← Chapters

ဓားတာအိုကို မစွန့်လွှတ်နိုင်သူ

Vol. 45 Ch. 613

ဓားတာအိုကို မစွန့်လွှတ်နိုင်သူ

Vol. 45 Ch. 613

လီဖူချန်းတစ်ယောက် တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတဲ့ အချိန်အထိ ရှန်ကောင်းယုဟာ တံခါးပိတ် ကျင့်ကြံနေဆဲပါပဲ။ သူက လီဖူချန်း တံခါးပိတ် ကျင့်ကြံရာကနေ ထွက်ပြီး သုံးရက်အကြာမှာပဲ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပါတော့တယ်။

ရက်ပေါင်း သုံးဆယ်နီးပါးအထိ တံခါးပိတ် ကျင့်ကြံခဲ့ပေမယ့်လည်း ရှန်ကောင်းယုဟာ ခန္ဓာကိုယ် အပြင်အား မူလပင်လယ်နယ်ပယ်ရဲ့ အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ဒါပေမဲ့လည်း သူကတော့  သူ့ရဲ့ လက်ရှိ ခန္ဓာကိုယ် အပြင်အားဟာ အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့်နဲ့ သိပ်မကွာခြားလှတော့ဘူးလို့ ပြောတာပါပဲ။

***

တိမ်ဆည်းဆာ တည်းခိုခန်း၊သီးသန့်ခြံဝင်း တစ်နေရာ...

"ဟူး... ငါ့ရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို ရင်ဆိုင်ဖို့အတွက် နည်းနည်း ခက်ဦးမယ် "

ရှန်ကောင်းယုက လက်ဖက်ရည်ကြမ်း သောက်နေရင်းနဲ့ ဆိုင်းမဆင့်၊ ဗုံမဆင့် ထပြီး ညည်းတွားလိုက်ပါတယ်။

လီဖူချန်းက ပြုံးလိုက်ပြီး

“ရပါတယ်။ ငါလည်း ရှိသေးတာပဲ။ ငါ့ရဲ့ တစ်လတာ တံခါးပိတ် ကျင့်ကြံမှုကလည်း အလကား မဖြစ်ခဲ့ဘူးလေ။ ငါ့ရဲ့ စိတ်ဒဏ်ရာ မန္တန်က အရင်ကထက် အများကြီး ပိုအားကောင်းလာပြီလို့ ငါယုံကြည်တယ် "

စိတ်ဒဏ်ရာ မန္တန်က စိတ်နယ်ပယ်ကို အဓိကထား တိုက်ခိုက်တာ ဖြစ်တဲ့အတွက် လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုထက်ကို ပိုပြီး ခုခံရ ခက်ခဲပါတယ်။

တကယ်လို့သာ ရှန်ကောင်းယု အနေနဲ့  နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို နည်းနည်းပါးပါး တောင့်ခံထားပေးနိုင်မယ် ဆိုရင်   နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို လျော့ချပေးဖို့ ဆိုတာက လီဖူချန်းအတွက် ဘာမှ ခက်ခဲလှမှာ မဟုတ်ပါဘူး။

ပြီးတော့ လီဖူချန်းဟာ တံခါးပိတ် ကျင့်ကြံနေစဉ် အတွင်းမှာ တခြား အဆင့်နိမ့် မန္တန်တစ်ပုဒ်ဖြစ်တဲ့ စိတ်ယစ်မူး မန္တန်ကိုလည်း လေ့ကျင့်ခဲ့ပါသးတယ်။အဲသည် မန္တန်ကလည်း စိတ်ဒဏ်ရာ မန္တန်လို စိတ်နယ်ပယ်ကို ပစ်မှတ်ထားတဲ့ မန္တန်ပါပဲ။ ဒါပေမဲ့လည်း သူ့ရဲ့ ရည်ရွယ်ချက်ကတော့ တစ်ဖက်ရန်သူကို စိတ်ရှုပ်ထွေးစေဖို့ပဲ ဖြစ်ပါတယ်။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ စိတ်ဒဏ်ရာ မန္တန်ဟာ လီဖူချန်း လေ့ကျင့်ထားတဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးရဲ့ မူကွဲတစ်မျိုး ဖြစ်ပြီး စိတ်ယစ်မူး မန္တန်ကတော့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ မူကွဲတစ်မျိုးပါပဲ။

သည်အချက်ကိုတော့ လီဖူချန်းဟာ စိတ်ဒဏ်ရာ မန္တန်နဲ့ စိတ်ယစ်မူး မန္တန်ကို လေ့ကျင့်စဉ်အတွင်းမှာ သတိပြုခဲ့မိတာ ဖြစ်ပါတယ်။

“လီဖူချန်း... နင့်ရဲ့ စိတ်ဒဏ်ရာ မန္တန်နဲ့ ငါ့ကို အစမ်း တိုက်ကြည့်ပါလား။ တကယ်လို့ နင်က ငါ့စိတ်နယ်ပယ်ကို ဒဏ်ရာရအောင် လုပ်နိုင်ရင် ဟိုနဂါးဝိညာဉ် ဧကရာဇ်ဆိုတဲ့ ကောင်ကိုလည်း ဒဏ်ရာရအောင် လုပ်နိုင်ပြီ "

ရှန်ကောင်းယုက လီဖူချန်းရဲ့ စိတ်ဒဏ်ရာ မန္တန် တိုးတက်လာမှုအပေါ်မှာ သိပ်ပြီး မသေချာပါဘူး။ အဲသည်အတွက် သူက လီဖူချန်းရဲ့ စိတ်ဒဏ်ရာ မန္တန်ကို အစမ်း ခုခံကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အကြို-ပြီးပြည့်စုံခြင်း ခန္ဓာကိုယ် အပြင်အား ဘုရင်ဖြစ်တဲ့အတွက် ရှန်ကောင်းယုရဲ့ စိတ်နယ်ပယ်ဟာ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ စိတ်နယ်ပယ်ထက် ဘယ်လိုမှ အားနည်းစရာ အကြောင်း မရှိပါဘူး။ ပြီးတော့ စိတ်နယ်ပယ် အားကောင်းမှု ဆိုတာက သွေးချီအားကောင်းမှုနဲ့ တိုက်ရိုက် အချိုးကျနေတာ မဟုတ်ပါလား။

“ဟုတ်ပြီလေ "

ရှန်ကောင်းယုရဲ့ စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ ထူးဆန်းတဲ့ လက်ဟန်တစ်ခုကို အလျင်အမြန် ပြုလုပ်လိုက်ပါတော့တယ်။

ချွင်...

အဲသည်နောက်မှာတော့ ထူးဆန်းတဲ့ ချီအရှိန်အဝါ တစ်ခုဟာ လီဖူချန်းအပေါ်ကို ကျရောက်လာခဲ့ပါပြီ။

“ဟင်... အဲဒါက ဘာချီစွမ်းအင် အမျိုးအစားလဲ "

ရှန်ကောင်းယုက အဲသည် ချီအရှိန်အဝါကို မမြင်နိုင်ပါဘူး။ ဒါပေမဲ့လည်း သူက သူ့ရဲ့ စိတ်နယ်ပယ်အပေါ် ကျရောက်လာတဲ့ ဖိအားကိုတော့ ကောင်းကောင်းကြီး ခံစားနိုင်ပါတယ်။

“စိတ်ဒဏ်ရာ မန္တန် "

ပြီးပြည့်စုံတဲ့ လက်ဟန်ကို ပြုလုပ်ပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းက မန္တန်ကို ခပ်တိုးတိုး ရွတ်ဆိုလိုက်ပြီး ရှန်ကောင်းယုကို တိုက်ခိုက်လိုက်ပါတော့တယ်။

ဟူး...

လီဖူချန်းရဲ့ ရွတ်ဆိုမှု ဆုံးတာနဲ့ တစ်ပြိုင်နက် အားကောင်းလွန်းလှတဲ့ ချီအရှိန်အဝါ တစ်ခုဟာ ရှန်ကောင်းယုဆီကို တန်းပြီး ပြေးထွက်သွားခဲ့ပါပြီ။

အရင်တုန်းကနဲ့ ယှဉ်မယ်ဆိုရင်တော့ လီဖူချန်းရဲ့ စိတ်ဒဏ်ရာ မန္တန်ဟာ သိသိသာသာကြီး တိုးတက်လာပြီလို့ ဆိုရပါမယ်။

ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက သူ့ရဲ့ စိတ်ဒဏ်ရာ မန္တန်ဟာ ပိုးကြိုးမျှင်လေး တစ်ခုလောက်သာ ရှိတဲ့  ချီအရှိန်အဝါကိုသာ ထုတ်ပေးနိုင်ပြီး အခု သူ့ရဲ့ စိတ်ဒဏ်ရာ မန္တန်ကတော့  လှိုင်းလုံးကြီးနဲ့တူတဲ့ ချီအရှိန်အဝါကို ထုတ်ပေးနေလို့ပါပဲ။

“အာ့ "

ွှရုတ်တရက် ဆိုသလိုပဲ ရှန်ကောင်းယုက သူ့ရဲ့ စိတ်နယ်ဟာ အပိုင်းပိုင်း လှီးဖြတ်ခံလိုက်ရသလို ခံစားလိုက်မိပါတယ်။ ပြီးတော့ သူ့ရဲ့ စိတ်ဝိညာဉ်ကလည်း ချက်ချင်း အားနည်းသွားသလိုပါပဲ။

“ကြောက်ဖို့ကောင်းလိုက်တဲ့ စိတ်နယ်ပယ် တိုက်ခိုက်မှုပါလား "

ရှန်ကောင်းယုက လီဖူချန်းရဲ့ စိတ်ဒဏ်ရာ မန္တန်ဟာ ဘယ်လောက်အထိ ကြောက်စရာ ကောင်းသလဲ ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ပါတယ်။ တကယ်လို့သာ သူ့အနေနဲ့ လီဖူချန်းရဲ့ စိတ်ဒဏ်ရာ မန္တန်ကို ဆယ်ကြိမ်လောက် ထိမိလိုက်မယ် ဆိုရင် ခြေတစ်လှမ်းတောင် လှမ်းဖို့ စိတ်အားထက်သန်တော့မှာ မဟုတ်ပါဘူး။

“လီဖူချန်း... နင်က ဂါထာ၊မန္တရား တာအိုမှာ တကယ့် ပြိုင်ဘက်ကင်း ပါရမီရှင်ပဲ။ နင့်အနေနဲ့ ဦးလေးဖန် ပြောသလို ဂါထာ၊မန္တရား တာအိုပေါ်မှာပဲ အာရုံစိုက်ထားသင့်တယ် "

လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံခြင်းက အစွမ်းထက်ကောင်း ထက်ပါမယ်။ ဒါပေမဲ့ အဲဒါက လီဖူချန်းတစ်ယောက် နှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံလာတာရဲ့ အသီးအပွင့်ပါပဲ။ တခြား တစ်ဖက်မှာတော့ လီဖူချန်းဟာ  ဂါထာ၊မန္တရား တာအိုကို အချိန်ခဏလေးသာ လေ့ကျင့်ရသေးပေမယ့် အတော်လေး ကြောက်စရာ ကောင်းနေခဲ့ပါပြီ။

လီဖူချန်းကတော့ ရှန်ကောင်းယုရဲ့ အကြံပေးမှုကို လက်သင့်မခံပါဘူး။ သူက ခေါင်းကို တသွင်သွင် ခါယမ်းလိုက်ပြီး

“မဟုတ်ဘူး... ရှန်ကောင်းယု။ ငါ့ရဲ့ ဓားတာအိုကလည်း ငါ့ရဲ့ ဂါထာ၊မန္တရား တာအိုထက် မနိမ့်ကျဘူး။  ငါ့ရဲ့ ဓားတာအိုက ငါ့ရဲ့ ဂါထာ၊မန္တရား တာအိုလို အစွမ်းထက်ဖို့အတွက် လိုအပ်ချက် နည်းနည်းရှိနေတာပဲ ရှိတာ။ အဲဒါကို တစ်နေ့ ငါမင်းကို သက်သေပြပါ့မယ် "

ဂါထာ၊မန္တရား တာအိုဟာ မိုးကောင်းကင်နဲ့ မဟာပထဝီ မြေကြီးရဲ့ စွမ်းအားတွေကို အငှားရယူပြီး အသုံးပြုရတဲ့ ပညာရပ် ဖြစ်ပါတယ်။ အဲသည်အတွက်  ဂါထာ၊မန္တရား ပညာရှင်တေစ်ယောက်ဟာ  သူအသုံးပြုတဲ့  ဂါထာ၊မန္တန်အပေါ် ကျွမ်းကျင်မှု ရှိလာတာနဲ့အမျှ  သူ့ရဲ့အစွမ်းကလည်း ပိုပိုပြီး ထက်လာမှာပါပဲ။ ဒါပေမဲ့လည်း နောက်ပိုင်းအဆင့်တွေကို ရောက်ရင်  ဓားတာအိုက  ဂါထာ၊မန္တရား တာအိုထက် အားနည်းလိမ့်မယ်လို့ လီဖူချန်းအနေနဲ့  လုံးဝ မယုံကြည်ပါဘူး။

ဒဏ္ဍာရီတွေထဲမှာ ဆိုရင် ဓားတာအို ကျင့်ကြံသူ တစ်ယောက်ဟာ  သူတော်စင် နယ်ပယ်ကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် ဥပဒေသ အားလုံးကို ချိုးဖျက်ဖို့အတွက်  ဓားတစ်ချက်သာ လိုတယ်လို့ ဆိုထားပါတယ်။ အဲသည်လို အဆင့်ကို ရောက်သွားပြီ ဆိုရင်တော့  ဂါထာ၊မန္တရားတွေဟာ ဘယ်လောက်ပဲ အစွမ်းထက်ထက် ဓားတာအို ကျင့်ကြံသူနားကို ကပ်နိုင်တော့မှာ မဟုတ်ပါဘူး။

“ထားပါတော့ "

ရှန်ကောင်းယုက လီဖူချန်းရဲ့ ခံယူချက်နဲ့ ပတ်သက်ပြီး အငြင်းမပွားချင်ပါဘူး။ ပြီးတော့ လီဖူချန်း ပြောတာကလည်း မှန်သင့်သလောက်တော့ မှန်တာပါပဲ။ နောက်ပိုင်း အဆင့်တွေမှာ ဆိုရင် ဓားတာအိုဟာ တကယ်ကို ကြောက်စရာ ကောင်းလှပြီး သိုင်းတာအိုတွေရဲ့ အစွမ်းအထက်ဆုံးထဲမှာလည်း ပါဝင်ပါတယ်။

လီဖူချန်းတို့ နှစ်ယောက်ဟာ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်ပေမယိ့်လည်း မိုးကြိုးစက်ကွင်း မြို့ကနေ ထွက်သွားခြင်းတော့ မရှိကြသေးပါဘူး။

လက်ရှိ အခြေအနေနဲ့ဆိုရင် လီဖူချန်းဟာ သူ့ရဲ့  ဂါထာ၊မန္တရား တာအိုကို အခြေခိုင်အောင် အများကြီး လုပ်စရာ ရှိပါသေးတယ်။ အဲသည်အတွက် သူတို့အနေနဲ့ မိုးကြိုးစက်ကွင်းမြို့မှာ နေထိုင်ပြီး ဆက်ကျင့်ကြံတာက အကောင်းဆုံး ရွေးချယ်မှုပါပဲ။

သည်လိုနဲ့ပဲ နေ့ရက်တွေဟာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့ပါပြီ။

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကတော့ အခုချိန်အထိ မိုးကြိုးစက်ကွင်း မြို့ကနေ မထွက်သွားသေးဘဲ စိတ်ရှည်သည်းခံစွာနဲ့ လီဖူချန်းတို့ကို စောင့်ဆိုင်းနေဆဲပါပဲ။ကြည့်ရတာတော့ သူက လီဖူချန်းကို သတ်ဖြစ်အောင် သတ်မယ်လို့ စိတ်ပိုင်းဖြတ်ပြီးပုံ ရပါတယ်။

သည်လိုနဲ့ပဲ နောက်ထပ် အချိန်သုံးလဟာ ထပ်ပြီး ကုန်ဆုံးသွားခဲ့ ပြန်ပါတယ်။

လီဖူချန်းကတော့ သည်အချိန်သုံးလကို ကောင်းကောင်းကြီး အသုံးချနိုင်ခဲ့တယ် ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှုဟာ မူလပင်လယ်နယ်ပယ် အဆင့်၃ကိုတောင် ရောက်သွားခဲ့လို့ပါပဲ။

လေးလအတွင်းမှာ မူလပင်လယ် နယ်ပယ် အဆင့် နှစ်ဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့တယ် ဆိုတာက အတော်လေး လွန်ရာကျပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။တကယ်လို့ လီဖူချန်းကို စောင့်ကြည့်နေသူတွေ ရှိရင်တောင်မှ သူတို့က လီဖူချန်းဟာ လေမိုးကြိုး လျှိုမြောင်ထဲကနေ အဖိုးတန်တဲ့ အရာတစ်ခုခုကို ရခဲ့တာ ဖြစ်မယ်လို့ ထင်နေကြမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဆင့်နှစ်ဆင့်ကို ချိုးဖောက်ဝင်ရောက်တာက သူ့ရဲ့ နောက်ဆုံး ကန့်သတ်ချက်ပါပဲ။သူ့အနေနဲ့ သည်ထက်ပိုပြီး အဆင့်တက်လို့ မရတော့ပါဘူး။ တကယ်လို့သာ လီဖူချန်းအနေနဲ့ နောက်ထပ် တစ်ဆင့်ကို ချိုးဖောက် ဝင်ရောက်လိုက်မယ် ဆိုရင် အဲဒါက လူတွေအားလုံးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သလို ဖြစ်နေပါတော့မယ်။ ပြီးရင်တော့ လူတွေအားလုံးဟာ သူ့အပေါ်မှာ သံသယ ဝင်လာကြတော့မှာပါ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ အခုတောင်မှပဲ ရှန်ကောင်းယုဟာ လီဖူချန်း အနေနဲ့ လေးလအတွင်းမှာ အဆင့်နှစ်ဆင့်ကို ဘယ်လို ချိုးဖောက်ဝင်ရောက်သွားသလဲ ဆိုတာကို မေးခွန်း ထုတ်ချင်နေတဲ့ပုံ ပေါက်နေခဲ့ပါပြီ။

ဒါပေမဲ့လည်း ရှန်ကောင်းယုက သူ့ကို အဆင့်တက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လုံးဝ မမေးခဲ့ပါဘူး။လူတိုင်းဟာ ကိုယ်ပိုင် လ့ဝှက်ချက်ကိုယ်စီ ထားရှိနိုင်ပြီး အဲသည်လျှို့ဝှက်ချက်ကို သိမ်းဆည်းထားနိုင်ခွင့် ရှိတယ် ဆိုတဲ့ အချက်ကို သူက ကောင်းကောင်းကြီး နားလည် သဘောပေါက်ပါတယ်။

လီဖူချန်းက မူလပင်လယ် အဆင့်၁မှာ အကြာကြီး တစ်နေခဲ့ပြီးမှ တစ်ရှိန်ထိုး အဆင့်တက်သွားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တာပါပဲ။

“အမြစ်မဲ့ပန်းလေး တစ်ပင်က ငါ့ကို သည်လောက်အထိ အကျိုးကျေးဇူး များစေတာလား "

သည်နေ့မှာတော့ လီဖူချန်းဟာ သူငှားထားတဲ့ ခြံဝင်းလေးထဲက သစ်ပင်တစ်ပင်အောက်မှာ ထိုင်နေရင်းနဲ့  သည်လေးလအတွင်းမှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်ပြီး သုံးသပ်ဆင်ခြင်နေပါတယ်။

သူက အခုလောလောဆယ်မှာတော့ မူလပင်လယ်နယ်ပယ် အဆင့်၄ကို ချိုးဖောက်ဝင်ရောက်ဖို့ အစီအစဉ် မရှိသေးပါဘူး။ ဒါပေမဲ့ သူဟာ သိပ်မကြာခင် အနာဂတ်မှာတော့ မူလပင်လယ်နယ်ပယ် အဆင့်၄ကို ချိုးဖောက်ဝင်ရောက်ဖို့ အစီအစဉ် ရှိပါတယ်။

မူလပင်လယ်နယ်ပယ် အဆင့်၄ကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် ဆိုရင်တော့  ပထမဆုံး အနေနဲ့ လီဖူချန်းဟာ သူ့ရဲ့ စွမ်းအင်ဗဟိုချက်မကို ပိုမိုကြံ့ခိုင် သန်စွမ်းလာအောင် လုပ်ကို လုပ်မှ ရပါမယ်။စွမ်းအင်ဗဟိုချက်မ ပင်လယ်ကို လုံလောက်တဲ့ အဆင့်တစ်ခုအထိ ကြံ့ခိုင်သန်စွမ်းအောင် လုပ်ပြီးပြီ ဆိုရင်တော့ သူဟာ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ အဆင့်တက်လို့ ရပါပြီ။ သည်အချက်က သူ့ရဲ့ အဆင့်တက် လုပ်ငန်းစဉ်မှာ အရေးအကြီးဆုံး အချက်ဆိုရင်လည်း မမှားပါဘူး။

အဲသည်အတွက် လီဖူချန်းဟာ မိုးကြိုးစက်ကွင်း မြို့ထဲကိုသွားပြီး အဆင့်မြင့် ဆေးကျမ်းတစ်ခုကို ဝယ်ခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းရှင်းလေးပါပဲ။ အခုလောလောယ် သူသိတဲ့ ဆေးပင်တွေထဲမှာ စွမ်းအင်ဗဟိုချက်မ ပင်လယ်ကို အားဖြည့်ပေးနိုင်တဲ့ ဆေးပင်က အမြစ်မဲ့ပန်းပဲ ရှိပါတယ်။အဲသည်အတွက် သူဟာ အမြစ်မဲ့ပန်း အကြောင်းကို  လေ့လာရပါမယ်။

အဆင့်မြင့် ဆေးကျမ်းကို ဟိုလှန်၊သည်လှန် အနည်းငယ် လုပ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အမြစ်မဲ့ပန်းအကြောင်း ပါတဲ့ စာမျက်နှာကို တွေ့ွသွားခဲ့ပါပြီ။

အမြစ်မဲ့ပန်း...

အမြစ်မဲ့ပန်းတွေက သူတို့ရဲ့ သက်တမ်းကိုလိုက်ပြီး အစွမ်းထက်မြက်မှု ကွာခြားသွားတာပါ။ သူတို့ရဲ့ သက်တမ်း ကြာလေလေ၊ သူတို့ထဲမှာ ခိုအောင်းနေတဲ့ ဟင်းလင်းပြင်တာအို ဥပဒေသက ပိုအားကောင်းလေလေပါပဲ။

သူရခဲ့တဲ့ အမြစ်မဲ့ပန်းကတော့ သက်တမ်း နှစ်တစ်ရာသာ ရှိသေးပြီး မူလပင်လယ် နယ်ပယ် ဘုရင်တွေအတွက်သာ အသုံးဝင်တာ ဖြစ်ပါတယ်။

တကယ်လို့သာ သူ့အနေနဲ့ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ အမြစ်မဲ့ပန်းကို ရခဲ့မယ် ဆိုရင်တော့ အဲဒါက  ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်အထိ အသုံးဝင်နေဦးမှာပါပဲ။

ဒဏ္ဍာရီတွေထဲက နှစ်တစ်သောင်း အမြစ်မဲ့ပန်းကတော့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ကိုပါ ပုံစံပြောင်းပေးစေနိုင်တဲ့အပြင် လျှို့ဝှက်ဆန်းကြယ်လှတဲ့ တခြားအရည်အချင်းတွေကိုပါ ဆောင်ကျဉ်းပေးနိုင်ပါတယ်တဲ့။

အဆင့်မြင့် ဆေးကျမ်းကတော့ ပေးခဲ့ရတဲ့ တန်ဖိုးနဲ့ တကယ် တန်တယ်လို့ ဆိုရမှာပါပဲ။ အဲသည်ဆေးကျမ်းထဲမှာက ဆေးပင်တွေရဲ့ အစွမ်းသတ္တိတွေကို အချက်အလက်ကျကျ ဖော်ပြထားတဲ့အပြင် ဆေးပင်တွေရဲ့ ပေါက်ရောက်ရာ ဒေသကိုလည်း ဖော်ပြထားပါတယ်။

သည်ဆေးကျမ်းထဲမှာ ဖော်ပြထားတဲ့အတိုင်း ဆိုရင်တော့ နတ်ကျက်သရေ အင်ပိုင်ယာမှာ အမြစ်မဲ့ပန်း အဓိက ပေါက်ရောက်ရာ ဒေသဟာ နှစ်ခုပဲ ရှိပါတယ်။ ပြီးတော့ လေမိုးကြိုးလမြောင်ဟာ အဲသည် အဓိက ဒေသနှစ်ခုထဲမှာ မပါပါဘူး။အဲသည်အတွက်ကြောင့် လေမိုးကြိုးလျှိုမြောင်ထဲမှာ ပေါက်တဲ့ အမြစ်မဲ့ပန်းတွေဟာ သက်တမ်းနှစ်တစ်ထောင်ကို ဘယ်တော့မှ မရောက်နိုင်ပါဘူး။

အမြစ်မဲ့ပန်းတွေ အဓိက ပေါက်ရောက်ရာ ဒေသ နှစ်ခုကတော့ ဟင်းလင်းပြင်တောင်ကြားနဲ့ နတ္ထိကျွန်းတို့ပဲ ဖြစ်ပါတယ်။

ဟင်းလင်းပြင်တောင်ကြားရဲ့ ဖြစ်တည်လာမှုကတော့ အရိပ်အသူချောက်၊ လေမိုးကြိုး လျှိုမြောင်တို့နဲ့ မကွာခြားလှပါဘူး။ သူကလည်း သူတော်စင် နှစ်ပါးရဲ့  တိုက်ပွဲကနေ ဖြစ်တည်လာတာပါပဲ။

နတ္ထိကျွန်းကတော့ နာမည်နဲ့ လိုက်အောင် အတော်လေး ထူးဆန်းလှပါတယ်။ ရှေးဟောင်း မှတ်တမ်း၊မှတ်ရာတွေအရ ဆိုရင်တော့ နတ္ထိကျွန်းဟာ သူတော်စင် တစ်ပါး နေထိုင်ခဲ့တဲ့ ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်တဲ့။ ဒါပေမဲ့လည်း အဲဒါကိုတော့ အခုချိန်အထိ ဘယ်သူမှ သက်သေ မပြနိုင်ကြသေးပါဘူး။

“အင်း... သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးက ထင်ထားတာထက် ပိုရှုပ်ထွေးနေပါရောလား။ သည်နေရာမှာက သူတော်စင်တွေနဲ့ ပတ်သက်တဲ့ အရာတွေ အများကြီး ရှိနေတာပဲ "

ဆေးကျမ်းကို ဖတ်နေရင်းနဲ့ လီဖူချန်းဟာ သက်ပြင်းတစ်ချက် ချလိုက်မိပါတယ်။

သူတော်စင်တွေ ပါဝင်ပတ်သက်နေတဲ့ အရာတိုင်းက အတော်လေး ကြောက်စရာ အခြေအနေတွေပါပဲ။ ဒါပေမဲ့လည်း တစ်ဖက်မှာတော့ အဲဒါတွေဟာ မဟာ အခွင့်အရေးတွေလည်း ဖြစ်နေပါသေးတယ်။

လီဖူချန်း အနေနဲ့ ကံကောင်းတာလား၊ ဘာလားတော့ မသိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဟင်းလင်းပြင် တောင်ကြားဟာ နတ်ကျက်သရေ အင်ပိုင်ယာထဲမှာ ရှိနေလို့ပါပဲ။ ဒါပေမဲ့လည်း အဲဒါက နတ်ကျက်သရေ အင်ပိုင်ယာရဲ့ တောင်ဘက်ခြမ်းမှာ တည်ရှိနေတဲ့အတွက် အခု လီဖူချန်းတို့ ရှိနေတဲ့ နေရာနဲ့ ဆိုရင်တော့ အတော်လေး ဝေးတယ်လို့ ဆိုရပါမယ်။

“လီဖူချန်း... နင်က ဟင်းလင်းပြင် တောင်ကြားကို သွားမလို့လား "

လီဖူချန်းရဲ့ ဆန္ဒကို ကြားသိလိုက်ရတဲ့ အခါမှာတော့ ရှန်ကောင်းယုဟာ မျက်လုံးအပြူ းသားနဲ့ သူ့ကို လှမ်းကြည့်လာခဲ့ပါတယ်။

“အေးလေ ... ဘာဖြစ်လို့လဲ "

လီဖူချန်းက ရှန်ကောင်းယုကို  ကြောင်တောင်တောင် တစ်ချက်ကြည့်ပြီး ပြန်မေးလိုက်ပါတယ်။

ရှန်ကောင်းယုက ခေါင်းခါလိုက်ပြီး

“ဘာမှမဖြစ်ဘူး။ ငါ့အိမ်က နတ်ကျက်သရေ အင်ပိုင်ယာရဲ့ တောင်ဘက်ပိုင်းမှာ ရှိလု့ိ သည်အတိုင်း လှမ်းမေးကြည့်တာ "

ပြီးတာနဲ့ တစ်ပြိုင်နက် ရှန်ကောင်းယုက သူ့ရဲ့ စကားကို ထပ်ဆက်ပြန်ပါတယ်။ သူက လီဖူချန်းကို  စကားပြောခွင့်တောင် မပေးတော့ပါဘူး။

“သည်လိုလုပ်ပါလား။ လမ်းလည်း သင့်နေတာဆိုတော့ ငါတို့နှစ်ယောက် ငါ့အိမ်ကို ခဏ ဝင်ကြရအောင်လေ။ ငါက အိမ်ကနေ ထွက်လာတာ အတော်ကြာပြီဆိုတော့ ငါ့အဖေရဲ့ ဒဏ်ရာ အခြေအနေကို တစ်ချက်လောက် သိချင်မိတယ် "

“အင်းလေ ... ဒါဆိုရင်လည်း ဝင်ကြတာပေါ့ "

လီဖူချန်းက ရှန်ကောင်းယုရဲ့ အဖေဟာ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် တစ်ပါးဖြစ်ပြီး ဒဏ်ရာ အကြီးအကျယ် ရထားတယ် ဆိုတာကို သိထားတာ အတော်လေး ကြာနေခဲ့ပါပြီ။သား၊သမီး ဆိုတာက မိဘအပေါ်မှာ စိုးရိမ်ပူပန်တတ်တာ သဘာဝပါပဲ။ အဲသည်အတွက် သူက ရှန်ကောင်းယုရဲ့ အကြံကို လက်ခံလိုက်ပါတယ်။

***

All Chapters