သူတော်စင် ဥယျာဉ်
Vol. 46 Ch. 622
သွေးလက်ချောင်း ဘုရင်ရဲ့ စူးရှစွာ အော်ဟစ်လိုက်သံကြောင့် အိပ်ပျော်နေတဲ့ ကုဟိုင်တောင်ဆိတ်ဟာ မျက်လုံးတစ်ဖက် ပွင့်လာခဲ့ပါပြီ။ အဲသည်မျက်လုံးကတော့ ရွှေရောင်သန်းနေပြီး ရက်စက်မယ့်ပုံ အပြည့်ပါပဲ။
အဲသည်နောက်မှာတော့ ကုဟိုင်တောင်ဆိတ်က ပါးစပ်ကို ဟလိုက်ပြီး လေတစ်ချက်ကို မှုတ်ထုတ်လိုက်ပါတော့တယ်။
ဟူး ...
မယုံနိုင်စရာ ကောင်းလောက်အောင် ပူပြင်းလွန်းလှတဲ့ အပှုလှိုင်း တစ်လုံးဟာ မူလပင်လယ် နယ်ပယ် ဘုရင် တစ်ဝက်လောက်ကို ပြာအဖြစ် ဘဝ ပြောင်းသွားစေခဲ့ပါပြီ။
“လခွီးပဲ ... သည်အတိုင်းဆို ငါဘဝ ပျက်တော့မယ်”
လီဖူချန်းကလည်း သူ့ရဲ့ အခြေအနေကို မရိပ်မိဘဲ မနေပါဘူး။ အဲသည်အတွက် သူက မြန်နှုန်းမြှင့် တံဆိပ်တော်ကို အလျင်အမြန် အသက်သွင်းလိုက်ပါတော့တယ်။
ရွှီး ...
မျက်စိတစ်မှိတ် အတွင်းမှာပဲ လီဖူချန်းဟာ ရှေ့က လူစုကို လိုက်မီသွားခဲ့ပါပြီ။
ဒါပေမဲ့လည်း အပူလှိုင်းလုံးကြီးရဲ့ အမြန်နှုန်းက ပိုလို့တောင် မြန်ပါသေးတယ်။ အဲဒါက အရှေ့ဆုံးမှာ ရှိနေတဲ့ လူစုကိုတောင် မီလုမီခင်ပါပဲ။
“အား”"အား”"အမယ်လေး”
ကျယ်လှောင်လှတဲ့ အော်ဟစ်သံတွေ ထွက်ပေါ်လာ အပြီးမှာတော့ နောက်ထပ် မူလပင်လယ် နယ်ပယ် ဘုရင် တချို့ဟာ ပြာအဖြစ် ဘဝ ပြောင်းသွားကြပြန်ပါပြီ။
အပူလှိုင်းလုံးကြီးက သူတို့ကို မီလာပြီ ဆိုတာကို သိလိုက်တဲ့ နောက်မှာတော့ လီဖူချန်းက ထူးခြားတဲ့ လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီး မန္တာန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်ပါတော့တယ်။
“အရိပ်တစ္ဆေ္တ မန္တာန်”
ဒါကတော့ ဂါထာ၊မန္တရား သိုင်းဧကရာဇ်ရဲ့ အကြိုက်ဆုံး မန္တာန်တွေထဲက တစ်ပုဒ်ပါပဲ။
အတိတ်တုန်းကဆိုရင် ဂါထာ၊မန္တရား သိုင်းဧကရာဇ်ဟာ သည်မန္တာန်ကို အသုံးပြု ပြီး မရေမတွက်နိုင်တဲ့ ဘေးအန္တရာယ်တွေကို ရှောင်တိမ်းနိုင်ခဲ့ပါသေးတယ်။
အဲသည်မန္တာန်က လီဖူချန်းကိုလည်း စိတ်မပျက်စေခဲ့ပါဘူး။
ရဲှ…
လီဖူချန်းရဲ့ ပုံရိပ်က အရိပ်ဖြစ်သွားပြီး ချက်ချင်းဆိုသလိုပဲ အပူလှိုင်းလုံးကြီးဟာ သူ့ရဲ့ အရိပ် အပါအဝင် မူလပင်လယ် နယ်ပယ် ဘုရင် အများအပြားကို ဝါးမျိုသွားပါတော့တယ်။
လီဖူချန်းရဲ့ ပုံရိပ် ပြန်ပေါ်လာတဲ့ အခါမှာတော့ သူဟာ ကျောက်တံခါးဝကို ရောက်နေခဲ့ပါပြီ။ ပြီးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ အချိန် ဆိုင်းမနေတော့ဘဲ ကျောက်တံခါးထဲကို တိုးဝင်သွားပါတော့တယ်။
“အိုး ...လှလိုက်တဲ့ ရှုခင်းပါလား”
ကျောက်တံခါးကြီးရဲ့ တစ်ဘက်ခြမ်းမှာ ရှိနေတာကတော့ အဆုံးမရှိတဲ့ ပန်းပင်လယ်ကြီး တစ်ခုပါပဲ။
လီဖူချန်းက သေသေချာချာ အာရုံစိုက်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့ သည်ပန်းပင်လယ်ကြီးဟာ တကယ်တမ်းမှာ ဆေးပင်တွေ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
သူတို့ထဲက အများစုကတော့ အဝါရောင် အဆင့် ဆေးပင်တွေ၊ ဆန်းကြယ်အဆင့် ဆေးပင်တွေနဲ့ မြေကမ္ဘာအဆင့် ဆေးပင်တွေပါပဲ။ ပြီးတော့ သည်ဆေးပင်တွေရဲ့ အရေအတွက်က မယုံနိုင်လောက်အောင်ကို များပြားနေပြီး အနည်းဆုံး ကုဋေတစ်ရာ နီးပါးလောက် ရှိနေပါတယ်။
ပန်းပင်လယ်ကြီးကို ကြည့်ပြီး လီဖူချန်းအနေနဲ့ သေသေချာချာ ပြောနိုင်တာကတော့ သည်ဆေးပင်တွေရဲ့ အမျိုးအမည်တွေကို ဘယ်သူကမှ တိတိကျကျ ရေတွက်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး ဆိုတာပါပဲ။ သည်နေရာမှာက လောကပေါ်မှာ ရှိသမျှ ဆေးပင်တွေ အကုန်လုံးနီးပါး ပေါက်ရောက်နေပြီး အဲသည်ဆေးပင်တွေဟာလည်း မရေမတွက်နိုင်လောက်အောင်ကို များပြားနေတာ မဟုတ်ပါလား။
“များလိုက်တဲ့ ကောင်းကင် အဆင့် ဆေးပင်တွေ”
လီဖူချန်းရဲ့ အကြည့်က တစ်နေရာကို အရောက်မှာတော့ များပြားလှတဲ့ ကောင်းကင်အဆင့် ဆေးပင်တွေကို သတိပြုမိလိုက်ပါတယ်။
အဲသည်ဆေးပင်တွေကတော့ ရေခဲပြာ ဆေးပင်တွေ၊ အကြွင်းမဲ့ ခုနစ်ပါး ပန်းတွေ၊ စက္ခုသုံးပါး ပန်းတွေ၊ ခရမ်းရောင်မီးတောက် ပန်းတွေ အစရှိသဖြင့် စုံလို့ပါပဲ။ ပြီးတော့ အမြစ်မဲ့ပန်း တစ်အုပ်ကြီးကလည်း လေထဲမှာ လွင့်မျောနေပါသေးတယ်။
“လီဖူချန်း ... နင်ရောက်လာပြီလား”
ပန်းပင်လယ်ကြီးထဲမှာတော့ တစ်ဒါဇင်နီးပါးရှိတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာ ရောက်ရှိနှင့်နေကြပါပြီ။ လူလျို့၊ကျိရီ၊ ရှင်းတိကောဝမ်နဲ့ ရှန်ကောင်းယုတို့ကလည်း အဲသည် လူတွေထဲမှာပါပဲ။
အစောပိုင်းက လီဖူချန်းကို လှမ်းနှုတ်ဆက်လိုက်သူကတော့ ရှန်ကောင်းယုက လွဲပြီး တခြားလူ မရှိပါဘူး။
“အင်း”
လီဖူချန်းက ခေါင်းညိတ်ပြလိုက်ပြီး ရှင်းတိကောဝမ်ကို တစ်ချက် လှမ်းအကဲခတ်လိုက်ပါတယ်။
သူက ရှင်းတိကောဝမ် တစ်ယောက် သည်ပန်းပက်လယ်ထဲကို ရောက်နေတဲ့ အပေါ်မှာတော့ သိပ်ပြီး မအံ့သြမိပါဘူး။ ်လယ်ကြီးဟာ တကယ်တမ်းမှာ ဆေးပင်တွေ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
သူတို့ထဲက အများစုကတော့ အဝါရောင် အဆင့် ဆေးပင်တွေ၊ ဆန်းကြယ်အဆင့် ဆေးပင်တွေနဲ့ မြေကမ္ဘာအဆင့် ဆေးပင်တွေပါပဲ။ ပြီးတော့ သည်ဆေးပင်တွေရဲ့ အရေအတွက်က မယုံနိုင်လောက်အောင်ကို များပြားနေပြီး အနည်းဆုံး ကုဋေတစ်ရာ နီးပါးလောက် ရှိနေပါတယ်။
ပန်းပင်လယ်ကြီးကို ကြည့်ပြီး လီဖူချန်းအနေနဲ့ သေသေချာချာ ပြောနိုင်တာကတော့ သည်ဆေးပင်တွေရဲ့ အမျိုးအမည်တွေကို ဘယ်သူကမှ တိတိကျကျ ရေတွက်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး ဆိုတာပါပဲ။ သည်နေရာမှာက လောကပေါ်မှာ ရှိသမျှ ဆေးပင်တွေ အကုန်လုံးနီးပါး ပေါက်ရောက်နေပြီး အဲသည်ဆေးပင်တွေဟာလည်း မရေမတွက်နိုင်လောက်အောင်ကို များပြားနေတာ မဟုတ်ပါလား။
“များလိုက်တဲ့ ကောင်းကင် အဆင့် ဆေးပင်တွေ”
လီဖူချန်းရဲ့ အကြည့်က တစ်နေရာကို အရောက်မှာတော့ များပြားလှတဲ့ ကောင်းကင်အဆင့် ဆေးပင်တွေကို သတိပြုမိလိုက်ပါတယ်။
အဲသည်ဆေးပင်တွေကတော့ ရေခဲပြာ ဆေးပင်တွေ၊ အကြွင်းမဲ့ ခုနစ်ပါး ပန်းတွေ၊ စက္ခုသုံးပါး ပန်းတွေ၊ ခရမ်းရောင်မီးတောက် ပန်းတွေ အစရှိသဖြင့် စုံလို့ပါပဲ။ ပြီးတော့ အမြစ်မဲ့ပန်း တစ်အုပ်ကြီးကလည်း လေထဲမှာ လွင့်မျောနေပါသေးတယ်။
“လီဖူချန်း ... နင်ရောက်လာပြီလား”
ပန်းပင်လယ်ကြီးထဲမှာတော့ တစ်ဒါဇင်နီးပါးရှိတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာ ရောက်ရှိနှင့်နေကြပါပြီ။ လူလျို့၊ကျိရီ၊ ရှင်းတိကောဝမ်နဲ့ ရှန်ကောင်းယုတို့ကလည်း အဲသည် လူတွေထဲမှာပါပဲ။
အစောပိုင်းက လီဖူချန်းကို လှမ်းနှုတ်ဆက်လိုက်သူကတော့ ရှန်ကောင်းယုက လွဲပြီး တခြားလူ မရှိပါဘူး။
“အင်း”
လီဖူချန်းက ခေါင်းညိတ်ပြလိုက်ပြီး ရှင်းတိကောဝမ်ကို တစ်ချက် လှမ်းအကဲခတ်လိုက်ပါတယ်။
သူက ရှင်းတိကောဝမ် တစ်ယောက် သည်ပန်းပက်လယ်ထဲကို ရောက်နေတဲ့ အပေါ်မှာတော့ သိပ်ပြီး မအံ့သြမိပါဘူး။ ဧကရာဇ်တစ်ပါးက သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ”
“ငါကတော့ သူတော်စင်တွေ ဘယ်လောက်အထိ ကြီးမြတ်သလဲ ဆိုတာကို သိပ်ဂရုမစိုက်ဘူး။ ငါဂရုစိုက်တာကတော့ သည်သူတော်စင် ဥယျာဉ်ကနေပြီး လက်ဗလာနဲ့ မပြန်ရဖို့ဘဲ”
သူရဲခြေထောက်လို့ နာမည်ကျော်ကြားတဲ့ ဘုရင်တစ်ပါးကလည်း သူ့ရဲ့ အတွေးကို ထုတ်ဖော်လာခဲ့ပါတယ်။ သူကတော့ ပန်းပင်လယ်ကြီးဆီကို ပြေးပြီး ဆေးပင်တွေကို နုတ်ယူဖို့အတွက် ဘယ်လိုမှ မစောင့်နိုင်တော့ပုံပါပဲ။
ဒါကလည်း သူ့အပြစ်တော့ မဟုတ်ပါဘူး။ သည်နေရာမှာ ရှိနေတဲ့ ဆေးပင်တွေက မယုံနိုင်လောက်အောင်ကို များပြားလွန်းလှတဲ့အတွက် ဥပဒေသ ပြောင်းလဲခြင်း ဧကရာဇ် တစ်ပါးကိုတောင်မှ အရူးအမူး ဖြစ်သွားစေလောက်တာ မဟုတ်ပါလား။
ဒါပေမဲ့လည်း စိတ်မကောင်းစရာ တစ်ခုကတော့ လေမိုးကြိုး လျှိုမြောင်ကော၊ ဟင်းလင်းပြင်တောင်ကြားကပါ ဧကရာဇ်တွေကို ဝင်ရောက်ခွင့် ကန့်သတ် ပိတ်ပင်ထားတာပါပဲ။ အဲဒါက ဘာဖြစ်လို့လဲ ဆိတာကိုတော့ ဘယ်သူမှ မသိကြပါဘူး။
“ရှန်ကောင်းယု ... သည်ပန်းပင်လယ်က ထင်သလောက် ရိုးရှင်းမယ့်ပုံ မပေါ်ဘူး။ အဲသည်တော့ သတိလက်လွတ် မနေနဲ့”
လီဖူချန်းက ပန်းပင်လယ်နဲ့ ပက်သက်ပြီး စိတ်ထဲမှာ မသိုးမသန့် ခံစားနေရတဲ့အတွက် ရှန်ကောင်းယုကို တိတ်တဆိတ် သတိပေးလိုက်ပါတယ်။
ရှန်ကောင်းယုကလည်း အန္တ္တရာယ် အနံ့ကို ခံမိပြီးသားပါပဲ။
“အင်း ... ငါကတော့ သည်သူတော်စင် ဥယျာဉ် တစ်ခုလုံးကိုက မရိုးရှင်းဘူးလို့ ထင်နေတာ။ သည်နေရာမှာက တခြား မြုပ်ကွက်တစ်ခု ရှိကို ရှိရမယ်”
ရွှီး ...
အဲသည်အချိန်မှာပဲ သူရဲခြေထောက် ဘုရင်ဟာ ပန်းပင်လယ်ကြီးဆီကို ပြေးဝင်သွားပါတော့တယ်။ကြည့်ရတာတော့ သူက သူ့ရဲ့ စိတ်ကို ဘယ်လိုမှ ချုပ်တည်း မထားနိုင်တော့တဲ့ ပုံပါပဲ။
သူရဲခြေထောက် ဘုရင်ရဲ့ အမြန်နှုန်းကတော့ သူ့ရဲ့ ဘွဲ့ထူးနဲ့ လိုက်ဖက်ညီတယ်လို့ ဆိုရပါမယ်။ သူ့ရဲ့ အမြန်နှုန်းက သည်နေရာကို ရောက်နေတဲ့ လူတွေထဲမှာ သေချာပေါက် အမြန်ဆုံးပါပဲ။ အဲသည်အတွက် သူက မျက်စိတစ်မှိတ် အတွင်းမှာပဲ ပန်းပင်လယ်ကြီးထဲမှာ မြုပ်ဝင် ပျောက်ကွယ် သွားခဲ့ပါပြီ။
“ဟား ... ဟား ... ဒါက နှစ်ငါးရာ သက်တမ်းရှိတဲ့ အမြစ်မဲ့ပန်းပါလား။ ငါတော့ ပွပြီဟေ့”
သိပ်မကြာခင်မှာပဲ သူရဲခြေထောက်ရဲ့ ဝမ်းသာအားရ ရယ်သံကြီး တစ်ခုဟာ ပန်းပင်လယ်ထဲက နေပြီး လွင့်ပျံလာပါတော့တယ်။
“မရတော့ဘူး။ ငါလည်း သွားတော့မယ်"
“အတူတူ သွားကြတာပေါ့”
“အေး”
သူရဲခြေထောက်ရဲ့ ရယ်သံကြီးကို ကြားပြီးတဲ့ အခါမှာတော့ မြက်ခမောက်ကြီးကို ဆောင်းထားတဲ့ လူနဲ့ တခြားသော မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာ ဘယ်လိုမှ စိတ်မထိန်းနိုင်ကြတော့ပါဘူး။ သူတို့က ပန်းပင်လယ်ကြီးထဲကို တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်သွားကြပါတော့တယ်။
သူတို့က သည်သူတော်စင် ဥယျာဉ်ဟာ အန္တရာယ်များပြီး အရာအားလုံးကလည်း ထင်သလို မရိုးရှင်းဘူး ဆိုတာကို သတိမပြုမိဘဲ မနေပါဘူး။ ဒါပေမဲ့လည်း ဆေးပင်တွေ အပြည့် ပေါက်နေတဲ့ သည်ပန်းပင်လယ်ကြီးရဲ့ ဆွဲဆောင်မှုကို တောင့်ခံနိုင်ဖို့ဆိုတာက သူတို့အတွက် ခဲယဉ်းလွန်းလှပါတယ်။
ပြီးတော့ သူတို့က သည်ဟင်းလင်းပြင် တောင်ကြားကို အပျင်းပြေ လမ်းလျှောက်ထွက်လာကြတာ မဟုတ်ပါဘူး။ သည်နေရာမှာက အန္တရာယ်တွေ ရောပြွမ်းနေပြီး အခန့်မသင့်ရင် အသက်ပါ ပေးလိုက်ရနိုင်တယ် ဆိုတာကို သူတို့အားလုံး သိထားပြီးသားပါပဲ။
ရှင်းတိကောဝမ်ကလည်း ဘယ်အချိန်ကနေ ဘယ်လို ပန်းပင်လယ်ကြီးထဲကို ရောက်သွားမှန်း မသိပါဘူး။
နောက်ဆုံးမှာတော့ ပန်းပင်လယ်ကြီးထဲကို မဝင်ဘဲ ရပ်ပြီး ကျန်နေခဲ့သူတွေဟာ လူလျို့၊ကျိရီ၊လီဖူချန်း နဲ့ ရှန်ကောင်းယုတို့သာ ရှိပါတော့တယ်။
“သည်က သခင်လေးရှင့် ... တကယ်လို့ ညီမတို့အနေနဲ့ သည်ဟင်းလင်းပြင် တောင်ကြားကနေ အသက်ရှင်လျက် ထွက်နိုင်ခဲ့မယ် ဆိုရင် သခင်လေးကို ညီမအနေနဲ့ လေဟာနယ်မြို့မှာ ညစာတစ်နပ်လောက် တည်ခင်းဧည့်ခံပါရစေရှင့်”
သူတို့လေးယောက်ကလွဲပြီး ဘယ်သူမှ မရှိတော့တဲ့ အခါမှာတော့ လူလျို့ဟာ လီဖူချန်းကို မခို့တရို့လေး ပြုံးပြပြီး ညစာ တည်ခင်းဧည့်ခံခွင့် ပြုဖို့အတွက် ခွင့်တောင်းလိုက်ပါတယ်။
လူလျို့က လီဖူချန်းကို အတော်လေး စိတ်ဝင်စားနေပေမယ့်လည်း လီဖူချန်းကတော့ သူ့ကို အခုထက်ထိ သေသေချာချာတောင် မကြည့်သေးပါဘူး။ အဲသည်အတွက် လူလျို့က လီဖူချန်းကို ရေလာမြောင်းပေး လုပ်လိုက်တာ ဖြစ်ပါတယ်။
လူလျို့က လီဖူချန်းအပေါ် အခုလို ရေလာမြောင်းပေး လုပ်ရတဲ့ အပေါ်မှာလည်း လုံးဝ ရှက်ရွံ့ခြင်း မရှိပါဘူး။
မြင်းက ဘယ်လိုမှ မလှုပ်မှတော့ ခုံက လှုပ်ရတော့မှ သဘာဝပါပဲ။
လီဖူချန်းရဲ့ နှလုံးသားကလည်း နာမည်ကျော် ပန်းလေးတစ်ပွင့်ရဲ့ ခွင့်တောင်းမှုကို ရက်ရက်စက်စက် ငြင်းပစ်လိုက်တဲ့အထိ မာကျောခြင်း မရှိပါဘူး။ အဲသည်အတွက် သူက နာမည်ကျော် ပန်းလေးကို ပြန်ပြုံးပြ လိုက်ပြီး ပြောလိုက်ပါတယ်။
“အင်း ... ကျွန်တော်တို့ သည်နေရာကနေ အသက်ရှင်လျက် ထွက်နိုင်ရင်တော့ ညစာ အတူစားကြတာပေါ့”
“ကျေးဇူးတင်ပါတယ် ...သခင်လေးရှင့်”
လီဖူချန်းဆီက အဖြေကို ရပြီးတဲ့ အခါမှာတော့ လူလျို့ နဲ့ ကျိရီတို့ဟာ ဆင်မယဉ်သာ ခြေလှမ်းမျိုးနဲ့ ပန်းပင်လယ်ထဲကို ဝင်သွားကြပါတော့တယ်။
သူတို့က လီဖူချန်းကို ညစာ ဖိတ်ကြားချင်တဲ့အတွက် သည်အချိန်အထိ ကျန်နေခဲ့တာ အသိသာကြီးပါပဲ။
လူလျို့ နဲ့ ကျိရီတို့ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားတဲ့ နောက်မှာတော့ ရှန်ကောင်းယုက လီဖူချန်းကို လှမ်းစလိုက်ပါတယ်။
“လီဖူချန်း ... ပန်းပေါင်းစုံ နန်းတော်က အဲသည်ပန်းလေးက နင့်ကို သဘောကျနေတာပဲ”
လီဖူချန်းက လက်မခံပါဘူး။
“မဖြစ်နိုင်တာ”
ရှန်ကောင်းယုက လီဖူချန်းကို မျက်လုံးချင်း ဆုံအောင် ကြည့်လိုက်ပြီး သေသေချာချာ ထပ်ပြောလိုက်ပါတယ်။
“ဘာလို့ မဖြစ်နိုင်ရမှာလဲ။ အဲသည် ပန်းပေါင်းစုံ နန်းတော်က ပန်းလေးက နင့်ကို သေချာပေါက် သဘောကျနေတာ။မယုံရင် နင်ငါနဲ့ လောင်းမလား”
လီဖူချန်းရဲ့ ရုပ်ရည်က ချောတဲ့အထဲမှာ ပါတယ် ဆိုပေမယ့်လည်း ရှန်ကောင်းယုတို့လို လူကြားထဲမှာ ထင်းနေအောင် ချောနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူ့ရဲ့ ကိုယ်ကနေ ထွက်နေတဲ့ အရှိန်အဝါတွေကတော့ တခြားသော လူတွေနဲ့ မတူဘဲ ကွဲထွက်နေတယ်လို့ ဆိုရပါမယ်။ အဲသည်အရှိန်အဝါက သည်ကမ္ဘာပေါ်မှာ ရှိနေတဲ့ အရာမှန်သမျှရဲ့ ထိပ်ဆုံးမှာ ရှိနေတယ် ဆိုတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနေပါတယ်။ သူ့ရဲ့ ကြည်လင်ပြီး တောက်ပလွန်းလှတဲ့ မျက်လုံးအစုံကလည်း သည်ကမ္ဘာပေါ်မှာ ရှိသမျှ အရာအားလုံးရဲ့ လျှို့ဝှက်ချက်ကို ထိုးဖောက် မြင်နေသလိုပါပဲ။
ရှန်ကောင်းယုက များပြားလှတဲ့ လူငယ် ထိပ်သီးတွေနဲ့ ဆုံခဲ့ဖူးပါတယ်။အဲသည်လူငယ်တွေထဲမှာ ဆိုရင် လဝန်းနီ ဧကရာဇ်ရဲ့ သားတော် လဝန်းနီ ဘုရင် နဲ့ နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်ရဲ့ တပည့်ကျော် တတိယမျက်လုံး ဘုရင်တို့လည်း အပါအဝင်ပါပဲ။
အဲသည်လူတွေဟာ အဆင့်အတန်း အရပဲဖြစ်ဖြဖစ် ဒါမှမဟုတ် တန်ခိုးအစွမ်း အရပဲဖြစ်ဖြစ်၊ လက်ရှိ လီဖူချန်းထက် သာလွန်ကြသူတွေပါ။ ဒါပေမဲ့လည်း သူတို့ထဲက ဘယ်သူကမှ ရှန်ကောင်းယုအပေါ် လီဖူချန်းလို ခံစားချက်မျိုး မပေးစွမ်းနိုင်ကြပါဘူး။
ရှန်ကောင်းယုရဲ့ အမြင်မှာတော့ သူတို့အားလုံးဟာ ဒေါင်းတွေလိုပါပဲ။ သူတို့က ရုတ်တရက် ကြည့်မယ် ဆိုရင်တော့ တကယ်ကို အစွမ်းထက်တဲ့ လူတွေ ဖြစ်ပေမယ့် တကယ့် တကယ်တမ်းမှာတော့ အဲသည်လောက်ကြီး မဟုတ်ကြပါဘူး။
လီဖူချန်းက ပြုံးလိုက်ပြီး
“ငါမင်းနဲ့ ဘယ်လိုလုပ်ပြီး လောင်းရဲမှာလဲ။ ကဲပါ ... အပိုတွေ ပြောမနေနဲ့တော့။ ငါတို့လည်း ပန်းပင်လယ်ထဲကို ဝင်ကြရအောင်”
“အင်း”
လီဖူချန်းရဲ့ အဆိုပြုချက်ကိုတော့ ရှန်ကောင်းယုက မငြင်းပါဘူး။
ပန်းပင်လယ်ထဲမှာကတော့ လမ်းကြောင်းတွေက မရေမတွက်နိုင်အောင်ကို များလွန်းလှပါတယ်။ ပြီးတော့ အဲသည် လမ်းကြောင်းတွေရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ဆိုရင်လည်း ဆေးပင်တွေက ပြွတ်သိပ်နေတာပါပဲ။
ဒါပေမဲ့လည်း အဲသည် ဆေးပင်တွေထဲက အများစုကတော့ အဝါရောင် အဆင့် ဆေးပင်တွေ၊ ဆန်းကြယ်အဆင့် ဆေးပင်တွေနဲ့ မြေကမ္ဘာအဆင့် ဆေးပင်တွေပဲ ဖြစ်ပါတယ်။
"ဟင် ... အဲဒါက ခရမ်းမီးတောက် ဆေးပင် မဟုတ်ဘူးလား”
သည်လိုနဲ့ပဲ တစ်နေရာကို အရောက်မှာတော့ လီဖူချန်းဟာ ခရမ်းရောင် မီးတောက် တစ်ခုနဲ့ ဆင်တူတဲ့ ပန်းပင် တစ်ပင်ကို သတိပြုမိလိုက်ပါတော့တယ်။
လီဖူချန်းရဲ့ အမြင်ဟာ လုံးဝ မှားယွင်းစရာ အကြောင်း မရှိပါဘူး။ အဲဒါက လုံးဝ သေချာပေါက် ခရမ်းမီးတောက်ပန်းပါပဲ။
ခရမ်းမီးတောက်ပန်း ဆိုတာက ကောင်းကင် အဆင့်နိမ့် ဆေးပင် ဖြစ်ပြီး မီးတာအို ဥပဒေသတွေ ခိုဝင်ကိန်းအောင်းနေလေ့ ရှိတဲ့ ဆေးပင်တစ်ပင် ဖြစ်ပါတယ်။ အဲဒါက မီးတာအို အခြေခံအုတ်မြစ်ကို အားဖြည့်ပေးနိုင်တဲ့အတွက် မီးတာအို ကျင့်စဉ်တွေကို ကျင့်ကြံတဲ့လူတွေအဖို့တော့ တကယ်ကို အဖိုးတန်တဲ့ ဆေးတစ်လက်ပါပဲ။
“လာစမ်း”
လီဖူချန်းက လက်နှေးမနေပါဘူး။ သူက ခရမ်းမီးတောက် ပန်းပင်ကို အမြစ်ကနေ အလျင်အမြန် တူးယူလိုက်ပြီး သူ့ရဲ့ လက်ပတ်ထဲမှာ ထည့်သိမ်းလိုက်ပါတော့တယ်။
“ဟားဟား ... ဒါက နဂါးကြေးခွံ ဆေးပင်ပါလား။ သည်ဆေးပင်နဲ့ ဆိုရင်တော့ ငါက မူလပင်လယ်နယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ချိုးဖောက် ဝင်ရောက်နိုင်ဖို့ ပိုပြီး အခွင့်အရေး များသွားပြီ”
တခြားတစ်ဖက်မှာ ဆိုရင်လည်း ရှန်ကောင်းယုဟာ နဂါးကြေးခွံ ဆေးပင်ကို ရှာဖွေတွေ့ရှိ သွားခဲ့ပါပြီ။ အဲသည် ဆေးပင်က အပြင်ဘက် လောကမှာဆိုရင် ရှိတောင် မရှိတော့ပါဘူး။
အဲသည်နောက်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ နောက်ထပ် လမ်းကြောင်း တစ်ခုကို ပြောင်းပြီး ဆေးပင်တွေကို ရှာဖွေကြပြန်ပါတယ်။
ဇီ ...ဇီ ...ဇီ ...ဇီ ...
“လီဖူချန်း ... အဲဒါ ဘာသံတွေလဲ”
တစ်နေရာကို အရောက်မှာတော့ ရှန်ကောင်းယုက လေထုထဲကနေပြီး ထူးဆန်းတဲ့ တုန်ခါသံ အချို့ကို ကြားလိုက်မိတဲ့အတွက် လီဖူချန်းကို လှမ်းပြီး မေးလိုက်ပါတယ်။
“မသိဘူးလေ”
လီဖူချန်းကလည်း အဲသည် တုန်ခါသံတွေကို ကြားတာပါပဲ။ ဒါပေမဲ့ သူက အဲသည် တုန်ခါသံတွေရဲ့ ဇစ်မြစ်ကို မခန့်မှန်းနိုင်ပါဘူး။
ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်ဟာ တုန်ခါသံတွေရဲ့ ဇစ်မြစ်ကို သိလိုက်ရပါပြီ။ အဲဒါကတော့ လက်သီးတစ်လုံးစာလောက် ရှိတဲ့ စိမ်းဖန့်ဖန့်အရောင် ပျားတွေပါပဲ။ ပြီးတော့ အဲသည်ပျားတွေဟာ သူတို့ဆီကို ပျံသန်းလာနေကြတာ ဖြစ်ပါတယ်။
“လီဖူချန်း ... သတိထားဦး။ အဲသည်ပျားတွေက ဝိညာဉ်ခြွေပျားတွေပဲ။ သူတို့ရဲ့ ခန္ဓာကိုယ်တွေက ရှေးဟောင်း မရဏပျား အရှင်သခင်ရဲ့ မျိုးဆက်သွေးကို ဆက်ခံထားကြတာ”
ရှန်ကောင်းယုက ဗဟုသုတ ကြွယ်ဝသူ ဖြစ်တဲ့အတွက် သည်ပျားတွေရဲ့ အကြောင်းကို မသိဘဲ မနေပါဘူး။ အဲသည်အတွက် သူက လီဖူချန်းကို သတိထားဖို့ အလျင်အမြန် လှမ်းပြောလိုက်ပါတယ်။
“မရဏပျား အရှင်သခင်က ဘာလဲ”
လီဖူချန်းကတော့ သည်ပျားတွေရဲ့ အကြောင်းကို ဘာဆိုဘာမှ မသိပါဘူး။
ဒါပေမဲ့လည်း သူက နာမည်ကို ကြားလိုက်ရုံနဲ့တင် မရဏပျား အရှင်သခင်ဟာ အင်မတန် ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှု တစ်ခု ဖြစ်ရမယ်လို့ ခန့်မှန်းလိုက်နိုင်ပါတယ်။အဲသည်ပျားက သူတော်စင်တွေကို ဝါးမျိုပစ်နိုင်တဲ့ ပျားတောင် ဖြစ်ရင် ဖြစ်နေလောက်မှာပါ။
သည်တော့ ဝိညာဉ်ခြွေပျားတွေဆိုတာကလည်း လုံးဝ လျော့တွက်လို့ ရမယ့် အကောင်တွေ ဟုတ်မယ့်ပုံ မပေါ်ပါဘူး။
“မိုးနဲ့မြေကို သုတ်သင်ခြင်း”
အတွေးဆုံးတဲ့ နောက်မှာတော့ လီဖူချန်းက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဆွဲထုတ်လိုက်ပြီး ဓားကွက်တစ်ကွက် ထုတ်ဖော်လိုက်ပါတော့တယ်။
ထန် ...ထန် ...ထန် ...ထန် ...
ကောင်းကင်ယံပေါ်မှာတော့ မီးပွားလေးတွေနဲ့ ပြည့်နှက်သွားခဲ့ပါပြီ။
“ဟင် ... သည်ကောင်တွေ ... သည်ကောင်တွေက မသေဘူးလား”
တကယ်ကို အံ့အားသင့်စရာပါပဲ။ လီဖူချန်းရဲ့ ဓားကွက်က ဝိညာဉ်ခြွေပျား တစ်ကောင်ကိုတောင် မသေသွားစေခဲ့ပါဘူး။ အဲဒါက သူတို့ရဲ့ တောင်ပံတွေကို ဖြတ်ပစ်လိုက်ရုံပဲ ရှိပါတယ်။
ရွှီး ...ရွှီး ...ရွှီး ...ရွှီး ...
အတောင်ပံတွေ မရှိတော့ပေမယ့်လည်း ဝိညာဉ်ခြွေပျားတွေဟာ လက်မလျော့သွားကြပါဘူး။ သူတို့တွေက မြေပြင်ပေါ်မှာ လူးလိမ့်လိုက်ကြပြီး လီဖူချန်းဆီကို အမြှောက်ဆန်တွေလို ပြေးဝင်သွားကြပါတယ်။
“လောင်ကျွမ်းခြင်းဓား”
လီဖူချန်းကလည်း အလျင်အမြန်ပဲ နောက်ထပ် ဓားကွက်တစ်ကွက်ကို ပြောင်းသုံးလိုက်ပါတယ်။
အဲသည်နောက်မှာတော့ မရေမတွက်နိုင်တဲ့ ကြက်သွေးရောင် မီးလုံးလေးတွေဟာ ဝိညာဉ်ခြွေပျားတွေကို လွှမ်းခြုံသွားခဲ့ပါပြီ။
ဖောင်း ...ဖောင်း ...ဖောင်း ...
အဲသည်မီးလုံးလေးတွေ ပေါက်ကွဲသွားတဲ့ အခါမှာတော့ ဝိညာဉ်ခြွေပျားတွေဟာ မြေကြီးပေါ်ကို တဖုတ်ဖုတ် ပြုတ်ကျပြီး သေကုန်ကြပါတယ်။
ဒါပေမဲ့လည်း လီဖူချန်းရဲ့ လောင်ကျွမ်းခြင်းဓားက ဝိညာဉ်ခြွေပျားတွေ အကုန်လုံးကို သတ်လိုက်နိုင်တာတော့ မဟုတ်ပါဘူး။ တချို့သော ဝိညာဉ်ခြွေပျားတွေက မီးကျွမ်းနေပေမယ့်လည်း မသေသေးဘဲ လီဖူချန်းဆီကို အငြိုးတကြီးနဲ့ တိုးဝင်လာကြပါတယ်။
“ သည်ပျားတွေကတော့ တကယ့် ပြသနာပဲဟ”
ဝိညာဉ်ခြွေပျားတွေရဲ့ အငြိုးတကြီး တိုက်ခိုက်မှုက လီဖူချန်းကိုတောင်မှပဲ အခက် တွေ့သွားစေခဲ့ပါပြီ။
“မဟူရာ မြွေနက် လက်ဝါး”
အဲသည်အချိန်မှာပဲ ဘေးကနေ အခြေအနေ စောင့်ကြည့်နေတဲ့ ရှန်ကောင်းယူက လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်ပါတော့တယ်။
ဘန်း ...ဘန်း ...ဘန်း ...ဘန်း ...
ရှန်ကောင်းယုရဲ့ လက်ဝါးရိုက်ချက်ဟာ မရေမတွက်နိုင်တဲ့ အနက်ရောင် မြွေကလေးတွေအဖြစ် ပြောင်းသွားပြီး မသေဘဲ ကျန်နေသေးတဲ့ ဝိညာဉ်ခြွေပျားတွေကို ပေါက်ကွဲသွားစေပါတော့တယ်။
ဖုတ် ...ဖုတ် ...ဖုတ် ...
နောက်ဆုံးမှာတော့လည်း အငြိုးကြီးမားလွန်းလှတဲ့ ဝိညာဉ်ခြွေပျားတွေဟာ မြေကြီးပေါ်မှာ လဲလျောင်းသွားခဲ့ကြရပါပြီ။ သူတို့က အရင်လို တိုက်ခိုက်နိုင်မယ့် ပုံမှာလည်း မရှိတော့ပါဘူး။
အဲသည်နောက်မှာတော့ ရှန်ကောင်းယုက မြေပြင်ပေါ်မှာ ပြည့်နှက်နေတဲ့ ဝိညာဉ်ခြွေပျားတွေကို တစ်ချက် ကြည့်လိုက်ပြီး လီဖူချန်းကို ရှင်းပြလိုက်ပါတယ်။
“သည်ဝိညာဉ်ခြွေပျားတွေရဲ့ အားနည်းချက်က ချီအပြင်အား တိုက်ခိုက်မှုပဲ။ ပြီးတော့ သည်ပျားတွေရဲ့ ခန္ဓာကိုယ်က အသက်အရွယ် ကြီးရင့်လေလေ၊ ပိုမာကျောလေလေပဲ။ အပြင်ဘက် လောကမှာဆိုရင် ဝိညာဉ်ခြွေပျားတွေကို မွေးထားတဲ့ ဧကရာဇ် တချို့တောင်မှ ရှိသေးတယ်။ ဒါပေမဲ့ အဲသည်ပျားတွေက မျိုးစပ်ထားတဲ့ ပျားတွေ ဖြစ်တဲ့အတွက် မူရင်း ဝိညာဉ်ခြွေပျားတွေလောက် အစွမ်း မထက်ဘူး။ ကံကောင်းတာ တစ်ခုကတော့ အခု ငါတို့နဲ့ ကြုံတဲ့ ပျားတွေက အဆင့်၇ ဝိညာဉ်ခြွေပျားတွေ ဖြစ်နေတာပဲ။ တကယ်လို့ အခု ငါတို့ကြုံရတဲ့ ပျားတွေက အဆင့်၈ ဝိညာဉ်ခြွေပျားတွေ ဆိုရင်တော့ ငါတို့နှစ်ယောက်လုံး သေနေလောက်ပြီ”
“ဝိညာဉ်ခြွေပျားတွေရဲ့ ပျားရည်ကလည်း တော်တော်လေးရှားတဲ့ ရတနာပဲ။ အဲဒါက အဆိပ် အမျိုးပေါင်း တစ်ရာကို ဖြေပေးနိုင်ရုံတဲ့အပြင် အလှအပ ရေးရာမှာလည်း အသုံးဝင်တယ်။ ပြီးတော့ ဝိညာဉ်ခြွေပျားရည်ကိုသာ ရေရှည် သောက်သုံးပေးမယ် ဆိုရင် အဲသည်လူက ဘယ်တော့မှာ အသက်ကြီးတယ်လို့ ထင်ရမှာ မဟုတ်ဘူးတဲ့”
“လီဖူချန်း ... နင်သည်မှာ ခဏ နေခဲ့ဦး။ ငါသည်ကောင်တွေရဲ့ ပျားအုံကို သွားရှာလိုက်ဦးမယ်”
ပြောနေရင်း တန်းလန်းနဲ့ ရှန်ကောင်းယုဟာ ဝိညာဉ်ခြွေပျားတွေ ထွက်လာတဲ့ လမ်းကြားလေးထဲကို အလောတကြီး ပြေးထွက်သွားခဲ့ပါပြီ။
ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ သူမက အဲသည်လမ်းကြားလေးထဲကနေ ပြန်ထွက်လာခဲ့ပါတယ်။ သူ့ရဲ့ လက်ထဲမှာ ပါလာတာကတော့ ပျားရည်တွေ အပြည့်ရှိနေတဲ့ ပျားသလက်ကြီး တစ်ခုပါပဲ။
လီဖူချန်းကတော့ ဘာမှ မပြောဘဲ ရှန်ကောင်းယု လုပ်ချင်တိုင်း လုပ်နေတာကိုသာ ပြုံးပြီး ကြည့်နေခဲ့ပါတယ်။ ကြည့်ရတာတော့ မိန်းမတွေ အကုန်လုံးက အလှအပရေးရာနဲ့ ပက်သက်လာရင် အရူးအမူး ဖြစ်ကုန်ကြပုံပါပဲ။
နောက်ထပ် နှစ်ပေါင်းရာချီကြာမှ အသက်ကြီးမယ့် ရှန်ကောင်းယုတောင်မှ သည်ကိစ္စနဲ့ ပက်သက်ရင် ခြွင်းချက် မရှိပါဘူး။
သူတော်စင် ဥယျာဉ်ကတော့ တကယ့်ကို ကျယ်ပြောလှတာတော့ အသေအချာပါပဲ။ လီဖူချန်းနဲ့ ရှန်ကောင်းဟုတို့ဟာ နေ့တစ်ဝက် နီးပါး လျှောက်သွားခဲ့တာတောင်မှ အခုချိန်အထိ ဘယ်သူနဲ့မှ မတွေ့သေးပါဘူး။
ရှန်ကောင်းယုကတော့ အခုချိန်အထိ ဝိညာဉ်ခြွေပျားတွေကို တွေ့တိုင်း ပျားသလက်တွေ သွားသွားပြီး ချိုင်နေဆဲပါပဲ။
“အမြစ်မဲ့ပန်း”
နောက်ထပ် နေ့တစ်ဝက် အကြာမှာတော့ လီဖူချန်းဟာ ပထမဆုံး အကြိမ်အဖြစ် အမြစ်မဲ့ပန်း တစ်ပင်ကို တွေ့သွားပါတော့တယ်။
ဒါပေမဲ့လည်း သည်အမြစ်မဲ့ပန်းက ပိုင်ရှင်မဲ့တော့ ဟုတ်ပုံ မရပါဘူး။ သည်ပန်းကိုက ခန္ဓာကိုယ် တစ်ခုလုံး ကြည်လင်တောက်ပနေတဲ့ မြွေကြီးတစ်ကောင်က စောင့်ကြပ်နေပါတယ်။
သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ ရှန်ကောင်းယုရဲ့ ရှင်းပြမှုကို မလိုအပ်တော့ပါဘူး။ သူက သည်မြွေကြီးရဲ့ မျိုးစိတ်နဲ့ ဇစ်မြစ်ကို ကောင်းကောင်းကြီး သိပါတယ်။
သည်မြွေကြီးက ရှေးခေတ် သန္ဓေပြောင်း သားရဲဖြစ်တဲ့ အလင်းပေါက်မြွေပါပဲ။
အလင်းပေါက်မြွေ၊ ဝိညာဉ်ခြွေပျားနဲ့ မရဏ ပျားအရှင်သခင်တို့ အားလုံးဟာ သန္ဓေပြောင်း သားရဲတွေ ဖြစ်ကြပါတယ်။
သန္ဓေပြောင်း သားရဲတွေ ဆိုတာကတော့ အစွမ်းထက်ပြီး စိတ်ဝိညာဉ် အသိဉာဏ် သိပ်မကြွယ်ဝတဲ့ မိစ္ဆာသားရဲတွေကို ခေါ်တာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း မရဏပျား အရှင်သခင်ကတော့ အဆင့်၉ကို ရောက်သွားပြီး ဖြစ်တဲ့အတွက် ကိုယ်ပိုင် စိတ်ဝိညာဉ် အသိဉာဏ် ကြွယ်ဝသွားခဲ့ပါပြီ။
အလင်းပေါက်မြွေကလည်း လီဖူချန်းတို့ကို သတိမပြုမိဘဲ မနေပါဘူး။ အဲသည်အတွက် သူက လီဖူချန်းတို့ကို လက်ဦးမှု ရယူပြီး အရင် တိုက်ခိုက်ပါတော့တယ်။
ရွှီး ...
အလင်းပေါက်မြွေဟာ ရုတ်တရက် လေထဲမှာ ပျောက်ကွယ်သွားခဲ့ပြီး လီဖူချန်းရဲ့ ခေါင်းအနောက်မှာ ပြန်ပေါ်လာခဲ့ပါတယ်။ပြီးတာနဲ့ တစ်ပြိုင်နက် သူက အစွယ်တွေကို ထုတ်လိုက်ပြီး လီဖူချန်းရဲ့ ကုပ်ပိုးကို အားရပါးရ ကိုက်ခဲလိုက်ပါတော့တယ်။
“သွားစမ်း”
ဒါပေမဲ့လည်း အလင်းပေါက်မြွေရဲ့ ကိုက်ခဲမှုက အထ မမြောက်ခဲ့ပါဘူး။
လီဖူချန်းက အနောက်ကိုတောင် လှည့်မကြည့်ဘဲ နောက်ပြန်ဓားချက် တစ်ချက်ထုတ်ပြီး အလင်းပေါက်မြွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်လိုက်ပါတယ်။
မသိရင်တော့ လီဖူချန်းဟာ နောက်စေ့မှာ မျက်လုံး ပါနေသလိုပါပဲ။
ရွှီး ...
အလင်းပေါက်မြွေကလည်း လုံးဝ မခေပါဘူး။ သူက သူ့ရဲ့ တိုက်ခိုက်မှု မအောင်မြင်ဘူး ဆိုတာကို သိလိုက်တာနဲ့ တစ်ပြိုင်နက် လေထုထဲမှာ ပြန်လည် ပျောက်ကွယ် သွားခဲ့ပါတယ်။
“ဟင်းလင်းပြင်တာအို ဥပဒေသ”
သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ အလင်းပေါက်မြွေ အသုံးပြုသွားတဲ့ နည်းစနစ်ကို ကောင်းကောင်းကြီး သိမြင်သွားခဲ့ပါပြီ။ သည်မြွေက ဟင်းလင်းပြင် တာအို ဥပဒေသကို အသုံးပြုု ပြီး တည်နေရာ ပြောင်းရွှေ့သွားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ သည်လောက် ဟင်းလင်းပြင်တာအို ဥပဒသကိုတော့ လီဖူချန်းလည်း သိတာပါပဲ။ ပြီးတော့ သူ့ရဲ့ လိပ်ပြာ အသိစိတ် အာရုံကလည်း အလင်းပေါက်မြွေရဲ့ တည်ရှိမှုကို အာရုံခံနိုင်ပါသေးတယ်။
ရွှမ်း…
မိုးနဲ့မြေကို သုတ်သင်ခြင်း ထွက်ပေါ်လာတဲ့ အခါမှာတော့ အလင်းပေါက်မြွေဟာ အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့ပါပြီ။
ဒါပေမဲ့လည်း အလင်းပေါက်မြွေက လွယ်လွယ်နဲ့ မသေသွားခဲ့ပါဘူး။ လီဖူချန်းရဲ့ လက်ချက်ကြောင့် အပိုင်းပိုင်း ပြတ်သွားတဲ့ အလင်းပေါက်မြွေရဲ့ ခန္ဓာကိုယ် အပိုင်းအစတွေဟာ ဦးခေါင်းနဲ့ အမြီးတွေ ပေါက်လာကြပြီး အလင်းပေါက်မြွေတွေ ထပ်ဖြစ်သွားကြပါတယ်။
“မင်းကို ဘယ်လောက်အထိ ပိုင်းလို့ရလဲ ဆိုတာ ကြည့်ကြတာပေါ့”
လီဖူချန်းက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး သူ့ရဲ့ ဓားကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ပါတယ်။
နှစ်ကြိမ် ...သုံးကြိမ် ...
သုံးကြိမ်အထိ တစ်စစီဖြစ်အောင် ပိုင်းခံလိုက်ရပြီးတဲ့ နောက်မှာတော့ အလင်းပေါက်မြွေဟာ ထပ်ပြီး မပွားနိုင်တော့ပါဘူး။
ရှန်ကောင်းယုကတော့ သည်တိုက်ပွဲမှာ ဘာမှ ဝင်မလုပ်ဘဲ ဘေးကနေသာ ရပ်ကြည့်ပြီး လီဖူချန်းကို သြဝါဒ ချွေနေပါတယ်။
“သည်အလင်းပေါက်မြွေရဲ့ မွေးရာပါ ပင်ကို စွမ်းရည်က ဟင်းလင်းပြင် တည်နေရာ ရွှေ့ပြောင်းတာနဲ့ ကိုယ်ပွားတာပဲ။ နင့်ရဲ့ဓားသိုင်းက အဲဒါကို တန်ပြန်နိုင်လို့ ကံကောင်းသွားတယ်မှတ်”
***