ ထူးဆန်းတဲ့ အပြုအမူကို သတိမပြုမိဘဲ မနေပါဘူး။ အဲသည်အတွက် သူက ရှန်ကောင်းယုကို လှမ်းမေးလိုက်ပါတယ်။

ရှန်ကောင်းယုက တစ်ချက် ပြုံးလိုက်ပြီး

“သည်ဆေးပင်တွေမှာက ဘာပြဿနာမှ မရှိပါဘူး။ ငါက ငါ့အဖေ ပြောဖူးတာကို သတိရလိုက်လို့ပါ။ ငါ့အဖေ ပြောဖူးတာကတော့ စိတ်ဝိညာဉ် ဆေးပင်တွေနဲ့ ဆေးရည်တွေက လူတွေကို မသုံးရ မနေနိုင်အောင် စွဲလန်းသွားစေတယ်တဲ့။ ငါ့အဖေ ပြောတာ ဟုတ်၊မဟုတ် ဆိုတာကိုတော့ ငါလည်း မသိဘူး "

“မသုံးရ မနေနိုင်အောင် စွဲစေတယ် ... ဟုတ်လား "

လီဖူချန်းက လူတစ်ယောက်ကို မသုံးရ မနေနိုင်အောင် စွဲလန်းစေတဲ့ ဆေးပင်မျိုးကို လုံးဝ မကြားဖူးပါဘူး။

“အင်း။ မင်းကတော့ သည်အကြောင်းကို ကြားဖူးမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲလို ဆေးပင်တွေက တကယ်ရှိတယ်။ ပြောလက်စနဲ့ ငါမင်းကို ဆက်ပြီး ပြောပြလိုက်ဦးမယ်။ စိတ်ဝိညာဉ် ဆေးရည် ဖော်စပ်တဲ့ နေရာမှာဆိုရင် လူကို ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ဆေးပင်တစ်မျိုးကို သုံးရသေးတယ်။ အဲသည်ဆေးပင်ကလည်း လူကို စွဲလန်းစေတာပဲ။ အဲဒါကြာင့် စိတ်ဝိညာဉ် ဆေးရည်ကို ရေရှည် သောက်သုံးမယ် ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးပဲ ပိုများလိမ့်မယ်။ ပြီးတော့ ဆေးစွဲတဲ့ ဒဏ်ကို ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်  ဧကရာဇ်တွေတောင်မှ မခံနိုင်ဘူး "

ရှန်ကောင်းယုရဲ့ စကားအဆုံးမှာတော့ လီဖူချန်းဟာ မျက်မှောင် ကြုတ်လိုက်မိပါတယ်။ သူက စိတ်ဝိညာဉ် ဆေးရည်တွေနဲ့ ပတ်သက်ပြီး သိပ်ဘဝင် မကျလှပါဘူး။

“စိတ်ဝိညာဉ် ဆေးရည်တွေမှာ လူကို စွဲလန်းစေတတ်တဲ့ သဘော၊ သဘာဝ ရှိတယ်ဆိုရင် ဘာဖြစ်လို့ နတ်ကျက်သရေ အင်ပိုင်ယာက ဆေးတွေကို ဆက်ပြီး ထုတ်လုပ်နေသေးတာလဲ။ သူတို့က သည်ဆေးရည်တွေကို ဖော်ကို မဖော်စပ်သင့်တော့ဘူး "

ရှန်ကောင်းယုက သက်ပြင်း တစ်ချက် ချလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

“သိုင်းတာအို လမ်းစဉ်ကို လျှောက်လှမ်းတဲ့ သူတွေက သေမှာကိုတောင် မကြောက်တာ။ ဘယ်လိုလုပ်ပြီး ဆေးစွဲမှာကို ကြောက်မှာတဲ့လဲ "

ပြီးတာနဲ့ တစ်ပြိုင်နက် သူက စကားစကို ဖြတ်လိုက်ပြီး ဆေးပင်တွေကို ခူးယူဖို့ ဆော်သြလိုက်ပါတော့တယ်။

“လီဖူချန်း... ဒါတွေကို ပြောပြီး အချိန် ဖြုန်းမနေနဲ့တော့။ ငါတို့ သည်ဆေးပင်တွေကို မြန်မြန်ခူးပြီး တခြား တစ်နေရာကို ဆက်သွားကြရအောင် "

"အင်း "

လီဖူချန်းကလည်း မငြင်းပါဘူး။ စိတ်ဝိညာဉ်ဆေးပင်တွေက လူကို စွဲလန်းစေတတ်တဲ့ သဘော၊သဘာဝ ရှိတယ် ဆိုပေမယ့်လည်း တန်ဖိုးကြီးပြီး ရှားပါးတဲ့ ဆေးပင်တွေ ဖြစ်နေတုန်းပါပဲ။ ယုတ်စွအဆုံး သူတို့အနေနဲ့ ဆေးပင်တွေကို အသုံး မပြုဘူး ဆိုရင်တောင်မှ ပြန်ပြီး ရောင်းလို့ ရသေးတာ မဟုတ်ပါလား။

“ရပြီ။ သွားကြစို့ …လီဖူချန်း "

“အေး "

စိတ်ဝိညာဉ် ဆေးပင်တွေကို ခူးယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ တက်ညီလက်ညီနဲ့ ဆက်ပြီး ခရီး ဆက်ကြပါတော့တယ်။

***

All Chapters