← Chapters

မိုးကြိုးငါးစင်း ဂါထာရဲ့ အသုံးဝင်မှု

Vol. 45 Ch. 606

မိုးကြိုးငါးစင်း ဂါထာရဲ့ အသုံးဝင်မှု

Vol. 45 Ch. 606

နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ မသိလိုက်၊ မသိဘာသာနဲ့ လေမိုးကြိုး လျှိုမြောင်ရဲ့ အတွင်းပိုင်းထဲကို ရောက်သထက် ရောက်လာခဲ့ကြပါပြီ။

သည်နေရာမှာ တိုက်ခတ်နေတဲ့ လေပြင်းတွေနဲ့ မိုးကြိုးတွေဟာလည်း သူတို့နှစ်ယောက်ရဲ့ ချီအပြင်အား အကာအကွယ်နဲ့ ဓားချီ အကာအကွယ်ကို မထိုးဖောက်နိုင်ကြသေးပါဘူး။ ဒါပေမဲ့လည်း အဲသည် လေပြင်းတွေနဲ့ မိုးကြိုးတွေက သူတို့ရဲ့ ချီအပြင်အားနဲ့ ဓားချီစွမ်းအားတွေကိုတော့ အတော်လေး ကုန်ခန်းလာစေခဲ့ပါပြီ။

ဝုန်း...

ရုတ်တရက် ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံ တစ်ခုရဲ့ အဆုံးမှာတော့ အလင်းရောင် ခပ်မှိန်မှိန်သာ ရှိပြီး မှိုင်းညို့နေတဲ့ လေမိုးကြိုး လျှိုမြောင်ရဲ့ ကောင်းကင်ယံဟာ ခေတ္တခဏလောက် လင်းလက်သွားခဲ့ပါတယ် ။ သည်အဖြစ်အပျက်ရဲ့ လက်သည်တရားခံကတော့ ကောင်းကင်ပေါ်ကနေ ဆင်းသက်လာတဲ့ နဂါးပုံသဏ္ဌာန် မိုးကြိုးတစ်စင်းပါပဲ။

“မိုးကြိုးကပ်ဘေး ဆေးပင် အရွယ်ရောက်ပြီ "

နဂါးပုံသဏ္ဌာန် မိုးကြိုး မြေပြင်ပေါ် ဆင်းသက်သွားတာကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ရှန်ကောင်းယုရဲ့ မျက်လုံးတွေဟာ တန်းပြီး အရောင် တောက်ပသွားပါတယ် ။ ကြည့်ရတာတော့ သူက သည်မိုးကြိုးနဂါးဟာ ဘာအဓိပါ္ပယ် ဆောင်သလဲ ဆိုတာကို ကောင်းကောင်းကြီး သိနေပုံပါပဲ။

“လီဖူချန်း ... ငါအရင် သွားနှင့်မယ်။ နင်အနောက်က လိုက်ခဲ့ "

စကားဆုံးတဲ့ နောက်မှာတော့ ရှန်ကောင်းယုဟာ လီဖူချန်းရဲ့ စကားပြန်ကိုတောင် မစောင့်တော့ဘဲ မိုးကြိုးနဂါး ဆင်းသက်သွားရာ နေရာဆီကို အနက်ရောင် တစ္ဆေ တစ်ကောင်လို တစ်ဟုန်ထိုး ပြေးထွက်သွားပါတော့တယ်။

မိုးကြိုးကပ်ဘေး ဆေးပင်...

သည်ဆေးပင်က ချီအပြင်အား အရင်းအမြစ်ကို အားတိုးစေတဲ့အတွက် တခြား သွေးချီ သန့်စင်ခြင်း ဆေးပင်တွေထက်ကို ပိုပြီး တန်ဖိုးကြီးတယ်လို့ ဆိုရပါမယ်။

တကယ်လို့သာ ရှန်ကျင်းယု အနေနဲ့ မိုးကြိုးကပ်ဘေး ဆေးပင်ကို အပြည့်အဝ သန့်စင်နိုင်လိုက်မယ် ဆိုရင်ဖြင့် သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား တိုးတက်မှုဟာ နဂိုမူလကထက် အဆပေါင်းများစွာ မြန်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ သည်ဆေးပင် အပေါ်မှာ အရူးအမူး ဖြစ်နေတာကလည်း မထူးဆန်းလှပါဘူး။

ဟူး... ဟူး... ဟူး... ဟူး...

နဂါးပုံသဏ္ဌာန် မိုးကြိုး မြေပေါ် ဆင်းသက်သွားတာကို မြင်လိုက်ရတဲ့ သူတွေက လီဖူချန်းနဲ့ ရှန်ကောင်းယုတို့တင် မကပါဘူး။ တခြားသော ဘုရင်တွေကလည်း အဲသည် အဖြစ်အပျက်ကို မြင်ကြတာပါပဲ။အဲသည်အတွက် ဒါဇင်နဲ့ချီတဲ့ မူလနယ်ပယ် ဘုရင်တွေဟာ မိုးကြိုးနဂါး ဆင်းသက်သွားရာ နေရာကို  သူ့ထက်ငါ အရင်ရောက်အောင် အလောတကြီးနဲ့ သွားနေကြပါတယ်။ ပြီးတော့ အဲသည် မူလပင်လယ်နယ်ပယ် ဘုရင်တွေထဲမှာဆိုရင် များပြားလှတဲ့ အကြို-ဧကရာဇ်တွေတောင်မှ ပါဝင်နေပါသေးတယ်။

“ရှန်ကောင်းယု ... အရှေ့မြောက်စူးစူးကိုသွား "

လီဖူချန်းကတော့  မိုင်တစ်ရာ အကွာလောက်မှာ ပေါက်နေတဲ့ မိုးကြိုးသွား ပုံသဏ္ဌန် ဆေးပင် တစ်ပင်ကို အာရုံခံမိ ထားပြီးပါပြီ။ အဲသည်အတွက် သူက ရှန်ကောင်းယုကို အဲသည်ဆေးပင်ရဲ့ တည်နေရာကို လမ်းညွှန် ပေးလိုက်ပါတယ်။

အဲသည်ဆေးပင်ကတော့ သိပ်ပြီး မကြီးလှပါဘူး။ ဒါပေမဲ့လည်း အဲသည်ဆေးပင်ရဲ့ အသွင် ပုံသဏ္ဌာန်က မြင်ရသူ အပေါင်းကို သြချရလောက်တဲ့ ခံစားမှုမျိုး ပေးစွမ်းနေပါတယ်။

ပြီးတော့ အဲသည်ဆေးပင်ဟာ လေမိုးကြိုး လျှိုမြောင်ရဲ့ ကောင်းကင်ကနေ ထိုးဆင်းချလာတဲ့ မိုးကြိုးနဂါးကိုလည်း အပြည့်အဝ ဝါးမျို စုပ်ယူသွားခဲ့ ပြီးပါပြီ။ဒါက လုံးဝ မယုံနိုင်စရာ အဖြစ်အပျက်ပါပဲ။

အမှန်အတိုင်း မကွယ်မဝှက်ဘဲ ပြောရမယ် ဆိုရင်တော့ အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင်တွေတောင်မှ မိုးကြိုးနဂါးကို ထိပ်တိုက် မခံဆောင်ရဲကြပါဘူး။ ဒါပေမဲ့လည်း မိုးကြိုးကပ်ဘေး ဆေးပင်ကတော့ မိုးကြိုးနဂါးကို ထိပ်တိုက်ခံဆောင်ရုံမက စုပ်တောင် ယူလိုက်ပါသေးတယ်။

ဂျိန်း... ဂျိန်း... ဂျိန်း...

မိုးကြိုးကပ်ဘေး ဆေးပင်က မိုးကြိုးနဂါးကို စုပ်ယူဝါးမျိုလိုက်တဲ့ ကိစ္စဟာ  လေမိုးကြိုး လျှိုမြောင်ရဲ့ ဥပဒေသတွေကို ဒေါသထွက်သွားစေပုံပါပဲ။

အဲသည်အတွက် များပြားလှတဲ့ မိုးကြိုးနဂါးတွေဟာ ကောင်းကင်ယံထက်မှာ ပေါ်လာပြီး မာန်စွယ် တငေါငေါနဲ့ မိုးကြိုးကပ်ဘေး ဆေးပင်ဆီကို ထိုးဆင်း သွားကြပါတယ်။

ဂါး... ဂရား...

ဂျိန်း ... ဂျိန်း...

ဝေါ... ဝေါ...

ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင်တော့ မိုးကြိုးကပ်ဘေး ဆေးပင်ဟာ မိုးကြိုးနဂါးတွေရဲ့ လက်ချက်ကြောင့် တစ်စစီ ပျက်စီးတော့မလိုပါပဲ။

ဒါပေမဲ့လည်း တကယ့် တကယ်တမ်းမှာတော့ မိုးကြိုးနဂါးတွေဟာ မိုးကြိုးကပ်ဘေး ဆေးပင်ကို ဘာဆို ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ သူတို့က မိုးကြိုးကပ်ဘေး ဆေးပင်နားကိုတောင် မကပ်နိုင်ဘဲ မိုးကြိုးကပ်ဘေး ဆေးပင်ကို ရစ်သိုင်းနေတဲ့ ဖျက်ဆီးခြင်း ချီအရှိန်အဝါကြောင့် ပျက်စီးသွားခဲ့ရပြီး မိုးကြိုးကပ်ဘေး ဆေးပင်ရဲ့  အစာသက်သက် ဖြစ်သွားခဲ့ရပါတယ်။

မိုးကြိုးနဂါး ကိုးကောင်ကို အစဉ်လိုက် ဝါးမျို စုပ်ယူပြီးသွားတဲ့ နောက်မှာတော့ မိုးကြိုးကပ်ဘေး ဆေးပင်ဟာ အပြည့်အဝ အရွယ်ရောက်သွားခဲ့ပါပြီ။ အဲသည်အတွက် သူ့ဆီကနေပြီး အင်မတန် မွှေးပျံ့လှတဲ့ အမွှေးနံ့တစ်ခု ထွက်လာပါတော့တယ်။

အဲသည်မွှေးရနံ့က  မူလပင်လယ် နယ်ပယ် ဘုရင်တွေကို မိုးကြိုးကပ်ဘေး ဆေးပင် လုပွဲ စလို့ရပြီလို့ မောင်းထု ကြေညာပေးလိုက်တာနဲ့လည်း မခြားနားလှပါဘူး။

“ဖယ်ကြစမ်း... သည်မိုးကြိုးကပ်ဘေး ဆေးပင်က ငါ့အတွက်ပဲကွ "

“ဟေ့ကောင် ... မင်းက ဘာကောင်မလို့ လူတွေကို လိုက်အမိန့်ပေးနေတာလဲ။ မင်းသတ္တိရှိရင် နောက်တစ်ခေါက် ထပ်ပြောကြည့်စမ်း။ ခွေးသား ... မင်းနောက်တစ်ခေါက် ထပ်ပြောတာနဲ့ မင်းရဲ့ တစ်ဆွေတစ်မျိုးလုံး သေပြီသာမှတ် "

“ပြောတော့ ဘာဖြစ်လဲ။ သည်ဆေးပင်က ငါ့အတွက်ပဲကွ။ ငါက မင်းကို ကြောက်နေရမှာလား။ တကယ်လို့ မင်းက ငါ့တစ်ဆွေ၊တစ်မျိုးလုံးကို သတ်မယ်ဆိုရင် ငါကလည်း မင်းရဲ့ တစ်ဆွေ၊တစ်မျိုးလုံးကို ပြန်သတ်ပြမယ်ကွ "

လေမိုးကြိုး ပြည်နယ်က မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာ အချင်းချင်း သိကြသူတွေချည်းပါပဲ။ ဒါပေမဲ့လည်း သူတို့ထဲက တစ်ယောက်ကမှ မိုးကြိုးကပ်ဘေး ဆေးပင်အတွက် နောက်ဆုတ်ပေးမယ့်ပုံ မရှိပါဘူး။

သူတို့က သည်ဒေသခံတွေ ဖြစ်ကြတဲ့အတွက် မိုးကြိုးကပ်ဘေး ဆေးပင်ရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိကြပါတယ်။

သည်မိုးကြိုးကပ်ဘေး ဆေးပင်ရဲ့ အစွမ်းက သွေးချီ အရင်းအမြစ်ကိုသာ တိုးပွားစေတာ မဟုတ်ပါဘူး။ အဲဒါက စိတ်ဝိညာဉ်ကိုပါ သန့်စင်ပေးနိုင်စွမ်း ရှိပါတယ်။

စိတ်ဝိညာဉ် ဆိုတာက ကျင့်ကြံသူတွေအတွက် အရိုးတည်ဆောက်ပုံလိုပဲ အရေးကြီးပြီး အခြေခံကျတဲ့ အရာတစ်ခုလို့ ဆိုရပါမယ်။

စိတ်ဝိညာဉ်ကို ပိုအားကောင်းအောင် လုပ်လိုက်နိုင်တယ် ဆိုတာက ကျင့်ကြံသူ တစ်ဦးရဲ့ ပင်ကို အရည်အသွေးကို တိုးမြှင့်လိုက်နိုင်တာနဲ့ အတူတူပါပဲ။

အဲသည်အတွက်ကြောင့်ပဲ လေမိုးကြိုး ပြည်နယ်က မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာ နောက်ဆုတ်ဖို့ကို လုံးဝ မစဉ်းစားကြတာပါ။

ဂျိန်း... ဂျိန်း... ဂျိန်း...

ဝေါ... ဝေါ...

လေမိုးကြိုး လျှိုမြောင် အတွင်းမှာ တိုက်ခတ်နေတဲ့ လေပြင်းတွေနဲ့ မိုးကြိုးတွေဟာ ပိုပြီး ပြင်းထန်လာကြပါပြီ။ ဒါပေမဲ့လည်း မိုးကြိုးကပ်ဘေး ဆေးပင်ကို လုနေကြတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေကတော့ အဲဒါကို လုံးဝ ဂရုမစိုက်ကြပါဘူး။ သူတို့က မိုးကြိုးကပ်ဘေး ဆေးပင်ကို ရယူနိုင်ဖို့ အတွက်ကိုပဲ စိတ်အား ထက်သန်နေကြပါတယ်။

ဝုန်း... ဝုန်း... ဝုန်း...

ဘန်း... ဘန်း...

“မိုးမြေသိမ့်တုန် လက်သီး "

“နတ်နဂါး လက်ဝါး "

“အရိပ်မဲ့ သံကွန်ချာ "

“သစ်စိမ်းဆူး "

“မြေထု အကာအကွယ် "

“သွေးဖောက်ဓားမော့ "

ချီအတွင်းအားလှိုင်း၊ ချီအပြင်အားလှိုင်း၊ နတ်ဘုရားစွမ်းရည်၊ မှော်ဝင် ရတနာပစ္စည်း အစရှိတဲ့ အရာတွေဟာ မိုးကြိုးကပ်ဘေး ဆေးပင်ရဲ့ အနီးတစ်ဝိုက်မှာ ပလူပျံလို့ နေပါပြီ။ ပြီးတော့ ပေါက်ကွဲသံတွေ၊အော်ဟစ်ညည်းတွားသံတွေကလည်း အတောမသတ်အောင်ပါပဲ။

သည်မိုးကြိုးကပ်ဘေး ဆေးပင်လုပွဲက ပြင်းထန်လွန်းလှတဲ့အတွက် အားနည်းတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေဆိုရင် တိုက်ပွဲစက်ကွင်းထဲမှာတောင် နေလို့ မရတော့ပါဘူး။ သူတို့တွေက သွေးပွက်ပွက်အန်ပြီး တိုက်ပွဲစက်ကွင်းထဲကနေ ဆုတ်ခွာသွားကြရပါတယ်။ တကယ်လို့သာ သူတို့အနေနဲ့ ခေါင်းမာပြီး တိုက်ပွဲစက်ကွင်းထဲကနေ မဆုတ်ခွာဘူး ဆိုရင်တော့ သူတို့ဟာ သေချာပေါက် သေရတော့မှာပါ။

ဘန်း... ဘန်း... ဘန်း...

“သွားစမ်း "

ဝုန်း...

တိုက်ပွဲစက်ကွင်းထဲမှာ ဆက်ပြီး ရှိနေကြသူတွေကတော့ မိုးကြိုးကပ်ဘေး ဆေးပင်လုပွဲကို ဆက်ပြီး ဆင်နွှဲနေကြဆဲပါပဲ။ ပြီးတော့ အဲသည်သူတွေထဲမှာဆိုရင် အကြို-ဧကရာဇ်တွေလည်း ပါဝင်နေပါသေးတယ်။

“လီဖူချန်း ... နင်သည်မှာ နေရင်နေခဲ့။ ငါလက်ယားလာလို့ ခဏလောက် ဝင်ပျော်လိုက်ဦးမယ် "

ရှန်ကောင်းယုက တိုက်ပွဲကို ကြည့်နေရင်းနဲ့ အတော်လေး မရိုးမရွ ဖြစ်လာပုံပါပဲ။ အဲသည်အတွက် သူက လီဖူချန်းကို အသိပေးရင်းနဲ့ တိုက်ပွဲစက်ကွင်းထဲ ဝင်သွားပါတော့တယ်။

ဘုန်း.... ဘုန်း... ဘုန်း...

ဘန်း... ဘန်း...

ရှန်ကောင်းယုက တိုက်ခိုက်တဲ့ နေရာမှာတော့ အတော်လေး ညှာတာမှု ကင်းမဲ့တယ်လို့ ဆိုရပါမယ်။  သူနဲ့ ထိပ်တိုက်ရင်ဆိုင်မိတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာ ခြွင်းချက်မရှိ တိုက်ပွဲ စက်ကွင်းထဲကနေ လွင့်ထွက်ကုန်ပါတယ်။ ပြီးတော့ သူတို့ရဲ့ ဒဏ်ရာကလည်း မသေးလှပါဘူး။

“ရှန်ကောင်းယု ... ငါလည်းလာပြီဟေ့ "

နောက်ဆုံးတော့ လီဖူချန်းကလည်း တိုက်ပွဲစက်ကွင်းထဲကို ဝင်လာခဲ့ပါပြီ။ သူကလည်း တိုက်ပွဲကို ဘေးကနေ ရပ်ကြည့်ပြီးနောက် လက်အတော် ယားလာပုံပါပဲ။

ရွှမ်း... ရွှမ်း... ရွှမ်း...

လီဖူချန်းက တိုက်ပွဲထဲကို ရောက်တာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းကို တန်းပြီး ထုတ်သုံးပါတော့တယ်။ အမှန်အတိုင်း ပြောရင်တော့ သူက သူ့ရဲ့ဓားသိုင်းကို ပြချင်နေတာ အတော်လေး ကြာလှနေပါပြီ။ ဒါပေမဲ့လည်း သူ့ရဲ့ဆန္ဒဟာ သည်နေ့မှပဲ ပြည့်ဝပါတော့တယ်။

“အား "

“အမယ်လေး "

“သေပါပြီဟ "

လီဖူချန်းရဲ့ ဓားချက် မိတဲ့လူတိုင်းဟာ မြေပြင်ပေါ်ကနေ ပြန်ပြီး ထနိုင်စွမ်း မရှိတော့ပါဘူး။ အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းကတော့ အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တွေကြားမှာလည်း တောက်ပနေဆဲပါပဲ။

ပြောရမယ် ဆိုရင်တော့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားနဲ့ အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းက လုံးဝကို လိုက်ဖက် ညီလွန်းလှပါတယ်။

“ရှန်ကောင်းယု... မိုးကြိုးကပ်ဘေး ဆေးပင်ကို သွားနုတ်လိုက်။ ငါကျန်တဲ့လူတွေကို တားထားပေးမယ် "

တိုက်ပွဲထဲမှာ အချိန်အတော်ကြာ ရှိပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဟာ  မိုးထိအောင် ရောက်သွားခဲ့ပုံပါပဲ။ သူက အကြို-ဧကရာဇ်တွေကိုတောင်မှ မျက်လုံးထဲ မထည့်ထားတော့ပါဘူး။

“အင်း "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် ရှန်ကောင်းယုဟာ တိုက်ခိုက်လက်စတွေကို ရပ်ပြီး မိုးကြိုးကပ်ဘေး ဆေးပင်ဆီကို တစ်ဟုန်ထိုး ပြေးထွက်သွားပါတော့တယ်။

“သေချင်နေလို့ ငါ့ဆေးပင်ကို လာခိုးနေတာလား။သွားစမ်း "

ဒါပေမဲ့လည်း သူက ပန်းတိုင်ကိုတော့ မရောက်သွားခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကြို-ဧကရာဇ် တစ်ပါးက လမ်းတစ်ဝက်မှာ ပေါ်လာပြီး သူ့ကို လက်သီးနဲ့ လှမ်းတားလိုက်လို့ပါပဲ။

“ကျောက်စိမ်းနက် ကန့်လန့်ကာ "

ရှန်ကောင်းယုက တစ်ဖက်ရန်သူကို ပြန်တိုက်လို့ ရပမယ့်လည်း ပြန်မတိုက်ခဲ့ပါဘူး။ အဲသည်အစား သူက သူ့ရဲ့ ကျောက်စိမ်းနက် နတ်ဘုရားစွမ်းရည်ကို ထုတ်ပြီး ခုခံလိုက်ပါတယ်။

ဘန်း...

ကျောက်စိမ်းနက် စွမ်းအားတွေ ပါဝင်နေတဲ့ အနက်ရောင် ကန့်လန့်ကာဟာ အနည်းငယ် တုန်ခါသွားရုံကလွဲပြီး ဘာမှ မဖြစ်ခဲ့ပါဘူး။

“မင်းရဲ့ ပြိုင်ဘက်က ငါပဲ "

အဲသည်အချိန်မှာပဲ လီဖူချန်းက ခုန်ဝင်လာပြီး အကြို-ဧကရာဇ်ကို ဓားနဲ့ ပိုင်းလိုက်ပါတယ်။

“သွားစမ်း "

ဘန်း...

နောက်ထပ် အကြို-ဧကရာဇ် တစ်ပါးကလည်း လီဖူချန်းတို့ရဲ့ တိုက်ပွဲထဲကို ဝင်လာခဲ့ပြန်ပါပြီ။ ကြည့်ရတာတော့ သူက ပထမ အကြို-ဧကရာဇ်ရဲ့ မဟာမိတ် ဖြစ်ပုံပါပဲ။

“နှစ်ယောက်နဲ့ တစ်ယောက်လား။ ရတယ်လေ ... လာ.…လာစမ်းပါ "

တခြားသူတွေကတော့ အကြို-ဧကရာဇ် နှစ်ပါးနဲ့ ရင်ဆိုင်ရတာကို ကြောက်ချင် ကြောက်ပါမယ်။ ဒါပေမဲ့ လီဖူချန်းကတော့ သူတို့ကို နည်းနည်းမှ မကြောက်ပါဘူး။သူက သူ့ရဲ့ အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းနဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို လုံးဝ ယုံကြည်ပြီးသားပါပဲ။

အကြို-ဧကရာဇ် သုံးပါး၊ အကြို-ဧကရာဇ် လေးပါး...

သူ့ကိုဝိုင်းပြီး တိုက်ခိုက်လာတဲ့ အကြို-ဧကရာဇ် အရေအတွက်က  လေးပါးအထိ ရှိလာတဲ့ အခါမှာတော့ လီဖူချန်းရဲ့ အခြေအနေဟာ အရေးနိမ့်တဲ့ဘက်ကို ကူးပြောင်းစ ပြုလာခဲ့ပါတယ်။

တကယ်လို့ သူ့ရဲ့နေရာမှာသာ တခြား အကြို-ဧကရာဇ် တစ်ပါးဆိုရင်တော့ အဲသည် အကြို-ဧကရာဇ်ဟာ အစောကြီးကတည်းကနေ သွေးအန်ပြီး တိုက်ပွဲထဲက ထွက်သွားနေရ လောက်ပါပြီ။

ဒါပေမဲ့လည်း လီဖူချန်းကတော့ အကြို-ဧကရာဇ် လေးပါးရဲ့ တိုက်ခိုက်မှုကို ကြံ့ကြံ့ခိုင် တောင့်ခံထားဆဲပါပဲ ။ မူလပင်လယ် နယ်ပယ်ကို ရောက်နေတဲ့ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုက လုံးဝ နောက်စရာ မဟုတ်ပါဘူး။ သူက အကြို-ဧကရာဇ်တွေရဲ့   တိုက်ခိုက်မှု တချို့ကို သည်အတိုင်း ခန္ဓာကိုယ်နဲ့တင် ခံဆောင်နိုင်စွမ်း ရှိပါတယ်။

အဲသည်အချိန်မှာတော့ ရှန်ကောင်းယုဟာ မိုးကြိုးကပ်ဘေး ဆေးပင်ကို အောင်အောင်မြင်မြင် နုတ်ယူသွားနိုင်ခဲ့ပါပြီ။

“ခွေးမသား... စောက်ကလေး။ သေစမ်း "

အဆင့်မြင့် အကြို-ဧကရာဇ် တစ်ပါးဖြစ်တဲ့ ဇာမဏီမျက်လုံးပိုင်ရှင် အဘိုးကြီးက လီဖူချန်းကို ဒေါသတကြီး ဆဲဆိုကြမ်းမောင်းပြီး လှံနဲ့ လှမ်းပစ်လိုက်ပါတယ်။ သူကတော့ လီဖူချန်းကို ဝိုင်းဝန်း တိုက်ခိုက်နေတဲ့ အကြို-ဧကရာဇ်တွေထဲမှာ အစွမ်း အထက်ဆုံးပါပဲ။

“ကြယ်ကြွေ "

လီဖူချန်းက သူ့ဆီ လာနေတဲ့ လှံတံကို လုံးဝ အထင်မသေးဝံ့ပါဘူး။ အဲသည်အတွက် သူက ကြယ်ပျံဓားသိုင်းကို သုံးပြီး သူ့ဆီ ဝင်လာတဲ့ လှံတံကို ခုခံဖို့ ပြင်လိုက်ပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့ ပြင်ဆင်မှုဟာ မဆိုစလောက်လေး နောက်ကျသွားခဲ့ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းအပါအဝင် သူ့ရဲ့ ပတ်ဝန်းကျင် တစ်ခုလုံးက  အချိန်စီးဆင်းမှုဟာ သာမန်ထက် နှေးကွေးသွားလို့ပါပဲ။ သည်နှုန်းနဲ့ ဆိုရင်တော့ သူက ဇာမဏီ မျက်လုံးပိုင်ရှင် အဘိုးကြီး ပစ်လိုက်တဲ့ လှံတံကို ဘယ်လိုနည်းနဲ့မှ ခုခံနိုင်တော့မှာ မဟုတ်ပါဘူး။

“သဏ္ဌာန်ငါးမျိုး လက်သီးဘုရင်၊ မျောက်ဝံ လက်သီး "

လီဖူချန်းတစ်ယောက် သေရေး၊ ရှင်ရေး အခိုက်အတန့်နဲ့ ကြုံနေရချိန်မှာပဲ ရှန်ကောင်းယုက တိုက်ပွဲထဲကို ပြန်လည် ဝင်ရောက်လာခဲ့ပါတယ်။ သူက သူ့ရဲ့ ကောင်းကင်အဆင့် ခန္ဓာကိုယ် လက်သီးကိုလည်း အသင့်ပြင်ထား ပြီးခဲ့ပါပြီ။

ဘန်း...

တကယ့်ကို မယုံနိုင်စရာပါပဲ။

ရှန်ကောင်းယုရဲ့ လက်သီးချက်က လီဖူချန်းရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အချိန် စီးဆင်းမှုကို နဂိုမူလအတိုင်း ပြန်ဖြစ်သွားစေရုံတင် မကဘဲ လှံတံကိုပါ ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။

“ပြေး"

အဲသည်နောက်မှာတော့ ရှန်ကောင်းယုက လီဖူချန်းကို အချက်ပြပြီး ဦးဆောင် ပြေးသွားပါတော့တယ်။

ဟူး...

လီဖူချန်းကလည်း လုံးဝ ကြောင်မနေပါဘူး။ ရှန်ကောင်းယု ပြေးထွက်သွားတာနဲ့ တစ်ပြိုင်နက် သူကလည်း တိုက်ပွဲထဲကနေ  ထွက်ပြေးပြီးသားပါပဲ။

“အဲသည်ခွေးမသား နှစ်ကောင်နောက်ကို လိုက်ကြ"

အကြို-ဧကရာဇ် လေးပါးကတော့ သည်ရလဒ်ကို လုံးဝ လက်မခံနိုင်ကြပါဘူး။အဲသည်အတွက် သူတို့က လီဖူချန်းတို့နောက်ကို သဲကြီးမဲကြီး လိုက်ကြပါတော့တယ်။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ရှန်ကောင်းယုနဲ့ လီဖူချန်းတို့ နှစ်ယောက်ပေါင်း အစွမ်းဟာ သည်အကြို-ဧကရာဇ် လေးပါးကို ကောင်းကောင်းကြီး ရင်ဆိုင်နိုင်ပါတယ်။

ဒါပေမဲ့ သူတို့က သူတို့လိုချင်တဲ့ မိုးကြိုးကပ်ဘေး ဆေးပင်ကို ရခဲ့ပြီးပါပြီ။အဲသည်တော့ သူတို့အနေနဲ့ ဘာဖြစ်လို့ အပင်ပန်းခံပြီး ဆက်တိုက်နေရဦးမှာလဲ။

“လိုက်ထားဟေ့။ သည်ကောင်နှစ်ကောင်ကို မလွတ်စေနဲ့ "

သည်လိုနဲ့ပဲ သူတို့နှစ်ဖွဲ့ဟာ စိန်ပြေးလိုက်တမ်း ကစားနေရင်းနဲ့ လေမိုးကြိုး လျှိုမြောင်ရဲ့ အတွင်းဘက် ခြမ်းထဲကို ရောက်မှန်းမသိ ရောက်လာခဲ့ကြပါပြီ။

လေမိုးကြိုး လျှိုမြောင်ကိုက အပြင်ဘက်ခြမ်းနဲ့ အတွင်းဘက်ခြမ်းဆိုပြီး နှစ်ပိုင်း ခွဲခြားထားတာပါ။

ယေဘုယျအားဖြင့် ဆိုရင်တော့  တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင်တွေနဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေဟာ  လေမိုးကြိုး လျှိုမြောင်ရဲ့ အပြင်ဘက် အခြမ်းနားမှာပဲ ကျင်လည်ကျက်စားကြလေ့ ရှိပါတယ်။ သူတို့တွေက အရေးအကြောင်း တစ်စုံတရာ မပေါ်ဘဲနဲ့ အတွင်းဘက် အခြမ်းထဲကို ဘယ်တော့မှ ဝင်လေ့ မရှိပါဘူး။

ရှင်းရှင်း ပြောရမယ် ဆိုရင်  လေမိုးကြိုး လျှိုမြောင်ရဲ့ အတွင်းဘက် အခြမ်း ဆိုတာက အကြို-ဧကရာဇ်တွေနဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေ ကျင်လည်ကျက်စားရာ သီးသန့် အခြမ်းပါပဲ။ ပြီးတော့ အဲသည် အတွင်းဘက်ခြမ်းထဲမှာ ကြုံရနိုင်တဲ့ အန္တရာယ်တွေက အပြင်ဘက်ခြမ်းထက်ကို ဆယ်ဆ ပိုများပါတယ်။

လေမိုးကြိုး လျှိုမြောင် အတွင်းပိုင်း တစ်နေရာ...

ဝုန်း... ဂျိန်း...

မိုးကြိုးနဂါး တစ်ကောင်ဟာ ရုတ်တရက် ဆိုသလို ကောင်းကင်ယံကနေ ဆင်းသက်လာပြီး လီဖူချန်းတို့နောက်ကို လိုက်လာတဲ့  အကြို-ဧကရာဇ်တွေထဲက တစ်ပါးကို အနောက်ကနေ အလစ်အငိုက်ဖမ်း တိုက်ခိုက်လာခဲ့ပါတယ်။

“အား "

သနားစရာ အကြို-ဧကရာဇ်ဟာ အဲသည် တိုက်ခိုက်မှုကို ဘယ်လိုမှ မခုခံနိုင်ခဲ့ပါဘူး။ အဲသည်အတွက် သူဟာ အသံနက်ကြီးနဲ့ အော်ဟစ်ပြီး လွင့်ထွက်သွားပါတော့တယ်။

မိုးကြိုးနဂါးရဲ့ အလစ်အငိုက်ဖမ်း တိုက်ခိုက်မှုကို ခံလိုက်ရတဲ့ အကြို-ဧကရာဇ်ဟာ သေတော့မသေသွားခဲ့ပါဘူး။ဒါပေမဲ့လည်း သူရဲ့ ခန္ဓာကိုယ်ဟာ  မီးသွေးတုံး တစ်တုံးလို မည်းတူးချိတ်နေခဲ့ပါပြီ။ ပြီးတော့ သူ့ရဲ့ မျက်နှာဟာ သွေးမရှိတော့သလို ဖြူစွတ်နေပြီး  နှုတ်ခမ်းထောင့်ကနေလည်း သွေးစီးကြောင်း တစ်ခုဟာ အတိုင်းသား စီးကျနေပြန်ပါတယ်။ လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး။ သူက ဒဏ်ရာ အကြီးအကျယ် ရသွားခဲ့ပါပြီ။

“ တောက်... သည်မအေxိုး မိုးကြိုးနဂါးစုတ်တွေကလည်း တစ်မျိုးကွာ "

မိုးကြိုးနဂါး ထိမှန်ခံလိုက်ရတဲ့  အကြို-ဧကရာဇ်ဟာ ဆဲရေးတိုင်းထွာလိုက်ပြီး  အိတ်ထဲကနေ ဆေးလုံးတစ်လုံး ထုတ်ယူ သောက်သုံးလိုက်ပါတယ်။ ဆေးသောက်ပြီးတဲ့ နောက်မှာတော့ သူဟာ ကျန်တဲ့  အကြို-ဧကရာဇ်တွေကို မီအောင် အရှိန်မြှင့်လိုက်ပါတော့တယ်။

ဟူး... ဟူး... ဟူး...

အဲသည်အချိန်မှာပဲ လေပြင်းတွေဟာ ရုတ်တရက် တိုက်ခတ်လာပြီး  အစိမ်းရင့်ရောင် လေသင်တုန်း ဓားသွား တစ်ခုက နောက်ထပ်  အကြို-ဧကရာဇ် တစ်ပါးရဲ့ ပခုံးသားတွေကို ဆွဲဖြဲဖို့ ကြိုးစားလာခဲ့ ပြန်ပါပြီ။

“သွားစမ်း "

အကြို-ဧကရာဇ်က ချီအကာအကွယ်ကို အသုံးပြုု ပြီး လေသင်တုန်း ဓားသွားကို ခုခံဖို့ ကြိုးစားခဲ့ပေမယ့်လည်း သူ့ရဲ့ ခုခံမှုက မအောင်မြင်ခဲ့ပါဘူး။ အဲသည် လေသင်တုန်း ဓားသွားက သူ့ရဲ့ ပခုံးသားကို အရိုးတွေ ပေါ်လာစေတဲ့အထိ ဆွဲဖြဲသွားခဲ့ပါတယ်။

"လခွီးပဲ။ ဒါက လေသင်တုန်း ဓားသွားပဲ မဟုတ်ဘူးလား။ အဲဒါက ဘယ်လိုလုပ်ပြီး သည်လောက်အထိ အစွမ်း ထက်နေရတာလဲ "

လေသင်တုန်းဓားသွားစာ မိသွားတဲ့  အကြို-ဧကရာဇ်က မသဲမကွဲ ခပ်တိုးတိုး ညည်းတွားလိုက်ပါတယ်။

အရိုးပေါ်တဲ့ ဒဏ်ရာဆိုတာက  အကြို-ဧကရာဇ် တစ်ပါးအတွက် သိပ်ပြီး ပြင်းထန်လှတဲ့ ဒဏ်ရာ မဟုတ်ပါဘူး။ အဲဒါက ဆေးလိမ်း တစ်ချက်လောက် လိမ်းလိုက်ရုံနဲ့တင် သက်သာ ပျောက်ကင်းနိုင်ပါတယ် ။ ဒါပေမဲ့လည်း သူ့လို  အကြို-ဧကရာဇ် တစ်ပါးက လေသင်တုန်း ဓားသွား တစ်ခုကြောင့် ဒဏ်ရာ ရသွားတယ် ဆိုတာက တကယ့်ကို ကျော်မကောင်း၊ ကြားမကောင်းတဲ့ ကိစ္စတစ်ရပ်ပါပဲ။

တခြားတစ်ဖက်မှာ ဆိုရင်လည်း လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ဟာ   လေသင်တုန်း ဓားသွားတွေနဲ့ မိုးကြိုးနဂါးတွေရဲ့ တိုက်ခိုက်မှုကို အကြိမ်ကြိမ် ခံနေရပါပြီ။

ဒါပေမဲ့လည်း အဲသည်တိုက်ခိုက်မှုတွေက သူတို့အတွက်တော့ ပြဿနာ မဟုတ်ခဲ့ပါဘူး။

လီဖူချန်းက သူ့ရဲ့ ထက်မြက်လွန်းလှတဲ့ လိပ်ပြာ အသိစိတ်အာရုံ အားကိုးနဲ့ တိုက်ခိုက်မှုတွေကို ရှောင်တိမ်းနိုင်သလို ရှန်ကောင်းယုကလည်း သူ့ရဲ့ မာကျောလွန်းလှတဲ့ ကျောက်စိမ်းနက် ကန့်လန့်ကာနဲ့ တိုက်ခိုက်မှုတွေကို ကာဆီးနိုင်ပါတယ်။

“ထွက်ပြေးနေတာက သည်ကိစ္စရဲ့ အဖြေ မဟုတ်ဘူး '

လီဖူချန်းက မိုးကြိုးနဂါးတွေနဲ့ လေသင်တုန်း ဓားသွားတွေကို ရှောင်တိမ်းနေရင်းနဲ့ သူ့ကိုယ်သူ ဘဝင်မကျ ဖြစ်လာခဲ့ပါတယ်။ သူက ဘာဖြစ်လို့ သည်အကြို-ဧကရာဇ်တွေကို ကြောက်နေရမှာလဲ ဆိုပြီးတော့ပေါ့။

လေမိုးကြိုး လျှိုမြောင်ရဲ့ အတွင်းဘက် အခြမ်းဆိုတာက အမြဲလိုလို အန္တရာယ်တွေ ရောပြွမ်းနေတဲ့ နေရာ တစ်ခု ဖြစ်ပါတယ် ။ တကယ်လို့သာ သူ့အနေနဲ့ အနောက်ကနေ လိုက်လာတဲ့ အကြို-ဧကရာဇ်တွေကို တစ်ခုခု ပြန်မလုပ်ဘူး ဆိုရင် တစ်ကြိမ်မဟုတ် တစ်ကြိမ်မှာတော့ ပြဿနာ တက်မှာ အသေအချာပါပဲ။လီဖူချန်းက အဲသည်လို အဖြစ်မျိုးကို မလိုချင်ပါဘူး။

' နေစမ်းပါဦး။မိုးကြိုးငါးစင်း ဂါထာဆိုတာက မိုးကြိုးတွေကို ဆက်သွယ်လို့ရတဲ့ ဂါထာပဲ။ ပြီးတော့ မိုးကြိုးနဂါး ဆိုတာကလည်း မိုးကြိုးအမျိုးအစားပဲ မဟုတ်ဘူးလား "

စဉ်းစားနေရင်းနဲ့ အတွေးတစ်ခုဟာ ရုတ်တရက် ဆိုသလို လီဖူချန်းရဲ့ ခေါင်းထဲကို ဝင်လာခဲ့ပါတယ်။အဲဒါကတော့ မိုးကြိုးငါးစင်း ဂါထာကို အသုံးပြုဖို့ပါပဲ။

“မိုးကြိုးငါးစင်း ဂါထာ "

အတွေးဆုံးတဲ့နောက်မှာတော့ လီဖူချန်းက လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီး မိုးကြိုးငါးစင်း ဂါထာကို ရွတ်ဆိုလိုက်ပါတယ်။

ဝေါ... ဝေါ... ဝေါ…

လီဖူချန်းရဲ့ မိုးကြိုးငါးစင်း ဂါထာက အလုပ်ဖြစ်လား၊ မဖြစ်လားတော့ မသိပါဘူး။ဒါပေမဲ့ သူ့ရဲ့ လက်ဟန်တွေ ပြီးသွားတာနဲ့ တစ်ပြိုင်နက် တိမ်မည်းအုပ်ကြီး တစ်အုပ်ဟာ လေမိုးကြိုး လျှိုမြောင်ရဲ့ ကောင်းကင်ကို အုပ်မိုးသွားခဲ့ပါပြီ။

ဂျိန်း... ဂျိန်း... ဂျိန်း...

အဲသည်နောက်မှာတော့ ကြောက်စရာ ကောင်းလှတဲ့ မိုးကြိုးတစ်အုပ်ဟာ တိမ်တိုက်ထဲကနေ ထွက်ပေါ်လာပြီး လီဖူချန်းတို့နောက်ကို လိုက်လာတဲ့ အကြို-ဧကရာဇ် အုပ်စုကို ပစ်ခတ် တိုက်ခိုက်ပါတော့တယ်။

“ဟားဟား ... အလုပ်ဖြစ်တယ်ဟ "

လီဖူချန်းရဲ့ မျက်လုံးတွေက အရောင်တောက်ပ သွားခဲ့ပါပြီ။

တစ်ဆက်တည်းမှာပဲ သူက သူ့ရဲ့ မိုးကြိုးငါးစင်း ဂါထာဟာ လေမိုးကြိုး လျှိုမြောင်ထဲမှာ ရှိတဲ့ မိုးကြိုးတွေကို စုစည်းပြီး မိုးကြိုးလွှဲတစ်ခုလို လမ်းကြောင်း ပြောင်းပေးလို့ ရတာကိုလည်း သတိပြုမိလိုက်ပါတယ်။

အဲသည်အချိန်မှာတော့ သူတို့နောက်ကို လိုက်လာတဲ့   အကြို-ဧကရာဇ် အုပ်စုဟာ လီဖူချန်းရဲ့ မိုးကြိုးလက်ဆောင်တွေနဲ့ လက်မလည်နိုင်အောင် အလုပ် များနေခဲ့ပါပြီ။ သူတို့က လီဖူချန်းတို့နောက်ကို လိုက်ဖို့တောင် မစဉ်းစားအားတော့ပါဘူး။

မိုးကြိုးတွေအားလုံး ကုန်သွားတဲ့ အချိန်မှာတော့ လီဖူချန်းတို့ နောက်ကို လိုက်လာတဲ့ အကြို-ဧကရာဇ် အုပ်စုဟာ ခပ်ယဲ့ယဲ့သာ ကျန်ပါတော့တယ်။ ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ ဆိုရင်လည်း မိုးကြိုးဒဏ်ကြောင့် မည်းတူးချိတ်နေပြီး ဒဏ်ရာ ဗရပွ ဖြစ်နေခဲ့ပါပြီ။

“တောက်... ငါ့ရဲ့ မိုးကြိုးငါးစင်း ဂါထာက တော်တော် အားနည်းတာပဲ။ တကယ်လို့ ငါ့နေရာမှာ ဂါထာ၊မန္တရား ဧကရာဇ် ဆိုရင် သည်ကောင်တွေထဲက အနည်းဆုံး နှစ်ယောက်တော့ သေနေလောက်ပြီ "

လီဖူချန်းက အကြို-ဧကရာဇ် လေးပါးရဲ့  အခြေအနေကို သိပ်ပြီး ကျေနပ်ပုံ မရပါဘူး။သူက သူ့ကိုယ်သူတောင် ခပ်တိုးတိုး အပြစ်တင်လိုက်ပါသေးတယ်။

“လခွီးပဲ... သည်မိုးကြိုးတွေက ဘာဖြစ်လို့ ငါတို့ကိုပဲ ရွေးပြီး ပစ်နေတာလဲ။ သည်အတိုင်း ဆိုရင်  ငါ့ရဲ့ အဖိုးတန် ဆေးဝါးတွေက ဘာမှမဟုတ်ဘဲ လုံးပါး ပါးတော့မယ်။ တော်ပြီဟေ့.... ငါတော့ အဲသည် အမျိုးယုတ်လေး နှစ်ကောင်နောက်ကို မလိုက်တော့ဘူး "

“ငါလည်း လက်လျော့ပြီဟေ့။ အဲသည် အမျိုးယုတ်လေး နှစ်ကောင်ကို အခွင့်ကြုံမှပဲ ဆုံးမတော့မယ် "

“ငါလည်း အတူတူပဲဟေ့ "

နောက်ဆုံးမှာတော့ အကြို-ဧကရာဇ် လေးပါးဟာ လီဖူချန်းတို့နောက်ကို လိုက်ဖို့အတွက် လက်လျော့လိုက်ကြပါပြီ။ သူတို့ဟာ များပြားလှတဲ့ အဖိုးတန် ဆေးဝါးတွေကို ပိုင်ဆိုင်ထားရင် ထားပါမယ်။ဒါပေမဲ့လည်း အဲဒါက သူတို့အနေနဲ့ အဖိုးတန်ဆေးဝါးတွေကို  လက်လွှတ်စပယ် သုံးလို့ရတယ် ဆိုတဲ့ အဓိပါ္ပယ် မဟုတ်ပါဘူး။

“အိုး... နင်က တကယ်ကြီး မိုးကြိုးငါးစင်း ဂါထာကိုတောင် သုံးတတ်နေပြီလား။ ဒါကြောင့်လည်း ဦလေးဖန်က နင့်ကို ရတနာ တစ်ပါးလို သဘောထားနေတာကိုး "

ွှှရှန်ကောင်းယုက လီဖူချန်းကို လှမ်းပြီး ချီးကျူ း လိုက်ပါတယ်။

ပြောရမယ် ဆိုရင် သူကလည်း အချိန်အတိုင်းအတာ တစ်ခုအထိ ဂါထာ၊မန္တရား ပညာကို လိုက်စားခဲ့သူပါပဲ။ဒါပေမဲ့လည်း သူက အခြေခံ ဂါထာ၊မန္တန်တွေကို အသုံးပြုနိုင်တဲ့ အထိပဲ လေ့လာလိုက်စားခဲ့ပါတယ်။ သူက လီဖူချန်းလို အချိန်အနည်းငယ် အတွင်းမှာ အဆင့်နိမ့် ဂါထာ၊မန္တန်ကို သုံးနိုင်တဲ့အထိ ပါရမီ မပါပါဘူး။

လီဖူချန်းက လက်ကာပြလိုက်ပြီး

“ဟားဟား... ဆရာကြီး ဂါထာ၊မန္တရား ဧကရာဇ်နဲ့ ယှဉ်ရင်တော့ ငါက ကလေးသာသာပဲ ရှိပါသေးတယ်ကွာ "

ရုတ်တရက် ဆိုရင်တော့ လီဖူချန်းဟာ သူ့ကိုယ်သူ နှိမ့်ချနေတတ်သူ တစ်ယောက်လို့ ထင်ချင်စရာပါပဲ။ဒါပေမဲ့ သူ့ရဲ့ မျက်နှာထားကို ကြည့်လိုက်မယ် ဆိုရင်တော့ လီဖူချန်းဟာ သူ့ကိုယ်သူ အတော်လေး ဂုဏ်ယူဝင့်ကြွား နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ရှန်ကောင်းယုကလည်း သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေတဲ့ လီဖူချန်းရဲ့ အပြုအမူကို သတိမထားမိဘဲ မနေပါဘူး။ အဲသည်အတွက် သူက လီဖူချန်းကို မဲ့ရွဲ့ကာ ကြည့်လိုက်ပြီး စကားလုံး ထက်ထက်တွေ ပစ်ကျွေး လိုက်ပါတော့တယ်။

“တကယ်လို့ နင်က ဦးလေးဖန်ကို ယှဉ်နိုင်ရင် ငါတို့ အခုလို ထွက်ပြေးစရာ လိုမယ် ထင်နေတာလား။ပြီးတော့  နင့်ရဲ့ မျက်နှာထားကို ပြင်လိုက်ဦး။ အဆင့်နိမ့် ဂါထာ၊မန္တန်လေး တစ်ပုဒ်လောက် သုံးတတ်တာနဲ့ ဆောင့်ကြွားကြွား ဖြစ်မနေနဲ့။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားနေတာက ကောင်းတဲ့ အပြုအမူ မဟုတ်ဘူး "

“မင်း... အဟွတ်... အဟွတ် "

ရှန်ကောင်းယုရဲ့ စကားအဆုံးမှာတော့ လီဖူချန်းရဲ့ မျက်နှာကြီးဟာ ဟန်မဆောင်နိုင်လောက်အောင်ကို  ရှုံ့မဲ့သွားခဲ့ပါပြီ။ မသိရင်တော့ သူက အိမ်သာတက်ချင်နေတာကို မနည်း အောင့်ထားရတဲ့ အတိုင်းပါပဲ။

လီဖူချန်းက ရှန်ကောင်းယုကို  ပြန်ပြီး ပြောဖို့ စဉ်းစားလိုက်သေးပေမယ့်လည်း တကယ့် လက်တွေ့မှာတော့ ဘာမှ ပြန်မပြောမိလိုက်ပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ သူက ရှေးပညာရှိကြီးတွေရဲ့ ဆိုရိုးစကား တစ်ခွန်းကို သတိရလိုက်မိလို့ပဲ ဖြစ်ပါတယ်။

အဲဒါကတော့ “မင်းဘဝမှာ အေးအေးဆေးဆေး နေချင်ရင် ဘယ်တော့မှ မိန်းမ တစ်ယောက်နဲ့ စကား ဖက်ပြိုင်မပြောနဲ့”ဆိုတာပါပဲ။

***

All Chapters