← Chapters

လေနတ်မင်း မန္တန်

Vol. 45 Ch. 611

လေနတ်မင်း မန္တန်

Vol. 45 Ch. 611

“ဒါက တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးရဲ့ အစွမ်းလား "

ရှန်ကောင်းယုတောင်မှ ဝတ်စုံနက် လူငယ်ရဲ့ ပြိုင်ဖက် မဟုတ်တာကို မြင်ပြီးတဲ့နောက်မှာတော့ လီဖူချန်းက တစ်ဖက်ရန်သူဟာ တိုက်ခိုက်ရေး ဧကရာဇ် ဆိုတာ ပိုပြီး သေချာသွားခဲ့ပါတယ်။ ပြီးတော့ တစ်ဖက်ရန်သူဟာ သာမန် တိုက်ခိုက်ရေး ဧကရာဇ်တောင် မဟုတ်ပါဘူး။ အစောပိုင်းက သူ့ရဲ့ တိုက်ခိုက်ပုံအရ ဆိုရင်တော့ တစ်ဖက်ရန်သူဟာ အနိမ့်ဆုံး အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်ပါပဲ။ နောက်ပြီး သူကိုင်ထားတဲ့ မြွေပုံသဏ္ဌာန် ဓားကလည်း ကောင်းကင်အဆင့် လက်နက် ဖြစ်လောက်ပါသေးတယ်။

လီဖူချန်းရဲ့ ခန့်မှန်းမှုက လုံးဝ မမှားပါဘူး။ ဝတ်စုံနက် လူငယ်ဟာ တကယ်လည်း အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်ပါပဲ။ ပြီးတော့ သူက အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်တွေ ကြားမှတောင်မှ အတော်လေး အစွမ်းထက်သူလို့ ဆိုရပါမယ်။

တကယ်လို့ အကြားအမြင် ဗဟုသုတနဲ့ ပြည့်စုံတဲ့ လူတစ်ယောက်သာ သည်နေရာမှာ ရှိနေလို့ကတော့ အဲသည်လူဟာ ဝတ်စုံနက် လူငယ်ကို တန်းပြီး မှတ်မိမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဝတ်စုံနက် လူငယ်က နတ်ကျက်သရေ အင်ပိုင်ယာရဲ့ တောင်ဘက်ပိုင်းမှာ ကျော်ကြားနေတဲ့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ် ဖြစ်နေတာ မဟုတ်ပါလား။

နတ်ကျက်သရေ အင်ပိုင်ယာရဲ့ တောင်ဘက်ပိုင်းမှာတော့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို မသိသူ မရှိပါဘူး။ သူက နတ်ကျက်သရေ အင်ပိုင်ယာရဲ့ အကြွင်းမဲ့ ပါရမီရှင် တစ်ယောက်ပါပဲ။ သူက ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့အပြင် တိုက်ပွဲဝိညာဉ် နယ်ပယ်တုန်းက ဆိုရင်လည်း ကြယ်သုံးပွင့် ဗိုလ်ချုပ်အဖြစ် သတ်မှတ်ခံခဲ့ ရသူပါ။ လက်ရှိမှာတော့ သူက မူလပင်လယ် နယ်ပယ် အဆင့်၇ကို ရောက်ရှိနေပြီး အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးရဲ့ အစွမ်းမျိုးကိုလည်း ပိုင်ဆိုင်ထားနှင့် ပြီးပါပြီ။

ကောလဟာလတွေ အရ ဆိုရင်တော့ သူဟာ ကောင်းကင် အဆင့် ချီအတွင်းအားကျင့်စဉ် ဖြစ်တဲ့ နဂါးနက် အသက်ရှူခြင်းကို ကျင့်ကြံထားပြီး ကောင်းကင်အဆင့် ဓားသိုင်းဖြစ်တဲ့ အထီးကျန် ဓားမော့သိုင်းကိုလည်း လေ့ကျင့် တတ်မြောက်ထားပြီးပါပြီ။ နောက်ပြီး သူ့လက်ထဲက မြွေပုံသဏ္ဌာန် ဓားကလည်း နှယ်နှယ်ရရ မဟုတ်ပါဘူး။အဲဒါက ကောင်းကင်အဆင့် လက်နက်ဖြစ်ပြီး  မြွေဝိညာဉ်ဓားလို့ အမည်ရပါတယ်။

ခြုံငုံပြီး ပြောရမယ် ဆိုရင်တော့ သည်ဝတ်စုံနက် လူငယ်ဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်အောက်မှာ ပြိုင်ဘက်ကင်းလို့တောင်  ဆိုလို့ရနေပါပြီ။ နယ်ပယ်တူချင်းမှာ ဆိုရင်တော့ သူ့ကို ယှဉ်နိုင်တဲ့သူတွဟာ ပါရမီပိုင်းမှာ ရူးလောက်အောင် ထူးချွန်နေမှပဲ ရပါမယ်။

“ငါက မင်းတို့နှစ်ယောက်ကို အစောတုန်းက အခွင့်အရေး တစ်ခု ပေးခဲ့တယ်။ဒါပေမဲ့ မင်းတို့က အဲသည် အခွင့်အရေးကို မယူတတ်ခဲ့ကြဘူး။ သည်တော့ မင်းတို့နှစ်ယောက်စလုံး သေဖို့ ပြင်ထားကြတော့ "

စကားဆုံးတဲ့ နောက်မှာတော့ ဝတ်စုံနက် လူငယ်က ရက်စက်တော့မယ့် အပြုံးမျိုး ပြုံးလိုက်ပြီး သူ့ရဲ့ မြွေဝိညာဉ် ဓားကို ဝှေ့ယမ်းကာ ရှန်ကောင်းယုကို တိုက်ခိုက်လာခဲ့ပါတယ်။

“ဟမ့် ... မင်းက တိုက်ခိုက်ရေး ဧကရာဇ် ဆိုတာနဲ့ပဲ တခြားလူတွေ အပေါ်ကို လုပ်ချင်တိုင်း လုပ်လို့ရပြီ ထင်နေတာလား။ သွားစမ်းပါ ... မင်းကို ဘယ်သူမှ မကြောက်ဘူးကွ "

“လေနတ်မင်း မန္တန် "

လီဖူချန်းက ရှန်ကောင်းယု တစ်ယောက် တစ်ဖက်သတ် တိုက်ခိုက်ခံရပြီး ရှုံးနိမ့်သွားမယ့် အဖြစ်ကို လုံးဝ ရပ်ကြည့်မနေနိုင်ပါဘူး။

အဲသည်အတွက် သူက တိုက်ပွဲထဲကို ဝင်ပါလာခဲ့ပတယ်။

ဟူး... ဟူး... ဟူး...

မရေမတွက်နိုင်တဲ့ လေသင်တုန်း ဓားသွားတွေဟာ လထုထဲမှာ ဖြစ်တည်လာပြီး ပြာလဲ့လဲ့ ဓားအလင်းတန်းနဲ့ ဝတ်စုံနက် လူငယ်ကို ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြပါတယ်။

ဖန်း... ဖန်း... ဖန်း...

ပြာလဲ့လဲ့ ဓားအလင်းတန်းဟာ လေသင်တုန်း ဓားသွားတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။အဲသည်အတွက် ဓားအလင်းတန်းဟာ မျက်စိတစ်မှိတ် အတွင်းမှာပဲ တစ်စစီ ပျက်စီးသွားပါတော့တယ်။

“မင်း... မင်းက ... ဂါထာ၊မန္တရား အတတ်ကို တတ်တယ်ပေါ့ "

ဝတ်စုံနက် လူငယ်ရဲ့ မျက်နှာက ကွက်ခနဲ ပျက်သွားခဲ့ပါပြီ။ ပတ်ဝန်းကျင် တစ်ခုလုံးကို လေသင်တုန်း ဓားသွားတွေ လွှမ်းခြုံထားတဲ့ အဖြစ်က သူ့အတွက်တောင်မှ အတော်လေး စိတ်မသက်မသာ ဖြစ်စေတဲ့ မြင်ကွင်းပါပဲ။

အစတုန်းကတော့ သူဟာ လီဖူချန်းကို လုံးဝ ဂရုမစိုက်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက လီဖူချန်းကို အချိန်မရွေး သတ်ပစ်နိုင်တယ်လို့ တွေးထင်ထားခဲ့လို့ပါပဲ။

ဒါပေမဲ့လည်း အခုတော့ လီဖူချန်းက ဂါထာ၊မန္တရား ပညာရှင် ဖြစ်နေတာကို သူ့အနေနဲ့ မျက်ဝါးထင်ထင် တွေ့လိုက်ရပါပြီ။ ဒါက အတော်လေး ခေါင်းရှုပ်စရာပါပဲ။

ဂါထာ၊မန္တရား ပညာရှင်တွေ ဆိုတာက ဘယ်တုန်းကမှ လျော့တွက်လို့ ရတဲ့သူတွေ မဟုတ်ပါဘူး။ သူတို့တွေ မိုးမြေစွမ်းအားတွေကို အငှားရယူပြီး ပြန်လည် အသုံးပြုနိုင်သူတွေ ဖြစ်ပါတယ်။

သူတို့ရဲ့ ဂါထာ၊မန္တရား အတတ်ပညာတွေက မိုးမြေစွမ်းအား အားကောင်းလေလေ၊ ပိုအစွမ်း ထက်လေလေပါပဲ။ လေပြင်းလိုဏ်ဂူလို လေတာအို ဥပဒေသတွေ အားကောင်းလွန်းလှတဲ့ နေရာမျိုုး ဆိုရင်တော့ ပြောနေစရာကို မလိုပါဘူး။ ဒါက ဂါထာ၊မန္တရား ပညာရှင်တွေရဲ့ အကြိုက်ဆုံး နေရာပါပဲ။

“အကန့်အသတ်မဲ့ အထီးကျန်ခြင်း "

ဝတ်စုံနက်က လီဖူချန်းတစ်ယောက် ဂါထာ၊မန္တရား ပညာရှင် ဖြစ်နေတဲ့အပေါ် အနည်းငယ် အံ့သြသွားမိတာ မှန်ပေမယ့်လည်း သူ့ရဲ့ လှုပ်ရှားမှုတွေကတော့ လုံးဝ တုံ့ဆိုင်းနေခြင်း မရှိပါဘူး။ သူက သူ့ရဲ့ မြွေဝိညာဉ်ဓားကို ဝှေ့ယမ်းလိုက်ပြီး သူ့ကို ဝန်းရံထားတဲ့ လေသင်တုန်းဓားသွားတွေကို ခုတ်ပိုင်းပစ်လိုက်ပါတယ်။

ရွှမ်း...

ထင်... ထင်... ထင်...

ဝုန်း...

လေသင်တုန်းဓားသွားတွေဟာ ဝတ်စုံနက် လူငယ်ရဲ့  ဓားချက်ကြောင့် အဆက်မပြတ် ပေါက်ကွဲကာ ပျက်စီးသွားခဲ့ပါပြီ။ ဒါပေမဲ့လည်း လူငယ်ဟာ သည်ဓားသွားတွေကို လွယ်လွယ်ကူကူ ဖျက်စီးနိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ သူက သည်လေသင်တုန်း ဓားသွားတွေကို ဖျက်စီးဖို့အတွက် ဓားချက်ကို အားကုန် ထုတ်ခဲ့ရတာပါ။

“ဒါကြောင့်လည်း သူက တိုက်ခိုက်ရေး ဧကရာဇ် ဖြစ်နေတာကိုး "

လီဖူချန်းက မျက်မှောင် တစ်ချက် ကြုတ်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။ သူက ဝတ်စုံနက် လူငယ်ရဲ့ စွမ်းဆောင်ရည် အပေါ်မှာ လုံးဝ အံ့သြမှု မရှိတဲ့ ပုံပါပဲ။

“ဟိုက် ... နင့်မေကလွှားတဲ့မှ။ လေသင်တုန်း ဓားသွားတွေက ငါ့ဆီလည်း လာနေပြီဟ "

လေပြင်းလိုဏ်ဂူက လေသင်တုန်းဓားသွားတွေကလည်း မိုးကြိုးရေကန်တုန်းက မိုးကြိုးစက်ကွင်းတွေနဲ့ မခြားနားလှပါဘူး။ သူတို့က  ရန်သူ၊မိတ်ဆွေ မခွဲခြားဘဲ တွေ့သမျှ သက်ရှိ မှန်သမျှကို တိုက်ခိုက်တတ်ပုံပါပဲ။

အဲသည်အတွက် လီဖူချန်းဟာ သူ့ရဲ့ ကိုယ်ဟန်ကို အမျိုးမျိုးပြောင်းပြီး လေသင်တုန်း ဓားသွားတွေ လက်ချက် မမိအောင် အူယားဖားယား ရှောင်လိုက်ရပါတယ်။

လေသင်တုန်း ဓားသွား အများစုက ဝတ်စုံနက် လူငယ်ရဲ့ ဓားချက်ကြောင့် ပျက်စီးသွားလို့သာပေါ့။ မဟုတ်ရင်တော့ လီဖူချန်းဟာ သည်လေသင်တုန်း ဓားသွားတွေရဲ့ လက်ချက်ကြောင့် အပိုင်းပိုင်း ပြတ်ပြီး သေနေလောက်ပါပြီ။

အခုလို လေသင်တုန်းဓားသွားတွေက အထိန်းအကွပ်မဲ့ပြီး သူ့အပေါ် တိုက်ခိုက်လာတဲ့ အဖြစ်ကိုတော့ လီဖူချန်းဟာ ဘယ်သူ့ကိုမှ သွားပြီး အပြစ်တင်လို့ မရပါဘူး။ တကယ်လို့ သူ့အနေနဲ့ အပြစ်တင်ချင်ရင်တော့ မန္တန်ကို လုံလုံလောက်လောက် ကျွမ်းကျင်မှု မရှိဘဲ ထုတ်သုံးတဲ့ သူ့ကိုယ်သူပဲ ပြန်အပြစ်တင်ရပါလိမ့်မယ်။

“မင်းရဲ့ မန္တန်က ဆိုးတော့ မဆိုးဘူး။ မင်းလို ပါရမီရှင် တစ်ယောက်ကို သတ်ရမှာ နှမြောစရာ ကောင်းလိုက်တာကွာ "

ဝတ်စုံနက် လူငယ်က လီဖူချန်းကို လှမ်းပြီး ချီးကျူ းလိုက်ပါတယ်။ မူလပင်လယ်နယ်ပယ် အဆင့်၁ ဘုရင်တစ်ပါးက သည်လို အစွမ်းထက်တဲ့ မန္တန်တစ်ပုဒ်ကို အသုံးပြုနိုင်တယ် ဆိုတာဟာ တကယ့်ကို ရှားမှရှားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။

“စိတ်ဝိညာဉ်မြူ "

ပြီးတာနဲ့ တစ်ပြိုင်နက် သူက လီဖူချန်းကို လိပ်ပြာ အသိစိတ်အာရုံနဲ့ လှမ်းပြီး တိုက်ခိုက်ပါတော့တယ်။

ချွင်...

အဲသည်နောက်မှာတော့ ဒီရေလှိုင်းလုံး တစ်ခုနဲ့ တူတဲ့ လိပ်ပြာ အသိစိတ်အာရုံ တစ်ခုဟာ သူ့ရဲ့ နဖူး အလယ်တည့်တည့်ကနေ ထွက်ပေါ်လာပြီး လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါပြီ။

“ဟီးဟီးဟီး ... ငါ့ရဲ့ စိတ်ဝိညာဉ်မြူ ကို မင်းခံနိုင်ရင် ခံစမ်း "

ဝတ်စုံနက် လူငယ်က ကျိတ်ပြီး တစ်ချက် ရယ်ကာ လီဖူချန်းကို လူသေတစ်ယောက်ကို ကြည့်သလို လှမ်းကြည့်လိုက်ပါတယ်။

ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်တဲ့ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံဟာ အလွန်အမင်း အစွမ်းထက်တဲ့ အဆင့်ကို ရောက်နေခဲ့ပါပြီ။ ပြီးတော့ သူ့ရဲ့ အဆင့်၇ လိပ်ပြာအသိစိတ်အာရုံ တိုက်ခိုက်ရေး နည်းစနစ်ဖြစ်တဲ့ စိတ်ဝိညာဉ်မြူ ကိုပါ ထည့်ပေါင်းလိုက်မယ် ဆိုရင်တော့ လီဖူချန်းရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ ဘယ်လိုမှ မပျက်စီးစရာ အကြောင်း မရှိပါဘူး။

ဒါပေမဲ့လည်း ဝတ်စုံနက် လူငယ် မသိတာကတော့ တစ်ဖက်ရန်သူ ဖြစ်တဲ့ လီဖူချန်းဟာလည်း လိပ်ပြာ အသိစိတ် အာရုံ တိုက်ခိုက်မှု အပိုင်းမှာ ဆရာတစ်ဆူ ဆိုတာပါပဲ။

လီဖူချန်းက သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ ဒဏ်ရာရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထင်ဘူးတဲ့အတွက်  လိပ်ပြာ အသိစိတ်အာရုံ ခုခံမှု နည်းစနစ်ကို ဘယ်တုန်းကမှ မလေ့ကျင့်ခဲ့ဖူးပါဘူး။

အဲသည်အတွက် ဝတ်စုံနက် လူငယ်ရဲ့ ဒီရေလှိုင်း သဏ္ဌာန် လိပ်ပြာအသိစိတ် အာရုံ တိုက်ခိုက်မှုဟာ လီဖူချန်းရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို တိုက်ရိုက် ထိမှန် သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒါက လီဖူချန်းကို ပန်းနဲ့ ပေါက်လိုက်သလိုပါပဲ။ သူက အနည်းငယ် ထုံကျဉ်သွားတာကလွဲပြီး ဘာမှ မခံစားလိုက်ရပါဘူး။

“ဟင်... သည်ကောင်က ငါ့ကို လိပ်ပြာ အသိစိတ်အာရုံနဲ့ တိုက်လိုက်တာလား "

လီဖူချန်းက ရယ်ရမလို၊ ငိုရမလိုပါပဲ။

အရင်တုန်းကဆိုရင်  တခြားသူတွေရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို သူကပဲ တိုက်ခိုက် ရန်ရှာခဲ့တာပါ။တခြားသူ တစ်ယောက်က လိပ်ပြာ အသိစိတ် အာရုံတိုက်ခိုက်မှုကို အသုံးပြု ပြီး သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို ရန်ရှာလာမယ့် အခုလိုနေ့မျိုး ရှိလာလိမ့်မယ်လို့ သူ့အနေနဲ့ လုံးဝ တွေးထင်မထားမိခဲ့ပါဘူး။

“ဘယ်... ဘယ်လို ဖြစ်သွားတာလဲ။ ငါ့ရဲ့ စိတ်ဝိညာဉ်မြူ က သူ့အပေါ်မှာ ဘာသက်ရောက်မှုမှ မရှိဘူးလား "

ဝတ်စုံနက် လူငယ်က ဘယ်လိုမှ မယုံကြည်နိုင်စွာနဲ့ လီဖူချန်းကို ကြည့်လိုက်ပါတယ်။ သူ့ရဲ့ ပုံစံက ယင်ကောင်တစ်အုပ်ကို မျိုချလိုက်မိတဲ့ လူတစ်ယောက်လိုပါပဲ။

“သည်ကောင်... သည်ကောင်က တော်တော် သတိရှိတာပဲ "

သိပ်မကြာခင်မှာပဲ ဝတ်စုံနက် လူငယ်ဟာ  ဘာဖြစ်သွားသလဲ ဆိုတာကို ခန့်မှန်းလိုက်နိုင်ပါတယ်။

တစ်ဖက်ရန်သူဟာ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို လိပ်ပြာ အသိစိတ်အာရုံ ခုခံမှုနဲ့ ကာကွယ်လိုက်တာပဲ ဖြစ်ရပါမယ်။ အဲသည်လိုမှ မဟုတ်ဘဲနဲ့တော့ သူ့ရဲ့ စိတ်ဝိညာဉ်မြူ ဟာ အကျိုးသက်ရောက်မှု မရှိစရာ ဘာအကြောင်းမှ မရှိပါဘူး။

“ဟမ့် ... မင်းဘယ်နှစ်ခေါက် ကာကွယ်နိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့ "

ဝတ်စုံနက် လူငယ်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး စိတ်ဝိညာဉ်မြူ  တိုက်ခိုက်ရေး နည်းစနစ်ကို ဆက်တိုက် အသုံးပြုလိုက်ပါတော့တယ်။

' သည်ကောင် ရူးသွားတာလား '

လီဖူချန်းကတော့ မျက်နှာသေကြီးနဲ့ ရပ်နေဆဲပါပဲ။ ဝတ်စုံနက် လူငယ်ရဲ့ လိပ်ပြာအသိစိတ်အာရုံ တိုက်ခိုက်မှုက သူ့အတွက်တော့ ကလိထိုးပေး နေတာနဲ့ မခြားနားလှပါဘူး။ တစ်ဆက်တည်းမှာပဲ လီဖူချန်းက တစ်ဖက်ရန်သူဟာ သူ့ရဲ့ အစွမ်းထက်လှတဲ့ ဓားသိုင်းကို မသုံးတော့ဘဲ ဘာဖြစ်လို့ သည်အသုံးမဝင်တဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို အသည်းအသန် ကြိုးစားပြီး အသုံးပြုနေတာလဲ ဆိုတာကို တွေးနေမိပါတယ်။

စိတ်ဝိညာဉ်မြူ ကို ငါးကြိမ်တိတိ ဆက်တိုက် အသုံးပြုပြီးတဲ့ နောက်မှာတော့ ဝတ်စုံနက် လူငယ်ဟာ လက်လျော့သွားခဲ့ပါပြီ။ ဒါပေမဲ့ သူက လီဖူချန်းကို လှမ်းဆဲလိုက်ပါသေးတယ်။

“ခွေးမသား... မင်းကလည်း အဆင့်၇ လိပ်ပြာအသိစိတ်အာရုံ လျှို့ဝှက်နည်းစနစ်ကို ကျင့်ထားတာကိုး "

ဝတ်စုံနက် လူငယ်က လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ ခုခံမှု နည်းစနစ်ဟာ အဆင့်၇ ဖြစ်ရမယ်လို့  တွေးမိတာကလည်း မထူးဆန်းလှပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ်တွေဟာ အဆင့်တူ အချင်းချင်းမှာ ဆိုရင် သိပ်ပြီး မကွာခြားလှလို့ပါပဲ။

လီဖူချန်းကတော့ ဘာကိုမှ ပြန်မပြောဘဲ မျက်နှာသေကြီးနဲ့သာ ရပ်နေပါတယ်။ သူက သည်ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မရှင်းပြချင်ပါဘူး။

“ကောင်စုတ်လေး ... မင်းရဲ့ ပါရမီကို လေးစားလို့ ငါသည်နေ့ မင်းတို့နှစ်ယောက်ကို မျက်နှာသာ နည်းနည်း ပေးလိုက်မယ်။ ငါစိတ်မပြောင်းခင် သည်နေရာကနေ အမြန် ထွက်သွားကြတော့ "

ရုတ်တရက် ဆိုသလို ဝတ်စုံနက် လူငယ်က သဘောထားကြီးတဲ့ ပုံမျိုး ဖမ်းလိုက်ပြီး လီဖူချန်းတို့ကို သွားခွင့်ပြု လိုက်ပါတယ်။ အမှန်အတိုင်း ပြောရမယ် ဆိုရင် သူက လီဖူချန်းတို့ နှစ်ယောက်နဲ့ ဆက်ပြီး တိုက်ခိုက်ချင်စိတ် မရှိတော့ပါဘူး။

လီဖူချန်းက မခိုးမခန့် ရယ်လိုက်ပြီး ဝတ်စုံနက် လူငယ်ရဲ့ စကားကို တုပကာ ပြန်ပြောလိုက်ပါတယ်။

“ဟက်ဟက်ဟက် ...  မသိရင်တော့ မင်းကပဲ ငါ့ကို နိုင်သွားသလိုနဲ့။ ဟေ့ကောင်... ဟာသတွေ လုပ်မနေနဲ့။ သည်နေရာကနေ ထွက်သွားရမယ့်သူက မင်းကွ။ မင်းရဲ့ ပါရမီကို လေးစားလို့ ငါသည်နေ့ မင်းကို မျက်နှာသာ နည်းနည်း ပေးလိုက်မယ်။ ငါစိတ်မပြောင်းခင် သည်နေရာကနေ အမြန် ထွက်သွားတော့ "

“ခွေးမသားလေး... မင်းက ကိုယ့်အဆင့်ကိုယ် မသိဘူးပဲ "

လီဖူချန်းရဲ့ စကားကို ကြားပြီးတဲ့ နောက်မှာတော့ ဝတ်စုံနက် လူငယ်ဟာ ဒေါသ အကြီးအကျယ် ထွက်သွားခဲ့ပါပြီ။ နောက်ပြီး  သတ်ဖြတ်ခြင်း အငွေ့အသက်တွေဟာလည်း သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ တားမရ၊ဆီးမရ တိုးထွက်လာပါတော့တယ်။

ဝတ်စုံနက် လူငယ်က သူ့ဘဝမှာ လူတစ်ယောက်ကို ဘယ်တုန်းကမှ သည်လောက်အထိ မသတ်ချင်ခဲ့ဖူးပါဘူး။ လီဖူချန်းက သူ့ကို သည်လို ဖြစ်စေတဲ့ ပထမဦးဆုံး လူပါပဲ။

“လေနတ်မင်း မန္တန် "

လီဖူချန်းက လေကုန်ခံပြီး စကား ဆက်ပြောမနေတော့ပါဘူး။အဲသည်အစား သူက လေနတ်မင်းမန္တန်ကိုသာ ထုတ်သုံးလိုက်ပါတော့တယ်။

တစ်ဖက်ရန်သူရဲ့ အစွမ်းက သူ့ထက် အဆပေါင်းများစွာ သာရင် သာပါလိမ့်မယ်။ ဒါပေမဲ့ လေပြင်းလိုဏ်ဂူနားမှာ ဖြစ်နေသရွေ့တော့ လီဖူချန်းက တစ်ဖက်လူကို ဂရုစိုက်စရာ မလိုပါဘူး။ ဒါက သူ့ရဲ့ အောင်မြေပါပဲ။

ဟူး... ဟူး... ဟူး... ဟူး...

မရေမတွက်နိုင်တဲ့ လေသင်တုန်း ဓားသွားတွေဟာ လေထုထဲမှာ ဖြစ်တည်လာခဲ့ပြန်ပါပြီ။ ပြီးတာနဲ့ တစ်ပြိုင်နက် သူတို့ဟာ ဝတ်စုံနက် လူငယ်ဆီကို တိုးဝင်သွားပြီး ဘက်ပေါင်းစုံကနေ တရစပ် ဝိုင်းဝန်း တိုက်ခိုက်ကြပါတော့တယ်။

ဘန်း... ဘန်း... ဘန်း...

ဝုန်း... ဝုန်း... ဝုန်း...

ပြင်းထန်လှတဲ့ တိုက်ပွဲကြီး တစ်ခုကတော့ စတင်လာခဲ့ပါပြီ။

ရွှမ်း...

လေသင်တုန်းဓားသွားတွေက များပြားလွန်းလှတဲ့အတွက် ဝတ်စုံနက် လူငယ်အနေနဲ့ အကြိမ်တိုင်းမှာ ကာကွယ်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် တစ်ကြိမ်မှာတော့ သူဟာ အနည်းငယ် သတိလက်လွတ် ဖြစ်ပြီး ပေါင်မှာ ဒဏ်ရာတစ်ချက် ရသွားခဲ့ပါတယ်။

“လခွီးပဲ... သည်အတိုင်း ဆက်သွားနေရင် ငါလုံးပါး ပါးသွားလိမ့်မယ် ".

ဝတ်စုံနက်က သူ့အနေနဲ့ သည်အတိုင်း ဆက်ပြီး ခုခံနေရင် အသက်ပါ ဆုံးပါးသွားနိုင်တယ် ဆိုတာကို မရိပ်စားမိဘဲ မနေပါဘူး။ အဲသည်အတွက် သူက အတင်း ခေါင်းတိုးပြီး လီဖူချန်း အနားကို ကပ်ဖို့ ကြိုးစားပါတော့တယ်။

“အရူး... ဘယ်သူက မင်းကို အကပ်ခံမှာလဲ"

လီဖူချန်းက တစ်ဖက်ရန်သူဟာ သည်လို လုပ်လာနိုင်တယ် ဆိုတာကို တွက်ချက်ထားပြီးသားပါပဲ။အဲသည်အတွက် သူက လေနတ်မင်း မန္တန်ကို သုံးပြီးတာနဲ့ တစ်ပြိုင်နက် အနောက် တော်တော်ဝေးဝေးကို ဆုတ်ပြီးနှင့်နေခဲ့ပါပြီ။

“ဟေ့ကောင်... မင်းယောကျာ်း မဟုတ်ဘူးလား။ သတ္တိရှိရင် ငါ့ကို လာရင်ဆိုင်စမ်း "

ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ ပိုပိုများလာတာနဲ့အမျှ ဝတ်စုံနက် လူငယ်ရဲ့ ဒေါသကလည်း ပိုပိုပြီး ကြီးလာခဲ့ပါတယ်။ သူက လီဖူချန်းကို မိရင် အစိမ်းလိုက် ဝါးစားမလာတောင် မသိပါဘူး။

' တောက်... သည်နေရာက မိုးကြိုးရေကန် ဖြစ်လိုက်ရင်တော့ကွာ '

လီဖူချန်းကတော့ သည်နေရာဟာ မိုးြကိုးရေကန် ဖြစ်မနေတဲ့အတွက် အတော်လေး မချိတင်ကဲ ဖြစ်နေပါတယ်။

တကယ်လို့သာ သည်နေရာက မိုးကြိုးရေကန် ဖြစ်နေခဲ့မယ် ဆိုရင် ဝတ်စုံနက်နဲ့ လူငယ်ဟာ လုံးဝ သေနေလောက်ပါပြီ။

လေပြင်းဆိုတာက ဘယ်လောက်ပဲ အစွမ်းထက်ထက် မိုးကြိုးကိုတော့ မီစရာ အကြောင်းမရှိပါဘူး။ သည်အရာ နှစ်ခုရဲ့ သဘာဝက ခြားနားလွန်းလှပါတယ်။

မရေမတွက်နိုင်တဲ့ လေသင်တုန်း ဓားသွားတွေရဲ့ တရစပ် ဝိုင်းဝန်းတိုက်ခိုက်မှုကို ဆယ့်ငါးမိနစ်လောက် ခုခံပြီးတဲ့ နောက်မှာတော့ ဝတ်စုံနက် လူငယ်ဟာ လက်ပန်းကျစ ပြုလာခဲ့ပါပြီ။သူက သည်လေသင်တုန်းဓားသွားတွေကို ဆက်ပြီး မခုခံနိုင်တော့ပါဘူး။ အဲသည်အတွက် သူက သည်နေရာကနေ ဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

“ဟေ့ကောင်... သည်တစ်ခါတော့ ငါနောက်ဆုတ်ပေးလိုက်မယ်။ ဒါပေမဲ့ နောက်တစ်ခါ ငါနဲ့မင်း ထပ်တွေ့ရင်တော့ မင်းသေပြီလို့သာ မှတ်ထားလိုက်။ငါဆိုတဲ့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က သည်နေ့ အဖြစ်အပျက်ကို ဘယ်တော့မှ မမေ့ဘူး "

စကားဆုံးတဲ့ နောက်မှာတော့ ဝတ်စုံနက် လူငယ်ဟာ ခန္ဓာကိုယ်ကို တစ်ချက်လှည့်လိုက်ပြီး လေထုထဲမှာ ပျောက်ကွယ်သွားခဲ့ပါပြီ။

“နောက်ဆုံးတော့ သူထွက်သွားပြီပဲ "

ဘေးကနေ တိုက်ပွဲကို ရပ်ကြည့်နေတဲ့ ရှန်ကောင်းယုကလည်း အခုမှပဲ သက်ပြင်း ချနိုင်ပါတော့တယ်။

ဝတ်စုံနက် လူငယ် ထွက်သွားပြီးတဲ့ နောက်မှာတော့ အမြစ်မဲ့ပန်းကို ခူးယူဖို့ရာဟာ ဘာအခက်အခဲမှ မရှိတော့ပါဘူး။ အဲသည်အတွက် လီဖူချန်းဟာ အမြစ်မဲ့ပန်းကို အသာအယာပဲ ခူးယူလိုက်ပါတော့တယ်။

ပြီးတော့သူက စိတ်ကူးယဉ်ဆန်လှတဲ့ အမြစ်မဲ့ပန်းကို ကြည့်ပြီး ' သည်ပန်းက ဒဏ္ဍာရီတွေထဲကလို အစွမ်းရှိပါစေကွာ 'လို့ စိတ်ထဲကနေ ပြောလိုက်မိပါသေးတယ်။

***

All Chapters