← Chapters

မကျေပွဲ နွှဲကြပြီ

Vol. 45 Ch. 614

မကျေပွဲ နွှဲကြပြီ

Vol. 45 Ch. 614

မိုးကြိုးစက်ကွင်းမြို့ အပြင်ဘက် တစ်နေရာ...

“လီဖူချန်း ... နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ် ဆိုတဲ့ကောင် ရောက်လာရင် လုံးဝ မညှာနဲ့နော် "

“အင်း ... စိတ်ချ "

လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ နှစ်ယောက်ဟာ စကားစမြည် ပြောနေရင်းနဲ့ သဘာဝ ပတ်ဝန်းကျင် အလှတွေကို ခံစားနေကြပါတယ်။ သူတို့က မိုးကြိုးစက်ကွင်းမြို့ရဲ့ အပြင်ဘက်ကို ရောက်နေကြပြီ ဖြစ်ပေမယ့်လည်း သည်နေရာကနေ  အလျင်စလို ထွက်ခွာဖို့ စိတ်ကူးရှိပုံ မရပါဘူး။ကြည့်ရတာတော့ သူတို့က နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ် ပေါ်လာတာကို စောင့်နေကြတဲ့ ပုံပါပဲ။

သူတို့က နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို သိပ်ပြီးတော့ မစောင့်လိုက်ရပါဘူး။ မိုးကြိုးစက်ကွင်း  မြို့ပြင်ကို ရောက်ပြီး သုံးမိနစ်လောက် အကြာမှာပဲ မှုန်ဝါးဝါး လူရိပ်တစ်ခုဟာ သူတို့ရဲ့ နောက်ကနေ ပေါ်လာပါတော့တယ်။အဲသည်လူရိပ်ကတော့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ပါပဲ။

“ဟား... ဟား... ဟား... မင်းတို့နှစ်ယောက်က င့ါလက်ထဲကနေ ပြေးမလွတ်ဘူး ဆိုတာကို သိသားပဲ။ မဆိုးဘူး... မဆိုးဘူး "

စကားသံ ဆုံးတာနဲ့ တစ်ပြိုင်နက် နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ လီဖူချန်းတို့ရှေ့ကို ရောက်လာခဲ့ပါပြီ။ သူ့ပုံစံကတော့ သူ့ရဲ့ အမြန်နှုန်းနဲ့ ပတ်သက်ပြီး သူ့ကိုယ်သူ  ယုံကြည်မှု အပြည့် ရှိတဲ့ပုံပါပဲ။

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိနေတာကလည်း မမှားလှပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်အောက်မှာ ဆိုရင် သူ့ထက် မြန်တဲ့သူက လက်တစ်ဆုပ်လောက်သာ ရှိတာ မဟုတ်ပါလား။ အဲသည်အတွက် လီဖူချန်းတို့ နှစ်ယောက်က ထွက်ပြေးသွားကြရင်တောင် နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ် အနေနဲ့ အချိန်တိုလေး အတွင်းမှာပဲ သူတို့ကို လိုက်မီနိုင်ပါတယ်။

“နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ် အပိုတွေ ပြောမနေနဲ့။ လာ... ငါတို့နှစ်ယောက် မကျေပွဲ နွှဲကြရအောင် "

ရှန်ကောင်းယုက နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို စိန်ခေါ်လိုက်ပါတယ်။

သူက ခန္ဓာကိုယ် အပြင်အားတွေ အများကြီး တိုးတက်လာတာကို သိပေမယ့် ဘယ်လောက်အထိ တိုးတက်လာသလဲ ဆိုတာကိုတော့ သေသေချာချာ မသိသေးပါဘူး။ ဒါက သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား တိုးတက်လာမှုကို မှတ်ကျောက်တင်ရမယ့် အချိန်ပါပဲ။

“အရူး... မင်းအဆင့်နဲ့များ ငါ့ကို စိန်ခေါ်ရဲသေးတယ် "

“သေစမ်း "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ သူ့ရဲ့ မြွေဝိညာဉ်ဓားကို ထုတ်ပြီး တိုက်ခိုက်လိုက်ပါတော့တယ်။

ချွင်...

ပြာလဲ့လဲ့ ဓားအလင်းတန်း တစ်ခုဟာ လေထုထဲမှာ ရုတ်တရက် ဖြစ်တည်လာခဲ့ပါပြီ။ သည်ဓားအလင်းတန်းရဲ့ ပစ်မှတ်ကတော့ ရှန်ကောင်းယုကလွဲပြီး တခြားသူ မရှိပါဘူး။

“သွားစမ်း "

ရှန်ကောင်းယုက သူ့ရဲ့ ချီအပြင်အားတွေကို စုစည်းလိုက်ပြီး လက်သီးချက် တစ်ချက်ထုတ်ကာ ဓားအလင်းတန်းကို ခုခံလိုက်ပါတယ်။

ဘန်း...

သည်တစ်ကြိမ်မှာတော့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ ဓားအလင်းတန်းဟာ ရှန်ကောင်းယုရဲ့ ချီအပြင်အားကို ကျော်လွန်နိုင်ခြင်း မရှိတော့ပါဘူး။ အဲသည်အချက်နဲ့တင်ပဲ ရှန်ကောင်းယုဟာ ခန္ဓာကိုယ် အပြင်အားမှာ ဘယ်လောက်အထိ တိုးတက်လာသလဲ ဆိုတာကို သိနေနိုင်ပါပြီ။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ရှန်ကောင်းယုရဲ့ လက်ရှိ အစွမ်းဟာ တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးရဲ့ အဆင့်မှာပါပဲ။ ဒါပေမဲ့လည်း သူက အဆင့်နိမ့် တိုက်ခိုက်ရေး ဧကရာဇ် အဆင့်မှာသာ ရှိပါသေးတယ်။

"ဒါကြောင့်  မင်းက မိုးကြိုးစက်ကွင်း မြို့ထဲကနေ  ထွက်လာရဲတာကိုး။ဒါပေမဲ့ မင်းရဲ့ အစွမ်းက ငါ့ကိုမီဖို့ အများကြီး လိုသေးတယ်ကွ "

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က ရှန်ကောင်းယုရဲ့ တိုးတက်လာမှုအပေါ် အံ့အားသင့်သွား မိတာတော့ အမှန်ပါပဲ။ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူ့ရဲ့ အံ့အားသင့်မှုဟာ ရက်စက်မှု အဖြစ်ကို ပြောင်းသွားပါတော့တယ်။

ရှန်ကောင်းယုက အရင်ထက် တိုးတက်လာတော့ကော ဘာအရေးလဲ။ အဲဒါက သူ့ရဲ့ ဓားကို နည်းနည်း ပိုအလုပ်ပေးရရုံထက် မပိုပါဘူး။

“စိတ်ဒဏ်ရာ မန္တန် "

အဲသည်အချိန်မှာပဲ ထူးဆန်းတဲ့ စွမ်းအင်လှိုင်း တစ်ခုဟာ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ စိတ်နယ်ပယ်ကို တိုက်ခိုက်လာပါတော့တယ်။သည်မန္တန်ရဲ့ လက်သည် တရားခံကတော့ လီဖူချန်းကလွဲပြီး တခြားသူ မရှိပါဘူး။

“အာ့ "

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ စိတ်ဒဏ်ရာ  မန္တန်နဲ့ ပတ်သက်ပြီး ဘာမှ မယ်မယ်ရရ မပြင်ဆင်ထားတဲ့အတွက် လီဖူချန်းရဲ့ တိုက်ခိုက်မှုကို ကောင်းကောင်းကြီး ခံလိုက်ရပါတယ်။

“အမျိုးယုတ်ကောင် ... မင်းက ငါ့ရဲ့ စိတ်နယ်ပယ်ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့ "

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ ဒေါသူပုန် အကြီးအကျယ် ထသွားတဲ့ ပုံပါပဲ။

“သေဖို့သာပြင်ထား "

သူက ရှန်ကောင်းယုကိုတောင် မတိုက်တော့ဘဲ အသံဆိုးကြီးနဲ့ အော်ဟစ် ကြိမ်းဝါးကာ လီဖူချန်းဆီကို ပြေးဝင်သွားပါတော့တယ်။

“ဘယ်ကို သွားမလို့လဲ။ မင်းရန်သူက ငါပဲ "

ရှန်ကောင်းယုက တိုက်ပွဲရဲ့ အခြေအနေကို ကောင်းကောင်းကြီး ဖတ်နိုင်တဲ့အတွက် နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို လီဖူချန်းဆီ သွားခွင့် လုံးဝ မပေးပါဘူး။ ဒါကြောင့် သူက နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်နောက်ကို ကပ်လိုက်သွားပြီး တရစပ် တိုက်ခိုက်လိုက်ပါတယ်။

“ခွေးမသား နှစ်ကောင် ... မင်းတို့ နှစ်ကောင်လုံး သည်နေ့ သေကို သေစေရမယ် "

ရှန်ကောင်းယုရဲ့ ကြားဖြတ် ဟန့်တားမှုကို ခံလိုက်ရတာကြောင့် နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ လီဖူချန်းဆီကို မသွားနိုင်တော့ပါဘူး။ အဲသည်အတွက် သူ့ရဲ့ ဒေါသတွေဟာ ရှန်ကောင်းယု အပေါ်ကို ပုံကျလာပါတော့တယ်။

“သေစမ်း "

ရွှမ်း...

ဘန်း... ဘန်း... ဘန်း...

ရှန်ကောင်းယုဟာ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ ပြိုင်ဘက်အဆင့်မှာ ဘယ်တုန်းကမှ ရှိမနေခဲ့ပါဘူး။ အဲသည်အတွက် မျက်စိတစ်မှိတ် အတွင်းမှာပဲ ရှန်ကောင်းယုဟာ ဒဏ်ရာ အများအပြား ရသွားပါတော့တယ်။ ဒါပေမဲ့လည်း သူက လုံးဝ နောက်တွန့်မသွားဘဲ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို  အစွမ်းကုန် ခုခံ တိုက်ခိုက်နေဆဲပါပဲ။

“စိတ်ဒဏ်ရာ မန္တန် "

လီဖူချန်းရဲ့ စိတ်ဒဏ်ရာ မန္တန်က နောက်ထပ် တစ်ခေါက် ပေါ်လာခဲ့ပြန်ပါပြီ။

သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ မန္တန်ကို သေသေချာချာ အချိန်ယူပြီး ပြင်ဆင်ထားခဲ့တာပါ။ အဲသည်အတွက် သူ့ရဲ့ တိုက်ခိုက်မှုဟာ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ စိတ်နယ်ပယ်ထဲကို မြားတစ်စင်းလိုပဲ ထိုးဖောက် ဝင်ရောက်သွားပါတော့တယ်။

ဘန်း...

လီဖူချန်းရဲ့ သည်တစ်ကြိမ် စိတ်ဒဏ်ရာ မန္တန်က နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်အပေါ် အတော်လေး သက်ရောက်မှု ပြင်းထန်သွားပုံပါပဲ။ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ ရှန်ကောင်းယုရဲ့ လက်သီးချက်ကိုတောင် မရှောင်နိုင်တော့ဘဲ ထိမှန်ခံလိုက်ရပါတယ်။

“ခွေးမသား... သည်နေ့ ငါအရင်ဆုံး သတ်မယ့်သူက မင်းပဲ "

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ လီဖူချန်းကို နောက်ထပ်တစ်ကြိမ် ကြိမ်းမောင်းလိုက်ပြန်ပါတယ်။ သူ့ရဲ့ လီဖူချန်းအပေါ် သတ်ဖြတ်ချင်စိတ်တွေကလည်း တိမ်တွေအထိကို ထိုးတက်သွားသလိုပါပဲ။

သူက သူ့ဘဝမှာ ဘယ်တုန်းကမှ လူတစ်ယောက်ကို သည်လောက်အထိ သတ်ချင်စိတ် မပြင်းပြဖူးပါဘူး။

လီဖူချန်းကတော့ အေးအေးဆေးဆေးပါပဲ။ သူက နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ ကြိမ်းမောင်းမှုကို လုံးဝ ဂရုစိုက်ပုံ မပေါ်ပါဘူး။ သူက စိတ်ဒဏ်ရာ မန္တန်ကို နောက်ထပ် တစ်ကြိမ် သုံးဖို့အတွင်တောာင်မှ ပြင်ဆင်ပြီးနေခဲ့ပါပြီ။

စိတ်ဒဏ်ရာ မန္တန် ဆိုတာက လောကကြီးထဲက  အမျိုးအမည် မသိတဲ့ ချီအရှိန်အဝါတွေကို စုစည်းပေးပြီး အသုံးပြုသူရဲ့ ကိုယ်ပိုင် စိတ်ဆန္ဒအတိုင်း တိုက်ခိုက်နိုင်အောင် နည်းပေးလမ်းပြ လုပ်ပေးတဲ့ ပညာရပ် တစ်ခုပါပဲ။ ပြီးတော့ လီဖူချန်းက အဲသည် အမျိုးအမည် မသိတဲ့ ချီအရှိန်အဝါကို စိတ်စွမ်းအင်လို့ အမည်ပေးထားပါတယ်။

သည်စိတ်စွမ်းအင်က စွမ်းအင်တစ်မျိုး ဆိုပေမယ့်လည်း သာမန်အခြေအနေတွေမှာဆိုရင်တော့ သူ့ကို အာရုံခံနိုင်ဖို့က လုံးဝ မဖြစ်နိုင်ပါဘူး။လီဖူချန်းရဲ့ အထင်အရ ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာကို အထူး လေ့ကျင့်ထားတဲ့ ကျင့်ကြံသူတွေကသာ စိတ်စွမ်းအင်ရဲ့ တည်ရှိမှုကို အာရုံခံနိုင်စွမ်း ရှိနိုင်ကြပါလိမ့်မယ်။

“မင်း... မင်း... မင်း... ငါ့ကို ဘာလုပ်လိုက်တာလဲ "

လီဖူချန်းရဲ့ စိတ်ဒဏ်ရာ မန္တန်ကို အကြိမ်ကြိမ် ထိပြီးတဲ့ နောက်မှာတော့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ အလွန်အမင်း မောပန်းလာတာကို ခံစားလာခဲ့ရပါပြီ။သည်ခံစားမှုက သူ့အနေနဲ့ ဆယ်ရက်လောက် ဆက်တိုက် မနားမနေ တိုက်ခိုက်လာခဲ့ရသလိုပါပဲ။ သူက ဖြစ်နိုင်မယ်ဆိုရင် ခဏလောက်ဖြစ်ဖြစ် တစ်ရေးတစ်မော အိပ်ပစ်လိုက်ချင်ပါသေးတယ်။

“စိတ်ယစ်မူး မန္တန် "

လီဖူချန်းက နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ စိတ်အခြေအနေကို မခန့်မှန်းမိဘဲ မနေပါဘူး။ အဲသည်အတွက် သူဟာ စိတ်ယစ်မူး မန္တန်ကို မတုံ့ဆိုင်းဘဲ အလျင်အမြန် ထုတ်သုံးလိုက်ပါတယ်။

စိတ်နယ်ပယ်မှာ ထိခိုက်ဒဏ်ရာ တော်တော်လေး ရနေပြီ ဖြစ်တဲ့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ စိတ်ယစ်မူး မန္တန်ရဲ့ အစွမ်းကို ဘယ်လိုမှ တောင့်မခံနိုင်ပါဘူး။ အဲသည်အတွက် သူဟာ ပုံရိပ်ယောင် ကမ္ဘာတစ်ခုထဲကို ထိုးကျသွားပါတော့တယ်။

“မကောင်းတော့ဘူး "

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ စိတ်အခြေအနေက အတော်လေး ဆိုးဝါးနေပြီ ဖြစ်ပေမယ့်လည်း သူက အသိတော့ ကပ်နေဆဲပါပဲ။ အဲသည်အတွက် သူက  သူ့ရဲ့ လျှာကို သူပြန်ကိုက်ပြီး စိတ်ယစ်မူး မန္တန်ရဲ့ ပုံရိပ်ယောင် ကမ္ဘာထဲကနေ လွတ်အောင် ကြိုးစားလိုက်ပါတော့တယ်။

“သဏ္ဌာန်ငါးမျိုး လက်သီးဧကရာဇ်၊ ချန်းလျွန် ကကြိုး "

(note : ချန်းလျွန်ငှက် ဆိုတာကတော့ ဇာမဏီငှက်ကို ယှဉ်နိုင်တဲ့ ဒဏ္ဍာရီလာ ငှက်တစ်မျိုး ဖြစ်ပါတယ်။)

ဂီး...

စူးရှစွာ အော်မြည်သံကြီးနဲ့အတူ ကြီးမားလှတဲ့ ငှက်ကြီး တစ်ကောင်ရဲ့ ပုံရိပ်ဟာ ရှန်ကောင်းယုရဲ့ လက်သီးထဲကနေပြီး ထွက်ပေါ်လာခဲ့ပါပြီ။ ပြီးတာနဲ့ တစ်ပြိုင်နက် ငှက်ကြီးဟာ  နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဆီကို တိုးဝင်သွားပြီး တောင်ပံနဲ့ ရိုက်ချလိုက်ပါတော့တယ်။

ဖန်း...

“ဝေါ့ "

စိတ်ယစ်မူး မန္တန်ရဲ့ ပုံရိပ်ယောင် နယ်ပယ်အောက်ကနေ မနည်းလွတ်အောင် ကြိုးစားနေရတဲ့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ ရှန်ကောင်းယုရဲ့ တိုက်ခိုက်မှုကို ဘယ်လိုမှ မရှောင်တိမ်းနိုင်ခဲ့ပါဘူး။ အဲသည်အတွက် သူဟာ  သွေးတစ်လုတ် အန်ပြီး အနောက်ကို လွင့်ထွက်သွားပါတော့တယ်။

အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးနဲ့ အဆင့်နိမ့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးရဲ့ ကြားမှာရှိတဲ့ ကွာဟမှုဟာ နည်းနည်းနှောနှော မဟုတ်ပါဘူူး။ ဒါပေမဲ့လည်း အခုတော့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ အဆင့်နိမ့် တိုက်ခိုက်ရေး ဧကရာဇ် အဆင့်မှာသာ ရှိသေးတဲ့ ရှန်ကောင်းယုရဲ့ လက်ချက်ကြောင့် ဒဏ်ရာ ရသွားခဲ့ပါပြီ။ ဒါတွေအားလုံးရဲ့ အဓိက လက်သည် တရားခံကတော့ လီဖူချန်းပါပဲ။

တကယ်လို့သာ လီဖူချန်း တစ်ယောက်တည်း ဆိုရင်တော့  နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ သူ့ကို အလွယ်တကူပဲ ရှင်းပစ်နိုင်ပါတယ်။ ဒါပေမဲ့ ရှန်ကောင်းယုက ကြားထဲကနေ ဝင်ပြီး ကန့်လန့်ကန့်လန့် လုပ်နေတဲ့အတွက် သူဟာ လီဖူချန်းကို ရှင်းပစ်ဖို့ အခွင့်မသာတော့ပါဘူး။

“ငါဘယ်လောက်ပဲ ဒဏ်ရာရရ ကိစ္စမရှိဘူူး။ ဒါပေမဲ့ သည်ကောင့်ကိုတော့ မရရအောင် သတ်ပစ်ရမယ် "

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က သွားကို ကျစ်ကျစ်ပါအောင် စေ့လိုက်ပြီး ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပါတော့တယ်။ သည်တိုက်ပွဲမှာ သူ့ကို ဒဏ်ရာရစေနိုင်တဲ့လူက လီဖူချန်းကလွဲပြီး တခြားလူ မရှိပါဘူူး။ အဲသည်အတွက် သူဟာ လီဖူချန်းကို မရရအောင် သတ်ရပါတော့မယ်။

“ယား "

ဆုံးဖြတ်ချက် ချပြီးသွားတဲ့ နောက်မှာတော့  နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ မာန်သွင်းသံ တစ်ခုကို ပြုလုပ်လိုက်ပြီး အနီရောင် အလင်းတန်းတွေနဲ့ အတူ လေထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ်။

ဟူး...

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ် ပြန်ပေါ်လာတဲ့ အချိန်မှာတော့ သူဟာ လီဖူချန်းရဲ့ နောက်ကျောဘက်မှာ ရောက်နေခဲ့ပါပြီ။

“ခွေးမသား ... သေစမ်း "

ပြီးတာနဲ့ တစ်ပြိုင်နက် သူဟာ  လီဖူချန်းကို အငြိုးတကြီး တိုက်ခိုက်လိုက်ပါတော့တယ်။

“မကောင်းတော့ဘူး "

ရှန်ကောင်းယုက မျက်ကလူးဆန်ပြာနဲ့  နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို တိုက်ခိုက်ဖု့ိ ပြင်လိုက်ပေမယ့်လည်း အတော်လေး နောက်ကျသွားခဲ့ပါပြီ။

သူက နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ သည်လောက်အထိ မြန်လိမ့်မယ်လို့ လုံးဝ မထင်ခဲ့မိပါဘူး။

ဒါပေမဲ့ တခြားတစ်ဖက်မှာတော့ လီဖူချန်းဟာ  နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို ခုခံဖု့ိအတွက် အသင့်အနေအထား ပြင်ထားပြီးနှင့် နေပါပြီ။သူက  နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်လို လူတစ်ယောက်အနေနဲ့ ဝှက်ဖဲ မရှိဘဲ မနေဘူးလို့ ယုံကြည်ပါတယ် ။ ဒါကြောင့် သူဟာ  နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ တိုက်ခိုက်မှုကို ခုခံဖို့အတွက် အမြဲလိုလို အသင့်ပြင်ထားခဲ့တာပါ။

“ဟမ့် ... အခုတော့ မင်းသေရတော့မယ် မဟုတ်လား "

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ လီဖူချန်းကို ဓားနဲ့ခုတ်ပိုင်းနေရင်းနဲ့ ခပ်ထေ့ထေ့ လှောင်ပြောင်လိုက်ပါတယ်။ သူ့ရဲ့ အမြင်မှာတော့ လီဖူချန်းဟာ သေနှင့်ပြီးနေခဲ့ပါပြီ။

သူက လီဖူချန်းဟာ သူ့ရဲ့ ဓားချက်ကို ရှောင်နိုင်မယ်လို့ မထင်သလို ခုခံနိုင်မယ်လို့လည်း မယုံကြည်ပါဘူး။

ဒါပေမဲ့လည်း လီဖူချန်းကတော့ ခပ်အေးအေး ရှိနေဆဲပါပဲ။ သူက မန္တန်တစ်ပုဒ်ကိုတောင် ခပ်ဖြည်းဖြည်း ရွတ်ဆိုလိုက်ပါသေးတယ်။

“အရိပ်တစ္ဆေ မန္တန် "

ရွှမ်း...

မြွေဝိညာဉ်ဓားဟာ လီဖူချန်းကို နှစ်ပိုင်း ပိုင်းဖြတ်သွားခဲ့ပါပြီ။ဒါပေမဲ့လည်း  နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကတော့ သူ့ရဲ့ ဓားဟာ လူကို ခုတ်မိလိုက်တယ်လို့ လုံးဝ မခံစားမိလိုက်ပါဘူး။အဲသည်အတွက် သူ့ရဲ့ မျက်နှာဟာ ပြိုတော့မယ့် မိုးလို မှိုင်းညို့သွားပါတော့တယ်။

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ ခံစားမှုဟာ လုံးဝ မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပိုင်း ပြတ်သွားတဲ့ လီဖူချန်းရဲ့ ပုံရိပ်ဟာ လေထုထဲမှာ လွင့်မျာ ပျောက်ကွယ်သွားလို့ပါပဲ။ အဲဒါက လီဖူချန်းရဲ့ အရိပ်သာ ဖြစ်နေခဲ့ပါတယ်။

အရိပ်တစ္ဆေ မန္တန်...

သည်မန္တန်က တစ်ဖက်လူရဲ့ တိုက်ခိုက်မှုကို အရိပ်တစ်ခုနဲ့ အစားထိုးပြီး ရှောင်တိမ်းလို့ရတဲ့ မန္တန်တစ်ခုပါပဲ။

အတိတ်တုန်းကဆိုရင် ဂါထာ၊မန္တရား သိုင်းဧကရာဇ်ဟာ သည်မန္တန်ကို အသုံးပြု ပြီး မရေမတွက်နိုင်တဲ့ ဘေးအန္တရာယ်တွေကို ရှောင်တိမ်းနိုင်ခဲ့ပါသေးတယ်။

တကယ်လို့ သင့်အနေနဲ့ အရိပ်တစ္ဆေ ဆိုတဲ့ နာမည် တစ်ခုလေးကို ကြည့်ပြီး သည်မန္တန်ဟာ အတော်လေး  အစွမ်းထက်တယ်လို့ ထင်ရင်တော့ သင်ဟာ အမှားကြီး မှားသွားပါလိမ့်မယ်။

သည်အရိပ်တစ္ဆေ မန္တန်ဆိုတဲ့ နာမည်ဟာ တော်တော်လေး နားထောင်လို့ ကောင်းပေမယ့် တကယ့် တကယ်တမ်းမှာတော့ အဲဒါက နေရာလွှဲပြောင်း မန္တန်ရဲ့ အဆင့်နိမ့် မူကွဲလေး တစ်ခုထက် မပိုပါဘူး။ ဒါက သည်အတိုင်း သာမန် အဆင့်နိမ့် မန္တန်လေး တစ်ခု သက်သက်ပါပဲ။

ဘန်း...

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က လီဖူချန်းကို ဓားနဲ့ထိအောင် မခုတ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့လည်း ရှန်ကောင်းယုကတော့  နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို လက်သီးနဲ့ ထိအောင် မိမိရရကြီး ထိုးနိုင်ခဲ့ပါတယ်။

“ဝေါ့ "

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ နောက်ထပ်တစ်ကြိမ် သွေးအန်လိုက်ရ ပြန်ပါပြီ။

“ငါ ... နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က သစ္စာဆိုတယ်။ နောက်တစ်ခါ ထပ်တွေ့ကြရင် မင်းတို့နှစ်ယောက်စလုံးကို မရရအောင် သတ်ပစ်မယ် "

သွေးနှစ်ကြိမ် အန်ပြီးတဲ့နောက်မှာတော့  နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ ဆက်ပြီး တိုက်ခိုက်ဖို့ စိတ်ကူး မရှိတော့ပါဘူး။ အဲသည်အတွက် သူက ခန္ဓာကိုယ်ကို တစ်ချက်လှည့်လိုက်ပြီး လေထုထဲမှာ ပျောက်ကွယ်သွားပါတော့တယ်။

“ဝိုး... သည်ကောင်က အခုထက်ထိ အပြော မလျော့သေးပါလား "

လီဖူချန်းကတော့ မျက်ခုံးပင့်ပြီး ကျန်နေခဲ့ပါတယ်။ သည်နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဆိုတဲ့ကောင်ဟာ အရင်တုန်းကလည်း သည်လို ခြိမ်းခြောက်ဖူးတာပါပဲ။ အဲသည်အတွက် သူက  နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ ခြိမ်းခြောက်မှုကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်တော့ပါဘူး။

***

All Chapters